Monday, December 14, 2009

Mrs.



















ကျွန်မအိမ်ထောင်သည်

အိမ်ထောင်ရှိပါတယ်။ ကြာပြီပေါ့။

အိမ်ထောင်ပြူတယ်ဆိုတာမှာချစ်လို့အိမ်ထောင်ပြုခဲ့ကြတာပါဘဲ. ငယ်စဉ်ကာလတုံးကတော့သူသွားသမျကိုယ်အကုန်လိုက်. ကိုယ်သွားသမျ သူပါ။ လဘက်ရည်ဆိုင်လဲကိုယ်ပါ. ရှော့ပင်လဲသူပါ။ကြာလာတော့မချစ်ကြတာတော့လည်းမဟုတ်..သွေးအေးလာကြတာထင်မိတယ်။ သူ့ရဲ့ လ ဘက် ရည်ဆိုင်လဲကိုယ်မလိုက်ဖြစ်. သူတို့ ရဲ့မြင့်မား တဲ့အကြောင်းအရာတွေ. နိုင်ငံ့ရေး. စီးပွားရေး ကြီးပွါားရေးတွေ ကို ကိုယ်မလိုက်နိုင်. ကိုယ်ဲ ရဲ့သေးငယ်တဲ့ အကြောင်းအရာတွေ ကို သူစိတ်မဝင်စား. .

စကားဆိုတာ ကို နားထောင်သူရှိမှ ပြောလို့ရတယ်။ နားထောင်သူမရှိတဲ့ကိုယ့်ရဲ့စကားတွေ …………

တစ်နေ့တာဟာ မိုးလင်းတာနဲ့အမြန်ဆုံး အလုပ်ခွင်ကိုရောက်ဘို့ဘဲ။ စနေလိုနေ့ မျိုးမှာတောင် ညနေ ကို မတွေ့ဖြစ်တဲ့အဖြစ်. ကိုယ်က အနောက်အရပ်မှာ သူက အရှေ့အရပ်မှာ . ဆုံမှတ် အလည်ကိုတောင် မသွားနိုင်တော့။ ရောက်တဲ့အရပ်မှာဘဲ ဟိုငေးဒီငေး.. လက်ချင်းတွဲထာားသူများတွေ့ရင်စိတ်နာ။ အိမ်ကို ဘဲပြန်တာကောင်းမယ်ထင်ရဲ့။

46 comments:

  1. အင်း..အဲလိုကြီးတော့သွေးအေးသွားနဲ့လေ
    မမမေရေ..:D
    ခင်မင်စွာဖြင့်
    kpp

    ReplyDelete
  2. အဲဒါတွေ သိနေလို့
    အေးအေးဆေးဆေးနေတာ
    :E

    ReplyDelete
  3. လက်ချင်းတွဲထာားသူများတွေ့ရင်စိတ်နာ
    အဲဒါ မနာလိုတာပါ။ အမြင်မတူတော့ဘူးပေါ့ .... :P

    ReplyDelete
  4. လွမ်းခန်းပေါ့ မမရယ်

    ReplyDelete
  5. အဲလောက်တော့ ဖြစ်လိမ့်မယ်လို့ မထင်ပေါင်။
    မမညာ။

    ReplyDelete
  6. ......
    အိမ်ကိုဘဲ ပြန်ပါ မကြီးရယ်...။
    သွေးအေးသွားတယ် ဆိုတာ
    သွေးပူလေ့ကျင့်ခန်း လုပ်ဘို့ လိုအပ်နေလို့ ပါ..
    ကျန်တာတွေ လျှောက်မတွေးပါနဲ့ ..။

    ReplyDelete
  7. ရောက်တဲ့ အရပ်မှာ ဟိုငေးဒီငေး....တဲ့...း)

    ReplyDelete
  8. ဘဲကြီးက ဝီစကီတွေဘာတွေရော ချသေးလား။

    ReplyDelete
  9. လူ့သဘာဝကတော့ဒီလိုပဲ..ဂျီးတော်ရေ့
    ဒီလိုနဲ့သေတပန်သက်တဆုံးနေသွားကြတာပဲ

