Sunday, July 26, 2009

Analysis

မစန္ဒာဝတ္ထုတွေ ထဲမှာ မှတ်မိနေတာ

(ငယ်သူမို့ မသိပါ) တက္ကသိုသ် ကျောင်းသူက ဆယ်တန်းလောက်ယောင်ဆောင်ပြီး. ဘရုတ်ကျတာ။ ဟို လူ က တော့ အဟုတ်ကြီး မှတ်ပြီးသနားလိုက်ရတာ။ အဲဒါကို တော်တော်လေးကြိုက်တယ်။

နောက်.ဝထ္လ္ဘူတိုတွေထဲက ဆိုရင်..ကိုကိုညီညီ ပါတဲ့ဇတ်လမ်းအချို့. ကိုကို က ပျော့ညံတယ်။ ညီက ပြတ်သား တယ်။ အဲဒီတစ်ချို့။

နောက်အတိုတပုဒ်က. ကောင်မလေး ကတွေးတာ သူ့ရည်းစားနဲ့ သူ လိုက်အိပ်ဘူးတယ် ထင်ပါတယ်။ ပိုက်ဆံနဲ့များတွက်ယူလိုက်ရရင် မနည်းဘူး ဆိုပြီး တွေးမိတဲ့အကွက်..

အရိပ်ထင်ပါရဲ့... အတော်ကြိုက်ခဲ့တယ်။ ညီ က လေဆိပ်မှာ ကောင်မလေး ကို အတင်းကြုန်းပြီး ပြန်လာခဲ့ပါလို့အော်တဲ့ အခန်း.. ကောင်မလေး က လက်ထဲက ပစ္စညိးလေးတွေ ပြုတ်ကျတဲ့အခန်း ။ မျက်ရည်တွေ ဝိုင်းလာတဲ့အခန်း.. အတော်ထိခိုက်တယ်။ သူ..ကလေးဖျက်ချလိုက်တယ်လို့ ကားထဲကနေ ညီ့ကို မထီသလို အိုက်တင်နဲ့ ပြောတဲ့အခန်း..၊ ညီ က ရက်စက်လိုက်တာဗျာ လို့ပြောတဲ့အခန်း အဲဒီအခန်းတွေ ဟာ ရုပ်ရှင်ရိုက်လို့ ဘယ်လို မှ မမှီတဲ့ အခန်းတွေ ပေါ့။ စာဖတ်ရင်းနဲ့ အရမ်းခံစားရတယ။် ကောင်မလေး ကားတစ်စီးနဲ့ လေ တဲ့အခန်း. သဘောကျလို့ ကိုယ်လဲ လေခဲ့ဘူးတယ်။ ကိုယ် ကလေးများ ရခဲ့ရင်ကိုကိုညီညီတို့ အဲသလိုနာမည်ပေးချင်တယ်လို့လဲ စဉ်းစားခဲ့ဘူးတယ်။

ကန်ထရိုက်တိုက် ခြောက်ထပ်လွာ က လူတွေ အကြောင်းလဲကြိုက်တယ။် အဲဒီလူကြီး သားသမီးတွေ နိုင်ငံခြားမှာနေပြီး မေတ္တာ ငတ်မွတ်နေပြီး နောက်ဆုံးတိုက်က လူတွေ ကိုဘဲ ချစ်ခင်နေရတဲ့ဇာတ်။ မိဘတွေ ဖြတ်ကနဲ ကားတိုကိလို့ ရုတ်တရက်ကြီး. မိဘမဲ့ဖြစ်သွားတဲ့ ကလေးတွေဇာတ်.၊ ကန်ထရိုက်ပေါ်ကနေ ငလျင်လှုပ်လို့ဆင်းပြေးကြတာတွေ၊. နောက်တစ်ခေါက် လှုပ်ဦး မယ်ထင်လို့ဆင်းနေကြတာတွေ..သတိရတယ်။

ဂျီဟောသူကိုလည်း အတော်ကြိုက်တယ် ။၊ ပြောသလိုဘဲ ဘရုတ်ကျတဲ့ကောင်တွေ ကိုသဘောကျတယ။် သူ့ခမျှာ ဒသာဂီရိကိုတော့အသေ ကြောက်ရှာတယ်။ ခဏခဏ ဖတ်ဖြစ်တယ။်

တစ်အုပ်မှ မလွတ်ခဲ့ဘူးထင်တယ်။ ထပ်ခါတလဲလဲဖတ်ဖြစ်တယ်။ နောက်ပိုင်းသူ မရေးတာ အရမ်းနမျောတာဘဲ။ အတိုကလေးတွေ တော့ ကြိုကြား ကြိုကြားရေးဖြစ်သေးတာ တွေ့ရတယ်။

မိုးမိုးအင်းယား။ ကိုကြိုက်တော့ကြိုက်ပေမဲ့သိတ်မွန်းကျပ်လွန်းတယ်။ ဖတ်ပြီးရင် အဖြေမရထွက်ပေါက်မရှိ. စိတ်ငြစ်တယ။် မစန္ဒာကတော့ပေါ့ပေါ့ပါးပါး ၊ ကိုယ်နဲ့ ကိုက်တယ်။ အရမ်းသဘောကျခဲ့တယ။်

