Friday, June 12, 2009
Yangon 20
ရန်ကုန်လား။ ပြီးခါနီးပါပြီ။ သည်းခံကြပါ။ ပြီးတော့မယ်ဆိုလို့ကိုယ့်ဘာသာတောင် ကိုယ် စိတ်မကောင်းဘူး။ ကိတ်စမရှိပါဘူလေ. နောက်တစ်ခါပြန်သွားရတာဘဲ။ အခု လေယဉ်ပျလက်မှတ်တွေဈေးချနေတယ်လို့ကြားတယ။် စလုံး ၃၂၅ ကို အသွားအပြန်ရ မယ်ဆိုဘဲ။ နစ်ပါတ်လက်မှတ်ပေါ့။ အနေက်နိုင်ငံက လူများ. မနာလိုဖြစ်နေမှာတော့ မြင်ယောင်နေမိသေးတယ။် နဲနဲလည်း အကျဉ်းခြုံး လိုက်ပါတော့ မယ။် အကျဉ်းချုပ်တောင် ကိုကိုဒီဘီ လောက်များဖြစ်သွား မလားမသိဘူး။
အဲဒီနေ့မနက်ကတော့ အီကြာကွေးလေးစားလိုက်ရပါတယ်။ သူများဝယ်ကျွေးတာ စားနေတာဆိုတော့ကာ ငြင်းပယ်ခွင့်မရှိပါဘူး စားချင်တာ ကတော့မုန့်ဟင်းခါးရယ်။ ဝအောင် မစားခဲ့ရသလိုဘဲ။ မစားခဲ့ရပေလို့ဘဲ။ နစ်ပါတ်ကို လေးပေါင်တက်သွားပေတယ်။ ပြန်ချနေတာ တုတ်တုတ်မှမလှူပ်ဘူး.ပေါင်ချိန်စက်က သမာဓိရှိတယ်။ ညာမပြောတတ်ပါဘူး။ ဟိုကျန်ဒီကျန် လေးတွေလည်းစားခဲ့သေးတယ်။
ဘေးအိမ်က ပိန္ဒဲသီးလာပေးတယ။် အိမ်ပျော့ဘဲ။ မျက်နာငယ်ရှာတယ်။ တို့တော့မစားခဲ့ဘူး။ တို့သာဆိုရင် မသိလို့စိုက်ခဲ့မိရင်တောင် တက်လာခဲ့ရင်ခုတ့်ပစ်လိုက်မယ်။
မကောင်းတာကိုတော့မမွေးလိုတော့ဘူး။ တစ်ခါ တစ်ခါ ကလေးမရှိတာကို ဝမ်းနည်းသလိုဖြစ်ပေမဲ့လဲ.. မရှိတော့လည်း နားအေး စိတ်အေးရတယ်ဆိုပြီး စပျစ်သီးချဉ်လိုက်မိသေးတာကိုလည်း ဘာမဆိုင် ညမဆိုင် သတိရမိသေးတယ်။
တစ်ခါတစ်လေ ကိုမဆာလာ လည်း ပျင်းရှာတယ်။ တို့ကို ဘေးနားထားပြီး အော်အော်ခေါ်တယ်။ ဘာလုပ်တာလဲဆို တော့ပျင်းလို့တဲ့။ တအိမ်လုံး တိတ်ဆိတ်နေလို့အ သံကလေး ထွက်အောင် ဆိုဘဲ။ တိတ်ဆိတ် တာကလည်း ဘိုးဘွားရိပ်သာလားထင်ရပါတယ။် တို့လည်းသူ့ကို သနားပါတယ်။ ကလေးမရတာတာ က တို့သားအိမ်မှာ အလုံးရှိလို့ပါ။ အီးလိုတော့ myoma ခေါ်တာပေါ့။ (ဆေးကျောင်းမှာ စိုးသူက တက်တော့ ကောလဟာလ လုပ်ကြသေးတယ။် သူက ရုပ်ရှင်ရှိုက်တော့ ကျောင်းစာ နဲတစ်ဘက်ပါ။ အဲဒီ အသံထွက်က myoma ကို မိုင်အိုမာ လို့အမှန်ခေါ်ရပါတယ။် အဲဒါကို စိုးသူက myo ma မြို့မ လို့ခေါ်တယ်လို့ ကောလ ဟာလလုပ်ကြသေးတာ ကြားလိုက်မိသေးတယ။် အဲဒါကြောင့် တို့နာမည်မကြီးချင်တာ)
အလုံးက ကြီးတော့သားအိမ်မှာ ကလေးက မတည်နိုင်ဘူး. တို့လည်းမသိပါဘူး။ ရာသီမလာရာက နေသွေးနဲနဲဆင်းနေ လို့ ဆီးစစ်ကြည့်တာ လိုင်းကလေး နစ်လိုင်းပေါ်နေလို့ ကလေးရှိတာ သေချာပြီဆိုပြီ.ဝမ်းသာလိုက်တာ. အိမ်ထောင်ကျတာကလည်း ကြာနပြီဆိုတော့တစ်ကယ်လိုချင်ပါတယ်။