    ReplyDelete
  10. သွေးအေးသွားတာတော့ အမှန်ပေါ့။ တစ်ယောက်နဲ့ တစ်ယောက် အချိန်မပေးနိုင်ကြတော့တာလည်း ပါမယ်ထင်တယ်။ တစ်ယောက်ကိုတစ်ယောက် ဟိုတုန်းကလောက် `ဂရုမစိုက်ဖြစ်ကြတော့ သွေးအေးတာပေါ့..။ ဘာပဲပြောပြော အဲလိုကြီးကတော့ မကောင်းပါဘူး အစ်မရယ်..။ နဲနဲ ကြိုးစားပြီး ပြုပြင်ကြည့်ပေါ့။ ဟီး...အိမ်ထောင်သည်ကို ရည်းစားတောင် မရှိတဲ့ကောင်က ဆရာလုပ်နေတာ..တော်တော် အနေအထိုင် မတတ်တဲ့ကောင်...

    ReplyDelete
  11. ရွှေရတုမှတ်တမ်း said...

    လူ့သဘာဝကတော့ဒီလိုပဲ..ဂျီးတော်ရေ့
    ဒီလိုနဲ့သေတပန်သက်တဆုံးနေသွားကြတာပဲ

    of course that is losers' way.

    if you are a loser and you dont have enough money, you have to go back to a fat rotten old wife.

    ReplyDelete
  12.း))).... သွေးနွေးသွားအောင် မောင်ရယ် ဘာရယ် လုပ်ပေါ့.. အမရ.. ဟီးဟီး

    ReplyDelete
  13. You have to make a bit quarrel with your lover.

    ReplyDelete
  14. မမတို့အရွယ်ကျရင် မီးလည်းအဲလိုပဲ ဖြစ်သွားမယ်ထင်
    တယ်နော်.း( မမပြောတာနဲ့ တွေဝေသွားဘီ.း(

    ပျော်ပါစေ မမရေ.

    ReplyDelete
  15. မွန်ရဲ့ပိုစ့်ထဲက သီချင်းလေးကို ခဏနားထောင်လိုက် အမ။

    ReplyDelete
  16. ဒါဆိုတီကွန်ကစိတ်ပေါက်ပေါက်နဲ
    ပလာဇာစင်းမှာရှော်ပင်သွားပတ်တာပေါ့
    များများသာဝယ်ပစ် ဟီး
    သွေးတော့မအေးသွားပါနဲ့ များများချစ်ပါ
    ယောက်ျားဆိုတာမိန်းမက များများပြန်ချစ်မှ
    ကြိုက်တာဗျး)

    ReplyDelete
  17. ဒေါ်ဒေါ်ကွမ်
    ပြောတာကိုနားထောင်မယ့်သူမရှိရင် ရေးပေါ့ဗျ။ ကျွန်တော်တို့အမြဲ နားထောင် (ဖတ်)ပါတယ်။ တခါတခါလက်ဖက်ရည်ဆိုင်လိုက်ပေးပါ။ Shoppingထက် ကောင်းပါတယ်။ အရမ်းပျင်းရင်လည်း အရင်လိုပဲ အိတ်တွေ၊ဖိနပ်တွေလျှောက်ဝယ်ပေါ့ဗျာ။

    ReplyDelete
  18. အမရယ်...ဒါတွေက ဖြစ်တတ်ပါတယ်...အတူရှိတဲ့ အချိန်တွေမှာ ကိုယ့်အပေါ် ပိုပြီးချစ်အောင်နေ၊ ဟင်းတွေချက်ကျွေး၊ အတူတူ ဗီဒီယိုကြည့်၊ သူ့အတွက်ပဲ ကိုယ့်အချိန်တွေကုန်ပေးလိုက်....၊ ကိုယ့်ကို သူ လိုအပ်လာပါလိမ့်မယ် အမရဲ့၊ ဆရာလုပ်တာ ဟုတ်ဖူးနော်၊ နွေးထွေးကြစေချင်လို့ပါ....။

