Sunday, May 31, 2009

Yangon 15























အဲဒီနေ့မနက်က မနက်မိုးမလင်းခင်ညကုထုံးစံအတိုင်းမော့ကြည့်တော့ လခြမ်းကွေးကလေးတွေ့တယ။် မဲနေတယ်လို့ တော့ပြောမှာဘဲ .အကျယ်ချဲ့က်ြည့ရင်တော့မြင်ရမယ်။ ကိုယ့်အတွက်တော့ အရာရာဟာ လွမ်းစရာဘဲ။ ဘာဖြစ်လို့ အဲဒီနေ့မနက်က ကော်ဖီတစ်ခွက်ဘဲ သောက်လိုက်ရသလဲမသိ. ကိုယ့်ဘာသာတောင်ဝမ်းနည်ွးသွားတယ။်


ပြည်လမ်းကို အတော်သုံးဖြစ်တယ။် ဒီအင်းယားလမ်းနဲ့ပြည်လမ်းဒေါင့်ကလည်း နေ့တိုင်းလိုပါဘဲလား ဖြတ်နေမိတယ်။ မှတ်မိတယ်မနက် ခုနစ်နာရီမထိုးသေးပါဘူး လမ်းပေါ်ရောက်နေပြီ။ ကြော်ငြာတွေ များတယ်လို့ပြောဦးမလား။ ဈေးမေးကြည့်လိုက်ပါဦး။

















သွားရင်းလာရင်းနဲ့ အမျိုးအရင်း တစ်ယောက်ကိုသတိရသွားတယ။် မတွေ့တာ ၁၅ နစ်လောက်ရှိရော့မယ်။ ဖုံးဆက်ပြီးမှ သွားပါလို့ အမျိုးများကသတိပေးလိုက်ပေမဲ့ ဒါကိုယ့်အမျိုးဘဲ ဘယ်အချိန်သွားသွား။ ရှိတော့တွေ့ယုံပေါ့။မရှိတော့လည်းမတွေ့ရုံဘဲဆိုပြိး တံခါးသွားခေါက်ပါတယ်။ ရှိနေတယ။် တွေ့ခဲ့ရပါတယ်။ သုံးနာရီလောက်ကြာခဲ့တယ်။ သူလဲခွေးချစ်သူပါဘဲ။ သူ့ခွေးလေးတစ်ကောင်ညက ဆုံးသွားလို့ စိတ်ထိခိုက်နေလေရဲ့။ ဘုန်းကြိးကျောင်းကို ဆွမ်းပို့နေခိုင်းတာ တွေ့ခဲ့တယ။် ဒီအမျိုးကိုရောသိသူများပေါါ်လာ ဦးမလား။သိချင်မိသေးတယ။်











ပြန်လာတော့ ရန်ကုန်တက္ကသိုယ် ဘွဲ့နင်းသဘင်ခမ်းမ အနောက် ကနေ သေချာရပ်ပြီး ဒါတ်ပုံရိုက်ယူပါတယ။် လွမ်းလို့ပါ။ ဘာလွမ်းစရာရှိသလဲလာမမေးပါနဲ့။ ခံစားတတ်မှ. ဖြစ်မှာပါ။ တက္ကသိုယ်ရိပ်သာလမ်းပေါ်က ငုဝါပင်တွေပ်။ ပွင့်နေတုံးဘဲ။ ပင်လုံးပြည့်..











31 comments:

  1. ဝေးးးးးးးးးး ပျော်လိုက်တာ မမ ဒီတခါ ညီမ ပထမ ရတယ် မန့်တာ ပြောပါတယ် ဟုတ်တယ် အရင်ကဆိုရင် comment တွေက အများကြီးရယ် ဒါနဲ့ မမန့်ဘဲ ပြန်ပြန်သွားတာ အခု link မှာ update တင်ထားတာ တွေ့လို့ အပြေးလေး လိုက်ချလာတာ ခိခိ မောရကျိုးနပ်သွားပြီ ဗျိုးးးးးးးးးးးး

    ReplyDelete
  2. ကျောင်းကြီးပုံတွေ တွေ့တော့ ဂျမ်းလည်း လွမ်းတယ် အမ။ အမရဲ့ ရန်ကုန်ပို့စ်တွေ ဖတ်ရတာ ရန်ကုန်ပြန်ချင်စိတ် ပိုပိုပေါက်တယ်။ နောက်တစ်ပါတ်ကို ဂျမ်းတူမလေးလည်း ရန်ကုန်ပြန် မှာမို့ အိမ်ပြန်ချင်တဲ့ ရောဂါ ပိုဆိုးနေတယ်။း(

