Sunday, March 15, 2009

law pan

ကိုယ်တို့မြန်မာလူမျိုးတွေ ဟာ သူများနဲ့ မတူတဲ့နွေးထွေး စပ်စုမှူမျိုးရှိကြပါတယ။် မနက်မိုးလင်း လမ်းထွက်ရင် ဘာတွေများဝယ်ခဲ့ပါလိမ့်။ ဘာချက်မတုံး။ ဘယ်လိုလေး များချက် ရင်ကောင်းမလဲ။ ဘာလေးများ ချက်သလဲ။ စားပရစေ။ အမြည်းလေး တခွက်လောက် ကမ်း လိုက်စမ်းပါတော်။ (ဒါတွေဟာ ချစ်ခင်မှူရဲ့ အရိပ်တွေပါ)။



အခုလဲဒိလိုဘဲ။ အဲဒီလိုစားပါတယ။်


ချဉ်ပေါင်ချဉ်ရည် ဘာဖြစ်လို့လည်းမသိ အခုသိတ်ကြိုက်ပါတယ်။ kmsl အတွက် ဆိုရင် မုန်လာဥ ချဉ်ရည် ကိုယ့်အတွက် ကဆိုရင် ချဉ်ပေါင်ချဉ်ရည် တလှည့်စီချက်ပါတယ။် ချဉ်ပေါင် တစ်စီးကို မြန်မာငွေ ၆၅၀ ကျပ် ပေးရတာကတော့ သိပြီးသားဖြစ်ကြမှာပါ။ ရန်ကုန်ပြန်ရင်တော့ အိမ်မှာ ချဉ်ပေါင်ပင် ကိုစိုက်ဦးမယ်။ စိတ်ကိုနာတယ။် တကယ်ပါဘဲ။ ပြီးရင် ထမင်းထဲထည့်။ ဆမ်းပြီး ငံပြာရည်ပါဆမ်း။ ငရုတ်သီးမှူ့်။ (တစ်ခါတစ်လေတော့လဲ ငပိရည် ready made ပုလင်း ထဲက ငပိရည် နဲ့) နယ်ပြီး စားလိုက်ရရင် အန်မတန်မှ ကျေနပ်သွားပါတယ။်


ဘဲဥ (အမှန်ကတော့ကြက်ဥပါ။ ဘဲဥ က အိမ်အနိးအနားတဝိုက်မှာ မရှိလို့ ကိုယ့် ကိုယ်ကို လှည့်စားပြီး ကြက်ဥ လို့ခေါ်ပါတယ်။) ကချက်တာ အမြင် ကသိတ်မဆိုး သယောင် ရှိပေမဲ့ အရသာကတော့ မရှိပါဘူး အဲဒါကြောင့် kmsl က ပြောပါတယ။် ဒါကြောင့်မို့လည်း လူကြီးတွေ က အဆင်းလှသလို အချင်းလှပါစေ လို့ ပြောခဲ့ကြတာကိုး လို့သံဝေဂ ရသွားပါတယ။် (အဆင်း ဆိုတာ ဘဲဥဟင်းက ချက်တုံးက အမြင်မဆိုးပါဘူး။ စားချင်စရာကောင်းပါတယ်။ အထင်လွဲကုန်မှ စိုးလို့ကမန်းကန်း လိုက်ရှင်းပြတယ။် ) တစ်လုံးဘဲ စားသွားပါတယ။်


လဘက်ကတော့ကိုယ်စားတာပါ။ သူမဟုတ်ပါဘူး ။ ယုဇန လည်း ကိုယ်နဲ့တွေ့မှ ဘဲ အဲလိုဖြစ်သွား ရှာပါတယ။် ဆီမပါ. ပျားမပါ။ လဘက်ကိုဝါး ။ငရုတ်သီးကိုကိုက်။ စပ်တဲ့အခါ ပုဇွန်ခြောက် ကိုကောက်ဝါး။ အထုတ် ခပ်သေးလေး တစ်ထုပ်ကို မြန်မာငွေ သုံးထောင် ခန့်ပေးရပါတယ။် ငရုတ်သီး သေးသေးကလေး တထုတ်ကို တစ်ကျပ်ပေးရပါတယ် အရင်က ငါးမှူးဘိုးလောက်ဘဲ ရှိပါတယ်။ တစ်နေ့တခြား နည်းလာပါတယ်။

