Saturday, May 2, 2009

Yangon 4

စိုးမြတ်သူဇာ.။ ဦးဝင်းငြိမ်း။ အကြည်တော်။ ကျော်ရဲအောင်။ ပြေတီဦး။






နစ်ဆန်းတစ်ရက်နေ့မှာ ဘုရား သွားချင်ပေမဲ့ လူသိတ်များမယ် လို့ သတင်း ရ ထားတာ ကြောင့် ဘုရား မ ရောက်။ ငါးလွတ် တဲ့ သူလည်း အများကြီး. ငါးလည်း မလွတ်ဖြစ်ဘဲ။ ကန်တော်ကြီး ကရိဝိတ်မှာလုပ်တဲ့ ရုပ်ရှင်ကန်တော့ပွဲ ကိုရောက်သွားတယ်။ တစ်သက်လုံးမှာ ပထမအကြိမ်ပါ. ဘယ်တုံးကမှ မသွားဘူးဘူး။ ဘလော့ရေးမှဘဲ သတင်းယူဘို့ ရောက်သွားတော့တယ။်

စီစဉ်သူများကလည်း ဘလော့ဂါကြီး ရောက်နေတာ မသိကြဘူး. မဟုတ်လို့ကတော့ စိုးမြတ်သူဇာဘေးမှာ အသေအချာ နေရာချပေးကြမှာပါ။ အခုအချိန်မှာ ရုပ်ရှင်ကားကြီးတွေ သိတ်မထွက်ကြတော့ ဘူးဆိုတယ်။ အခုကန်တော့ပွဲကိုလည်း တော်တော်လေး ခမ်းခမ်းနားနား လုပ်ထားတယ။် ဖိတ်စာနှုင့်တကွ ကြွပါလို့မဆိုပေမဲ့ ကံအားလျော်စွာ တစ်ယောက်က မလာနိုင်တာနဲ့ တို့လိုက်သွား တယ်။ တယ်လီဖုံးကလေးကိုင်ပြီးး (KMA ဖတ်မိရင် ကင်မရာကို စပွန်စာ လုပ်မယ်လို့မျှော်လင့်တယ။် ဒါပေမဲ့ တို့က ညီလင်းဆက် လက်ဗယ်တော့ မဟုတ်ချေဘူး။ )

အကြည်တော်ဘယ်နားမှာလဲမေးမလို့လား။ သူက ကျေးဇူးတင်စကားတော့ပြောပါတယ။် ခက်တာက အဲဒီအချိန်မှာ သူများတွေ ကစင်မြင့်ရှေ့သွားပြီးဓါတ်ပုံရိုက်ကြတယ်။ ကိုယ်က ရှက်ကလည်း ရှက်သေးတယ။် အဲဒါနဲ့ဘဲ... ပြီးတော့သူကလဲ လှစ်ကနဲပျောက်သွားတယ။် ကံကောင်းချင်တော့ ထိုင်နေတဲ့ စိုးမြတ်သူဇာ ရဲ့ခေါင်းနာေးလးမှာ (ဦးဝင်းငြိမ်းမပါတဲ့ဓါတ်ပုံမှာ ) သူ့ကို မြင်ရမယ် မြင်ချင်ရင်တော့ အကျယ်ချဲ့ကြည့်ပါ။ သိတ်မကြီးသေးဘူး. အရပ်ရှည်ရှည်. အသားဖြူဖြူ မပိန်မဝအနေတော်သူကိုယ်တိုင် မင်းသားလုပ်လို့တောင် ရပါတယ်။ မျက်မှန်လေးလည်းပါသေးတယ်။ ရေးထားတဲ့ ဇာတ်ညွန်းကိုလှန်ကြည့်ပြီး ဟာသဇတ်လမ်းပါလား လို့ပြောတဲ့သူကရှိသေးတယ။် ကျော်ရဲအောင်ကိုတော့ ရှာမတွေ့ဘူး ။ဘုန်းကြီးဝတ်နေတယ်ဆိုလားဘဲ။