တစ်ချို့ တွေ က အဲဒီခြောက်ထပ်တိုက်ဇတ်လမ်းက အစိုးရ အကျိုးပြူဇတ်လမ်းကြီး. အမေကျော် ဒွေးတော်လွန်းတဲ့ သူတွေ ကို မှားတယ်ဆိုတာ ထောက်ခံထားတယ်ဆိုပြီး ပြောကြသေးတယ်။

ဝတ္ထု တိုများ လဲဖတ်တာပါဘဲ။ တစ်ချို့မဖတ်လိုက်ရတာတွေ မြန်မာဆိုင်ကနေ ဝယ်ဖတ်၊ ငှားဖတ်တယ်။ အခုဘလော့လုပ်တော့ စာဖတ်တာ တအားပျက်သွားတယ်။ စာအုပ်ကိုမဖတ်ဖြစ်တော့ဘဲ ဘလော့ဘဲဖတ်နေဖြစ်တယ်။ ဖတ်ချင်လို့ဖတ်တာရယ် .... ..ဖတ်ရတာရယ်။ ... ... စိုးလို့ဖတ်ရတာနဲ့ ချာလပတ်လည်နေလေရဲ့၊ ဘလော့ဆိုတာ ကို မစဖြစ်ခဲ့ရင်ကောင်းမယ်လို့တွေးမိတာ အခါခါ..၊ သုနင်းဆီလို စည်းလေး ကမ်းလေးနဲ့နေမှသာလျင် ဘလော့မှာ အသက်ရှည်နေနိုင်မှာဘ၊ဲ ကိုယ့်လိုသာ ဆိုရင်ကြာရင် ခက်ရချည်ရဲ့။။

ဝတ္ထုတိုများထဲမှာ... ပိုက်ဆံရှာတာတော်တဲ့ အန်တီကြီးက သူ့ကိုအန်တီ ခေါ်ရင် မကြိုက။် နာမည်ကို ရင် နဲ့တောင် မပေါင်းဘူး ။ ယ ပလက်ကနဲ့မှ ယဉ်ချင်တဲ့သူ.၊ မြေးတွေ က တောင်. နာမည်ခေါ်ရင် ပိုကြိက်တယ် ဆိုတဲတစ်ယောက်..ပိုက်ဆံရှာတာသဘောကျတယ။် မြေတွေ ဝယ်ထားပြီးချမ်းသာလာတာ. ရွေတွေ စုလွန်းလို့မိတ်ဆွေ များက ပြောကြတာ ကိုကိုရေ..ဒါလေး သင့်တယ်။ ဝယ်ထားလိုက်ရင် မမှားဘူး ဆိုပြီးဝယ်ထားတာတွေ ..သှူုသမီးတွေ သူ့ကို မမှီလို့ အားမလိုအားမရဖြစ်တာတွေ.. သဘောကျတယ်။

နှိုငံခြားသား နဲ့ မယူစေချင်တဲ့ အမေနဲ့ ယူစေချင်တဲ့ အမေ နစ်ယောက်ကိုလည်း တွေ့ဘူးခဲ့သေးတယ်။ သူ့ဝတ္ထုတွေ ထဲကကနေ.။ အမေ သဘောတူပါ့မလားလို့ သမီးက မေးတဲ့အခါ. တူတာပေါ့အေ. တူလွန်းလို့ တတူတူနဲ တောင်ရင်ဘတ်ထဲက နေ မြည်နေသေးလို့စိတ်ထဲကနေ သူတွေးမိတဲ့အခန်းတွေ..သတိရတယ်။။

မှတ်ချက်
Boyz က မစန္ဒာ စာအုပ်တွေ ပင်လယ်ထဲမှာဖတ်နေတယ်ဆိုတာကနေ အတွေးရပြီး ဆက်ရေးပါတယ်။ လက်တန်းချ ရေးတာဖြစ်လို့ စာရေးသူနဲ့ ဇာတ်လမ်းတွေ မှားခဲ့ရင်လဲ ခွင့်လွတ်စေချင်ပါတယ်။ စာအုပ်ထပ်ရှာတာမှာ Pauk ကကူညီပြီး. (http://sagarwarmyae.22web.net/?p=63#more-63) တစ်ခါမှ မမြင်ဘူးတဲ့ ANNNY ကလဲ ဝိုင်းပြီးအဖြေရှာပေးတာကို ကျေးဇူးတင်ပါတယ။် ရုတ်တရက် ပေါါ်လာတာမှာ အံသြမိတယ်။ တစ်ကယ်ဘဲ အစစ်ဘဲလား. ကိုယ်တွေ ထဲက နစ်ဘဲလား မသဲကွဲမိဘူး. နစ်ဆိုလဲ / အစစ်ဆိုလဲ ဝမ်းသာတာပါဘဲ။

46 comments:

  1. ညီမလည်းမစန္ဒာဝတ္ထုတွေကြိုက်တယ်

    ReplyDelete
  2. ဟင်...သူများနဲ့ ဘာဆိုင်တုန်း..
    mm

    ReplyDelete
  3. အင်းးမမကြောင့်...အီးဘွတ် တွေ လိုက်ဖတ်မိတယ်..
    လမင်းမိုမိုတွေရော..
    (သူ့ဇာတ်ကောင်တွေ လိုက်ဖတ်ပြီးး ပျော်နေတယ်.
    ကြွေကြွေစစ်တို့..ကြိမ်ကြိမ်စစ်...


