Saturday, May 30, 2009
kom
ကိုယ့်ရဲ့စာဖတ်သူတွေ ကို ကိုယ်တောင်လန့်လာတယ။် စာကျေလိုက်ကြပုံများ ကိုယ့် ထက်တောင် ကြေသေးတယ။် မနေ့က တစ်ထောင်တန် ပိုက်ဆံအုပ်ကို မြင်ဘူးတယ် ဆိုတော့မှ ကိုယ့်ဘာသာ ကိုယ်ပြန်ကြည့်မိတယ်။ ဟုတ်တယ်။ တမင်လုပ်တာ မဟုတ်ပါဘူး ။ဓါတ်ပုံတွေ ကြားထဲမှာ ညှပ်သွားပြီး ကိုယ်က လည်း ကြိုက်နေတာနဲ့ ပြန်တင်မိတယ်။ ပိုက်ဆံတစ်သိန်းဆိုတာ သုံးကြည့်ရင်လန့်သွားမယ်။ ရန်ကုန်က လူများ ကိုသာ မေးကြည့်ပါတော့လေ။
ရှိသေးတယ။် ကိုယ့်မြေးကလေး ဓါတ်ပုံထည့်ကြည့်မိတယ။် ချစ်စရာလဲကောင်းတယ်လို့ ကိုယ့်အမျိုးကိုယ်ထင်တယ်လေ။ ရန်ကုန်တစ်မြို့လုံးကလေးတွေ မှ အများကြီး ဘယ်သူမှ မသိနိုင်ပါဘူးလို့ထင်မိတယ်။ ကိုမိုးသမီးကလေးလား မေးလာတော့ပြာသွားပြန်ရော။ မွေးမေလေ့..
မကုန်သေးဘူး။ ၄၂ လမ်းထိပ် က မုန့်ဟင်းခါးစားတယ်လို့ ရေးမိပြန်တယ။် ရန်ကုန် တစ်မြို့လုံး တစ်လမ်း နစ်လမ်း သုံးလမ်း က စလို့ လမ်း ငါးဆယ် ကျော်လောက်ထိရှိတာကို ၄၂ လမ်းကို သိတဲ့သူက ပေါ့်လာသေးတယ်။ အစ်မ ကြံရည်ဆိုင် ရှိသေးလား လို့လာမေးတော့ အသက်ရှုမှားသွားတယ။် ရှိပါတယ် ရှိပါတယ်။ .ကြံရည်ဆိုင် ကို ရိုက်ဦးမလို့ဘဲ ။ စကော့ဈေးသွာ တုံးက ရိုက်ပြီးသာ ရှိတာနဲ့ ထပ်မရိုက်တော့ဘဲ သူ့မျက်နာချင်းဆိုင် က ကြံချောင်းတွေ ကိုသာ အမြင်ဆန်းလို့ ရိုက်ခဲ့မိတော့တယ။်
အရေးထဲ..ဝန်ကြီးများရုံ့းက နာရီသံကိုလည်းမှတ်မိတဲ့သူကရှိသေးတယ။် လသာ၂ ကိုလာစပ်စုတဲ့ သူကလည်းရှိသေးတယ်။ ကိုမဆာလာနဲ့ဆွေနီးမျိုးစပ်တော်တာကိုမှတ်မိတဲ့သူကလည်းရှိသေးတယ။်
ရန်ကုန် ဘာထူးဆန်းလို့ ဂဒီးဂဒီ ရေးနေတာလဲမေးရင် ရေးချင်လို့ရေးပါတယ။် ရန်ကုန်သူဆိုတော့ ရန်ကုန်ကို ချစ်ပါတယ်။ နေရာတိုင်း က ခြေရာတွေချည်းဘဲမို့လို့ပြန်ကြည့်လိုက်တိုင်းမှာ ခံ့စားမှူတွေ ရျိပါတယ်။
စာရေးဆရာနဲ့ ဇာတ်လမ်းကိုရေးပြန်တော့လည်း သိတ်ဲ့သူတွေ ပေါ်လာလို့ ကမန်းကတန်းပြန်သိမ်း လိုက်ရပြန်ရော။ ကိုယ့်ုkom က သူ့နာမည် ယူပုံကို သဘောကျလို့လိုက်ယူထားတာပါ။ သွားတော့ပြောမနေပါနဲ့တော့။ သမာဓိ ပျက်သွားမှာ စိုးတယ။်
ဒါတောင် ကိုယ်စာရေးတာ ရိုးသားမှူုကို အခြေခံရေးပါတယ်. မသမာမှူ နဲနဲပါးပါးနဲ့လူတိုင်းသိတဲ့လှို့ဝှက်ချက်ဘဲ ချန်ထားတာရှိပါတယ်။
