Saturday, October 17, 2009
collapsing
ထုံးစံအတိုင်း ခေါင်းငိုက်စိုက်နဲ့မြေကြီးကိုကြည့်ပြီး လမ်းလျောက်နေပေမဲ့ ခြေထောက်နဲ့ကန်ချင်တဲ့စိတ်တွေ ကိုထိန်းနေရတယ်။ ပြင်ပလောက မှာစကားပြောစရာ မိတ်ဆွေ နည်းပါလိးု့ virtual world က မိတ်ဆွေများနဲ့သာ နေတဲ့ကိုယ့်ဘဝဟာ စိတ်အaနှာက်အယှက်ဖြစ်စရာတွေ ဖြစ်လာနေခဲ့တယ်။
ဒီနေ့ မနက်က ဘာပြူလို့မှန်းမသိဘဲနဲ့ ပတ်ဝန်းကျင်ဟာ မြုဆိုင်းသလို ဘာမှ မမြင်ရဘူး အရာအားလုံးဟာ မှိုင်းဝေနေခဲ့တယ်။ ရေတွေကို ကိုယ်ချစ်တယ်။ တိမ်တွေကိုလည်းချစ်တယ်။
မလေးရှား လဝက အရင် အဆောက်အဦးမြေနေရာကလည်း ပြောပြမှသာ သိရမဲ့ အခြေအနေဖြစ်နေခဲ့တယ်။
ညဘက်ကတော့ happy Deepavali နားကိုရောက်သွားခဲ့သေးတယ်။ ပျော်စရာကြီးပါဘဲ ကြည့်ရတာ။
Free Image Hosting at www.ImageShack.us
Free Image Hosting at www.ImageShack.us
QuickPost
အပြန်လမ်းမှာ ရှောပင်းစန်တာ ကြီးလဲ မိုးချုပ်လို့
သိမ်း ဆည်းနေခဲ့ပြီ ။ ဆိုင်တွေ လဲ အိပ်ဘို့ပြင်ကြပြီ။ ကြည့် နေရင်းနဲ့ ပတ်စွာခွာ ဖျာသိမ်း ဆိုတဲ့ စကားလုံး the end ဆိုတာ ခေါင်းထည်း ကိုရောက်လို့ရေရွတ်နေခဲ့မိတယ်။
ကိုယ်ဘလော့ပိတ်မှာလား။ စီပုံးပိတ်မှာလား။ ပိတ်ဘို့ ရည်ရွယ်ချက်မရှိပေမဲ့ မခိုင်တဲ့ နလုံးသား ကတော့ယိုင်နေခဲ့ပြီ။ နေ့စဉ်နဲ့အမျ ထိခိုက်ံခံနေရတဲ့ ကိုယ့်နလုံးသား ရင့် ကျက်ပေ မဲ့လည်း. အောင့်နေခဲ့ပြီ။
ရည်ရွယ်ချက်ကဘာလဲ ဘယ်လဲ ဘာဖြစ်စေချင်တာလဲ။ ရပ်စေချင်တာလား။ ဟင့်အင်း ကိုယ်မရပ်ပါဘူး။ ရေးချင်ရင်ရေးမယ်။ မရေးချင်လည်းမရေးဘူး။ ရေးလဲရေးပါတယ်။ မကောင်းဘူးလား. ကျော်ဖတ်သွားပါ။ ကျေးဇူးတင်တယ်။
Anonymous ကြိုဆိုပါတယ်။ ပြောချင်ရာပြောဘို့ဖွင့်ထားပေးခဲ့တယ်။ ကြို့က်သျူရှိမယ်။ မကြိုက်သူရှိမယ်။ ချစ်သူရှိမယ်။ မုန်းသူရှိမယ။် ကြိုက်နစ်သက်သလိုပြောသွားနိုင်ပါတယ်။ ဒါပေမဲ့ မသက်ဆိုင်သူတွေ နစ်နာလို့ မပိတ်ချင်ဘဲပိတ်ခဲ့ရတယ်။ နိုင့်င့ရေးတွေလာရေးပြန်တယ်။ အော်ခက်ပါ့။ လူမှားနေပြန်တယ။်
စီပုံးမှာ မိုးမွန်နေပြန်တယ။် ဘာဖြစ်တာလဲကွယ်။ မကရက ပိတ်သွားတာနဲ့ဘဲ ဒီမှာလာပြီး များ ပေါက်ကွဲနေပြန်တာလား။ ပရိသတ်လိုချင်လို့လား။ ပြောချင်လို့လား။ outlet လိုချင်လို့လား. ဘာများအကျိုးရှိသွားမှာပါလိမ့်။ ပြောလိုက်ရလို့ ရင်ထဲပေါ့သွားသလား။ ဆက်ပြောနိုင်ပါတယ်။ စီပုံးတော့ မပိတ်ချင်ပါဘူး။ အထီးကျန်တဲ့ကိုယ့်ဘဝက စီပုံးကလေးကိုချစ်ပါတယ်။ လောကကိုညည်းငွေ့နေတဲ့အချိန်မှာ ညျော်ကျမယ်ရှင့်လို့ .. အိမ်ပေါ်ကဆင်းလိုက်ဦးမယ်တို့ နဲ့ စိတ်သက်သာသလိုနေနေတာမို့လို့ ခံနိုင်ရည်ရှိ သလောက်ကတော့ ပြောသွားနိုင်ပါသေးတယ်။
သူဘယ်သူလဲလို့တော့သိခွင့်ရှိရင်သိချင်ပါသေးတယ။် ချောင်းရိုက်မလို့မဟုတ်ပါဘူး။ သိချင်တာပါဘဲ။
103 comments:
  1. အာဘွား
    ReplyDelete
  2. မကြီးခင်ဦး
    ဘာမှ မဖြစ်နဲ့
    ကိုယ်ရပ်တည်ချက်နဲ့ကိုယ်ပါ....
    အရင်အတိုင်းပဲကောင်းပါတယ်...
    ဟုတ်ဖူးလား...
    ဘာပြောရမလဲ..
    မပြောတတ်ဘူး...
    ဒါပေမယ့် ပျော်သလိုသာနေပါ...
    ချစ်ခင်လေးစားခြင်းများစွာဖြင့်
    ဖိုးစိန်
    စိတ်မကောင်းဘူးပြောရမလား
    ဝမ်းနည်းရမလား..
    ဝေခွဲမရဘူး...
    သား မကြီးကွန်ကိုပျော်ရွင်စေဖို့ပဲရည်ရွယ်ဆုတောင်းမိပါတယ်...
    ချစ်ခင်လေးစားခြင်းများစွာဖြင့်
    ဖိုးစိန်
    ReplyDelete
  3. မသိဖူး
    အခေါက်ခေါက်အခါခါဖတ်ပြီး ငိုချင်မိတယ်...
    အပြောခံရလဲပြောပါစေတော့...
    ခံစားချက်တွေ မတူညီကျ ထပ်တူမကျပေမယ့်
    ခံစားချက်တွေကိုနားလည်ခံစားနိုင်ကြပါစေ...
    ဘဝမှာ အမြဲပျော်နေတဲ့လူရယ်လို့မှ မရှိတာနော်...
    ဘယ်သူ့ ဘယ်သူ့ ကိုမှ ဘာမှမပြောချင်ပါဘူး...
    မသိဘူး
    မပြောတတ်တော့ဘူး..
    ReplyDelete
  4. ဘာဖြစ်ဖြစ် မကြီးကွန် စိတ်ချမ်းသာပါစေဗျာ
    ReplyDelete
  5. ခြေထောက်ဆိုတာ လမ်းဆက်လျှောက်ဖို့လေ...
    ဘာကိုမှ ကန်ဖို့လည်း စိတ်မကူးနဲ့...
    ခေါင်းငိုက်စိုက်ချဖို့လည်း မလိုဘူးထင်ပါတယ်...
    နောက်ဆုံးတော့ အားလုံးဟာ ကိုယ့်သမိုင်းကိုယ် ကိုယ်တိုင် ရေးသွားကြတာချည်းပဲ မဟုတ်လား...
    မုန်တိုင်းပြီးရင် လေပြေလာဦးမှာပါ မမကွမ်းရယ်...
    ReplyDelete
  6. မကြီးရေ တခုပဲ ပြောပါရစေ
    မကောင်းတာလုပ်တဲ့သူတွေကို မကြော်ငြာပေးပါနဲ့
    ကျနော်ပြောချင်တာ အားလုံးသော ဘလော့ဂါတွေနဲ့ လည်းဆိုင်ပါတယ်။
    ဘလော့ရေးတယ်ဆိုတာ လာဖတ်တဲ့သူ ရှိမှ ရေးချင် တာပါ။ဘယ်သူမှမဖတ်လည်းရေးမယ်ဆိုတဲ့သူတွေ ရှိရင် တခုပဲ မေးချင်တယ် သူတို့ဘလော့မှာ တင်ထားတဲ့
    ဒီနေ့လူဘယ်နှယောက်လာသွားတယ် ဆိုတဲ့ ကောင်တာ ကို မကြည့်ဘဲ နေဖူးကြသလားလို့ပါ။
    လာဖတ်တဲ့သူမရှိဘဲ ကိုယ့်ကိုကိုယ် ခေါင်းဖြတ်ပြရင် တောင် ဘယ်သူမှ သိမှာ မဟုတ်ဘူး။
    အဲဒီတော့ လာဖတ်တဲ့သူရှိဘို့ကြော်ငြာရတော့မယ်
    အဲဒါတွေက မင်္ကြီးစီဘောက်မှာတွေ ကွန်မန့်မှာတွေ လာကြော်ငြာသွားတာပဲ။အဲဒါတွေကို ဖျက်ပစ်ရမယ်။
    ဂရုစိုက်လို့ ဖျက်တဲ့သဘောထက် ဒီလို အငြီအဟောက်တွေကို နေရာမပေးဘို့ ဖျက်ပစ်ရမှာပါ။
    မဖျက်ဘဲထားလေ မကြီးကိုယ်တိုင် ကြော်ငြာလေပဲ။
    ကျန်တဲ့ ဘလော့ဂါတွေလည်း အကြော်ငြာ မခံကြဘို့ အရေးကြီးတယ်။
    စီဘောက်မှာရေးရင် ဖျက် ကွန်မန့်မှာရေးရင် ဖျက်ဘို့ လိုတယ်။နေရာပေးမှ နေရာရမှာပါ။
    စာကိုစာနဲ့တူအောင်ရေးရင် အချိန်မရွေးကြိုဆိုကြမှာပဲ။
    အဲဒီသူတွေနဲ့ အမုန်းလည်းမရှိဘူး အချစ်လည်းမရှိဘူး
    ဒါပေမယ့် လုပ်နည်းတွေက ဘောင်ကျော်နေလို့ အမုန်းခံ ပြီးဝင်ပြောမိတယ်။
    ကျနော် မကြီးစီဘောက် ဒါမှမဟုတ် ကွန်မန့်မှာ
    စာဝင်ရေးရဲတယ် ဘာကြောင့်ဆိုတော့ ကျနော်လည်း စီဘောက် တွေ ကွန်မန့်တွေ ထားရဲ လို့ပဲ။
    ကိုယ်ကိုတိုင်တောင် ပြန်အဝေဖန်မခံနိင်ဘဲနဲ့ သူများ တွေကို သောက်တင်းပြောတာတော့ ဘယ်လိုလူစားမျိုး ဖြစ်မလဲ။။။
    မကြီး စိတ်မညစ်နဲ့။
    မကြော်ငြာပေးပါနဲ့ ဖျက်ပစ် ပါလို့ပဲ အကြံပေးပါတယ်။
    မြန်မာလူမျိုးတွေအတွက် ခေတ်ဆိုးကြီးထဲ ရောက်နေချိန် ကိုယ့်ကိုကိုယ် တာဝန်ယူပြီး စိတ်ဓါတ် တွေ မြှင့်ကြပါ။
    ReplyDelete
  7. ပြောစရာရှိတာတော့..ပြောရအုန်းမှာပေါ့ဗျာ....
    ဘလော့ဂါတို့ ရဲ့ဘလော့ဂါ ဆိုတဲ့ ညီလေးများနဲ့..မြတ်နိုးခင် ဆိုပြီး..ယောင်္ကျားလား..မိန်းမလား..အခြောက်လား...မကွဲပြားတဲ့..နပုံးကိုရောပေါ့ဗျာ...
    blog ရေးချင်း ဟာ ခေတ်သစ် အနုပညာ တရပ်အနေနဲ့.ပေါ်ထွန်းလာတာ..ဘယ်လောက်မှမကြာသေးပါဘူး...
    ရေးသူ တိုင်းကလဲ ကိုယ်ခံစားရသမျှ လေးတွေကို တတ်သမျှ ရှုထောင့်ပေါင်းစုံ ကတင်ပြနေကြတာပါ..