    Xထုံ

    ReplyDelete
  4. မစန္ဒာဝတ္ထုထဲမှာ အရိပ်လည်း ကြိုက်တယ်
    စု ကို သောက်မြင်လည်း ကတ်တယ် သနားလည်း သနားတယ်။ အပြင်မှာ တွေ့ရင်တော့ သောက်မြင်ကတ်တာ ပိုများမယ် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ကွယ်မှာ ဘာတွေဖြစ်နေလဲဆိုတာ ၀တ္ထုမှာက မြင်နေရလို့
    အပြင်မှာက အဲဒါတွေ မသိတော့ သူဆိုးတာတွေကို မြင်မိပြီး နားရင်းပဲ အုပ်မိမလားပဲ။

    ကန်ထရိုက်တိုက် ၀တ္ထုက ဘ၀အိပ်မက် ပန်းအိပ်မက်။ ရုပ်ရှင်ကို ကျော်ဟိန်းနဲ့ ရိုက်ထားတာရှိတယ်။ အရိုင်းတို့ ခင်လေးဆွေတို့လည်း ပါတယ်။
    ညီဂျော်နဲ့ ဂျော်လီဆွေလည်း ပါတယ်။

    ReplyDelete
  5. ဘ၀အိပ်မက် ပန်းအိပ်မက်က အမျိုးသားစာပေဆုရ တဲ့ ၀တ္ထုပါပဲ။ အတော်လေးကို ကောင်းတဲ့စာအုပ်ပါ။

    ဒါနဲ့ ဆဌဂံ လည်း ကောင်းတယ်။
    ကွက်လပ်ဖြည့်ပါ လည်း ကောင်းတယ်။
    ပန်းစကား လည်း ကောင်းတယ်။

    ReplyDelete
  6. ဘဝအိပ်မက် ပန်းအိပ်မက်၊ ကွပ်လပ်ကလေးဖြည့်ပေးပါ၊ အရိပ်၊ ဆဌဂံ တို့ကို တော်တော်ကြိုက်တယ်။ ဆရာမနဲ့ သိပ်တွေ့ချင်တာပဲ။ သူရေးတာ လူသားဆန်လို့။

    ReplyDelete
  7. တစ်ယောက်မှမဖတ်ဖူးဘူး
    ဝမ်းနည်းစရာပဲ
    စာဖတ်အားနည်းတာနေပါလိမ့်မယ်

    ReplyDelete
  8. စိတ်ထဲမှာ မှတ်မှတ်ရရ ကျန်နေတာတော့ ဂျီဟောသူပဲ... ကျန်တာတွေတော့ သိပ် မမှတ်မိတော့ဘူး...

    ReplyDelete
  9. ဂျီဟောသူတော့ ရုပ်ရှင်ကြည့်ဖူးတယ်...

    အရပ်အရှည်ကြီး "ချွန်စက်" နဲ့ အပုလေး "ချစ်စရာ" တို့ကို မျက်စိထဲက မထွက်သေးဘူး...

    (စကားမစပ် တို့အမကြီး စိမ်းကားနေတယ်နော်)

းဝ)

    ReplyDelete
  10. မစန္ဒာ ကို ၀တ္ထုအနေနဲ့ တော့မဖတ်ခဲ့ဖူးဘူး။ ရုပ်ရှင်တွေပြန်ရိုက်ထားတာမျိုးတော့ကြည့်ဖူးတယ်။ ကွက်လပ်ကလေး ဖြည့်ပေးပါ ဆိုရင် ကိုယ့်လိုခပ်ဆင်ဆင်ပါပဲ။ ဘ၀သရုပ်ဖေါ်ဝတ္ထုတွေဆိုတာက လူတွေထဲမှာ ဖြစ်လေ့ရှိနေတာကိုပဲ မီးမောင်းထိုးသွားတာဆိုတော့ လူအတော်များများနဲ့ တိုက်ဆိုင်လေ့ရှိလို့ နှစ်သက်ကြတယ်။ အခုနောက်ပိုင်းတော့ ၀တ္ထုတွေ မဖတ်ဖြစ်တော့တာ ကြာလှပါပြီ။ ဘလော့ဖတ်ရတာလောက် up to date မဖြစ်တော့ဘူးလေ။ ဆရာကြီး ဦးသုခ ရဲ့ ဝတ္ထတွေဆိုရင်တော့ ပြန်တွေ့ ရင်ဖတ်မဦးမှာ။ ဆရာမြသန်းတင့်ရဲ့ ဝတ္ထုတိုလေးတွေတော့ ကောင်းရင်ဘလော့ဂ်ပေါ်တင်မယ်ဆိုပြီးဖတ်လေ့ရှိပါတယ်။

