Wednesday, December 23, 2009

a daw gyi & broadband

Samsung OMNIA II နဲ့ အဒေါ်ကြီး ဘာတွေ လုပ်နေသလဲ လို့ ခပ်မြင့်မြင့် က ဆိုတော့ရယ်ချင်မိသေးတယ်။ ထင်ထားတဲ့အတိုင်းဘဲ ဘာမှ မလုပ်ပါဘူး။ ပြောရင် ယုံမှာတောင် မဟုတ်ဘူး. Broadband တောင်ယူထားသေးတယ။် blog ကြည့်ချင်တာ အဓိက ဆိုတာကတော့ရှင်းပြစရာမလိုပါဘူး။

Broadband ယူလိုက်တော့ဘာဖြစ်သွားသလဲဆိုတော့ sim card နစ်ခုဖြစ်သွားတယ်။ တစ်ခုက ဖုံးပြောဘို့။ တစ်ခုက အင်တာနက်သုံးဘို့။ အဲဒီတော့ ဖုံးတစ်လုံးထဲမှာဘဲ ဖုံးလဲပြောမယ်။ အင်တာနက်လဲသုံးမယ်ဆိုတာ မဖြစ်နိုင်တော့ဘူး။

ဖုံးထဲမှာ ဖုံးပြောဘို့ sim card ထည့်ထားတယ်ဆိုပါစို့။ အင်တာနက်သုံးချင်တယ်ဆိုရင် အဲဒီဖုံးကတည်းကနေ sim card ကိုထုတ်. အင်တာနက်သုံးဘို့ပေးထားတဲ့ sim card ကိုထည့်ပြီးမှ အင်တာနက် သုံးလို့ရမယ်။

တစ်ခါ အင်တာနက်သုံးရာကနေ ဖုံးပြောချင်လာပြီဆိုရင် အဲဒီ အင်တာနက် ကဒ်ထည့်ထားရာကနေထုတ် ဖုံးပြောတဲ့ ကဒ် ကို ပြန်ထည့်ပြီးမှ ဖုံးပြောလို့ရမယ်။ very complicated ဖြစ်တာဘဲ။

အဲဒီလိုဆိုတော့ကာ ဖုံးနစ်လုံးဘဲ ထားလိုက်တော့တယ်. သုံးလက်စ nokia က တယ်လီဖုံးပြောဘို့.။

samsaung omnia II က အင်တာနက်သုံးဘို့။ အဲဒီ အင်တာနက်သုံးဘို့ကလည်း sim card နဲ့ဆိုတော့က သူလည်းဖုံးပြောလို့ရတယ်။ဒါပေမဲ့ အဲဒါက အခုယူထားတဲ့ မိနစ်နဲ့ အကြုံးမဝင်ဘူး။ သီးသန့် bill charge လုပ်လိမ့်မယ်။ Samsung ကိုအင်တာနက်အတွက်ဘဲထားလိုက်ရတော့တယ်။ မဟုတ်ရင် သူနဲ့ဖုံးပြောပြီး nokia အသေးလေးနဲ့ အင်တာနက် ကလိဖို့ဆိုတာ Samsung touch screen လောက်တော့ဘယ်အဆင်ပြေနိုင်မလဲ။ ဒါကြောင့်မို့ပြောတာ စလုံးကလူတွေ ကညာဏ်ရည်မြင့်ကြတယ်ဆိုတာအလကားပြောတာမဟုတ်ဘူး။ အဲသလိုတွက်ချက်နေမှ တော်ရုံကျတယ်။

အမှန်ကတော့ဖုံးတစ်ခုထဲမှာဘဲ အင်တာနက်ကော ဖုံးကော တစ်ခုထဲဖြစ် ရင်တော့အကောင်းဆုံးဘဲပေါ့။ broadband မယူရင်တော့ ဖြစ်နိုင် မလား မသိ ဘူး။ အခုတော့အဲသလိုဖြစ်သွားတယ်။ မယူခင် ဆိုင်က သေချာရှင်းပြပါတယ်။ ကိုယ်ကိုတိုင်ကိုက မိုက်တာပါ။

ဖြစ်ချင်တော့လဲ အလုပ်က ထိုင်မနေရတဲ့ အလုပ် (cashier ) ဆိုတော့ထိုင်ပြီးအင်တာနက် သုံးဘို့ ဆိုတာ အခွင့်အရေးမရှိတယ်။

အဲဒီတော့အိတ်ထဲကိုတော့ထဲ့ထားပါရဲ့။ broadband ဆိုတာကြီးကို သုံးကို မသုံးရပါဘူး။ အိမ် အသွားအပြန်လမ်းမှာ သုံးပါလားဆိုတော့လဲ အဲဒီအချိန်မှာ မျက်စိပိတ် အနားယူဘို့ဘဲ စိတ်ကူးရှိတော့တယ်။