အစ်မတို့ သိတ်ကပ်စည်းနဲတာဘဲနော် လို့လာပြောကြမှာ ကြားယောင်နေသေးပါတယ။် တစ်ချို့က လည်း အတော် စုမိဆောင်းမိထင်တယ် လို့လည်း လာခန့်မှန်းကြသေးတယ။် သားတပည့် လုပ်ချင်တဲ့သူလည်း ရှိပါတယ်။ မြေးတပည့် ဆိုရင်ပို မြေးမို့လို့ ပိုချစ်မှာဘဲ ဆိုဘဲ ဆိုပြီး လုပ်ချင်တဲ့ သူလည်း ရှိပါတယ်။ အမှန်ကတော့ အင့် အိမ်လခပေး။ ရေဘိုး မီးဘိုးပေး။ အခွန်ဆောင် .ရန်ကုန်လူကြီးမိဘ များထံပို့။ နောက်ဆုံးတော့ အဲလိုဘဲ စားနိုင်ပါတယ်။

59 comments:

  1. နံပါတ် (၁) မန့်ရလို့ပျော်မှပျော်ပဲ....
    သဌေးတွေပါ မမရာ... သိသားပဲ.....ဘာမရှိချင်ယောင်ဆောင်နေတာလဲ...ဟိဟိ။
    အဆင်းရှိသလို အချင်းပါ၇ှိရမယ် ဆို မမမှာ အဆင်းတော့ရှီတာသေချာနေပြီ.. ဟိုနေ့က MRT ပေါ်မှာတွေ့ခဲ့တဲ့ အစ်မက မမပဲ သေချာတယ်....။
    နောက်တစ်ခါတွေ့ရင် မမွန်ပြောသလို အနားသွားပြီး "ခင်ထုံ ၊လှထုံ၊ ပေါက်ထုံ၊ ဆင်ထုံ၊ လင်းထုံ၊ ဘွိုက်ထုံ" လို့ ရွတ်နေမယ်..။ ပြုံးရဲပြုံးကြည့်၊ မမကေအိုအမ်သေချာတယ်၊ အတင်းလက်ဆွဲထားမယ်။

    ReplyDelete
  2. မမရေ.. ပို့ခေါင်းစဉ်က ပြောင်းပြန်လှန်ဖတ်ကြည့်ရင်...........................??????

    ReplyDelete
  3. အောင်မလေးဗျာ။ လင်မယားနှစ်ယောက်ထဲကိုတောင် မလောက်နိုင်ဖြစ်နေရတယ်လို့။ ဒီမှာလို နောက်ဆက်တွဲ တွဲလောင်းတွေနဲ့ဆိုရင် ငပိတောင် နပ်မှန်ပါ့မလား မသိဘူး။

    ReplyDelete
  4. ကြက်ဥလဲကြိုက်ပါသည်။ ချဉ်ပေါင်လဲကြိုက်ပါသည်။
    ထမင်းလာစားမယ်နော်။

    ReplyDelete
  5. မမကွမ်း
    တစ်ခါတစ်လေလေး ဒီလိုစားတာကို ရိုက်ထားတာလား။ သူများ ထမင်းဝိုင်း သွား ရိုက်ထားတာလား။

    ကြည့်ပြီး နိုတောင်နိုချင်သွားပြီ ။
    :P

    ReplyDelete
  6. စားချင်တာတွေ ဒီမှာလာခင်းပြနေတယ်.... သားတပည့် မြေးတပည့်တွေ မမွေးစားချင်ဘူးဆိုရင် သမီးချောတွေ မွေးစားပစ်လိုက်... ရှင်မွေးလွန်းနဲ့ အပြိုင်ဆိုပီးးးးးး

