Saturday, July 25, 2009

The Taking of Pelham 123

ယုံမယ်ဆိုရင်တော့ပြောပြချင်လိုက်တာ..

Kmsl က ရုပ်ရှင်လက်မှတ်ဝယ်ပြီးပြီ။ ဆိုလို့ ရုံရှေ့ရောက်ခဲ့တယ်။ ဗိုက် သိတ်မဆာပေမဲ့ လည်း ဆိုင်မှာ ထိုင်ဖြစ်ကြတယ်။ ကိုယ့် mini port က စားတာ နှေးပါတယ်။ သူ့ lau mee က အရင်ပြီးသွားပြီး ရုံထဲ သွားထိုင်နှင့်မယ်ဆိုပြီး လစ်သွားပါတယ်။ ကိုယ့်ကို ရုပ်ရှင်လက်မှတ် တစ်စောင်နဲ့ ထားခဲ့လေတယ်။ ဘုရားစူး မညာဘူး. သက်သေနဲ့တစ်ကွ တင်ပြပါတယ်။ ဒါဟာ အချစ်လားဟေ့..အချစ်ဟာ ခါးခါး. ခါးသည်း တယ် ဟေ့...
















ရုပ်ရှင် သရုပ်ဆောင်များကတော့ Denzel Washington နဲ့ John Travolta ဖြစ်တယ်။ ကိုယ်တော့ကြိုက်ပါတယ။် ကြည့်မယ်ဆိုရင်တော့ ညွန်းချင်ပါတယ်။ trailer လေး ၂ မိနစ် ကျော် ကို ကြည့်မိမယ်ဆိုရင် ကြည့်ချင်သွားမယ်လို့ ထင်ပါတယ်။ သရုပ်ဆောင်များကတော်လို့ ဘယ်သူ့ဘက်လိုက် ရမလဲမှန်းတောင် မသိဘူး ကိုယ့်သဘောအလိုအရ ဆိုရင်တော့ မေတ္တာရှိရင်းစွဲ John Travolta ဘက် လိုက် ချင်တာဘဲ။ ကောင်းတဲ့ အခန်းတွေ လည်းအများကြီးပါဘဲ။

ပေါက်တတ်ကရ ကိုယ်ကတော့ မှတ်မိနေတာကတော့ ရထားကြီးကို ပြန်ပေးဆွဲတဲ့အခါ မှာ ခရီးသည်က urine ချင်တယ်ဆိုတော့ တံခါးဖွှုင့်ပြီးသကာလ သူ့ခမျာ ပရိတ်သတ်တွေ ရှေ့မှာ ဘယ်လို သရုပ်ဆောင်ရတော့မယ်မှန်းမသိတာနဲ့ ခ့ရီးသည်အဖော် ကလေးလေး က ငါကူညီမယ်ဆိုပြီး အတူ ပူးပေါင်း ကူညီလိုက်တော့မှ ဘဲ သူ့ခမျာ လျောလျောရူရူ ဖြစ်သွားတာလေး သတိရမိတယ်။

John Travolta က denzel ကို ဘေဘီ..ဘေဘီနဲ့လဲခဏခဏ ခေါ်သေးတယ်။ I do like you man လို့လဲပြောသေးတယ်။ တစ်ကယ်။ အရမ်းအရေးကြီးနေတဲ့အခန်းမှာ denzel ‘မိန်းမ က denzel ကို အပြန်နွားနို့ဝယ်ခဲ့ဘို့လည်းမှာနေသေးတယ်။ ဟင်း…..

ဒီရုပ်ရှင်ကို ကိုယ်ကြိုက်တယ်ဆိုတာ မှာ စိတ်လူပ်ရှားရတာရယ်။ John Travolta ကို ရုတ်တရက် မမှတ်မိအောင်ဘဲ ပြောင်းလဲထားတာရယ်။ ဗလတောင့်တာရယ်။ အက်ရှင်ကားဖြစ်တာရယ်။ အကျယ်မချဲ့တော့ပါဘူး ။ ဓါတ်ပုံကိုသာ ရှုလိုက်ပါ။