    ReplyDelete
  11. ငယ်သူမို့ မသိပါ

    ReplyDelete
  12. ဂျီဟော်သူပဲ မှတ်မိတယ် ကျန်တာတွေ မမှတ်မိဘူး၊ မမ လက်တန်း ချရေးတာ တော်လိုက်တာ

    ReplyDelete
  13. မင်းသိင်္ခ၊ တာရာမင်းဝေ၊ မင်းခိုက်စိုးစံ၊ နီကိုရဲ၊ မောင်လှမျိုး(ချင်းချောင်းခြံ)၊ မစန္ဒာ၊ လွန်းထားထား၊ လရောင်ချို၊ ပုညခင် တို့ကို ကြိုက်ပါသည်။

    ReplyDelete
  14. မခင်ဦးမေရေ ဆဌဂံလည်း ကောင်းတယ်။ မဖတ်ရသေးရင် ဖတ်ကြည့်ပါ။ ပုံရိပ်လည်း မစန္ဒာရဲ့ စာအုပ်တွေ အတော်များများ ဖတ်တယ်။

    ReplyDelete
  15. သေသေချာချာ မဖတ်ဖူးဘူး။ ဂျီဟောသူ ပန်းစကား လောက်ပဲ ဖတ်ဖူးတယ်။ -- ကတော့ မစန္ဒာ ဝတ္ထု သိပ်ကြိုက်တယ် ပြောတယ်။ :P

    ကန်ထရိုက်တိုက် ဝတ္ထုဆိုလို့ နုနုရည်(အင်းဝ)ရဲ့ မြစိမ်းပြာ ကမာရွတ်ကို သတိရသွားတယ်။

    ReplyDelete
  16. ငယ်သူမို့မသိပါက ပထမဆုံးရေးတာတဲ့၊ ကြိုက်တယ်။။ ကလေးဇာတ်လမ်းပေါ့.. ခုတော့ နောက်ဆက်တွဲတွေ အတွေးခေါင်တတ်နေပြီ

    မိုးမိုး(အင်းလျား)က ဝတ္ထုတိုတွေ ညစ်တယ်၊ မှတပါး အခြားမရှိပြီတို့ ဘာတို့.. ပျော်စရာတွေလဲ ရှိပါတယ်၊ နည်းနည်းရှည်တာတွေ.. ဖျာလိတ်နတ်ခေါ်တာတို့ ဘာတို့

    ebook တွေ ရှိလာတာ ကောင်းတယ်...;)

    ReplyDelete
  17. မစန္ဒာရဲ့ ၀တ္ထုအတို အရှည် အားလုံးလိုလို အရမ်းကြိုက်ခဲ့တာ မမ။ ဆရာမ မှာ ဘ၀ကို ခေတ်ကို သရော်သလို ကြည့်တတ်တဲ့ သူ့အမြင်ကလေးတွေကို သူ့ဝတ္ထုတိုလေးတွေမှာ ပိုပြီး ဖျတ်ကနဲ ဖျတ်ကနဲ တွေ့ရတတ်တယ်။
    လေးစားအားကျရတဲ့ ဆရာမတွေထဲမှာ ဆရာမ မိုးမိုး(အင်းလျား) နဲ့ ဆရာမ မစန္ဒာ တို့က ထိပ်ဆုံးက ပါခဲ့တာပါ။

    ReplyDelete
  18. တို့အမက စာကြေလိုက်တာနော်..ဟဲဟဲ။
    ဘလော့ဂ်လည်း ဖြေးဖြေးလုပ်ပါ.. တို့အမမှာ ပြောစရာတွေ အများကြီးရှိတာပဲ.. နား နားပြီး ပြောပေါ့..အများကြီးရေးတော့ မဖတ်နိုင်သေးတာတွေ အခုမှ စုဖတ်နေရတာပေါ့။

    အဲ.. မစန္ဒာကို ကြိုက်ပါသည်။ စာတို စာရှည်များ အားလုံးနီးပါးကို။

    ReplyDelete
  19. မစန္ဒာ ကြိုက်သည်


    ဝတ္ထုတိုများ (၃) နဲ့ (၄) ကို ပိုကြိုက်သည်း)



    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  20.ှဆယ်တန်းအောင် မဟုတ်ဘူးထင်တယ်။ ကျောင်းထွက်လိုက်ရတဲ့ စစ်ကိုင်းက မုန့်ဟင်းခါးသည်လေးဟုတ်။
    သော်တာဆွေရဲ့ အညွှန်းကို အမြဲဖတ်မိတယ်။

    အမာညိုရဲ့ သရုပ်ကို ပိုချစ်တယ် ကလေးပျက်ကျတဲ့အခန်းလေ။

    ဘ၀အိပ်မက်ပန်းအိပ်မက်တော့ ခြင်ရိုက်တဲ့အခန်းကြိုက်တယ်။ လူသားပိုဆန်လို့
    ကလေးကောက်ရတဲ့အခန်းလည်း သနားစရာပါ
    ဘေးကပြောတာလည်း တကယ်သဘာဝကျတယ်လေ

    ပြောရင်ကုန်ပါ့မလား

    မိုးမိုးအင်းလျား မဖတ်ဘူး မစန္ဒာပဲဖတ်တယ်ဆိုတဲ့ ခြင်္သေ့ကြီးကိုသွားသတိရတယ်။ အခုအချိန်လောက်ဆို ခလောခလူးနေမှာ နိုးပါစေဗျာ

