Saturday, November 14, 2009

priority




MRT ပေါ်မှာ တကုန်းကုန်းနဲ့ စာရေးနေတဲ့အစ်မ တစ်ယောက် ကို မြင်ရင် အစ်မလို့မှတ်လိုက်ပါ။ မနက်က အလုပ်မသွားဘဲ မြို့ထဲက ရုံးတွေ ကိုသွားပါတယ်။ သူများတွေ အိုင်ဖုံးတွေ နဲ့ အလုပ်ရှုပ်နေကြတဲ့ အချိန်မှာ ကိုယ်လဲ စာရွက်စုတ်ကလေး တွေနဲ့ အလုပ်ရှုပ်နေပါတယ်။ မနက် က အပြင်ထွက်တော့မနက် ၈ နာရီ ဝန်းကျင်လောက်. ရထားကကြပ်တော့ကြပ်တယ်။

jurong east မှာ မြို့ထဲသွားမဲ့ရထား ကိုမြင်တော့ ဟာ ချောင်တယ်ကွ ဆိုပြီး ပြေးလိုက်တာ ဘွန်လေးဘက် သွားတဲ့ရထားဖြစ်နေပါလေရော။ အင်း. ဒါဆိုရင် ရထားပတ်စီးမယ်ဆိုပြီး ချိုင်းနိစ်ဂါးဒင်းဆီကို ဆက်စီးသွားလိုက်တယ်။ အင် ဟိုလဲရောက်ကော တစ်စီးက အထွက်. နောက်တစ်စီးလာမယ်ဆိုပြန်တော့ do not board ဖြစ်နေပြန်ရော။ အင်း ခက်တယ် ခက်တယ်။ နောက်ဆုံး တော့ ရထားလာပါတယ်။ မလာလို့လဲ မှ မရဘဲ ကြပ်တာဘဲ ကြပ်ကြပ်ကွာ. နိုးချွိုက်စ် ဖြစ်သွားပြီ။

ရထားပေါ်ရောက်လို့ မျက်စိကစားပြီး ဘယ်နေရာ လွတ်သလဲ ချောင်းတဲ့သူကို မြင်ရင် သူ သည် အသက်ကြီးပြီ သော်လည်းကောင်းပင်ပန်းသော အလုပ်ကို လုပ်ကိုင်နေရသူဖြစ်မည်ဟု သော်လည်း ကောင်းကောက်ချက်ချနိုင်ကြောင်းကို လည်း လက်တွေ့စမ်းသပ် သိရှိလိုက်တယ်။

ရထားပေါ်တက်လို့ မြင်မြင်ချင်း မျက်စိကစာုးလိုက်တဲ့ အခါမှ ဝမ်းသာ သွားသလို ဝမ်းလဲနည်းသွားမိတယ်။ ဝမ်းသာသွားတာက တစ်ခုံလွတ်နေလို့။ ဝမ်းနည်းသွားတာက လူကြီး/ ကိုယ်ဝန်သည်/ ကလေး များကို ဦးစားပေး ခုံဖြစ်နေလို့. ဘာဘဲဖြစ်ဖြစ်လေ . လောလောဆယ် သူတို့ မှ မရှိသေးဘဲ လောလောဆယ် လဲ ငါအသက်ကြီးဆုံးဘဲ ဆိုပြီးဝင်ထိုင်လိုက်တယ်။ တစ်ချို့ကလေးတွေ က လုံးဝမထိုင်ကြဘူး တစ်စီးလုံးပြည့် နေလဲသစ္စာရှိကြတယ်။ ကိုယ်သာ အားမနာ ရှာမကျိုး ဝင်ထိုင်မိတယ်။ မတတ်နိုင်ဘူ့းကွယ် တစ်နေ့တစ်နေ့သိတ်ပင်ပန်းတယ်။ မောနေပြီ။