အကြည်တော်ရဲ့ဝတ္ထုကို ဒါရိုက်တာ ကိုဇော်ရိုက်တဲ့ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်လို့ ကားကြီးက အမည်ရ ပါတယ။် မင်းသားမင်းသမီးကို နာမည် ရေးမထားပါဘူး. ကျော်ဟိန်းလိုဘဲ အားလုံးက သိကြမယ်လို့မျှော်လင့်ပုံရတယ်။ မင်းသမီး အငယ်လေး များ... သူတို့လေးတွေ ကိုတော့တို့လည်း မသိ. ခောတ်နဲ့ မျက်ချေပြတ်သွားပြီ။ ရန်ကုန်ကို ခြောက်လတစ်ခေါက်ပြန်ဘို့လိုအပ်နေပြီ။




ကရိဝိတ်ထဲကိုပထမဆုံးအကြိမ်ရောက်ဖူးခြင်းဘဲ. တော်တော် လေးပြင်ဆင်ထား တာကိုတွေ့ရတယ်။ ပြေတီဦး ဆိုတာ ကို ဓါတ်ပုံရိုက်ခဲ့တယ်။ ချာတိတ်မ တစ်ယောက်ရိုက်နေတာကို ဘေးကနေဝင်ရိုက်တာ ။ ဆရာကြီးလုပ်ချင်တဲ့ အကျင့်က မပျောက်တော့မင်းသားက အလင်းရောင် ကို ကျောပေးရပ်နေတော့ မှောင်တယ်ဝေး. .. ဟိုဘက်လှည့်ဆိုတော့ ချာတိတ်မက flash ဖွင့်ရိုက်လေ လို့ဆိုတယ။် ဖုံးကင်မရာပါဆိုမှ ဘယ်လိုလုပ် flash က ပါမှာလဲ။ အဲဒါနဲ့မင်းသားကိုဘဲ အလင်းရောင်ဘက် လှည့်ခိုင်းလိုက်တယ်။ မဟုတ်လို့ကတော့ မဲမဲကြီး ဘဲမြင်ရမယ်။ တို့ရဲံ့ စေတနာတွေပါ။ အခုသူကလေး နာမည်ကြီးနေတယ်ဆိုဘဲ။



ဘူဖေးလ်ကျွေးပါတယ။် တစ်ယောက် ကို တစ်သောင်း နဲနဲကျော်မယ်ထင်တယ။် တော်တော်ကိုကျွေးပါတယ။် ထမင်း. ကို မှ ထမင်းဖြူ. ထမင်းကြော် ယိုးဒယား ထမင်းလိုမျိုး ခပ်စေးစေးထမင်း. အသီးအရွက် အစုံကြော်။ ကြက်..ဘာညာ။ အာလူး. ဟင်းချူ.ိ မျိုးစုံပါဘဲ.မခေါ်တတ်တော့ဘူး. ကာဖီ အအေး ကြိုက်ရာရွေးပါ။ တို့တည်းဘူးတဲ့ နိုင်ငံခြားဟော်တယ်တွေမှာ ကော်ဖီအအေး ကိုကိုယ့်ဘာသာ ကိုယ်ထည့်ရပါတယ။် ဒီမှာတော့ချာတိတ်မကလေးတစ်ယောက် က သေချာ ဘာသောက်ချင်သလဲဆိုပြီး အထုပ်ကလေးတွေ ကို ဖောက်ပြီး ရေနွေးနဲ့ရောပေးတယ။် Burmese tea ဆိုလို့လဘက်ရည်ထင်လို့ထည့်လိုက်တာ ရေနွေးကြမ်းတွေ ဖြစ်သွားလို့ စိတ်ငြစ်သွားတဲ့ကိုယ့်ကို ချာတိတ်မ ကနေပါစေ ဆိုပြီး လစ်ပတန် တီးကို သေချာဖောက်ပြီး ရေနွေးရောပေးလိုက်တဲ့ ဆားဗစ်ကိုတော့ ကိုယ့်အတွက် ပထမဆုံးအတွေ့အကြုံဘဲ။ ရှန်ဂရီလာ မှာ ဆိုရင်ကော ဖောက်ပေးသလား သိချင်မိသေးတယ။် ဟော့ပေါ့ ဆိုတဲ့ဘက်ကိုတော့ ယောင်လို့တောင် ခြေဦးမလှည့်မိဘူး။



