Saturday, August 15, 2009

yangon 29

ရန်ကုန်ခရီးစဉ်ကို အဆုံးသတ်ပါတော့မယ်။

အဲဒီလိုနဲ့ ရန်ကုန်က အင်းယားလမ်း အဆုံးနားက မြေနီကုန်း သေငှေးဈေးလို့ ခေါ်တဲ့နေရာက သစ်သီးတန်းက နေ ဖရဲသီးနစ်လုံးအကြီးကြီး နစ်လုံးဝယ်ပါတယ်။ အမျိုး နစ်အိမ်. တစ်အိမ် တစ်လုံး။ ကိုယ်လဲ ကပ်စားပေါ့။ တစ်လုံး နစ်ထောင့်ငါးရာကျပ်ထင်ပါတယ်။



ပြန်ခါနီးကတမင်းဝိုင်းတစ်ခုပါ. အိမ်ထမင်း“ဟင်းကိုဘဲ ဖြစ်နိုင်ရင်စားချင်ပါတယ်။ တစ်ခါတစ်လေ အဆင်မပြေ တော့လည်း အပြင်မှာဘဲစားရတယ်။ အစ်မနစ် ယောက်ကလည်း ကိုယ့် အရည်အချင်း အတိုင်းဘဲ ဆိုတော့ကာ စားစရာရှားပါတယ။် ရေကျော်က အမျိုးအိမ်ကိုလည်း သွားသွားစားရတယ်။ ပုဇွန်ကြော် .ကောင်းပါတယ်။ အကောင်အကြီးကြီး ပါ။ ငါးဟင်း ကတော့ဘာငါးလည်း မသိဘူး။ ကောင်းတာပါဘဲ။ တို့ကြိုက် တယ်ဆိုလို့အိမ်က ငါးခြောက်ဖုတ်ကို ဖြစ်နိုင်သလောက်ထည့်ပေးပါတယ်။ လက်ဖက်က တော့ လည်း အမြဲထည့်ပေးတယ်။












ဆရာစံလမ်းက အကင်ဆိုင် သူငယ်ချင်းက လိုက်ဧည့်ခါံတယ်။ သူတည်း ခဲ့တဲ့အိမ်က ဘလော့ဖတ်နေတာ တွေ့တယ်လို့ပြောတယ်။ သူက အသားဖြူဖြူ လေးပါ. ချောက ချောနဲ့။ ဘယ်သူ့ အိမ်များပါလိမ့်။ သူ့ကို စလုံးမှာ နေတယ်လို့ထင်ကြပြီး တို့ကို ရွာက လို့ထင်ကြတယ်။ဟိဟိ။ အကင် ဆိုင်ဘေးက မီးလုံးကလေးလဲ လှလို့ ရိုက်လိုက်တယ်။





သွားရင်းလာရင် ဘာယာကြော်ဗန်းလဲ တို့လက်က ပြေးမလွတ်ဘူး.အို....အား လုံးဘဲ မလွတ်ပါဘူး။ ဦးမြတ်ခိုင်နဲ့ another စာရေးဆရာကိုတောင် ထည့် ဘို့ စဉ်းစား သေးတယ။် ခွင့် မတောင်း ရသေးတာနဲ့ မ ထည့် ရတော့တာ.။ ဦး ဝင်းငြိမ်း ကတော့သဘောကောင်းတယ် ဆိုတော့ ရှိပါစေ.။ရတယ်။









ပြန်ကာနီး ၃၆၅ သွားထိုင်ထိုင်ဖြစ်သေးတယ်။ နောက်ဆုံးတော့လည်း မစားချင်ဘူး မစားချင်ဘူးနဲ့ water melon juice နဲ့ ဟမ်ဘမ်ဂါနဲ့စားတတ်တာဘဲစားလိုက်ရတာပါဘဲ။ သူငယ်ချင်းကတော့ ရေခဲမုန့်နဲ့အာလူးကြော်နဲ့ဘဲ အဖော်လုပ်ပြီးလိုက်စားပေးတယ်။














