Monday, May 11, 2009

lonely night



ရန်ကုန် အကြောင်း ဆက် ရေးဘို့ဘဲ။ သိတ် စိတ် မရွင် လန်းတာကြောင့်မို့လို့ ရေးလို့ မရဘူး။ ၈ ရက်နေ့ က ကဆုန် လပြည့်နေ့. အမှတ်တမဲ့ သောကြာနေ့ည ကပေါ့။ ကောင်းကင် ကို မော့ မကြည့်ဖြစ်ဘုး.။ မနေ့ ကတော့ မော့ကြည့်ဖြစ်တယ်။ လရယ် သာ လိုက်တာ. သာမှာပေါ့ လပြည့် ကျော်တစ်ရက်နေ့ကိုး..။ အထီးကျန်တဲ့သူတစ်ယောက် အတွက် က တော့ လကို ဘဲ မော့ကြည့်တာ ကောင်းပါတယ။်

လထွက်ကာ မှဘဲ လမ်းထွက်ဖြစ်တော့တယ။် လူတွေနဲ့လည်း သိတ်မတွေ့ချင်ပါဘူး. အားလုံးက ပျော်ရွင် နေကြတာဘဲ။ အသီးသီး မိဘ ဆွေမျိုး. သူငယ်ချင်း မိတ်ဆွေ အသိုင်းအဝိုင်းလေးတွေ နဲ့နေ ကြတာ ကို မုဒိတာ ပွားပေမဲ့ကိုယ့််ဘာသာ တော့ စိတ်မကောင်းဖြစ်နေမိတာဘဲ။



ဟမ်ဘက်ဂါ ဆိုင်မှာ ဝင်ထိုင်ဖြစ်တယ်။ ဆိုင် ဘယ်အချိန်ပိတ်သလဲဆိုတော့ ၁၁ နာရီ ဆိုတော့ကာ အေးအေး ဆေးဆေးဘဲပေါ့။ ထိုင်နေလိုက်တယ်။ လူတွေ ကို ငေးမောကြည့်ရင်းနဲ့ ..မိသားစုတွေလည်းပါ.ကိုယ့်လို အဖော်မဲ့သူတွေ လည်းပါ။…လမ်းလျောက်သူများ လည်းပါ။ ငေးမောသူများလည်းပါ. စကားပြောနေသူများ လည်းပါ စနေည ကတော့ အစဉ်အလာမ ပျက် စည်ကား နေ ဆဲ ဘဲ. ........

43 comments:

  1. မမ ပြောတုန်းက ပြောပြီးတော့ အခုတော့ လွမ်းနေပြီ

    ReplyDelete
  2. ဟဟဟ ။။ တို့မကြီး လွမ်းနေပြီ .. လွမ်းနေပြီ

    ReplyDelete
  3. လွမ်းတယ် လွမ်းတယ် အော်ပါရစေ

    ReplyDelete
  4. Ohhhhhhhh Poor you!!

    I feel lonely too, But use to it now.

    Cheers up, Dear!!

    :))

    ReplyDelete
  5. ဒီလိုပဲပေါ့လေ ဘဝဆိုတာ
    ပျော်ရာမှာနေလို့မှမရဘဲ :(

    ReplyDelete
  6. လွမ်းတယ်ဆိုတာ သတိရချင်းတစ်ခုပါပဲ :D...သတိရချင်း ရဲ့နောက်ကွယ်မှာ မမြင်နိုင်တဲ့ နှောင်ကြိုးလေးတွေ ငြိတွယ်နေတယ်ဆိုတာ... :)