အသီးကတော့ ဖရဲသီး နဲ့ တခြားအချို့။ အအေးကလေည် ရွှေရင်အေး .သူ့ကိုတော့ ကိုယ့်စိတ်ကြိုက် စပ်ပြီး သောက်လို့ရပါတယ။် ကျန်တာတွေ ရှိသေးတယ။် ဘိုက်မဆန့်တော့လို့ မနိုင်တော့တာနဲ့ မကြည့်နိုင်တော့ဘူး. ။ အတော့်ကို စားကောင်းတယ်ဆိုတော့သူငယ်ချင်းများက နေ့တိုင်းလာစားလို့ရပါတယ်။ တစ်သောင်းကျော်တော့ ကုန်မယ်ဆိုလို့ အိ ကနဲဖြစ်သွားသေးတယ။် ထည့်ထားတာတွေ အားလုံးကုန်ပါတယ။် မယုံမရှိပါနဲ့. ။



စားပြီးရင် အထွက်မှာ ရင်ဘတ်မှာ ချာတိတ်မကလေးတစ်ယောက် က စတစ်ကာလေး လာကပ်ပေးပါတယ်။ အဲဒီစတစ်ကာ အရည်အတွက်ပေါ်မူတည်ပြီး ကျသင့်ငွေ တောင်းခံမယ်ထင်တာဘဲ။ တို့ကတော့ တယ်လီဖုံးမှာ ပြောင်းကပ်လိုက်တယ်။ စလုံးမှာ အလှူငွေ ထည့်ပြီးရင်ကပ်သလိုပေါ့။





ကရဝိတ်နဲ့ကန်တော်ကြီး ရှူခင်း. ပိတောက်ပင်။ (တိုက်တွေ..ကားတွေ..လမ်းတွေ..ရေတွေ...)


















သွားရင်းလာရင်းနဲ့လည်း လုပ်ငန်းရှင်ကြီးများ နဲ့တွေ့ သေးတယ။် အဝတ်အထည်ဆိုင် ဖွင့်ထားတဲ့ ကဖိုးခွေးရဲ့ ကားကြီး ၅ခ ကို ဘေးကနေ ဖြတ်တတ်သွားတာ ရိပ်ကနဲ ဘဲမြင်လိုက် ရပါတယ။် နိုင်ငံခြားမှာ လုပ်စားနေတာ ငါများမှားပလားလို့တောင် အမြင်တွေ တွေဝေ စေကုန်တယ်။အဲဒီနေ့က မိုးရွာတယ။် မနက်ပိုင်း.... . .ညနေမုန်တိုင်းဝင်မယ်ဆိုတဲ့နေ့ပေါ့။

42 comments:

  1. I come as soon as I know here is a new post. But I am late.

    :'(

    ReplyDelete
  2. စိုးမြတ်သူဇာက ၀ လိုက်တာ
    ပြေတီဦးလေးက သန့်သား
    သြော် အနိစ္စ အနိစ္စ... :)

    ReplyDelete
  3. ကရ၀ိတ်ထဲ တခါမှမရောက်ဖူးဘူး..
    လှတယ်..
    (မမကိုပြောတာနော်.)

    ReplyDelete
  4. အရှေ့က ကရ၀ိတ်ထဲမရောက်ဖူးတဲ့ တိုက်ဂေါက
    Xထုံ မဟုတ်ဘူးနော်..ဟဲဟဲ

    ReplyDelete
  5. ကရဝိတ်နဲ့ကန်တော်ကြီး ရှူခင်း. ပိတောက်ပင်။ (တိုက်တွေ..ကားတွေ..လမ်းတွေ..ရေတွေ...) ကို သေချာ ခံစားကြည့်ရှုသွားပါတယ် သိပ်ကောင်းပါတယ်။

    ReplyDelete
  6. စိုးမြတ်သူဇာ ဦးဝင်းငြိမ်းနဲ့ ဓာတ်ပုံတွဲ မရိုက်ခဲ့ဘူးလား။

    ReplyDelete
  7. ဟိုက်..... ငါ့အမကြီး...... ရန်ကုန်မှာ တကယ်ကို Blogger အတင်းထောက်... ဟီ...ဟိ....ယောင်လို့ သတင်းထောက် လုပ်ခဲ့တာကိုး....:D မိုက်တယ်ကွာ......

