Thursday, June 11, 2009

Nature of women 6

မိန်းကလေးတွေ ရဲ့ဘဝမှာ 12, 22, 32, 42, ,,,,,,,,ဆိုပြီးရှိပါတယ်
12 ကတော့ ကလေးသာသာ အပျိုလုပ်နေတဲ့ အချိန်ဆိုတာကတော့ ရှင်းပါတယ။်

22.
သူကလေးတွေကတော့ တကယ့်အချိန်ကောင်းပါ။ ဘဝမှ အန်တန်ကောင်းတဲ့ အချိန်ကလေးတွေ ကိုပိုင်ဆိုင်ထားတဲ့ အချိန်ပေါ့။ လူတကာက ဝိုင်းဝိုင်းလည်. နေ့ရော ညရော လူမပြတ်တဲ့ အချိန်ပါဘဲ။ မော်တော်ကားပျက်လို့ကတော့ စက်ဖုံးကလေးဒေါက်ထောက်ပြီး မတ်တပ်ရပ်နေလို့ရတဲ့ကာလပါ။

မနက်ဆိုရင် ဘရိတ်ဖတ်ကျွေးချင်တဲ့သူ ညဆိုရင် ဒင်နာကျွေးချင်တဲ့သူ ဝိုင်းလို့မနည်းထွက်ပြေးနေရတဲ့ အချိန်ပါ။ အပြေးမတတ် တဲ့ကောင်တွေ ခပ်အအတွေ ကတော့ မိသွားတာပေါ့။ ဒါပေမဲ့ များသောအားဖြင့်လည်ကျပါတယ။် မီးမီး ငယ်သေးတယ်ဆိုတဲ့ သူတွေ ချည်းပါဘဲ။

ရည်းစားစကားသွားပြောလည်း သိတ်စိတ်မဝင်စားသေးပါဘူး. အဲဒီအချိန်မှာ သူငယ်ချင်း ကိုပိုချစ်တဲ့ အချိန်ပါ။ ရည်းစားရခဲ့လဲ ရည်းစားထက် သူငယ်ချင်းကိုဦးစားပေးနေတဲ့ ကာလတစ်ခုဘဲ။

သူကလေးတွေကို ချစ်မိပြီဆို ရင်တော့စိတ်ရှည်ရပါပြီ။ ပွဲသွားကြမ်းလို့မရတော့ဘူး။ 42 နဲ့ မတူတော့ဘူး. အနနည်းသုံးရပါတယ။် ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ့်ကိုမြင်တာနဲ့ too old လို့ထင်နေပြီလေ။ သူ့ဘေးမှာ ကလည်းချာတိတ်တွေ အများကြီးမဟုတ်လား။

အနုနည်းဆိုတာ ဘယ်လိုလဲ။ လွယ်ပါတယ်။ အချိန်တော့ပေးရတယ။် တော်တော်လေး ပေးရပါတယ။် ခင်မင်မှူကို အရင်တည်ဆောက်ရပါတယ။် တစ်ခါထည်း ဝင်သွားရင် သမင်မကလေးများ လို မျက်လု့းကလေးဝိုင်းပြီး ပြေးလိုက်တာ လှစ်ကနဲပါ။

ဆိုလိုချင်တာကတော့ အချိန်ပေးရမယ။် သူရဲ့ ရင်းနီးတဲ့သူဖြစ်လာဘို့ကိုတာ ကိုတောင် မနည်း အချိန်ပေးရပါမယ။် သူ့ဆီက အချစ်ကိုရဘို့ဆိုတာကတော့ တော်တော် ခဲယဉ်းသေးတယ။် ဒါကိုစိတ်ဓါတ်ကျစရာမလိုဘူး. ကြိုးစားနေရမယ်။ တန်းစီထားတဲ့ သဘောပေါ့။ သိတ်စိတ်ဓါတ် ကျလာတယ်ဆိုရင်လဲ တစ်ချို့ 32 ,42 , လေးတွေ နဲ့ အရင် သိုင်းဝိုင်းထားလို့ရပါတယ။် ကိုယ့်ကံက ဘယ်သူနဲ့ ရမလဲဆိုတာကှိုမသိဘဲ။ 52 နဲ့လဲဖြစ်သွားနိုင်တာဘဲ။ ကြိုးစားမှုက အရေးကြီးပါတယ။် လိုရင်းကတော့ စိတ်ရှည်ပါ။

