Sunday, June 14, 2009

kom show

ကိုယ်ဟာ extroverted type ပါ။ ရင်ထဲက စကားတွေ ကိုသိတ်ပြောချင်တဲ့သူပါ။ သို့သော်ငြားလည်း စကားနည်းတယ် ဆိုရင်တော့လဲ ယုံကြမှာမဟုတ်ဘူး။ အိမ်မှာ ကိုယ်စကားပြောတဲ့ အသံကိုကြားဘူးတဲ့ သူနည်းလိမ့်မယ်။ ဘယ်လိုဖြစ်သလဲ ဆိုတော့ပြာလောင်ပြောသလိုဘဲ ဘယ်သု့မှ သွားမပြောနဲ့ကိုယ်အားလုံးကို ပြောပြီး ဆိုသလိုဘဲ အိမ်မှာ စကားမပြောတဲ့ကိုယ်ဟာ စာတော့ရေးပါတယ်။

မိုးလင်းကတည်းက နေသာတယ်။ သို့သော်ငြားလဲ မိုးရွာမဲ့ အရိပ်အယောင်လေးတွေ တော့မြင်နေရတယ။် တိမ်တွေ ကို မော့ကြည့်တဲ့ အခါ ပြာတဲ့ နေရာ က ပြာလို့။ တိမ်ဖြူနဲ့ တိမ်ညိုနဲ့ ရောတဲ့ နေရာက ရောနှောနေလို့ရယ် လောက က သာယာ လှပလို့နေတယ်။

သာယာလှပသော်ငြားလည်းသိတ်ပြီး မခံစားနိုင်သေးဘူး. ကိစ္စလေးတွေရှိတာ သွားဘို့ရှိသေးတယ်။ ဘဏ်ကိုသွားရင်းနဲ့ တယ်လီဖုံးကို တစ်နေရာမှာ ချထားပြီးထိုင်ကြည့်မိပြီးစိတ်ထဲက နေစကား ပြောနေမိသေးတယ်။ ဖုံးဘဲ စကားပြောလို့ ရရင်ပြီးရောပေါ့။ အဲဒီဖုံ့းက စကားပြောလို့ရတယ။် မက်စိပို့လို့ရတယ။် ဒါဘဲသုံးလို့ရပါတယ်။
အလှအပထဲက နေ သဘာဝတရားက ဝင်လာပြန်တော့လိုက်ရှာမိတယ။် သန့်ရှင်းရေး လုပ်နေသည် ဆိုတော့ကာ မေးနေရသေးလား. အဲသလိုပါဘဲ။

ရိုင်ဖယ်စီတီရောက်တယ်။ ရှော့ပင် အပေါ်ကနေ လှမ်း ကြည့် ရင် အောက်မှာ ရေပန်းသံကိုကြား နေရတယ။် ရောက်ဖူးကြမှာပါ။















ဟိုတုံးကတော က အဲဒီရေပန်းဘေး သွားသွားထိုင်ဖြစ်တယ။် ရေပန်းကိုကြည့်ရင်း ရေကလေးတွေ ကို ကိုင်ကြည့်ရင်း စိတ်ကူးယဉ်တတ်တယ်။
ပင်နီစူလာလည်းရောက်တယ်။ လွိုင်နွိုင်းလဲရောက်ခဲ့တယ်။














သရက်သီေးတွ တောင် ရောက်နေပြီ။ မချစ်စုနဲ့ စိန်တလုံးတွေ့ခဲ့တယ်။ ရင်ကွဲတော့မပါသေးဘူး။ တစ်လုံးဘယ်လောက်လဲ မေးရငတော့ မြနဒ္ဒာအပေါ့်ထပ်က အသုပ်ဆိုင် က အသုပ်ထက် ငါးမူးသက်သာပါတယ။်










ရဲရင့်မှာလည်း ညက လူစုနေတဲ့အုပ်စုရောက်နေပလား သွားချောင်းခဲ့သေးတယ။် အဏဝါ စိုးမိုးတစ်အုပ်ဝယ်ခဲ့တယ်။ နျစ်ပေါင်းလေးဆယ် ကြာသောအခါဝယ်တဲ့ ။ ဒါကတော့ မမေးဘဲပြောပါ့မယ။် ကိုးကျပ်ပါ။ စာအုပ်လာငှားမဲ့သူကိုလည်းမြင်ယောင်တယ်။




