Thursday, October 15, 2009

guru

ကျောင်းဆရာမတို့ ဘာတို့ညာတို့ ကိုအိမ်ထောင်ပြူဘို့ စဉ်းစားရင် အတော် စဉ်းစားရတယ်ဆိုတာ ဟုတ်မယ။် တယ်ဆရာလုပ်တတ်တာကိုး.......လူကိုမြင်ရင် ကိုယ့်တပည့်ကြီးဘဲထင်တယ်။

မလေးရှားကို ကိုယ်ဂဒီးဂဒီးသွားတတ်ပါတယ်။ ဘတ်စကား ကိုလည်းစီးတာ ခဏခဏ ပါဘဲ။ မလေးက အပြန်တစ်ရက်မှာ.. မြင်အောင်ပြောရရင် မလေးလဝက က ပထမထပ်မှာရှိတယ်ဆိုရင် ဘတ်စကားတွေ ကမြေညီထပ်မှာရှိပါတယ။် အဲဒီတော့ကာ မလေးလဝက ကိုဖြတ်ပြီးရင် အောက်ကိုဆင်းပြိး ဘတ်စကားတွေ စီးရပါတယ။်

အဲသလိုဆင်းလာတဲ့ အချိန်မှာ ဥရောပသားလူမျိုး လင်မယားထင်ရဟန်တူတဲ့နစ်ယေက်က ကိုယ့်ကို အားကိုးတကြီးမေးတယ်။ အဲဒီအချိန်မှာ ဖြစ်ချင်တော့လူကလည်းရှင်းနေတယ် ကိုယ့်ဘဲမေးစရာရှိသလိုဖြစ်နေတယ်။ စကာင့်္ပူသွားတဲ့ဘတ်စကားက ဘယ်မှာလဲတဲ့။ ကိုယ်လဲဖြေပါတယ်။ အခု ဒီမှာမြင်နေရတဲ့ကားတွေ အားလုံးစင်္ကာပူသွားပါတယ်လို့။ အင်း express စီးချင်တယ်တဲ့။ ဘာဖြစ်လို့ express စီးချင်ရတာလဲ။ အဲဒီကားက စောင့်ရတာ နဲနဲကြာပါတယ် ကျန်တဲ့ကားတွေ အများကြီးရှိရဲ့နဲ့ ။

မလေးပိုက်ဆံရှိသလားဆိုတော့မရှိဘူးတဲ့။ မရှိလဲ ကိစ္စမရှိပါဘူး ကိုယ်သူတို့ အတွက် ပေးနိုင်ပါတယ။် တစ်ယောက်ကို မလေးတစ်ကျပ်ပါ. ။ အဲသလိုဆိုတော့လည်း အင်တင်တင်လုပ်နေတယ။် ကဲ အဲဒါဆိုလည်း စလုံးက ဘတ်စကားကဒ်ပါသလား ဆိုတော့ကာ ပါပါတယ်။တဲ့။ ပါရင်ပြ ဆိုတော့ အမျိုးသမီးက ထုတ်ပြတယ်။ ကိုယ့်ကလည်း သေချာအောင် မေးရတယ်လေ. တော်ကြာနေ ဘတ်စကားပေါ်ခေါ်သွားပြီးမှ သူ တို့ ထုတ်ပြတဲ့ ကဒ်က မဟုတ်ရင် ကားပေါ်မှာစကားအပိုတွေ ပြောနေရဦးမယ်။

စလုံးမှာဘယ်ကိုသွားချင်တာလဲဆိုတော့ tampanies- တဲ့။ ဘယ်လဲလို့လဲမေးရသေးတယ။် အဲဒါမှ သူတို့သွားချင်တဲ့ခရီးစဉ်ကို ကိုယ်ဆွဲပေးနိုင်မယ်။ ဘူဂစ်ကိုသွားချင်တယ်တဲ့။ဒါများ express မလိုပါဘူး။ အခု မြင်နေရတဲ့ မလေးက ကားအဝါတွေ နဲ့ လိုက်သွားလို့ရပါတယ်ဆိုတော့လည်း လက်မခံချင်ပြန်ဘူ့း။ လက်မှတ်က ဘယ်လောက်လဲဆိုတော့ မလေးငါးကျပ်. နစ်ယောက်အတွက်ပါ။ ဘူဂစ်အထိ လို့ ကိုယ်ကပြောပါတယ်။ ကိုယ်ပေးလိုက်ဘို့ လဲ ဝန်မလေးပါဘူး။