ဒါပေမဲ့ မျက်စေ့ကိုဖွင့်နားကိုစွင့် လို့ ဘယ်သူလာရင် ဖယ်ပေးရမလဲလို့တော့ စဉ်းစားရင်းနဲ့ တစ်ထိတ်ထိတ်နဲ့ စိတ်ချ လက်ချ မျက်စိပိတ်ြီပီးမအိပ်ရပါဘူး။ ။ ဒါပေမဲ့ ဒီအချိန်က ကလေးတွေ လူကြီးတွေ အပြင်ထွက်တဲ့ တဲ့ အချိန်တော့လဲ မဟုတ်ပေဘူးဆိုပြီး စိတ်တော့ချနေမိသေးတယ်။ အဲဒါနဲ့ အိပ်ရင်းနဲ့ ဝင်လာတဲ ခြေထောက်တွေ ကို မျက်စိမှိတ် ကြည့်နေမိသေးတယ်။ သေသေသပ်သပ် ဘောင်းဘီ များ. စကပ်များ ဝတ်လာရင် လူငယ်ဘဲ ဆိုပြီ ဖယ်ပေးဘို့စိတ်ကူးမရှိမိဘူါး။ စတိုင်ပင်ဝတ်ရင် ရုံးသူ ရုံးသား ဂျင်းဘောင်းဘီဝတ်ရင် ကျောင်းသားသော်လည်းကောင်း အပြင် ကို ပုံမှန်ထွက်သူ သော်လည်းကောင်းလို့လဲ ခန့်မှန်ေးနသေးတယ် မိန်းကလေးများဆိုရင်လဲ အဲသလိုဘဲပေါ့ စုံထောက်ကြီးကလဲ ရောက်လေရာ အရပ်မှာ လုပ်ချင်မိသေးတယ်။

ခြေထောက်ရုပ်ဆိုးဆိုး တစ်ခုဝင်လာတော့အင်း ငါ့ထက်အသက်ကြီးနိုင်တယ်ဆိုပြီး မော့ကြည့်လိုက်မိတယ။် ဟုတ်တယ် ။ကြီးပါတယ် သို့ပေမဲ့ ပြန်ငုံ့ကြည့်လိုက်မိတဲ့ အခါ ဒေါက်မြင့်ခပ်မြင့်မြင့်စီးထားတဲ့ သူကိုတွေ့လိုက်တဲ့ အခါ မဖယ်ပေး ဘူးလို့ ဆုံးဖြတ် လိုကတယ်။ ဒေါက်ဖိနပ်က သူ့ရဲ့ နုပျိုလိုခြင်းကိုပြနေတယ။် ဟိုနေ့ကကိုယ့်ကို ချာတိတ်တစ်ယောက်ဖယ်ပေးထားတာကို ကိုယ် စိတ်နာ နေတုံး ရှိသေး တယ။်

အိမ်မှာအဲကွန်းမရှိတော့ အေးအေးလေး ဇိမ်ကျှပြီးခဏအိပ်သွားသေးတယ။် နိုးလာတော့ ကြည့်တော့ဘေးမှ ကလေး တွန်းလှည့်လေး အင်း ကလေးက တွနး လှည့် ထဲနေတာဘဲ ခုံမလိုပါဘူး လို့ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်လိုက်တယ်။ ရိုင်ဖယ်မှာ အ တော် ဆင်း သွားကြတယ် ။ စီတီးဟောမှာတော့ အတော်ကို လူရှင်းသွားတော့တယ်။

29 comments:

  1. ထင်လို့ ပြေးဦးတာတောင် မမှီဘူး၊ ဖတ်လိုက်ဦးမယ်

    ReplyDelete
  2. ကလေးက လက်တွန်းလှည်းထဲမှာဆိုပေမယ့်
    ကလေးအမေက တစ်လျှောက်လုံးတွန်းလာရတာ
    ညောင်းနေမှာပေါ့...

    ReplyDelete
  3. အိပ်ပါ မမ အိပ်ပါ၊ ပြာ တော့ အိပ်ပါတယ်.. အဲ့ခုံတော့ မဟုတ်ဘူး ၂ယောက်ထိုင်ရဲ့ ဒီဘက် ထောင့်ခုံ ကို နေရာ ရရင် အိပ်ပါတယ်၊ အမြဲ လဲ မှတ်တိုင်ကျော်နေတုန်းပဲ၊ အဲ့ ခုံ နေရာ ရရင်တော့ ၀င်မထိုင်ရဲဘူး၊ အလယ်ခုံ တွေ မှာပဲထိုင်ပြီး အိပ်လိုက်ပါတယ်....

