Monday, June 1, 2009

Yangon 16

အစ်မရယ်. ရေးနိုင်လိုက်တာ ဆိုပြီးတော့တော့ လာမတားပါနဲ့တော့ ။ ပြီးဆုံးဘို့အတွက် ကိုယ့်မှာ တာဝန်ရှိပါတယ။်

ဒီဆိုင်ကလေးနဲ့ ဒီသရက်သီးမြင်ရင် ဟိုဇတ်လမ်း ကလေးကို သတိရလိုက်ပါ။ သရက်သီးက ကိုယ့်အမျိုးအိမ်က ပေးလိုက်တာပါ။ အဲဒီမှာ အဲသလိုဖြစ်သွားတာပါဘဲ။














နေ့လည်လမ်းမှာ လမ်းဘေးမှာအထမ်းသည် ရွေရင်အေး ထမ်းလာတာ တွေ့လို့ရပ်ခိုင်းပြိး ဖင်ထိုင်ခုံလေးချ ထိုင်စားပါတယ။် စကော့ဈေး ပိတ်သွားလို့ကိုယ်မစားလိုက်ရဘူးလေ. မိန်းကလေးတွေ စကော့ဈေးရောက်ရင် ရွေရင်အေးကျောက်ကျော မစားချင်တဲ့သူရှားပါလိမ့်မယ။် ကိုယ်လဲ ရောက်ရဲ့သားနဲ့ ဆိုင်ပိတ်သွားလို့ တောက်တစ်ခေါက်ခေါက်ဖြစ်နေတာ ကဲ ဘာဘဲဖြစ်ဖြစ်ကွာ စားမယ် ဆြိုီပီ့..



သိုသော်ငြားလည်း စားပြီးသကာလ သူက ကိုယ်စားတဲ့ပန်းကန်ကို ရေဇလုံကလေးထဲ နစ်ပြီး ရေကျင်းလိုက်တာမြင်တော့ ကိုယ်ရင်ခံ သွားတယ။် မေ့....လိုက်ပါ..အချစ်ကလေး ..မေ့လိုက်ပါ ..ဆိုပြီး ဝိုင်ဝိုင်းသီချင်းကလေးသာ ဆိုပြီး မေ့ပလိုက်ပါတော့တယ်။ ဆပ်ပြာရည်ကလေးပါမှာပါလေ. ကိုယ်မမြင်လိုက်တာ ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ အားလု့းံကိုမေ့ထားလိုက်ပါတယ်။ ကိုကိုကာလသားများ ညီမလေးချောချောများကို မြင်ရင် အားလုံးကို မေ့ပလိုက်သလိုဘဲ..........။ နျစ့်ပွဲ ဆိုတာ ကိုတော့ ပြောစရာမလိုဘူး။ .တစ်ပွဲသုံးရာပါ. နဲနဲလေးမို့ . ကိုယ့်အပြစ်မရှိ. thondrae ဆိုရင်ငါးပွဲစားမှာပါ။

ရွေရုံတိုင်မီးပွိုင့်က ဆင်းလာတဲ့လမ်းတလျောက်..



သွားရင်းလာရင်း မိုးချိုပ်သွားပြန်ပြီ။ ကိုယ်ကြားထဲမှာ ပျောက်သွားတယ်ဆိုရင် အဲဒါ အင်တာနက် ဆိုင်သွားတာပါ။ ဘလော့မရေးဘို့တော့ကိုယ့်ကိုယ်ကို ဆုံ့းမထား ပါတယ်။ ကျော်တာလဲမ လုပ်တတ်ပါဘူး။ ဘလော့မရေးရင် ဘာလုပ်သလဲဆိုတော့ လုပ်လို့ရတာ တွေလုပ်ပါတယ။် ဆက်မမေးပါနဲ့ တော့။ အဲ သလောက်တောင်ကြာသလား မေးရင်ကြာပါတယ။် တစ်ခါတစ်လေ ငါရန်ကုန်လာတာ အင်တာနက်ထဲ နေဘို့မဟုတ်ဘူး လေယဉ့်ပျံလက်မှတ် ဆုံးလိမ့်မယ။် အဲသလောက် အင်တာနက်ထဲနေချင်ရင် အစကတည်းက လေယဉ့်ပျံဘိုး အကုန်မခံသင့်ဘူးလို့ကိုယ့်ကိုယ်ကို မနည်း နားချရပါတယ်။ တစ်နာရီ ၄၀၀ ကျပ် ဆိုတာကို မနည်းရှင်းရပါတယ။်