    ReplyDelete
  21. ကျွန်တော်မှားသွားတယ်။ မမ ကိုဟိုတုန်းက ပေါ့ပေါ့နေ ပေါ့ပေါ့စား ခပ်ထူထူထဲကလို့ထင်ခဲ့မိတယ်။ အထူးသဖြင့် ဘလော့တွေမှာထားခဲ့တဲ့ comments တွေကိုကြည့်ပြီးတော့ပေါ့။

    ဒါပေမဲ့ ဒီတခါတင်တဲ့ Review ဆန်ဆန် blog post ကို ဖတ်လိုက်ရတော့ မမ ကခေသူမဟုတ်ဘူးလို့သိလိုက်ရတယ်။ စာလဲတော်တော်ဖတ် နိုင်တယ်။ မှတ်ဉဏ်လဲကောင်းတယ်ဆိုတာသိသာနေတယ်။ အချိန်ပေးပြီး စာရေးမယ်ဆိုရင် မမိုးချိုသင်းတောင် အံ့ဩယူရမဲ့ပုံပါပဲ။ မမအတွက် ဂုဏ်ယူပါတယ်။

    လေးစားစွာဖြင့်

    ReplyDelete
  22. လူမုန်းJuly 27, 2009 at 6:11 AM

    မိုးထစ်ချူန်းရွာမည်။

    ရွာရန် ရာနှုန်းပြည့်ဖြစ်ပါသည်....။

    (စတိ လူလိုပြော၍ဖြစ်လေသည်)

    ReplyDelete
  23. မစန္ဒာပရိသတ်ပါ

    ReplyDelete
  24. မေ့လို့ တိမ်ဖုံးပါလို့လမသာဆိုတာကော မမေ့နိုင်လောက်ဖူးထင်ပါရဲ့ ကိုကိုညီညီအပြင် ဟိုဒင်းလေ

    ReplyDelete
  25. သိပ်ကြိုက်လို့ ဂဒီးဂဒီး လာဖတ်တယ်ဆိုလား

    ReplyDelete
  26. 27 Jul 09, 09:03 AM
    myo: မစန္ဒာရဲ့ ကွက်လပ်ကလေးဖြည့်ပေးပါ ကိုဖတ်ရင် ဖတ်တိုင်းငိုရတယ်.. ဂျာနယ်ကျော်မမလေးရဲ့ သွေး လိုပဲ

    27 Jul 09, 09:03 AM
    kom: မစန္ဒာရဲ့ ကွက်လပ်ကလေးဖြည့်ပေးပါ က မောင်နစ်မနစ်ယောက် မောင်လေးဆုံးသွားတာလား သစ်ပင်ပေါ်က ပြုတ်ကျ။

    27 Jul 09, 09:04 AM
    myo: အင်း ဆုံးသွားတယ်

    ReplyDelete
  27. ရုတ်တရက်ပေါ်လာတာမဟုတ်ပါဘူး မမရဲ့ မမစီဘောက်စ်မှာ မေးတာတွေ့တော့ မနေနိုင်လို့ ၀င်ပြောလိုက်တာ။ အသိအမှတ်ပြုတာကျေးဇူး။ စာအုပ်တွေအကြောင်းကတော့ ပြောရရင်ပြောမကုန်ပဲ။ မမ ပြောချင်၊သိချင်ရင် မြန်မာကျုးပစ်ဖိုရမ်ကိုလာခဲ့ပါလား။ အဲဒီမှာ စာအုပ်တွေအကြောင်း ပေါ့ပေါ့ပါးပါး ပြောပြီးဆွေးနွေးကြတာ ရေလည်မိုက်တယ်။ အကုန်လုံးကစာဖတ်နာ တဲ့သူတွေချည်းပဲဆိုတော့ တယောက်နဲ့တယောက် ဖလှယ်လို့ရတာပေါ့ :)

    ReplyDelete
  28. အားလုံးကဖတ်ဖူးနေသလိုဘဲ... ငယ်ငယ်တုန်းကတွေ့သမျှစာအုပ်တွေ အမေ မသိအောင်ခိုးဖတ်ခဲ့ရတော့... နာမည်နဲ့တွဲပြီးမမှတ်မိဘူး. ... ဘဝအိပ်မက်ပန်းအိမ်မက်တခုဘဲကောင်းကောင်းမှတ်မိတယ်...

    ReplyDelete
  29. အကြိုက်ချင်းတွေတူနေပြီ မ ရေ...မစန္ဒာကို မစန္ဒာ မိုလို့ လဲ ကြိုက်တယ် ပြီးတော့ ကျောင်းသံယောဇဉ်ထပ်လောင်းလိုက်တော့ အကြိုက်ဆုံးတွေထဲက တယောက်ပေါ့...