တစ်ချိန်တည်းမှာဘဲသွေးကဆင်းနြေီ့ပီးနဲနဲ နဲနဲနံ့ ဆရာဝန်သွားပြတော့ ကလေးက မရှင်နိုင်တော့ဘူး. သားအိမ်ခြစ်ဘို့ပြောတယ်။ အစိုးရဆေးရုံမှာသွားပြတယ်။ တို့က ဆက်စောင့်ကြည့်ချင်သေးတယ်ဆိုလို့ ခွင့်ပြုတယ်။ အကြီးဆုံးဆရာတွေ နဲ့ဘဲပြတယ။် ကိုယ့်ကိုယကို ဆိုတော့အကောင်းဆုံးဖြစ်ချင်တာပေါ့။တစ်ခိါပိုသေချာအောင် နောက်ပြင်ပဆရာဝန်နဲ့ထပ်ပြတယ်။သူကလည်း အဲဒီအတိုင်းဘဲပြောတာကိုး တို့ ကလေးရူးက ဆက်လက်သိမ်းထားသေးတယ။် ရလိုရငြား။ ဆယ်ရက်ကြာတယ်။ အဲဒီဆယ်ရက်လုံလုံးဘယ်သွားသွား တို့အငှာကားစီးတယ်။ ကလေးထခိုက်မှာစိုးလို့။ ဘဝမှာ အဲဒီဆယ်ရက်ဘဲ ဘိုက်ကြီးဘူးလိုက်ပါတယ်။ တစ်ည ဝေါကနဲသွေးတွေ အဆင်းမှာ နောက်ဆုံးတော့သားအိမ်ခြစ်တဲ့ဆီရောက်သွားခဲ့ပါတယ်။ အဲဒီ ဆီးစစ်တဲ့ တုတ်ချောင်းကလေးကို တို့သိမ်းထားသေးတယ။် လပေါင်းတော်တော်ကြာပြီးမှ လွတ်ပစ်လိုက်တယ်. ထုတ်ကြည့်ပြီးငိုင်မိတဲ့ အချိန်တွေလည်း ရှိခဲ့ပါသေးတယ။်
ကိုမဆာလာကို သနားတာနဲ့ နောက်မိန်းမယူပြီး ကလေးမွေးပြီး အဲဒီကလေးကို ယူထားပြီး မွေးမယ် ဘို့တောင် တိုင်ပင်သေးတယ။် သူက ယူပြီးရင်တော့ အဲဒီမိန်းမကို ပြန်ကွာလို့ဘယ်ဖြစ်မလဲ ကလေးဘဲယူထားလိုက်ရင် ဘယ်တရားမလဲဆိုတာနဲကဘဲ အဲဒီအစီအစဉ် အကောင်အထည် မဖော်လိုက်ရဘူး။
66 comments:
  1. ဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်။
    ဒါပေမယ့် အပူအပင်မရှိ နားအေးပါးအေးနဲ့ လွတ်လပ်တဲ့ဘဝကို ပိုင်ဆိုင်ရတာ နဲတဲ့ကုသိုလ်လားဆိုပြီး ဖြေတွေးသွားပါတယ်။
    :))
    ReplyDelete
  2. amazing. I saw ur post in third position
    ReplyDelete
  3. မခင်ဦးမေ
    စာဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ်
    ဘ၀ဆိုတာကလည်း သည်လိုပါပဲလေ
    ရတာမလို လိုတာမရ မဟုတ်လား
    ReplyDelete
  4. အမ အိမ်ထောင်သက် တလျှောက်မှာ ၁၀ ရက်ဘဲ ဗိုက်ကြီးဘူးတာ ကံကောင်းသေးတာ၊ တချို့ဆို သွေးသာဆုံးရော တရက်မှတောင် ဗိုက်မကြီးဘူးရှာပါ၊ ဒါနဲ့စကားမစပ် မနေ့ကစခဲ့တဲ့ ၂၂လေးကို ဆက်ရန်လုပ်ပေးပါအုံး ၊ မျှော်နေတာက ၂၂ ပါ ၊
    ခင်မင်လျှက်
    ထိန်လင်းရင်
    ReplyDelete
  5. အမ အိမ်ထောင်သက် တလျှောက်မှာ ၁၀ ရက်ဘဲ ဗိုက်ကြီးဘူးတာ ကံကောင်းသေးတာ၊ တချို့ဆို သွေးသာဆုံးရော တရက်မှတောင် ဗိုက်မကြီးဘူးရှာပါ၊ ဒါနဲ့စကားမစပ် မနေ့ကစခဲ့တဲ့ ၂၂လေးကို ဆက်ရန်လုပ်ပေးပါအုံး ၊ မျှော်နေတာက ၂၂ ပါ ၊
    ခင်မင်လျှက်
    ထိန်လင်းရင်
    ReplyDelete
  6. အွန်လိုင်းလောကမှာ သိကျွမ်းတဲ့ ကလေးတွေကို သားသမီးတွေလို့ သဘောထားပေါ့ အန်တီကွန် ။
    အမြင်မတော်တာတွေ့ရင် ဆုံးမ ပြောဆိုပါ ။ အထူးသဖြင့် မိဝေးဘဝေး တမြေရောက်နေတဲ့သူတွေအတွက် အမေအရွယ် အန်တီကွန်နဲ့ သိရခင်ရတာ အားတစ်ရပ်ပါပဲ။
    အဲ.. အမေအရွယ်ပြောလို့ စိတ်နာသွားမလား မသိ။
    ReplyDelete
  7. ဘ၀တူတွေမို့ အားပေးလိုက်ပါတယ် မမရယ်။ တခါတလေတော့လဲ လွတ်လွတ်လပ်လပ် နေရချင်လို့ပဲ လို့ ဖြေပါတယ်။ စိတ်တော့ မကောင်းဘူး။
    ဒါနဲ့ ဘယ့်နှယ် ပိန္နဲသီးကနေ ကလေး ဖြစ်သွားရတာလဲ။
    ReplyDelete
  8. ဖတ်ရတာ စိတ်မကောင်းပါဘူး မမရေ...