မိုးတွေတော့နဲနဲညို့လာခဲ့ပြီ။ ဖူနန်လည်းရောက်တယ။် လရှားရှားပါးပါး တစ်ခါတစ်လေ အငှာကားစီးဖြစ်တယ်။ မိုးတွေ ညို့လာလို့မှောင်လာခဲ့ပြီ။ နေ့ခင်းဘဲရှိပါသေးတယ။် ကလပ်ကွေးနားက ဖြတ်တော့တစ်ယောက်သောသူကို သတိရမိသေးတယ။်



နေ့လည်ဘက် နေညိုသလိုနဲ့ပြန်လင်းသွားပြန်တယ်။ ရန်ကုန်မိုးနဲ့ ရန်ကုန်သူ အစိုးမရသလိုဘဲ စလုံးမှာလဲ မိုးကို ခန့်မှန်းရခက်တယ်။

လေဆိပ် တာမင်နယ် ၃ ကိုရောက်ပြန်တယ။်

အတော်စည်နြေ့ပီ။ အောက်ဆုံးထပ်မှာ စားသောက်ဆိုင်ရှိတယ်။ ဝက်ဝက်ကွဲစည်ပါတယ။် အစဉ်အလာမမပျက် ရေခဲသုပ်စားခဲ့တယ်။



အပေါ့်မှာလည်း ဈေးကြီးကြီးဆိုင်တွေ ရှိပါတယ်။ အပြန် တာမင်နယ် ၂ သွာြးီ့ပီး ဘက်ဂါဝယ်သေးတယ။်





မျက်စိလည်ပြီး စကိုင်းထရိမ်ကို အပ်အန် ဒေါင်းစီးနေမိသေးတယ။် ပြန်တော့ နောက်ဆုံးရထားဖြစ်နေပြီ။ ကံကောင်းလို့......


34 comments:

  1. တစ်နေကုန်လျှောက်သွားခဲ့တာကိုး..
    ဒါတောင် စောစောကမှ ဒီစာကိုတင်တယ်? ? ? မနက်အစောကြီး နိုးနေတာလား..

    ReplyDelete
  2. မခင်ဦးမေကို မနောက်တော့ပါဘူးလေ.. ဘုရားရှိခိုးလိုက်ဦးမယ်.. နံနက်စောစော..

    ReplyDelete
  3. အစမှ အဆုံး KOM ပွဲကို အားပေးသွားပါတယ်။ မလာတာ ကြာလို့ မေ့နေပြီ ထင်မှာ စိုးလို့။ အဲ မဟုတ်ဘူး၊ မလာတာ ကြာလို့ အမေ့ခံရမှာ စိုးလို့း)

    ReplyDelete
  4. မကြီးက တော်တော်သွားနိုင်တာပဲနော်းးး
    ရေခဲသုတ်ကြိုက်တယ်မကြီး
    သားလာလည်ရင် အဲလိုလိုက်ပို့မှာလား
    ပြောနော်
    နိုဝင်ဘာလာမှာသေချာတယ်နော်
    မကြီးကို
    ချစ်ခင်လေးစားစွာဖြင့်
    ဖိုးစိန်

    ReplyDelete
  5. မမ က ဒါဆို အရှေ့ ဘက်မှာ နေတာလား… terminal 3 ကို တခါမှ မရောက်ဖူးဘူး… တခါတလေ အဲလို တယောက်ထဲ စိတ်လွတ်ကိုယ်လွတ် လျှောက်သွားရတာ ကောင်းတယ်နော်… တန်ခူးက စာလဲရေးတယ် ပြောလဲပြောတယ်… ဟိုတလောက အမေလာတာ တအိမ်လုံး ညည်းအသံပဲလို့  အပြောခံရတယ်… စောစောစီးစီး ဘလော့ဝင်နေတာ ကိုယ်တယောက်ပဲ ရှိမယ်လို့  ထင်နေတာ… အိုး…မနက် ၅နာရီ ၃၇မိနစ်က ဒီပို့ စ်ကို တင်တာတော့…