    ReplyDelete
  30. မစန္ဒာ ၀တ္တုတွေကို ... မြန်မာပြည်မှာတုန်းက မဖတ်ဖူးဘူး....သိပ်လဲ မတွေ့ဖူးဘူး.... ဒီရောက်တော့ E book တွေပဲ ဖတ်စရာရှိလို့ ဖတ်ရင်းနဲ့မှာ မစန္ဒာတော်တော်များများ ကိုဖတ်ဖူးလိုက်တယ်...။ တော်တော်လေးကို ကြိုက်နှစ်သက်မိတယ်...အဲ့လို မြန်မာပြည်မှာတုန်းက မဖတ်ဖူးပဲနဲ့... ဒီရောက်မှာ E book ကနေ ဖတ်ဖူးလိုက်တဲ့ စာရေးဆရာမကောင်း တွေအများကြီးပဲ...

    ReplyDelete
  31. bravo! မမ။
    စတိကို လူလိုပြောလာအောင် ရေးလိုက်နိုင်တဲ့ အတွက်

    ReplyDelete
  32. ငှက်ကလေးJuly 27, 2009 at 2:30 PM

    ဟားးးး မမကွန်ပြောတာတွေ အကုန်လုံး ညီမဖတ်ဖူးတယ် ဟိဟိ နောက်မှအဲဒီလင့်ခ်နဲ့ ရှာကြည့်ဦးမယ် အခုတော့ လင့်ခ် ယူသွားပြီ ဗျိုးးးးး

    ဘိုင်

    ReplyDelete
  33. မစန်ဒါ နဲ့ပက်သက်ပြီး မမရွှန်းမီးပြောသလိုပါပဲ။
    မိုးမိုးအင်းလျားတော့ အတိုကလေးတွေ တစ်ပုဒ်လား ၂ပုဒ်လား ဖတ်ဖြစ်သည်။
    အပေါ်ကလူတွေကို အားကျသား သူတို့လည်း တော်တော်ပြန်ပြောနိုင်တယ်။

    ReplyDelete
  34. review တွေ ရေးကြတာ ဖတ်ပြီးရင် အားကျပြီး ကိုယ်ပါ ရေးချင်လာမိတယ်။

    ပိုက်ဆံနဲ့ တွက်ယူလိုက်ရရင် .. ဆိုတာ ဖတ်ဖူးတယ်။ ကျွန်မလဲ မမလိုပဲ သူ့ကပ်သီးကပ်သတ်အတွေးကို အံ့သြသဘောကျမိတာ။

    မိုးမိုး အင်လျားနဲ့ မစန္ဒာကို မမ ယှဉ်ပြောထားတာ မိုက်တယ်။ ဟုတ်တယ်။ မမ တကယ်ကို sensible ပဲ။ (မော်ဒန်တွေကို အစက ကြိုက်ခဲ့ပြီး နောက်ပိုင်း စိတ်ကုန်လာတာ အဲဒါကြောင့်ပဲ။ သူတို့က ပြဿနာပဲ တင်ပြတယ်။ အဖြေ မပေးဘူး။ ဒီတော့ အလုပ်မဖြစ်ဘူး။)

    အကြိုက်ဆုံးကတော့ အရိပ် ပါ။
    စု ကို တော်တော် ခံစားရတယ်။

    ပြီးတော့ ညီလင်းညိုနဲ့ သူ့ဖေဖေ အလုပ်ကိစ္စနဲ့ ပညာရေး ပြဿနာကို အခြေအတင် ပြောကြတဲ့ အခန်း။ ကျွတ်စ် အထွတ်အထိပ်စကားပြောခန်းပဲ။

    "လူဆိုတာ ကိုယ်စိုက်ပျိုးခဲ့တာကို ကိုယ်ရိတ်သိမ်းရတယ်ကွ" တဲ့ အဖေက ဆိုတော့ "ကျွန်တော် စိုက်ပျိုးခဲ့တာ ကျောင်းက လက်တွေ့ခန်းတွေ ဓါတ်ခွဲခန်းတွေထဲမှာ ဖေဖေရဲ့။ အဲဒါတွေကို ရုံးက လက်နှိပ်စက်နဲ့ စာရွက်စာတမ်းတွေကြားမှာ ရိတ်သိမ်းရမှာလား" လို့ ပြန်ပြောပြီး လေးဘီးမောင်းတဲ့ ညီလင်းညိုကို ဘယ်လို သဘောကျမှန်းမသိ။

    (ကိုယ်လဲ ကြေးအိုးဆိုင်ဖွင့် ရောင်းခဲ့မိရင်ကောင်းသား။)

    အဲဒီ dialogue တွေ ရုပ်ရှင်မှာ ချန်ပစ်ခဲ့ရတယ် ပြောတယ်။ နှမြောစရာ။

    ထွန်း (စုရဲ့ အမေကွဲမောင်ကလေး) နဲ့ စုရဲ့ အကြောင်းလေးတွေလဲ ထိခိုက်မိတာပဲ။

    အဲဒီဇာတ်ကွက်လေးကိုတော့ ရုပ်ရှင်မှာလဲ ကြိုက်မိပါတယ်။ ကလေးလေးက ကားလေးလား ဘောလုံးလေးလားမသိ ဆော့ရင်း စုဆီ ရောက်သွားတော့ သွားမကောက်ရဲ ဖြစ်နေတာ .. စုက အသာလေး တွန်းရွှေ့ ပေးလိုက်တာ။

    ခုပြန်တွေးရင် ခုစိတ်မကောင်းဖြစ်မိတယ်။

    တော်မှ တော်မှ..