    ReplyDelete
  7. ဒီလိုလေးစား..ဒီလိုလေးစုပေါ့...
    မြေးတပည့်လေးလုပ်ပြီး..လိုက်နာသွားပါတယ်။

    ReplyDelete
  8. သားတပည့်လုပ်ချင်တဲ့သူကို သိသလိုလိုပဲလားလို့ဗျာ

    ReplyDelete
  9. ...တကယ်တော့..ကျောက်တူးသမားများဟာ..
    လောပန်း လောင်းတွေပါ...

    Xထုံ

    ReplyDelete
  10. ချဉ်ပေါင်ဟင်းနဲ့ ငါးပိရည်ကျိုကို ထမင်းနဲ့ နယ်စားတာတော့ ဘာနဲ့မှ မလဲနိုင်အောင် ကြိုက်ပါသည်။

    ReplyDelete
  11. လော်ပန်ဆိုတာကတော့ လန်ပေါ်ပါ။
    အိပ်ရင်း လန်တတ် ပေါ်တတ်တဲ့သူကို လော်ပန်လို့ ခေါ်ပါတယ်။

    ReplyDelete
  12. ပထမဆုံးပန်းကန်ကတော့ အရမ်းကို သွားရည်ယိုပါတယ်.စားချင်ပါတယ်...
    ဥ ကတော့ လုံးဝ လုံးဝ လုံးဝကို မကြိုက်ပါ..
    ယုဇန ကိုတောင်ဒီလိုဘဝမျိုးနဲ့ မြင်ရတယ်ဆိုတော့..
    အဟေးးဟေးး ..ကြုံလျှင်လာလည်ပါအုံးမည်..
    အိမ်စိုက်ချဉ်ပေါင်ပင်များကို ကန်ထရိုက်ယူဖို့ 
    အခုကတည်းက ပြောထားပါတယ်..ချဉ်ပေါင်များသန်မာထွားကြိုင်ပါစေ..
    ဘာဖြစ်ဖြစ် အခုချိန် တလုပ်ကယ်မျှဝဝ စားလိုက်ရပါက လူဖြစ်ရကျိုး နပ်ပေလိမ့်မယ်...
    ကော လိုက်တဲ့ကံဖြစ်နေပါသေးတယ်...

    ReplyDelete
  13. ဒီနေ့ချဉ်ပေါင်ဟင်း ချက်စားမည်။
    လမ်းပေါ်က အဆင်းလှလှ လောပန် ကိုတွေ့လို့ကတော့ ညှင်း..ညှင်း..ညှင်း..

    ReplyDelete
  14. စအိပ်တဲ့အချိန်မှာ တင်လိုက်သလိုပဲ၊ခုနိုးနိုးလာချင်း လာပြေးမန့်တာ ၁၅လောက်ဖြစ်သွားပီ၊ ကျွန်မလဲ ချဉ်ဟင်းစားချင်လို့် ဒီနေ့ city hall သွားမယ် စိတ်ကူး၏၊

    ReplyDelete
  15. အမဲဝိုင်းလေး များများ ခေါက်ပေးပါရန်...း)

    (BTW- Madonna သီချင်းများ မကြိုက်ပါ၊ Whitney Houston ကြိုက်ပါသည်)

    ReplyDelete
  16. အင်း...
    အန်တီKOM လက်ရာတွေပြတော့... မနေနိုင်မထိုင်နိုင် တွေးမိသေးတယ်
    ထမင်းအိုး တအိုးနဲ့ ဘယ်လိုအလုပ်ဖြစ်တယ်ဆိုတာ တင်ရင်ကောင်းမလားလို့။
    ဒါပေမယ့်လည်း... ဒါပေမယ့်ပါပဲလေ။

