Sunday, January 17, 2010
experience is experience
သံရုံ့းသွားတယ်။ ဟင်. မျက်စေ့ကျယ်သွားပြီလား။ ဒါ စိတ်ဝင်စားရမဲ့ ကိစ္စဘဲ။ ကိုယ်လဲ စိတ်ဝင်စားတယ။် သူလဲစိတ်ဝင်စားတယ်။ မဝင်စားလို့လဲ မရဘူး။ ရှင်းပါတယ်။ ဘာလို့ စိတ်ဝင်စားရမလဲဆိုတာ လူတိုင်းသိတယ်။
ပန်းခရမ်းပြာ ပို့စ် ကိုသုံးခေါက် သွားဖတ်ပြီးပညာယူတယ်။ ကျေးဇူးပါ ပန်းခရမ်းပြာ။မသွားခင်ကတည်းက လိုအပ်တဲ့ စာရွက်စာတမ်းတွေ ကို ကြိုပြီးမိတ္တူ ဆွဲတယ်။ ပိုပိုလိုလို တောင် ဆွဲထားလိုက် သေးတယ်။
ခွင့်ကိုကြိုတင်ရတယ်။ မိုးမလင်းခင်ထတယ်။ သို့သော်ငြားလည်း နဲနဲနောက်ကျသွားတယ်။ လူလစ်တာနဲ့ taxi စီးဘို့ကြိုးစားတယ်။ ခုနစ်နာရီထိုးကာနီးမှာ ကားတွေ ရှားတယ်။ ခုနစ်နာရီထိုးမှ ကားတွေ ပေါ်လာတယ။် ဒါလဲထူးဆန်းတယ်။
မသွားခင်ရေဘူး. မုန့်ဘူး။ ရေဒီယို တယ်လီဖုံး. ပျင်းရင်ဖတ်ဘို့စာအုပ်။ စုံအောင် ထည့်သေးတယ။် အကြွေစေ့များထည့်တယ်။ သူများကိုကူညီတတ်သူမို့လို့။ ခုနစ်နာရီခွဲ ရောက် သွားတယ်။ နာမည်စာရင်းရေးရတယ်။ ထိုင်စောင့်ကြတယ်။ ၈ နာရီမှာ တံခါးဖွင့်ပေးတယ် ။ ဝင်စောင့်ကြပြန်တယ်။ ၉ နာရီကျော်က စပြီး လူခေါ်လိုက်တာ ၁၁ လောက်မှာလူပါးသွားပြီ။ အရင်ကနဲ့မတူပြန်တယ်။ အခုက submission က မနက်. Collection က ညနေ ။ အဲသလိုဆိုတော့ လူရှင်းသွားတယ်။ စကားလဲ သိတ်ပြောစရာမရှိဘူး။ အတိုးအလျော့ ပြောစရာမလို. ၄၀ လား. ၈၀ လား ။ ၁၂၀ လား။ ဒါဆိုလုံလောက်ပြီ။
ယူလာတဲ့ မုန့်တွေ ရေဒီယိုတွေ ရေပုလင်းတွေ ကြောင်တောင်တောင်ဖြစ်ကုန်တယ်။ ဘာလုပ်ရမှန်း မသိတော့ဘူး။ အောချတ်ဘက်ဲရောက်သွားတယ်။ ပိုက်ဆံကုန်တော့ စိတ်မရွင်တော့ ရုပ်ရှင်မကြည့်ချင်တော့ဘူး။ စိတ်ပြေလက်ပျောက် ထပ်ပြီး ရှော့ပင်တယ်။ အောချတ် လိုနေရာမျိုးမှာ ရှော့တော့ပိုက်ဆံ တွေမျာိး သိတ်ကုန်သွားမလား စိတ်ပူနေမိ ဥိးမယ် ။ ရပါတယ်။ ချောင်တဲ့နေရာလေးတွေ ကိုယ်သိတယ်။
လျောစောင်လေးတွေ လေးထည်တစ်ဆယ် ဝယ်တယ်။ ပိုက်ဆံအိတ်တွေ ငါးလုံးတစ်ဆယ် souvenoir ဝယ်တယ်။ အကျီကို ဈေးချတာ နောက်ဆုံးနေ့သုံ့းထည်တစ်ဆယ်။ စုစုပေါင်းအပို သုံးဆယ်ကုန်ပြီးသကာလမှ နဲနဲိစိတ်ပြေလက်ပျောက်ဖြစ်သွားတယ်။
အဲဒီတော့ အောချတ်မှာ နဲနဲ လျောက်ဖြစ်သွားတယ်။ သိတ်ဝေးဝေးတော့ လည်း မလျောက်နိုင်ပါဘူး ။ ဘီနို ပြောသလို အသက်ကြီးက ကြီးလာပြီဆိုတော့ကာ နားနားနေနေဘဲ လျောက်တော့တယ။် ဟိုကြည့်ဒီကြည့် ဟိုမော့ဒီမော့။ Hilton ဟော်တယ် ကိုမြင်တော့ သတိရစရာတွေ သတိရမိသွားတယ။်