    ညီလေးတို့က..ကိုယ့်ကိုယ်ကို ဝေဖန်ရေး..ဆရာကြီးဆိုပြီး..blogger အမျိုးသမီးများကို ပုဂ္ဂိုလ်ရေး နှောက်ယှက်တိုက် ခိုက်နေတာ..ဘာသဘောလည်းဆိုတာ..နားမလည်နိုင်အောင်ပါပဲ..မင်းတို့မှာ..ကိုယ်ပိုင် အနုပညာ..အစွမ်းအစ ရှိလို့ satire ရေးတယ်ဆိုရင်လဲ..ကြိုဆိုပါတယ်..အနုပညာမြောက်စွာ..ဝေဖန်ပြနိုင်ရင်လဲ..လက်သင့်ခံပါတယ်...အခုမင်းတို့ပြုမူချက်တွေက..ထမိန်ခြုံပြတဲ့ အောက်လမ်းနည်းတွေပဲ..မင်းတို့ ထမိန်ခြုံပြနေတာက လဒ တော့မဖြစ်ဘူး..မင်းတို့ဖင်ပေါ်သွားပြီး..တမာရွက်ပြုတ်စော်..နံတာပဲရှိမယ်..မင်း တို့ လူ နှစ်ယောက်တပိုင်းနဲ့ ဒီအချိုးမျိုး ဆက်ချိုးနေမယ် ..ဆိုရင်..နောင်..မင်းတို့..အီးပေါက် ရင်...ဘူ...လို့တောင်..မမြည်နိုင်ပဲ...ဝရော...ဆိုပြီး..ထွက်ကျအောင်..အဗျင်းခံရမယ်မှတ်ပါ...ဒါပဲ
    ReplyDelete
  8. နဲနဲဝင်လျှာရျည်မယ်နော်.. အဟီး.. ဒီလိုပါ... ကျနော် ကိုတောင်ပေါ်သားဘလော့မှာလဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ရေးပြီးပါပြီ။ ဒီမှာထပ်ရေးရရင်တော့ဗျာ... ဟုတ်ကဲ့ ဘလော့ဆိုတာကို မည်သူပိုင်ပါသနည်း၊ ဂူဂဲကပိုင်တယ်လို့တော့ လာမပြောနဲ့ ကျနော်ပြောတာ အပြင်လူတယောက်အနေနဲ့ ပြောတာပါ၊ ဒီတော့ ဘလော့ဆိုတာ မည်သူမှ မပိုင်ပါ (ဆိုလိုတာက သူ့ဘလော့ငါမကြိုက်ဘူး ပိတ်မယ် ဆိုတာမျိုး လုပ်လို့ မရပါဘူး)။ မည်သူမှတားဆီးပိတ်ပင်ခွင့် မရှိပါ၊ မည်သူမဆို ဘလော့တခု သို့မဟုတ် အများကြီး ပိုင်ဆိုင်နိုင်ပါသည်။ မည်သူမဆို မိမိရဲ့ ဘလော့မှာ လွတ်လပ်စွာ ကိုယ်ကြိုက်တာ ကိုယ်ရေးနိုင်ပါသည်၊ ဒါမရေးနဲ့ ဒါရေးဆိုတာမျိုး ဘလော့မှာ ဥပဒေ မရှိပါ။ မကြိုက်ရင်လာမဖတ်နဲ့ ဘယ်သူမှ အတင်းလာပါ လာပါလို့ မခေါ်ပါ ကိုယ့်ဟာကိုယ် လျှာရှည်ပြီးလာတာပါ။
    ထားပါတော့ဗျာ... ဒီတော့ တခုအကြံ ပေးမယ် အဲဒီလို ဖရုဿာဝါစာ ချစ်ဖွယ်သော စကားများ လာလာ ပြောသော ကွန်မန့်များ၊ စီဘုံးမှစားများကို ဖျက်ပစ်လို့ ရပါသည် (မသိခဲ့လို့ရှိရင် တဦးတယောက်ဆီမှာ မေးမြန်းနိုင်ပါသည်) ထိုသို့ မဖျက်ဘဲ ဆက်လက်ထားရှိပါက လာလည်သူများရော ပိုင်ရှင်ပါ စာတွေမြင်ပြီး စိတ်ညစ်ရတာကြောင့်ပါ။
    ထိုင်စောင့်ပြီး မဖျက်နိုင်ရင်တော့ စီဗုံးပိတ်လိုက်ပါခင်ဗျာ..။
    နောက်ဆုံးပြောချင်တာက ရေးချင်တာရေး ဘယ်သူမှ ပိတ်ပင်လို့မရပါဘူး၊ ဘယ်သူမှ တာဆီးလို့ မရပါဘူး၊ ကိုယ်လုပ်ချင်တာ ကိုယ်ရေးချင်တာ ရေးဖို့ ဒီဘလော့ကို လုပ်နေတာပါပဲ၊ ဒီတော့ ဆက်လုပ်ပါဗျား....။
    ReplyDelete
  9. မမကွန် အာဂျား အာဂျား ဖိုက်တင်းးး aja aja fighting ကိုရီးယားထဲက အဲလိုပြောလို့ ပြောသွားပေးတယ်နော်
    ပြောစရာစကားမရှိခဲ့ပါဘူး ဒါပေမယ့် အားလေးများ ရှိမလားဆိုပြီး ပြောသွားပေးတယ်နော် သိလား
    ReplyDelete
  10. အင်း ဖြစ်ရမယ်... နှလုံးသား ကယိုင်နဲ့ခဲ့ပြီး ဆို တဲ့ အပြောမျိုးနဲ့ အမျိုးသားတွေကို သနားအောင် ပြောလို့ရပေမဲ့၊ အကြောင်းသိ မိန်းမသားချင်းကတော့ မာယာလို့ပဲမြင်တယ်။
    ဆက်ပြီး ပဲများနိင်ပါစေ။
    မိုးသက်ဝါ
    ReplyDelete
  11. ဟဲလိုမကွန်...ဥာဏ်ရည်မပြည့်ဝသော ၊ သိမ်ဖျင်းသော စကား ဆိုတတ်သော၊ သူတစ်ပါး အကျိုးမရှိ ကိုယ်တိုင်လည်း အကျိုးမရှိသော အလုပ်မျိုးလုပ်တတ်သော၊ ဝန်တိုခြင်းရှိသော၊ စာနာနားလည်ခြင်းကင်းသော၊ မျက်တောင်မွေးတစ်ဆုံးသာကြည့်တတ်သော ထိုအမောင်လုင်/ လုံမေ တို့သည်ယောက်ျားယူတ်၊ မိန်းမယုတ် ကြန်အင်နှင့် ပြည့်စုံနေပါ၏။ ထိုသူမျိုးးသည်ယခုဘဝမှာ ပင် သူတစ်ပါးသတ်လို့သေရတတ်သည် လို့ဆိုထားပါတယ်။ ဖက်ပြိုင်၊တုံ့ပြန် ပြောဆိုနေစရာ အကြောင်းမရှိပါ။
    ReplyDelete
  12. ဘမျိုးဘိုးတူလား။ မွေးရာပါဗီဇလား။ မိမနိုင်ဖမနိုင်လား မိဘတွေကဘဲ လူတကာ ဆဲဆိုဖို့  ကဲ့ရဲ့ဖို့  သင်ပေး ခဲ့တာလား။ ခင်များတို့ လုပ်ရပ်က အံ့သြစရာဗျာ
    ဒီဘလော့ကို မကြိုက်ရင် မလာနဲ့ မဖတ်နဲ့ ပေါ့ဗျာ။ အရည်မရ အဖတ်မရ ကိုယ့်ထမင်း ကိုယ်စား ကိုယ့်အချိန် ကိုယ်ဖြုန်းပြီး လူတကာကိုကဲ့ရဲ့ဖို့ ဆဲဆို ရမှ စိတ်ချမ်းသာသလား ထမင်းဝသလား
    မေးမယ်ဗျာ ခင်များတို့ ကရော ကိုယ်ပိုင်ဘလော့ တခု လောက် ကို ထူး၂ကဲ၂ကောင်း ရေးထားသလား ။ ခင်များတို့ ကိုယ်ကို သိပ်တော်တယ် ထင်ရင် ခင်များတို့  ဘာလုပ်ထားတယ် ဆိုတာ ၀င့်၂ကြွားနဲ့  ပြလိုက်စမ်းပါ။
    ခင်များတို့ ကိုယ်တိုင်လည်း ဘာတခုမှ မယ်မယ်ရရ လုပ်ထားတာမပြနိုင်ဘဲ သူတကာစိတ်ပြေလက်ပျောက် ဘလော့ရေးပြီး အပန်းဖြေတာကို ကဲ့ရဲ့တာ ခင်များတို့  သားသမီးတွေကိုရော အခုလိုမကောင်းတာလုပ်တတ်ဖို့ သင်ပေးအုန်းမလား
    ခင်များတို့ လုပ်ရပ်တွေ နောင်ဘ၀ မကူးဘူး အခုဘ၀ မှာထဲက ခံစားရမယ်။ ခင်များတို့  ဗုဒ်ဓဘာသာဝင် မှ ဟုတ်ရဲ့လား။
    ReplyDelete
  13. စကားပုံတခု ခပ်မေ့မေ့ဖြစ်နေလို့ ဗျ သိသူများ ပြင်ပေး ကြစမ်းပါ။ ကြိုတင်ကျေးဇူးတင်တယ်ဗျိုး
    အမိယုတ်သား နုတ်ကြမ်း။ အဖယုတ်သား ကိုယ်ကြမ်း
    ReplyDelete
  14. အပေါ်က မြစ်ကျိုးအင်း ရေးသွားတဲ့ထဲက
    မြန်မာလူမျိုးတွေအတွက် ခေတ်ဆိုးကြီးထဲ ရောက်နေချိန် ကိုယ့်ကိုကိုယ် တာဝန်ယူပြီး စိတ်ဓါတ်တွေ မြှင့်ကြပါ
    ဆိုတဲ့ စာသားကို နှစ်သက်မိပါတယ်...
    အမိမြန်မာပြည်ကနေ နှစ်ပေါင်းကြာကြာနေနေရတဲ့ သူ
    တွေအတွက် ထွက်ပေါက်တခုအနေနဲ့ ကိုယ်နှစ်သက်တဲ့
    ဘလော့ဂ်ရေးတာ ဘလော့လည်တာ စာဖတ်တာတွေကို ရေးသူရော ဖတ်သူပါ အချိန်တွေ ပေးဆပ်ပြီး တယောက်နဲ့တယောက် အပြန်အလှန်နားလည်ခံစား နေကြတဲ့ ချစ်စရာကောင်းတဲ့ လုပ်ရပ်တခုကို ဖျက်လိုဖျက်ဆီးလုပ်နေကြတဲ့သူတွေကိုတော့ ဘယ်လိုနားလည်ရမှန်းကို မသိဘူး...
    ဖျက်လိုဖျက်ဆီးလုပ်နေတဲ့သူတွေ အနေနဲ့လည်း တဖက်သားရဲ့  ခံစားချက်တွေကို ( မိမိကိုယ်လည်း အကျိုးမယုတ်စေပါဘဲနဲ့ ) နားလည်မှုလေး ပေးစေချင်ပါတယ်...
    မခင်ဦးမေ ရေ ... ဒီလို အနှောက်အယှက်မျိုးတွေကို ဘယ်တော့မှ အရှုံးမပေးပါနဲ့လို့ ပြောပါရစေ....