    ReplyDelete
  35. ဘ၀အိပ်မက်က စမ်းချောင်းက၂ထပ်တိုက် လေးခန်းပါ။
    အပျိုကြီး သားအမိ၊ လူပျိုကြီး သားအဖ၊ ကလေးမိသားစုနဲ့ ဦးဘပွား၇ယ်နေတာပါ။

    အဘိုးကြီး၂ ယောက်ရှိလေသည်လဲ ကောင်းပါတယ်။ နေမကောင်းတဲ့ အဘိုးကြီး လူမမာကြီးကို သူ့သမီးဆေးဝယ်ပေးတဲ့ ပိုက်ဆံက ပိုက်ဆံရှိအဘိုးကြီးဆီက ဖြစ်နေမှန်းသိတော့ မသောက်ချင်တာ။ ပိုက်ဆံရှိအဘိုးကြီးကတော့ သားသမီး တွေကို စိတ်ထဲကနေ သဖန်းပင်ဆိုတာ အိုလေ သီးလေလို့ ကျိတ်ပြောတာ။

    အင်းလျားလိပ်ဆိုတဲ့ တူကြီးနဲ့ခေါက်ခံရတာ။ မင်္ဂလာဆောင် တူးသွားလို့တော်ရေ။

    ရွှေဖလားနဲ့ ကြက်သားကိုင် ထဲက မောင်မောင်ကျော် နဲ့အိခင်တို့ကိုလဲ သတိရပါတယ်။

    အခုတော့ ဆရာကြီး မောင်ထင်ရေးတဲ့ စာလေးတကြောင်းကို အမှတ်ရနေပါတယ်။ အေးလွန်းရွေ့ ကွေးရာမှ ဆန့်သွားသူများလည်း မရှားပေ။ (သိပ်မတိကျပါ)။ ရန်ကုန်မှာတော့ တုပ်ကွေးတွေ ဖြစ်နေသတဲ့။

    ညည

    ReplyDelete
  36. မစန္ဒာကိုတော့ နာမည်ကြီးပေမဲ့ အဲဒီအချိန်တုံးက
    ငြိမ်းကျော်၊မောင်ဝဏ၊ချစ်ဦးညိုတို့ နဲ့ နဘမ်းလုံးနေမိလို့ 
    မဖတ်ဖြပ်ခဲ့ ပါ။အခုအချိန်မှာ ကိုယ်ကဘယ်ပဲရေးရေး
    တစ်ချိန်ကရင်ထဲကစာရေးဆရာတွေရဲ့ အရိပ်သြဇာတွေ
    တော့ သက်ရောက်နေစမြဲပါပဲ။စာဖတ်နာခဲ့ သူတစ်ယောက်အနေနဲ့ ရေးအားကတော့ အမြဲကောင်းနေမှာပါ။အားပေးနေပါတယ်ဗျာ။

    ReplyDelete
  37. အင်း အမှန်တော့ ပို့စ်ကနှစ်ခုပါ မမကွမ်ရေးတဲ့ပို့စ်က တစ်ခု ကောမန့်တွေကလည်း ပို့စ်တစ်ခုလိုပဲ ... မစန္ဒာဝတ္ထုတွေကိုကြိုက်တဲ့ ဒီစာဖတ်သူတွေဟာ အခုဆိုအနဲဆုံး အသက်၂၇ ၂၈ကနေ ဒီထက်ကြီးတဲ့အပိုင်းထဲကဖြစ်မယ်နဲ့တူတယ်
    ကလေးလေးတွေက မစန္ဒာကိုသိတော့မယ် မထင်ဘူး

    ReplyDelete
  38. မစန္ဒာဝတ္ထုထဲက စု ကို စိတ်ကူးယဉ်ပြီးအပြင်မှာလဲ စု ပါတဲ့သူတွေကိုစိတ်ဝင်စားမိခဲ့သေးတယ်။ မြန်မာပြည်တုန်းက မစွံပါဘူး။ ဒီရောက်မှပဲ Susan တို့ Suzie တို့ နဲ့တွေ့ပြီးမှ အငယ်တုန်းကအိမ်မက်ကမ္ဘာ ကြက်ပြောက် ငှက်ပြောက် ပြောက်ကုန်တော့တာပါပဲ။

    ReplyDelete
  39. Steve Evergreen said...
    ကျွန်တော်မှားသွားတယ်။ မမ ကိုဟိုတုန်းက ပေါ့ပေါ့နေ ပေါ့ပေါ့စား ခပ်ထူထူထဲကလို့ထင်ခဲ့မိတယ်။ အထူးသဖြင့် ဘလော့တွေမှာထားခဲ့တဲ့ comments တွေကိုကြည့်ပြီးတော့ပေါ့။ ..........