    ReplyDelete
  8. မမ။ နောက်ဆုံးစကားကို စွဲကျန်ခဲ့တယ်။ 'နိုင်ငံခြားမှာ လုပ်စားနေတာ ငါများမှားပလားလို့တောင် အမြင်တွေ တွေဝေ စေကုန်တယ်။အဲဒီနေ့က မိုးရွာတယ။် မနက်ပိုင်း.... . .ညနေမုန်တိုင်းဝင်မယ်ဆိုတဲ့နေ့ပေါ့။' ဘာဆိုင်လဲဆို ဘာမှတော့မဆိုင်ဘူးလိုပဲ။ အားလုံးကို မုဒိတာ လိုက်ပါတယ် မမရယ်။ အင်း......... အားလုံးကို မှတ်သားသွားပါတယ်ဗျာ။

    ReplyDelete
  9. လူမုန်းMay 2, 2009 at 11:31 AM

    “ပန်ပန်” ရေ.
    စိုးမြတ်သူဇာ “ဝ” တာလည်းမပြောနဲ့
    သူ့ရှေ့က ပန်းကန်ကိုသာ ကြည့်လိုက်တော့.

    အဖွား “ခွင်” ရေ.
    စိုးမြတ်သူဇာ မတ်တပ်ရပ်နေတုန်း
    မီးခြစ်လေး ရှေ့ချထိုင်ပီး စကားလှမ်းပြောနေတာ
    ဘယ်သူလို့ ထင်တုန်း?..
    ငှဲ.ငှဲ.ငှဲ.

    ဘာဖြစ်ဖြစ် ဘလော့ဂါ “ဖွားဖွား” ကွ
    စောင့်ဖတ်နေပါ..အိ :-)

    ReplyDelete
  10. Ma KOM, Your YGN trip was so fun. Full of entertainment! :)

    ReplyDelete
  11. ဖတ်သွားပါတယ်ရှင်။။။။။

    ReplyDelete
  12. Did you give any autograph to Soe Myat Thuzar (not from her)? Thats why everybody said you are B---I---G N---A---M---E (font size 72)

    ReplyDelete
  13. Ma Ma, Read loe kaung tel. 8 yaw 8 yae lar?

    ReplyDelete
  14. လာဖတ်သွားတယ်နော်အမရေ..ဖတ်လို့ကောင်းတယ်...

    ReplyDelete
  15. ဒီပိုစ့်ကတော့ စိုးမြတ်သူဇာနဲ့ ပြေတီဦး ကြည့်ရတာနဲ့တင်တန်ပြီဝေးးးးးးးးးးးးးးးး

    ReplyDelete
  16. မမနဲ့ စိုးမြတ်သူဇာ ဘယ်ဒူ ပိုချောလဲဟင်..

    ReplyDelete
  17. စိုးမြတ်သူဇာထက်လှတဲ့ ဘလော့ဂ်ဂါမမက ဘယ်ဆီပုန်းနေပါလိမ့်။

    ReplyDelete
  18. မမရဲ့စေတနာတွေ....
    ပုံတွေအများကြီး ကြည့်ခဲ့ရပြီ..
    ရန်ကုန်ပို့စ်တွေ စောင့်ဖတ်နေတယ်နော်..
    မမ ၁၀ပိုင်းအောက်ကိုတော့ မရောက်စေနဲ့..