49 comments:

  1. သင်တန်းက ပြန်စဖွင့်ပြီလားဗျ။ ကျောင်းအပ်လက်မခံတာက ခက်တယ်။ ဒီလောက်လျှော်မှတော့ ဆြာမက နာမည်ပျက်ဘယ်ခံပါ့မလဲ ငါ့နှယ်နော်

    ReplyDelete
  2. ဒီနေရာမှာတော့ကျနော်တို့ယောင်္ကျားသားများဟာ ပိုပိုသာသာကြီးကိုစိတ်ရှည်တတ်ကြပါတယ် မပူပါနဲ့ :P

    ReplyDelete
  3. comment for the first time, I am second!

    ReplyDelete
  4. အမရေ
    TO TO နံပါတ်တွေ KOM ဘလော့ပေးနေတယ်ပြောလို့လာသွားတယ်၊ ကြာသပတေးနေ့ နဲ့က အချိန်ကိုက်ပါဘဲ ၊ ပေးမဲ့ပေး ဒို့အမက ၆ လုံးတော့ပေးမှပေါ့ အခုတော့ ၄လုံးဘဲ ဘောင်ဝင်တယ်၊မွေးဂဏန်းတော့ရတာပေါ့၊နောက်တာနော် စိတ်မဆိုးကြေး !

    ReplyDelete
  5. ;D
    32, 42 တွေ လုပ်ပါအုံး။ ပစ်ပစ်ခါခါတော့ မလုပ်လိုက်ပါနဲ့လေ။ မိန်းမသားထုကြီးဖက်က ရေးစေချင်ပါတယ်။ ကြိုကန်သွားတယ်။
    အော်..ကျောင်းပြန်ဖွင့်ပြီပဲ။

    ReplyDelete
  6. 12, 22, 32, 42 တဲ့ 52
    (၂) ဂဏန်းတွေရဲ့သဘောလား....
    ဘာဖြစ်လို့ 3 တို့ 6 တို့ မသုံးတာလဲနော်

    ReplyDelete
  7. 12, 22, 32, 42 တဲ့ 52
    (၂) ဂဏန်းတွေရဲ့သဘောလား....
    ဘာဖြစ်လို့ 3 တို့ 6 တို့ မသုံးတာလဲနော်

    ReplyDelete
  8. 12, 22, 32, 42 တဲ့ 52
    (၂) ဂဏန်းတွေရဲ့သဘောလား....
    ဘာဖြစ်လို့ 3 တို့ 6 တို့ မသုံးတာလဲနော်

    ReplyDelete
  9. အင်းလေ.. ဘာလို့ 2 တွေလဲ?

    မမ.. သင်ခန်းစာတွေ ပေးနေပြန်ပြီ၊

    ReplyDelete
  10. စိတ်ရှည်နေတုန်းမှာပဲ ၂၂ လေးက အခြား ၂၂ နဲ့ ပါသွားပြီကော။

    ကျန်ရစ်သော ၂၂ တစ်ဦး

    ReplyDelete
  11. 22 နှစ်အရွယ်အကြောင်း MA KOM ပြောတာကတော့တော်တော်မှန်တယ်
    30 ဝန်းကျင်အကြောင်းလဲ ပြောပါအုံး

    ReplyDelete
  12. မှန်လိုက်လေ အမရေ...။ တခြား အသက်တွေ အကြောင်းလေးလဲ ရေးပါဦးနော်...။ :P

    ReplyDelete
  13. Over 32 များအတွက် သင်တန်းတက်ရန် စောင့်နေပါတယ် ဆရာမ။
    ယောင်္ကျားလေးတွေ အတွက်ကြီး မဟုတ်ပဲ မိန်းကလေးတွေ အတွက်လဲ ဆောင်ရန်၊ ရှောင်ရန် ထည့်သင်ပေးပါ ဆရာမ။