    ReplyDelete
  4. ခုံဖိနပ်စီးထားရင်ရော..



    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  5. စိတ်နာဖို့ တော်တော်ကောင်းတယ်
    ဒို့ ဂျီးတော်ကို နေရာထပေးခံရလောက်အောင်
    အသက်မကြီးသေးပါဘူး

    ReplyDelete
  6. မမkom ထိုင်လို့ ရပါတယ် လူကြီးပဲ ဟီဟီ :-)

    ReplyDelete
  7. တစ်ခါက ရင်စည်းဝတ်ထားတဲ့ဗိုက်ပူပူမိန်းကလေးကို မဗိုက်မှတ်ပြီးဖယ်ပေးမိလို့ 
    ငါ ဟိုဒင်းမဟုတ်ဘူးထိုင်ပါလို့ လက်ခါပြတယ် အားနာလိုက်တာသေချင်စော်နံပါရောလား သူကသဘောကောင်းလိုတော့်သေး အပျိုလေးလားလည်းမသိဘူးအားနာထှာ
    နောက်ဆိုအဲလိုတွေ့ ရင်အတတ်သိနိုင်အောင် သူငယ်ချင်းစလုံးမ မဗိုက်ကသင်ပေးထားတယ်
    ဗိုက်ကြီးသယ် အင်္ဂါရပ်များပေါ့လေ အဲဒါနဲ့ အကဲခတ်ရပါတယ် ဟိဟိ...

    ReplyDelete
  8. တခါ အဲလို ခုံမှာ လွတ်လို့ ဝင်ထိုင်ဖူးတယ်။ လူကြီးတွေ လာရင် ကိုယ်က မမြင်ဘဲ ဘေးရိုးရိုးခုံက လူတွေက အရင် မြင်ပြီး ထထ ပေးကြတော့ ဆုံးတဲ့ထိ အားနာနာနဲ့ ဆက်စီးလာရတယ်။

    နောက်ဆို လွတ်နေရင်တောင် မထိုင်ဘဲ နေမှလို့ တွေးမိတယ်။ မြင်လို့ ထပေးမိလည်း မမ ဖြစ်ပြီး စိတ်နာနေမှ အခက်။

    ReplyDelete
  9. ဟီး... ဖိနပ်နဲ့ခွဲတယ်ပေါ့..အဲဒါအမှန်ဆုံးပဲ.. တခါတခါ ကောင်မလေးတွေ ဗိုက်က ကြီးမကြီး ဒေါက်နဲ့ခွဲတယ်...

    ReplyDelete
  10. လျှာထိုးဦးထုတ်နဲ့ ဘောင်းဘီတိုနဲ့ အန်ကယ်ကြီး (ဘကြီး) တစ်ယောက်ကို နေရာဖယ်ပေးဖူးတယ်..
    လာ မထိုင်ဘူး၊

    ကိုယ်ကလည်း ထ ဖယ်ပြီးသား ဖြစ်နေတယ်.. နောက်တက်လာတဲ့ ကောင်မလေး ဝင်ထိုင်သွားတယ်..

    နေရာလေး နှမျောလိုက်တာ...
    အကြာကြီး ရပ်လိုက်ရတယ်။

    ReplyDelete
  11. အဲ့ဒီအန်ကယ်ကြီး စိတ်များနာသွားသလား မသိဘူး...။

    ReplyDelete
  12. နေရာဖယ်ပေးမှာစိုးလို့ အလယ်ကိုအတင်းတိုးဝင်စီးတဲ့လူကြီးတယောက်ကိုတွေ့ရင် ဦးလူသစ်လို့မှတ်လိုက်ပါ :)

    ReplyDelete
  13. Thanks for sharing singapore which is a bit different from England.

    In my country, the priory seats in public transport are for the disabled and the elderly. the pregnant ladies and kids are treated as normal people. Moreover, we dont need to offer the elderly tourists either coz logically they have been fit enough to come to the UK to enjoy their holiday. :)

    ReplyDelete
  14. By the way, the elderly people at work is defined as those with age 79 and above.