    ReplyDelete
  17. ချဉ်ပေါင်ကြိုက်တာချင်းတူနေပြီ.. ကြက်ဥလည်းအသေရရအရှင်ရရ.. ဟိ လက်ဖက်လည်းဘာထူးတုန်း.. ဒါမယ့် ဂျီးဒေါ်လက်ဖက်က အကပ်အသတ်ကျန်တာချည်းချကျွေးတယ်.. :(

    ReplyDelete
  18. ထမင်းစားနည်းသူထင်တယ်။ ထမင်းကိုမတွေ့ရဘူး..ဟင်းတွေက ထမင်းကိုတောင်ဖုံးနေတယ်။ စားသတိ၊ သွားသတိနော်။ သွားရင်လိုက်ချောင်းတဲ့သူတွေရှိတယ်လို့ကြားနေရတယ်။ လက်ဖက်သတင်းတွေလည်း ကြားနေရတယ်..ယုဇန တော့ list ထဲမှာမပါဘူး။ ဒါပေမဲ့လျော့စားနော်။

    ကြည်

    ReplyDelete
  19. လောပန်ဆီက ချဉ်ပေါင်နဲ့ထမင်းစားချင်တယ်။ ဘယ်ချိန်ဖြစ်ဖြစ် မရိုးနိုင်တာ ရွှေချဉ်ပေါင်။ ချဉ်ပေါင်တစီး ၆၅၀ တဲ့။ ဝယ်လို့ရနေတာကို ကံကောင်းလှပါပြီလေ။

    ReplyDelete
  20. ဟင်ချင်းတူနေပြီ။အိမ်မှာလည်းချည်ပေါင်ဟင်းချက်တယ်။

    ReplyDelete
  21. ချဉ်ပေါင်ဟင်း စားချင်လိုက်တာ။ ချဉ်ပေါင်ဟင်းနဲ့ ငါးပိရည်ကျို (သို့ )ငရုတ်သီးထောင်းကိုထမင်းနဲ့ နယ်စားတာ အရမ်းကြိုက်။

    ReplyDelete
  22. ဒီနေ့ လည်းအိမ်မှာ ချဉ်ပေါင်ဟင်း လာစားပါလားဟင် :D

    ReplyDelete
  23. လောပန်ကလောပန်ပါဘဲ... ပုံတွေကြည့်ပြီးစားချင်သွားတယ်..။ လက်ဖက်တော့သနားလို့ အားမပေးတော့ဘူး......။ တကယ်တော့စားချင်နေတာ.......။

    ReplyDelete
  24. ဒီပို့စ်နဲ့မဆိုင်ပါ... craton လုပ်ဦး အင်ဗိုက်တက်ကို..။

    ReplyDelete
  25. ကျွန်တ်ာများ ငယ်စဉ်အခါက လက်ဖက်နဲ့ထမင်းနယ်ပြီး သကာလ ငါးပိရည်ကလေးဆမ်းစားလိုက်ရင် ချွေးသံရွဲရွဲနဲ့ တနပ်ပြီးသွားရောဗျာ။
    (စကားမစပ် ဒီကွန်မန့်ကလေ IT Show ကဝယ်လာတဲ့ လက်ပတော့ အသစ်နဲ့ရေးတာ သိလား ဟိဟိ .. ကြွားထှာ)

    ReplyDelete
  26. ကိုကိုဒီဘီ။ ခင်ဗျားလည်း ခက်ပြီ။ ရှိတာလေးနဲ့ ဖြစ်အောင် မသုံးဘူး။

    ကြည့်စမ်း။ အန်တီဂွိတို့များ။ ရှိတာလေးနဲ့ ဖြစ်အောင်စား။ နိုကီယာဟန်းဖုန်း အစုတ်လေးကိုင်ပြီး စုစုဆောင်းဆောင်းနဲ့ ဘယ်လောက် အတုယူဖို့ကောင်းလဲ။ ကြီးပွားဦးမယ်။