သွားရင်းလာရင်းနဲ့ရိုက်ခဲ့သေးတယ် ဘယ်နားပါလိမ့်။ ပန်းဆိုးတန်း လမ်းမ နားမှာလားမသိ။ memory တောင်ပြန်ခေါ်လို့မရတော့ဘူး။ အဲဒီနားမှာ ကားဂိတ်တွေ အများကြီးဘဲ ။ ဟို နား သွားမ လား။ ဒီနားသွားမလား ။ အချိန်ရသ လောက် တော့ သွားမော့ လာခဲ့မိသေးတယ်။



ဆူးလေ ကိုပတ်တာထင်တယ်။ လွမ်းစရာဘဲ။ လွမ်းတတ်ရင် ပြောပါတယ်။မလွမ်းတတ်သူတအတွက်မပါပါ။





ပြန်ကာနီးညက တော့ကိုယ်သုတ်ခြေတင်နေပြီလေ။ ၂၆လ်းဈေးရောက်တယ်။ ဈေးတန်း လျောက်ချင်လို့တမင်သွားတာပါ။
မှောင်နေပေမဲ့ချစ်စရာကောင်းတဲ့ဈေးပါ။ ညနေဘက် သိတ်စည်တယ်။ သိကြမှာပါ။ ပန်းတွေကလည်းလှမှလှ. သပြေပန်းတွေ အားရပါးရဝယ်ခဲ့တယ်။လတ်မှ လတ်။ ဟိုမှာ တစ်ရာ.နစ်ရာ သုံးရာကျပ်ကယ်။ ဈေူးကလည်း စလုံးနဲ့ယှဉ်ရင်သက်သာတာပေါ့။ဒီမှာ တခက်ကို နစ်ကျပ်ခွဲပေးရတယ်။ မန်းဒလေး ဖိနပ် လည်းပြေးဝယ်သေးတယ်။ အခု စလုံးမှာ မရောင်းတော့ဘူး။ အထူကြီး တွေဘဲရောင်းတော့တယ်။





ပြန်မဲ့နေ့ကတော့ကိုယ်ယောက်ယက်ခတ်နေပြါီ့ပီ။ အ မျိုး လိုက်ပို့တယ်။ လေဆိပ် ကို အဝင်မှာ အ ဝင်ခပေးရတဲ့နေရာကတော့ အတော်ကုန်းမြင့်တယ်။ မှတ်မိတတ်ရင်. ။ လမ်းတစ်ဝက် အမြင့်မှာ ကားကို ရပ်ပြီး half ကလပ်နဲ့ ထိန်းထားပြီးမှကား ဝင်ကြေးပေးရတာ တော်ရုံ ဆိုမလွယ်ဘူး။ ဒါပေမဲ့ ရန်ကုန်က လူတွေ ကကျွမ်း နေကြပါပြီ။အေးအေးဆေးဆေးဘဲ။

လေဆိပ်မှာ ခဏထိုင်ဖြစ်ကြတယ်။ ကိုယ့်သူငယ်ချင်း ဖောင်ကြီးကတည်းက သိခဲ့တဲ လေယဉ်မယ် ကလေးနဲ့ ပေါ့။ ပြီးတော့ထုံးစံအတိုင်း...........................ဘာညာ အပေါ်တက် အထဲဝင်. ထိုင်. စီး ပြီး စား.. တွေး..ငေး……



အဲဒါနဲ့ဘဲ စလုံးပြန်ရောက်ခဲ့ပြီ။ အဲဒီနေ့က မိုးတွေ ရွာနေတယ်။












ပြီးပြီ။
တစ်ကယ်။

37 comments:

  1. နောက်ဆုံးပုံ ကျနော့မှာလဲ ရှိသဗျ။ အစကပြန်စမယ် ဟုတ်
    စောင့်မျှော်လျက်

    ReplyDelete
  2. လူမုန်းAugust 15, 2009 at 2:05 AM

    အတော်လှတာ...
    ဘာမှကို မမြင်ရဘူး...