    မမ kom ရဲ့ မိခင်မေတ္တာကို လေးစားမိပါတယ်...
    မိဘမဲ့ကလေးတယောက်ယောက်ဖြစ်ဖြစ် မွေးစားပြီး သူ့အနာဂတ်ကို ပြုစုပျိုးထောင်ပေးပါလား...
    ကိုယ်အသက်ကြီးလာလေ သားသမီးမရှိတာက သိသာလေ ဖြစ်လာမယ်လေ...
    ခင်လို့ ပြောတာပါ...
းဝ) ကိုလူထွေး
    ReplyDelete
  9. ကိုမဆာလာကို သနားတာနဲ့ နောက်မိန်းမယူပြီး ကလေးမွေးပြီး အဲဒီကလေးကို ယူထားပြီး မွေးမယ် ဘို့တောင် တိုင်ပင်သေးတယ။် သူက ယူပြီးရင်တော့ အဲဒီမိန်းမကို ပြန်ကွာလို့ဘယ်ဖြစ်မလဲ ကလေးဘဲယူထားလိုက်ရင် ဘယ်တရားမလဲဆိုတာနဲကဘဲ အဲဒီအစီအစဉ် အကောင်အထည် မဖော်လိုက်ရဘူး။
    အမကတော့လုပ်တော့မယ်.... ရီလိုက်ရတာ...
    ReplyDelete
  10. စိတ်မကောင်းပါဘူးမမရယ်
    ကျမတောင် surrogate ရှာရမလားဖြစ်နေတယ်။
    ReplyDelete
  11. အင်း.. မရလဲ မွေးစားမယ်ပဲစိတ်ကူးတော့တယ်။ ကိုယ်နဲ့တူရင် ကလေးဆိုးလေးတွေပဲ ထွက်လာမယ်ထင်တာပဲ။
    ReplyDelete
  12. အမ မွန်ယောက်ျားယူလို့ ကလေးတွေများပြီး မကျွေးနိုင်ရင် အမကိုပေးမယ်
    ကလေးမမွေးရင်လဲ ချစ်မနဲ့အဖော်ရတယ် ကောင်းတာပဲ အေးဆေးဘလော့ဂင်းကြတာပေါ့
    စိတ်ပုတ်တာလားတော့မသိ မမkom ကလေးတွဲလောင်းနဲ့ ဘလော့မဂင်းနိုင်ဘူးဆို မွန်တော့စာမဖတ်ရလို့ ဝမ်းနည်းမိမှာ
    ReplyDelete
  13. အရီးကွမ် လွတ်လွတ်လပ်လပ် အပူအပင်မရှိဖို့ ကံဇာတာပါတယ်လို့ သဘောထားလိုက်ပါ။
    ReplyDelete
  14. မမရယ် မချိုသင်းရယ် လောလောဆယ် မွန်ရယ် အဖော်ရှိသေးတယ်။ တယောက်ထဲ မဟုတ်ဘူး မမ စိတ်မညစ်ပါနဲ့။ နောက် အချစ်ဆုံး သူငယ်ချင်း ၃ယောက်လည်း ကလေး မရဘူး။ တခါတလေတော့လည်း ကလေးမရှိတာ လွတ်လပ်တယ်ဆိုပြီး ပျော်တယ်။ မမရေ မိဘမဲ့ ကလေးလေးတွေကို မွေးစားဖို့ရော စိတ်မကူးမိဘူးလား။ ဘာပဲဖြစ်ဖြစ် ကလေးသာရှိရင် အခုလို ဘလော့လည်နိုင်မှာ မဟုတ်ဘူးနော်
    ReplyDelete
  15. အမ... myoma ကို myomectomy လုပ်လို့ ၇တယ်လေ... အလုံးကို ဖြတ်လိုက်တာပါ... အမ အလုံးက အများကြီး မလို့လား...
    စိတ်မကောင်း ပါဘူးးးး
    ကလေးမ၇ှိသော အိမ်ထောင်သာလျှင် အိမ်ထောင်ေ၇း သုခကို ကောင်းကောင်း ခံစား၇တာပါ...
    ကလေး မ၇ှိတော့ နားအေး သက်သာ တာပေါ့...
    ReplyDelete
  16. မ့ရေ..စိတ်မကောင်းဖြစ်ရပါတယ်။ မ့ပျော်ရွှင်ပါစေနော့။
    ReplyDelete
  17. လူမုန်းJune 12, 2009 at 3:46 AM
    စိတ်မကောင်းဘူး... အဖွားရယ်
    “Zygote fusion” ဖြစ်ရင် အလုံးပျောက်သွားနိုင်ပေမယ့်..ကြီးလာမယ်ဆိုရင် အန္တာရယ်ပါ..ဖြတ်ကိုဖြတ်သင့်ပါတယ်.
    စိတ်သွားတိုင်းကိုယ်ပါတာ ပေါ့ဗျာ.