    ReplyDelete
  3. တင်ပြပေးတာ ကျေးဇူးတင်ပါတယ်

    ReplyDelete
  4. ကော်ဖီခွက်ကလေးကလဲသနားစရာ။ အိမ်က ကြောင်စာခွက်ခွက် ထက်တောင် သေး သေး တယ်။

    အံ့ဩလို့ မကုန် နိုင်တဲ့ ရန်ကုန်ပါပဲ

    ReplyDelete
  5. အစ်မရေ ဒီချိန်ထိအိပ်သေးဘူးလားဗျ?
    ခွေးအကြောင်းပြောမယ်ဆို ဒီနေ့ပဲကျနော်တို့ဆီကိုခွေးလေးတွေလာရောင်းသွားတယ် တစ်ကောင် ၄၅၀နဲ့ လှမှလှဗျာ ခွေးလေးတွေကချစ်စရာလေး... ဖုန်းနဲ့ကျနော်ရိုက်ထားတာရှိတယ် နောက်မှပဲ ဘလော့မှာတင်တော့မယ် :)

    ReplyDelete
  6. မမ kom ရေ...ကျောင်းရောက်သွားတယ်ထင်တယ်..မေးပါရစေ..main ထဲမှာ ဓါတ်ပုံရိုက်ပေးတဲ့ မြ၀တီ ကျော်ဝင်း နဲ့ ဦးစိန်ဝင်း တို့ရော ရှိသေးလား ? ။ MAIN ထဲက LIBRARY နားမှာ ပျားအတုပ်ခံရတာ ကျမအတွက်တော့ တသက်စာ အမှတ်တရပါဘဲ....၊၊ YANGON ဆက်ရန် ရှိသေးလားဗျို့ ....

    ( mie nge )

    ReplyDelete
  7. အန္နောမတ်(စ်)May 31, 2009 at 7:23 AM

    “ကွန်ဗို့” နဲ့ “ဂျပ်ဆင်”
    မြင်လိုက်တာနဲ့ ဘာလို့ ကျောင်းသား ဘဝက
    Live တွေကို (Flash-back) ပေါ်ပေါ် လာတာလဲ မသိပါ
    စီနီယာ့ စီနီယာ တွေ ပိုဆိုးမယ် :-(

    ဘယ်အချိန် ကြည့်ကြည့် ရာဇဝင် တွေနဲ့ ခန့်ညားနေ ဆဲပါ

    Ps.အင်းယား ကန်နားကပ်နေရပြီး မွဲခြောက်ခြောက် အပင်တွေ နဲ့ သွပ်ခေါင်မိုး သံချေး တက်နေတာ မပါ :-)

    ReplyDelete
  8. မနက် ၇နာရီမှာ လမ်းပေါ်ရောက်နေပြီနော်။
    ရန်ကုန်မှာ အတော်ပွဲကြမ်းခဲ့တာပဲ။ ကောင်းပါတယ်။ ရောက်တုန်းလေး စုံအောင်လည်နိုင် စားနိုင်တာ ၀မ်းသာစရာပေါ့။

    ခွေးကြီးက ချစ်စရာကြီးတော့်။

    ReplyDelete
  9. ဓါတ်ပုံအများစုက ကားပေါ်ကနေ ရိုက်တဲ့ပုံတွေနော်။ ကြည်လင် ပြတ်သားအောင် ရိုက်နိုင်တာပဲ။ လက်ငြိမ်တယ်။

    အင်း... နောက်ဆုံး တက္ကသိုလ်ရိပ်သာလမ်းတို့၊ ရွှေဂုံတိုင်၊ အင်းစိန် ပတ်ဝန်းကျင်တွေမှာ ဓါတ်ပုံရိုက်ဖို့ အကူအညီ တောင်းမလားလို့ပါ။

    ReplyDelete
  10. ငုတွေပွင့်နေလိုက်တာ
    လွမ်းစရာနော်........
    mnhy

    ReplyDelete
  11. ``ဘာဖြစ်လို့ အဲဒီနေ့မနက်က ကော်ဖီတစ်ခွက်ဘဲ သောက်လိုက်ရသလဲမသိ. ကိုယ့်ဘာသာတောင်ဝမ်းနည်ွးသွားတယ။်´´

    အဲဒီစာကြောင်း က ဆိုလိုချင်တာက..
    ``ကော်ဖီတစ်ခွက်ဘဲ သောက်လိုက်ရလို့လားမသိ
    ကိုယ့်ဘာသာတောင် ၀မ်းနည်းသွားတယ်´´

    အဲ့လိုလား


    တော်တော်ထုံတဲ့
    Xထုံ

    ReplyDelete
  12. လွမ်းစရာတွေ့ရင်တော့ လွမ်းတာပါပဲလေ...လွမ်းလိုက်..လွမ်းလိုက်..။

    ReplyDelete
  13. Myawadi U Kyaw Win, he passed away.