ခင်ဦးမေ ဘာလို့ဖြစ်လာသလဲ. ဆိုတော့ဘယ်လိုကနေ ဘယ်လို ဘလော့တွေ ဖတ်မိမျန်းတော့မသိတော့ဘူး နဲနဲချင်းတော့ပြောဘူးပါတယ။် နာမည်ရင်းနဲ့ ဘလောလုပ်ပါတယ။် ကိုစိုးထက်ကို သဘောကျလို့ပါ။ ကိုယ့်နာမည်ကို ကိုယ် သဘောကျတာလည်းပါတယ်။ မြန်မာလို့မရေးတတ်လို့ အတော်ရွာလည်သွားသေးတယ။် ဓါတ်ပုံတောင်တင်လိုက်ပါသေးတယ် ။ကိုစိုးထက်နဲ့ J နဲ့သက်သေ ရှိပါတယ။် ငါမအိုသေးဘူး ဆိုတာလည်းပြချင်လို့ပါ။ လူခေါ်တာလဲပါပါတယ။် လူရောက်လာရုံတင်မက ပြင်ပလောက ကိုပါ မှတ်ချက်များပါ ရောက်လာကြလို့ စိတ်ထဲမှာ ကျဉ်းကျပ်လာတာနဲ့ နာမည်ပြောင်းဘို့စဉ်းစားပါတယ။် ကြည့်လိုက်ရင် လူက တည်တည်ကြည်ကြည်ပါ။ သောက်မြင်ကပ် စရာတောင် ကောင်းပါသေးတယ။်မိန်းကလေးချင်း ဆိုရင် အဆင်မပြေပါဘူး ယောကျာ်လေးတွေ နဲ့မှ ပိုအဆင်ပြေပါတယ။် ယောက်ကျာ်းလးများက ရှင်းပါတယ် ။ ပလီပလာ ထွေလာကေလာ။ အထအန မကောက်တတ်ကြဘူး အဲဒါကြောင့်ပါ။ အထင်လွဲသွားပြီဆိုတာ သိလို့ အမြန်လိုက်ရှင်းပါတယ။်
အဲဒါနဲ့ အဖေနံမည်ကို အခြေခံလိုက်ပါတယ။် တစ်ခြားနံမည်တွေ ကိုစဉ်းစားကြည့်တာ ကိုယ်နဲ့ အရမ်းစိမ်းနေတယ် ဘယ်လိုမှ ခံစားလို့မရဘူး။ ကိုယ့်အဖေကို အန်မတန်ချစ်တာလည်းပါပါတယ။် အဖေကလည်း နာမည်ကြီးပါ။ တက္ကသိုလ်ဘုန်းနိုင် တို့ ။ နှဲု့တစ်ခတ်ထည်းတွေပါ။ အဖေကလည်းကိုယ့်လို ရုပ်တည် တည်နဲ့ဘဲ မထင်ရပါဘူး။ တက္ကသိုယ် ကျောင်းဆောင်မှ အပြင်ကို ကြည့်နေတုံး သူငယ်ချင်းတစ်ယောက်က ပုဆိုးဆွဲချွတ်သွားတာ ပြန်မကောက်ဘဲ ဒီအတိုင်းနေတယ်ဆိုလို့ ဘေးကလူတွေ က ပြန်လာဝတ်ပေးသွားရတယ်လို့သက်ကြီးစကားကြားဘူးခဲ့ပါတယ။်
ဟိုတုံးက ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်ရင်နဲ့ လည်း သူငယ်ချင်းပါ။ သူ့သမီး ဆရာဝန်မ တော့ဒီဘလော့ကို လာမဖတ်ဖြစ်ဘူးလို့ ယူဆလိုက်ပါမယ။် အဖေ ကရိုးသလို သူ့ကလည်း ရိုးပါတယ။် အဖေကလည်း အန်တန်အေးတော့ အပေါင်းအသင်းနည်းပါတယ။် မရှိသလောက်ပါဘဲ။ အဖေ ဆေးရုံတက်တော့ ဆေးလိပ်ကြီးခဲပြီး တစ်ယောက်ထဲ ၇ိုးရိုးကြီး လာပြီးသတင်းမေးအားပေးတာကို အမြဲကျေးဇူးတင်ပါတယ။် အဲဒါနဲ့ ကိုယ်တို့က အဖေ့ကို မြှောက်ပေးကြတယ။် အဖေ သူငယ်ချင်းဆီ က တစ်ခုခုတောင်းပါ ဆိုတော့ အဖေက ကိုယ်တို့ နေတဲ့ အိမ်က eရေချိုးခန်း ကို ပြင်ခိုင်းမယ်ဆိုလို့အဖေ ရယ် ဝန်ကြီးကိုတော့ e ရေချိုးခန်းမပြင်ခန်းပါနဲ့လို့ တောင်းပန်ခဲ့ရသေးတယ။်
ကျန်တဲ့အဖေ့သူငယ်ချင်းတွေလည်း ကျေးဇူးတင်တယ်။ အန်မတန် ချစ်တဲ့ သူငယ်ချင်းတစ်ယောက်ကို ဆိုရင် အဖေ ကိုမာ ရသွားခါနီးမှ ကိုယ်က မိုးချူပ်ကြီး ဖုံးဆက်ပြီး အန်ကယ် အဖေကိုမာ ရခါနီးပြီ. အဲဒါ အဖေသတိရှိတုံး အန်ကယ်ဆီက တစ်စုံတစ်ခု အားပေးစကားလေး လာပြောစေချင်တယ် ဆိုလို့ ချက်ခြင်းဘဲ မိုးချုပ်ကြီးရောက်လာပြီး လာတွေ့ပါတယ။် ကျေးဇူးပါ အန်ကယ် ဦးအောင်ညွန့်။