    ReplyDelete
  15. အမရေ.. ဘာမှ မပြောတတ်တော့ မလိုအပ်တဲ့ အဓိပ္ပာယ်မရှိတဲ့ ကွန်မန့်တွေ။အော်သံတွေ ဘန်းပလိုက်ပါလို့ပဲ ပြောလိုက်ချင်တယ်။
    ငယ်ငယ်က သမီးစိတ်ညစ်အောင် အညှော်ခံရရင် အဖေပြောဘူးတာ တစ်ခု သတိရမိတယ်။ ခွေးက လူကိုဟောင်ရင်၊ ကိုက်ရင် ခွေးကို လူတွေက ပြန်မဟောင်၊ ပြန်မကိုက်ပါဘူးနော် တဲ့။
    သမီးခံယူတဲ့ ဘလော့ခ်ဆိုတာ... ရင်ထဲမှာခံစားချက်တွေ ပြည့်နှက်နေရင် သွန်ချရတဲ့ နေရာလေး တစ်ခုလို့ မှတ်ယူထားပါတယ်။ ဒါကို ခံစားချက်ချင်းတူညီတဲ့ သူငယ်ချင်းမောင်နှမတွေက အားပေးမယ်။ လိုအပ်ရင် ဆုံးမသွားမယ်၊ ဖေးမသွားမယ်။ ဒါပါပဲ။ တစ်ခြားဘာမှ မမျှော်ကိုးပါဘူး။ ခင်မင်လို့ စနောက်တတ်ကြတယ်။ တစ် နှစ် နေရာလုပြီး စနောက်ကြတယ်။ ချစ်ခင်ကြလို့ အဲလိုလုပ်တာပေါ့နော်။ အကုန်လုံးက စာမူခရဖို့ စာရေးစားနေတဲ့ စာရေးဆရာတွေမှ မဟုတ်တာ။ မကောင်းလို့ မကြိုက်ရင် မဖတ်နဲ့ ကျော်သွားပေါ့နော်။ စေတနာရှိလို့ ခင်မင်လို့ရှိရင်လဲ လိုအပ်တာလေးတွေ ကူညီဖေးမ ဖ၀ဖန်သွားပေါ့လေ။ သမီးဆို ခု ဘလော့ခ်ကို မတတ်တခေါက်ရေးနေပေမယ့် ငယ်ငယ်ကတည်းက မြန်မာစာမှာ အမြဲတမ်းအမှတ်အနည်းဆုံးရခဲ့တာပါ။ ကျန်တာ အမှတ်ပြည့်ရနိုင်ပေမယ့် မြန်မာစာဆို ငါးဆယ်ကျော်ထက် ဘယ်တော့မှ ပိုမရနိုင်ခဲ့ပါဘူး။ အဲဒါ စာစီစာကုံးတစ်မှတ်မှ ရအောင် မဖြေနိုင်ခဲ့လို့ပေါ့။ ခု သမီးရေးနေတဲ့ ဘလော့ခ်ကို သမီးရဲ့ မြန်မာစာ ဆရာ၊ဆရာမတွေ ဖတ်မိရင် ဘယ်လိုနေမလဲ တွေးပြီး ရှက်မိပါတယ်။ ဒါပေမယ့် အမေ့အိမ်၊ အမိမြေနဲ့ဝေးရာမှာ အခြေအနေအကြောင်းကြောင်းကြောင့် ရောက်နေရတဲ့ သမီးကြီး တစ်ယောက်အနေနဲ့ ဘလောခ့်ဟာ သမီးရဲ့ အဖော်မွန်ကောင်းပါ၊ သမီးရဲ့ အိမ်ပါ။ ဘလော့ခ့်ဂါတွေအားလုံးဟာ သမီးရဲ့ မောင်နှမ မိသားစုပါ။ သမီးပြောချင်တာကတော့ ကိုယ့်ဘလောခ့်လေးကြောင့် စာလေးတွေကြောင့် အနှောင့်အယှက်ဖြစ်မိရင်လဲ စာဖတ်သူပီသစွာ ယဉ်ကျေးမှုလေးနဲ့တော့ ၀င်ရောက်ဆွေးနွေးပေါ့လေ။ မလိုအပ်တဲ့ အပြင် ပုဂ္ဂိုလ်ရေးတွေ ဘေးချိတ်ထားရင် ပိုကောင်းမလားပဲလို့ မြင်မိပါတယ်။
    ဘာပဲဖြစ်ဖြစ် စာမရေးတတ်တဲ့ ခပ်ညံ့ညံ့ ကောင်မလေး သမီးကြီး အိန်ဂျယ်... မကွန်နှင့် အားလုံးသောမောင်နှမများကို ခင်မင်ပါတယ်။ သမီးကို ခင်မင်ကြလို့လဲ ကျေးဇူးတင်ပါတယ်။
    ရေးကြပါ။ တင်ကြပါ။ သမီးကတော့လာဖတ်နေမှာပါ။ ယူလို့ရတဲ့ အရာတွေ မှတ်ယူသွားမှာပါ။ သမီးကို လိုအပ်လို့ ဆုံးမသွားတာ အားပေးဖေးမသွားတာမျိုးအတွက် အတိုင်းထက်အလွန်ကို ဂုဏ်ယူနေမိတတ်ပါတယ်။
    ဘလော့ခ်ဂါ မောင်နှမများ ကိုယ်၊စိတ် နှစ်ပါးးးပျော်ရွှင်ကြပါစေ။
    ReplyDelete
  16. အိုး သနားစရာ သိပ်ကောင်းပါလား၊ သနားလိုက် တာ
    ငိုတောင်ငိုချင်လာပြီး....အီး....ဖတ်...ရွှတ် (နှပ်ချီးထွက်ခြင်း)
    ReplyDelete
  17. မမရေ
    စိတ်မဆင်းရဲစေချင်ပါဘူး။ ဖတ်ရတာ စိတ်မကောင်းဘူး။
    မမ မပြောနဲ့ ဘေးက စာလာဖတ်တဲ့သူတွေတောင် အဲဒီကွန်မန့်တွေ ဖတ်ရတာရင် စိတ်ထဲမှာ နွမ်းသွားတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အမြင်မတူရင်တောင် စိတ်စေတနာသန့်သန့် နဲ့ အကြံပေးထားတဲ့စာမျိုး မဟုတ်လို့ပါ။ မကြိုက်ပိုင်ခွင့် ရှိပါတယ်။ ဝေဖန်လို့လဲ ရပါသေးတယ်။ ဒါပေမဲ့ စော်ကားပိုင်ခွင့်တော့ မရှိဘူး ထင်မိတယ်။
    ဘလော့ဆိုတာ ၀ါသနာပါလို့ ရေးကြတာမို့ “ဒါမျိုးရေးသင့်တယ်၊ ဒါမျိုးမှ ကောင်းတာ” ဆိုတာ လူတဦးချင်းစီနဲ့ ဆိုင်တဲ့ ခံယူချက်ပါပဲ။ စာဖတ်သူ ရွေးချယ် ဖတ်ပိုင်ခွင့် အခွင့်အရေးတခုပါ။ ကိုယ်မကြိုက်ရင် မဖတ်ရုံ။ ဒါကြောင့် ဘလော့ရေးသူကို လွတ်လပ်စွာ ရေးခွင့်ပေးစေချင်ပါတယ်။ ဘယ်သူမှ perfect မဖြစ်နိုင်ပါဘူး။ perfect ဖြစ်ဖို့လဲ ဘလော့ရေးနေတယ် မထင်မိဘူး။ လွတ်လပ်စွာရေးသားခွင့်ရနေတဲ့ အခြေအနေလေးကို မညစ်နွမ်းစေချင်ပါဘူးလေ။
    မမ ပျော်ရွှင်စွာ စာဆက်ရေးနိုင်ပါစေ။
    ချစ်သော
    ချိုသင်း
    ReplyDelete
  18. ဟာဗျာ.. ရေးစရာရှိတာသာ ဆက်ရေးပါအစ်မကြီးခင်ဦးမေ။
    ReplyDelete
  19. ဟင် .. မမိုးချိုသင်းက" မမ " ခေါ်တော့ ကိုယ့်ထက်ကြီးတာပေါ့။
    ငယ်မယ်လို့ ထင်နေတာ။
    မသိတော့ဘူး။
    ဘယ်လို ခေါ်ရမလဲ။
    ဒီလောက် ဘလော့ လည် ပျင်းတဲ့ သူတောင် မကြာမကြာရောက်နေတဲ့ နေရာလေး။
    မပိတ်ပါနဲ့။
    ခဏခဏ ပိတ်လိုက် ဖွင့်လိုက် လုပ်တဲ့ သူတောင် အခု ငြိမ်နေပြီပဲ။
    အချိုးပြန်ချကြည့်။
    ကိုယ့်ဆီလာတဲ့ သူ ဘယ်နှစ်ယောက်။
    အကောင်းပြောတာ ဘယ်နှစ်ယောက်။
    မကောင်းပြောတာ ဘယ်နှစ်ယောက်။
    percentage ထွက်လာရင် စိတ်မသက်သာဘူးလား။
    ReplyDelete
  20. comment ကို မကြိုက်ရင် delete လုပ်ခွင့်ကြီး ကိုယ့်လက်ထဲ ရှိနေတာ။
    လုပ်ပိုင်ခွင့်ကို အသုံးချလိုက် :P
    ReplyDelete
  21. သိနေရဘာသည်,မြင်နေရဘာတယ်...
    မပြောချင်လို့ကို ဘာမှမပြောပဲ ကွန်မန့်စ် ကျော်ဖတ်သွားလိုက်ဘာတယ် ။
    ရေးချင်တာရေးဘာ...
    ဖတ်တာကတော့ အသစ်တင်တိုင်း လာလာဖတ်ဖြစ်နေမှာပဲ...
    ကွန်မန့်စ် ကတော့ စိတ်ကူးရရင်ရသလို,စိတ်ပါရင်ပါသလိုမန့်သွားဘာတယ် ။
    အားပေးဘာတယ်...
    HZT
    ReplyDelete
  22. စပ်စုချင်ဇောနဲ့ ဘာရေးထားလဲ မရမက လိုက်ရှာဖတ်တာ :P.
    ကိုယ် အဆဲခံလိုက်ရ သလိုပဲ။
    ထားလိုက်ပါ။
    အားလုံး မမြင်ချင်ယောင်ဆောင်သွားကြမှာပါ။
    ReplyDelete
  23. မမကွန်
    ဘာမှစိတ်ညစ်စရာမလိုဘူး
    မမကိုချစ်တဲ့ခင်တဲ့လူတွေအများကြီး
    ကျနော့်သူငယ်ချင်းတွေတောင်လာဖတ်တယ် မမကိုသိလို့ မဟုတ်ဘူး ကျနော်ပြောလို့ သိလို့ 
့်မမမြန်မာနိုင်ငံအကြောင်းရေးတာလေးတွေအသစ်တင်တိုင်းကျနော်လင့်ပေးရင် အကုန်ဖတ်တယ် မပြန်ဖြစ်သေးတဲ့လူတွေအတွက်
    ဘယ်လိုဖြစ်နေတယ် ဘာညာတွေသိရတာပေါ့
    မမဘလော့ဒီလိုတွေဖြစ်နေတယ်
    ဆိုလို့ သူတို့ ကတောင်ပြောတယ်
    ဘာဖြစ်နေတာလဲတဲ့ အဲဒီအစ်မကြီးက သူ့ ဟာသူရေးခြင်တာလေးတွေရေးတင်နေတာ
    ဘာကိုများမုန်းစရာရှိလို့ မုန်းနေကြတာလည်းတဲ့
    မကြိုက်လည်းမဖတ်နဲ့ ပေါ့ဟာတဲ့
    သူရေးတာလေးတွေမဆိုးပါဘူးတဲ့ ဓါတ်ပုံတွေဝါးလည်းသူကဓါတ်ပုံဘလော့မှမဟုတ်တာတဲ့ ဖုန်းကင်မရာနဲ့ ရိုက်ပြီးတင်ရတာကိုး ပြီးတော့အသေးစိတ်ရေးပြရ ဘယ်လောက်အချိန်ကုန်တယ်မှတ်လည်းတဲ့
    ပြောရှာတယ် .. ဒါကမမကိုလုံးဝမသိတဲ့လူတွေရဲ့စကားနော်
    ကိုယ်ရပ်တည်ချက်နဲ့ကိုယ်နေပါမမ
    သူများတိုက်ခိုက်လို့ မပြိုလဲပါနဲ့ 
    ကိုယ့်သမိုင်းကိုယ် ကိုယ်တိုင် ရေးသွားကြရမှာပါ
    ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ရိတ်ရမှာ
    မမ စိတ်ချမ်းသာပါစေ..အာဘွား x ၁၀၀၀
    ( ဆဲတဲ့ ကွန်မန့် တွေ စီဘောက်တွေကိုတော့ဖြတ်ပြစ်ပေါ့မမ (မမကိုချစ်လို့ လာလည်သူတွေမှာမိန်းကလေးတွေအများကြီး လူမဆန်တဲ့ကွန်မန့် တွေက မမဘလော့ကိုညစ်ပတ်စေတယ် လို့ ထင်တယ် လေ ကိုယ့်ဘလော့ကိုယ်စီဘောက် ထားချင်တာထားမယ်ဖြက်ချင်တာဖြက်မယ်ပေါ့ ဟုတ်ဘူးလား ..)
    ReplyDelete
  24. မကေအိုအင်က အမကြီးပဲဟာ၊
    အမက စိတ်လျှော့ရင် ညီမတို့ဘယ်လိုလုပ်မလဲ။
    ဆက်ရေးပါအမရယ်။
    လူတိုင်းမှာ ဘ၀ကိုယ်စီ အတွေးကိုယ်စီနဲ့ပါ၊
    တရားသဘောနဲ့ကြည့်ရင် အားလုံးဟာ တခုတည်းသော ပန်းတိုင်ကို သွားရမှာ၊ အဲဒီပန်းတိုင် မရောက်မချင်း ကောင်းမွန်သော အလုပ်များ ဘယ်လောက် လုပ်သွားနိုင်ကြမလဲဆိုတာကိုပဲ ကိုယ့်ကိုယ်ကို ကြည့်သွားရမှာပဲ၊
    လူဖြစ်ရတဲ့ ဒုက္ခက မသေးဘူး မဟုတ်လား အမရယ်၊ လုပ်စရာရှိတာလုပ်၊ လုပ်ချင်တာသာ လုပ်ပါ အမ၊ ကောင်းနေဖို့ပဲ အရေးကြီးတာပဲ၊ အကောင်းဆုံးဆိုတာတော့ ကိုယ့်အတိုင်းအတာနဲ့ ကိုယ်ပဲလေ၊ စွမ်းသလောက်တော့ ကြိုးစားကြတာပါပဲနော်။
    ခင်မင်စွာဖြင့်
    ReplyDelete
  25. ဒီအချိန်ထိ အဆဲခံပြီးပြီပဲ မမ...
    ဆက်လက် ချီတက်ကြပါစို့။ ဘာမှ တွေဝေမနေနဲ့။ စာရေးလျှော့မယ်လည်း မစဉ်းစားနဲ့။
    The End တွေဘာတွေလုပ်မနေနဲ့။
    မြစ်ကျိုးအင်းပြောတာ သဘာဝ ကျတယ်။
    အချိန်ရတဲ့အခါ စီဘောက်စ်က စာဖျက်ပေါ့။
    မဆိုင်သူတွေ အားနာရင် သူတို့ကိုရေးထားတဲ့ ကောမန့်ကို ဖျက်ပစ်ပေါ့။ (ဆရာကြီး လုပ်မိပြန်ပြီလား)
    စီဘောက်စ်ကို ဘာလို့ဖြုတ်ရမှာလဲ မမရာ..။
    နဂါးလက် ( neglect) လုပ်ထားတာ အကောင်းဆုံးပါ။
    ReplyDelete
  26. မမ..