မြန်မာစာနဲ့ဘလော့ဖတ်ချင်ပါတယ်။ အခုက ဖွင့်ကြည့် လိုက်ရင်လည်း ကိုယ်နားမလည်တာတွေ အတုံးတွေ ဘဲမြင် နေရတာနဲ့ စိတ်ဓါတ်ကျတော့ ဖွင့်တောင်မဖွင့်ဖြစ်တော့ဘူး။ သူများတွေ မြင်ရတာ မြင်ရတာအန်မတန်မှ အာ့း ကျမိပါတယ်။ အိုင်ဖုံးကို ဘယ်လိုလုပ်ဘယ်ဝါလုပ်လို့တော့ Saturngod ဆီမှာတော့တွေ့မိတယ်။ ဆမ်ဆောင်းကြီးအတွက်တော့မမြင်မိသေးဘူး။

သူများကိုအကူအညီတောင်းဘို့ဆိုတာလည်းအမှန်တန်မှ ဝန်လေးပါတယ်။ တစ်ချို့ကလည်း ဂျီတော့မက်စိမှာ ဖုံးတစ်လုံးနင့် တိုင်ပတ်နေသည်လို့ announce လုပ်ထားတဲ့ သူကလည်းလုပ်ထား တော့ ခက်သေးတယ။်

ဖြစ်ချင်တာကတော့ လုပ်တတ်တဲ့ဆိုင် ကိုအပ်ချင်တာပါဘဲ။ ရန်ကုန်မှာ ဆိုရင်တော့ ဆိုင် ရှိနိုင်မလားမသိ။ အိုင်ဖုံးကို မြန်မာဖောင့်နဲ့သုံးတာ မြန်မာနိုင်င့က အများဆုံးဘဲ လို့တော့ Saturngod မှာဖတ်လိုက်မိသေးတော့ အိုင်ဖုံးဝယ်မိရင် ကောင်းသားလို့ နောင်တ ရ.ရမလိုဖြစ်နေတယ်။

ဖုံးမှာ function အတော်စုံပါတယ။် ဒါပေမဲ့ အသက်ရယ်။ စိတ်ဝင်စားမှုရယ်မှာ စကားပြော တဲ့အခါ မလေ့လာချင်တော့ဘူး။ ဒီလိုလုပ်ပါဆိုရင်တော့ လုပ်မိမယ်ဆိုပေမဲ့ ကိုယ့်ဘာသာကိုယ် လေ့လာပါလားဆိုတော့မလုပ်ချင်ပြန်ဘူး။ အခုလောလောဆယ်တောင် video ရိုက်ပြီး ဘယ်မှာပြန်ကြည့်ရမလဲဆိုတာမှာ video finder မှာရှာပါဆိုလို့ video finder ဘယ်နားမှာမှန်းမသိတာနဲ့ ရိုက်ထားတာတွေ ကို ပြန်မကြည့်ရသေးဘူး။

Manual တော့လည်းအိတ်ထဲထည့်ထားတာ အတော် တောင်ကြေ နေလို့စာရွက် တောင်ပြူတ်ထွက်နေပြ.ီ ။ အခုထက်ထိကတော့ ရေဒီယိုဖွင့်တာရယ် , you tube ကြည့်တာရယ် .ဓါတ့်ပုံရိုက်တာရယ်။ ဒါဘဲ သုံးဖြစ်သေးတယ။် နည်းပညာတွေ ကလည်းမြင့်လာသလိုကိုယ်ကလည်း လိုက်ဘို့ ပျင်းတယ်။ လိုက်ပြန် တော့လဲမမှီပါဘူး။

ပြောနေရင်းနဲ့........ဟင်…………. ကျယ်ကျယ်ပြောပါ။
ဘာာာာာာ………..အိမ်ကအင်ဂျင်နီယာ........
မသိဘူး….မသိဘူး............လာမေးနဲ့ …………မုန်းမိပြန်ဦးမယ်။ …………

25 comments:

  1. မမကွန်ပြောတာတွေ ဉာဏ်မမှီပါ။ Broadband ကို မှတ်မှတ်ရရ 2002 ကစသုံးတာ ဘယ်လို SIM card နဲ့ပတ်သက်မှန်း ချက်ချင်း စဉ်းစားလို့မရပါ။ အိမ်မှာ Phone line ကို Router နဲ့ ချိတ်လိုက်ရတာဟုတ်ဘူးလား။ Cable ဆိုရင်လဲ Router လိုတာပဲ