အဲသလို အဖေကိုချစ်တဲ့ကိုယ်က အဖေ့နာမည်ကို အခြေခံဘို့ဆုံးဖြတ်လိုက်ပြီး ဘလော့မှာနာမည်ပေးတော့ ဘလော့ကလက်မခံတာနဲ့ ငယ်စဉ်ကနေခဲ့ဘူးတဲ့ အိမ်နံပါတ် ကို ထည့်လိုက်ပါတယ။် အဲဒါနဲ့ဘဲ ခင်ဦးမေရရ ဖြစ်လာပါတယ။် ၁၉၇၇ မှာမွေးတာမဟုတ်ပဘူးဆိုတာကိုတော့ ရှင်းပြပြီးသားပါ။ ရရ နစ်နားကိုတော့နီးလာပါပြီ။
အခုလို နာမည်ကျော်ကြားလူကြိုက်များလာတဲ့အခါ လူမသိစေချင်တာ သိပြန်ပြီ ဆိုပြီးထပ်ပြောင်းဘို့ကြိုးစားဦးမလို့ပါဘဲ။ ပြန်စဉ်းစားတော့နာမည်သာပြောင်းသွားမှ လက်ရေးကတော့ပြောင်းမှာ မဟုတ်တော့ လူပြန်မိသွားမှာဘဲ ဆိုပြီး စိတ်လျော့ထားရပါတယ။် လမ်းမှာတွေ့ရင်တော့အလန့်တကြားလာမခေါ်ပါနဲ့ .။ဒီက လန့်တတ်လို့ပါ။ မသိချင်ယောင်လေးဘဲ ဆက်ဆောင်ပေးထားရင်ပို အဆင်ပြေမှာပါ။ လွတ်လွတ် လပ်လပ် လှူပ်ရှားလို့ရတာပေါ့။
ရည်ညွန်းချက်
http://heartstations.blogspot.com/2009/05/boyz.html
မှတ်ချက်
မြန်မြန်ဖတ်ပါ။ ရှေ့ဆက်ရန်တွေ ရှိသေးတယ။်
59 comments:
  1. နောက်ဆုံးက ကွန်တော်ပါနော်
    ReplyDelete
  2. ကလောင်တစ်ချောင်းဖြစ်လာဖို့၊ ဒိထက် အောင်မြင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် လက်ရှိ ကလောင်ကိုပဲ ဆက်ယူပါ။ စာတွေလဲဆက်ရေးပါ။ ဒါနဲ့ ဒီနာမည်ကို နာမည်ရင်းထင်တားတာ..
    ReplyDelete
  3. လမ်းမှာတွေ့ရင်ပဲဖြစ်ဖြစ်၊ Bloggers in Singapore community (BISC)တွေ့ဆုံပွဲမှာတောင် ဖြစ်ပစေ၊ မသိချင်ယောင်ဆောင်ပေးပါ့မယ်။ တကယ်လဲ သိမှမသိတာကိုနော..
    ReplyDelete
  4. အမ kom ရေ.. စိမ်ပြေနပြေ ဖတ်လာရာက မှတ်ချက်မှာ "မြန်မြန်ဖတ်ပါ" ဆိုတာ တွေ့ လိုက်မှ ဒရောသောပါး ပုဆိုးကွင်းသိုင်း ပြေးသလို ပြန်ဖတ်သွားပါတယ်။ :P
    ReplyDelete
  5. ကျမလဲ ရန်ကုန်သူစစ်စစ်ပါ ။ အဲဒါကြောင့် ရန်ကုန်ကိုချစ်လွန်းလို့ အမရဲ့  ဘလော့ဂ်ကို ၀င်ဖတ်ဖြစ်တာပေါ့..ဘယ်သူတွေဘာဘဲပြောပြော ရန်ကုန်နဲ့ ပတ်သက်တာတင်ပေးတဲ့ အမကို အစဉ်ကျေးဇူးတင်လျက်ပါ...မြန်မြန်ဖတ်ပြီးပါပြီ ဆက်ရန်ကိုဆက်လုပ်ပါ...
    ReplyDelete
  6. အစ်မကွန်စာရေးတာရေလည်မိုက်ပါတယ်...
    ReplyDelete
  7. မကွမ်းရေ.........
    (ကျေအောင်ဖတ်ပါဆိုလို့ လည်အောင် ဖတ်ပစ်လိုက်ပါတယ်)
    နဒင်း
    (ကို)
    ReplyDelete
  8. ဦးခင်မောင်ရင်နဲ့ မိတ်ဆွေတွေဆိုတော့ ရှေ့နေကြီး ဦးထွေးလူကိုလည်း ရင်းနှီးမယ် ထင်ပါတယ်... နာမည်ကြီးတယ်လေ...