    ReplyDelete
  27. ဒီပို့ကို လင့်ပါတယ်။

    ReplyDelete
  28. ရွှေချဉ်ပေါင်ကုန်မှ မောင်ဘုန်းပြန်လာမယ်
    စကားးမစပ် တို့ က ဆိုနီဗိုင်အို
    အဟွင်းဟွင်း

    ReplyDelete
  29. လဖက်တွေစားလို့ မကောင်းတော့ဘူးတဲ့ စာရင်းထွက်လာတယ်။ ခွိခွိ။ သေချာကြည့်စား။

    ReplyDelete
  30. သားတပည့်ပဲပြောပြောပေါ့ မွေးစားပါလား ဟင်၊အန်တီချိုတို့လိုပေါ့ အမေကွန်လို့ခေါ်မယ်လေ။

    ReplyDelete
  31. မမရေ... သတိ၊သတိ၊သတိ
    strike က အန်တီချိုလို သားတပည့်တဲ့ .....။

    Sin Dan Lar

    ReplyDelete
  32. ဟင်းပွဲတွေကလည်းကွယ် မိဘမဲ့ကလေးများဂေဟာက ခလေးတွေတွေ့ရင်တောင်ကြောက်ပြီးထွက်ပြေးမယ့်ပုံပဲ


    ဆင်ဒဏ်လား မနာလိုမဖြစ်ပါနဲ့၊ဆင်ဆင်မွေးစားချင်ရင်လဲ ဆင်ဆင်ဆီလိုက်ဖို့အသင့်ပါပဲ။
    ပုံ/
    မေတ္တာပြတ်နေသူ

    ReplyDelete
  33. နံပတ်(၁)မစံဒါလင်း.. အဲ့လိုရွတ်မှတော့ ဘယ်သူက မပြုံးပဲနေမှာလဲ .. အခုတောင် ပြုံးချင်နေပီ ..း-)

    ReplyDelete
  34. မမ အခု ပြထားတဲ့ပုံတွေမှာ ချဉ်ပေါင်ချဉ်ရည်လဲ ကြိုက်တာပဲ၊ ဘဲဥကတော့ မေးမနေနဲ့၊ လက်ဖက်ကတော့ အသည်းစွဲပေါ့။ အကြိုက်ချင်းတော့ တူနေပေါ့။ အတူနေရရင် ကောင်းမှာ.. ချိုသင်းချက်တာ မမထက်တော့ အရောင်ထွက်သေးတယ်။ :)

    ဒါနဲ့ မေတ္တာပြတ်လပ်နေတဲ့ strike ကို သနားချက်အေ..

    ReplyDelete
  35. ဟိုက်.... ရွှန်းမီက အဲလိုရွတ်သံကြားရင်ပြုံးမယ်တဲ့။
    မမကေအိုအမ်နဲ့ ရွှန်းမီ မှာတွားရင် ဒွတ်ခ

    ReplyDelete
  36. ****မှားတွားရင် ဒွတ်ခ

    ReplyDelete
  37. မြိန်သလို ချက်စားနေတာများ လာရွှီးမနေနဲ့ ။ ပိုက်ဆံချေးမှာ ကြောက်လို့ လား ဒီလိုလေးပဲစားနိုင်ပါတယ်ဆိုပြီး လုပ်နေတာ

    ReplyDelete
  38. ဟိတ်ဆင်ဆင် ဒါနာပေးတဲ့ အကြံပါကွ

    ReplyDelete
  39. MRTပေါ်မှာကြည့်လဲရွတ်ပါအမေဆင်၊တော်ကြာရထားပေါ်ကဆင်းမှ ပီးပေါ်ကားပေါ်ပါသွားပါ့မယ်။
    ပုံ/
    အမေဆင်၏စိတ်ကျန်းမာရေးကိုစိုးရိမ်နေသူသားချစ်တစ်ဦး

    ReplyDelete
  40. လူတွေများလွန်းလို့
    ခဏလေးအပြင်သွားးမိတာမှားသွားတယ်
    ဘဲဥရောချဉ်ရေရော လက်ဘက်ရောမမြင်လိုက်
    ရကြောင်း...