သမတရုံနားက ဘုရားရှိခိုးကျောင်းပါ။




အဲဒီဘေးမှာ ဟော်တယ်ရှိပါတယ်။အဲဒီဟော်တယ်မှာ ကျော်ရဲအောင် အလုပ်လုပ်ပါတယ။် အတော်ခင်ပါတယ်။ ဒင်နာကျွေး ချင်တယ်ဆိုပြီးဖိတ်နေလို့ မနည်းထွက်ပြေးနေရပါတယ။် ကိုယ်က ဒင်နာ စားချင်တာ မဟုတ်ပါဘူးပေါက်တတ်ကရတွေ ကိုစားချင်တာပါ။


















အဲဒါနဲ့ အဲဒီဘေးက ၂၄ နာရီဖွင့်တယ်ဆိုတဲ့ ဆိုင်ကိုရောက်သွားပါတယ။် ကိုယ်က လမ်းဘေးက ခေါက်ဆွဲသုပ်ကိုစားချင်တာပါ။ သူက အတင်းဘဲ ဧည့်ခံချင်တယ်ဆိုလို့ အဲဒီဆိုင်ကိုပါသွားတယ။် ရန်ကုန်မြို့ရဲ့ဈေးကြီးတဲ့ အထဲက တစ်ဆိုင်ပါ။ စိတ်ညစ်တာက စလုံးက အစားအစာ မျိုးကို ရောင်းတာပါဘဲ။ အတော်ကို ဆင်ပါတယ။် စလုံးက လာတဲ့သူကို အဲသလိုမျိုးကျွေးတာကတော့ မကောင်းပေမဲ့ ဒါက သူက ကိုယ့်ကို သေချာဧည့်ခံတာဆိုတော့လည်းဂွကျတယ။် စားပါ စားပါ .အိမ်မှာ အပေါဆုံးက ပိုက်ဆံပါလို့ သူက ကိုယ့်ကိုအားပေးတော့မှ ကိုယ်စားဝံ့ပါတယ။်

အဲဒါနဲ့မနည်းရွေးချယ်ပြီးနောက်ဆုံးသကာလ. ကိုကာကိုလာ တစ်ယောက်တစ်ဗျူးနဲ့ အာလူးကြော်ဆိုပြိး light ဘဲမှာစားပါတယ် ရှင်းတော့ ဘယ်လောက်လဲဆိုတာတော့ မပြောလိုတော့ပါဘူး။ ဆိုင်လေးက အတော်ကောင်းပါတယ်။ ကိုယ်အတော်သဘောကျတယ်။ အေးအေးဆေးဆေးထိုင်လို့လဲရတယ် စကားလဲပြောလို့ရတယ။် မီးခပ်မှိန်မှီန်ထွန်းလို့.ကိုယ်ကြိုက်တတ်တဲ့ ဆူညံဆူသြ့သီချင်းမျိုးကို ဖွင့်လို့ ဝါသနာပါရင် ကလို့ရတဲ့ နေရာလဲရှိပါတယ်။





ကျော်ရဲအောင် က ကိုယ်ဘလော့ရေးတယ်ဆိုတော့

သူတို့ဟော်တယ်က နိုက်ကလပ်ထဲကို အတွေ့ အကြုံရအောင် လိုကိ်ကြည့်ပါလား လို့ ဖိတ်ခေါ် ပါသေးတယ။် ကိုယ်က အဲ....အဲဒါတော့ မသွားခဲ့ပါဘူး။ ရိုးတယ်လို့မထင်ပါနဲ့ age က ခွင့်မြ့ပုတော့လ.ို