    ဘယ်သူတွေဘာပဲပြောပြော.. ခင်အုန်းမယ်
    ReplyDelete
  9. ဖတ်သွားပါကြောင်း ။ တိုတိုဘွင်းဘွင်းရေးဟန်အားကြိုက်ကြောင်း ။
    ReplyDelete
  10. သေချာတာက ဒီလက်ရေးကိုက အားလုံးကို ဖမ်းစားထားတာ..
    ဆန်းပြားတဲ့ တင်ပြပုံတွေကတော့ ထူးခြားတယ်..
    စာထဲမှာ ပါနေတဲ့ ရိုးရှင်းမူတွေက စာရေးသူရဲ့ ပင်ကိုယ်ဟန်ဖြစ်မယ်..
    နှစ်သက်တယ်.. အသစ်တက်လာတာနဲ့ လာဖတ်ချင်နေမိတယ်..း)
    ခင်တဲ့..
    ReplyDelete
  11. ဘာပြောပြော ကျနော်ကတော့ အမကြီး မခင်ဦးမေကိုချစ်တယ်
    ဘာလို့ချစ်လဲ မမေးကြနဲ့
    ဒီလိုဖြစ်နေလို့ကိုချစ်တာ
    ကိုယ့်မှာ အမတွေ အကိုတွေ မရှိတော့
    ရှိတဲ့အမတွေ ကိုပဲချစ်တယ်
    ကျနော်လဲ အမကြီး အဖေလို ကြုံဖူးတယ်
    စတဲ့သူ လာပြန်ဝတ်ပေးတဲ့အထိ ပေတေနေတာ
    သတိရလို့ ပြုံးမိတယ်
    စကားတွေရှည်နေတယ်
    ကိုယ့်အမကြီးလေသံအသံပြောခဲ့မယ်
    လာဖတ်သွားပါသည်
    ခင်မင်လေးစားချစ်ခင်စွာဖြင့်
    ဖိုးစိန်
    ReplyDelete
  12. ဒါဆို နာ မည် ရင်း မဟုတ်ဘူးပေါ့။ ကိုမဆလာရှိတာလဲ မဟုတ်ဘူး မဟုတ်လား။ strike က မေးခိုင်းလို့ပါ။
    ReplyDelete
  13. စာကို ဖြည်းဖြည်းပဲ ဖတ်တတ်လို့ ရေးရင်လဲ ဖြည်းဖြည်းချင်းပဲ ရေးပေးပါ...
    ခင်အုန်းမယ်နော်...
    ReplyDelete
  14. ဘာကိုမှ ဖတ်မသွားဘူး။
    ဒါကြောင့်မို့ မမကို ချစ်တာ လို့ပဲ ရေးလိုက်တယ်။
    ReplyDelete
  15. ကရောသောပါး ဖတ်သွားပါတယ် ... မမခင်ဥမင် ...
    ဖတ်ရင်းနဲ့ မျက်စိကျွတ်ကျတာ ပြန်မကောက်တပ်တော့ဘူး ခပ်တည်တည်ပဲ ဆက်ဖတ်သွားတယ်။ ;)
    ခက်ဆစ် အဓိပ္ပါယ်
    * ခင်ဥမင် = ဥမင်လှိုဏ်ခေါင်းထဲမှာနေသူ လှပျိုဖြူခင်ကလေး။
    ReplyDelete
  16. ဘာရေးရေး ဘာနာမည်နဲ့ ရေးရေး တွေ့အောင်ရှာပီးဖတ်ပါ့မယ်၊ လမ်းတွေ့လို့  အော်ခေါ်လို့ လန့်တတ်ရင် လက်ကလေးတော့ လာတို့ ပရစေ
    ReplyDelete
  17. သြော်...
    အသက်ကြီး မှ မိတ်ကပ် (ကိုမာ) နဲ့ နောက် အိမ်ထောင်ထပ် ပြုသွားတာကိုး...
    ရေးတာကိုလည်း ကြည့်ပါဦး.
    လူခေါ်တာလဲပါပါတယ။် (ဟယ်..ရဲချက်)
    ReplyDelete
  18. မခင်ဦးမေ ပြောတာ လုံးဝ ဥသုံ အပြည့်အဝ မှန်ကန်ပါကြောင်း ထောက်ခံပါသည်။
    ပုံ
    သက်သေ
    ၂ဦးအနက်မှ တဦး
    ReplyDelete
  19. ကိုဂျေ ကို မမပုံ ဘယ်မှာကြည့်ရမလဲလို့ မေးဦးမှပဲ
း)
    ReplyDelete
  20. အန္နောမတ်(စ်)May 30, 2009 at 8:40 AM
    So Called, "Blogalization".
    ReplyDelete
  21. အားလုံး မမရောဂါ ဖြစ်နေပြီ..
    ချစ်ကောင်း သီချင်းကိုပြောတာပါ။။
    စကားမစပ်..ဇာတ်လိုက် ကိုမတွေ့တာ အတော်ကြပြီနော့..
    Xထုံ
    ReplyDelete
  22. အဲ့တော့..