    ReplyDelete
  14. လွမ်းတယ် လွမ်းတယ် ဟီး တက်လဲ မတက်ဖူးလိုက်ပဲနဲ့ :D

    ReplyDelete
  15. မလွမ်းဘဲနေရင် နောက်ကောက်ကျနေမလားလို့ ....ဘာလဲတော့မသိဘူး.........လွမ်း၏

    ReplyDelete
  16. မမ KOM , မြသီလာ အလွမ်း ရအောင် လုပ်တွားဘီ။ ကျွန်တော်က တက္ကသိုလ်ကျောင်းသား ဘ၀မှာ အဓိပတိလမ်းပေါ်လျှောက်၊ သစ်ပုပ်ပင်ကြီးအောင်မှာထိုင်၊ ဂျပ်ဆင်ကြီးကို မော့ကြည့်ပီး ဘွဲ့နှင်းသဘင် ခန်းမရှေ့ အေးအေးလူလူ မနေခဲ့ဖူးသမျှ ကျောင်းတွေပြီး ရန်ကုန်မှာ နေ အလုပ်လုပ်တော့ စစ်ကိုင်းဆောင်မှာ နေခဲ့တာ သုံးနှစ်ကျော် လေးနှစ်နီးပါး။ အခု ပြန်လွမ်းသွားဘီဗျာ။

    ReplyDelete
  17. မြ၀တီ ဦးကျော်ဝင်းဆုံးသွားပြီဆိုလို့ စိတ်မကောင်းဖြစ်မိပါတယ်...ကျေးဇူးတင်ပါတယ် ANONYMOUS.....

    ReplyDelete
  18. မမလွမ်းခိုင်းလို့ လွမ်းပြီ
    :D

    ReplyDelete
  19. ခွေးကြီး ချစ်ဖို့ကောင်းတယ်ဗျာ။ လိုချင်လိုက်တာ။
    အဲလို အမွှေးဖွားဖွားခွေးလတ်တွေဆို အရမ်းသဘောကျတယ်။ ပေါက်စစုတ်ဖွားလေးတွေတော့ မမွေးချင်ဘူး။ ပြောရင်းနဲ့ သတိရသွားပြီ။ အားကွေ့၊ ဘောလုံး၊ ဖြူလုံး ဆုံးရှာပေါ့။

    ReplyDelete
  20. လွမ်းသွားတယ် မမရေ.း)

    ReplyDelete
  21. မလွမ်းရဲသေးဘူးမကွမ်းရေ...
    ခဏနဲ့မထားခဲ့ပါနဲ့.....
    ....မှာ ခဏလောက် အိပ်နေချင်သေးတယ်...

    (ko)
    နဒင်း

    ReplyDelete
  22. မမ ဒီတခါတော့ ကျောင်းကြီးကို လွမ်းတယ်၊

    ReplyDelete
  23. ဒီကိုထွက်မလာခင် ၃ ရက်လောက်အလို ကျောင်းထဲမှာ အလွမ်းပြေ သွားထိုင်ခဲ့ သေးတယ်...အလွမ်းမပြေဘူး ပိုလွမ်းဖို့ ကောင်းတယ် ....အဲနေ့ ကမိုးတွေလဲ အရမ်းရွာနေတယ်..

    ReplyDelete
  24. နိုင်ငံခြားဘာသာ တက္ကသိုလ်မှာလဲ ငုပန်းတွေ ဝေနေလောက်ရောပေါ့ အဲဒီအချိန်တုန်းက
    မကြီးခင်ဦး မရောက်ခဲ့ဘူးလားဗျ
    ချစ်ခင်လေးစားစွာဖြင့်
    ဖိုးစိန်

    ReplyDelete
  25. "လွမ်းလို့ပါ။ ဘာလွမ်းစရာရှိသလဲလာမမေးပါနဲ့။ ခံစားတတ်မှ. ဖြစ်မှာပါ။"

    ReplyDelete
  26. ဪ အမ ခင်ဦးမေ ရယ်
    လာတောင်မလာတော့ဘူး

    ReplyDelete
  27. တက္ကသိုလ်ရိပ်သာ.. အင်းလျား.. အားလုံးကိုလွမ်းပါတယ်..

    ReplyDelete
  28. လွမ်းမိပါရဲ့

    တစ်ချိန်တုန်းက အဲဒီနေရာမှာ
    ချစ်စရာအပြုံးတွေ ရှိခဲ့တယ်...

    ထပ်တူထပ်မျှ လွမ်းရပါရဲ့

    ReplyDelete
  29. It is remarkable, it is rather valuable piece

    ReplyDelete