Saturday, May 9, 2009

X-Men Origins - Wolverine

အကြံအဖန် မဟုတ်ပါဘူး။ အမှန်အကန်ပါ။ အစောကြီးကတည်း ကချောင်းနေ တယ်။ ဘယ်တော့ ရုပ်ရှင် ကြည့်လို့ရမလည်းလို့ ။ မနေ့ က ရုံရှေ့ ရောက်သွားတယ။် x man ကိုဘဲ ကြည့်ဘို့ ဆုံးဖြတ် လိုက်တယ်။ ညနေပိုင်းကလေးတင် ဆယ်ပွဲပြတယ် ဆိုတော့ကာ ဒါ ကောင်းလို့ဘဲဖြစ်ရမယ်လို့ ဆုံးဖြတ် လိုက်တယ။် ကိုကိုမောင်ကို သတိရသွားတာလဲပါတယ။် ပိုစတာကြည့်ရင်းနဲ့။

ဇာတ်လမ်းလား။ သိတ်နားမလည်ပါဘူး။ ညီအစ်ကိုနှစ်ယောက် လမ်းတစ်လျောက် သတ်ကြ ဖြတ်ကြရင်း ဇတ်သိမးနားမှာတော့ အဆင်ပြေမှူတွေ ရသွားတာဘဲ. ကြည့်လို့လား။ မကောင်းတကောင်းဘဲ။ ဆယ်ပွဲပြတဲ့ကားကို မကောင်းပြောလို့တော့ ဘယ်ဖြစ်မလဲ။ ရောက်ရင်တော့ ကြည့်ပေါ့။ မကြည့်ပြန်ရင်လဲ ခေတ်နောက်ကျသလို ဖြစ်နေဦးမယ။် မင်းသမီးလေး ဆံပင်ကလည်း မိုက်တယ်။ နဲနဲပျော့ပျော့ခပ်ခွေခွေလေး. မိုက်တယ်။ အဲသလို သွားလုပ်ရရင် ကောင်းမလား စဥ်းစားနေတယ။်

ကြားထဲမှာကောင်လေးခပ်ချောချော တစ်ယောက် ကို ကစားဝိုင်းမှာတွေ့သေးတယ။် ဗလကြီးနဲ့တွေ့ရင် သေတာများလို့ ကိုယ့်မှာ မသေပါစေနဲ့လိုဆုတောင်းပေးရသေးတယ။် တော်သေးတယ်။ ငှားထားတာ တန်အောင်လို့ထင်တယ်။ ဇတ်သိမ်းနားအထိပါလာတယ်။ သူ့ဓါတ်ပုံတောင် မနည်းရှာယူလိုက်ရတယ။် ဒါးကြီး ကိုင်ထားတဲ့တစ်ယောက်ပေါ့။

မီးသီးကိုင်ထားတဲ့ကောင်မလေး ကို ကို မေ့ကြည့်နေတဲ့ သူ အခန်းလည်းမိုက်တယ။် ကောင်မလေး ကို သူက လက်ကလေးနဲ့ တာတာ့လို့ပြလိုက်တဲ့ အခန်းကို ပြန်ရစ်ကြည့်လို့ရရင် ရစ်ကြည့်ပြီး အဲဒီအိုက်တင် ကို ကျင့်ချင်မိသေးတယ်။ အတော် သရုပ်ပါတယ်။

ဇတ်လမ်းထဲမှာ အသားပေးထားတာကတော့ ဗလကြီးနဲ့ အဲဒါဗလကြီးလက်ထဲက သံချောင်းလိုမျိုးတွေ ထွက်လာပြီး တိုက်ခိုက်ကြတာဘဲ။ အစ်မနှယ် ကြည့်လိုက်ရင် ဗလကြီးတွေချည်းပါဘဲလား လို့တော့ပြောစရာဖြစ်တော့မှာဘဲ။ သီချင်းနားထောင်လဲ အမျိုးသားအဆိုတော်တွေချည်းဘဲ။ ယုတ်စွ အဆုံး ရေဒီယိုနားထောင် တာတောင် ချန်နယ်ရွေးရင် ဒီဂျေ အမျိုးသားအသံဘဲရွေးပါတယ။် အမျိုးသမီးအသံချည်းဘဲ မပြောနဲ့ အမျိုးသမိးနဲ့ တွဲပြောရင်တောင် နားမထောင်ပါဘူး။