    မမ စာတွေ ဆက်ရေးပါ။ စိတ်အနှောက်အယှက် ဖြစ်စရာတွေ သူ့အလိုလို ပျောက်သွားပါလိမ့်မယ်..။
    ReplyDelete
  27. မမမေရေ
    အားမလျှော့ပါနဲ့..
    ဘလော့ဂ်ရေးတယ်ဆိုတာ
    ပိုက်ဆံရလို့ရေးနေတာလဲမဟုတ်သလို နာမည်ကြီးဖို့ရေးနေတာလဲမဟုတ်ဘူးလေ။
    စိတ်ထွက်ပေါက်တစ်ခုပေးတဲ့အနေနဲ့ စာပေတည်းဖြတ်သူ မပါဘဲ
    လွတ်လပ်စွာကိုယ့်ကိုယ့်စာကိုယ်တည်းဖြတ်ပြီး
    ရေးနေကြတာပဲ..
    မမရဲ့ဒီပို့စ်လေးကိုဖတ်ရတာစိတ်မကောင်းဘူး...
    မမပျော်ရွှင်စွာနဲ့စာဆက်ရေးပါ။
    ပျော်ရွှင်ပါစေနော်
    ReplyDelete
  28. This comment has been removed by the author.
    ReplyDelete
  29. ကော်မန့် တွေဖတ်ရင်း အမကို တစ်ခုတော့
    အားပေးချငမိတယ် အမရေ။
    ဘိုနေမြဲ ကျားနေမြဲနေ အမ
    ဘာမှ မတုန်လှုပ်နဲ့ ၊ ဘာမှ မပြောင်းလဲနဲ့( အမဘလောဂ့်ကိုပြောပါတယ်)
    တစ်ခုခုပြောင်းလိုက်ရင် သူတိုရဲ့ ရည်ရွယ်ချက်တွေ
    အောင်မြင်တယ်လို့ သက်မှတ်ကျလိမ့်မယ်။
    ကျနော်တို့တွေအားလုံး နားလည်တယ်။
    သူတို့ တွေကို Don't Care လုပ်ပစ်လိုက် အမ။
    ခင်တဲ့ မောင်လေးရီနိုမာန်
    ReplyDelete
  30. This comment has been removed by the author.
    ReplyDelete
  31. အားပေးသူတွေ ပြောတဲ့စကားကိုဖတ်ကြည့်ရုံနဲ့ အန်တီ့ကို ဘယ်လောက် ချစ်ခင်လေးစားကြတယ်၊ စေတနာထားကြတယ်ဆိုတာ အထင်အရှားပါပဲ။ ရှေ့ကအကိုအမတွေ အားပေးစကားနဲ့တင် ကျနော် ဘာမှအထူးတလည် ပြောစရာမလိုတော့ပါဘူး။ အဘိဇ္ဇာပွားတဲ့သူတွေပွားချင်သလောက် ပွားကြပါစေ။ သူတို့တရားနဲ့ သူ၊ ကိုယ်ကလည်း ကိုယ့်တရားနဲ့ကိုယ် ရှေ့ဆက်ရုံပဲ။
    ခပ်မြင့်မြင့်
    ReplyDelete
  32. စကားလုံးတိုင်းအတွက် နာကျင်မှုတွေ အတိုင်းသား......
    စာရေးခြင်းဆိုတဲ့အတတ်ပညာကို မကျွမ်းကျင် မတတ်မြောက်ပေမယ့် ဟောဒီ ဘလော့ဆိုတဲ့အကြောင်းအရာနဲ့ အမေ့အိမ် အမိမြေနဲ့ဝေးရာမှာ စိတ်ထွက်ပေါက် ဒါမှမဟုတ် သီးခြားပျော်စရာတွေ ကိုယ်ဖာသာ ဖန်တီးကြသူခြင်းမို့ ကိုယ်ချင်းစာမိပါတယ်။
    ကိုယ်ရေးကိုယ်တာမုန်းတီးမှုတွေဆိုရင်လည်း ပြင်ပမှာပဲဖြေရှင်းစေချင်မိတယ်။ ဘလော့နဲ့ပတ်သတ်တဲ့ တစ်ခြားစာဖတ်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်ကြမယ်ဆိုတာ စာနာနားလည်ပေးသင့်တယ်လို့ထင်မိတယ်။
    ရပ်တည်မှု အမြင်ချင်းမတူတာမို့ ကွဲလွဲမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ မိမိရဲ့ အမြင်တွေကို အပြုသဘောဆောင်ပြီး မောင်နဲ့နှမ သားနဲ့အမိ လူတိုင်းကြည့်လို့ရတဲ့ ဝေဖန်မှုတွေဖြစ်စေချင်မိတယ်။
    ဖြစ်နိုင်ရင် အမိမြေနဲ့ ဝေးတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် နှုတ်၏စောင်မခြင်း ကိုယ်၏ စောင်မခြင်းဖြင့် မိသားစုစိတ်ဓါတ်မွေးမြူပြီး စောင့်ရှောက်ကူညီဖေးမစေချင်မိပါတယ်။
    ပျော်ရွှင်ချမ်းမြေ့တဲ့ ဘလော့ကမ္ဘာလေးဖြစ်ဖို့ ဆန္ဒပြုပါတယ်။
    အေးချမ်းနိုင်ကြပါစေခင်ဗျာ...
    ReplyDelete
  33. မမ
    ရေးစရာ ရှိတာ ရေးချင်တာရှိတာ စိတ်ထဲရှိတာ အရင်လိုပဲ ဆက်ရေးပါ။ အပင်မြင့်လေ လေတိုက်ခံရလေဆိုသလိုပေါ့။
    ခင်မင်စွာဖြင့်
    ReplyDelete
  34. သြော် လွတ်လွတ်လပ်လပ်ရေးလို့ ရနိုင်တဲ့နေရာမှာရောက်နေသူတွေမှာလည်း ကိုယ့်ပြဿနာနဲ့ ကိုယ်ပဲနော်။ အဓိကကတော့ ကိုယ့်စိတ်ကို ပိတ်မိမနေစေဖို့ ပါပဲ။ အဲဒီအတွက်ဆိုရင်ဆက်သာရေးပါ။
    ပုံ
    ဆရာမတစ်ဦး :D
    ReplyDelete
  35. အမKOM ရေ ဒီလိုမိုက်ရိုင်းတဲ့သူတွေကြောင့် အရှုံးပေး ကိုယ့်ဘလော့ကိုပိတ်သွားတဲ့သူတွေအများကြီးဘဲ ဘာဘဲဖြစ်ဖြစ် ဒီလက်တဆုတ်စာ ကိုယ့်ကိုကိုယ်တောင် ဘာမှန်းမသိတဲ့ လူတွေကို အရှုံးပေးရင် မှားမှာပေါ့ ဖြစ်သင့်တာက အမကို လေစားချစ်ခင်သူတွေ ခင်မင်ကြသူတွေဟာ ဒီရိုင်းစိုင်းတဲ့သူတွေရဲ့ စာတွေကို ကျော်ဖတ်ကြမှာအသေအချာပါဘဲ
    ReplyDelete
  36. ဒီ ဘလော့ဂ်ကို စိတ်ထွက်ပေါက် အပန်းဖြေရာ တစ်ခုအနေနဲ့ ရော၊ တခြား ဘလော့ဂ်တွေကို သွားစရာ လင့်တစ်ခု အနေနဲ့ ရော သဘောထားပြီး အမြဲ နေ့ တိုင်း လာဖတ်ပါတယ်။
    မခင်ဦးမေ ဆိုတာ မိန်းမအစစ်လား၊ ယောင်္ကျားက မိန်းမယောင် ဆောင်ထားတာလား၊ ဒီ ဘလော့ဂ်ရဲ့  ရည်ရွယ်ချက်က ဘာလဲ ... ဒါတွေ ကျမနဲ့  မဆိုင်ပါ။ ဒီကိုလာတာ ကိုယ့်စိတ် အပန်းပြေဖို့ ပါပဲ။
    တချို့ အလွန်ကို ယုတ်မာ ရိုင်းစိုင်း ညစ်ညမ်းတဲ့ ဆဲဆိုထားတာတွေကိုတော့ ဖျက်သင့်တယ်လို့  ထင်ပါတယ်။
    အမြဲ ဆက် အားပေးနေမှာပါ။
    ReplyDelete
  37. ပထမဆုံး ပုံ တိမ်ပြာပြာအောက်က တိမ်မှိုင်းမှိုင်းပုံ
    လွမ်းစရာကောင်းလိုက်တာ..
    ဘယ်ပျောက်နေတာလဲ မမ...
    Xထုံ
    ReplyDelete
  38. မေမေကွန်
    ဆက်ရေးပါ။ ဖတ်ချင်သူတွေ လာဖတ်ကြမယ်။
    ပျော်စရာ၊ ခင်စရာကောင်းတဲ့ အိမ်လေးတစ်ခု ထာဝရ တံခါးဖွင့် ကြိုဆိုနေဖို့ မျှော်လင့်ပါတယ်
    ReplyDelete
  39. ဟဲ ဟဲ ဒါဟာ ထုံးစံပဲ။ ထုံးစံကို ထုံးစံအတိုင်းထားပြီး ထုံးစံအတိုင်း ရှေ့ဆက်ချီတက်ကြတာပေါ့။ ဟုတ်ဘူးလား။
    ReplyDelete
  40. မမကွန်.. ဘာမှ စိတ်မညစ်ပါနဲ့ဗျာ..
    ဆက်ရေးပါ...
    ဘယ်လိုလူတွေ ဘယ်လို ပေါက်တတ်ကရတွေ ရေးရေး...
    ဂရုမစိုက်ပါနဲ့
    ဘလော့ဆိုတာ ပုံစံအမျိုးမျိုးနဲ့ရေးနေကြတာပဲ....
    မမကွန်ဘလော့လေးကို ချစ်တယ်..
    ReplyDelete
  41. မခင်ဦးမေ....ရေးစရာရှိတာရေးပါ။
    ကျွှန်တော်တို့လိုအမြဲအားပေးတဲ့လူတွေအတွက်
    မခင်ဦးမေ စာတွေဆက်ရေးပါ။
    အမြဲအားပေးနေမယ်။
    ReplyDelete
  42. ဆက်ရေးပါအမ
    ပြီးတော့ ဥပေက္ခာပြုနိုင်အောင် ကြိုးစားပါ။ သူ(တို့) ရည်ရွယ်ချက်က ဘာကြီးဖြစ်နေဖြစ်နေ ကိုယ့်စေတနာ၊ ကိုယ့်ဆန္ဒကို မယိုင်နှဲ့ပါစေနဲ့။
    အခြား အတိုက်ခိုက်ခံနေရတဲ့၊ အတိုက်ခိုက်ခံရနိုင်တဲ့ ညီအကိုမောင်နှမများလည်း စိတ်ဓာတ်ခိုင်ခိုင်ထားပြီး ဒီလူတွေကို ဘေးမဲ့ပေးထားလိုက်ကြစမ်းပါဗျာ.....
    Reply လည်း မလုပ်ပါနဲ့၊ ဖြေရှင်းချက်လည်း မလုပ်ပါနဲ့၊ သွားလည်း ဖတ်မနေပါနဲ့၊ မခံချင်လည်း မဖြစ်ကြပါနဲ့။
    စိတ်ပိုင်းဆိုင်ရာ အားနည်းတဲ့လူတွေအဖို့ ဒီလောက်ကလေး လုပ်လိုက်ရင်ပဲ သူတို့ "သေ" သွားပါလိမ့်မယ်။
    ဒါ ဘုရားကိုယ်တိုင်ဟောထားတဲ့ "သတ်နည်း"လေးပါ အမရေ။
    အမ စိတ်ချမ်းသာပါစေ။
    ReplyDelete
  43. ဖြစ်ရလေဂျီးဒေါ်..
    ပိတ်ဖို့တော့မစဉ်းစားပါရန်..
    ReplyDelete
  44. စိတ်အနှောက်အယှက်ဖြစ်စေရုံကလွဲပြီး တခြားဘာအကျိုးမှ မရှိတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေအတွက် စိတ်ပြတင်းတွေ ဒိုးယိုပေါက်ဖွင့်ထားလိုက်ပါ မမကွန်ရေ.... လေလာရင် အညှီအဟောက်တွေလည်း ပျောက်သွားမှာပါ... လူမှန်ရင် ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းဆိုတဲ့ လောကဓံကိုတော့ ခံရစမြဲပါ...
    ပြုသူအသစ် ဖြစ်သူအဟောင်းမို့လို့... ကိုယ့်အတွက်တော့ အတိတ်ကံအကျိုးပေးလို့သာမှတ်လိုက်ပါ... သူကတော့ သံသရာအကျိုးပေးအတွက် ရိက္ခာစုဆောင်းနေတာပဲလေ....
    ခင်မင်ခြင်းများစွာဖြင့်
    စိမ်း
    ReplyDelete
  45. စိတ်မပျက်ပါနဲ့ အမKOM
    ... ဆက်ရေးပါ......
