Saturday, July 18, 2009

yangon 28


ရထားကြီး စီးချင်တယ်ဆိုပြီး နောက်ဆုံး ပဲခူးကို ဘဲဖြစ်ဖြစ် စီးမယ်လုပ်သေးတယ်။
ဒါလည်း မအောင်မြင်ဘူး.
ရထား ဝင်တဲ့ အချိန် ထွက်တဲ့ အချှိန် လက်မှတ် ဝယ်ပုံဝယ်နည်း တွေ ဒါတွေ အားလုံးက ကိုယ်မပိုင်တဲ့ အရာတွေဖြစ်နေတယ်။
ဒါဆိုလဲ မြို့ပတ်ရထားဘဲသွားစီးတော့မယ်ကွာ လို့စဉ်းစားပြန်တယ်။ အဆင်မပြေလိုက်ပြန်ဘူး။

နောက်ဆုံးတော့ အကြံရတယ်။ သန်လျင် ရေလည်ဘုရားကိုသွားမယ်ဆိုပြီး...တစ်ခုခုတော့သွားရမှ ဖြစ်မယ်။ မဟုတ်ရင် ရန်ကုန်မြို့ထဲနဲ့တင် ကိုယ့်ဘဝက ပြီးသွားနိုင်တယ။် သွားမယ်ဆိုရင်သွားရမှ ဆိုတဲ့ကိုယ့်အကျင့်အတိုင်း ဒီကိစ္စကတော့အထက်ကိုလည်းတင်ပြစရာမလို.. တင်ပြလည်း ပယ်နေဦးမှာ စိုးတာ နဲ့ အလစ်မှာ အခွင့်ကောင်းယူပြီး ဒိုးသွားတယ်။

လမ်းက မသိတော့ချာလပတ်လည် ယမ်းသွားသေးတယ။် အရင်ဆုံး သန်လျင်တံတားကိုသွားရမယ်ဆိုတာ သိတယ် .သန်လျင်တံတားက သာကေတဘက် ကသွားရမယ်ဆိုတာ သိတယ် အဲသလိုနဲ့ဟိုလူမေး ဒီလူမေးနဲ့သွားလိုက်တယ။်

သန်လျင်တံတားရောက်တယ။် မြို့ဝင်ကြေးတွေလား ဘာကြေးတွေလား ညာကြေးတွေလား. တောက်တိုမယ်ရကြေးတွေ ပေ့းပြီးတော့သန်လျင်မြို့ထဲရောက်တယ်။ ဘယ်မှ မဝင်ပါဘူး။ အချိန်ကုန်မှာ စိုးလို့ ..အင်း. ထမင်းပေါင်းတော့သန်လျင်အထွက် က မြန်မာ ဘီယာလို့ဆိုင်းဘုတ်တွေ အများကြီး ရှိတဲ့ဆိုင်မှာတော့စားမိတယ။် အိုက်လိုက်တာ အဲဒီအချိန်က မပြောပါနဲ့တော့ ။ချွေးပြိုက်ပြိုက် ကျတယ်။ နေကလည်းပူ. လေကလည်းပူ. မိတ်ကပ် သို့မဟုတ် သနားခါးလိမ်းစရာမလိုဘူးး. လိမ်းပြီးငါးမိနစ်ဆိုရင် ဘာမှ မရှိတော့ဘူး. တစ်ရှူးဘူးဘဲလိုပါတယ်။
လမ်းတွေ ကအတော်ချောသွားပြီ.ဆိုလိုတာက လမ်းအတော်ဖြူးလို့သွားပြီ. ဟိုတုံးကနဲ့စာရင် အဲဒီတော့လမ်းခရီးက နီးသွားပြီလို့ခံစားရတယ်။
သိတ်မဝေးတော့ဘူး သိတ်တော့ လည်း မမှတ်မိတော့ဘူး ဒါပေမဲ့ မနက် ၁၁ နာရီလောက် က စပြီး အရှိန်ယူပြီးသွားဘို့လုပ်လိုက်တာ ညနေ ပြန်ရောက်လာပါတယ။် ကားစီးတာ တစ်နာရီခွဲ လောက်ဘဲထင်ပါတယ်။