    နာမည်ပါသွားပြီ...
    ဒုက္ခ..
    ကိုယ့်ကိုယ်ကို မုန်းလိုက်တာာာာာာာာာ..
    Xထုံ
    ReplyDelete
  23. လမ်းမှာတွေ့ရင်တော့အော်မှာ
    မှန်သွားရင် အမြတ်
    မခင်ဦးမေ ဘယ်လိုပုံဆိုတာ အားလုံး စိတ်ဝင်စားနေပါသည်...
    တစ်ကျွန်းလုံး ပတ်ရှာမည်...
    ဟွန်း ဟွန်း...(လူဆိုးဗိုလ်လို ရယ်သံ)
    ReplyDelete
  24. ကျွန်တော်လည်း ရန်ကုန်သားဗျ..:P
    ReplyDelete
  25. ဒါဆိုမမအဖေနံမည်က ဦးခင်ဦးဖြစ်ပြီး မမရဲ့နံမည်မှာကမေပါရမယ်..
    ဟုတ်တယ်မလား ဝန်ခံလိုက်စမ်းဘာ မမရယ်..
    (ပုံ/ မယ်စံမျိုး)
    ReplyDelete
  26. ကာယကံရှင်က မသိစေချင်တာတွေကို သိနေရင်တောင် မသိသလိုပဲ နေပေးလိုက်ကြတာ အကောင်းဆုံးပဲဗျ။ နှစ်ဦးနှစ်ဘက် အဆင်ပြေတာပေါ့။
    ReplyDelete
  27. မမခင်ဦးမေဆိုတဲ့ နာမည်ကလှပါတယ် မမရယ်။ မပြောင်းပါနဲ့နော်။
    ReplyDelete
  28. ရေချိုးခန်း အကြောင်းကြားလို့ ကျွန်တော် ကြားဖူးတာ သွားသတိရတယ်။ ဦးနေဝင်း ပေါင်းတည်လာတော့ သူ့ရဲ့ ငယ်သူငယ်ချင်းကို ဟေ့ကောင်။ ဘာလိုချင်လဲ မေးတယ်။ ဟို အဖိုးကြီးက ငါထန်းတက်စရာ ခါးပတ်မရှိဘူး။ မင်းတို့ခါးပတ်တွေ သဘောကျတယ် ဆိုလို့ သူ့ပီအေ ခါးပတ်ချွတ်ပေးခဲ့ရတယ် ဆိုပဲ။ :D
    ReplyDelete
  29. မမရေ..
    မီးမီးလာရင် မမသက်ဝေနဲ့အတူ Sopping လိုက်ပို့မယ်
    လို့ပြောထားပြီးသားနော်... ဘယ်တော့မှ မေ့ဘူးကွ.
    နာမည်ကျော်မမကြီိးကိုတွေ့ရပါတော့မယ်..ပျော်လိုက်
    တာ...း)))))
    ဆင်ဆင်က အရမ်းချောတာမမရ....
    မီးက သူ့ရုပ်ကြီးကို မှတ်မိသွားပြီ...အမယ်မယ်..သူက
    ရုပ်တည်ကြီးနဲ့ လူနောက် မမရေ..မီးနဲ့တူတူပဲ.အဟဲ..း)
    စလုံးလာရင် မမတို့အဖွဲ့နဲ့သတ်သတ်တွေ့မယ်နော်...
    ကြိုပျော်နေတယ်..
    တကယ်သွားရပါစေလို့ ဆုတောင်းနေရတာပဲ.း))
    မမဘာမှာချင်သေးလဲ ၀ယ်လာပေးမယ်လေ...
    မမရဲ့သူငယ်ချင်းတွေကိုပါပြောလိုက်နော်... ဂျပန်က
    လိုချင်တာရှိရင်မှာပါ..လိုချင်တာရှိရင် ၀ယ်လာပေးပါမယ်....အလကားတော့မပေးနိုင်ပါဘူး..
    စလုံးရောက်မှ စလုံးငွေနဲ့ ပြန်တွက်ပေးရပါမယ်လို့..အဟတ်... မှာရတာအားနာမှာစိုးလို့ တကယ်ပြောတာ
    ပါ.. အဟုတ်..မညာဘူး။ စလုံးငွေနဲ့ပြန်တွက်ပေးရင်
    မီးမီး စလုံးမှာ ပိုက်ဆံသုံးလို့ရတာပေါ့.. အိုကေနော်.
    ဂျပန်ကီမိုနိုတွေရှိတယ်.. တစ်ထည်ကို ယန်း ၈၅၀ တို့ ၁၀၀၀ ကျော်တို့ အစားစားပဲ.. ဘောင်ချာနဲ့ဝယ်လာပေး
    ပါမယ်..အတိုးမယူပါဘူး။ ဒါပေမယ့် ခက်တာက ဘယ်သူ
    တွေက ဘာအဆင်ကြိုက်တယ်ဆိုတာ မီးမီးမသိဘူးရယ်လေ.
    ပျော်ရွှင်ပါစေမမရေ..
    သေခြာမှ ထပ်ဆက်သွယ်ပါမယ်..