    ReplyDelete
  3. ထိုင်စရာခုံလေးကအမိုက်စားလေး (မထိုင်ဖြစ်တာကြာပြီ )
    လေယဉ်ပျံကြီးကိုစီးဖူးချင်လိုက်တာ :P

    ReplyDelete
  4. ဓါတ်ပုံမှောင်နေတာကို..လင်းအောင်ပြန်လုပ်လို့ရတယ်..အစ်မကြီးရဲ့။
    ဘယ်သူမှန်းတော့မသိဘူး..ရုပ်ကို ကောင်းကောင်း မြင်ရကြောင်းသတင်းပို့ပါတယ်။ အဟီး။ ဘယာကြော်ကို တအားလွမ်းသွားပါသည်။
    mm

    ReplyDelete
  5. လမ်းဘေးအကြောတော့
    စားချင်သားး...



    X ထုံ

    ReplyDelete
  6. အခုတော့ ရန်ကုန်ကို မလွမ်းတော့ဘူး။ :D အကြောင်းရှိတယ်။ အစင်းကြီးနဲ့။

    ReplyDelete
  7. တော်သေးတယ် ပြီးသွားလို့...။

    ReplyDelete
  8. ဒီလိုပေါ့လေ အသက်ကြီးလာတော့လည်း
    memoryတွေ ကလေးကုန်တာပေါ့
    စိတ်မကောင်းမဖြစ်ပါနဲ့
    ရန်ကုန်ကိုအဆုံးသတ်တော့မယ်ဆိုတော့
    ဘာကိုအစပျိုးဦးမလဲ?
    စင်္ကာပူလား?
    ဖတ်သွားပါတယ် :)

    ReplyDelete
  9. သူငှေးဈေးကိုမြင်တော့ ဦးငှေးမြင့်ကိုတောင် သတိရမိသွားတယ်။ (ဆိုင်မဆိုင်တော့ မသိဘူး။) :D
    နောက်တာပါ အမခင်ဦးမေ။
    ရန်ကုန်အလွမ်းပြေ လာဖတ်သွားပါတယ်။

    ReplyDelete
  10. အသီးစုံရယ် ထမင်းဝိုင်းရယ် ဘယာကြော်ရယ်
    ကို ငမ်းသွားပါတယ်....
    ရန်ကုန်ကို အဆုံးသတ်ပြီဆိုတော့ စိတ်တောင်မကောင်းဖြစ်မိသွားတယ်....နောက်တခေါက်
    ပြန်စရအောင် နောက်တခေါက် ရန်ကုန်ပြန်သွားပါဦး...ဟီး...

    mie nge

    ReplyDelete
  11. အားးးးးးး ပါးးးးးးးး ပါးးးးးးးးးးးးး
    မရေ... အကုန်လာငမ်းတယ်နော်။
    လွမ်းလိုက်တာ စားစရာလေးတွေ ပေါတဲ့ ရန်ကုန်ကို။ ဟိဟိ...

    ReplyDelete
  12. "ဦးမြတ်ခိုင်နဲ့ another စာရေးဆရာကိုတောင် ထည့် ဘို့ စဉ်းစား သေးတယ။် ခွင့် မတောင်း ရသေးတာနဲ့ မ ထည့် ရတော့တာ.။ ဦး ဝင်းငြိမ်း ကတော့သဘောကောင်းတယ် ဆိုတော့ ရှိပါစေ.။ရတယ်။"

    သူတို့နှစ်ယောက်ကို ကြားဘူးတယ်။ ဒါပေမဲ့ဘာပြောနေမှန်းသိပ်မရှင်းသေးဘူး။ ပြန်ဖတ်လိုက်အုံးမယ်