ဒီတစ်ခေါက်ကြည့်ရတာတော့ သိတ်အဆင်မချောဘူး။ ရောက်တာ စောသွားလို့ လက်မှတ်ဝယ်တော့ ကြိုက်ရာယူပါဆိုတာနဲ့ နောက်ဆုံးတန်းယူလိုက်တယ်။ နောက်ဆုံးတန်း ကာပယ် couple seat တွေဘေး လူသွားလမ်းဘေးမှာ တစ်ယောက်ခုံကလေးတွေ ရှိတတ်တယ်။ မှားသွားတယ။် လူတစ်ချို့က ဝင်လိုက်ထွက်လိုက် လုပ်ကြတယ်။ သူတို့ဝင်လိုက်ထွက်လိုက်တိုင်းမှာ အလင်းရောင် က ကိုယ့်ဘက် ရောက်လာတယ။် အပြင်က စကားသံတစ်ချို့ကိုလည်း ကြားနေရသေးတယ။် တချိုက ပြန်ဝင်လာပြီးတံခါးကို သေချာ မပိတ်ခဲ့တာရျှိသေးတယ်။ မနေနိုင်တော့ကိုယ်ကဘဲ ထပြီးပိတ်။ နောက်ဆုံးမနေနိုင်တော့ ကိုယ်ဘဲနေရာပြောင်းယူလိုက်ရတယ။်

ဒီထက်လည်းဆိုးသေးတယ် kmsl က ဖုံးဆက်သေးတယ်။ ဟိုဘက်ဖု့ု့းကို ဆက်လိုက် ဒီဘက် ဖုံးကို ဆက်လိုက်နဲ့လည်း လုပ်နေသေးတယ။် မစ်စ် ကော်လ်တွေ ဖြစ်ကုန်ရော။ အဲဒိတော့ကိုယ်က မြင်တော့ ရုံအပြင်ထွက်ပြီး ပြန်ခေါ်လိုက်ရော။ ပြန်ဝင်လာတော့ ဗလကြီးရဲ့ ရည်းစား (လက်မထပ်ရသေးဘူး . ထမင်းချက်ခိုင်းမှာစိုးလို့ ကောင်မလေး ကလက်မခံသေးဘူး ) ကို ဒဏ်ရာတွေ နဲ့တွေ့လို့ဗလကြီး ပေါက်ကွဲပြီး အော်လိုက်တာ မိုးလုံးပွင့်သွားတယ။် ဘယ်လိုဖြစ်သွားသလဲဆိုတာ လွတ်သွားပြန်ရော။ ရုပ်ရှင်ကြည့်နေတယ် ဆိုတော့ ကြည့်..ကြည့် ဆိုပြီး ချသွားပြီးသကာလ ကိုယ်အနောက်အယှက်ဖြစ်မှာ စိုးလို့ဆိုပြီး ထပ်မခေါ်ဘဲနဲ့ မက်စိ ပို့ပြန်ရော။ တယ်လီဖုံးကလေး က မီးလေ လူပ်တုတ် လူတ်တုတ် ဆိုတော့ ဖတ်ဘို့ အတွက် ပိုက်ပိုက်အိတ်ကြီးထဲက နေ မျက်မှန်ရှာရပြန်ရော။ ဘဝများ မအေးချမ်းပါဘူး။