    ReplyDelete
  6. ကြည့်ရတာ မိုးလင်းကနေ မိုးချုပ်ထိ ထင်ပါတယ်..
    ပျော်စရာကြီးနေမှာ..း)

    စကားမစပ်.. ဒီပိုစ့်မှာ အရင်ကထက် လက်ရေး ပိုလှလာသလိုပဲနော်..း)

    ReplyDelete
  7. အပြင်မှာ တွေ့ဖူးချင်လာပြီနော်။
    စကားမပြောတဲ့သူအချင်းချင်း
    heart to heart ပြောကြမယ်၊ ဖြစ်လား။ :)

    ReplyDelete
  8. ဖတ်ပြီး ပြုံးသွားတယ်။ ခံစားမှု ပေးတယ်။

    ကြိုက်တယ်။

    :))

    ReplyDelete
  9. လာချင်တယ် မမရေ..
    မမပြောလို့ ပိုလာချင်နေပြီ...
    လာရင် မမကိုတွေ့ရမှနော်... မတွေ့ရရင် မခေါ်တော့ဘူး။

    ReplyDelete
  10.ုkom show ဆိုလို့  လာဖတ်တာ အစ်မ...အစ်မ စကားနည်းတာ ယုံပါတယ်။ စကားနည်းတဲ့သူတွေက အတွေးများများနဲ့  စာပဲပိုရေးဖြစ်တာ။
    အစ်မ အခု စလုံးရောက်နေတာပေါ့...လူချစ်လူခင်ပေါတဲ့အစ်မကို တွေ့ ချင်လိုက်တာ။

    ReplyDelete
  11. သစ်ခွပန်းတွေ လာငေးတယ်..း)

    ReplyDelete
  12. အမ....လာဖတ်သွားတယ်၊ ညဖက်မအိပ်ခင် ပို့စ် တင်နေကျကနေ ဒီ ပို့စ် ကျတော့ မနက်အစောကြီးထတင်တယ်နော်၊ ရန်ကုန်သူများအစိုးမရတာကတော့ တကယ်အမှန်နော်၊အရင်စာတွေလို စိတ်လွတ်လက်လွတ် မရေးသလို ခံစားရတယ်၊ သရက်သီးဈေးနှုန်း ဖေါ်ပြတာကိုကြိုက်တယ်၊ ကျမ်းမာပါစေ...။

    ReplyDelete
  13. လျှောက်လိမ့်နေတာပေါ့လေ...... ။
    အားကျထှာ....။

    SDL

    ReplyDelete
  14. မယ်ကိုးပြောတာထောက်ခံတယ်..

    Xထုံ

    ReplyDelete
  15. T3 ကိုမရောက်ဖူးဘူး။ရေခဲသုပ်ကြိုက်တယ်။
    အဏ၀ါစိုးမိုးကိုအရမ်းကြိုက်။

    ReplyDelete
  16. မမရဲ့ One Lady Show on Saturday ပေါ့...
    မိုက်ပါ့...
    မနက် ၃ နာရီခွဲကမှ အိပ်သွားတာ... မအိပ်ခင် မမဆီ တခေါက်လာသေးတယ်... အသစ်မတွေ့လို့ ပြန်သွားတာ... မမက ၅ နာရီ ခွဲမှာ ဒီပိုစ့်ကို တင်တာကိုး။
    အိပ်ကော အိပ်ရဲ့လား မမရယ်...
    တနေ့လုံး အပြင်သွား... ညကျတော့ မအိပ်...
    မမ နော်... နေမကောင်းဖြစ်အုံးမယ်... ဂရုစိုက်ပါအုံး..

    ReplyDelete
  17. နေရာစုံအောင်ကို ရောက်နေတော့တာပဲ မကြီး kom က ...

    ReplyDelete
  18. အလမားးးးးး တနေကုန် လျှောက်သွားနေတယ်ပေါ့ အဟားးးးး ပျော်စရာကြီး တယောက်ထဲ အေးဆေး မိုက်တယ် မကြီးရေ.....