    ReplyDelete
  13. ပြီးပြီကွ ကျေးဇူး မမkOm ဒီဇင်ဘာပြန်ရင် မမKoM သွားခဲ့တဲ့ နေရာတွေ အစားတွေ သွားမယ် စားမယ် ခုတော့ စာရင်းပဲ့ တို့ ထားတယ် ပြန်အုံးမှာ

    ReplyDelete
  14. ရန်ကုန်ခရီးစဉ်နောက်ဆုံးမှာ အစားအသောက်တွေနဲ့ အဆုံးသတ်ထားတဲ့မမမေ

    ကျေးဇူး....သားရေကျပြီးပြန်သွားပြီ

    ReplyDelete
  15. ထမင်းဝိုင်းကလွဲလို. ဘာမှမမြင်ပါ ..

    ReplyDelete
  16. ပြန်ရင် ပျော်မယ်.... ပြန်လာတော့ လွမ်းမယ်..။

    ReplyDelete
  17. မမ ဘယ်တော့ပြန်ဦးမလဲဟင်

    ReplyDelete
  18. heee...

    You are so funny....

    ReplyDelete
  19. ငွှားငွှား .. ဒီလိုပြီးလို့ရရိုးလား .. နောက်တစ်ခေါက်ထပ်ပြန်လိုက် ပြီးရင် အပိုင်း ၃၀ က ပြန်စ။ ဒီတစ်ခါ သင်္ကန်းကျွန်းဖက်သွား ရွှေပုစွန်ရောက်အောင် သွားခဲ့။ မေဟွား အပေါ်လဲ တက်ခဲ့ပါ။ လှိုင်သာယာဖက်ရောက်အောင်သွားပြီး စက်မှုဇုံတွေထဲပါတ်ခဲ့။ ဒီတစ်ခေါက်တော့ မန္တလေး ရောက်ခဲ့သင့်တယ်၊ ဦးပိန်တံတား၊ မန္တလေးတောင်၊ တောင်သမန်အင်း၊ ဆရာတော်ကိုပညာရဲ့ကျောင်း၊ အိမ်ရှေ့မင်းထန်းတော၊ ညဖက်ကတဲ့ရုပ်သေး၊ စတာ စတာတွေ ရောက်အောင်သွားခဲ့။ ဝမ်းပိတ်ဆေး သေချာဆောင်၊ Point and Shoot Camera တစ်လုံးပါအောင်ယူ၊ ဓါတ်ခဲအပိုတွေဆောင်သွား၊ အပြန်မှာ နေပြည်တော်ဖက်ကလှည့်ပြန်ခဲ့ အချိန်ရရင် တောင်ကြီးဖက်ဆက်တက် .... ဟီးဟီး

    ReplyDelete
  20. လွမ်းလိုက်တာအမရယ်...
    ရန်ကုန်ကို....
    ငိုချင်လာပြီတကယ်....
    ပြန်လည်ပြီးရင် ပြန်လာချင်ပါ့မလားမသိ....
    ငိုရဦးမယ်ထင်တယ်....

    ReplyDelete
  21. ခင်ဦးရေ့ 
    နောက်တစ်ခါရန်ကုန်ပြန်လာရင်ပြောနော်။
    တို့များအတူတူ လျှောက်လည်လျှောက်စားကြတာပေါ့။
    ချစ်တဲ့
    လုလု

    ReplyDelete
  22. ရန်ကုန် အကြောင်း လာဖတ်ပြီး လွမ်းသွားပါတယ် အစ်မရေ။

    ReplyDelete
  23. ဆီနဲ့ချက်တဲ့ဟင်းတွေနဲ့ဆီနဲ့ကျော်တဲ့အကြော်တွေပါလား။

    ReplyDelete
  24. အော... မမရဲ့ ရန်ကုန်ခရီးစဉ်လေး ပြီးဆုံးသွားပြီကိုး... မမပြောတော့မှ အင်းလျားလမ်းက သစ်သီးဈေးလေး သတိရမိတယ်.. အဲဒီမှာ မှိုလေးတွေ မျိုးစုံရတတ်တယ်နော်... စားချင်လိုက်တာ..
    (ဒီမှာရတဲ့ မှိုတွေ မကြိုက်ဖူး..)