ပြန်လာတော့ထုံးစံအတိုင်း ပန်ဒီစူလာ။ မိုးချိုသင်းတော့စိတ်ဆိုးပြန်ဦးမယ်။ တရုတ် နစ်ကူးဝန်းကျင် လက်မှတ်အချို့ ပြန်ရနေပြန်ပြီ။ တစ်ချို့ဘွတ်လုပ်ပြီးသားလူတွေ မသွားနိုင်လို့ cancel လုပ်ကြတယ်။ ကိုယ်လား ကိုယ် မသွားချင်ပါဘူး။ဒီမှာဘဲ အေးအေးဆေးဆေး ကောင်းပါတယ်။ ဘလော့လည်ဖတ်လိုက် ရုပ်ရှင်လေးကြည့်လိုက်။ ခွင့်လည်းရမှာမဟုတ်ဘူး။ ခရီးသွားတာပင်ပန်းတယ် ။ အထုတ်ထုတ်တာနဲ့သွားတာနဲ့ ဟိုတစ်ခါကသွားတာ ပြန်လာပြီး ပန်းဖျားဖျားတာ ဆယ်ရက်ကြာတယ်။ မူးတောင်လဲတယ်။ ကံကောင်းလို့ သတိမလစ်တယ်။ တစ်ပါတ်နဲ့သွားဘို့တော့လောက်ဘူး။ အနည်းဆုံးနစ်ပါတ် သွားရမှာဘဲ သွားမယ်။
မိုမလင်းခင်ကထွက်လိုက်တာ မိုးစုပ်စုပ်ချုပ်မှ ဘဲပြန်ရောက်တော့တယ်။
25 comments:
  1. This is your blog fan.
    Will come back again for reading other' comments.
    ReplyDelete
  2. မာမီ သံရုံးဘာသွားလုပ်တာလဲဟင်
    ReplyDelete
  3. မေးမှ မေးရက်တယ်လို့တော့မပြောနဲ့နော် မီးက သိမှမသိဖဲ မသိဆို မာမီက ပြောမှမပြောပြဖဲ ပြောမှမပြောဘူးဆို မီးက အလိုက်တသိ သိသင့်တယ်လို့တော့ ထင်နဲ့နော် ဟွင့် မီးက ဘာဆိုဘာမှ သိဘူးရယ် ဝါးးးးးးးးးးးးးး
    ReplyDelete
  4. မမ သံရုံးကို သွားမယ်လို့တော့ ထင်သားပဲ။ ကျမရဲ့ သံရုံးပို့စ်ကို read again and again လာလုပ်နေတာကိုး ...။ ပိုက်ဆံအိတ်တွေ ဈေးသက်သာလိုက်တာ။ လက်ဆောင် ဈေးဝယ် လမ်းညွှန် ရေးပါဦး မမ ။
    မချို
    ReplyDelete
  5. သာဓုဗျာ...သာဓု...သာဓု။ အခုလို လှူရတန်းရတဲ့ အကျိုးကြောင့် လူဖြစ်လျှင်လည်း လူချမ်းသာ၊ နတ်ဖြစ်လျှင်လည်း နတ်ချမ်းသာ၊ မင်းသားဖြစ်လျှင်လည်း မင်းသားချမ်းသာ၊ မိုးဝင်း၊ သိန်းဇော် ဖြစ်ပါစေသတည်း။
    ReplyDelete
  6. ဘန်ကောက်မှာ မြန်မာသံရုံးကိုသွားခဲ့တာကိုသတိရသွားတယ် မမရယ်
    ReplyDelete
  7. ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် အခုလို သိန်းပေါင်းများစွာ နှစ်စဉ်မပြတ် ကူညီလှူဒါန်းတဲ့အတွက် ထိရိဖျံချီး၊ ဘဏ္ဍစောက်ထိုး ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ခံရအုံးမယ်နော်။ =)
    ReplyDelete
  8. ဘယ်သွားချင်လို့တုံး.. ပြန်လည်ချင်တာလား... နောက်ပီး Hilton မှာက ဘာကိစ္စနဲ့ သတိရရတာတုံး.. မပြောချင်ဘူးနော် ဂျီးဒေါ်..
    ReplyDelete
  9. အိုင်အိုကြီးပါလား
    အလို ရွှေဖား ခုန်ဆင်းသွား
    "ပလုံ" ရေသံကြား။
    ကိုဘ တရုတ်ပြည်မှာ ရှိတုန်းက မမစီဘောက်မှာ ကိုဘရယ်၊ ပလုံရယ်နဲ့ ၃ ယောက် ရွတ်ခဲ့တဲ့ ဟိုက္ကုကဗျာ။ ကိုဘ e လို ပြန်ထားတာလဲ ရှိတယ်။
    Into the pond
    Frog jumps
    Zoop!