ကြားထဲမှလည်း လူတွေ ဝင်လာသေးတယ။် ရုံမှားပြီး။ ဝင်လာတယ် ဟယ် မှားသွားပြီ ခစ်ခစ် ဆိုပြီးထွက်သွားကြပြန်ရော။ တစ်ကယ်ပါ တစ်ခါ မှ မကြဲုံဘူးဘူး ဒီနေ့ ဘယ်လိုဖြစ်သလဲမသိဘူး။ သောကြာညမို့လို့ ဗယုတ်ဗရက် ပျော်နေကြတယ် ထင်ပါရဲ့။ နောက်ဆုံးတစ်ခါ လူတွေ ဝင်လာပြန်ရော ။ ဟယ်.. မပြီးသေးဘူးဆိုပြီး ရပ်ကြည့်နေကြပြန်ရော။... ကိုယ်တို့ကလည်း ပြီး ပြီထင်ပြီးထကြတာပေါ့ ။ ပြီးမှ တစ်ခါ မပြီးသေးဘူးဗျ. နောက်ဆုံး လူကြီးကို ရဲ့ လိုက်ဖမ်းတယ်။ လိုက်ဖမ်းတယ် ဆိုတာလည်း အေးအေးဆေးဆေးပါ။ ဘာမှ အတိုက်အခိုက်ပါဘူး ။ အဲဒီတစ်ခန်းပြ.။ အာရာ... ပြီးတော့ ..ဘာညာဘာညာ ပြပြီးပြီးသွားရော။

ကျန်သေးတယ်။ အလကားနေ ရုံထဲက အိမ်သာထဲဝင်လိုက်ဦးမှ ဆိုတော့ အမျိုးသားတစ်ယောက် လက်ဆေးနေတယ။် ကိုယ်တို့ ပထမဆုံးအသုတ် မဝင်ရဲ ဘဲလန့်သွားကြတယ်။ သူကလဲ ကိုယ်တို့ကို ပြုံးပြနေသေးတယ်. ဒါ မိန်းကလေး ခန်းပါဆိုမှ ဟီးဟီးဆိုပြီး လစ်သွားတယ် ။

ဒီနေ့ကတော့ အဲသလိုနဲ့ဘဲ။....

ပြီးတာကတော့မပြီးသေးဘူး.နောက်မှဆက်ဦးမယ်။








34 comments:

  1. မမနဲ့ ကိုစတိဖ်နဲ့ တူတူ..

    ကိုစတိဖ်က...ယောင်္ကျားလေးနဲ့ဆို
    စကားမပြောချင် အပေါင်းအသင်းမလုပ်ချင်နဲ့..
    မမလဲ သူ့လိုပဲ..
    မိန်းကလေးအသံဆိုနားမထောင်ချင်ဘူးတဲ့..


    Xထုံ

    ReplyDelete
  2. 9 May 09, 10:45 AM
    KLNG: ပထမတော့ရတယ်မန့်လိုက်တာဒါပေမဲ့အမည်မသိဖြစ်သွားတယ် suprise

    9 May 09, 10:44 AM
    KLNG: မမမင်္ဂလာပါ

    ReplyDelete
  3. မောင်ဝေးMay 9, 2009 at 11:01 AM

    မပြောတတ်ဖူး၊ ဒါမျိုး special effects သိတ်များတဲ့ ရုပ်ရှင်ဆိုရင် သိပ်ပြီး စိတ်မပါလှဘူး၊ ယုတ္တိသိတ်မရှိလှဘူးလို့ စိတ်ထဲအမြဲဖြစ်နေတော့ ကြည့်ရခက်တယ်၊ သဘာဝကျကျဟာကိုပဲ ပိုသဘောကျတယ်။