    ဘလော့ဂ်ရေးသူတွေကိုအားကျပြီး
    ကိုယ်တိုင်ရေးဘို့အင်မတန်ခက်ခဲပျင်းရိသူ
    ကိုယ့်အတွက်တော့ကိုယ်သဘောကျတဲ့
    ဖတ်တဲ့ဘလောဂ်တိုင်းဟာ
    စိတ်ဖြေဆေးပါဘဲ.....ဆက်သာရေးအမ....
    ရိုင်းစိုင်းသူတွေရဲ့ ....အတွေးနဲ့အရေးကိုသာ...
    ဖျက်လိုက်ပေါ့အမရယ်.....
    မိန်းမမာယာလို့တွေးသူရေးသူအတွက်လဲ ဓါးခုတ်ရာလက်ဝင်လျိုပြောချင်ပါတယ် ....
    မိန်းမတိုင်း....မာယာမတတ်ဘူးကွယ်.... တတ်ချင်လို့သင်ရင်တောင်မရနိုင်တဲ့အတတ်ပညာမို့ မနာလိုမဖြစ်ပါနဲ့လို့ပြောပါရစေ
    ဂျူ
    ReplyDelete
  46. အမ
    အမ ဘာရေးရေး မဟုတ်ပေမဲ့ တချို့ရေးတာတွေကတော့ ဖတ်ရရင် ပြုံးမိပါတယ်။
    တချို့ ပို့စ်တွေတော့ မန့်ဖြစ်တယ်။
    ကိုယ်မကြိုက်တဲ့ ပို့စ်ဆို ဘာမှလဲ မပြောဘူး မန့်လဲမမန့်ဘူး။ ကျနော်က ကိုယ့်ဆီလာလည်ယုံနဲ့ အားနာသမှုနဲ့ မမန့်တတ်လို့ပါ။ ကိုယ့်ဆီမှာ လာမဖတ်လဲ လာမမန့်လဲ မန့်ချင်မန့်တတ်သူပါ။
    ဒီပို့စ်ကိုဖတ်ရင်း အမကိုနားလည်ပါတယ်။ အမ ရေးစရာရှိတာ ဆက်ရေးပါ။
    ဒါပေမဲ့အမ ..
    အမြင်မတော်တာတွေကို အမဖျက်ပစ်လို့ရသလို ဘန်းလို့လဲ ရနေတာပဲ။ အဲဒီလိုတော့ လုပ်သင့်တယ်ထင်တာပဲ။
    အမ ..စီဘောက်မှာ အမတို့ အရမ်းရင်းနှီးသူတွေ
    ကျနော်ကြားဘူးတဲ့ ချက်ရွမ်းတို့ဘာတို့မှာ ကိုယ့်အုပ်စုလေးဖွဲ့ပီး ပြောလို့ရတယ်တဲ့။ အဲလိုလေး ပြောကြည့်ပါလား အမ။ စီဘောက်မှာ ပြောမှမဟုတ်ပါဘူး။ ပြောလို့ရတာပါပဲ။
    ကျနော်ဆို ဂျီတော့မှာ အမြဲရှိတယ်။ စကားပြောချင်ပြောတယ် စာရိုက်ချင်ရိုက်တယ်။ အမ ဂျီတော့က တပြိုင်နက်ထဲ ပြောလို့မရပေမဲ့ အမ ရာဟူးတို့ စကိုင်ပီတို့မှာ ပြောလို့ရတယ်တဲ့ မေးကြည့်ပေါ့ အမ။
    ကျနော်က သူငယ်ချင်းလဲ နဲတယ်ဆိုတော့ မသုံးဖြစ်လို့ သေချာမသိဘူး။ အကြံပေးတာပါ.။
    ဒါဆို စီဘောက်က ပြသနာလဲ ဖြေရှင်းပီးသား ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။
    သူတို့ဘာပြောပြော ဘန်းလိုက်ဖျက်လိုက်ပေါ့။
    အခုက အပြန်အလှန် ဖြစ်နေတာ။
    မပီးနိုင်ဘူးဖြစ်နေတယ်။ အမလဲ ကြာတော့ စိတ်ညစ်လာမှာပေါ့။ အမ..
    ကိုယ်တကယ်ခင်နေပီဆိုရင် ကိုယ့်အဖွဲ့လေးနဲ့ ကိုယ်ပြောလဲ ရတာပါပဲအမရဲ့။
    အကျိုးအကြောင်း ပြောပြတာပါ။ ဆရာလုပ်ခြင်းမဟုတ်ပါ။
    ReplyDelete
  47. အစ်မ KOM
    မှန်ကန်တဲ့ လမ်းကို ကိုယ်လျှောက်နေတယ်လို့ သံသယ မရှိခဲ့တာ မှန်ရင် အစ်မရွေးချယ်ထားတဲ့ ဒီ လမ်းကိုပဲ ဆက်လျှောက်ဖို့ တိုက်တွန်းချင်ပါတယ်။
    ဒါနဲ့ စကားမစပ်
    (မရမက) ဆိုတာတော့ နားလည်ပါတယ်
    (မကရက) ဆိုတာကို ပို့စ်သီးသန့်အနေနဲ့ ရေးပေးပါအုန်း
    စောင့်မျှော်လျက်နဲ့
    မောင်လေး
    ReplyDelete
  48. မြောက်ကိုရီးယား ထိပ်တန်းအရာရှိ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ရရှိ
    အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ ရပ်တန့်နေတဲ့ လက်နက်ဖျက်သိမ်းရေး စည်းဝေးပွဲ ပြန်စနိုင်ရေး ကြိုးပမ်းနေကြတဲ့အချိန်မှာပဲ ထိပ်တန်း မြောက်ကိုရီးယားတာဝန်ခံ တဦးကို ဒီလထဲမှာ အမေရိကန်နိုင်ငံထဲကို လာရောက်ခွင့် ပြုလိုက်ပါပြီ။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အမေရိကန်ရေးရာ ဗျူရိုရဲ့ ညွန်ကြားရေးမှူးချုပ် ရီဂန် (Ri Gun) ကို ပြည်ဝင်ခွင့်ဗီဇာ အမေရိကန် နိုင်ငံခြားရေးဌာနက ခွင့်ပြုလိုက်တာပါ။
    အမေရိကန်နဲ့ နှစ်နိုင်ငံချင်း ဆွေးနွေးမှု စတင်ရေး လိုလားနေတဲ့ မြောက်ကိုရီးယားက အမေရိကန် အထူးသံတမန် စတီဖင်န် ဘော့စ်ဝေါ့သ် (Stephan Bosworth) ပြုန်ရမ်းကို လာလည်ဖို့လည်း ဖိတ်ကြားထားပါတယ်။ ဘယ်လို ဆွေးနွေးပွဲမျိုးပဲ ဖြစ်ဖြစ်၊ တောင်ကိုရီးယား၊ တရုတ်၊ ရုရှား နဲ့ ဂျပန်နိုင်ငံတို့ ပါဝင်စေလိုကြောင်း သမ္မတ ဘားရက်အိုဘားမား က ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။
    မြောက်ကိုရီးယား သံတမန်ရဲ့ အမေရိကန် ခရီးစဉ်အတွင်း တရားဝင်ဆွေးနွေးပွဲလုပ်ဖို့ အစီအစဉ် မရှိသေးပါဘူး။
    ReplyDelete
  49. သြော် စာမှ ဖတ်တတ်ရဲ့လား ခင်မျာ။ ဘလော့ပိုင်ရှင်က ရေးထားပါတယ် နိင်ငံရေးကြော်ငြာဘလော့မဟုတ်လို့  နေရာမှားနေပါတယ်လို့  အတိအလင်းရေးထားပါတယ်။ ဘာရေးရေး ကော်မန့် တခုတိုးရင်ပြီးရော ရေးတာလား စဉ်းစားဆင်ခြင်တုံတရားရှိသူဆိုရင် အသက်အရွယ်ရှိသူ ဆိုရင် နားလည်မှာပါ
    ReplyDelete
  50. ဆက်ရေးပါ
    ပုံ
    စာဖတ်သူတဦး
    ReplyDelete
  51. ဘာဖြစ်ဖြစ် အားပေးနေပါတယ်
    ReplyDelete
  52. အရင်က ဒီလောက်အားပေးဖို အစီအစဉ်မရှိဘူး... ဆဲနေတဲ့သူတွေကို သောက်မြင်ကတ်လို့ ကို ပိုအားပေးတာ
    ReplyDelete
  53. မကွန်ရေ.. တွေ့ တယ်မဟုတ်လား မကွန်ကို ချစ်တဲ့ ခင်တဲ့သူတွေ ပိုများနေတာ။
    ချီးမွမ်း ၇ရက် ကဲ့ရဲ့ ၇ရက်တဲ့။
    အင်တာနက်ခေတ်ဆိုတော့ နဲနဲပိုကြာသွားတာ စိတ်ထဲ ဘာမှ မထားပါနဲ့  ဆက်သာရေးပါ။ အားပေးနေတယ်နော်။
    ReplyDelete
  54. ပြောချင်တာပြောပေါ့ဗျာ၊ ရေးချင်လို့ရေးတာပဲ။ ပြောနေတဲ့သူတွေကလည်း virtual world မို့ အာပေါင် အာရင်းသန်နေကြတာပါ။ လက်တွေ့ရင်ဆိုင်ရဲ လို့မှမဟုတ်တာ။ ပြီးတော့ အခုမှ လက်တည့်စမ်းရေးဖို့ ဘာရေးရမှန်းမသိတာနဲ့ (လူသိစေချင်တာလဲ ပါမှာပေါ့လေ)
    ဒီလိုပါပဲ...။ နာမည်ကြီးနည်း နှစ်မျိုးထဲက လွယ်တဲ့နည်းကို ရွေးသွားတာပဲ။ လူတွေဟာ.... လက်လှမ်းမမှီတော့တဲ့ အခါ အမှီလိုက်နိုင်အောင် ကြိုးစာဖို့ထက် လိုက်စရာမလိုအောင် ဖျက်စီးဖို့ ကြိုးစားတော့ တာပါပဲ။
    ဒါလောက်ပါပဲ...။ ဒီထက်ပိုပြီးလဲ ဘာမှ မလုပ်တတ်ကြပါဘူး။ ဒီအတိုင်းလေးကြည့်နေလိုက်ပါ။ ပြီးတော့လဲ ပြီးသွားမှာပါပဲ။
    ReplyDelete
  55. အရီးKOM
    ဆက်လက်ပီးရေးသားပေးပါ..
    စိတ်မညစ်ပါနဲ့
    အားမလျော့ပါနဲ့
    ReplyDelete
  56. အကြံပေးချင်လို့ 
    (၁) စီဘောက်ကို သတ္တိရှိရှိ ပိတ်ပစ်လိုက်ပါ။ အလေနတောတွေ ကြော်ငြာထိုးလိုသူတွေအတွက် အချိန်ကုန်မခံပါနဲ့ ။
    (၂) ဘလောဂ့်မှာ ဘာရေးရမယ် ဘာမရေးရဘူးလို့  ကန့် သတ်ချက် မရှိပါ။ (မကြိုက်ရင် လာမဖတ်ပါနဲ့ ။ အကျိုးမရှိဘူးထင်ရင် ကျေးဇူးပြုပြီးလာမဖတ်ပါနဲ့ လို့  တောင်းပန်ပေးလိုက်ပါ)
    (၃) ဝေဖန်ချင်ရင် comment မှာ သတ္တိရှိရှိ e-mail လိပ်စာ ဖော်ပြပြီး ရေးပါစေ။
    မြန်မာ media celebrities တွေအပေါ် အားမလိုအားမရ ဖြစ်တာတွေကို နားလည်စာနာပါတယ်။ ကိုယ့်သမိုင်းကိုယ်ရေး သူ့ လက်ရေးလေးလှအောင် သူ ရေးပါလိမ့်မယ်။ KM
    ReplyDelete
  57. အရီး ဆက်ချီတက်။
    ReplyDelete
  58. တီတီကွန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    တူတူဘလော့ဂင်းကြမယ်...ပိတ်နဲ့နော်....
ို
    ဘာတွေဖြစ်လဲတော့မသိဘူး...ဘာပြသနာလဲဆိုတာ နားမလည်ဘူး ...ဒါပေမယ့် ဆဲတာတွေ ဆိုတာတွေ
    ဖတ်ရတာတော့ စိတ်မချမ်းသာဘူး .....
    အဆဲတွေက လစ်လှူရှုလိုက်ပါနော်.....
    ဆက်လက်ချီတက်လျှောက်လှမ်းကြပါစို့ တီတီရေ...
    အာဝါးးးးးးးးးးးးးးးးးးးးးးနော်..စိတ်မညစ်နဲ့
    အားလုံးစိတ်ချမ်းသာကြပါစေ...
    မက်မက်
    ReplyDelete
  59. တီတီကွန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    တူတူဘလော့ဂင်းကြမယ်...ပိတ်နဲ့နော်....
ို
    ဘာတွေဖြစ်လဲတော့မသိဘူး...ဘာပြသနာလဲဆိုတာ နားမလည်ဘူး ...ဒါပေမယ့် ဆဲတာတွေ ဆိုတာတွေ
    ဖတ်ရတာတော့ စိတ်မချမ်းသာဘူး .....