    ReplyDelete
  41. 44. လောပန်ဘဲ တော့ ကျမတို့ ဘက်မှာ ချဉ်ပေါင်မရှိဘူး ဟင့် ဒီမှာ ငြုတ်သီးတောင်ဈေးကြီးပါ့. သူ က လောပန်ဘဲ အများကြီး ၀ါးနိုင် စပ်နိုင်တယ် လောပန်ကွန်းမှ မကွန်

    ReplyDelete
  42. မမ ရေ… တခါတခါ အဲဒီလို အသားဟင်းမပါပဲနဲ့  စားရတာလေးက မြိန်တယ်… ဘဲဥဟင်းလေးက စားကောင်းမယ့်ပုံပါ… ချဉ်ပေါင်က ဒီမှာလဲ အရိုးလေးထိုးစိုက်ရင် ရှင်တယ် မမရေ… စကားမစပ်… မနေ့ က ပနင်ဆိုးလားကအပြန် ကားပတ်မှာ ပိုက်ဆံပေးတော့ အမျိုးသမီးတယောက် တဘက်လေး လည်ပင်းမှာ ပတ်ထားတာမို့  မမများလားလို့  ကြည့်မိသေးတယ်… အမျိုးသားကတောင် မိန်းမက သိပ်စပ်စုတာပဲတဲ့… မနေ့ က ရောက်သေးလား… စိတ်ထဲတော့ မမ မဟုတ်သလိုပဲ…

    ReplyDelete
  43. မမ
    ကျန်တာလေးတွေလာစားသွားပါတယ်။။။။

    ReplyDelete
  44. မမရေ.. မီးမီးလဲ ချဉ်ပေါင်ဟင်းအရမ်းကြိုက်တယ်..
    ချဉ်ပေါင်ရွက်ပြတ်နေတာကြာပြီ ခုမှမှာထားရတယ်..
    ဟုတ်တယ်မမရေ ချဉ်ပေါင်ရွက်ကဈေးကြီးတယ်နော်.
    ကြိုက်ပေမယ့် နှမျောလို့ အမြဲမ၀ယ်စားဘူးးးးး
    ဒီမှာ ၁ကီလိုကို ယမ်း၂၀၀၀ပေးရတယ် မမရေ.. ပို့ခက
    ယန်း၉၅၀ လောက်ကျသေးတယ်လေ... မမလိုပဲ စိတ်နာ
    မိသား... မြန်မာပြည်ပြန်ရောက်မှ ချဉ်ပေါင်အ၀စားရ
    မယ်... :P

    လဘက်သုတ်လေးလဲနှိုက်စားသါားတယ်နော်..
    နက်ဖြန်ဆို နက်ပြန်ရပြီ မမရေ... ဟေးးးးး :D

    ReplyDelete
  45. အစ်မရေ ဒီကြားထဲဒေါ်လာဈေးတွေကျတာပဲ ထည့်ပြောလေ။ ကြက်ဥကို ဘဲဥအသွင်နဲ့ ဟင်းချက်စားရတာအရမ်းစိတ်ကုန်တာပဲ။ ဘဲဥကိုတော်တော်လွမ်းတယ်။ :P

    ReplyDelete
  46. သိပ်ဆိုးတာ ပဲ သူတို့ ကမှ ငပိရည်စားနိုင်သေးတယ်.။
    ဒီမှာတားတားတို့ က လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်း က အိမ် ကထည့်လာတဲ့ ငပိထောင်း မကုန်အောင် ချွေတာ စားနေရတာ ..။

    စောင်းမကိတ်

    ReplyDelete
  47. you want to tell me how you got egg curry with that color? special seasoning powder?