    ReplyDelete
  4. ၁ မရဘူး..... အီးးးး

    ReplyDelete
  5. ဗလကြီး မင်းသမီးလေးကို ပွေ့ပြီး အော်တဲ့ အခန်းက၊ဗလကြီး အကိုက သူ့ရီးစား ကားမောင်း
    ပြီး ဗလကြီးဆီလာတဲ့ လမ်းမှာ ကောင်မလေးကို ဖမ်းပြီး သတ်လိုက်တာ၊ ဗလကြီးက အသံကြားလို့ ပြေးလာတာ နဲ့ ကောင်မလေးကားမှာ သူ့အကို လက်သည်းရာကို တွေ့ပြီး သူ့ကောင်မလေးကို သေနေတာ တွေ့တာပဲ၊ အဲဒါနဲ့ အော်တာ၊ ပြီးတာနဲ့သူက သူ့အကို ကို လိုက်ရှာပြီး ကလဲစားချေတာလေ၊ အမှန်တော့ သူ့ကောင်မလေးက မသေဘူး၊ သူတို့က ဟန်ဆောင်ခိုင်းတာ ဗလကြီး ထွက်လာအောင်လို့၊ နောက်ဆုံးခန်းမှာ ဗလကြီးက ကောင်မလေး ဟန်ဆောင်ခဲ့တာကို သိသွားတယ်၊ ဒါပေမေယ့် ကောင်မလေးက သူညီမကို လူဆိုးကြီးက ဖမ်းထားလို့ အဲလိုလုပ်ရတာပါတဲ့၊ ဗလကြီးကို ချစ်တာတော့ ဟန်ဆောင်တာ မဟုတ်ပါဘူးတဲ့၊

    ReplyDelete
  6. ဖတ်တော.ဖတ်လိုက်မိတာပဲ ဘလော.ဂါအစ်မကြီးရေ။ သေသေချာချာလည်းမရေးတတ် မသိပဲနဲ.အစ်မစာရေးတာဆိုတော. ဘယ်လိုပြောရမှန်းတောင်မသိတော.ဘူး။ ဇာတ်လမ်းကိုနားလည်အောင်ကြည်.ပြီးသေချာရေးစေချင်ပါတယ်။

    ReplyDelete
  7. တွေ့တွေ့ချင်းလာတာတောင် ဘယ်လိုလုပ် နောက်ကျသွားလဲ မသိ .. တစ်ညလုံးများ လာအိပ်ပြီး စောင့်နေကြလားမသိ ... နာလိုဝူးဂျာ

    ReplyDelete
  8. ဇာတ်လမ်းကတော့ ဘာမှန်း မသိပါဘူး။ မမရေးထားတာကတော့ ရီရတာပဲ။ ရစ်လို့ ရရင် ရစ်ပြီး အိုက်တင်လေး ကျင့်ချင်သေးတယ် ဆိုတာ။ KMSL ဖုန်း ဆက် msg ပို့လို့ ဘ၀များ မအေးချမ်းပါဘူး ဆိုတာ။
    မိန်းမဆို အသံတောင် နားမထောင်ဘူး ဆိုတာ။

    တူတူပဲ မမ။ ကျွန်မလဲ မိန်းမတွေနဲ့ ရေစက်မပါတာ များတယ်။ အိညောက်အိညောက် အသေမုန်း။ မျက်ရည် တစမ်းစမ်းနဲ့ မြန်မာပြည် လွမ်းပြနေရင် refugee package နဲ့ ပြန်ပို့လိုက်ချင်တာ။

    အင် မဆိုင်တာတွေ ပါကုန်ပြီ။

    ReplyDelete
  9. မင်းသမီးရဲ့ပြုံးဖြဲဖြဲနဲ့ ပြုံးပုံက သူများနဲ့တူတယ်နော်။
    အဟဲ..ကြည့်တဲ့သူတွေ နင်သွားအောင် ပြောတာ။
    mm

    ReplyDelete
  10. လက်ဆေးနေတဲ့ တစ်ယောက်နဲ့ တွေ့ခဲ့တဲ့နေရာက မိန်းကလေး အိမ်သာဆိုတာ သေချာလို့လား အစ်မရယ်။ အစ်မများ ယောကျာ်းလေး အိမ်သာထဲ မှားဝင်ခဲ့သလားမှ မသိတာ။ အဟား...

    ReplyDelete
  11. ရုပ်ရှင်ကြည့်နေတာလား ကြည့် ကြည့် ဆိုပြီး kmsl က ဘာကြောင့် မက်စိ ပို့ရပြန်တာလဲ။ ယောကျာင်္းတွေများ တယ်ခက်။ နော်..မမ။
    ဗလကြီးတွေတော့ မကြည့်ရဲလို့ မကြည့်တော့ဘူး။

    ReplyDelete
  12. မမကွမ်ကတော့လုပ်တော့မယ် .. :D

    ReplyDelete
  13. ညိုမြတော့လုပ်နေပါပြီ MCT ကတော့လေ...