    ReplyDelete
  7. မြူးသျှရီMay 11, 2009 at 1:15 AM

    မရေ.....
    ဘာလို့ လွမ်းနေတာလဲ
    မလွမ်းလောက်ပါဘူး
    ဟုတ်ဖူးလား

    ReplyDelete
  8. မမ လွမ်းနေမှာပါလို့ ပြောမိတာ တကယ်လွမ်းနေလာဟင်

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. ကျွန်တော့်ကြောင့် ပိုစ့်ကို ပြင်ရေးလိုက်ရတဲ့အတွက် စိတ်မကောင်းပါ။
    နောက်ဆို ခင်လို့ စတာဆိုပေမယ့် လူကြီးကိုလူကြီးလိုသဘောထားပြီး ဆင်ခြင်ပါ့မယ်။
    စိတ်အနှောက့်အယှက် ဖြစ်သွားခဲ့ရင် တောင်းပန်ပါရစေ။

    ReplyDelete
  11. အလွမ်း များ ညိမ်းစေသတည်း ....
    သီချင်းနော် အမ ဟီးးးးးးး

    ReplyDelete
  12. အစဉ်အလာမပျက် ဘလော့တွေလည်ပေါ့ အစ်မရယ်..
    စိတ်မကောင်းမဖြစ်နေပါနဲ့ ..

    ReplyDelete
  13. အိမ်ထဲမှာကြာကြာမနေနဲ့ ။ ဘလော့တွေ ဘာတွေ နှစ်ရက်သုံးရက် ဖြတ်ထားလိုက်...

    လေကောင်းလေသန့် လဲရ.. အညောင်းအညာလဲပြေ...ညနေညခင်း အပြင်လေးဘာလေး ထွက်လမ်းလျှောက်ပေး...

    လှုပ်လှုပ်ရှားရှားလုပ်ရတဲ့ အားကစားမျိုးလုပ်ပေး...
    ဥပမာ လက်ဝှေ့ ထိုးတာတို့ ...
    လေထီးအလွတ် freefall ခုန်တာတို့ ...
    တစ်နာရီနှစ်နာရီကြာ အောက်စီဂျင်ဘူးမပါဘဲ ရေငုတ်သွားတာတို့ ...

    အလွမ်းပြေအောင်ပြောတာပါ...

းP

    ReplyDelete
  14. kmsl ကို လွမ်းနေပြီကိုး။ :D

    ReplyDelete
  15. ကျနော့်အတွက်တော့အမြဲတမ်းအထီးကျန်တာမဆန်းတော့

    ReplyDelete
  16. kmsl သွားတော့ ၀မ်းသာလုံးဆို့ပြီး အခုကျတော့ မျက်ရည်လေး စမ်းစမ်း စမ်းစမ်း နဲ့၊ သူပဲ ရှုံ့ချည် နှပ်ချည်၊ ဟားဟား ဟား တဲ့။
    (မမကို တိတ်တခိုး ချစ်ခင်နေသော အိမ်ကလူကြီး ပြောတာ ဖောက်သည်ချသွားသည်)

    ReplyDelete
  17. အချိန်တန် ပြန်လာမှာပဲ သူမရှိတုန်းရုပ်ရှင် များများကြည့် ကို လုပ်ချင်တာ တွေလုပ် ဘယ်လောက်ကောင်းလဲ

    သူပြန်လာ ဒီအခွင့်အရေးတွေမရတော့ဘူး

    စာလဲ ရေးချင်တဲ့အချိန် ရေးချင်တာသာရေး သိပ်မစဉ်းစာနဲ့  KOM original style ပျောက်သွားဦးမယ်

    ReplyDelete
  18. တရားခွေလေး ဘာလေးနားထောင်၊ တစ်ယောက်တစ်အိပ်မက်လုပ်နေတာတွေရပ် နှစ်ယောက်တစ်အိပ်မက်ဖြစ်အောင်လုပ် ... :)
    ခင်လို့အကြံပေးတာ။

    ReplyDelete
  19. အမကွန်က လွမ်းတတ်သားပဲ.. :)

    ReplyDelete
  20. lonely...

    i'm so lonely...

    i have nobody...

    to call my own..
    ...........
    .............
    lonely..
    so lonely...
    Ms. lonely

    Xထုံ

    ReplyDelete
  21. စကားလေးတွေ ကြိုက်ပါတယ်။

    လထွက်ကာမှဘဲ လမ်းထွက်ဖြစ်တော့တယ်...