    ReplyDelete
  19. ပြေတီဦးကလည်း ပဲများလိုက်တာလွန်ရော .. ရပ်နေတာကလည်း မခို့တရို့နဲ့ မကြီး kom ကို ရှက်နေပုံရတယ် :D ... သေချာကြည့်ပါ့လား ညာဘက်လက်ကို ရှေ့ထားရမလို နောက်ထားရမလို နဲ့ တို့မကြီးကို တွေ့ပြီး သူရှက်နေပုံများ ... :D မကြီး kom ကလည်း ဘလော့ဂါကြီး ပီသတယ် အမိအရ ရိုက်နိုင်တယ် :D ဟဟ

    ReplyDelete
  20. အမဓာတ်ပုံရောမရိုက်ခဲ့ဘူးလားအမ

    ReplyDelete
  21. ဟမ်းးးးးးးးးးး ကြည့်စမ်း မမ သင်္ကြန်တင် မှတ်တယ်။ ရုပ်ရှင် ကန်တော့ပွဲပါ ရောက်လာတာကိုး။ မိုက်သကွာ။ blog roll မှာ SMTZ ပုံကို သေးသေးပဲ တွေ့တော့ မနေ့က တောင်းဆိုထားလို့ မမ ဓါတ်ပုံ တင်ပေးတယ်ထင်နေတာ။

    ReplyDelete
  22. ခေသူမဟုတ်လို့တော့ ယောင်တီးယောင်န သုံးသပ်သွားတယ်။
    ဝေးဝေးကနေဘဲ နေတော့မယ်ဗျာ။

    ReplyDelete
  23. ပြီတည်ဦး တဲ့လား..

    ဟားဟား.. အခြောက်ကလေးနဲ့တူသလိုပဲ။

    ReplyDelete
  24. မမရဲ့ မြန်မာပြည်ခရီးစဉ်လေးက ပျော်စရာတွေ အများ
    ကြီးပဲ... :D
    စိုးမြတ်သူဇာ ရော ၊ပြေတည်ဦးရော ကြည့်သွားတယ်
    မမရေ....


    မီးမီးက မမရဲ့ အမြဲပရိဿတ်လုပ်မှာနော်...

    ကျန်းမာ ပျော်ရွှင်ပါစေမမရေ...

    အမြဲတမ်းချစ်လျှက်

    ၀ါ

    ReplyDelete
  25. အမကြီးရေ.. ပြောက်သွားပီဗျ.. စိတ်ပူပေးလို့ကျေးဇူးနော်.......

    ReplyDelete
  26. ငယ်ငယ်ကတည်းက စိုးမြတ်သူဇာကိုကြိုက်တာ အခုထက်ထိပဲ။ဘာဖြစ်လို့ကြိုက်လဲတော့မသိဘူး။အခုခေတ်မင်းသားအသစ်လေးတွေတော့သိပ်မသိဘူး။

    ReplyDelete
  27. ဒါကြီးတွေပဲလား...
    မော်ဒယ်လေးတွေ???

    မှားပါဒယ်။ အကြီးချဲ့ကြည့်လား ဒါပဲ အသေးလဲ ဒါပဲ။ စိတ်ပိန်တယ်။

    ReplyDelete
  28. မမရေ ရန်ကုန်ခရီးအကြောင်း ဖတ်ရတာ ကောင်းလိုက်တာ။ သွားချင်လာပြီ။ တို့မမက ခေသူ မဟုတ်ပါ။ စိုးမြတ်သူဇာနဲ့ ဦးဝင်းငြိမ်းကိုပါ ဓါတ်ပုံရိုက်လာတယ်။ မမနဲ့ သူငယ်ချင်းတွေလား။

    ReplyDelete
  29. စိုးမြတ်သူဇာက ၀လို့လားမသိဘူး။ ရုပ်သိပ်မကျဘူးနော။် (ကိုယ်လုံးကြီးပဲ။) :P

    ReplyDelete
  30. မမဓာတ်ပုံရိုက်တာ မင်းသားတောင် လှည့်ပေးရတယ်၊ ဟားဟား

    ReplyDelete
  31. ဓါတ်ပုံတွေအများကြီးပေါ့နော်။
    သူတို့တွေတော်တော်ကျန်းမာကြတယ်။
    :D