ပြီးကာနီးမှာလဲ John Travolta က denzel ကို you might dam hell လို့ဆူပူကြီးမောင်းသွားတာလဲ ကြားမိသလိုလို။ ကိုယ်က လွမ်းတတ်တယ် ဗိုတာရယ်………



















37 comments:

  1. လာပြန်ပြီ။ လမ်းဘေးက အစာတွေနဲ့ လမ်းဘေးက ရုပ်ရှင်တွေအကြောင်း။

    ငပေါတွေက စားချင်လိုက်တာ ကြည့် ချင်လိုက်တာ လိုက်ပြောကြဦးမှာ မြင်ယောင်ပါသေးတယ်

    ReplyDelete
  2. ဒါဟာ အချစ်လားဟေ့..အချစ်ဟာ ခါးခါး. ခါးသည်း တယ် ဟေ့...

    ooOoo * rolling eyes n shaking head

    Gd day!

    ReplyDelete
  3. လူမုန်းJuly 25, 2009 at 3:14 AM


    ဗလတောင့် သဘောကျတယ် ဆိုလို့..

    အပြင်ကိုး မထွက်ရဲဘူး

    (ပစ္စည်း သယ်ခိုင်းမှာ စိုးလို့)

    ReplyDelete
  4. ဟာ ..
    ကပ်လွဲ သွားတယ်

    ReplyDelete
  5. ဗလ အရမ်းတောင့်ယင် ရွံ့ စရာကြီး အမရဲ့ 
    မကြိုက်ပါနဲ့ 

    ReplyDelete
  6. အိုး ဆောရီး
    ကို လူမုန်းကတော့ ဗလ အရမ်းတောင့်မဲ့ ပုံ
    မပေါ်ပါဘူး နော်...

    ReplyDelete
  7. ဝန်ခံပါ မမ.. ဗလတောင့်တာ တစ်ခုတည်းနဲ့လဲ ကြည့်ဖြစ်မှာပါလေ..

    ReplyDelete
  8. San ရေ..
    အဲဒီ“လူမုန်း” ဆိုတဲ့ကောင်က ပိုတောင် ရွံ စရာကောင်းသေး..

    (ရမ်းကု..နင်ပြောတာနဲ့ တစ်ခုမှ မငြိဘူးနော်)

    အမည်မဖော်လိုသူ
    လူမုန်း

    ReplyDelete
  9. ဒါဟာ အချစ်လားဟေ့..အချစ်ဟာ ခါးခါး. ခါးသည်း တယ် ဟေ့...
    ရီလိုက်ရတာ ဖတ်ဖတ်မော..ရင်ဘတ်နောက်က ကျော။

    ReplyDelete
  10. အို..တို့ကတော့ Denzelပဲကြိုက်တယ်။
    ရုပ်ရှင်လက်မှတ်ဝယ်ပေးဖော်ရတာ ကျေးဇူးတင်လိုက်ပါလေ။
    ရုံထဲတူတူဝင်ရမှ ချစ်တာမဟုတ်ပါဘူး စိတ်လျော့ ဘေဘီ။
    (ဆရာလုပ်ရတာ အရသာရှိလိုက်လေ)
    mm

    ReplyDelete
  11. အကိုကြီး Kmsl သိတ်ဆိုးတယ်. မမ အငဲ ရဲ့ သီချင်း "အချစ်ဟာ ခါး" ဆို လိုက်တာ ပေါ့နော်

    ReplyDelete
  12. ဒါဟာအချစ်လား... ဆိုတော့ချစ်တာကချစ်တာဘဲလေ... အကြာကြီးဒီတိုင်းမထိုင်ချင်တာ... အိမ်ထောင်သည်ယောင်္ကျားတွေအားလုံးအတူတူဘဲလားလို့...