မိုးချူပ်ပြီဆိုပြီးအိမ်တန်းပြန်ပြီထင်နေသေးလား. မပြန်သေးပါဘူး တူ နဲတူမ နဲ့ကိုလွမ်းလို့ သွားကြည့် ရပါသေး တယ။် သန်းခေါင်မှဘဲ မိန်းကလေး အိမ်ပြန်ပါတယ်။






















(လေအောင့်နေတဲ့ကြားထဲ ကဆေးသောက်ပြီး ရေးပါတယ်။ ပရိတ်သတ်အတွက် က နဲနဲပါ. ကိုယ်ကိုတိုင်ကိုယ်ကရေးချင်နေတာပါ)


38 comments:

  1. ကောင်းပါတယ်.. ဗိုက်အောင့် သက်သာပါစေ

    ReplyDelete
  2. ကျန်းမာရေးလည်းဂရုစိုက်စေချင်သည် ရေးတာတော့ရေးပါ ဖတ်ရတာပေါ့

    ReplyDelete
  3. အဲဒီ သရက်သီးတွေ ကို မှတ်မိတယ်။ ဟိုနားက အိမ်က။ ဟီးဟီး။ :P

    ReplyDelete
  4. သားကြီးပြောတဲ့အတိုင်းပါ မမ ခင်ဦးမေ...ဟိုတယ်နာမည်ကဘာလဲဟင် ?

    မြန်မြန်သက်သာပါစေ မမ.... ( mie nge )

    ReplyDelete
  5. ရေးသာရေးအမ..... မြန်မာပြည် အလွမ်းပြေ ငေးစရာ ဖတ်စရာ ဆိုလို့ အမ blog ပဲရှိတယ်။
    အပိုင်း ၁၀၀ကျော်ရေးလဲ နိုး ပလုံပလုံ( No Problem) :D
    ပုံ
    အမာခံ ပရိတ်သတ် တဦး

    ReplyDelete
  6. ကျန်းမာရေး ဂရုစိုက်ပါ အမရေ...။ comment မရေးဖြစ်ပေမယ့် အမြဲရောက်ပြီး ဖတ်ပါတယ်..။ :)

    ReplyDelete
  7. လာဖတ်သွားတယ်...
    (ခုတလော ကွန် မကောင်းလို့ ရီဒါထဲကပဲ ဖတ်နေရ)
    ATN

    ReplyDelete
  8. ဘာတွေရေးရေး အလွမ်းပြေတယ်၊ လာဖတ်တယ်

    ReplyDelete
  9. မကြီးခင်ဦးရေ...
    သားက အမြဲ လာပါတယ်နော့်..
    စိတ်မကောက်ပါနဲ့..
    ရင်ထဲမှာ ဒီအမခင်ဦးကို မမြင်ဖူးပေမယ့်
    ဖိုးစိန်ရင်ဘတ်ထဲမှာ လေးစားမှုနဲ့နေရာတစ်ခု ထားပါတယ်
    ကိုယ်လေးစားရတဲ့ဘလော့ပေါ်က အကိုအမအကုန်လုံးပေါ့လေ
    မမြင်ရသောသံယောဇဉ်ထင်တယ်နော့်
    ဒါကတော့ မကြီးခင်ဦးအတွက် သီးသန့်စကားလက်ဆောင်..
    ရွှေရင်အေးသောက်ချင်တယ် သရက်သီးမစားရတာကြာပြီး..ဒီမှာရှိတဲ့သရက်သီးတွေက အနံ့ရော အရသာပါမရှိဘူး..