ခက်တာက သူတို့ ကလည်းလမ်းသိတ်မသိတော့ကိုယ်က ခေါ်သွားရမလိုဖြစ်တယ်။ အဲဒီတော့မေးမိပြန်ရော စလုံးမှာနေတာလား. လာလည်တာလားဆိုတော့အမျိုးသမီးက နေတာပါလို့ဖြေတယ် ။ကိုယ့်ရည်ရွယ်ချက်က စလုံးမှာနေတဲ့သူဆိုရင် စလုံးလဝက ကိုဖြတ်တာ မြန်ပါတယ်။ social visit နဲ့ဆိုရင်တော့နဲနဲကိုကြာတာပေါ့ကိုယ့်က ဖြတ်တာ မြန်မယ်ဆိုတော့သူတို့ကသိတ်ကြာနေရင်လည်းကိုယ့်ကစောင့်မခေါ်နိုင်ဘူးလေ.

ကိုယ့်ဘာသာ ကိုယ်အတွေးတွေ နဲ့စကားတွေ ပြောနေတာမှာ အမျိုးသားက စိတ်မရှည်တော့ပါဘူး. ။ ဟိုနားက ဆိုင်မှာ တစ်ခုခုသွားဝယ်လို့က်ဥိးမယ်ဆိုပြီးလစ်သွားရော အမျိုးသမီးလည်းးကျေးဇူး စကားဆိုပြီးကမန်းကတန်းလိုက်သွားတယ်။ ကိုယ်လည်း ကမန်းကတန်း သူတို့စီးချင်တဲ့ express ကဟိုနားမှာဆိုပြီး ညွန်လိုက်ရတယ်။ ကိုယ့်ဘာသာလည်းယူကြုံးမရဖြစ်သွားတယ်။ ကူညီချင်ရဲ့သားနဲ့ မကူညီလိုက်နိုင်တဲ့ အပြင် စိတ်ကွက်ခြင်းပါခံလိုက်ရတယ။်

နောက်ဆိုရင် မရစ်ဘို့ ဆရာကြီးမလုပ်မိစေဘို့။ အမေးအမြန်းသိတ်မထူဘို့။ ဘာဘာညာညာ ထုတ်မပြခိုင်းမိဘို့။ သူတို့လိုချင်တာကို ပြောပြလိုက်ဘို့ကိုယ့်ကိုယ်ကို သတိပေ့း ဆုံးဖြတ်လိုက်မိတယ်။

ဒါကြောင့်မို့ ကိုယ့်လူများ မယူခင်မှာ စဉ်းစားနိုင်ဘို့...တစ်ချက်ကို ခေါင်းထဲထည့် ပေးလိုက်တယ။်

ဒီနေ့အတွက် message ပါ။
သင့်ရည်းစားဘာအလုပ်အကိုင်လုပ်သနည်း။ ကိုယ်ပြောသလိုလား။ အဲသလိုဆို ရင်.ယူဘို့နစ်ခါစဉ်းစားပါ ။

32 comments:

  1. မတန်လိုက်တာ။
    ဘာပြောချင်မှန်းတောင် မသိတော့ဘူး။ နောက်ကို မက်ဆေ့ခ်ျ ရောက်အောင်ပေးပါ။

    ReplyDelete
  2. ဘယ်မိန်းမယူသင့်တယ်ဆိုတဲ့..လမ်းညွှန်လားလို့..
    စိတ်ဝင်တစားဖတ်နေတာ..
    ကိုယ်ထင်ထားတာနဲ့..တက်တက်စင်လွဲပါရောလား..
    ဂျီးတော်ရယ်......း))

    ReplyDelete
  3. ဂျီးဒေါ်က ကျောင်းဆရာမ မို့လို့လားဂျ..

    ReplyDelete
  4. ဖြစ်သင့်တာကတော့ ကိုယ့်လျှာနဲ့ ကိုယ့်သွားကို နောက်ပြန်သိမ်းထားတတ်ဖို့ပဲ ထင်တယ်..