    အဆဲတွေက လစ်လှူရှုလိုက်ပါနော်.....
    ဆက်လက်ချီတက်လျှောက်လှမ်းကြပါစို့ တီတီရေ...
    အာဝါးးးးးးးးးးးးးးးးးးးးးးနော်..စိတ်မညစ်နဲ့
    အားလုံးစိတ်ချမ်းသာကြပါစေ...
    မက်မက်
    ReplyDelete
  60. မမ..
    လောကမှာ အကောင်းမြင်ခြင်း နှင့် အဆိုးမြင်ခြင်း ၂ မျိုး ဖြစ်နေတဲ့အတွက် ဘာမှခံစားမနေပါနဲ့နော်..neglect ပေါ့မမရယ်..
    ချစ်ခင်စွာဖြင့်
    ReplyDelete
  61. Ma KOM
    keep on going !
    Peace be with U !
    ReplyDelete
  62. မမ kom အားပေးလျက်ပါ
    ReplyDelete
  63. ဟုတ်တယ် အမရေ .. ကျွန်တော်တောင် စီဗုံး ဖြုတ်ထားတာ .. အခုတော့ ပြန်တပ်ထားပါတယ် .. ပြောချင်တာတွေ အလွယ်တကူ ပြောလို့ ရအောင်လို့ .တချို့လူတွေကို မကြည့်ပါနဲ့ အမ ရေ .. အမ စာဖတ်ပရိတ်သတ်တွေ အများကြီးကိုပဲ ကြည့်လိုက်ပါ ..အဆင်ပြေသွားပါလိမ့်မယ် ..ပျော်ရွင်ပါစေ...
    ခင်မင်စွာဖြင့်
    မနောသား
    ReplyDelete
  64. Keep on going.
    We will be at your side.
    I will look around next time when I am in City Square. :D
    ReplyDelete
  65. မမရေ
    စိတ်မညစ်ပါနဲ့ အရင်လိုပဲပျော်ပျော်ရွှင်ရွှင် ဆက်ရေးပါ
    စိတ်ချမ်းသာပါစေနော်
    ReplyDelete
  66. အပင်မြင့်ရင် လေပိုတိုက်ခံရတယ် ဆိုတဲ့ ဆိုရိုးလည်း ရှိသားပဲ...
    ကိုယ့်ရပ်တည်ချက် မှန်ကန်ရင် ဂရုစိုက်စရာ မလိုပါဘူး။
    အမြင်မတော်တာတွေကို ဖျက် ပစ်လိုက်ပေါ့..
    ReplyDelete
  67. အစ်မရေ.. ဆရာလုပ်တယ် မထင်ပါနဲ့နော်။ အကြံပေးတာတောင် မဟုတ်ပါဘူး။ ဝေမျှချင်တာ သက်သက်ပါ။ ကိုယ်တိုင်တော့ လုပ်ငန်းခွင်ထဲမှာ ကိုယ့်ကို တယောက်ယောက်က အပြစ်ဆိုလာတဲ့အခါ အခုလို စဉ်းစားလေ့ ရှိပါတယ်။ လုပ်စရာက အနည်းဆုံး ၃ မျိုးရှိတယ်။
    ၁) ကိုယ်လုပ်နေတာကို ရပ်လိုက်ဖို့( give up)
    ၂) ဂရုမစိုက်ပဲ ဆက်လုပ်ဖို့ (neglect)
    ၃) ဘာများပြောစရာ ဖြစ်နေပါလိမ့်လို့ သုံးသပ်ပြီး ပြုပြင်စရာတွေ့ရင် ပြုပြင်ပြီး ဆက်လျှောက်လှမ်းဖို့ပါ။ မတွေ့ရင်လည်း အရင်အတိုင်းပဲပေါ့။ (analyze & improve)
    နံပါတ် ၁ က ပျော့ညံ့အားနည်းရာ ရောက်တယ်။ နံပါတ် ၂ က တခါတလေ ကိုယ့်အားနည်းချက် (ရှိခဲ့တယ်ဆိုရင်ပေါ့) မမြင်ဘူး ဖြစ်သွားတတ်တယ်။
    နံပါတ် ၃ အချက်ကတော့ ရေရည်အတွက် ကောင်းမယ်။ အဲဒီအတွက် candid advice တွေ ဘေးကနေ ဘက်မလိုက်တမ်း ပေးမယ့် မိတ်ဆွေကောင်းလိုမယ်။ ကိုယ့်ကိုယ်ကိုလည်း မညှာမတာ သုံးသပ်ဖို့လိုတယ်။
    ပန်ဒိုရာ
    ReplyDelete
  68. အမရေ အမရပ်လိုက်တာနဲ့ အရူးတွေပျော်လိမ့်မယ် မရပ်နဲ့ ဆက်လျှောက် အားပေးလျက်
    ReplyDelete
  69. Ma KOM,
    According to the comments, what I found out now is so many people love you. They all understand you. Only few people can have some different thoughts to you and your readers.
    I sometime visit to your blog, and it really is a charming and fun place. We never guarantee that blogs will be perfect everyday and every post will be first class, intellectual and informative.
    Keep going ...
    Life is going on ... Don't give up.
    By meeting those kinds of people who have had bad intension to others, we felt we are so lucky not having such insane behaviors.
    Rudeness is nothing but nonsense of the fools.
    If they are so free and just want to say these things everyday, their frame of mind is seriously decayed. Mental Disorder of them is so annoying for the others.
    This intentionally insult to all readers and the blogger can be the enjoyment of those nuts. But they also will know, they are just mere creatures (not yet become human being) that still posses the 99% of primates' mentalities.
    In short, we wanna encourage you to keep on blogging. In the long run, we will get what we deserve, and it goes without saying ... the wicked will gain what they deserved too ...
    With Peace,
    Z
    ReplyDelete
  70. ဒီမနက်ကမှ စပိန် ကပြန်လာပြီး Picasa မှာ photo uploading နဲ့အလုပ်ရှုပ်နေလို့ ဒီမှာ comment ပေးဖို့နောက်ကျသွားတယ်။ မမကွန်ကိုပြောတာက စီဘောက်ကို ဒီအချိန်မှာ ခဏပဲ disable လုပ်ထားဖို့ပြောတာပါ။ အပြီးပိတ်ဖို့ပြောတာမဟုတ်ပါ။ ဒါကလဲ ကျွန်တော်တို့ တပ်မှာတုန်းကသင်ခဲ့ရတဲ့ strategy တခုဘဲလေ။ အရမ်းကိုပိုင်နေရင်တော့ ဒီလိုခဏဆက်လွှတ်ထားပြီး သေချာပြီဆိုမှစွဲစိရတယ်။ ဒါမှမဟုတ်ရင်တော့လဲ confrontation ကိုရှောင် အသာလျှိုနေ။ အင်အားကိုပြန်စုစည်း။ အဲ blogging ကစစ်မြေပြင်တော့ မဟုတ်ဘူးနဲ့တူတယ်။ဒါပေမဲ့လဲ ဘဝဆိုတာတိုက်ပွဲတဲ့.။။ ဆေးကျောင်းဝင်ဖို့လဲတိုက်ပွဲ၊အတန်းထဲမှာ အမှတ်များဖို့လဲတိုက်ပွဲ၊ အင်္ဂလန်မှာအလုပ်ရဖို့လဲတိုက်ပွဲ ကျွန်တော်က တော့ဘာပဲ လုပ်လုပ် တိုက်ပွဲအသွင်နဲ့ဘဲစဉ်းစားလေ့ရှိတယ်။ ဒီ UK ကိုလာခဲ့တာလဲ ကိုယ့်အတွက်တနေရာရအောင် ကိုယ့်ဆွေမျိုးသားချင်းတွေနေရာရအောင် နောက်ပြီး ဖြစ်နိုင်ရင်ကိုယ့် မြန်မာတိုင်းရင်းသားတွေ နေရာရအောင် တိုက်ဖို့လာခဲ့တာပဲ။ ကျွန်တော်တို့အကြွေးတွေပြန်ရစရာရှိတယ်လေ။ မမကွန် ရဲ့ virtual world လဲအခုဆို စစ်ပွဲဆန်ဆန်ဖြစ်နေပြီပဲ။ တောမီးလောင်တောကြောင်လက်ခမောင်းခတ်ဆိုတာတွေလဲရှိနေမှာပဲပေါ့။ သမိုင်းကိုပြန်ကြည့်ရင် ဒီဥပမာတွေအကုန်ရှိပါတယ်။
    ကျွန်တော်အကြံပေးချင်တာကတော့ မိချောင်းမင်း ရေခင်းပြတယ်လို့ မထင်စေလိုပါ။ မိမိ ရဲ့ မိသားစု wellfare ကို နံပါတ်တစ်ဦးစားပေးပါ။ virtual world မှာတချိန်လုံးပျော်နေမဲ့အစား အားကစား လေး တပတ် ၃ ရက်လောက်လုပ်။ နီးစပ်သူတွေနဲ့ တပတ် တခါ နှစ်ပတ်တခါလောက် တွေ့ပြီးစားသောက်လို့ရပါတယ်။ ရေရှည်ခံမဲ့ စာတွေရေးချင်ရင်လဲ ကျွန်တော်တို့မှာ စာအုပ်တိုက်ရှိပါတယ်။ စာအုပ်ထုပ်ပေးပါ့မယ်။ ( ရောင်းရမရောင်းရတော့ တာဝန်မယူပါ ဟဲဟဲ)
    ဟုတ်ပါပြီ။ ပြောတာလဲ နဲနဲရှည်သွားပြီ။ ဒီတခါ မမကွန် ရေးထားတာ ဂျူးထက်သာတယ်ဆိုတာယုံကြည်တယ်။ နူနူရည် (အင်းဝ) ကိုလဲ သွားသတိရစေတယ်။ မမကွန် အရည်အချင်းရှိုတယ် ဆိုတာ အားလုံးသိပါတယ်။ ဂျာမနီ လုပ် BMW က မလေးရှားလုပ် Proton တော့ဘယ်တော့မှဖြစ်သွားစရာမရှိဘူးလေ။ လူတိုင်းသိပါတယ်။
    ReplyDelete
  71. မခင်ဦးမေ
    အမြင့် ကို ရောက်လာယင် လေတိုက်တာ ခံရတယ်။
    ပိုမြင့်လာလေ ပို ကြံ့ ကြံ့  ခံရလေပဲ။ ဒီတော့ အားပေးနေပါတယ်။ ဆက်ရေးပါ။
    ခုကလဲ အဲလို လာပြီး စော်ကားသူတွေ အတွက် နောင်တရသွားမှာ ပါ။ ကျွန်တော် လဲ ဒီနေ့မှ သိလိုက်ရလို့ ။ အဲတာ ဆက်အားပေးနေမယ်။ ဘာဖြစ်ဖြစ်ပေါ့။ သူတို့  မောယင် ရပ်သွားကြမှာပါ။ကျောက်စိုင်ကောက်သားတောင်ထုကြီး လေပြင်းဘယ်လောက်တိုက်တိုက် မပြိုကျတဲ့ သဘာဝရှိတာမို့ 
    အဲဒီ ကျောက်တောင်လိုမားမာမတ်မတ်သာရပ်တည်လိုက်ပါ။
    ကျွန်တော် တို့  မကောင်းသူ ကို လက်မခံအားအပေးပါ။
    ခင်တဲ့
    မောင်မောင်
    ReplyDelete
  72. မရေ
    Price of fame က ဒီလိုဘဲ ပေးဆပ်ရပါတယ်။ မ က အောင်မြင်နေတာကိုး။ မနာလိုသူတွေ သူတို့စားရိတ်နဲ့ သူတို့သွားပါလိမ့်မယ်။ အနဲလေး သူတို့ကိုယ်သူတို့ အပူတွေနဲ့ လောင်ကျွမ်းပါတယ်။ မ ကို နဲနဲတော့ ဟပ်တာပေါ့။ စိတ်ပျက်မသွားပါနဲ့။ မ ရေးတာတွေကို ကြိုက်တယ်။ မ ရေးတာတွေကို ဖတ်ရတာ စိတ်ပျော်တယ်။ အဲဒီအတွက် ကျေးဇူး။
    ReplyDelete
  73. First of all, I have to say I am not your regular fan.
    But I do visit your blog sometimes in hope of reading something interesting. I can see your honesty from your posts. I noticed you tried to present something you saw, you felt , you encountered as best as you can.
    On the other hand, I noticed you couldn't present what you really wanted to say, and how much you in dept read someone's post when you wrote comments in other blogs.
    Anyway, this is just blogging world which by no means need to guarantee any value of creation but merely a place where you put things altogether as you see, as you feel with a capacity you are able of. Accept the reality and bear an energy to overcome whatever comes across your way so long as you are confident that you are not doing anything bad.
    Finally, I would like to encourage you to enjoy a real life, spend your resources less on the virtual world because the life you are having is not a virtual life.
    This doesn't mean that you should quit blogging. It will make a lot more meaningful for you to blog when you have certain objectives, clear visions and confidence on what you are going to address on your blog. Don't feel much complacent on many shallow comments which I am seeing in many of your posts and don't feel discouraged when you are severely attacked. Get a life, keep blogging meaningfully and have a thick skin so long as you keep going!
