Thursday, January 21, 2010

hhdd

ဟိုဟိုဒီဒီ

အခုတစ်လော စိတ်မမှန်ဘူး။ သွေးဆုံးချင်လို့တော့ မထင်လိုက်ပါနဲ။ အင်း ဒါပေမဲ့လဲထင်မယ်ဆို ထင်ရမဲ့ အခြေအနေတွေရောက်နေပြီ။ ရာသီမလာရင် ကိုယ်ဝန်ရှိလို့များလားဆိုပြီး အချောင်းလေးတွေ ကို တစ်ဆယ်နဲ့ ဝယ်စစ်တာလဲ တစ်ဆယ်ဆုံးပေါင်းများလှပေါ့။ အခုတော့ပစ်ထားလိုက်တော့တယ်။ ဘိုက်ကြိးတာ မဟုတ်တာသေချာရင်တော့ သွေးဆုံးတာဘဲဖြစ်လိမ့်မယ်။

ဘလော့မရေးဘူး စိတ်ကူးလိုက်ရင် ဘာလုပ်ရမှန်းမသိတော့ ဘူးဖြစ်သွားတဲ့ ကိုယ့် ဘဝကိုယ်လဲ အံသြမိတယ်။ very boring life. စာဖတ်ပါလား စိတ်ကူးရင်လဲဘယ်တော့မှ အကောင်အထည် မပေါ်ဘူး။့ ကွန်ပြူတာကိုကြည့်လိုက်တော့လည်း ဘာအီးမေလ်မှမရှိ။ ဘလော့က လာတဲ့ ကွန်မက်ရယ။် ဖေ့ဘွတ်က ရောက်လာတဲ့ပြန်စာရယ်ဒါဘဲရှိတယ။် တစ်နေ့လုံးအတွက် မေးလ်တစ်ခုဘဲ very rarely လက်ခံရရှိပါတယ။် ရွေခေတ်တွေပြီးဆုံးခဲ့ပြီပေါ့။ညည်းချင်းလို့တော့လဲမထင်စေလို. အခုအချိန်မှာ ဒီလိုဆိုရင် ရှေ့ဆက်ရမဲကအချိန်တွေအတွက် သက်ပြင်းချမိတယ်။ ဘဝကိုဘယ်လိုနေပျော်ရမလဲဆိုတာ စဉ်းစားမတတ်ဘူး. ဘုရားတရားဘက်လှည့်ချိန်ရောက်ပါပြီလို့ ဆိုလိုလဲ တရားမသိသေးတဲ့ ကိုယ်အတွက်ခက် နေသေး တာ အမှန်ဘဲ။ တစ်ခုခုတော့လုပ်ဘို့ကောင်းနေပြီ။ ဘာလုပ်ဘို့လဲဆိုတာ သာ မသိဘူး။

စိတ်ပြေလက်ပျောက်။

ဘိုက်ကလဲအမြဲဆာ. ပိုက်ဆံရှိရက်နဲ့ စားစရာတွေလည်း အများကြီးရှိ ပါရဲ့နဲ့မစားရတာလဲပြိတ်တာ တမျိုးဘဲ။ စားသမျှ လဲအဆီဖြစ်။ အာသာပြေ ဒိန်ချဉ် cool blog သောက်ဖြစ်တယ်။ ချဉ်တယ်။ သို့သော်ငြား ကြိုက်တာပါဘဲ။ အားလုံးကြိုက်တယ်။















ဟိုနေ့က ဝယ်ခဲ့တဲ လျောစောင် လေးထည်တစ်ဆယ်။ အသားပါးပါးလးပေမဲ့မိုက်တယ်။ ပေါ့ တာပေါ့။ တစ်ထည်ကကိုယ်သုံးလိုက်ပြီ. သုံးထည်ကျန်တယ်။ အကျီက တစ်ရောင်ထဲ ဆိုဒ်ဆုံ့ သုံးထည်တစ်ဆယ် ဝတ်ကြည့် ရင်မိုက်တယ်။ လည်ပင်းအဟိုက်...တော်တော်..ဟိုက်။. .ပေါ်လေ တို့က ကြိုက်လေ ဆိုတော့ ကိုယ်တစ်ထည်ယူ နစ်ထည်ကျန်မယ်။ ကျန်တာကတော့ အဆင်ပြေသလို ချစ်ခင်သူများရကျလိမ့်မပေါ့။ အိတ်က စလုံးအမှတ်တရ အိတ်တောက်တိုမယ်ရအိတ်ပါ။ ထည့်ချင်တာထည့်. ဘာရယ်မဟုတ်. ပစစည်ေးလးကောင်းပြီးတစ်အိတ်နစ်ကျပ်ခွဲမို့လို့။ အောချတ်ကပလာဇာမှာတွေ့ခဲ့တာ။


26 comments:

  1. ဘုရားသကြားမလို့ မမရဲ့ ချစ်ခင်သူ စာရင်းမှာ ထိပ်ဆုံးက ပါပါစေ။ မမဆီက လက်ဆောင်တွေ ရချင်လို့.....P

    ReplyDelete
  2. စာလာဖတ်တယ် မမခင်..