    ဟုတ်တယ် အိမ်ယာ အတည်တကျမနေတဲ့ သူတွေတော့ Mobile broadband သုံးကြတာတွေ့တယ် SIM ကို Dongle ထဲမှာထည့် ရတယ်။ အဲဒါ Youtube တို့ Download တို့ အတွက်က ဒီမှာတော့ သိတ်မကောင်းလှဘူး

    ReplyDelete
  2. ကျွန်တော်လည်း Blackberry ဝယ်ထားပြီး Blackberry Service ယူမထားလို့ ဘာမှ သုံးလို့မရဘူး။ ဘလက်ဘယ်ရီ ခပ်တည်တည် ကိုင်ပြီး ဖုန်းပဲ ပြောလို့ရတယ်။

    တစ်လုံးက ဖုန်းပြောဖို့ တစ်လုံးက ကစ်ဆစ် ဖွင့်ဖို့ ဆိုတာမျိုးလည်း မတတ်နိုင်ဘူးလေ။ :D

    ReplyDelete
  3. သားသား ၎

    ReplyDelete
  4. ဟဟဟား ညှစ်မှထွက်ရလေဂျီးဒေါ်..
    အိုင်ဖုန်းဝယ်သင့်တာ။ ကိုယ်လည်းနားလည်လွယ် အသုံးလည်းများတယ်လေ။ သားတော့ SE Satio လေးနဲ့ အဆင်ပြေနေတာပဲ။ ဖုန်းရော၊ အင်တာနက်ရော။ broadband ယူထားတော့ access ပိုကောင်းမှာပေါ့ ဂျီးဒေါ်။ နောင်တမရပါနဲ့ သူ့ဟာနဲ့သူ သူ့ဈေးနဲ့သူ သူ့အဆင့်အတန်းနဲ့သူ အသုံးတည့်ပါသည်။

    အောက်ဆုံးစာကြောင်းလေးဖတ်ပြီး ပြုံးမိတယ်ဂျီးဒေါ်း)))

    ReplyDelete
  5. ဖတ်ရတာ စိတ်မကောင်းပါဘူးဗျာ.... :(

    ဒီနေ့ခေတ် အိုင်တီကိုကလည်း အမြဲလိုလို ပြေးလွှား လိုက်နေမှ တန်ကာကျတာကိုးဗျ.....နော။

    ReplyDelete
  6. အိုင်ဖုန်းဆိုလဲ ဘာထူးလဲဗျာ။ 3Gs လောက်မှ တော်ရုံကျတာ။ Iphone က zaw gyiက စာကြည့်လို့လောက်ပဲ စာရိုက်ရတာ သိပ်အဆင်မပြေဘူး။ဒီကြားထဲ စေတန်ဂေါ့ ပြောထားသလို တခါခါ ကြောင်သွားတတ်လို့ restart ပြန်လုပ်ပြန်တော့လဲ lock ပြန်ကျသွားလို့ jailbreak ပြန်လုပ်ရပြန်ကော အဲဒီတော့ သွင်းထားတဲ့ ဒေတာတွေ ရေစုန်မှာ မြောဗျာ။အတော်ကောင်းတဲ့ ဒုက္ခ မသုံးပြန်ရင်လဲ ဖုန်းပဲပြောလို့ရတာပဲဖြစ်နေ၊ သုံးပြန်တော့လဲ အဆင်မပြေမှုအချို့ကြောင့် သိပ်မကလိရဲဘူး။အမရေ အကောင်းဆုံးတွေကတော့ ကွန်ပြူတာတွေမှာပဲ နက်သုံးဗျာ။ အကောင်းတကာ့ အကောင်းဆုံးပဲ။ှုအိုင်ဖုန်းမဝယ်မိလို့ နောင်တမရနေနဲ့ဦး ဝယ်မိသူတွေ ဒုက္ခလဲ ကြည့်ပါဦးဗျာ။=)

    ReplyDelete
  7. ဟားဟား…. ကျနော်လည်း အဲဒီ ဒုက္ခကို ကြုံနေရတာပဲဗျ။ ကျနော့် အမ်ဝမ်း Mobile broadband က အလကားရထားတာပါ။ ဖုန်းလိုင်း ၂ လိုင်းရှိရင် အဲဒီလိုင်းထပ်ယူတဲ့အခါ စုစုပေါင်းကုန်ကျစားရိတ်က ဖုန်းလိုင်း ၂လိုင်း သာမန် ပေးရတဲ့ စားရိတ်ထက် အကုန်အကျနည်းတယ်လေ။

    အခု ကျနော်လည်း SIM card နှစ်ခုနဲ့ မခင်ဦးမေ ပြဿနာမျိုး ကြုံနေတယ်။ အင်ဂျင်နီယာကို သွားမေးဖို့ စိတ်မကူးနဲ့တော့။ ကျနော်လည်း ဘာလုပ်ရမှန်းမသိလို့ နောက်ဖုန်းတလုံးနဲ့ တွဲကိုင်ဖို့ စိတ်ကူးနေတယ်။

    ReplyDelete
  8. ပြာ တော့ ဖုန်းနဲ့ ပတ်သက်ရင် နေရာ တကာ သူများအားကိုးနေရတာပဲ မမရယ်..