    ဒါပေမဲ့ ဒီတခါတင်တဲ့ Review ဆန်ဆန် blog post ကို ဖတ်လိုက်ရတော့ မမ ကခေသူမဟုတ်ဘူးလို့သိလိုက်ရတယ်။ စာလဲတော်တော်ဖတ် နိုင်တယ်။ မှတ်ဉဏ်လဲကောင်းတယ်ဆိုတာသိသာနေတယ်။ အချိန်ပေးပြီး စာရေးမယ်ဆိုရင် မမိုးချိုသင်းတောင် အံ့ဩယူရမဲ့ပုံပါပဲ။ မမအတွက် ဂုဏ်ယူပါတယ်။

    လေးစားစွာဖြင့်
    ----------------------
    ကို Steve Evergreen .. ဘာလို.မမကိုဒီလိုလွယ်လွယ်ထင်လိုက်တာလဲ ..ဆရာဝန်ကြီးကလည်း..ကျနော်တောင် မမရေးတဲ. post တွေရဲ. flow ကို.ဖတ်တာနဲ. ပေါ.ပေါ.မိန်းမတယောက်မဟုတ်တာသိနေလို.ရတယ်

    ReplyDelete
  40. မစန္ဒာ မင်းလူ ရွှေဥဒေါင်း ...ဂျူး ..နတ်နွယ် စာကြီးပေကြီး စာလေးပေလေး အကုန်ဖတ်တာ လောလော ဆယ်တော. ken follett ရဲ. world without end ပဲဖတ်နေရတယ် မြန်မာပြည်ပြန်မှ စာအုပ်တွေအကုန်ဝယ်ပြီး ဒီကိုပို.ထား လိုက်အုံးမယ် ..ဖြစ်နိုင်ရင်မြန်မာလိုပဲဖတ်ချင်တယ် (တိုးတက်ဦးမယ် ) ..ပိုပြီး relax ဖြစ်တယ်

    ReplyDelete
  41. i don't think its " အစိုးရ အကျိုးပြူဇတ်လမ်းကြီး.".
    i think what she meant is " brains need to get out of the drain" so that situation tears the families apart.
    just a reflection of the modern culture. moreover,we are not the only ones leaving home, ( home<> country) other developed countries also have that empty nest syndrome/problem.

    ReplyDelete
  42. မစန္ဒာထက်ကျွန်တော်ကမိုးမိုးအင်းလျားနဲ့ခင်နှင်းယုကို
    ပိုကြိုက်ပါတယ်။နုနုရည်အင်းဝရေးတဲ့ပုံစံကိုတော့
    အကြိုက်ဆုံးပါပဲ၊မောင်ဝဏ္ဏ၊မြင့်သန်း၊ဂျူး၊
    သုမောင်တို့လည်းကြိုက်တယ်။စာအုပ်နာမည်နဲ့
    စာရေးသူတွဲမမှတ်မိတတ်တဲ့အကျင့်ကြောင်းမပြောတော့
    ပါဘူး။ဆူလွယ်နပ်လွယ်တွေမပြောကြတဲ့အတွက်
    တော်ပါသေးရဲ့ဗျာ။ ။

    ReplyDelete
  43. ဝေလေးလည်း မစန္ဒာဝတ္ထုတွေကြိုက်တယ်... အိမ်မှာအများဆုံးရှိတာ မစန္ဒာစာအုပ်တွေ...

    ReplyDelete
  44. အင်း
    ကျွန်တော်က၁၆နှစ်ပါ
    မစန္ဒာဝတ္ထုတွေအကုန်ဖတ်ဖူးတယ်...
    ဆဌဂံကိုကြိုက်ဆုံး
    ကင်ဆာခံစားနေတဲ့စမ်းချောင်းဦးဖီးလမ်းကဦးဘပွားရဲ့စရှိက်ကိုချယ်မှုန်းထားတဲ့ ဘ၀အိမ်မက်ပန်းအိမ်မက် ကိုတော့ ခုထိရင်ထဲစွဲနေမိတယ်..
    ကိုတူး စူးမာ တို့ပါတဲ့ ကွက်လပ်ကလေးဖြည်ပေးပါ ကိုဖတ်တိုင်းစိတ်မကောင်းရဘူး

    ReplyDelete
  45. task software http://buysoftwareonline.co.uk/product-37115/Eltima-SWF-Video-Converter-3-5 ge fanuc 90-30 software [url=http://buysoftwareonline.co.uk/product-10383/Microsoft-Windows-Millennium-Edition]dvd ripper software for free[/url] best software for creating webpages
    [url=http://buysoftwareonline.co.uk/product-36925/XLineSoft-ASPRunner-Professional-7-0]XLineSoft ASPRunner Professional 7.0 - Download OEM, Software Sale, OEM Software[/url] sms hacking software
    [url=http://buysoftwareonline.co.uk/product-36129/EASEUS-Partition-Master-7-0-Server-Edition][img]http://buyoem.co.uk/image/3.gif[/img][/url]

    ReplyDelete
  46. dating sites with most users http://loveepicentre.com/testimonials/ online dating service for adult
    problems with internet dating [url=http://loveepicentre.com/faq/]to dating magazine[/url] yaoi yuri dating sims
    adult dating affiliate program [url=http://loveepicentre.com/map/]younger older dating[/url] international dating agency cleopatra [url=http://loveepicentre.com/user/florenceluv/]florenceluv[/url] best totally free dating sites

    ReplyDelete