    လွမ်းနေပြီ သနားပါတယ် လွမ်းနေပြီ....



    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  22. ဘာကာကင်း က အာလူးကြော်စားချင်ပါတယ် ၊၊ ကျွေးပါ မမဂွိစ်

    ReplyDelete
  23. မမ..
    ဘာတွေလွမ်းနေတာလဲ... လွမ်းစရာတွေ မေ့ထားလိုက်ပါ... စိတ်ချမ်းသာအောင်နေ.. ပျော်ပျော်နေပါ..
    မမလွမ်းနေတာတွေ့တော့ စိတ်မကောင်းဘူး..
    ပျင်းရင် သက်ဝေဆီကို ဖုန်းဆက်လိုက်...
    မမဆီကို လာခဲ့မယ်...

    မမ..
    မမ CBox မှာ လာမေးသွားတဲ့ မေးခွန်းအတွက်
    အဖြေ = ကျွန်တော်မျိုးကြီး သေသင့်ပါတယ် တဲ့...
    မမရေ.. ဘာမှ အားမငယ်ပါနဲ့လေ...
    အဖေါ်တွေမှ အများကြီးရယ်...

    ReplyDelete
  24. ကိုကြီးဝီရယ်... အလိုက်မသိ..
    သူများတကာလွမ်းနေပါတယ်ဆိုမှ အာလူးကြော်တောင်းစားနေပြန်ပြီ...။ :)

    ReplyDelete
  25. အဖော်လုပ်ပြီး လွမ်းကူပေးရအုံးမလား။ မမ kom ရေ......... :D

    ReplyDelete
  26. မမ အဲဒါကြောင့် ရုပ်ရှင်အတူသွားကြည့်မယ် ရှမ်းခေါက်ဆွဲသွားစားပါမယ်လို့ပြောနေတာကို..

    ပြောသာပြောရတာ ကိုယ်နဲ့သွားလည်း အလွမ်းပြေမှာ မဟုတ်ပါဘူးလေ.. သူလွမ်းနေတာက တယောက်ပဲဟာ..

    ReplyDelete
  27. အထီးကျန်တဲ့သူတစ်ယောက် အတွက် က တော့ လကို ဘဲ မော့ကြည့်တာ ကောင်းပါတယ်..တဲ့ ဟုတ် ပါတယ် လေ တကယ် အထီး ကျန် လာ တဲ့ အခါ လဆီက အလင်း က ပိုး ပြီး လင်း လာ သလို ပဲလေ။

    ReplyDelete
  28. ဟောကြည့် ခုတော့ မမ လွမ်းနေပြီ။ :) လွမ်းနေရင် စိတ်ပြောင်းသွားအောင် များများစား များများအိပ်ပေးလိုက်

    ReplyDelete
  29. မပြောဘူးလား ဟင်း ဟင်း နောက်တော့ မမဂွိစ်လွမ်းနေမှာပါဆို။ သိနေတယ်နော်။
    မမဆီက အထီးကျန်တယ်ကြားလို့ အံ့သြမိသွားတယ်။ အမြဲတမ်း ပျော်နေတဲ့ မမဂွိဆီက ကြားရလို့ပါ။

    ReplyDelete
  30. မမ စိတ်မကောင်းဖြစ် နေရင် အိမ်မှာ ထမင်းလာစားလေ..
    ဆွေမျိုးတင် မက kmsl ကြီးကို ပါမေ့သွားစေရမယ်..

    ReplyDelete
  31. မမ မငိုနဲ့နော်။

    ReplyDelete
  32. လထွက်လို့ လမ်းထွက်လျောက်နိုင်ာ နဲတဲ့ ကုသိုလ်လား။ ဒီမှာ ဆို လမ်းမလျောက်နိုင်ဘူး လသာတယ် ပေမဲ့ တချို့  နေရာမှာ မှောင်ရင် ကြောက်ရတယ်။ အန်တရယ်များလွန်းလို့ 
    အခွင့်အရေးရတုန်း လေ့ကျင့်ခန်းသဘောနဲ့  များများ လျောက်ထား ထွက်ထားတော်ကြာ အဆူခံနေရအုန်းမယ်။

    မကွန်စိတ်မကောင်းဖြစ်နေလို့ အားသာ ပေးရတာ ဖတ်ရတဲ့သူလည်း စိတ်မကောင်းဘူး Ask him to come back immediately....