    အမရန်ကုန်ပြန်လို့ အမနောက်လိုက်ရရင်တာင် ရှယ်ပဲ
    စားရမယ့် အစား သွားရမယ့်နေရာတွေ
    ခုတော့လဲ
    ခုတော့လဲပဲ
    ချစ်ခင်လေးစားစွာဖြင့်
    ဖိုးစိန်

    ReplyDelete
  10. ဟုတ်ပ မမရေ.. နိုင်ဂံခြားက လာတဲ့သူကို အဲဒီလိုတွေ လိုက်ကျွေးတာနဲ့...မြန်မာပြည်က လာလည်တဲ့ သူတွေကို မြန်မာစာတွေ လိုက်ကျွေးတာကတော့ တော်တော်ဂွကျတဲ့ ကိစ္စပဲနော်..။

    ဆက်ရေး မမ..ပြီးမှ ပဟေဋ္ဌိဖော်တော့မယ်..ဟဲဟဲ။

    ReplyDelete
  11. အဲဒါ သရက်သီးလား.. မသိပါဘူး မမြင်ရတာကြာတော့ သင်္ဘောသီးတွေ အောက်မေ့နေတာ

    ReplyDelete
  12. မကွန်ရေ ကျေးဇူးနော် ကျမ တချိန်လုံး တောင်းဆိုနေလို့  အဆက်မပြတ် တင်ပေးတာ အားနာသလိုလိုနဲ့ ပျော်မိတယ်။ ဒီမှာ ရွှေရင်အေး လုပ်ဖို့  အုန်းနို့ မရဘူး ဗူးဘဲ ဆိုတော့ စာဖတ်ပြီး အရသာ ခံသွားလိုက်ပြီ

    ဒါနဲ့  သရက်သီးလေးနဲ့ သရက်သီးဆိုင် လေးတွေ က ဇတ်လမ်းလေး တွေ သိချင်လာတယ်နော်

    ReplyDelete
  13. မမ.. သရက်သီးစားချင်တယ်..း(

    ငယ်ငယ်တုန်းက ရွှေရင်အေးကို ရန်ကင်းဈေးမှာ ခဏခဏ သောက်ဖြစ်တာပဲ.. အဲ့ဒီတုန်းကလဲ ဒီလိုပဲ ပန်းကန်ဆေးတာနေမှာပါ၊ အခုတော့ မမ ပြောလို့ နည်းနည်းတွန့်သွားတယ်၊

    ကရဝိတ်နဲ့ မျက်နှာချင်းဆိုင်မှာလဲ စင်္ကာပူတရုတ်စာတွေ ရောင်းတဲ့ဆိုင်ရှိတယ်၊ အရင်တခါ ပြန်တော့ အဲ့ဒီကို လိုက်ကျွေးလို့ စိတ်ညစ်လိုက်တာ.. အခုတော့ စင်္ကာပူက အစားလဲ စားမှာပါ၊ ဘိုစာထက်တော့ သာတယ်
    ကျော်ရဲအောင် ဆိုတာ ကြားဖူးသလိုပဲ၊ ဘယ်သူလဲဟင်?

    ReplyDelete
  14. မေ့....လိုက်ပါ..အချစ်ကလေး ..မေ့လိုက်ပါ .. ဆိုလို့ မေ့ဖို့ကြိုးစားလိုက်ပါပြီ။
    ရေနဲ့ကျင်းပြီး ထမိန်နဲ့သုတ်လိုက်တာတော့ မမေ့နိုင်ဘဲ မြင်ယောင်မိတာ ခက်တယ်။

    ReplyDelete
  15. ကျော်ရဲအောင်ဆိုတာ..
    ဟိုလေ..
    မမရဲ့
    ဘာညာ..ဘာညာပေါ့...
    ကျနော်ထုံပေမဲ့..မေထက်သာတယ်..
    ငှဲငှဲ