    ReplyDelete
  5. ဘာမှ အနှစ်သာရ မရှိတဲ. စာရေးထားတာ စာဖတ်သူုကို စော်ကားတာ ပဲ

    မရေးတာကမှ ကောင်းအုံးမယ်

    ရူးသလို ပေါသလို နဲ.

    ကိုယ်.ကိုကိုယ်ုပန် သုံးသပ်အုံး

    ReplyDelete
  6. ဘာမှ အနှစ်သာရ မရှိတဲ. စာရေးထားတာ စာဖတ်သူုကို စော်ကားတာ ပဲ

    မရေးတာကမှ ကောင်းအုံးမယ်

    ရူးသလို ပေါသလို နဲ.

    ကိုယ်.ကိုကိုယ်ုပန် သုံးသပ်အုံး

    ReplyDelete
  7. ဘာမှ အနှစ်သာရ မရှိတဲ. စာရေးထားတာ စာဖတ်သူုကို စော်ကားတာ ပဲ

    မရေးတာကမှ ကောင်းအုံးမယ်

    ရူးသလို ပေါသလို နဲ.

    ကိုယ်.ကိုကိုယ်ုပန် သုံးသပ်အုံး

    ReplyDelete
  8. မမkom ဘာတို့  ညာတို့ ဆိုတာ ဘယ်သူ တွေလဲဟင်။

    ReplyDelete
  9. အဲလိုကြုံဖူးတယ် ရှရှားတွေနဲ့.....


    ကိုယ်က ရှရှားစကားကို စပါစီးပါပဲ တတ်တယ်...


    ဟိဟိ

    လစ်ပြေးရော....


    အမြဲချစ်ခင်လေးစားလျှက်

    ဖိုးစိန်

    ReplyDelete
  10. ချိုသင်းလဲ ကျောင်းဆရာကြီး ယူမိတယ် ထင်တယ် မမ။ :))

    ReplyDelete
  11. အဲ့ဒါကိုပြောတာ သူ့ အိုင်ဒီယာလိုလို ဘာာလိုလိုနဲ့။ သူများပိုစ့်ဖတ်ပြီး ရေးထားတာကိုများ။ တကယ်ဆိုဖြစ်သင့်တာက သူကတော့ ဒီလိုပြောတယ်။ ဒါမျိုးက ဖြစ်နိုင်တယ်လို့။ အဲ့လိုလေးတွေ အနည်းဆုံးရေးသင့်တယ်။ သူများ အိုင်ဒီယာကို ခိုးတာနဲ့ တူတယ်။

    ReplyDelete
  12. ဟုတ်တယ် မမရယ်
    တခါတခါကျ ကိုယ်လဲ မဆိုင်တာတွေ ဆရာဝင်လုပ်သလို ဖြစ်ဖြစ်နေလား စဉ်းစားမိတယ်။

    ဒါပေမဲ့ နောက်လဲ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွား ကျောင်းပေးချင်ဦးမှာပါပဲ။ ဘယ်ဘဝက ဆုတောင်း မကောင်းခဲ့လို့လဲ မသိ။

    :(

    ReplyDelete
  13. တော်တော် စဉ်းစားနေတယ်

    ReplyDelete
  14. ကိုယ်က စေတနာအများကြီး ထားမိတာကိုး...
    သူတို့ကို ခရီးအဆုံးထိ အဆင်ပြေစေချင်လို့ လိုက်စဉ်းစားပေးလိုက်တော့..................

    တခါတလေမှာ ဒါမေးရင် ဒါပဲဖြေပေးလိုက်ရင် ကိုယ့်ကိုကျေးဇူးတောင် တင်သွားဦးမှာ..

    (ဆရာကြီးလေသံ ပေါက်သွားပြန်ပြီလားမသိ..)

    ReplyDelete
  15. နောက်တစ်ခါ ဆိုရင် ဆရာကြီးမလုပ်ဖြစ်အောင် သတိထားမှ.....

    ReplyDelete
  16. ဟီး လန့်သွားတာနေမှာ.. သူတို့... :)

    ReplyDelete
  17. This comment has been removed by the author.