    ReplyDelete
  14. ပြာလဲ စောင့်တဲ့ထဲ ပါနေပီ

    ReplyDelete
  15. မမေ၇ ညီမက ၁၉ ဆိုတော့ ဘယ်ထဲမှာပါလဲ ဟင် အဟိ သိချင်လို့ စာထဲမှာလဲ အပါဘူး ၇ှာဖတ်သေးတယ် ဟားဟားးးးး

    ReplyDelete
  16. အတန်းပြန်စနေတာ မသိလိုက်ဘူး။ သိသလောက်တော့ အကုန်မပြောပါနဲ့နော်။ အိမ်က တယောက်လည်း မမဘလော့ကို သူ့ဘာသာ သွားလည်နေတတ်ပြီ။ ဖတ်မိပြီး လက်တွေ့ပြန်လာ အသုံးချနေရင် မမ ကယ်ပေရော့။

    ReplyDelete
  17. မ့ရေ..ဆက်ရေးပါဦ။

    ReplyDelete
  18. ၁၇-၁၈ မှာ ဘောလုံးလေးပေါ့ ၂၂ ယောက် ၀ိုင်းလု ကြတာ ၂၀ ကျော် တော့ ဘတ်စကက်ဘော တဘက်နဲ့ တဘက် ပုတ်လည်းပုတ် လုလည်းလု ၃၀ နားနီးတော့ ဘောလီဘော ဖြစ်သွားပြီ တဘက် ခြောက်ယောက် ပုတ်နေတာ ၃၀ ကျော်တော့ တင်းနစ်ဘောလေး ကိုယ့်ဘက် ကျမှာကြောက်လို့ အားနဲ့ ရိုက်ကြတယ် ၃၅ ကျော် ၄၀ ရောက်တော့ ဂေါက်သီးလေးပေါ့ ဝေးလေကောင်းလေ အားရပါးရ လွဲရိုက်လိုက်ကြတယ်
    စတာနော် တကယ်ဟုတ်ဘူး

    ReplyDelete
  19. 22 တယောက်လောက်သာ ရှာပေးပါအမ...... စိတ်ရှည် သည်းခံပါ့မယ်။ ခင်အောင်လဲပေါင်းပါမယ်။ အဲ...... အရန်လူ ၃၂၊၄၂ လေးလဲ ရှိ ရင်ပြောပါ။ အရန်ခုံမှာ ထိုင်ခိုင်းထားပါမယ်။ ကိုယ့်ကံက ဘယ်လိုလဲ သိဘူးလေ.... :D ဟီးးးးးးးးးးးးးးးးးး

    ReplyDelete
  20. r u a natural woman... :o)

    ချစ်မကြီးက ကိုလူထွေးကို မခင်တော့ဘူးထင်တယ်...
    စိမ်းကားနေတယ်ပေါ့လေ...

    ရောက်ရင်လဲ ရောက်ကြောင်းလေးတော့ ဝတ်ကျေတန်းကျေ ရေးပေးခဲ့ပါဦး...

    မရောက်ရင်လဲ မရောက်ဘူးလို့ တကြောင်းတော့ ရေးပေးခဲ့ပါ...

    အဲလိုကြီးဆိုတော့ တကယ်မနေတတ်လို့ပါ...

းဝ)

    ReplyDelete
  21. မကြီးရေ....
    ကိုကြီးထွေးကတောင်
    မကြီးကိုအိမ်လာပြီး တစ်ခုခုရေးခဲ့စေချင်တယ်ဆို
    ဟောဒီက မောင်လေးတရော်ရုံပတေတီးက အမြဲမျှော် နေတယ်ဆိုတာ ရင်ထဲကနေ သဘောပေါက်သင့်တယ်..
    စိမ်းကားမှန်သိပေမယ့် တရားလွန်ခံစားမျှော်နေမိတယ် မကြီးရယ်... လေးလုံးထက်ပိုတဲ့ စကားလေးများကြားရရင်ဖြစ် အလုပ်ထဲမှာ ပင်ပန်းလာသမျှ အမောပြေလိုက်တာ
    ရေတောင်သောက်စရာမလိုဘူး
    ထွက်လာတဲ့ တံတွေးနဲ့တင် ဝမ်းသားလုံးဆို့ပြီးဗိုက်ပြည့်တယ်
    ဒါကကြော်ငြာဝင်တာ..