    ReplyDelete
  14. အစ်မ ခင်အုန်းမယ်ရေ...

    ရက်စက်တယ်ပဲ ပြောချင်ပြော..

    မျက်မမြင်မိတ်ဆွေတစ်ယောက်ကို ရုပ်ရှင်လက်မှတ် လက်ဆောင်ပေးလိုက်တယ်...

    အဲဒီရုပ်ရှင်ကလဲ အသံတိတ်ရုပ်ရှင်.. တဲ့

    ReplyDelete
  15. X woman ကရီနေရတယ်...ဟီးးးးးးးးးး

    ReplyDelete
  16. ဟားဟား .. တိုက်တိုက်ဆိုင်ဆိုင် သမီးတို့လည်း ဟိုနေ့က နေရာမှားဝင်တော့မလို့ .. သူတို့ညွှန်ထားတာကိုမှ မသည်းမကွဲ .. ကျားထဲကို ကျားဆိုင်းရော မဆိုင်းရော မျှားထိုးထားတယ်..
    တစ်ယောက်ထဲဆို ကိုယ့်အမှားပေါ့.. ခုက သုံးယောက်ပြိုင်တူမှားတာ..
    ထွက်လာတဲ့လူကလဲ ပြုံးစိစိနဲ့ .. စိတ်လေပါတယ်..
    Filmgarde က သန့်စင်ခန်းဆို သတိထား အစ်မ..

    ReplyDelete
  17. first X man is claw are with bone then it begin with iron.
    the guy withဒါး is who can cut bullet which has been shoot
    i watch it yesterday.
    it is a good movie.

    ReplyDelete
  18. မကြည့်ရသေးဘူးခင်ဗျာ will.i.amကအဲဒီကားမှာသရုပ်ဆောင်တာ so cool ဆို..? ဟုတ်လားအစ်မ?

    ReplyDelete
  19. ကြည့်ဖြစ်အောင်ကြည့်မည်.. ခေတ်မှီသူကြီးရေ..

    ReplyDelete
  20. X Men ဇတ်ညွှန်းရေးတယ့်သူလဲ komပြန်ရေးပြတာဖတ်တတ်လို့ကတော့၊သူ့လက်နှစ်ဖက်
    ချက်ချင်းဖြတ်ပြစ်လိမ့်မယ်

    ReplyDelete
  21. သွားကြည့်အုံးမှ.........

    ReplyDelete
  22. ကြည့်ပီးပီ မမရေ၊ မမပြန်ရေးတာက ပိုကောင်းး

    ReplyDelete
  23. ကြည့်ပြီးပြီ အစ်မရေ... မြန်မာပြည်မှာနေတာလေ သိတယ်မဟုတ်လား ဟဲဟဲ .. တစ်ခွေ သုံးရာနဲ့ ၀ယ်ကိုကြည့်လိုက်တာ.. ဒါပေမယ့် ထူးဆန်းတာ တစ်ခုက ကျွန်တော်ကြည့်တဲ့ အခွေက မူရင်းဇာတ်လမ်းကိုက အဲ့လို ရိုက်ချက်ပြတာလား.. ဒါမှမဟုတ် ဘယ်လမ်းကြောင်းကနေပဲ ခိုးထွက်လာတာလား မသိဘူး... တစ်ချို့ effect တွေကို 3D modal အတိုင်းပဲ မြင်နေရတယ်ဗျ... အဲ့ဒါ တစ်ကယ့်ရုပ်ရှင်ပိတ်ကားမှာ ကြည့်ရင်လည်း အဲ့လိုပဲလား ဆိုတာ သိချင်နေတယ်ဗျို့ ...။

    ReplyDelete
  24. `X ထုံ´(အဲလေ)`X-Men´ လား။ ကြည့်ပြီးသွားပြီ။ ရန်ကုန်မှာ ခိုးကူးခွေတွေ ပေါတယ်လေ။ ဦးဦးဖျားဖျားပဲ။