    Xထုံ

    ReplyDelete
  16. သိုသော်ငြားလည်း စားပြီးသကာလ သူက ကိုယ်စားတဲ့ပန်းကန်ကို ရေဇလုံကလေးထဲ နစ်ပြီး ရေကျင်းလိုက်တာမြင်တော့ ကိုယ်ရင်ခံ သွားတယ။် မေ့....လိုက်ပါ..အချစ်ကလေး ..မေ့လိုက်ပါ ..ဆိုပြီး ဝိုင်ဝိုင်းသီချင်းကလေးသာ ဆိုပြီး မေ့ပလိုက်ပါတော့တယ်။ ဆပ်ပြာရည်ကလေးပါမှာပါလေ. ကိုယ်မမြင်လိုက်တာ ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ အားလု့းံကိုမေ့ထားလိုက်ပါတယ်။ ကိုကိုကာလသားများ ညီမလေးချောချောများကို မြင်ရင် အားလုံးကို မေ့ပလိုက်သလိုဘဲ..........။ နျစ့်ပွဲ ဆိုတာ ကိုတော့ ပြောစရာမလိုဘူး။ .တစ်ပွဲသုံးရာပါ. နဲနဲလေးမို့ . ကိုယ့်အပြစ်မရှိ. thondrae ဆိုရင်ငါးပွဲစားမှာပါ။

    ReplyDelete
  17. အမ KOM ရန်ကုန် အလွမ်းပြေအောင် ခုလို ကိုးနတ်ရှင်တွေနဲ့ အပြိုင်တိုက်ပီး ရေးရတာပဲ ကျေးဇူးတင်လှပါဘီဗျာ။
    အမ KOM ဘေးဘရာ ဝေးကွာ၊ ကိုယ်စိတ်ကျန်းမာ၊ ရွှင်လန်းချမ်းမြေ့ပါစေ။

    မေတ္တာဖြင့်

    ReplyDelete
  18. နားခိုရာတို့ကို ပေးလိုက်တာ ဒီသရက်သီးတွေပေါ့လေ... ဟင်း..ဟင်း..ဟင်းးးး။

    ReplyDelete
  19. ဆက်ရေးပါမမ..
    ဖတ်ရတာပျော်စရာကောင်းပါတယ်.
    မမနေကောင်းပါစေ.

    ReplyDelete
  20. နွေးနေခြည်June 1, 2009 at 9:12 AM

    ရေးသာရေးပါ အားလုံးပြီးရင် ၁ကနေကို ပြန်ဖတ်ဦးမှာ.. လွမ်းလွန်းလို့

    ReplyDelete
  21. လူမုန်းJune 1, 2009 at 10:07 AM


    ၂၀၀ - တန် တစ်ရွက်တွေ့လို့
    အမှိုက်ခြင်းထဲ ပစ်ထည့်ခဲ့တယ်

    ကြောင်ရဲအော်

    ReplyDelete
  22. ဟိုတယ်က သမ္မတနဲ့ ဟိုဘက်လမ်းဒီဘက်လမ်းပါ

    ReplyDelete
  23. တလုပ်စားဖူး သူ့ကျေးဇူးပေါ့လေ။ ဟဲဟဲဟဲ။

    ReplyDelete
  24. (အပြင်သိ)June 1, 2009 at 12:58 PM

    ဦးတက်ခါး
    သရက်သီး ဝေတယ်
    ပြည်သူတွေ ဗိုက်နာကြ ပါစေ

    ReplyDelete
  25. မီးမီးချစ်June 1, 2009 at 1:06 PM

    စားသာစား သွားသာသွား မမ.. အရွယ် ရှိတုန်း

    ReplyDelete
  26. မမရန်ကုန်ရောက်နေတာ နားခိုရာ ဘလော့မှာ ဖတ်လိုက်ရတယ်။ ဘလော့ဂါ ထိပ်သီး အစည်းအဝေး အကြောင်း ရေးဦးမှာလား။

    ReplyDelete
  27. ရန်ကုန်စာတွေစွတ်စက်စားမနေနဲ့ဦးဗျ... မိုးတွင်းကြီးဗွက်ကပေါပါဘိသနဲ့။