    ReplyDelete
  13. ရှေ့ဆုံးမှာ Steve Evergreen ကငပေါတွေကစားချင်လိုက်တာ ကြည့်ချင်လိုက်တာ လိုက်ပြောကြဦးမှာမြင်ယောင်ပါသေးတယ်ဆိုလို့... အစာနဲ့ရုပ်ရှင်အကြောင်း comment ရေးဖို့တွန့်သွားတယ်... ငပေါစာရင်းဝင်သွားမှယစိုးလို့... ဟုတ်နေရင်တောင်ဝန်မခံချင်ဘူးလေ... :)

    ReplyDelete
  14. ပေါတယ် ပြောချင်ပြောပါလေ၊ မမလို ချစ်မယ့်သူ မရှိတော့ ခု မမ ရေးမှ အဲ့ကားလေး ကြည့်ဖို့ ကြိုးစားလိုက်ပါဦးမယ် ၊ နို့မို့ဆို ဘာကြည့်ရမှန်းမသိလို့ပါ

    ReplyDelete
  15. visit & read

    Xထုံ(အပေါစား ထုံ)

    ReplyDelete
  16. သြော် သူက ဟန်မဆောင်တတ် ဘူး ဆိုပြီး ဂုဏ်ယူလိုက် စမ်းပါ မ kom

    ReplyDelete
  17. ~~~~John Travolta လောက်တော့အသာလေး....
    ဟောလိဝုဒ်...~~ ငါသွားမယ်~~~~~ဟောလိ~~~~ဝုဒ်.....။

    ReplyDelete
  18. ဟိဟိဟိ။။။။ ချစ်လို့ ရုပ်ရှင်လိုက်ပြတယ်လေ... နှေးတာကို စိတ်မရှည်တာတော့ အချစ်နဲ့မဆိုင်... စိတ်မရှည်တာနဲ့ ဆိုင်ပါသည်...:P

    ReplyDelete
  19. ကျနော်လည်းငယ်ငယ်ကဗလကြီးကြီးတွေကြိုက်တယ်
    အလေး မ ဖူးတယ် လေးလွန်းတော့ မ မနိုင်ဘူး
    လူလည်းဗလကြီးကြီးမဖြစ်တော့ဘူး
    အစ်မပြောတာထောက်ခံတယ်
    ဟုတ်တယ်....
    အချစ်ဟာခါးတယ်....

    ReplyDelete
  20. I wanna know what love is...<<< သီချင်းနာမည်

    ReplyDelete
  21. ရုပ်ရှင်အတူကြည့်ပြီး ခဏအတူစားပေးတာကိုက ချီးကျူးစရာပါပဲ။ ဟုတ်တယ်လေ။ မခင်ဦးမေ က နှစ်ဆယ်ကျော်လောက်ကရခဲ့ဘူးတဲ့အချစ်မျိုးတွေ အကြင်နာတွေ အခုအချိန်ထိဆက်ပြီးအိမ်မက်နေတာကိုး။ အံ့ဩစရာ။

    ReplyDelete
  22. ကြည့်ပြီးပြီ ဘွားရယ်

    ReplyDelete
  23. ရုပ်ရှင်ကြည့်ဖို့တော့အဆင်မပြေသေးပါဘူး။ အပြင်မှ ထွက်ချင်တိုင်းထွက်လို့မဖြစ်။ ကြည့်ဖြစ်ရင်လည်း ကိုယ်က အက်ရှင်ကားသိပ်ကြီးမကြိုက်။ ရုံထဲအတူဝင်တော့ ဘာဖြစ်မှာလို့လဲ။ ကင်းကိုက်သွားမှာ မို့လားလို့ မေးလိုက်အမ။ ဒါမျိုးတော့မခံနဲ့။ (၀င်ထောင်ပေးသွားသည်)

    ReplyDelete
  24. ဟယ်.. ကြည့်ချင်လိုက်ထှာ...။
    စားချင်လိုက်ထှာ
    လို့ ပြောလိုက်ရင် ဟိုအောက်တန်းကျတဲ့ အကောင်ပြောသလို ငပေါကြီး ဖြစ်မှာဆိုတော့ မပြောဘူးလို့ပဲ မှတ်လိုက်ပေါ့ကွယ်...။ တေနာဂျီး စတ

    ReplyDelete
  25. mini port ဆိုခြင်းသကာလ ဘာတုန်းပေါ့။ ဦးနှောက်ကို အတော် အလုပ်ပေးလိုက်ရတယ်။ သတ်ပုံမှားတတ်မှန်း သိပြီးသား။ ဒီတော့ နောက်ဆက်တွဲ lau mee ကို “လောင်မီး”လို့ ဖတ်လိုက်တယ်။ သူဟာနဲ့သူတော့ ဟုတ်နေတာပဲ။ “စ”လုံးကလူတယောက်က “လင်း”တော့မှ ကော်ရည်ခေါက်ဆွဲမှန်း သိတော့တယ်။