    ဒါနဲ့ စကားမစပ်..လက်စသပ်တော့1st Commenter က မိတ်ဟောင်းဆွေဟောင်းကြီး
    ****** ကိုး တဆက်တည်း ကစထ ကြီးလည်း ပြည်တော်ပြန်ရောက်နေရောပေါ့.
    Anyawy Wb ပါ ညီမလေး :))
    ReplyDelete
  18. အမရေ..... ဝမ်းနည်းမနေပါနဲ့။ ကျွန်တော်ဖြင့် မိန်းမရလဲ ကလေး မလိုချင်ပါဘူးဗျာ။
    ReplyDelete
  19. Blogger Moe Cho Thinn said...
    ဒါနဲ့ ဘယ့်နှယ် ပိန္နဲသီးကနေ ကလေး ဖြစ်သွားရတာလဲ။
    အဲဒါ Alternative ဆန်တာပေါ့ အမမိုးချိုသင်းရယ် အကြောင်းအရာတစ်ခုကို တည်နေရာကနေ ဒုန်းကနဲ ဒိုင်းကနဲ ပြောင်းလိုက်တာ ဟားဟား
    မခင်ဦးမေရဲ့ မိဘမေတ္တာကိုလေးစားပါတယ် ကိုမဆလာ တွေးတာလဲမှန်ပါတယ် သူကအမကိုချစ်လို့နေမှာပါ
    ReplyDelete
  20. မကြီးရေ .. စိတ်မကောင်းမဖြစ်ပါနဲ့ .. ကလေး မရှိတော့လည်း ရှာဖွေရသမျှ ကိုယ့်အတွက်ပဲပေါ့ ..
    ReplyDelete
  21. နားလည်နိင်ပါတယ် အစ်မရေ...
    စိတ်မကောင်း ဖြစ်သွားပါတယ်
    ReplyDelete
  22. မမ ရေ.. စိတ်မကောင်းပါဘူး
    ပိန္နဲသီးနဲ့ အီကြာကွေး ကျွေးရင်တော့ ကလေးမွေးစားဖို့ ရှာပေးမယ်
    ReplyDelete
  23. "ကိုမဆာလာကို သနားတာနဲ့ နောက်မိန်းမယူပြီး ကလေးမွေးပြီး အဲဒီကလေးကို ယူထားပြီး မွေးမယ် ဘို့တောင် တိုင်ပင်သေးတယ။် သူက ယူပြီးရင်တော့ အဲဒီမိန်းမကို ပြန်ကွာလို့ဘယ်ဖြစ်မလဲ ကလေးဘဲယူထားလိုက်ရင် ဘယ်တရားမလဲဆိုတာနဲကဘဲ အဲဒီအစီအစဉ် အကောင်အထည် မဖော်လိုက်ရဘူး။"
ွှအဲဒီစကားလေးကို ရင်ထဲထိခိုက်ပါတယ်။ မသဒ္ဓါသာဆိုလည်း အဲသလိုဆုံးဖြတ်ပေးမဲ့ မိန်းမမျိုး ဖြစ်လို့ ပါဘဲ။ ကိုယ့်လိုလူတယောက်လာတွေ့ တာ ၀မ်းသာပါတယ်။ ကျမကတော့ ယောက်ျားကို ပျော်ဖို့  လူဘ၀ လူပီသစေဖို့ ပါ.။ ရူးတယ်ဘဲဆိုဆိုပေါ့ ။ ကလေးကို အဖေရင်း အမေရင်း ရှိစေပြီး ကျမ ကအဒေါ် လုပ်ပေးနိုင်ပါတယ်။ သူတပါးကိုပေးပြီးရင် ပြန်ယူဖို့ တော့ မစဉ်းစားခဲ့ပါဖူး ။ကိုမဆလာ က ယောက်ျားကောင်းပါ။ ယောက်ျား ပီပီသသ ဘာ ဖြစ်သင့်တာ သူနားလည်ပါတယ် သူ့ အတွက် ဂုဏ်ယူုပါတယ်။ ကလေး မရှိပေမဲ့လည်း ကလေးကို မွေးစားရင်ရပါတယ်.။ မိသားစုဘ၀တခုမှာ မေတ္တာကဘဲ အရေးကြီးတာပါဘဲ။ စကားမစပ် ကျမ မှာ သမီး ရရှိတဲ့ အတွက် စိတ်ကူးထဲ မှာရှိပေမဲ့ အဲလိုမလုပ်ခဲ့ရပါဖူး။ ကျမတို့ အိမ်ထောင်သည်ဘ၀ ၂ယောက်စလုံး နေထိုင်ရ..အဆင်မပြေတဲ့အခါ. သီးသန့် ဘ၀ ဆောက်တည် ခဲ့ရတဲ့ အတွက် လောလောဆည်မှာ ကျမ ကသမီးတယောက်ထိန်းကျောင်းနေတဲ့ ကလေးမအေပေါ့. ပင်ပန်းပေမဲ့ ပျော်ပါတယ်။ ကြည်နူးပါတယ်။ ဘာဘဲဖြစ် လာလာ ဘ၀မှာ နေ တတ်ရင် ပျော်ပါတယ် ညီမငယ် ဖြစ်ပျက် ကံတရားကို သာသတိပြူပါ. လူကောင်းတွေ တွေ့ ဆုံရတဲ့ အတွက် အထူး ဂုဏ်ယူပါကြောင်း
    မသဒ္ဓါ
    ReplyDelete
  24. “ပိန္နဲသီးကနေ ကလေး ဖြစ်သွားတာကို Alternative ဆန်တာပေါ့” လို့ ပြောသွားတဲ့ ကိုမျိုးဝင်းဇော်ရဲ့ အတွေးကို သဘောကျမိတယ်.. ဟုတ်ပါရဲ့ မkom အရေးအသားက အော်တာ ဆန်နေတာကိုး.. မိုက်တယ်..း)
    ဘူးဂစ်(စ်) က ကွမ်ရင်မယ်တော်ကျောင်းမှာ ဆုတောင်းဘူးမယ်ဆိုတာ သေချာသလောက်ရှိတယ်.. (သားဆု)း)
    ခင်မင်လေးစားချစ်ခြင်းအားဖြင့်
    ReplyDelete
  25. ဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ်..။လိုချင်တာ
    တွေ ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်..။
    ReplyDelete
  26. ကျနော့်ကလေးပေးမယ်လေ..