    ReplyDelete
  74. အားပေးကြတာ တစ်ကယ်ကျေးဇူးတင်ပါတယ်။.
    ReplyDelete
  75. မမ ရေ… စိတ်အနှောက်အယှက် အတော်ဖြစ်မှာ ကိုယ်ချင်းစာပါတယ်…
    ကျွန်မလက်ကိုင်ထားတဲ့ စကားလေးရှိတယ် မမ… စေတနာမှန်ရင် အကျိုးပေးမယ်တဲ့… ဘာအဆိပ်အတောက်မှမရှိ ပွင့်လင်းရိုးသားစွာ စိတ်ထဲရှိတာရေးတတ်တဲ့ မမ ဘလော့လေးက စေတနာမှန်လို့  အကျိုးပေးပြီး လူချစ်လူခင်တွေ ၀ိုင်းနေတာပေါ့ မမရယ်…
    ReplyDelete
  76. စိတ်မညစ်ပါနဲ့မမရယ် ။
    မမစာတွေကို အကြောင်းအရာထက် မမရဲ့စာရေးတဲ့ ပွင့်ပွင့်လင်းလင်း ရိုးဟန်လေးကိုကြိုက်လွန်းလို.လာဖတ်နေတာပါ။
    ဘာပဲဖြစ်ဖြစ် မမဘလော.လေးတော့မပိတ်စေချင်ဘူး ။ မမကို အမြဲအားပေးနေမှာပါမမ ။
    မမ ထာဝရကျန်းမာပျော်ရွှင်ပါစေ ။
    ReplyDelete
  77. " khin oo may said...
    အားပေးကြတာ တစ်ကယ်ကျေးဇူးတင်ပါတယ်။."
    အကြံပြူဆွေးနွေးထားတာတွေရောသေချာဖတ်ရဲ့လားမသိ။
    Nanda said...
    First of all, I have to say I am not your regular fan.
    But I do visit your blog sometimes in hope of reading something interesting. I can see your honesty from your posts. I noticed you tried to present something you saw, you felt , you encountered as best as you can.
    On the other hand, I noticed you couldn't present what you really wanted to say, and how much you in dept read someone's post when you wrote comments in other blogs.
    Anyway, this is just blogging world which by no means need to guarantee any value of creation but merely a place where you put things altogether as you see, as you feel with a capacity you are able of. Accept the reality and bear an energy to overcome whatever comes across your way so long as you are confident that you are not doing anything bad.
    Finally, I would like to encourage you to enjoy a real life, spend your resources less on the virtual world because the life you are having is not a virtual life.
    This doesn't mean that you should quit blogging. It will make a lot more meaningful for you to blog when you have certain objectives, clear visions and confidence on what you are going to address on your blog. Don't feel much complacent on many shallow comments which I am seeing in many of your posts and don't feel discouraged when you are severely attacked. Get a life, keep blogging meaningfully and have a thick skin so long as you keep going!
    October 18, 2009 6:13 AM
    ReplyDelete
  78. အားပေးတဲ့သူတွေကိုပဲ ကျေးဇူးတင်ပြီး အချိန်ကုန်ခံပြီးအကြံပေးထားတဲ့သူတွေကို ကျတော့ piss-off လို့ပြောချင်နေပုံပဲ
    ReplyDelete
  79. မလေးရှားမှာစိတ်ညစ်စရာအကောင်းဆုံးက
    ညည ကြယ်တွေမဖြာတာပဲ
    ReplyDelete
  80. မမရေ
    ကိုယ်ရေးတာ မကြိုက်ရင် မကြိုက်တဲ့သူအနေနဲ့  လာမဖတ်ပဲ နေဖို့ အခွင့်ရှိနေတာပဲ။
    စာဖတ်သူ သဘောကို ရေးဖို့ ပြောဖို့ လည်း အနောနီးမတ်စ် ဖွင့်ပေးထားတာပဲ။
    ဒီတော့ စာရေးသူကို ညစ်ညစ်ပတ်ပတ် ရိုင်းရိုင်း တွေ ပြောခွင့် တော့ မပေးထားပါနဲ့ မမ။
    အဲ့ဒီလို အရေးအပြောတွေ အတွက်လည်း စိတ်ဆင်းရဲမခံပါနဲ့ ။ အီနာဂျီ ကုန်ပါတယ်။
    မအယ်
    ReplyDelete
  81. Khin Oo May,
    Leave it. Forget about negative things.
    Go strait your destination.
    Carry on.
    Bearing in mind the positive things.
    BINO
    ReplyDelete
  82. အမရေ... စိတ်မညစ်ပါနဲ့.... အရင်လို ပျော်ပျော်နေပါ...
    သူတို့ကြောင့် ညစ်နေတဲ့စိတ်တွေကို ရဲရဲသာ ပြောင်းပြန်လှန်ပစ်ပါ....
    တခါတလေ ဥပေက္ခာပြုပလိုက်နော်...
    ReplyDelete
  83. Nanda ရေးထားတာ သိပ်ကောင်းတယ်လို့ Steve ကတော့ ပြောသားပဲ။ မနေ့က အိမ်မှာ မအားလို့ ဒီနေ့ ရုံးရောက်မှ သေချာ ဖတ်မိတယ်။ ဟုတ်တယ် တော်တော် ကောင်းတာပဲ။ ကြားထဲကနေ ကျေးဇူးတင်လိုက်တာ။
    ReplyDelete
  84. ဘလော့ပတ်ဝန်းကျင်ကို တကယ့် life တခုလို အရေးတယူရှိတဲ့သူလဲ ရှိမှာပါပဲ။
    ဒါပေမဲ့ regular fun မဟုတ်ပါဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပြီး၊ အရင်က ကွန်မန့်တွေ ဖောဖောသီသီ မပေးခဲ့ပေမယ့် အရေးကြုံတော့ ပြောစရာရှိတာ ပြောတဲ့သူ၊ အလေးအနက် အကြံပေးတဲ့သူ၊ blogging Society မှာ အဲလိုလူမျိုးတွေ အဲဒီလို အမူအကျင့်မျိုးတွေ ရှိတယ်လို့ သိရတာ အားရစရာပဲ ထင်မိတယ်။
    မမရဲ့ စီဘောက်မှာ ချက်ဖြစ်ကြတဲ့ လူတွေ၊ ကိုယ့်ဆီ ကွန်မန့် လာပေးတဲ့လူတွေ၊ အားပေးတဲ့လူတွေကို ကိုယ့် စိတ်ထဲ စွဲလမ်းချစ်ခင်မိတာတော့ အမှန်ပါပဲ။ အပြင်က တသက်လုံး ပေါင်းလာကြတဲ့ သူငယ်ချင်းအချင်းချင်း တလနေလို့ တခါတွေ့ဖို့ ခဲယဉ်းနေတဲ့ ဘဝမှာ ရုံးကနေဖြစ်ဖြစ်၊ အိမ်ကနေ ဖြစ်ဖြစ် အချိန်မရွေးတွေ့လို့ရတဲ့ virtual world က လူတွေကို တကယ့်အပေါင်းအသင်း အရင်းအချာလို စွဲလမ်းမိတာ အမှန်ပဲ။ ဒါတွေကြောင့် blogger ဖြစ်ရတာ ကျေနပ်မိတာလည်း အမှန်ပါပဲ။ (ဒါတောင် ကိုယ်က virtual world ဟာ ဘာမှ မဟုတ်ပါဘူးလို့ ခံယူထားတဲ့သူပါ။ ဇွတ်မှိတ်ပြီးပဲ ဖြစ်ဖြစ်ပေါ့လေ။)
    ခု အဲဒါထက်ပိုပြီးတော့...
    (ကိုယ်ရေးတဲ့ post မှာ ကြိုက်နှစ်သက်ကြောင်း ချီးကျူးစကားလေး လာရေးတာထက်၊ စီဘောက်မှာ အချိန်ပြည့် ချစ်ခင်ရင်းနှီး ပြောဆိုကြတာထက်) ခုလိုမျိုး အရေးကြုံလာတဲ့အခါ regular fun တောင် မဟုတ်ပါဘဲ အရေးတယူနဲ့ အလေးအနက် အကြံကောင်းပေးတဲ့ လူမျိုးတွေ ရှိတယ်လို့ သိရတာ blogger ဖြစ်ရတဲ့ ဘဝကို ပိုပြီး ကျေနပ်မိစေပါတယ်။
    တကယ်ပဲ Nanda ရဲ့ comment ကို very much appreciate လုပ်ပါတယ်။
    ReplyDelete
  85. virtual world က လူအချင်းချင်းပေမယ့် စိတ်ထဲ အလေးအနက်ထားပါတယ်တွေ ဘာတွေ ဘယ်လောက်ပဲပြောပြော၊ သာယာနေတုန်း ဟီးဟီးဟားဟားလုပ်တာ လူတိုင်းလုပ်တတ်တယ်။ ခုလိုမျိုး ကိစ္စကြုံမှ အလေးအနက်ထားတယ်ဆိုတာ ဘာလဲလို့ သိရတာ။
    steve ရေးတာလဲ ကောင်းတာပဲ မမ။ ဒါပေမဲ့ အကြောင်းသိနေလို့လား မသိဘူး။ ဆရာကြီးလေသံနဲ့ လို့ ထင်နေတယ်။ Nanda ရဲ့ ကွန်မန့်က ပိုကောင်းတယ်။
    ReplyDelete
  86. စတိရဲ့ ခံယူချက်ကို ကြိုက်တယ် ပြတ်သားတယ်... မသိရင်တော့ သူက ဖင်ဂေါင်းကျယ်သလိုပဲ... ဒါပေမယ့် သူက စကားပြောတာတည့်တည့်ပြောတာပါ... စိတ်ကောင်းရှိပုံရပါတယ်... (ဟဲဟဲ) လမ်းတွေ့ရင်မုန့်ကျွေးစတိ...
    ReplyDelete
  87. မမရယ်
    ပိတ်စရာကို မလိုတာ...
    စဉ်းစားတွေးခေါ်တတ်တဲ့ သူတိုင်းသိတယ်
    ဒီဘလော့က မကောင်းဘူးထင်ရင် ကိုယ့်အချိန်ကုန်ခံပြီး ဘယ်သူမှလာနေမှာ မဟုတ်ဘူး...
    လာတဲ့သူအရေအတွက်က တဖြည်းဖြည်းလျော့လျော့ လာမှာပဲ.. ခုအဲလိုဖြစ်လို့လား..
    ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ် ဆက်သာရေး မမ.....
    ReplyDelete
  88. မမ စာတွေကို ချစ်တယ်..
    ReplyDelete
  89. အားပေးနေတယ် ဘွား။
    ReplyDelete
  90. “မ”ရေ...
    sory ပါ...
    အရမ်းနောက်ကျပြီးမှရောက်လာခဲ့တယ်..
    အဲဒီအချိန်တုန်းက စိတ်တွေအရမ်းညစ်နေလို့..တခါမှလည်း ဒီလိုမဖြစ်ဖူးတော့..တော်တော်လေးကို “ဟတ်”ထိသွားတယ်။။
    အခုတော့ အားလုံးပြီးသွားပါပြီ..
    “မ”ရေးထားတာတွေ အရမ်းဖတ်လို့ကောင်းတယ်..
    နောက်လည်းလာလည်မယ်နော်..ခွင့်ပြု...
    ပြုံးပြ...ပြုံးပြုံးလေးပဲနေ...နော်..နော်လို့..
    ReplyDelete
  91. အစ်မရေ ...
    ဒီလိုပါပဲ ...
    အဆင်ပြေပါစေ ...
    စိုးထက် (အငြိမ်းစား ဘလော့ဂါ)
    ReplyDelete
  92. မမရေ မရောက်တာကြာလို့ အခုမှသိရတယ်။
    မမ ဘာမှမစိုးရိမ်နဲ့ လစ်လျှူ ပြုထားလိုက်။
    ReplyDelete
  93. အရီး
    အားမရှော့ပါနဲ.
    ဆက်ချီတက်ပါ
    တချို.ကအဲလိုမျိုးဒေရေး
    ပီးကို.ဟာကိုပြန်ဖတ်ပီး စိတ်ဖြေနေရတဲ. စိတ္တဇ ရောဂါသယ်တွေ
    လွှတ်ထား လိုက်ပါ
    ReplyDelete
  94. မကြီးကွန် ရေ
    မကြီးကွန် စိတ်ထဲမှာတစ်မျိုးခံစားရမယ်ဆိုတာသိပါတယ်
    စိတ်ဓာတ်ကျစရာအကြောင်းတော့ မရှိဘူး
    ဆဲဆိုတဲ့ စကားလုံးတစ်လုံးနဲ့
    အာဘွား ဆိုတဲ့ အားပေးမှု စကားလုံး တစ်လုံးခြင်း
    ချေကြည့်လိုက်ပါ
    များစွာကွာခြားလှ ပါတယ်
    ကိုယ် စိတ်ကြည်နူးစေမဲ့ စကားငါးခွန်း ကြားရတာထက်
    ဆဲဆို ပုတ်ခတ်တဲ့ စကားတစ်ခွန်း ကြားရတာက
    စိတ်ဖြေဖြောင့်ဖို့ ပိုခက်တယ်
    ဆဲဆို ပုတ်ခတ် တဲ့စကားတွေကိုလည်း တနည်းအားဖြင့်
    မကွန် ရေးလိုက်တဲ့ စာတချို.ရဲ့
    စိတ် ခံစားမှု ကထွက်ပေါ်လာတဲ့
    ရသ လေးလို့သဘောထားလိုက်ပြီး
    ငါရေးတဲ့စာက အဲ့ဒီလောက်တောင် အားပေးမှု
    ပြင်းထန် ရသလား လို.တွေးပြီး
    ဟား..တိုက်ရယ်မောလိုက်စမ်းပါ......