    ReplyDelete
  15. MRT ပေါ်မှာ တကုန်းကုန်းနဲ့ စာရေးနေတဲ့အစ်မ တစ်ယောက် ကို မြင်ရင် အစ်မလို့မှတ်လိုက်ပါ။ သူများတွေ အိုင်ဖုံးတွေ နဲ့ အလုပ်ရှုပ်နေကြတဲ့ အချိန်မှာ ကိုယ်လဲ စာရွက်စုတ်ကလေး တွေနဲ့ အလုပ်ရှုပ်နေပါတယ်။ ရထားပေါ်မှာ sudoku စာရွက်လေးနဲ့ တကုပ်ကုပ် အလုပ်ရှုပ်နေတဲ့ကောင်မလေးတယောက်ကိုမြင်ရင် ပူးတေလို့မှတ်လိုက်ပါ။ :)

    ReplyDelete
  16. "ဟိုနေ့ကကိုယ့်ကို ချာတိတ်တစ်ယောက်ဖယ်ပေးထားတာကို ကိုယ် စိတ်နာ နေတုံး ရှိသေး တယ။်"

    အေးလေ.. ဖယ်ပေးစရာလားလို့၊ နုနုလေးကို.. ဟိ

    မမ.. အနော်ဆို ဂါဝန်ကားကားနဲ့ (ပူလို့) ဖိနပ်အပြားနဲ့ ဗိုက်ကြီးသည်ပုံဖမ်းတယ်၊ ပိုဘရုတ်ကျချင်ရင် ဗိုက်ပေါ် လက်ပါတင်ထားလိုက်တယ်၊ အဟား

    ReplyDelete
  17. သူငယ်ချင်း ၀၀ တစ်ယောက်က ညောင်းလို့ သူ့ဘာသာ ခါးထောက်ရပ်နေတာကို ဗိုက်ကြီးသယ်မှတ်လို့ နေရာဖယ်ပေးခံရတယ်.. သူလဲ သဘောပေါက်သွားပြီး ခပ်တည်တည်နဲ့ ၀င်ထိုင်လိုက်တယ် ဆိုပဲ... ဗိုက်ကြီးနေသလို ဟန်လေးနဲ့ပေါ့လေ.. အဝေးကြီး ထိုင်ရ မနည်းဘူးဆိုပြီး..
    ဟားဟားးး

    ReplyDelete
  18. အခြေအနေအရပေါ့ ပေးချင်သော်လည်း ယူမယ့်သူက အလှမ်းဝေး၊ မပေးချင်တဲ့သူ ထိုင်မှာလည်း စိုးရိမ်း(တကယ်တော့ ဆင်ခြေပါးP)

    ReplyDelete
  19. အဲလို ဖြစ်မှာစိုးလို့ အမျိုးသမီးတွေဆို သိပ်ဖယ်မပေးပါ
    :)

    ReplyDelete
  20. You took a seat.
    That is wrong way.
    You can not concentrate your self.
    You got bad feeling with negative things.
    Better you leave it.
    How long you will go...
    one hour...two hour...

    BINO

    ReplyDelete
  21. ကျနော်ကတော့ ဖယ်ရတော့မလား ဖယ်ရတော့မလား ဖြစ်နေရတာက ပိုပင်ပမ်းလို့. မတ်တတ်ကြီးပဲ အိပ်လိုက်တော့ရော.

    ReplyDelete
  22. တခါးနားက မှီတဲ့နံရံလေးကို မှီပြီးငိုက်နေရင်တော့ အနော်ပဲ အမား...

    ReplyDelete
  23. ဟုတ်တယ်နော် ကိုယ်ကဖယ်ပေးပြန်တော့လဲ သူတို့ကို စီနီယာ စီတီဇင် လို့များ ထင်နေသလား လို့ ထင်မှာလဲစိုးရိမ်ရတယ် တော်ကြာ အမလို စိတ်နာသွားရင် ဘယ့်နှယ့်လုပ်ပ...