    ReplyDelete
  28. နေပါအုန်း ဆိုင်နံမယ်မေ့သွားပြီ။ နံပါတ်တွေနဲ့ လေ ဟိဟိ။ လင်းလဲ ရောက်ခဲ့ သည်။ အင်း ဘယ်လောက်ကျလဲတော့ မပြောတော့ပါဘူး။
    ထင်တော့ထင်ပါတယ် အဲဒိညက ဓါတ်ပုံ တဖျတ်ဖျတ်ရိုက်နေတာ မမကွမ်လို့ တော့

    လင်းထုံ

    ReplyDelete
  29. အဲဒီဟိုတယ်က ကျော်ရဲအောင်ဆို၇င်တော့ ဘယ်သူလဲဆိုတာသိလိုက်ပြီ...
    မမ... မွေးမေလေ့လို့ အော်နဲ့ နော်...:)))

    ReplyDelete
  30. ရေးတော့လည်း ဖတ်ရပါတယ်.. အလွမ်းပြေ ကျေးဇူးတွေချည်း တင်နေရပါတယ်..

    ReplyDelete
  31. ခင်မောင်ထူး
    ပြေတီဦး
    ကျော်ရဲအောင်...
    (နောက် ဘယ်သူတွေကျန်သေးလဲ မသိ)
    ခေတ်ဟောင်း အဆိုတော် သို့မဟုတ် ရုပ်ရှင်မင်းသမီးကြီး တစ်လက်များလား။
    ဦးဝင်းငြိမ်းတို့ မြတ်ခိုင်တို့တွေလဲ ပါတယ်။
    စာနယ်ဇင်းလောကက များလား။
    ယုဇနဦးဋ္ဌေးမြင့်လဲ ပါခဲ့သေးတယ်။
    --- လောကက ပုဂ္ဂိုလ်ကြီးကြီးတစ်ယောက်များလား။

    မခင်ဦးမေ ဘယ်သူလဲ?

    ReplyDelete
  32. မမ...
    ရေးသာရေးပါ...
    မမ ရေးသမျှ ဖတ်မည်...
    မမ နေကောင်းပါစေ...

    ReplyDelete
  33. မမ KOM က ဂျူလီယာ ရောဘတ်ပါ။
    (Taungoo မေးတာ ဖြေပေးလိုက်တယ်)

    ReplyDelete
  34. မမခင်ဥမင်က ဂျူလီယာယောဗတ်ထက် လှမှာဘာ ...
    ဟုတ်တယ်မှတ်လားငှင် ....

    မမ ဘိုက်ဘာလို့အောင့်တာလဲ။ ဟိုတခါပြတဲ့ ဆေးစာရွက်နဲ့များ ဆိုင်သလား။ မသိလို့ မေးတာနော် ... ဆေးဗဟုသုတ အားနည်းလို့ပါ မမရယ်။ ကြုံမှ ဒေါက်တိုကြီးဦးစတိ ဆီသွားပြီး နည်းယူရအုံးမယ်။

    မမ နေကောင်းသက်သာပြီး ရန်ကုန်ဇာတ်လမ်းတွဲ အပိုင်းများများ တရုတ်ကား ကိုးရီးယားကားကဲ့သို့ ရှည်နိုင်သမျှ ရှည်ရှည် ရေးနိုင်ပါစေ ......

    ReplyDelete
  35. ရိုးတယ်လို့မထင်ပါနဲ့ age က ခွင့်မြ့ပုတော့လ.ို

    ဒါလေး သဘောအကျဆုံး ပဲ...
    ဒါနဲ့  လေအောင့်တာ သက်သာ ပြီလား

    ReplyDelete
  36. မမရေ ကျန်းမာရေးဂရုစိုက်ပါဗျာ...။
    စောင့်မျှော်ဖတ်ရှုနေပါတယ်.....။

    ReplyDelete
  37. သရက်သီး စားချင်တယ်။

    ReplyDelete
  38. ဟုတ်တယ် မမရေ
    မိန်းကလေးပဲ စောစောပြန်နေကျ .. ပဲပြုတ်သယ်နဲ့ အတူ :D

    ReplyDelete