    စာဆက်ရေးဖို.အတွက် တွေဝေမနေပါနဲ့........
    အားပေးလျက်ပါ...
    အခုတလော CBOX ထဲ ၀င်ရောက်အားပေးနေပါတယ်...
    ReplyDelete
  95. မကြီးကွန် ရေ
    မကြီးကွန် စိတ်ထဲမှာတစ်မျိုးခံစားရမယ်ဆိုတာသိပါတယ်
    စိတ်ဓာတ်ကျစရာအကြောင်းတော့ မရှိဘူး
    ဆဲဆိုတဲ့ စကားလုံးတစ်လုံးနဲ့
    အာဘွား ဆိုတဲ့ အားပေးမှု စကားလုံး တစ်လုံးခြင်း
    ချေကြည့်လိုက်ပါ
    များစွာကွာခြားလှ ပါတယ်
    ကိုယ် စိတ်ကြည်နူးစေမဲ့ စကားငါးခွန်း ကြားရတာထက်
    ဆဲဆို ပုတ်ခတ်တဲ့ စကားတစ်ခွန်း ကြားရတာက
    စိတ်ဖြေဖြောင့်ဖို့ ပိုခက်တယ်
    ဆဲဆို ပုတ်ခတ် တဲ့စကားတွေကိုလည်း တနည်းအားဖြင့်
    မကွန် ရေးလိုက်တဲ့ စာတချို.ရဲ့
    စိတ် ခံစားမှု ကထွက်ပေါ်လာတဲ့
    ရသ လေးလို့သဘောထားလိုက်ပြီး
    ငါရေးတဲ့စာက အဲ့ဒီလောက်တောင် အားပေးမှု
    ပြင်းထန် ရသလား လို.တွေးပြီး
    ဟား..တိုက်ရယ်မောလိုက်စမ်းပါ......
    စာဆက်ရေးဖို.အတွက် တွေဝေမနေပါနဲ့........
    အားပေးလျက်ပါ...
    အခုတလော CBOX ထဲ ၀င်ရောက်အားပေးနေပါတယ်...ူေ
    ReplyDelete
  96. မကြီးကွန် ရေ
    မကြီးကွန် စိတ်ထဲမှာတစ်မျိုးခံစားရမယ်ဆိုတာသိပါတယ်
    စိတ်ဓာတ်ကျစရာအကြောင်းတော့ မရှိဘူး
    ဆဲဆိုတဲ့ စကားလုံးတစ်လုံးနဲ့
    အာဘွား ဆိုတဲ့ အားပေးမှု စကားလုံး တစ်လုံးခြင်း
    ချေကြည့်လိုက်ပါ
    များစွာကွာခြားလှ ပါတယ်
    ကိုယ် စိတ်ကြည်နူးစေမဲ့ စကားငါးခွန်း ကြားရတာထက်
    ဆဲဆို ပုတ်ခတ်တဲ့ စကားတစ်ခွန်း ကြားရတာက
    စိတ်ဖြေဖြောင့်ဖို့ ပိုခက်တယ်
    ဆဲဆို ပုတ်ခတ် တဲ့စကားတွေကိုလည်း တနည်းအားဖြင့်
    မကွန် ရေးလိုက်တဲ့ စာတချို.ရဲ့
    စိတ် ခံစားမှု ကထွက်ပေါ်လာတဲ့
    ရသ လေးလို့သဘောထားလိုက်ပြီး
    ငါရေးတဲ့စာက အဲ့ဒီလောက်တောင် အားပေးမှု
    ပြင်းထန် ရသလား လို.တွေးပြီး
    ဟား..တိုက်ရယ်မောလိုက်စမ်းပါ......
    စာဆက်ရေးဖို.အတွက် တွေဝေမနေပါနဲ့........
    အားပေးလျက်ပါ...
    အခုတလော CBOX ထဲ ၀င်ရောက်အားပေးနေပါတယ်...ူေ
    ReplyDelete
  97. မကြီးကွန် ရေ
    မကြီးကွန် စိတ်ထဲမှာတစ်မျိုးခံစားရမယ်ဆိုတာသိပါတယ်
    စိတ်ဓာတ်ကျစရာအကြောင်းတော့ မရှိဘူး
    ဆဲဆိုတဲ့ စကားလုံးတစ်လုံးနဲ့
    အာဘွား ဆိုတဲ့ အားပေးမှု စကားလုံး တစ်လုံးခြင်း
    ချေကြည့်လိုက်ပါ
    များစွာကွာခြားလှ ပါတယ်
    ကိုယ် စိတ်ကြည်နူးစေမဲ့ စကားငါးခွန်း ကြားရတာထက်
    ဆဲဆို ပုတ်ခတ်တဲ့ စကားတစ်ခွန်း ကြားရတာက
    စိတ်ဖြေဖြောင့်ဖို့ ပိုခက်တယ်
    ဆဲဆို ပုတ်ခတ် တဲ့စကားတွေကိုလည်း တနည်းအားဖြင့်
    မကွန် ရေးလိုက်တဲ့ စာတချို.ရဲ့
    စိတ် ခံစားမှု ကထွက်ပေါ်လာတဲ့
    ရသ လေးလို့သဘောထားလိုက်ပြီး
    ငါရေးတဲ့စာက အဲ့ဒီလောက်တောင် အားပေးမှု
    ပြင်းထန် ရသလား လို.တွေးပြီး
    ဟား..တိုက်ရယ်မောလိုက်စမ်းပါ......
    စာဆက်ရေးဖို.အတွက် တွေဝေမနေပါနဲ့........
    အားပေးလျက်ပါ...
    အခုတလော CBOX ထဲ ၀င်ရောက်အားပေးနေပါတယ်...ူေ
    ReplyDelete
  98. မကြီးကွန် ရေ
    မကြီးကွန် စိတ်ထဲမှာတစ်မျိုးခံစားရမယ်ဆိုတာသိပါတယ်
    စိတ်ဓာတ်ကျစရာအကြောင်းတော့ မရှိဘူး
    ဆဲဆိုတဲ့ စကားလုံးတစ်လုံးနဲ့
    အာဘွား ဆိုတဲ့ အားပေးမှု စကားလုံး တစ်လုံးခြင်း
    ချေကြည့်လိုက်ပါ
    များစွာကွာခြားလှ ပါတယ်
    ကိုယ် စိတ်ကြည်နူးစေမဲ့ စကားငါးခွန်း ကြားရတာထက်
    ဆဲဆို ပုတ်ခတ်တဲ့ စကားတစ်ခွန်း ကြားရတာက
    စိတ်ဖြေဖြောင့်ဖို့ ပိုခက်တယ်
    ဆဲဆို ပုတ်ခတ် တဲ့စကားတွေကိုလည်း တနည်းအားဖြင့်
    မကွန် ရေးလိုက်တဲ့ စာတချို.ရဲ့
    စိတ် ခံစားမှု ကထွက်ပေါ်လာတဲ့
    ရသ လေးလို့သဘောထားလိုက်ပြီး
    ငါရေးတဲ့စာက အဲ့ဒီလောက်တောင် အားပေးမှု
    ပြင်းထန် ရသလား လို.တွေးပြီး
    ဟား..တိုက်ရယ်မောလိုက်စမ်းပါ......
    စာဆက်ရေးဖို.အတွက် တွေဝေမနေပါနဲ့........
    အားပေးလျက်ပါ...
    အခုတလော CBOX ထဲ ၀င်ရောက်အားပေးနေပါတယ်...ူေ
    ReplyDelete
  99. မကြီးကွန် ရေ
    မကြီးကွန် စိတ်ထဲမှာတစ်မျိုးခံစားရမယ်ဆိုတာသိပါတယ်
    စိတ်ဓာတ်ကျစရာအကြောင်းတော့ မရှိဘူး
    ဆဲဆိုတဲ့ စကားလုံးတစ်လုံးနဲ့
    အာဘွား ဆိုတဲ့ အားပေးမှု စကားလုံး တစ်လုံးခြင်း
    ချေကြည့်လိုက်ပါ
    များစွာကွာခြားလှ ပါတယ်
    ကိုယ် စိတ်ကြည်နူးစေမဲ့ စကားငါးခွန်း ကြားရတာထက်
    ဆဲဆို ပုတ်ခတ်တဲ့ စကားတစ်ခွန်း ကြားရတာက
    စိတ်ဖြေဖြောင့်ဖို့ ပိုခက်တယ်
    ဆဲဆို ပုတ်ခတ် တဲ့စကားတွေကိုလည်း တနည်းအားဖြင့်
    မကွန် ရေးလိုက်တဲ့ စာတချို.ရဲ့
    စိတ် ခံစားမှု ကထွက်ပေါ်လာတဲ့
    ရသ လေးလို့သဘောထားလိုက်ပြီး
    ငါရေးတဲ့စာက အဲ့ဒီလောက်တောင် အားပေးမှု
    ပြင်းထန် ရသလား လို.တွေးပြီး
    ဟား..တိုက်ရယ်မောလိုက်စမ်းပါ......
    စာဆက်ရေးဖို.အတွက် တွေဝေမနေပါနဲ့........
    အားပေးလျက်ပါ...
    အခုတလော CBOX ထဲ ၀င်ရောက်အားပေးနေပါတယ်...ူေ
    ReplyDelete
  100. မကြီးကွန် ရေ
    မကြီးကွန် စိတ်ထဲမှာတစ်မျိုးခံစားရမယ်ဆိုတာသိပါတယ်
    စိတ်ဓာတ်ကျစရာအကြောင်းတော့ မရှိဘူး
    ဆဲဆိုတဲ့ စကားလုံးတစ်လုံးနဲ့
    အာဘွား ဆိုတဲ့ အားပေးမှု စကားလုံး တစ်လုံးခြင်း
    ချေကြည့်လိုက်ပါ
    များစွာကွာခြားလှ ပါတယ်
    ကိုယ် စိတ်ကြည်နူးစေမဲ့ စကားငါးခွန်း ကြားရတာထက်
    ဆဲဆို ပုတ်ခတ်တဲ့ စကားတစ်ခွန်း ကြားရတာက
    စိတ်ဖြေဖြောင့်ဖို့ ပိုခက်တယ်
    ဆဲဆို ပုတ်ခတ် တဲ့စကားတွေကိုလည်း တနည်းအားဖြင့်
    မကွန် ရေးလိုက်တဲ့ စာတချို.ရဲ့
    စိတ် ခံစားမှု ကထွက်ပေါ်လာတဲ့
    ရသ လေးလို့သဘောထားလိုက်ပြီး
    ငါရေးတဲ့စာက အဲ့ဒီလောက်တောင် အားပေးမှု
    ပြင်းထန် ရသလား လို.တွေးပြီး
    ဟား..တိုက်ရယ်မောလိုက်စမ်းပါ......
    စာဆက်ရေးဖို.အတွက် တွေဝေမနေပါနဲ့........
    အားပေးလျက်ပါ...
    အခုတလော CBOX ထဲ ၀င်ရောက်အားပေးနေပါတယ်...ူေ
    ReplyDelete
  101. မကြီးကွန် ရေ
    မကြီးကွန် စိတ်ထဲမှာတစ်မျိုးခံစားရမယ်ဆိုတာသိပါတယ်
    စိတ်ဓာတ်ကျစရာအကြောင်းတော့ မရှိဘူး
    ဆဲဆိုတဲ့ စကားလုံးတစ်လုံးနဲ့
    အာဘွား ဆိုတဲ့ အားပေးမှု စကားလုံး တစ်လုံးခြင်း
    ချေကြည့်လိုက်ပါ
    များစွာကွာခြားလှ ပါတယ်
    ကိုယ် စိတ်ကြည်နူးစေမဲ့ စကားငါးခွန်း ကြားရတာထက်
    ဆဲဆို ပုတ်ခတ်တဲ့ စကားတစ်ခွန်း ကြားရတာက
    စိတ်ဖြေဖြောင့်ဖို့ ပိုခက်တယ်
    ဆဲဆို ပုတ်ခတ် တဲ့စကားတွေကိုလည်း တနည်းအားဖြင့်
    မကွန် ရေးလိုက်တဲ့ စာတချို.ရဲ့
    စိတ် ခံစားမှု ကထွက်ပေါ်လာတဲ့
    ရသ လေးလို့သဘောထားလိုက်ပြီး
    ငါရေးတဲ့စာက အဲ့ဒီလောက်တောင် အားပေးမှု
    ပြင်းထန် ရသလား လို.တွေးပြီး
    ဟား..တိုက်ရယ်မောလိုက်စမ်းပါ......
    စာဆက်ရေးဖို.အတွက် တွေဝေမနေပါနဲ့........
    အားပေးလျက်ပါ...
    အခုတလော CBOX ထဲ ၀င်ရောက်အားပေးနေပါတယ်...ူေ
    ReplyDelete