    ReplyDelete
  19. မခင်ဦးမေ
    ဒီလိုလည်း မဟုတ်သေးဘူးလေ။ နှစ်ယောက်ကြား Communication မရှိရင် မိသားစုဘ၀ဆိုတာ ဘာအဓိပ္ပါယ်မှ မရှိဖြစ်တတ်ပါတယ်။ ငယ်ငယ်ကလို ရင်ခုန်တဲ့ အရွယ်မဟုတ်တော့တဲ့ အချိန်မှာ အချစ်ဆိုတာ နားလည်မှုနဲ့ တည်ဆောက်ရပါတယ်။ တယောက်နဲ့တယောက် နားလည်မှု ရှိဖို့ဆိုတာလည်း တယောက်ကိုတယောက် စိတ်ဝင်စားဖို့နဲ့ မိသားစုအတွက် အချိန်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်မဘလော့ဂ်က သူ့မွေးနေ့အတွက် ကျွန်မပေးထားတဲ့ လက်ဆောင်ကို လာဖတ်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

    ReplyDelete
  20. ကျတော်တော်တော်လန့်တဲ့ issue အမရ၊ အခုထဲကတော့ကြိုးစားပြီး manage လုပ်တာပဲ၊ တချိန်ဘယ်လိုဖြစ်လာမလဲတော့မသိဘူး။

    ReplyDelete
  21. လူချင်း အလုပ်များလို့ သတ်သတ်မှတ်မှတ် မဆုံဖြစ်ရင်တောင် စိတ်ချင်း နီးရင် ပြီးတာပါပဲ မမရယ်။ တခုခုအရေးအကြောင်းဆို သူ့ကိုပဲ အားကိုးစရာရှိသလို သူကလဲ မမကိုပဲ အရေးစိုက်စရာ ရှိတာပါ။ မယုံရင် ဖျားကြည့်..။ :))

    ပြောမဲ့သာပြောရတာ၊ ပြီးရင် ဒီကွန်မန့်တွေဖတ်ပြီး နှစ်ယောက်သား ရီနေမှာ သိနေတယ်။

    ReplyDelete
  22. တိန် ... အိမ်ထောင်သည်တိုင်း အဲ့လိုဆို အိမ်ထောင်ပြုဖို့တောင် လန့်လာပြီ
    ပြန်ကြိုးစားလို့မရဘူးလား .. ပြန်ပျော်ဖို့ကောင်းလာအောင်လေ .. သူငယ်ပြန်ကြ .. ဟီးဟီး

    ReplyDelete
  23. ချစ်သူဘ၀ထဲက အဲလို အေးနေရင် ကော ဟင်
    ဟင်
    ဟင်
    မမ

    ReplyDelete
  24. ....ယူခါစက မျက်စိအောက်က အပျောက်မခံနိုင်ဘူး ယုံကြည်မှု ၅၀% လေ ကြာသွားတော့ မျက်စိအောက်က ပျောက်လဲ ဂရုမစိုက်တော့တာဖြစ်မယ် အချိန်တန်တော့ အိမ်ပြန်လာမယ်ဆိုတာကို လေ ယုံကြည်မှု ၁၀၁%...ပျော်ရွှင်စရာနှစ်၂၀၁၀ဖြစ်ပါစေမမkom+kokmsl နောက်၂ ၇က်ဆို၇န်ကုန်သွားမှာမို့ လို ကြိုနုတ်ဆက်ထားတာ

    p.s ရန်ကုန်ပြန်၇မှာ ပျော်နေလို့  အ၇င်ပို့ မှာ မန့် လိုက်မိလို့  ပြန်ပြီး copy & paste ဗျ

    ReplyDelete
  25. သူ့ရဲ့ မြင့်မားတဲ့ ကွန်ပြူတာအကြောင်းတွေ ကိုယ်နားမလည်...
    ကိုယ့်ရဲ့သေးငယ်တဲ့ အကြောင်းအရာတွေကို သူစိတ်မဝင်စား...
    စကားဆိုတာ နားထောင်သူရှိမှ ပြောလို့ရတယ်..
    နားထောင်သူမရှိတဲ့ကိုယ့်ရဲ့စကားတွေ …..