    ReplyDelete
  10. အော် မမ က အဆိပ်ပင်ေ၇သွားလောင်းတာကိုးးးးး ဟဟ
    မသထာေ၇စာတွေ တော့ ကျွေးမိပြီပေါ့ နော်
    ကိုယ့်ချွေးနှဲစာလေးတွေ တော့ ပါသွားပြီ မမ ရယ်
    နှမြောလိုက်တာ အဟင့် သူ့ တို့ ကထိုင်ပြီးတောင်းစားနေတာ
    ReplyDelete
  11. တိုရှည်ဝယ်ကျွေးဖို့ ကျန်သေးလား
    ပိုက်ဆံ။။
    ReplyDelete
  12. ရေးထားတာ မြင့်တယ် ရေးရေး နားလည်အောင် နှစ် ခေါက် ပြန်ဖတ် ရတယ်။
    ReplyDelete
  13. မမရေ...အတွေ့အကြုံများ လာဖတ်သွားပါတယ်..ဒါကတော့ update သံရုံးအခြေအနေပေါ့...:))
    မမရဲ့ ဈေးဝယ်လမ်းညွှန်လေးတွေ ရေးပါဦး....မမ ဈေးဝယ်လမ်းညွှန်ဖတ်ပြီး ဈေးလာဝယ်မလို့..:))
    ReplyDelete
  14. လေးထည် ၁၀ဆို တော်လိုက်တာ မမရေ စိတ်ဝင်စားတယ်
    ReplyDelete
  15. သာဓု .. သာဓု .. သာဓု :) ခင်မင်စွာဖြင့်
    ReplyDelete
  16. နောက်ဆုံးတခေါက်သွားတော့ အကြွေတွေ အိပ်လိုက်ယူသွားရသေးတယ်၊ အရင်တခေါက်က အကြွေမလောက်လို့.. ဟဲ
    ၇နာရီဆို သိပ်မဆိုးသေးဘူး မမ၊ အရင်က လူတွေ မနက်၃နာရီက အိပ်စောင့်တာတွေ့ဖူးတယ်၊ ၆နာရီ ရောက်သွားတော့ နံပါတ်က ၄၉ တဲ့
    ReplyDelete
  17. အလှုဒါနပြုကြသူငှာ..ဂျီးတော်လဲပါ..
    သာဓု..သာဓု
    ReplyDelete
  18. အလှုဒါန
    You means 10 % tax to pay to the Myanmar Government.
    That is not a အလှုဒါန.
    You have to pay.
    I also paid last year about USD 3500 for 8 month working.
    When I back in Yangon, I have to pay USD 5400 for 6 month.
    I'm never get bad felling for that.
    BINO
    ReplyDelete
  19. အေးဂျင့်ကို ပေးလိုက် ၃၀ပဲ။ ငွေ၃၀နဲ့ ကျမ်းမာရေး ၊ သင်ကြိုက်ရာရွှေး
    ReplyDelete
  20. သံရုံးသွားဖူးသေးဘူး၊
    အကြွေစေ့၊ ဘာလုပ်ဖို့လဲ၊ မသိသေးဘူး။
    မသိတာတွေ သိပ်များတယ် ဆိုတာ သိသွားတယ်။
    ReplyDelete
  21. မမ သံရုံးမှာ အလှူ ပေးတာ အကြွေစိတွေ ဘာလုပ်ဖို့လဲ ..ဟုတ်တယ် ပြာ လဲ မသိဘူး..
    အလှူ ပေးပီးပီဆိုတော့ စိတ်ချမ်းသာနေမှာပဲ..အပို ၃၀ ကုန်တာ ကုန်ပစေ့ နော့..
    ReplyDelete
  22. အကြွေ စေ့ကမိတ္တူ ကူးစက်မှာ ထည့်ရတာလေ။ တစ်ခါ ကူး ပြားနှစ်ဆယ်။ အကြွေစေ့မပါရင် သုံးမရတော့ဘူး။ များများ ထည့်သွားရတာက သံရုံးက စက်က အကြွေ စားတဲ့စက်ကြီး။ ၃ ခါလောက်ထည့်မှ တစ်ရွက်လောက်ပြန်ထွက်တာလေ။ :P
    ReplyDelete
  23. သိတယ်လေ...မမ အခွန်မရှောင်ဘူး ဆိုဒါ.....ဒါ.....:))
    ReplyDelete
  24. အရမ်းကောင်းတဲ့ ပိုစ့်ပါပဲ။ ( မမကွန်စတိုင်ပေါ့ )
    ReplyDelete