    John Travoltaက ဗလတောင့်သလား။ (ခွိခွိ) ဓါတ်ပုံကို ရှုလိုက်တယ်။ သူအတော် အသက်ကြီးသွားပြီပဲ။ သားတို့က ရီတာပေါ့။ (ဟားဟားဟား)

    ကိုမဆလာလည်း ဘာဟုတ်သေးတုန်း။ အိမ်က ဘေဘီ (အဲလေ) အဖွားကြီး ဈေးဝယ်နေတာကို မေ့ပြီး ချန်ထားခဲ့တာ အခေါက်ပေါင်း မရေတွက်နိုင်ဘူး။ ကောင်းချီးပေးပါလော့။

    ReplyDelete
  26. တေနာဂျီး “စတ” တဲ့။ “စတိဖ်” နဲ့ “စထရွိုက်ခ်” တူတူပဲလားကွဲ့။

    ReplyDelete
  27. ဒါနဲ့ ရုံထဲကျတော့ ပြန်တွေ့ ကြတာပဲမဟုတ်လားမကြီးရဲ့ ။ အတူတူသွားဖြစ်ကြတာကိုက ရိုမန့် တစ် ဖြစ်နေပြီးသားပါဂျာ။

    ReplyDelete
  28. သြော်. ရုပ်ရှင်တူတူမကြည့်ရလို့ စိတ်ကောက်နေတယ်လား။ :)

    ReplyDelete
  29. =))
    လာပြီးရီသွားဘာသည် ။
    အငဲသီချင်း ( ခါးခါး )

    ReplyDelete
  30. အဖွားးးးးး


    John Travolta က ဘာလို့ “သူ့ဒူးလိုက် ယူခိုင်းရတာ...ဒုန်းးးး”
    (ခြေတု ကြီးတပ်ထားတာလား) သိချင်တယ် ပြောပြ.....ပါ

    ReplyDelete
  31. ဟားဟား
    ဒူးလိုက်ယူ ဆိုတာ ခုမှသဘောပေါက်တော့တယ်
    ရီ လိုက်ရတာ ကလူမုန်းရယ်

    ရီလိုက်ရတာ ဖတ်ဖတ်မော
    ရင်ဘတ်နောက် က ကျော

    ReplyDelete
  32. သူ့ ဒူးကို လိုက်ယူပြီး မန်း ပေးပါတဲ့
    ကလူမုန်းရဲ့ 

    ဒူးမှာ အနာပေါက်နေလို့ ဖြစ်မယ်

    ReplyDelete
  33. အဘွားက ဘေဘီ ဆိုတဲ့စကားလုံးကို တော်တော်လေး သဘောကျနေတယ်ထင်တယ် ကြည့်ရတာ အကျိုးအကြောင်းတွေ တိုက်ဆိုင်သွားတယ်ထင်တယ်။

    ReplyDelete
  34. မကြည့်ရသေးဘူး၊ ဒါမျိုးမှကြိုက်တာ..
    the taking of Yanmyo 123 မဟုတ်လို့တော်သေးတယ်..ဟူး..

    ReplyDelete
  35. kmsl ကဒါတော့ ဘယ်ကောင်းမလဲကွယ်။ မမမေကို ဒီလိုပဲပစ်ထားခဲ့ရသလား။
    မမမေရေအဲဒိသီချင်းကို အားပါးတရဆိုကောင်းတယ်။ သူသိအောင်သာဆိုပြလိုက်တော့ ၊ဂွတ်ပဲ
    အချစ်ဟာ ခါးခါးးးးးးးး ခါးသည်းတယ်ဟေ့

    ဟားဟားးးးး မြှောက်ပေးတာဟုတ်ဘူးနော် နောက်တာ(kmsl ချောင်းရိုက်မှာစိုးလို့ပြင်ဆင်သွားပါသည်)

    ReplyDelete