    ဟင့်.......:'(

    ReplyDelete
  26. ငယ်သေးတယ် အိမ်ထောင်ရေး မစဉ်းစားရဲသေးဘူးခင်ဗျ

    ReplyDelete
  27. သမီးရေးတဲ့ comment ကို ခေါင်းချင်းဆိုင်ပြီး လာမဖတ်နဲ့နော် ဒါပဲ

    ReplyDelete
  28. သွေးနွေးသွားအောင်၊
    ကိုမဆလာအလုပ်က ပြန်လာရင်

    "မှောင်.... ပြန်လာပြီလား၊ မောလာလား၊ ရေအရင်စားမလား.. ထမင်း အရင်ချိုးမလား.. မှောင်.... " အဲလိုလေး ဆီးကြို...

    ကိုမဆလာက အရင်ပြန်ရောက်ရင်.. "မှောင် " နေရာမှာ "ခင်" ပေါ့

    ReplyDelete
  29. "ခင်လေ မှောင့်အတွက် ကြက်ဥချဉ်ရေရယ်၊ မုန်လာချဉ်ရေရယ်၊ ပုစွန်ကြော်ရယ်ချက်ထားတယ်။
    အောက်ထပ်ကုလားဆိုင်က တိုရှည်ဝယ်ထားတယ်၊ မြနန္ဒာက ချဉ်ပေါင်ကြော်နဲ့ အမဲကြော်၊ ကျောက်ကျော နှစ်တုံးဝယ်လာတယ်.. သိလား "

    ဟားဟား... ရေးရင်း တအားရီချင်လာပြီ

    ReplyDelete
  30. အချစ်တွေ မအေးစက်ဆောင် မီးသွေးမီးဖိုခပ်ကြီးကြီးနဲ့ နွှေး နွှေး ပေးပါ ။ :P

    ReplyDelete
  31. လက်ချင်းတွဲထားသူများ တွေ့ရင် စိတ်နာ..:P

    ReplyDelete
  32. တူတူပဲ။ ဘက်ပဲ့သလိုဖြစ်နေတယ်။ ဒါမယ့် ဂျီးဒေါ်လိုမဟုတ်ဘူး။ လူတစ်ယောက်ကို ကြာကြာချစ်လို့မရတော့တာ။ ဟူးးးးး...

    ReplyDelete
  33. မမနော်... မဟုတ်တာတွေ ပြောပါနဲ့..
    မမလိုချင်တဲ့ ဖုန်းလေးလဲ ဝယ်ပေးတယ် မဟုတ်လား...မမ ဘလော့ဂ်ဂင်းနေရင်လဲ မဆူဘူး မဟုတ်လား...
    မမ ညကို မိုးချုပ်မှ အိပ်ရင်လဲ မဆူဘူး မဟုတ်လား...
    ဘယ်လောက်ကောင်းသလဲ... ဟွန့်...
    (မမပြောတာနဲ့ အကွက်ရတဲ့သူက သူ့ကိုယ်သူ ငယ်သေးကြောင်း ကြော်ငြာဝင်ပြီး ကြွားသွားပြီ... ဒါကောင်းလား...)

    ReplyDelete
  34. မမဆင်လည်း ဆရာဦးဝင်းနိုင် တပည့် ထင်တယ်။ :D

    ReplyDelete
  35. အံမယ် အသက်ရလာရင် အိပ်ယာပါခွဲအိပ်ကြတာနော်။ အဲ့ဒီအခါမျိုးကြ ပို့စ်ထပ်တင်ပေးအုန်းလေ။ :)

    ReplyDelete
  36. ပျော်ရွှင်ပါစေ အစ်မ kom ရေ အချိန်တန် ရင် လူတိုင်းအိမ်ပြန်လာကြရပါတယ်လေ
    ခင်တဲ့
    ရန်ကုန်သား

    ReplyDelete
  37. မယုံလိုက်တာ။ သူတို့နှစ်ယောက် ကော်မန့်တွေဖတ်ပြီး ရီနေမှာများနော်။
    ဖွယ်ဖွယ်ရာရာချက်ကျွေးပေါ့။ မန်ကျည်းသီးငပိချက်၊ ကင်ပွန်းချဉ်ရွက်ကြော်၊ ချဉ်ပေါင်ဟင်းချို၊ကြက်ပေါင်သိးနဲ့ငါးဆီပြန်၊ မရမ်းသီးသုပ်၊ အမောပြေ သံပုရာရည်။