    စိတ်ရှည်တာကတော့ ပြောမနေနဲ့...
    ဓားသွေးရင်းနဲ့ကိုစိတ်ရှည်ရှည်ထားတယ်...
    အဟီးး
    မကြီးခင်ဦးကို
    အမြဲမျှော်ရတဲ့
    ရုံပတေသီးဖိုးစိန်

    ReplyDelete
  22. အီးးးးးးးးးး ဟုတ်က ဟုတ်ကတွေ သင်ပေးနေပြီးးးးးးးးးး :D

    ReplyDelete
  23. 11 Jun 09, 03:59 AM
    လင်းကြယ်ဖြူ: လာလည်ပြီးစာတ္ဂေဖတ်တယ်ခင်ဗျာ။ကောင်းပါ၏။

    11 Jun 09, 03:43 AM
    CMS: လာရောက်ဖတ်ရှူ့သွားပါတယ် အစ်မ :)

    11 Jun 09, 02:56 AM
    မငုံ: :)

    11 Jun 09, 02:56 AM
    မငုံ: ရောက်လာတယ်။ ဖတ်လို့ကောင်းတယ် မ့ရေ

    11 Jun 09, 02:45 AM
    ဖိုးဖိုး: ရောက်တယ်အမရေ..

    11 Jun 09, 01:45 AM
    Pauk: အခုမှ တကယ်အိပ်တော့မှာ....

    11 Jun 09, 01:35 AM
    နဒင်း: ဒီနေ့မှ ပြန်ရောက်ဖြစ်တယ်

    11 Jun 09, 12:32 AM
    Pauk: မမ alarm ...၀မ်အမ်း...မနက်ဖန်မိုးရွာမယ်ထင်တယ်..မိုး၇ွာတုန်း ရေခံထားဦးမှ... respect

    10 Jun 09, 11:54 PM
    reenoemann: ရောက်လာပါသည်။

    ReplyDelete
  24. မမရေ… ဒီresearchက တယ်မိုက်ပါလား… အမှန်တွေလဲ သိပ်မလုပ်နဲ့ ဦးလေ… ဆရာစားလေးလဲ ချန်ပါဦး… တော်ကြာ 22တွေ အကုန်ပါကုန်လို့  မိဘတွေ မမအိမ်ရှေ့ လာဝိုင်းနေဦးမယ်နော်… 32နဲ့ 42ကို ဖတ်ချင်လှပြီ… မမေ့နဲ့ နော်… ဆရာစားလေး…

    ReplyDelete
  25. လေ့လာ မှတ်သား ရပါ၏။ ကျေးဇူး..... အမရေ..

    ReplyDelete
  26. စောစောလေး စောထားလို့ တော်သေးတယ်..

    မဟုတ်ရင် မမဒီလို ဖွင့်ချနေပုံနဲ့ မိန်းမမာယာ သဲကိုးဖြာတွေ အကုန်သိပြီး မူလို့ မရဖြစ်တော့မှာ....။

    SDL

    ReplyDelete
  27. ၄၂. နှစ်မြောက်မွေးနေ့ ထင်ပ..

    စိတ်ရှည်ရှည် နဲ့ ၃၀. ယူလိုက်ပါတယ်.

    ReplyDelete
  28. 22 လေးတွေကို စိတ်၇ှည်၇တာလည်း မလွယ်ပါဘူးးး...မမေ၇...

    ReplyDelete
  29. ကျွန်မက ခုမှ ၁၆ နှစ်။ ခစ်ခစ်ခစ် :P

    ReplyDelete
  30. ဆိုလိုတာက စိတ်ရှည်ပါ။
    ၃၂ ကို အရင်ရှာ ပြီးမှ ၂၂ ကိုကြံ ဂလိုလား
    ငယ်တော့ သိပ်နားမလည်လိုက်ဘူး...။

    ReplyDelete
  31. ပွဲကြမ်းလို့ မရဘူး ဆိုတာတော့ မယုံဘူး။ နည်းမှန်လမ်းမှန် ပွဲကြမ်းတတ်ရင် ရပါတယ်။ :D