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  19. အယ်.... ဘယ်သူလာလို့ သွားကြိုတာပါလိမ့်
    ရေခဲသုပ် နို့ဆီများများစားချင်လိုက်တာ ... နည်းနည်းကျွေးပါး)

    ReplyDelete
  20. တယောက်တည်း လျှောက်သွားနေတာလား မမ။
    kmsl မအားရင် စလုံးက ဘလော့ဂါ ညီမလေးတွေ အဖော်ခေါ်သွားပါ။
    တယောက်တည်း မိုးလင်း မိုးချုပ် လျှောက်သွားမနေပါနဲ့ မမရေ။ စိတ်ပူလို့ပါ။

    ReplyDelete
  21. ဖတ်သွားတယ် အမရေ...။ :)

    ReplyDelete
  22. ညီမလည်း ရောက်တယ်လေ
    လွိုင်နိုင်းရယ် ပင်နစူလာရယ် ဂျူရောင်းရယ်
    ဘာလို့မတွေ့တာလဲ
    နောက်သွားရင် မျက်စိရှင်ရှင်ထားမယ်
း))

    ReplyDelete
  23. မမ ပြာတို့ကို ရဲရင့်မှာ မတွေ့ဘူးလား၊ မမလာမယ်သိရင် စောင့်ပါတယ်၊ မမရော ပြာတို့ကို တွေ့လား၊နောက်တခါ တူတူ သွားမယ်နော်

    ReplyDelete
  24. အမသာ BIRD PARK လာခဲ့ရင် Blogger ၆ယောက်ကို အရှင်လတ်လတ်ကြီးမြင်ရမှာ။
    :D

    ReplyDelete
  25. modern စာပေရေးတာ မိုက်တယ် ဟိ..

    မမ သွားနိုင်ချက်ကို လက်ဖျားခါသွားပါတယ်

    ReplyDelete
  26. မဂွိစ် .. ရှိုးလာကြည့်တာပါ ၊၊ ရေခဲသုတ် ကြိုက်ပါတယ်၊၊ ကျွေးပါ ၊၊

    ReplyDelete
  27. မကြီး တနေကုန် လျှောက်သွားနေတယ်ပေါ့လေ။ :) စင်္ကာပူမရောက်ဖူးတော့ မကြီးရဲ့show လေးကြည့်ပြီးပဲ ဒီလိုတွေရှိသလားလို့ ငေးပြန်သွားတယ်။ အဟဲ..သရက်သီးတွေ စားချင်လိုက်တာ။

    ReplyDelete
  28. ပြောလိုက်လေ
    "စိတ်ပူရအောင် တို့ကလေးမဟုတ်ဘူး" လို့...
    "ရထားမမှီလဲ တက်..က..စီ ရှိတယ်" လို့

    ခင်တတ်တဲ့
    ကိုလူထွေး

    ReplyDelete
  29. ကိုရွှေကြို (ဖိုးသင်္ကြန်)

    သူ့ဟာသူ အီးပေါက်ရင်တောင် လူသိမှာစိုးလို့ စဥ့်အိုးထဲ ၀င်ပေါက်တဲ့သူ့ကို စဥ့်အိုးဖုံးလှန်ကြည့်မလို့လား...

    ReplyDelete
  30. အမရှေ့မှာ လှုပ်၂လှုပ်၂လုပ်လို့ကတော့
    မှတ်တမ်းတင်ပြီးသားဘဲထင်တယ်၊

    ReplyDelete
  31. ဒီအစ်မကြီး ရေခဲသုတ်အတော်ကြိုက်ပုံရတယ်

    ReplyDelete
  32. အမ KOM ဆီမှာ စဥ့်အိုး ရှိတာ ရွာစား ဘယ်လို သိလဲ မသိ။ တခါမှလဲ အမ KOM စဥ့်အိုးပုံ မတင်ဖူးပါဘူး။
    :-P
    KOM SHOW ကို လာလျှောက်သွားတယ်။

    ReplyDelete