    ReplyDelete
  18. အဲ့ဒါဆို ဘယ်လိုလူမျိုးကို ယူရမလဲတဲ့။ မေးတဲ့သူတွေက မေးနေပြီ။ ထပ်ပြီး ဆရာကြီးလုပ်လိုက်ပါ။

    ReplyDelete
  19. မမ တစ်ခုမေးမလို့..
    သူ့အလုပ် မူရင်းက ကျောင်းဆရာတော့ မဟုတ်ဘူး...
    ဒါပေမဲ့ ခုသူ စာသင်နေရတယ်..
    အဲဒါ ဘယ်လိုလုပ်မလဲဟင်...

    ReplyDelete
  20. မတားနဲ့။ မရဘူး။ :P

    ReplyDelete
  21. နောက်ဆို ဆရာကြီး မလုပ်ပါနဲ့ ...

    ReplyDelete
  22. ဆရာမကြီးပဲ လုပ်ပါ။ (ဆရာကြီးမလုပ်ပါနဲ့)။

    နောက်ကို မေးတာပဲဖြေပါ။ စေတနာမပိုပါနဲ့။(လို့ ဆရာ့ဆရာကြီးလုပ်သွားပါတယ်... အဟိ။)

    တူ/ အစ်ကိုကြီးနေကျောက်ခဲ (Nai ရဲ့  ရွှေရတုမှတ်တမ်း)
    ဒီအချိန်ထိ ဘယ်မိန်းမယူသင့်တယ်ဆိုတဲ့ လမ်းညွှန်စာအုပ်ရှာဖတ်နေသေးတယ်ဆိုရင်တော့ ရွာဦးကျောင်းက ခေါင်းလောင်းကြီးထိုးလိုက်သလို မထင်...မထင်..(ရ နိုင်သေးတယ်လို့) ။

    ReplyDelete
  23. နောင်လာနောက်သားတွေအတွက်...
    reference ညွှန်းဖို့ပါ..မယ်စင်ရယ်..
    ကိုကြီးကျောက်တို့က..ခေါင်းလောင်းကြီးတွေ..မစဉ်းစား
    တော့ဘူး...ဆွဲလွဲလေးမှ......း)

    ReplyDelete
  24. ဘာ ရေးထားတာလဲ တစ်ကယ်ပဲ သူများပြော သလို မူကြိုကျောင်း အဆင့် သာသာပဲ၊
    အ ပေါ်နဲ့ အောက် ဆက်စပ်မှုလဲ မရှိ။


    မိုးသက်ဝါ

    ReplyDelete
  25. အို ဆရာမရယ် .. တူနယ်တယ်နယ်တယ့် ...

    မလေးမှာ ဈေးသွားဝယ်ချင်လို့ ပလန်လေးဆွဲပေးပါခင်ဗျ .. :)

    ReplyDelete
  26. မခင်ဦးမေခင်ဗျာ၊ ကျနော်က ဂျာမဏီ က စာဖတ်ပိရိတ်သတ်ပါ၊
    ကြားရ တဲ့အကြောင်းရာတွေက မှန်မမှန် မထင်တတ်ပါ ဗျာ။
    ဒါပေမဲ့ စီဗုံးမှာ အဲလိုလာလာဆဲနေကြ တာတော့ လာလည်သူတွေ အတွက်
    စိတ် အနှောင့်အရယှက် ဖြစ်စေတယ်လို့ထင်ပါတယ်။
    ကောင်းတာကတော့စီဗုံးကိုခဏပိတ် ထားရင် ကောင်း မယ်ထင်တယ်လို့ အကြံပေးပါရစေ။