    ReplyDelete
  32. သိပ်စိတ်ရှည်ပြလွန်းရင်လည်း ရောင့်တက်တတ်တယ် မမရဲ့ ... သရေပင်လိုပဲ မလျှော့မတင်းလေးမှ ဟဲဟဲး)

    ReplyDelete
  33. စနစ်တကျ ပွဲကြမ်းနည်းလေးများ လက်တွေ့ကျင်းသုံး၊ အဆင်ပြေထားပုံရတယ်... လျှိုမထားပါနဲ့ မျှဝေပေးပါ ကိုဖူးနုသစ်

    ReplyDelete
  34. မကြီး ဘာတွေတုန်း အဟေးဟေး ၂၂ ကိုရှာဦးမယ် ၃၂ က ၂၂ရဲ့ အမကြီးပေါ့ ၄၂ က ၂၂ရဲ့ အဒေါ် ၅၂ က ၂၂ ရဲ့ အမေပေါ့


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  35. တယောက်တမျိုးပါလား
    အကြံဥာဏ်တွေကိုစုံလို့
    ယူလျှင်ရ၏ :D

    လှမ်းလှမ်းလာလိုက်တာ အရှိန်လွန်မှ ကိုယ့်ဘေးကြည့်တော့ ဘယ်သူမှမရှိဖြစ်နေမှာစိုးလို့ ..
    အချိန်ရှိတုန်းလေး လှုပ်ရှားမှ :P

    ReplyDelete
  36. ၂၂ လေးတွေသဘောကျအောင်
    ဘယ်လိုအပြုအမူ ဘယ်လိုအပြောအဆို ဘယ်လိုလက်ဆောင်လေးတွေနဲ့ ချည်းကပ်သင့်တယ်ဆိုတာ ဘယ်လို ဝတ်စားသွားသင့်တယ်ဆိုတာလေးလည်း သင်ပေးပါဦး
    (အချစ်ကျောင်းသား)

    ReplyDelete
  37. ဘရိတ်ပေါက်ပြီး ၅၂ ဆီရောက်သွားမှာ ကြောက်လို့ပါ
    (၂၂ ကလေး၏ အမေသည် ၅၂ ဖြစ်နိုင်၏)

    ReplyDelete
  38. စောင့်ဖတ်နေပါတယ်..

    Xထုံ

    ReplyDelete
  39. မမှီတော့ဘူး။ နောက်တစ်ယောက်ရှာပြီး စမ်းကြည့်ဦးမှ။ (၁ကပြန်စဖတ်ပြီး Notesထုတ်နေပါသည်)

    ReplyDelete
  40. “ ဘဝမှ အန်တန်ကောင်းတဲ့ အချိန်ကလေးတွေ ကိုပိုင်ဆိုင်ထားတဲ့ အချိန်ပေါ့” အန်တန်ရဲ့ ခက်ဆစ်လေး ပေးပါဦ မမရေ။

    မမ..Nature of Men အကြောင်းတွေလည်း လုပ်ပါဦး။ မျှမျှတတပေါ့..မမရာ။ :)

    ReplyDelete
  41. ဟင်..ကောင်လေးတွေအတွက်ပဲလား။ များတို့အတွက်ရော မမ
    mm

    ReplyDelete
  42. သင်တန်းဖွင့်ပြီဆိုလို့ အပြေးလာတာ။ နောက်ထပ်ပို့ချမယ့် နည်းတွေကို စိတ်ဝင်စားနေပါတယ်ရှင့် :P

    ReplyDelete
  43. မမ မီးငယ်က ၂၃ ထဲရောက်သွားပြီ ပါတော့ဘူး... :P

    ReplyDelete
  44. Anonymous said...

    i am first
    June 11, 2009 12:49 AM


    (ဘယ်သူလဲသိချင်ပါတယ။်)

    ReplyDelete
  45. Reminds me of Martina McBride's song - For the Girls.

    ReplyDelete
  46. Soe said...

    Reminds me of Martina McBride's song - For the Girls.

    June 13, 2009 4:51 PMhttp://www.youtube.com/watch?v=ON_ebV5zqfw


    kom

    ReplyDelete