    ReplyDelete
  9. :)).. ဒီတစ်ခါလည်း ပေါက်ကရပါပဲလားး.. ဟားဟား... ကျနော်တော့ ဖုန်းဆို အိုင်ပဲကြိုက်....

    ReplyDelete
  10. ဟိုတရက်က သူငယ်ချင်း iPhone ကိုင်ကြည့်ပြီး အားတော့ ကျ မလာမိပါဘူး မမရယ်။ Laptop တောင် တကယ်တော့ မကြိုက်ဘူး။ အိမ်ပိုင်ယာပိုင်ရှိရင် desktop ပဲ သုံးချင်တယ်။ iPhone သေးသေးလေး ဘာမှကို မကြည့်ချင်ဘူး။ ဖုန်းဆို ပြောဖို့လောက်ပဲ တော်ပြီ။

    ReplyDelete
  11. ဘာမဆို တိုင်တိုင်ပင်ပင်လုပ်ပါလေ....

    ReplyDelete
  12. iPhone မသုံးနဲ့ G-Phone သုံး :D

    ReplyDelete
  13. Better use sample phone with camera or not much fuction.

    BINO

    ReplyDelete
  14. အိုင်ဖုန်း 8 GB အသစ်တစ်လုံးရှိတယ် လိုချင်ရင် လဲပေးမယ်လေ ဖုန်းဒုက္ခတွေကြားရတာ စိတ်ညစ်လို့ 

    ReplyDelete
  15. ဟိုနေ့က ၂၀၀ MB ကို ၁၀$ ပေမယ့် ၂ GB ယူမယ်ဆို ၂၅$ ဆိုတာပြောဖို့မေ့သွားလို့ :)

    ReplyDelete
  16. မမကွမ်း
    တရုတ်ဖုန်းတလုံး ထပ်ဝယ်လိုက်လေ.. ကဒ် နှစ်ခု သုံးလို့ ရတယ်.. နှစ်ခုလုံး တခါတည်း ထည့်ထားလိုက်ပေါ့။
    ဈေးလည်း သက်သာတယ် မမကွမ်းရ။
    ဟိဟိ..
    ဒါပေမယ့် မမကွမ်းမှာ ဖုန်းတွေ များနေပီ။
    သပ်သပ်စီပဲ ထားလိုက်ပါတော့..
    မဝယ်ပါနဲ့ တော့
    ခုလည်း အဆင်ပြေနေတာပဲနော်..

    အာဘွားးးး
    nn

    ReplyDelete
  17. ရန်ကုန်မှာ ဆိုင်ရှိလား။ မရှိဘူး။ မရှိဘူး။ နောက်သလို ပြောင်သလိုနဲ့။

    ReplyDelete
  18. မမ အင်ဂျင်နီယာကြီးကို မုန်းတယ်တဲ့လားးး
    ဓါးမကြီး ပဲ့သွားလို့ စိတ်ဆိုးနေလို့လားးး
း))))))))))))

    ReplyDelete
  19. မမကွန် တော်တယ် ... မီးချစ် ဆို ကိုကိုချစ် omnia ကိုင်တောင် မကြည့်ဘူး ... ရှူပ်လွန်းလို့ .. မက်စိ လဲမပို့ တက်ဘူး...ကင်မရာ ကလဲ sony ကို မမှီဘူး..

    ReplyDelete
  20. မမ စိတ်မညစ်နဲ့ အဖော်တွေ အများကြီး....။

    ReplyDelete
  21. Connect the Omnia to your computer, and copy the MM font file to the font folder of the phone, and restart it. If you need help, it would be an honor for me to do it for you. ( http://bit.ly/6WKYXK )

    Nyein Khant

    ReplyDelete
  22. မမကမှ ကြိုးစားချင်စိတ် ရှိသေး။ ချိုသင်းကတော့ ဘေးထွက် ထိုင်နေပြီ။ သူ့အရှိန်နဲ့သူသာ ဂိုးပစေတော့..

    ReplyDelete
  23. ကျေးဇူးပါ Nyein Khant
    ကြိုးစားနေဆဲကာလဖြစ်ပါတယ်။

    ReplyDelete