    လေးစားစွာဖြင့်
    ကျော်ဆန်းလွင်

    ReplyDelete
  27. ချာမကိုပဲ..အသည်းစွဲအောင်..ဂျစ်တော့သည်:D

    ReplyDelete
  28. မမKOMရေ ဒီကလည်း လုပ်အားပေး ဆရာမပါနော်

    ReplyDelete
  29. အဟမ်း အဟမ်း အိုင်ကျနုပ်လည်း ဆရာလောင်းပါဗျ... Teacher-to-be or Prospective teacher ပေါ့ဗျာ။ ပထမဦးဆုံး ကော်မန့်းပေးတဲ့ Ko Boyz က ဘာကို ဆိုလိုချင်တာလည်း မသိဘူး။ ဘလော့ဂါတွေဆီကနေ အများကြီး မျှော်လင့်မထားနဲ့ဗျ။ နောက်ပြီး မက်ဆေ့ဂ်ျ ရတာမရတာက စာဖတ်သူနဲ့လည်း ဆိုင်တယ်။ ဘလော့ဂါတိုင်းဟာ နိုင်ငံကျော်၊ ကမ္ဘာကျော် စာရေးဆရာတွေ မဟုတ်တာကို သတိထားပါ။ နောက်တစ်ခုက "သက်သေပြဖို့" ပဲ။ ဒီပို့စ်က ဘာကြောင့် အချိန်ပေးပြီး ဖတ်ဖို့ မထိုက်တန်သလဲ? ဘယ်အချက်တွေကြောင့် ဘလော့ဂါ ပေးချင်တဲ့ မက်ဆေ့ဂ်ျက စာဖတ်သူဆီ မရောက်ရတာလဲ? ဝေဖန်ရင်လည်း အချက်ကျကျနဲ့ အပြုသဘောပဲ ဝေဖန်ဖို့ သင့်ပါတယ်။ အဲလို မဟုတ်ဘူးဆိုရင် သက်သေအထောက်အထား မရှိဘဲနဲ့ လူကို သူခိုးလို့ စွပ်စွဲနေတာနဲ့ တူသွားလိမ့်မယ်။

    ReplyDelete
  30. ကဲ ဒီတစ်ခါတော့ အချက်ကျကျ ဝေဖန်ပြီ။ :D

    "အဲသလိုဆင်းလာတဲ့ အချိန်မှာ ဥရောပသားလူမျိုး လင်မယားထင်ရဟန်တူတဲ့နစ်ယေက်က ကိုယ့်ကို အားကိုးတကြီးမေးတယ်။" (ပို့စ်ရဲ့ တတိယအပိုဒ် - ပထမဆုံးဝါကျ)

    "ဥရောပသားလူမျိုး" ဆိုတာ European ကို ပြောချင်ပုံရတယ်။ ဒါထူးခြားတဲ့ အသုံးပဲ။ ဗမာစကားမှာ "မနေသား၊ တောင်ပေါ်သား၊ မန္တလေးသား၊ ရန်ကုန်သား၊ ရွှေမြိုင်သား၊ ဗမာပြည်သား၊ အာရှသား" စသဖြင့် အသုံးရှိပါတယ်။ ဒီစကားလုံးတွေကို "လူမျိုး" ဆိုတဲ့ စကားလုံးနဲ့ တွဲသုံးတာကို ဒီပို့စ်မှာပဲ ပထမဦးဆုံး မြင်ဖူးတာပါ။ "ရန်ကုန်သားကရင်လူမျိုး" "မြန်မာပြည်သားချင်းလူမျိုး" "အာရှသားတရုတ်လူမျိုး" လို့ သုံးရင် ပိုသင့်တော်ပါလိမ့်မယ်။ လူမျိုးကို မသိဘူးဆိုရင် "ဥရောပသား" ဆိုတာက လုံလောက်ပါတယ်။ သိရင်တော့ ဥပမာ "ဥရောပသားဂျာမန်လူမျိုး" လို့ သုံးသင့်တယ်။ ဒါပေမဲ့ မခင်ဦးမေဟာ ဗမာလူမျိုး (ကချင်မဟုတ်၊ ကရင်မဟုတ်) ပဲ ဆိုရင်တော့ ကျနော့်အနေနဲ့ ဒီလို မသုံးသင့်ပါလို့တော့ ပြောဖို့ မသင့်ပါဘူး။ ဘာသာစကားကို စိတ်ဝင်စားတဲ့ လူတစ်ယောက်အနေနဲ့ ဗမာအစစ်က ပြောတဲ့ ဗမာစကားကိုပဲ အမှန်ယူရမယ်လို့ ယုံကြည်ထားလို့ပါ။

    ReplyDelete