    မျှစ်ချဉ်နဲ့ဝက်သား၊ ၊ ငါးသလောက်ပေါင်း၊ ကြက်သားအုံးနို့ချက်၊ ဓညင်းသီးတို့စရာ၊ ဆူးပုတ်ပဲကြီးဟင်းချို၊
    အဟိ။

    ReplyDelete
  38. အယ် ကျနော်က အားပြိုဂျီးထင်နေတာ၊ အထုမှတိတယ်။

    ReplyDelete
  39. ဒီလေသံကို ကြားဖူးနေတယ်..
    ကြားဖူးနေတယ်..။။
    တစ်အိမ်တည်း အတူနေပေမယ့်..
    ကမ္ဘာချင်းက ခြားသွားပြီလေ..။။

    ReplyDelete
  40. လူသာ အသက်ကြီးလာပေမဲ့ အချစ်က အမြဲနုပျိုနေမှ အိမ်ထောင်ရေးက ပျော်စရာကောင်းမှာ အစ်မကြီးရ :D

    ZaunG

    ReplyDelete
  41. ကျနော့်အမေကတော့ နင်တို့မောင်နှမကြီးလာရင် နင်တို့အဖေကို သည်းမခံတော့ဘူး သည်းမခံတော့ဘူးနဲ့.
    ခု အသက် ၇၀ တန်း သားတွေသမီးတွေ ၄၀ ကျော်တန်းထိလည်း တပူးတွဲတွဲ အတူတူပါပဲ.တခါတလေလဲ.အဖေက “မင်းအမေက ငါ့ကို..ဘယ်လို”
    မေမေကလဲ “ နင့်အဖေက ဘယ်လို.” အပြန်အလှန်တိုင်
    ကြတုန်း.ညီမလေးပြောတာတော့ ဖေဖေနဲ့မေမေက အပျောက်မခံကြဘူးတဲ့.တယောက်နေမကောင်းရင်လဲ တယောက်ကပြာနေတာပဲတဲ့..မခင်ဦးမေရေ..အနီးအနား ခရီးတိုလေးဘာလေး ထွက်ကြည့်ပါလား..
    ဒါမှမဟုတ် သူကြိုက်တတ်တာလေး..၁၀ ခုလောက် ခုရက်ထဲ လုပ်ပေးကြည့်ပါလားလို့..နောက်လဲ.ရင်ဖွင့်ပေါ့ သူငယ်ချင်းတွေအားကြီးပဲ.လေ.နော...အဆင်ပြေပါစေ..ဗျား...............

    ReplyDelete
  42. မခင်ဦးမေ ရေ

    အဲဒီလို ကိုယ်နေချင်သလို နေရတာ ကောင်းတာဗျ
    ကျနော့် ဆိုရင် ချစ်ချစ်ကြီး ကနေရာတကာ ထိမ်းချုပ် လွန်းလို့ အဟင့် စိတ်ကိုညစ်ရော

    အခု ဒီ comment လေးကို ချစ်ချစ်ကြီး မဖတ်မိပါစေနဲ့လို့

    ReplyDelete
  43. အိမ်ထောင်ရေးနဲ့ပတ်သက်လို့တော့ မပြောတတ်ဘူး၊ သမီးရည်းစားသက်တမ်း ခုနစ်နှစ်ကနေ ဆယ်နှစ်ကျော်လာရင် သွေးအေးလာကြတာများတယ် မမရေ..။ မချိုသင်းပြောသလို အစ်မတို့နှစ်ယောက် commentတွေဖတ်ပြီး ရယ်မောပျော်ရွှင်ပါစေနော်..။

    ReplyDelete
  44. မတို့ ကတော်သေးတယ်။ တချို့ ဆို ပိုဆိုးတယ်။ မြင်နေရတာတွေ၊ ကြားနေရတာတွေ၊ နားထောင်ပြီး ယုံလိုက်မိတာတွေ

    ReplyDelete
  45. အဲလိုကြီး မဖြစ်ပါနဲ့။ သံဃောဇဉ်တော့ရှိတယ်လေ။

    ReplyDelete