    ညီမ
    ReplyDelete
  30. မမ
    ဘလောက် စဖတ်ထဲကဖတ်လာတဲ့မမ ဘလောက်ကိုအရမ်းကြိုက်သလိုလေးလဲလေးစား
    အားလဲအားကျမိပါရဲ့ 
    မမကိုချစ်တဲ့
    မေလေး
    ReplyDelete
  31. :P
    မြန်မြန်ဖတ်ပါဆိုလို့ ဒရောသောပါးဖတ်သွားပါတယ်မမ
    မပြုံးရမနေနိုင်အောင်ရေးတတ်လို့ သဘောကျပါတယ်။ အားရင် လာဖြစ်ပါတယ်။ လမ်းတွေ့ရင်လည်း အော်ကြီးဟစ်ကျယ်မခေါ်ပါဘူး။ မသိမသာတော့ ကြည့်မယ်လေနော်... :P
    ReplyDelete
  32. ၇၇ ကို ၁၉၇၇ ခုနှစ်ဖွားလို့ မထင်မိတာတော့ အသေချာပါပဲ။ တကယ်တော့ ကျွန်တော်တို့ ခေါ်သင့်တာက အန်တီခင်ဦးမေ ပါ။ အမ တပ်ပြီးခေါ်တော့ ရှိရင်းစွဲထက်ကို ပိုနုပျိုစေပါတယ်။ အမကို မြင်ဖူးချင်သူ တော်တော်များများရှိပါလိမ့်မယ်။ တိုက်ဆိုင်စွာ ကြုံလို့ ဓါတ်ပုံအမိအရ ဖမ်းရိုက်နိုင်ရင်တော့ အားလုံးမြင်ဖူးရအောင် တင်ပေးချင်ပါတယ်။ ဒါပေမယ့် တခါတလေကျတော့ လူချင်း အပြင်မှာ မမြင်ဖူးမတွေ့ဖူးကြတာက ဘလော့ထဲမှာ ပြောလို့ဆိုလို့ ပိုကောင်းမယ်ထင်မိတယ်။ နာမည်ပြောင်းဖို့တော့ မစဉ်းစားစေလိုဘူး။ နာမည်တစ်လုံးရလာဖို့က မလွယ်ပါဘူးလေ။ ဘာပဲပြောပြော အမလဲ အမစတိုင်နဲ့ လမ်းတစ်လမ်းဖြူးအောင် ဖောက်ခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ခုနောက်ပိုင်း ဘယ်ပို့စ်တင်တင် စာမူခတွေ ပုံနေတတ်တာ အမရဲ့ အားထုတ်မှုပါပဲ။ ဖြစ်နိုင်ရင်တော့ မြန်မာဘလော့ဂါတွေ အားလုံး ဆုံချင်မိပါတယ်။
    မေတ္တာဖြင့်
    ReplyDelete
  33. :-) မြန်မြန်ဖတ်သွားတယ်..
    ReplyDelete
  34. ရွှန်းမီ said...
    :-) မြန်မြန်ဖတ်သွားတယ်..
    မောနေဦးမယ်သမီး ရဲ့
    ReplyDelete
  35. မမ အဖေ ကလဲ အလာကြီးပဲ။ ပုဆိုးကို ကောက်မသိမ်းဘူး ဆိုတော့.. :D အဖေတူ သမီးဆိုတော့ လန့်မိတယ်။
    မနက်က မြန်မြန်ဖတ်ဆိုတာနဲ့ ဖတ်ကို မသွားဘူး။ ဆက်ရန်ရှိသေးတယ် ဆိုလို့။ အခုတခေါက်လဲ ဖတ်သာ ဖတ်ရတာ နောက်က တို့ နေသလို ဖတ်သီ ဖတ်သီ နဲ့ပါပဲ မမရာ..
    ReplyDelete
  36. အဘတို့ကတော့ ဖြေးဖြေးပဲကွယ် :)
    ReplyDelete
  37. ဖြေးဖြေးပဲ ဖတ်ပါရစေ မမရယ်...
    မြန်မြန်ကုန်သွားမှာစိုးလို့ပါ...
    ဒါထက် စကားမစပ်... မျိုးတို့ ခရေဖြူတို့က ပြောတော့ တနေ့နေ့ တွေ့ကြမယ်ဆို...
    ဘယ်နေ့တွေ့ကြမှာလဲ.. ကြိုပြောနော် မမ...
    အားလုံးကို တွေ့ချင်နေပါတယ်...