    အတော်ပဲ ဒီနွေရာသီ ပို့လိုက်မယ်..
    ဇူလိုင် ၁ ရက်နေ့စပိတ်မှာ..
    Xထုံ
    (Blogger Moe Cho Thinn said...
    ဒါနဲ့ ဘယ့်နှယ် ပိန္နဲသီးကနေ ကလေး ဖြစ်သွားရတာလဲ။=
    ပဲန္နဲသီးလို ဥအိမ်တွေ အများကြီး ရှိချင်လို့နေမှာပေါ့)
    ReplyDelete
  27. ဘာရေးခဲ့ရမှန်းတောင် မသိတော့ဘူး မမ ရယ်
    ReplyDelete
  28. မချိုသင်းရေ ပိနဲသီးကနေ ကလေးဖြစ်သွားတဲ့ အကြောင်းကျနော်သိတယ်။
    ReplyDelete
  29. ကလေးဆိုတာလဲ ရှိလဲကောင်း မရှိလဲကောင်း ဘယ်လိုပြောရမှန်းတောင် သိတော့ဘူး မမ kom ရေ.......
    ReplyDelete
  30.်tt kom, ဖတ်ပြီးစိတ်မကောင်းဖြစ်သွားသည် :( ... အဲဒီအလုံးကိုဖယ်လိုက်လို့ရဘူးလား ....အသိမမတစ်ယောက်အဲလိုဖြစ်တာ ကလေးပျက်ကျဘူးတယ် နောက်တစ်ယောက်ရတော့ ကလေးမွေးရင်းအဲ့အလုံးလည်းထုတ်လိုက်တယ် မွေးစားဖို့အစီအစဉ်ရှိရင် avocado ကိုမွေးစားလိုက်ပါလား ဟီးဟီး
    ttkom ကိုချစ်တဲ့ avocado
    ReplyDelete
  31. စိတ်မကောင်းပါဘူး။ ခုလောလောဆယ် ဘယ်လိုမှ အကြံဥာဏ်မပေးတတ်ပါဘူး မမကွန်
    ReplyDelete
  32. myoma ကို စိုးသူက မြို့မလို့ထွက်တာ တော်သေးတယ်..
    တို့က စတွေ့လိုက်တော့ မျိုးမလို့ ခေါ်တယ်မှတ်လို့.. (ဆေးပညာ ဗဟုသုတ ရှိပုံများ)
    ကလေးမရှိပဲ အဖိုးကြီး အဖွားကြီး နှစ်ယောက်ထဲ တသက်လုံး ပျော်ပျော်ရွှင်ရွှင်နေသွားကြတာလည်း အများကြီး ရှိပါတယ်..
    နှစ်ယောက်တည်း ဆိုတော့လည်း ကိုယ့်ဘာသာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပေါ့..။
    ReplyDelete
  33. ဖန်ပြွန်ထဲထည့်ပြီး ဗိုက်အငှားမွေးတာ မျိုးတွေ ဘာတွေရော မဖြစ်နိုင်ဘူးလား။ အဲဒါဆိုလည်း ကိုယ့်သွေးကိုယ့်သားပဲပေါ့။
    ဖန်ပြွန်နဲ့ မွေးထားတဲ့ သူငယ်ချင်းတော့ ရှိတယ်။ ဗိုက်ငှားတာတော့ မကြားဖူးဘူး။ ရှိရင်လည်း ရှိမှာပါ။
    ReplyDelete
  34. ပေါင်ချိန်စက်က သမာဓိရှိတယ်။ ညာမပြောတတ်ပါဘူး။
    when i read this sentences I was really laughing.
    Then,..
    i read your baby, so sorry to hear that.
    ama, u can adopted lay if u want. :D
    Myatnoe
    ReplyDelete
  35. မမ.. အဒူဒူဘဲ.. အားမငယ်နဲ့...။
    ReplyDelete
  36. မကြီးက စိတ်မကောင်းဖြစ်အောင်လုပ်ပြန်ပြီင်္း
    ဝမ်းနည်းလိုက်တာ...
    ကလေးမွေးစားချင်ပြောလေ
    ဖိုးစိန်လို လိမ္မာရေးခြားရှိတဲ့ ကလေးတစ်ယောက်လုံးရှိတာ
    မွေးစားပါလား...
    ကိုယ့် အမေကိုပြုစုမှာပေါ့...
    အမေဖြစ်စေချင်သလိုနေမယ်လေ...
    နော် မကြီးမေမေ... မကောင်းဘူးလား..
    မွေးစားချင်ရင်စဉ်းစားနော်...
    သားကတော့ အဆင်သင့်..
    မကြီး မေမေ နေကောင်းပျော်ရွှင်ပါစေ..
    ညကမူးနေတော့ မဖတ်ရဘူး...
    အမူးပြေမှဖတ်တော့ မျက်ရည်ကျမိတယ်..
    တကယ်လို့များ မကြီး မေမေတို့အိမ်မှာ ခြောက်ကပ်နေတယ်ထင်ရင်တော့ ဖိုးစိန်ကို ခေါ်ထားလိုက်ပါ...
    တော်ပြီးနော်..ဆက်မရေးတော့ဘူး...
    မျက်ရည်နဲ့ရေးရတာ မကောင်းဘူး..
    ချစ်ခင်လေးစားစွာဖြင့်
    ဖိုးစိန်
    ReplyDelete
  37. လူမုန်းJune 12, 2009 at 10:54 AM
    To Zt (PNT) ရေ.