    ReplyDelete
  3. မူကြိုကလေးတွေလို ကာတွန်းရုပ်ကလေးတွေကို ဆေးရောင်ခြယ်ပါလား...

    စိတ်ငြိမ်တဲ့နည်းဆိုပြီး ဆရာဝန်က လူနာတွေကို အကြံပေးတတ်ကြတယ်...


းဝ)

    (ဘုန်းကြီးစာချသလို များ ဖြစ်သွားသလား မသိ...)

    ReplyDelete
  4. အင်း။ ဘာသာရေးဘက်ကို လိုက်စားဖို့ အချိန်ရောက်နေပြီလေ။ အခု တတိယ အရွယ်နား နီးလာပြီဆိုတော့။ ဒါပေမယ့် ဘယ်အရွယ်ပဲ ဖြစ်ဖြစ် ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ ဆိုတာလို ဖြစ်တတ်တာပဲ။ ဝိပသနာ လုပ်သင့်ပြီ။

    ReplyDelete
  5. Be careful of Midlife crisis, A Ma!

    http://en.wikipedia.org/wiki/Mid_life_crisis

    ReplyDelete
  6. "ဘိုက်ကြိးတာ မဟုတ်တာသေချာရင်တော့ သွေးဆုံးတာဘဲဖြစ်လိမ့်မယ်။"

    ဒါဆိုလဲ tampon ဖိုးမကုန် တော့ ရေခဲမုံ ဝယ်စားလို့ ရတာပေါ့ မမကွန်ရယ် ပြောစရာကြီး

    ReplyDelete
  7. ဒါကြောင့် မမဆီ အီးမေးပို့ရင် ချက်ချင်း သိတာကိုး...

    ReplyDelete
  8. သူများ အီးမေးလ် ပို့တော့ဖြင့် မပြန်ဘဲနဲ့၊ မုန်းစရာကြီးးး

    ReplyDelete
  9. English movies : http://www.watch-movies-online.tv/

    Korean, Japan and Chinese Movies : http://www.mysoju.com/

    ရုပ်ရှင်ကြည့်ပါလား မမ

း)

    ReplyDelete
  10. အားရပါးရ ပြုံးပြီး ဖတ်လိုက်တယ် အစ်မရေ..း)

    အတွေးလေးတွေလည်း ပါနေသေးရဲ့ ထင်တယ်..း)

    ချစ်ခင်စွာ..

    ReplyDelete
  11. သြော် မမက ဒီလိုကိုး၊
    မသိလိုပါဗျာ .မေးလ်တွေပို့ ရင
    မအားတာနဲ့ စိတ်အနှောက်အယှက်ဖြစ်မစိုးလို့ ပါနော်..။
    ကိုင်း .လာလေရော့ ဒီနေ့ မှစ တစ်နေကို အစောင် ၂၀ လောက်ပို့ ပေးမယ်ဗျို ... အဟေးဟေး

    ReplyDelete
  12. မမမှာ အနားယူချိန်နည်းနေတယ်။
    ဘာလုပ်ရမှန်းမသိသော် ကောင်းကောင်းအနားယူပြီး အိပ်ပါ။
    ဘုန်းကြီးစာချ၊ မိကျောင်းမင်းရေခင်းပြ၊ အဖေ့ထက်သားတစ်လကြီး၊ လုပ်ရတာ ပျော်ထှာ

    ReplyDelete
  13. ဟုတ်ကဲ့ မမ..
    နောက်နေ့က စ ပြီး မပျင်းရအောင် ပို့လိုက်မယ် အီးမေးလ်တွေ လာလေရော့................
း))))))))))

    ReplyDelete
  14. ဟုတ်တယ်.. တို့လည်း အဲလိုစဉ်းစားထားတယ်။ လာသမျှ ဖော်ဝပ်မေးတွေ မဖျက်ပဲ မမဆီပို့မယ်။

    ReplyDelete
  15. အင်း မမ ရေ
    ဘာပြောရမှန်းမသိတော့ဘူး အဟတ်
    အနော့မိန်းမ လည်း မမ လိုပဲ တိုင်းနေရတယ်
    လိုချင်မှ မရဘူးဖြစ်နေတယ်ရော

    ReplyDelete
  16. Moe Cho Thinn said...
    သူများ အီးမေးလ် ပို့တော့ဖြင့် မပြန်ဘဲနဲ့၊ မုန်းစရာကြီးးး

    (မချိုသင်းနဲ့ ပေါက်နဲ့များမှားပြောနေသလား...)

    TZA ကမင်္ဂလာပါမမကွန်တဲ့
    ကွန်မန့်ကဝင်တဲ့အီးမေးတွေလည်း အများကြီး
    ဖေ့စ်ဘွတ်ကဝင်တဲ့အီးမေးတွေလည်း အများကြီး
    CBOX ကဝင်တဲ့မေးတွေလည်းရှိသေးတယ်..