    ReplyDelete
  38. ဘာမှသိပ်ပြောမနေဘူး။ ဘယ်တော့ လူတောထွက်ပြမှာလဲဘဲ သိချင်တယ်။ တိုတိုဘဲပြောမယ်။
    ReplyDelete
  39. မမ.. ဘာမှ လာရှင်းပြမနေနဲ့....။
    တစ်နေ့လောက်တွေ့ကြရအောင်...။ မဝါလာရင်ဖြစ်ဖြစ်
    စလုံးကလူတွေ ဆုံကြမယ်လေ....။
    ReplyDelete
  40. စာရေးဆရာက ထမီကျွတ်လို့ လွှတ်လိုက်တဲ့ မောင်သာရ တကယ်ဟုတ်နေပြီလား မသိဘူး....။ :)))
    ReplyDelete
  41. အညာသားတစ်ယောက်နေနဲ့..ရန်ကုန်ကိုတော့မချစ်မိဘူး၊ ရန်ကုန်သူကိုတော့ချစ်ခဲ့တယ် အခု ကလေးနှစ်ယောက်ရတော့မယ် (ရှေ့လကုန်မွေးမှာကိုး)
    နော့ကာရိုလိုင်းနားမှလာလည်ပါတယ်၊သင်္ကြန်ကအခုမှပြီးလို့
    အရှိန်မကုန်သေးဘူး၊
    ReplyDelete
  42. ရေးတာလဲ ရှည်လိုက်တာ။ စကား ပြောဖို့ ကျတော့ အချိန်မရှိဘူးလေးဘာလေးနဲ့
    ReplyDelete
  43. ဟားဟား ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ဒီနေ့ ရုံးရောက်ရောက်ချင်း blog roll မှာ တွေ့လို့ ဘာအလုပ်မှ မလုပ်ခင် ၀င်ဖတ်ပစ်လိုက်တယ်။ မြန်မြန်ပဲ ဖတ်ခဲ့ရတာပဲ။ ရုံးဆိုတော့ကာ...ခုမှ နောက်တခေါက် ဖြည်းဖြည်းလေး ပြန်လာဖတ်တာ။ ပြောရင်းနဲ့ မမကို တွေ့ချင်လာပြီ။ အပြင်မှာ စကားပြောရင်ရော အဲလိုပဲလားဟင်။
    ReplyDelete
  44. စာဖတ်သူတွေ စာကျေတာမပြောနဲ့လေ။ ကိုယ်တိုင်တခါဖတ်ပြီးရင် ယောကျာ်းနဲ့ သူငယ်ချင်းတွေကိုပါ ပြန်ပြောပြလိုက်သေးတယ်။ လူချစ်လူခင်များတာ မမကုသိုလ်ပါ။ နံမည် မပြောင်းပါနဲ့။ မမက မမြင်စေချင်ရင်လည်း ဒီအတိုင်းလေးပဲ နေပါ့မယ်လေ။ (သနားပြီး အတွေ့ခံချင်အောင် ပြောသွားသည်)
    ReplyDelete
  45. ဖိုးစိန်: စိတ်မကောက်ပါနဲ့ မွန်မင်းသမီးဒေါ်ခင်ဦးရယ် ကျန်စစ်စိန် တောင်ပန်ပါတယ် မွန်မင်းသမီးအိမ်ကိုလေ
    မိုးလင် မျက်လုံးနှစ်လုံးပွင့်တာနဲ့ကိုရောက်နေပီး ဖတ်လိုက်ရင် အိမ်ပြန်နောက်ကျမယ်ဆိုတာကြီးပဲဒေါ်ခင်ဦးအိမ်ကိုလာ ကောမန့် တွေဖတ် ဟိုချောင်းဒီချောင်းလုပ် အဲဒါမှာကော်ဖီသောက်ဖို့ အားရှိတာညဘက်အိပ်ချိန်ကျရင်လည်း ဒေါ်ခင်ဦးကထတဲ့အချိန်ဆိုတော့ လာချောင်းရတာ အမော
    ဒီကြားထဲ အလုပ်မသွားခင်လေး လာရတာ တစ်မျိုး ဘယ်အချိန်စမ်းစမ်း မမိတဲ့ ဘဝကို စာနာပါအုံး ဒေါ်ခင်ဦးရယ်ညီလေခရာတွန် ပြောသလိုပဲ ဒီလိုတိုတို တုတ်တုတ် ကော့မန့် လေးတစ်ခုကို ဒေါ်ခင်ဦးဆီက ရရင်ဖြစ် ပီတိဖြစ်ရတယ်
    ဒါတွေကို ဒေါ်ခင်ဦးရင်ထဲကနေစာနာနိုင်မလား ပြောပြပါဒါဆိုရင် ကျန်စစ်စိန် ရင်ထဲ ဘယ်လောက် ရှိတယ်ဆိုတာ မွန်မင်းသမီးသဘော ပေါက်သင့်ပါတယ်ဒ်ါခင်ဦးရယ် ဒါတွေကို ဖတ်ပြီး စာနာပါ သနားပါ ငဲ့ညှာပါ
    ပြောရင်ငိုချင်တယ် ဒေါ်ခင်ဦးရယ်
    ငိုသွားပါတယ်
    ReplyDelete
  46. ဖိုးစိန် ရေးတာကို ဖတ်ရင်းသနားလို့ အမ ရဲ့ ဖေဖေ ရဲ့ ကျွတ်ကြနေတဲ့ ပုဆိုးနဲ့ မျက်ရည် တွေသုတ်သွားပါတယ်..