    ကိုမဆလာက ´မတ်စေ့´ပို့ သတဲ့လား။ လူလိမ္မာပေါ့။ ကျွန်တော့်ထက်တော့ သာသေးတယ်။ မိန်းမကို `ရက်စ်ပက်ခ်´ပေးတာ နေပါလိမ့်မယ်။

    စိတ်လျှော့။ စိတ်လျှော့။

    ReplyDelete
  25. ကြည့်ပြီးတာ ကြာပေါ့။

    ReplyDelete
  26. ကျွန်တော်လဲ အမမောင် ပီသစွာနဲ့ ချန်နယ်ရွေးရင် ဒီဂျေ အမျိုးသမီးအသံဘဲရွေးပါတယ။် အမျိုးသား အသံချည်းဘဲ မပြောနဲ့ အမျိုးသားနဲ့ တွဲပြောရင်တောင် နားမထောင်ပါဘူး။...... :P

    ReplyDelete
  27. x men ကို အရမ်း ကြိုက်တယ်။
    ပထမ နှစ်ကား ကြည့်ဖူးတယ်။
    ဒါ အသစ် ထွက်တာလား?
    သူက gene mutation ဖြစ်သွားလို့ သာမန် မဟုတ်တဲ့ စွမ်းအားတွေ ဖြစ်သွားတဲ့ လူတွေ အကြောင်း။
    ပို ကောင်းတာတွေ ရှိသလို၊ အဲဒါအတွက် ပြန်ပေးဆပ်ရတာတွေလဲ ရှိတယ်ပေါ့။
    တခြားသူတွေနဲ့ မတူတော့ တခြားသူတွေ ကြားမှာ နေတဲ့အခါ ပြဿနာတွေကို ရင်ဆိုင်ရတယ်။
    ပထမကားနဲ့ ဒုတိယကားကို ပြန်ရှာကြည့်ပါလား။
    ပထမကားကို ပိုကြိုက်တယ်။

    ReplyDelete
  28. မမရေ
    ဘာလို့ တနေရာကို ဆင်ဆာဖြတ်ထားရတာလဲ။
    တခြားမဟုတ်ပါဘူး။ ကိုမဆလာ ပို့တဲ့ မတ်စိကို မျက်မှန်ကြီး တပ် ဖတ်ပြီး သကာလ ...
    ဘာတွေရေးထားတယ်ဆိုတာ သိချင်နေတာ ...
    မမက ဆင်ဆာဖြတ်လိုက်တာကိုး။

    "ငါမရှိတာ ပျော်နေတယ်ပေါ့လေ ... x@#!$*& " အဲဒီလိုလား ... :D

    ReplyDelete
  29. ရုပ်ရှင်တော်တော်ကြိုက်တယ်နဲ့ တူတယ်။ KMSL ကရောကြိုက်တာဘဲလား။ သူနဲ့ရောရုပ်ရှင်ရုံထဲမှာစတွေ့တာလား။ စပ်စုတာမဟုတ်ဘူးနော်။ ရင်းနှီးလို့မေးကြည့်တာ

    ReplyDelete
  30. သြော်... ဘ၀ဘဝ
    မက်ဆေ့တစ်ကြောင်းဖတ်ဖို့ မျက်မှန်တောင် ရှာ ရသေး ဆိုပဲ...။ ဘာလို့ မျက်မှန်တပ်ရတာလည်းဟင်
    :P

    ReplyDelete
  31. ကြည့်ချင်ပါတယ်၊၊ ပိုက်ပိုက်ချွေတာနေရလို့ပါ ၊၊

    ReplyDelete
  32. သွားကြည့်ဦးမယ်၊ မမ ဒီလောက် ဗလကြီးတွေကြိုက်တာ kmslက မနာလို မဖြစ်ဘူးလား

    ReplyDelete
  33. kmsl ကရုပ်ရှင်မကြိုက်ဖူးလားမမ။မမ တစ်ယောက်ထဲကြည့်ရတော့ အမ ကျန်မှာပေါ့။

    ReplyDelete