    ReplyDelete
  24. ဒီအတွေး ဒီအရေးမျိုးတွေ သဘောကျတယ် အစ်မကြီးးရေ..း)

    အစ်မကြီးး ခေါ်လို့ စိတ်မဆိုးကြေး..း))

    အစ်မကြီးးက တကယ်ကို ပိုစ့်မော်ဒန် အတွေးတွေ ရှိနေတာ.. အဟုတ်..းD

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်..
    ကိုရင်နော်

    ReplyDelete
  25. အဲ့ဒါနဲ့ပဲ အန်တီခင်ဦးမေကြီး တစ်ယောက် နေရာမထပေးလိုက်ရဘူးပေါ့လေ.. ကောင်းလေစွ ကောင်းလေစွ

    ReplyDelete
  26. အိုဘားမား တောင်းဆိုချက်ကို စစ်အစိုးရ လိုက်လျောမည်လော


    အာဆီယံ - အမေရိကန် ထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအ၀င် အရှေ့ တောင် အာရှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ Robert Gibbsu က ယမန်နေ့တွင် သတင်းထောက်များကို ပြောသည်။

    ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က “မြန်မာ့အရေးမှာ အမေရိကန်က တက်တက်ကြွကြွ ပါဝင်လာတာကောင်းတာပေါ့၊ အဲဒီတောင်းဆိုမှုကို စစ်အစိုးရက လက်ခံမယ်ဆိုရင်တော့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေးအတွက် တဘက်တလမ်းက အထောက်အကူ ဖြစ်မှာပါ” ဟု ဆိုသည်။

    ဂျပန်နိုင်ငံ Temple တက္ကသိုလ်မှ မြန်မာ့ အရေး လေ့လာသူ Jeff Kingston ကလည်း “ဒါဟာ မြန်မာ ပြည်သူတွေအတွက် အားတက်စေတဲ့ သတင်းကောင်းတခုပါ။ စစ်အစိုးရကို အမေရိကန်က အခုထိ ဆန့်ကျင်နေတယ် ဆိုတာကို ပြသလိုက်တာပါပဲ။ တိုက်ရိုက် တုံ့ပြန်ဖို့ အတွက်တော့ သံသယရှိတယ် ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အာဏာရှင်လို့ စွပ်စွဲလိုက်သလိုပဲ” ဟု ပြောသည်။

    မြန်မာနိုင်ငံနှင့် ပြင်ပကမ္ဘာ ပြန်လည် ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာစေရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရေးသည်အရေးပါကြောင်း၊ ခေါင်းမာလှသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေး၏ မထင်မရှားနေရာမှ ပါဝင်ခြင်းကိုသာ လိုလားဟန် တူကြောင်း သူကဆိုသည်။

    ဤအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ နိုဝင်ဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထပ်မံ ပေးပို့သည့် စာတစောင်သည်လည်း အင်တာနက်စာမျက်နှာများတွင် ပျံ့နှံလျက် ရှိသည်။

    http://irrawaddy.org/bur/index.php

    ReplyDelete
  27. အမရေ .... စာကို MRT ရေးတယ်ဆိုလို့ စရှိုက်တော့တူနေပြီလို့ ..
    အားပေးပါတယ် အမ ဆက်သာရေးပါ ။ ကျွန်တော်လည်း အချိန်အားရအောင်ယူပြီလာဖတ်မယ် ။ ကျွန်တော်လည်းစာကိုကြုံရာနေရာမှာရေးတာပဲ
    စိတ်ကူလေးရလာရင် မပျောက်ခင်လေးမှာရအောင်ရေးလိုက်တာပဲ ။။။
    မသိတဲ့လူတွေက ကိုယ်စာရေးပြီးရင် လာလာမေးတယ် ကောင်လေး ဘာဂဏန်းကောင်းတုန်းတဲ့ .. သေရောပဲ ...........

    ReplyDelete
  28. စစ်အစိုးရ ထိန်းချုပ်ထားတဲ့ မြန်မာပြည်မှာ နေပါတယ်။ ဘယ်သူ့ကိုမှ နေရာဖယ်ပေးဖို့ စိတ်ကူးမရှိပါဘူး။ လူလစ်ရင် ဘေးခုံကလူတွေကို ကြီးငယ်ရွယ်လတ် ကန်ချပစ်ဖို့ စိတ်ကူးရှိပါတယ်။ ကျေးဇူးတင်ပဲ။

    ReplyDelete