    Nadya Suleman ဆိုတဲ့ Single mon အမျိုးသမီး အလှုရှင်တစ်ယောက်ရဲ့ Sperm countနဲ့
    ရှစ်မွှာပူး (Octuplet)မွေးခဲ့ပါရောလား..အုတ်အော်သောင်းနင်း နဲ့ပါဘဲ. ဒါက သူ့အင်တာဗျုးလေးပါ. အကျယ်တော့ ရှာဖတ်ကြည့်ကြပါ :-) ဟီး.ပင်ပန်း ဌာ
    ဗိုက်ငှားနဲ့ ကိုယ်ဝန်ဆောင်တာရှိတယ်လေ.
    ဒါပေမယ့်. သူပိုင်တယ် ငါပိုင်တယ် နဲ့ တရားရုံး ရောက်ကုန်ကြရော.
    ကဲ စဉ်းစားကြည့်ပါဦးဗျာ သမီးလုပ်တဲ့ သူ သားအိမ် မကောင်းတာ အမေဖြစ်သူဗိုက်ထဲ သွားထည့်တော့.ဘာတွေဖြစ်ကုန် မတုန်း ၊ “ဗိုက်” လေး ရင်းထားတယ် ဆိုပေမယ့် အသွေးတွေ အသားတွေ ကအစ ဘယ်သူ့ဟာဖြစ်ကုန်သတုန်း. ၃ ယောက်သား ဘယ်လိုတော်စပ်မှန်းတောင် မသိတော့ပါဘူး..
    (ဘာသာတရားနဲ့ လည်း ဆန့်ကျင်ဖက်ကြီး.)
    အဲဒီလို ပြဿနာတွေ ကြောင့် ငြိမ်သွားတာ.
    အဟား...pXထုံ က မ“အ”ပါဘူး.ဟုတ်ပါ့ဗျာ.ပိန္နဲသီး (၁၄) မွှာ ကြည့်ပီးသကာလ ရှစ်မွှာပူး ကိုအားကြမခံ ၁၄ မွှာမွေးရန် ကြံမိသောကြောင့်ဖြစ်လိမ့်မည်
    အားမငယ် ပါနဲ့လေ “တနေ့တလံ ကလေးဘယ်ရွေ့မလဲ” ပေါ့ဗျာ.
    ReplyDelete
  38. အကယ်၍ ရှစ်မွှာပူး ဖြစ်ခဲ့ပါက...
    ကြိုတင်လေ့ကျင့်ရန် အိမ်စာ
    လက်ဖဝါး ကြားတဖက်စီတွင် နို့ဘူး လေးဘူး စီ
    ညှပ်ကာ လေ့ကျင့်ထားနှင့်ရန်
    ReplyDelete
  39. ကိုမဆာလာ မလုပ်လိုက်ပါနဲ့ ကျနော့် မကြီးကို သနားပါ
    ReplyDelete
  40. မမ
    မမKOM လို့ စဉ်းစားမိရင် တခါတခါ "မောင် ကိုကိုနဲ့ မြနန္ဒာ" ထဲက Dr ခင်အေးရီ ကို သတိရမိတယ်။ ခုလိုစာမျိုး (kmsl ကို နောက်မိန်းမယူခိုင်းပြီး... ဆိုတာမျိုး) ဖတ်ရရင်တော့ မြနန္ဒာရဲ့ အိမ်နီးချင်း (ဂျာမနီမှာလား၊ ပါရီမှာလား၊ လန်ဒန်မှာလား မသိတော့ဘူး) အမျိုးသမီးကို သတိရမိတယ်။ မမရေးထားတာ တကယ့်အဖြစ်အပျက်ဆိုတော့ character ကလည်း မိပါ့။ (kmsl က အနားမှာ ရှိရက်နဲ့ အော်ခေါ်တတ်တယ်ဆိုတာ...)
    kmsl နဲ့ မမ အကြောင်း စိတ်ဝင်စားလို့ ရေးပါလို့ ပြောမိပေမယ့် ဖတ်ရတော့လည်း စိတ်ထဲမှာ တမျိုးပဲ။ ဒါပေမယ့်လည်း ပို စိတ်ဝင်စားလာပြန်သေးတယ်။ စထရိုက်သာ သိရင်တော့ သူ့ကို မွေးစားပါလားလို့ ပြောဦးမယ် ထင်တယ်။
    ReplyDelete
  41. တူနှစ်ကိုယ်တိုင်းပြည်ထဲက မိန်းကလေးကို သွားသတိရတယ်..း)
    ပျော်ရွှင်ပါစေ...
    မိုးနေ
    ReplyDelete
  42. ဟိုကျန်ဒီကျန်တွေကဘာတွေလဲဟင်..
    ငါးပိရည်၊ လက်ဖက်ဆီစိမ်၊ မြင်းခွာရွက်ဟင်းချို၊ မရမ်းသီးကြော် (ထင်တာပဲ) စားချင်လိုက်တာ..။
    ReplyDelete
  43. နောက်တစ်ခေါက်လာဖတ်.....
    သြော်.. ကလေး..ကလေး...။
    sdl
    ReplyDelete
  44. မမ...အတူတူဘဲ
    တခါတလေ ntuc တို့ , playground တို့ မှာကလေးလေးတွေမြင်၇င်မြှူမိတယ်..
    ('အာမော' ကလေးတို့ ..ကိုယ့်လူမျိုးကလေးတို့ ကိုသာပါ..ဒီက ကလေးတွေကတော့သိတဲ့အတိုင်း...)
    ခုတော့ ကံတရားဘဲဆိုပြီးနေသာသလိုဘဲနေတော့တယ်...
    ReplyDelete
  45. မမ.. ကလေးမွေးစားချင်ရင်..