    ReplyDelete
  33. ကဲ.. မပြောဘူးလား... လွမ်းမှာပါလို့...း)

    မပြောတော့ မပြောခဲ့ပါဘူး.. ဒါပေမယ့် မမလွမ်းမယ်
    ဆိုတာ မီးမီးကြိုသိနေတာပဲ.. ဟဲဟဲ.
    ၂ ယောက်တည်း အတူတူနေလာတာတောက်လျှောက်
    လေ.. တစ်ယောက်ခရီးထွက်တော့ လွမ်းတာပေါ့ မမ
    ရဲ့... မီးမီးဆို ဦးဥာဏ် ပြင်သစ်သွားတုန်းက လွမ်းလို့
    ချက်ချင်း ပို့စ်ကောက်ရေးပြစ်လိုက်တာပဲလေ..း)
    ကိုယ်ချင်းစာပါ့...
    အရမ်းလွမ်းနဲ့နော်... ပြန်လာတော့မှာပါ..း)

    ReplyDelete
  34. Daw Daw KOM
    Your lonelines might last for a while. Go shopping, watch movie and share with us. Be happy, Daw Daw KOM.
    When I feel like you, i always scold myself that this is the life you have chosen, be tolerant, Man.
    Perhaps I am cursed to stay away from my home.

    ReplyDelete
  35. လွမ်းသလား…
    လွမ်းသလားမေပျို

    လမင်းတောင် အလင်းတွေအန်ချမှတော့
    အလွမ်းတွေလည်း တဟောဟောကျသပေါ့…

    အအေးခွက်က ငွေ့ရည်ခို
    ဟောသည်မှာ…ကဗျာတွေ လျောကနဲငို
    အချစ်ရှိမှ ဖြစ်မယ် ဆို…

    စနေထောင့်မှာ တကိုယ်ထဲထိုင်
    ငေးကာငိုင် ဆွေးကာမှိုင်…
    အော်…ဝေးပါနိုင်…။

    (မမKOM ရယ် ဗိုက်ဆာလိုက်တာ ဘာဂါကင်း လိုက်ပို့နော်...)

    ReplyDelete
  36. လအထွက်မှာ လမ်းထွက်ပြီး လူတွေကြားထဲ လန်းလန်း လန်းလန်းနဲ့ လွမ်းတတ်တဲ့မမ ...
    :)

    ReplyDelete
  37. လွမ်းတော့လွမ်းတာပေါ့. ဒါပေမယ့် မလွမ်းဘူး....
    အဲလိုအော်ပစ်လိုက်မမ koom

    ReplyDelete
  38. မမက လည်း ခဏသွားတာပဲဟာ..မလွမ်းပါနဲ့..
    သူဆို အပြီးထွက်သွားတာ... ပိုလွမ်းတာပေါ့မမရယ်း(

    ReplyDelete
  39. ဟားဟား။ ကိုမဆလာ ရန်ကုန်သွားတာနဲ့ ဇာတ်လမ်းစပြီ။ လပြည့်ညအကြောင်း၊ အကြောင်းမရှိ အကြောင်းရှာ။ တိမ်တွေ အကြောင်းရော ပြောဦးမှာလား။ မိုးတွေလည်း ရွာဦးမှာနော်။

    ReplyDelete
  40. တိမ်တွေတောင် ငိုချလို့ မိုးတွေတောင် ရွာကုန်ပြီတဲ့။ စိုင်းစိုင်းခမ်းလှိုင် သီချင်းပါ။

    ReplyDelete
  41. လွမ်းချင်းလေးလား

    ReplyDelete
  42. ma ma tha nar par del...chit chit bal dot pyan lar mar lae?

    ReplyDelete