    အဟင့်..ရွှတ်.ဖတ်
    မငိုပါနဲ့ ကွယ်. မွန်မင်းသမီးလေးက လိပ်ခေါင်း..အဲ. စိတ်ကောင်းရှိပါတယ်
    ReplyDelete
  47. မခေါ်စေချင်..မခေါ်ပါဘူးလေ..နော်..
    လာလည်မယ်ဆိုတဲ့အသံကြားတာနဲ့..ဒီပို့စ်ကြီးတင်ထားတာ..ကောင်းဂျသေးရဲ့လား အရပ်ကတို့ရဲ့။
    mm
    ReplyDelete
  48. ဟိုတနေ့ က ဧရာဝတီဆိုင် မှာ ၄၀ကျော်လောက် ချောချော အမကြီး တယောက်တွေ့လို့ မမကွန် လားလို့ နဲနဲ ချက်လိုက်သေးတယ်..ဟီး ဟီး
    ReplyDelete
  49. အမနော် မြန်မြန်ဖတ်ဖို့ မြန်မြန်ရေးတာကြောင့်လားမသိ စာလုံးပေါင်းအများကြီးနော်.... ကိုလင်းဆက်လားမသိ ပြောဖူးတယ် ထင်တယ် ဟိဟိ
    ReplyDelete
  50. မမခင်ဦးမေကိုတော့ အိမ်က သားကြီးကပါ သိနေပေါ့.. ဟိုတနေ့က ဆေးခန်းမှာ ဒေါက်တာခင်ဦးမေ ဆိုတာ တွေ့တော့ မေမေသွားသွားလည်ဖတ်နေကျ မမခင်ဦးမေ ဆိုတာလားတဲ့..။
    မြန်မြန်ဖတ်သွားပါတယ်.. ဆက်ရေးပါတော့...
    ReplyDelete
  51. အမ မျှော်နေတယ်
    ReplyDelete
  52. Please Write Everyday.
    ReplyDelete
  53. ဟားဟား။ မမKOMရဲ့ ဖေဖေက တက္ကသိုလ်ရောက်မှ ပုဆိုး ချွတ်ခံရတာကိုး။ အနော်လဲ အချွတ်ခံရတုန်းက ပြန်မ၀တ်ဘူး။ အမြင်မတောင်လို့ လာဝတ်ပေးတဲ့သူတွေကိုလဲ အ၀တ်ပေးမခံဘူး။ ခွ်ျပြေးသွားတဲ့သူ ကိုယ်တိုင် လာဝတ်ပေးမှ ဆိုပီး ဒီတိုင်း ရပ်နေတာ။ အောက်ခံဘောင်းဘီကလဲ ပါတာ မဟုတ်။ နောက်ဆုံး ဆွဲချွတ်ပီး ပြေးသွားတဲ့ သယ်ရင်းကိုယ်တိုင် လာဝတ်ပေးမှ ပုဆိုး ပြန်ကပ်တော့တယ်ဗျို့။ (ဒါပေမဲ့ အနော်က အဲဒီတုန်းက ခြောက်တန်း။ တားတားက ခရေးပဲ ၇ှိသေးတာ။)
    ရန်ကုနအကြောင်းတွေလဲ ဆက်ရေးပေးပါ။ အလွမ်းပြေပေါ့။
    ခင်မင်လျှက်
    ReplyDelete
  54. အင်.. သယ်ရင်းရောက်နေတာနဲ့ ဒါလွတ်သွားတယ်၊
    စိတ်မပူနဲ့ မမ၊ ဘယ်သူသိသိ အနော်မသိဘူး၊ ရှေ့တည့်တည့်လာပြီး ငါပါဟဲ့ အော်ရင်တောင် တကယ်လား ပြန်မေးမိမှာ၊
    မမအဖေ ရယ်ရတယ်၊ အိမ်မှာတော့ မောင်တွေ ရှိုးများလို့ နောကကျနေရင် ပုဆိုးဆွဲချွတ်တတ်လို့ ကြောက်ကြတယ် :P
    ReplyDelete
  55. ကွမ်ဆိုတာလေးကို ကြိုက်တယ် မမရ ..
    ချစ်ခင်လျှက်း)
    ReplyDelete
  56. အာဂအဖေကိုသဘောကျနေတာနဲ့ အဲတုန်းက ကော်မန့် ဝင်မရေးမိပါလား။ ကျေးဇူး အစ်မ
    ReplyDelete
  57. ဘာပြန်ပြောရမှန်းတောင်မသိတော့ပါလား. ကိုဘွိုက်ဇ် ရယ်။
    ၁.
    ရေးထားတာ နစ်နစ်ရှိပြီ
    ၂. အဲသည်တုံးက ကိုဘ ခရီးသွားနေတယ်ထင်တယ်။
    ၃. :gun3:
    ReplyDelete
  58. နောက်တခေါက် ပြန်ဖတ်သွားတယ်။
    ပို့စ်ကို မှတ်မိတယ်။
    ကိုယ့်ဘာသာရေးတဲ့ ကွန်မန့်ကို မမှတ်မိဘူး။ ရေးခဲ့မိပါလားလို့ မခံစားရဘူး။
    ReplyDelete