    မီးငယ်ကို မွေးစားလေ..
    မီးငယ်လည်း စလုံးလာတော့မှာ.. :D
    ReplyDelete
  46. မခင်ဦးမေ.... ဘာမှ အားမငယ်နဲ့။ အနော့်ကို မွေးစားပါ။ တပြိုင်နက်တည်း မြေးပါ ထိန်းရပါစေ့မယ်။
    သားသားက လူချစ်လူခင်ပေါပါတယ်။ မယုံရင် သားဘလော့ဂ်ကွန်မင့်ကဏ္ဍမှာ တချက်လောက် လာချောင်းကြည့်လိုက်ပါ။း-)
    ReplyDelete
  47. မွေးစားခိုင်းမယ့်သူတွေ ပေါပ။ 2 in 1 နဲ့ မြေးပါရမယ့် package ပါပါသေး။
    ReplyDelete
  48. မမကွန် ကလေးမွေးစားချင်ရင်ပြောလေ..
    ညလေး အစ်မဆီက တောင်းပေးမယ်..
    စိတ်မကောင်းလိုက်တာ..
    အဲ့ဒီ အလုံးက ဖယ်ထုတ်လို့ မရဘူးလား....
    ReplyDelete
  49. မမကို အပြင်မှာ မြင်ဖူးကြည့်ချင်တယ်။ စကားပြောဖူးကြည့်ချင်တယ်...
    ReplyDelete
  50. မမ ရေးထားတာဖတ်ပြီး ဘာပြောရမှန်းမသိအောင် ဖြစ်သွားတယ်... ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ဖက်ကသာ တွေးမြင်ပါလေ... မမ ဘဝ ကျန်တာ အားလုံး ပြည့်စုံနေတာပဲ...။ စိတ်ချမ်းသာအောင် နေပါ။ စိတ်ညစ်စရာတွေ မတွေးပါနဲ့..။
    IC Show ကြည့်ဖို့ စည်းရုံးရေး ဆင်းနေတုန်းပဲ မမရေ... ဒီတခါတော့ (ရုံးက မောင်လေးတယောက် သင်ပေးလိုက်တဲ့) အောင်ပွဲဆိုတာ တိုက် ယူမှရတယ် ဆိုတဲ့ စကားအတိုင်း မရ အရ တိုက်ယူမယ်လို့ တွေးထားတာပဲ..။
    နီးရင် ထပ် ပြောမယ်လေ။ မမ တကယ် လက်မှတ်ဝယ်တော့မယ်ဆိုရင်လဲ ပြောပါနော်။ တန်ခူးက သူ့ကိုလဲ ခေါ်ပါတဲ့...။ မျိုးက အက ကျင့်နေပြီတဲ့..။ စင်စင်ကလဲ ကြည့်မှာတဲ့...။ အားလုံး အတူတူသွားကြည့်ရရင် ပျော်စရာကြီး...
    ReplyDelete
  51. အနော့်ကို မွေးစားမလား မာမီလို့ခေါ်လိုက်မယ်
    ပိုင်ဆိုင်မှုစာရင်းတော့အရင်ပြနော်....။
    စိတ်မညစ်ပါနဲ့ဗျာ...ကျွန်တော်တို့ဘေးအိမ်က
    စုံတွဲဆိုရင် အဘိုးကြီးသာ ဖြစ်နေပြီ နှစ်ယောက်ထဲ ချစ်လို့ကောင်းတုန်း...ကလေးလဲမ၇ှိတော့ စိတ်လွတ်လက်လွတ်ပဲ ခရီးထွက်ချင်ရင် ချက်ချင်းထသွားတာပဲ..တကယ်ပေါ့ပါးတယ်..။
    ဒါနဲ့ မွေးစားမယ်ဆိုလည်း အကြောင်းပြန်ပါနော်..
    ReplyDelete
  52. စိတ်မကောင်းအောင် လုပ်တယ်...
    ဒါ့ကြောင့် မမ က ကိုmsl ရန်ကုန် ခဏခဏပြန်တာ ဘာမှ မပြောတာကိုး..
    ReplyDelete
  53. စဉ်းစားသွား..
    စဉ်းစားလာ...
    အိမ်က တစ်ယောက်(ခ. ခ)ကို ပေးမွေးစားတာ
    ကောင်းမယ်..
    အစားတော့ကြီးတယ်..
    ကျောင်းစာကလွှဲရင် အကုန်စိတ်ဝင်စားတယ်
    ဆင်ခြေများတယ်...
    Xထုံ
    ReplyDelete
  54. အမ။ ကလေးတွေဟာ ဘ၀နဲ့ချီ ဈေးကြီးပေးရတဲ့ ပျော်ရွှင်မှု ဆိုပဲ။ နောက်ပြီး ဘယ်လို အမှတ်တရမျိုးမဆို တဖြေးဖြေးနဲ့ ဘ၀ကို ပြည့်ဝအောင် ဖြည့်ဆည်းပေးကြမှာပဲလို့ ယုံထားလိုက်ပါတယ်။ ခုထိပေါ့လေ ။ ကြိုးထက်ခိုင်တဲ့ သံယောဇဉ်တွေ၊ မေတ္တာတွေနဲ့ အမတို့ ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်း နိုင်ကြပါစေ။
    ခင်မင်လျက်
    ReplyDelete
  55. မမရေ.. စိတ်မကောင်းဘူး..ဒါပေမယ့် အားကျသားကလား။ အခုတော့ ကလေးသုံးယောက်နဲ့ ဂျင်ခြေလည်နေလို့ ကိုမဆလာနဲ့ ဆန့်ကျင်ဘက် တခါတလေလေး တိတ်ဆိတ်ငြိမ်သက်တဲ့ အချိန်လေးလိုချင်လွန်းလို့။ နောက်ဆုံးတော့ ကိုယ်ရတဲ့ ဘ၀မှာ ပျော်ပျော်နေလိုက်ရတော့တာပါပဲ။
    မမကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် လောကကြီးနဲ့ သဟဇာတ ဖြစ်မှာပါ..အခုတောင် ကြည့်ဦး။ ကလေးမွေးစားဖို့ ကိုမဆလာကို မိန်းမယူခိုင်းမလို့ဆိုတာ ဖတ်ပြီး စိတ်မကောင်းဖြစ်နေတဲ့ကြားက ရီမိလိုက်သေးတယ်..။
    ReplyDelete
  56. မမ
    အကြံရလို့ ပြန်လာပြောတာ။
    တူ တူမတွေ ရှိနေတာရော..