    ReplyDelete
  25. အစ်မရေ...ရန်ကုန်ခရီးပြီးမှ စဖတ်ရပေမယ့် ရန်ကုန်ပြန်ချင်တဲ့အထဲမှာတော့ နံပါတ် ၁ ပါခင်ဗျာ။

    yu ya

    ReplyDelete
  26. ဗယာကြော် စားချင်လိုက်တာ.........

    ၂၆ လမ်းဈေး တခါမှ မရောက်ဖူးပါ

    မမက တောကလာတယ်လို့ ထင်ကြတာ မယုံဘူး၊ သက်သေပြပါ

    ReplyDelete
  27. မဂွိစ်ကြီး ရန်ကုန်မှတ်စုတွေ ပြည့်စုံ သေသပ်ပါတယ်။
    ဗရာဘို ..

    ReplyDelete
  28. မရေ
    ဘယာကြော်ကိုအလွန်လွမ်းသွားပါသည်
    မဆီမဆိုင်လှည်းတန်းကအမဲအူပြုတ်ကိုပါသတိရမိပါသည်
    ^O^

    ReplyDelete
  29. အန်တီကွန်ရဲ့ ရန်ကုန်ပိုစ့်များကိုဖတ်ရှုပြီးသကာလ အကျွနုပ်သည်လည်း ဆက်လက်ရေးရန် အတွေးစများယူသွားပါ၏။ သို့သော် ရေးဖို့အခြေအနေမပေးသေးပေ။ ရေးဖြစ်ခဲ့သည်ရှိသော်
    အန်တီကွန် ရေးပုံအတိုင်း အတုယူရေးရန် ကြံရွယ်ထားပါကြောင်း။ သို့ရာတွင်
    အန်တီ့လောက် မကောင်းပါမူ ခွေးလွှတ်ပါရန် တောင်းပန်ကြောင်း။

    ReplyDelete
  30. ဘန်းထဲမှာ ထည့်ထားတဲ့ အကြော်စုံတွေကို အချဉ်လေးနဲ့ စားချင်လိုက်တာနော် ..မစားရတာ တော်တော်လေးကို ကြာနေပြီ .....:P

    ReplyDelete
  31.်ခရီးစဉ် ဆုံးသွားပြီးဆိုတော့

    နောက်ထပ်ရန်ကုန်ပြန်ဖို့ ဘွတ်ကင် လုပ်ထားပြီးပြီးလားဗျ

    မရောက်တာ ကြာလို့ လာသွားတယ် မွန်မင်းသမီးခင်ဦးရေးး


    ကျန်စစ်စိန်လဲ အချွဲမထနိုင်ဘူးဖြစ်နေတယ်


    အဟီးးး

    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  32. ရန်ကုန်ခရီးစဉ်ပြီးရင်.. ဘယ်ခရီးစဉ်ကို ဆက်ရေးအုံးမလဲဟင်..
    စောင့်မျှော်လျက်

    ReplyDelete
  33. မမ ပြီးနဲ့ဦး ၊ ဖတ်ချင်သေးတယ်

    ReplyDelete
  34. အစအဆုံး တပေါင်းတစည်းထဲ ပြန်တင်ရင်ကောင်း မလား စဉ်းစားပေးမိတယ်။
    ပြန်ရင်တော့ ဗယာကြော် ၀ယ်စားဖြစ်အောင် စားအုံးမယ်
    ငါးရံ့ခြောက်ဖုတ်လည်း စားချင်သေးတယ်။

    ReplyDelete
  35. ထုံးစံအတိုင်း ရန်ကုန်အလွမ်းပြေလာဖတ်ရင်း အကြော်တွေငေးသွားတယ်။

    ReplyDelete