ဟိုမေးဒီမေးနဲ့နောက်ဆုံးရောက်သွားတယ။် ရေပြင်ကိုကြည့်ရကတည်းကပျော်ပါတယ်။ ရေလည်ဘုရားကိုလည်းမြင်ရတယ်။ ဈေးသည်တွေလည်းအများကြီးဘဲ။ စားစရာတော်တော်များများရှိပါတယ် ။ အဲဒီအချိန်မှာ တော့မစားရဲတော့ဘူး. နဲနဲကြောက်နေပြီ။ မစားဘူးဆိုတာတောင် အုန်းသီးခွဲပြီး ဇွန်းခြစ်တော့ စားခဲ့သေးတယ။်

လှေစီးဘို့ လက်မှတ်ဝယ်တာ တစ်ယာက်ကို တစ်ရာလား ပေးရတယ်။ အသွားအပြန် လက်မျှတ် တစ်ခါတည်းဝယ်ရတယ်။ သမန်ပေါါ်တက်တော့လူးနေသေးတယ။် ပြူတ်မကျအောင် သတိထားရသေးတယ။် အမှန်က ကိုယ်ရေမကူးတတ်ပါဘူး။ ကြောက်ပေမဲ့လဲ မကြောက်တော့ဘူး. ။

ဘုရားရောက်တယ် တစ်ပါတ်ပါတတ်တယ်ဆိုတာ ခဏလေးဘဲ။ ငါးကြီးတွေ ကို အစာကျွေးဘို့ဝယ်တယ်။ ပေါက်ပေါက် လိုမျိုးကို တစ်ခွက် ငါးရာ နစ်ခွက် ၁၀၀၀ ကျပ်ထင်တယ်။ ဝယ်ပြီးကမ်းစပ်ကလေးမှာ ထိုင်ပြီး ငါးတွေ ကို နဲနဲချင်းပစ်ကျွေးတယ်။
ကြည့်ရတာအေးချမ်းပါတယ။် နယ်သူနယ်သား အချို့ကိုတွေ့ရတာ စိတ်ဝင်စားစရာဘဲ။ အသွေးအမြင်ပြောင်းသွားတာပေါ့။

အပြန် သမန် တော်တော်နဲ့မလာလို့ ရေစပ်မှ ရေချပြီး ဆော့ရင်းက စောင့်ရသေးတယ။် အသက်က ကြီးလာတော့ခြေထောက် လှုပ်ပြီး ဆော့တာတောင် လူမြင်မှ တင့်ရဲ့လားလို့စိတ္တဇ ဖြစ်မိသေးပေမဲ့ ဒါက ကိုယ့်အတွက် rare chance မို့လို့ လုပ်ဖြစ်အောင်တော့လုပ်ခဲ့တယ။် နောက်တစ်ခေါက်ဆိုရင်တော့ beach ဖြစ်ဖြစ် တစ်နေရာရာ ကိုဖြစ်ဖြစ်သွားဖြစ်အောင် သွားဘို့တော့ခေါင်းထဲထည့်ထားလိုက်မိတယ။် ပြသာနာ က traveling သိတ်အဆင်မပြေတာဘဲ။ ကိုယ်မသွားတတ်တာပါတယ် ရန်ကုန်သူက ရန်ကုန်ကို ထုံးလိုချေထားပေမဲ့ အပြင်ထွက်ဘို့ကိုတော့ကြောက်နေမိတယ်။

ဘုရားလား .
.ရှိခိုးခဲ့ပါတယ။် ဆုတောင်းတာကတော့ရိုးရှင်းပါတယ။် ကျန်းမာ ချမ်းသာရပါလို၏. ဒါပါဘဲ။ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံရပါလို၏။ ဒါဆိုရင် ပြည့်စုံပါပြီ။












ရန်ကုန်ဲနဲ့ဝေးနေတာ ကြာပြီဆိုရင်တော့ ၁၆ စက္ကန့်ဖိုင်ကလေးကိုဖွင့်ကြည့်စေချင်ပါတယ။် လွမ်းမိမယ်ထင်တယ်။




မှတ်ချက်.
တစ်ယောက်ထဲမသွားချင်လို့လွင်မိုးကိုသွားခေါ်ပါတယ။်

44 comments:

  1.့ ဘုရားငါးကြီးတွေနော်. မတွေဖူးသေးဘူး

    ReplyDelete
  2. ဘယ်သူမှ ကွန်မန့်မရေးသေးပါလားလို့ ၀င်ကြည့်လိုက်တာ ... တယောက်ကိုတွေ့လိုက်ရတယ်။
    ရေလည်ဘုရားအလွမ်းပြေ လာဖတ်သွားပါတယ်။
    အရင်က မိသားစုနဲ့ ခဏခဏ သွားခဲ့ဖူးတဲ့နေရာလေး။
    မြို့ပြက ပြေးထွက်ချင်ရင် သွားနေကျပေါ့။
    ကျေးဇူးပဲ မခင်ဦးမေ။

    ReplyDelete
  3. သန်လျင်ပါရောက်ခဲ့သေးတာကိုး... ပျော်ခဲ့လား မမ
    ငါးကြီးတွေကြည့်ရတာ ပျော်စရာနော်

    ReplyDelete
  4. တညင် တို့ ဘဂိုးတို့ သိပ်ကြိုက်တယ်။ အငယ်တုန်းကတော့ခဏခဏကားရှောက်မောင်းတာပေါ့။ အခုတို့လဲခပ်ရေးရေးပဲ။

    ReplyDelete
  5. အော်... လွင်မိုးနဲ့သွားတာကိုး...း)
    ပျော်စရာပဲနော်..

    ReplyDelete
  6. မမကွန်...ကျောက်တန်းရေလည်ဘုရားပါ...သန်လျင်နဲ့
    ကျောက်တန်းကတွဲလျက် ရှိနေပေမယ့် သန်လျင်ဘဲ အခေါ်များကြတယ်...စောစောကသိရင် အဲသည်က အမျိုးတွေကို မမကို ထမင်းခေါ်ကျွေးဖို့ ပြောလိုက်ပါတယ်....သန်လျင်က ထန်းသီးမုန့်နဲ့ ထန်းသီးနုနုလေးတွေ မစားခဲ့ဘူးလား...သန်လျင်က ထန်းသီးမုန့်က အရမ်းကောင်းတယ်...ပြောရင်းနဲ့ ထန်းသီးမုန့် အရမ်းစားချင်တယ်...

    mie nge

    ReplyDelete
  7. လွင်မိုးဆိုတာ ရုပ်ရှင်မင်းသားလွင်မိုးကိုပြောတာလား
    အန်တီ kom။

    ReplyDelete
  8. သန်လျင် ကျောက်တန်း သွားလည်ရတာကို ကြိုက်တယ်.. ရေလယ်ဘုရားသွားဖူးပြီး ငါးတွေကို အစာကျွေးရတာကို လည်း သဘောကျတယ်..။

    ReplyDelete
  9. ခရီးသွားခြင်းသည် ဗဟုသုတရရှိယုံမကပဲ အမြင်မျိုးစုံနဲ့အတွေးမျိုးစုံတွေကိုဖြစ်ပေါ်စေသည်...ထို့ထက်မက အနာဂတ်တွက် ပြင်ဆင်စရာ အတုယူစရာလေးတွေနဲ့ အမှတ်မထင်ပဲ လျှက်တစ်ပျက်တွင်းမှာရရှိနိုင်သည်....

    ReplyDelete
  10. ၀ါး ဟား ဟား ဟား မှတ်ချက်ကို အကြိုက်ဆုံးပဲ။
    မကြီး အလို အရေးအသားတွေကို ကြိုက်တာ

    ReplyDelete
  11. မကြီးက အနော်တို့မြို့ကိုရောက်ခဲ့သေးတာကိုး.....။
    ဒီလိုမှန်းသိရင် အိမ်လည်ခေါ်ပါတယ်....။

    ReplyDelete
  12. မမကွန်.... ရီရတယ်....ရန်ကုန်သူက သံလျှင်သွားဖို့ ဟိုမေး ဒီမေး လုပ်နေရတယ် ဆိုလို့ပါ...။ နောက်တစ်ခါ ကမ်းခြေကိုလဲ သွားဖြစ်အောင် သွားလိုက်ပါ..။ ပြီးရင် ပြန်ပြောပြနော်....း)