    ချိုသင်းဆို ဟိုဖက် ဒီဖက် ၆ယောက်တောင် ရှိတာ။
    more than enough!
    မမ ဟိုတခါ ပုံတင်တဲ့ကလေးဟာ တူလေး မဟုတ်လား၊ ဒါမှမဟုတ် မြေး များလား။ :)
    ReplyDelete
  57. ဖိုးစိန်က ရုံးပတီသီးချွဲ ချွဲသွားပြန်ပြီလား...
    သားလိမ္မာကလဲ
    မနေ့ညက အရက်မူးနေတယ်တဲ့လား...
    တကယ့်ကို မွေးစားချင်စရာပါပဲ ဟရို့...........
    ReplyDelete
  58. ကိုယ်တိုင်က သားသမီးတစ်ယောက် ဖြစ်နေတော့.. သားသမီးမရှိတာကောင်းတယ် ဆိုတဲ့ မှတ်ချက်တွေဖတ်မိရင် ပိုဝမ်းနည်းရပါတယ်။
    ReplyDelete
  59. ဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ် မမရေ.
    ဘာပြောရမယ်မှန်းမသိတော့လို့ ဘာပဲဖြစ်ဖြစ် လက်ရှိဘ၀လေးကိုပဲ သာယာပျော်ရွှင်နိုင်ပါစေလို့...
    ညီမ
    ReplyDelete
  60. အော်..ကြွက်မီ ရယ်
    မိဘ မရှိတဲ့ သားသမီး ရှိဖူးတာကြနေတာဘဲ
    အမရေ ဆေးသောက်ကြည့်ပါလား အမွှာတောင်ယူလို့ ရပါတယ် ရင်းနှီးတဲ့ OG တစ်ယောက်လောက်နဲ့ တိုင်ပင်စေလိုပါတယ်.။
    ReplyDelete
  61. steve က အကောင်းရေးတော့ နာမည်မဖော်ဘူး ထင်တယ်
    ReplyDelete
  62. မမ
    မပူနဲ့ နော် ကလေးမရှိလဲ မေလေးကို မွေးစားလေနော် ..တစ်ယောက်မဟုတ်ဘူး ..နှစ်ယောက်ရစေရမယ် ..မမစားချင်တာချက်ကျွေးမယ်
    ညောင်းရင်လဲ နှိပ်ပေးမယ်လေ...
    အကြောင်းပြန်နော်
    မမကိုချစ်တဲ့
    မေလေး
    ReplyDelete
  63. အမရေ...ကျမလည်းခလေးတယောက် ပျက်ကျဖူးတယ်..တစ်လဘဲရှိသေးတယ်ဆိုတော့ ဘာမှမခံစားလိုက်ရပါဘူး..မမြင်ရသေးတော့ နှမြောတသကြီးလည်းသိပ်ဖြစ်မနေပါဘူး ...( လွန်ခဲ့တဲ့ ၃,၄ နှစ်လောက်ကပေါ့ ..လေးလေးပင်ပင်တွေ သွားမ
    လိုက်လို့ပေါ့ )
    မြင်နေရတဲ့ လက်ရှိပထမသမီးလေးကိုဘဲ အချစ်တွေအကုန်ပုံပြီး အကောင်းဆုံးစောင့်ရှောက်သွားမယ်လို့ဘဲ ဆုံးဖြတ်ထားပါတယ်...ကိုယ်လုပ်ချင်တာဦးစားမပေးနိုင်ဘဲ ခလေးအတွက်ဘဲလုပ်နေရတော့ ဆန္ဒနဲ့ထပ်တူမကျဘူးပေါ့...မမဆိုရင် ၂ ယောက်ထဲဆိုတော့ လွတ်လပ်တယ်လို့ဘဲသဘောထားပါ...အသက်ကြီးတဲ့အထိ သားသမီးမရှိဘဲ သေတပန်သက်တဆုံးနေသွားတဲ့ စုံတွဲတွေ တွေ့ဖူးပါတယ် ,မမ.........။ mie nge
    ReplyDelete
  64. ကလေးမွေးစားချင်ရင် မိဘမဲ့ကျောင်းကို သွားပြီး အမွေစားအမွေခံ လိမ္မာတဲ့ ကလေးတွေ အများကြီး ရှိပါတယ် တိတီကွန်း..အဲဒီမှာ သွားတောင်းကြည့်ပါလား..
    ReplyDelete
  65. ဟီးးးးးးမိုက်တယ်
    တစ်ချက်ခုတ် အခါခါပြတ်ပဲ
    အပျို နဲ့ အအို ပါခွဲပီးသား ဖြစ်ရော..တိန်
    ReplyDelete