    ReplyDelete
  32. ကန်တော့ပွဲဖိတ်စာလေးက ကျောက်သင်ပုန်းပုံလေးနဲ့ လှတယ်။ ဦးဝင်းငြိမ်းလဲ နေကောင်းနေပုံတွေ့ရလို့ ၀မ်းသာပါတယ်။
    ကျော်ဟိန်းက မင်းသားဆိုတော့ သူက ဘုန်းကြီးဝတ်နေတာ မဟုတ်ဘူးလား။ အော်..ကိုယ်လဲ သတင်းတွေ update မဖြစ်၊ လူလဲ ကြီးပြီ။ ကိုယ်ဘုန်းကြီးဝတ်တယ်ထင်တဲ့လူက မင်းသားဖြစ်၊ ကိုယ် မင်းသားလုပ်နေတယ် ထင်တဲ့လူက (ကျော်ရဲအောင်)က ဘုန်းကြီးဝတ်။

    ကြီးပြီမမ။ မမလိုတောင် မသိတော့ဘူး။

    ReplyDelete
  33. မင်္ဂလာပါ ၊၊
    လာဖတ်ပါတယ် ၊၊
    ကျန်းမာပါစေ ၊၊

    ReplyDelete
  34. မမက စိုးမြတ်သူဇာထက် လှမှာတော့ ကျိန်းသေတယ်

    ReplyDelete
  35. မကြီးက တော့ ပျော်စရာကြီးနော်။ ဒါနဲ့ ပြေတီဦး ဆိုတာ မော်ဒယ်လားလို့ ကြည့်နေတာ။ ယောက်ကျားလေးပုံပဲတွေ့ လို့ ။ မီးတို့ တော့ အဲလိုကို ခေတ်နောက်ကျနေပါပြီ။

    ReplyDelete
  36. စိုးမြတ်သူဇာက မီးမီးကိုများအမီလိုက်ပြီး ၀ နေလားမှတ်ရတယ်။ တော်ပါပြီ။ ကိုယ့်ပုံတွေဘလော့ဂ်မှာ သိပ်မတင်တော့ပါဘူး။ သူအားကျနေတာဖြစ်မယ်။ ဟိဟိ။

    ReplyDelete
  37. ရုတ်တရက် ဘလော့ ကိုဖွင့်ဖွင့်ခြင်း ကြည့်လိုက် တာ
    စိုးမြတ်သူ ဇာ ကို အမခင်ဦးမေလို့ ထင်သွားတယ် :D



    ps : မျက်မှန်ပါဝါကျတာ လည်းဖြစ်နိုင်ပါတယ် :P

    ReplyDelete
  38. မ KOM ရေ အစ်မပုံရော ပါဘူးလား။ စိုးမြတ်သူဇာက ဘာဖြစ်ဖြစ် လှနေတာပဲ။ သူ့မျက်နှာလေး ဖြတ်ယူခဲ့ပါလား။

    ပြေတီဦးက ပဲချည်းပဲ.. အစ်မကို ရှက်နေတယ်ထင်ပါ့။

    ပျော်စရာ Trip လေးပေါ့နော်..

    ReplyDelete
  39. လူမုန်း said...
    စိုးမြတ်သူဇာ မတ်တပ်ရပ်နေတုန်း
    မီးခြစ်လေး ရှေ့ချထိုင်ပီး စကားလှမ်းပြောနေတာ
    ဘယ်သူလို့ ထင်တုန်း?..
    ငှဲ.ငှဲ.ငှဲ.

    (အဲဒါ လူမုန်းလား....)

    ReplyDelete
  40. လူမုန်းMay 3, 2009 at 8:20 PM

    (((((... ဟီး...)))))
    ဘယ်သူလည်း ဆိုတော့ က
    ဟိ...အနော် လည်းသိဝူး :-)

    ReplyDelete
  41.်စိုးမြတ်သူဇာ ...........
    မသက်ကြီးလာလေ ကျက်သရေရှိလာလေပဲဗျာ..........
    ဒီထက်မက အောင်မြင်ပါစေဗျာ
    ဆုတောင်းပေးပါတယ်..........

    ReplyDelete