    ခင်တဲ့
    မေဇင်

    ReplyDelete
  13. တီတီကွန် ရန်ကုန်အကြောင်းတွေဖတ်ဖတ်ပြီး ရန်ကုန်ကိုပိုပြီးသတိရလာတယ် ထောပတ်သီးလည်းရန်ကုန်သူ ရန်ကုန်ကိုချစ်တယ် ဒါပေမယ့်ရန်ကုန်ကိုတောင် ထုံးလိုမချေ ရေလိုမနောက်တတ်ဘူး :) ညံ့ချက်ကတော့ပြောမနေနဲ့ လွင်မိုးနဲ့ဆိုတာ တကယ်ပဲ ရုပ်ရှင်မင်းသားလွင်မိုးလားဟင် :)

    ReplyDelete
  14. ရေလည်ဘုရားလိုက်လာပါတယ်...
    ကိုလွင်မိုးတို့အဖွဲ့ ပြန်သွားပြီလို့ ပြောပါတယ်..။:P

    ReplyDelete
  15. မခင်ဦးမေ ခရီးသွားနေသည်။

    နောင်ထွက်မည့် ဗွီဒီယိုကား၊ စီဒီအချပ် ၅၀၀ ပဲ ဖြန့် ချီမည်။

    ReplyDelete
  16. အမကလည်း ဘာကြောက်စရာရှိလဲ။ ခရီးသွားတာပဲ နောက်တခါကျရင်ပိုဝေးတဲ့နေရာသွားလာခဲ့။ ချောင်းသာလာရင်လာခဲ့။ ပုသိမ်ကိုဝင်လာခဲ့။ ထမင်းကျွေးမယ်လေ။ :D

    ReplyDelete
  17. ရောက်ဖူးတယ်အဲဒီကို။ ပျော်စရာကြီးနေိာ်မ

    ReplyDelete
  18. ဒါလေး ဖတ်ပြီး သူငယ်ချင်းတွေနဲ့ အဲကို နှစ်ဆန်းတရက်နေ့ သွားခဲတာတောင် ပြန်သတိရသွားတယ် .. ပျော်ဖို့ကောင်းတယ်နော် .. :))

    ReplyDelete
  19. Hi..you got nice photos..Great job.
    Cheers..

    ReplyDelete
  20. လွင်မိုးကို ခေါ်သွားတယ်ဆိုပြီး မေးမြန်း သွားနေရသေးတာလား။
    မမရဲ့ rare chance လေးက ချစ်စရာလေး။ ငါး မတွတ်ဘူးလား :)

    ReplyDelete
  21. နောင်လာရင်Beahသွားရင်ဝတ်ဖို့ဘီကီနီမမေ့နဲ့၊လွင်မိုးမလိုဘူးလိုက်ခဲ့ပေးမယ်၊
    သောင်ပြင်မှာလှိမ့်ကြတာပေါ့

    ReplyDelete
  22. ရေလည်ဘုရားရှေ့က ထမင်းဆိုင်တွေက စားလို့ကောင်း တယ်၊ အမ မစားခဲ့ဘူးလား၊အမိန့်ရ ထန်းရည်ဆိုင်တွေ
    လည်း တွေ့ခဲ့မှာပေါ့

    ReplyDelete
  23. မမ ရန်ကုန်ပြန်တာ လွင်မိုးတို့ ကျော်ရဲအောင်တို့ ပြေတီဦးတို့ ခင်မောင်နဲ့ သိန်းထွန်းဝင်းတို့နဲ့ .. ဟန်ကိုကျနေတာပဲ

    ReplyDelete
  24. လွင်မိုးကို သွားခေါ်ပါတယ် လို့ပဲ ရေးထားပါတယ်။ လွင်မိုးကို ခေါ်သွားပါတယ်လို့ မရေးထားတဲ့အတွက် သွားခေါ်ရုံလေးပါ။ ဟိုက ကျွန်တော် မအားဘူး ဆိုပြီး မလိုက်လာတာကို ထည့်မရေးထားပါဘူး ခင်ဗျာ။ အဟက်...