    Last photo: looks chilly salad ;)

    ReplyDelete
  48. 15 Mar 09, 22:02
    အန်တီချမ်း: မစောင့်နိုင်သူများ မမကွမ်ကိုသွားရောက်နိုးဆော်ကြကုန်..........
    15 Mar 09, 22:02
    အန်တီချမ်း: အဖြေကတော့ထုံးစံအတိုင်းမမကွမ်ကိုစောင့်ပါမယ် သူဖြေပြီးမှအဖြေကိုပေးပါမယ်

    ReplyDelete
  49. လက်ဖက်က ကျန်တာလေးကို ရိုက်တာလား.. အစားအသောက်ပျက်နေရင်..အဲဒီလို ချဉ်ပေါင်ဟင်းလေးနဲ့ လက်ဖက်ပဲစားချင်တာပါပဲ..။ ကြက်ဥတော့ မမပဲ စားတော့နော်..အဟဲ..

    ဒါနဲ့ စကားမစပ်.. မမ ချဉ်ပေါင်ပင်တော့ စိုက်ထားပြီး..ဘဲပါ မွေးထားလိုက်ပါလား...

    ReplyDelete
  50. SG ကချဉ်ပေါင်က ဈေးကြီးတာပေါ့။
    ဒီမှာတောင် US$1.25 ဆိုရင် ကျွန်တော်တို့မိသားစု ၄ယောက် ထမင်း၎နပ်လောက် စားယူရတာ.....
    လက်ဖက်တော့ ဈေးကြီးတယ်ဗျ.... တခါစားတထုပ်ကို $5 ပေးရတယ်။ ချဉ်ပေါင်ဇာတ်လမ်းလေး နောက်မှပြောပြ အုံးမယ်အမ.......

    ReplyDelete
  51. ချဉ်ပေါင်ရွက်ဒီမှာ ၀ယ်လို့မရဘူးထင်ပါတယ်... တခါမှ မစားရပါဘူး.. မမ ကံကောင်းပါသည်။ လက်ဖက်ထုပ်တွေ တလောက အွန်လိုင်းကနေ ၀ယ်ထားတာ ပစ်ရမှာလည်း အဆီနဲ့ တ၀င်းဝင်း စားရမျာလည်း ဆိုးဆေးရန်ကြောက် ဖြစ်နေပါတယ်။ နှစ်ယောက်ထဲမို့ စုမိဆောင်းမိဆိုတာ မမှန်ကြောင်း ထောက်ခံပါတယ် မမရေ... မီယာကတော့ စားချင်တာလေးတွေတော့ ၀ယ်စားပါတယ်။ အလုပ်လုပ်ပြီး စားဖို့တော့ လိုတယ်လေ။ အိမ်မှာ ချက်စားရင် restaurant ထက် အများကြီး သက်သာသေးတယ်။

    ReplyDelete
  52. အစ်မ... ရန်ကုန်ကလူကြီးမိဘတွေမြင်ရင် ရင်ထုမနာဖြစ်သွားလိမ့်မယ် ။ နည်းနည်းလျှော့ပါဦး ....

    ReplyDelete
  53. မမရေ.........အတော်ကြီးနောက်ကျသွားလို့ ဘာမှ မကျန်တော့ပါလားလေ။ ချဉ်ပေါင်နဲ့မျှစ်ဆို အရမ်းကြိုက်။ နောက်တခါဆိုရင်တော့ စောစောစီးစီးလာမည်။

    ReplyDelete
  54. The way you have your chin paung is great. But...

    Be ware of hypertension aslo!

    Please do not take too much salts and fish sauce.

    ReplyDelete
  55. သူများကို ၀ိတ်လျှော့ရခက်အောင်လုပ်သော ဘလော့ဂ်များတွင် မကြီးလည်းအပါအ၀င်ဖြစ်သည်။ ခုတောင်ဗိုက်ဆာလာပြီ။

    ReplyDelete
  56. ချဉ်ပေါင်ဟင်းစားချင်တယ်..လက်ဖက်လေးရော :P

    ReplyDelete
  57. မမရေ.. ချဉ်ပေါင်ဟင်း စားချင်လိုက်တာ.. ဓာတ်ပုံ ကြည့်ပြီး သွားရည်ကျနေရတယ်...:)

    ReplyDelete