    ReplyDelete
  25. ရန်ကုန်သားမဟုတ်လည်း ရန်ကုန်အကြောင်းတော့ လာလာဖတ်တယ်
    နှစ်ခါလားပဲမသိဘူးရောက်ဖူးတယ်

    ReplyDelete
  26. အန်တီလေးလို့ပဲခေါ်လိုက်တေါ့မယ်နော် ဟီး :)
    အသက်သေချာမသိလို့လေ
    ဘလေါ့တွေထဲမှါ
    ရိုးသါးပြီးချစ်စရာအကေါင်းဆုံးကို
    ရွေးပေးပါလို့ပြောရင်
    ဒီ http://khinoomay77.blogspot.com ကို
    ရွေးလိုက်မယ်
    တစ်ကယ်ပြောတါ
    ရိုးရိုးလေးနဲ့အရမ်းချစ်ဖို့ကေါင်းတယ်
    အရမ်းကြိုက်တယ်

    ReplyDelete
  27. ဓာတ်ပုံလေးတွေကြည့်ပြီးလွမ်းသွားတယ်

    ReplyDelete
  28. လူမုန်းJuly 18, 2009 at 4:29 PM

    သြော်...

    အပြင်မှာ “လွင်မိုး” က သွား “ခေါ” တာကိုး...

    ReplyDelete
  29. လွင်မိုးလို.ပဲပြောတာ ကို မင်းသားလွင်မိုးလို.မမကွန်ကပြောတာမဟုတ်ဘူးလေ...အိမ်ကခိုင်းတဲ.ကောင်လေးဖြစ်မှာပေါ. ဟိဟိ

    ReplyDelete
  30. :)သိပ်မမှတ်မိ.. ရောက်ဖူးချင်ပါသည်..

    ReplyDelete
  31. နေပူပူနဲ့ ခေါင်းမူးလောက်အောင် ချွေးတွေကျခဲ့တာ မှတ်မိပါတယ်။ အုန်းရေသောက်တော့ ဆိုင်ထဲက အေးလဲအေးဘူး။

    ReplyDelete
  32. ဝေ လွင်မိုးက တို့မမကွန်နဲ့ လိုက်တယ်လား သူ မကောင်းဘူး မျက်နှာလိုက်တယ် များခေါ်တုံးက မအားဘူး တဲ့ ဧကန္တ မမနဲ့ လိုက်စရာ ရှိလို့နေမှာ ဟဟဟဟ

    ReplyDelete
  33. ဖိုးစိန်ကို ဘာ လို့မခေါ်တာလဲ အစားများ စကားများလို့လား


    ရထားစီးရတာကိုကြိုက်တယ်

    မြန်မာပြည်က ရထားကိုပြောတာလေ

    လှုပ်လီလှုပ်လဲဆိုတာ ဒါပဲ


    သံလျင်ကျောက်တန်းကိုတော့ လွမ်းပါရဲ့ 

    ကျောင်းတက်တုန်းက ခဏခဏရောက်လို့


    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  34. နောက်ဆုံးမှရောက်တယ်

    ReplyDelete
  35. သန်လျင်တံတားကို ကြည့်ပြီး လွမ်းသွားတယ်

    ReplyDelete
  36. မရောက်တာ ၁၂နှစ်တောင်ရှိပြီ ;(

    Uထုံ

    ReplyDelete
  37. မမ ဓါတ်ပုံလေးတွေ လှတယ်
    ပျော်ခဲ့မှာပဲနော်
း)

    ReplyDelete
  38. အစ်မရေ ငိုချင်ရက် လက်တို့။ လွမ်းပြီးရင်း လွမ်းအောင် လုပ်ရက်တယ်.........

    ReplyDelete
  39. visited.i miss this place n someone

    ReplyDelete
  40. တခါက တစ်ခုခုသွားသောက်တာ သတိရလာတယ်၊

    ReplyDelete
  41. လွင်မိုး ခရီးသွားနေသည်။

    ခင်ဦးမေ ခရီးသွားနေသည်။

    လွင်မိုးနဲ့သွားတာ ပြန်ပြောပြ....

    ReplyDelete
  42. ငယ်ငယ်ကဒေါ့ဂျစ်ကားစီးပြီးကျောက်တန်းဘုရားဖုးသွားခဲ့တယ်တာသတိရလိုက်တာ။ မိုးတွေကလည်းယိုလို့။

    ReplyDelete
  43. ကျောက်တန်းရေလယ်ဘုရားကို အလွမ်းပြေလာတယ်။

    ReplyDelete
  44. ရောက်ဖြစ်နေတဲ့ နေရာ လေးတွေဆိုတော့ လွမ်းတာပေါ့ မမရယ်၊ အလွမ်းပြေပါတယ်

    ReplyDelete