    ReplyDelete
  17. မမ...e-mail ပေး ပါ...ပေး လိုက် စမ်း ပါ :))

    ReplyDelete
  18. ဘုရားရေ
    ချစ်ကြည်အေးပြောသလိုပဲ ဒေါ်ဒေါ်ကွမ် အီးမေးလ်သာ ပေးလိုက်စမ်းဘာာာာာာာာာာာာာ
    ဝေနိုင်

    ReplyDelete
  19. ဒီလိုအချိန်မျိုး အကူးအပြောင်းမှာ စိတ်ကယောက်ကယက် ဖြစ်တတ်တယ်ဆိုသကိုး။ အန်တီကွန်က တော်ပါသေးတယ်။ ပူပင်စရာ သားရေးသမီးရေးမရှိပဲ။ သောကကင်းကင်းနဲ့ ဖြတ်သန်းလိုက်ပါလေ။ ဖိုရမ်တွေဝင်၊ ဖေ့ဘွတ်မှာသူငယ်ချင်းတွေနဲ့ ပိုရင်းနှီးအောင်နေ။
    ဖေ့ဘွတ်မှာ နာမည်ရင်းနဲ့အကောင့်သစ်ဖွင့်၊ တကယ့်အပြင်လောကက မိတ်ဆွေတွေနဲ့ ဆက်သွယ်။ ဗာကျူရယ် နစ်နိမ်းဘဝနဲ့ အကန့်ခွဲထားကြည့်ပေါ့။ ဖုန်းနံပါတ် သိတယ်မရား..။ မတ်စိပို့ပို့၊ ဖုန်းပဲ ဆက်ဆက် ဆက်လိုက်ဘာာာာာ။ သတင်းထူးသတင်းဆန်းလေးတွေ ရှိရင်လဲ မေလ်းပို့လိုက်မှာပေါ့.. လာလေရော့..။
    ဒါနဲ့ အီးမေလ်းပုံထဲက နာမည်တွေက နာမည်ကြီးတွေပဲနော်.. အဟတ်

    ReplyDelete
  20. မမရေ
    ဘာပြောရမှန်းကို မသိတော့ဘူး။
    ကလေးလိုချင်နေလို့ဖြစ်မယ်။
    ကလေးမြန်မြန်ရပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။
    မောင်နှံ နှစ်ယောက်ထဲက တယောက်ယောက်မှာ stress တွေရှိနေရင်လဲ ကလေးမရတတ်ဘူးတဲ့။
    အဲဒီတော့ မမတို့ ကိုမဆလာတို့ ဟန်းနီးမွန်းလေးဘာလေး ၁ လလောက် ထွက်ပါလား။ ကလေးရအောင်လို့။ :)
    ခင်မင်စွာဖြင့်
    ပူးတေ

    ReplyDelete
  21. (ဘုန်းကြီးစာချသလို များ ဖြစ်သွားသလား မသိ...)

    ကိုလူထွေးဆီမှ ကူယူဖော်ပြသည်။
    :D

    ReplyDelete
  22. So boring!
    Go the nearest market.
    Buy a completed colour pencils.
    Enjoy by painting.

    Go to the nearest shopping centre.
    Buy a good piano.
    Enjoy by playing music.
    If you don't understand, call the musician to learn and practice.

    Also you can write your blog.

    You have a lot of customer.
    Don't be fool by wasting your time.

    I'm so busy! I have no time to bore.

    ReplyDelete
  23. စားနိုင်သောက်နိုင်သေးတယ်ဆို သိပ်မပူရပါဘူး

    ReplyDelete
  24. မမရေ..

    အခြေအနေပေးရင် တရားစခန်းတစ်ပတ်လောက် ၀င်ကြည့်ပါလား။း)
    ပျင်းရင် Sing For You မှာ သီချင်းလာအော်လေ.
    မီးကတော့ ပျင်းရင် သီချင်းအော်နေလိုက်တယ်.း)
    သူများတွေလည်း အမြင်ကတ်နေရောပေါ့.သိသိကြီးနဲ့ လုပ်နေတာ. ဟိ.

    အစစ အရာရာ အဆင်ပြေပျော်ရွှင်ပါစေ မမရေ။

    ReplyDelete
  25. မာမီရယ် ကလေးလိုချင်လို့လား ကလေးမွေးရတဲ့ ဒွက်ခ မသေးဘူး ပြီးတော့ ပြုစုရသေးတယ် ဒီတော့ မီးကို မွေးစားလိုက်လေ ပြီးရင် ကျောင်းတွေ ဘာတွေ ထားပေးပေါ့ ဟုတ်ဘူးလား လို့ မာမီကလဲ ဟီးးးးးးးးးးး ပျင်းရင် မီးဆီအလည်လာပါ့လား လို့ ပြီးရင် သာမီးကို မုန့်ဖိုးတွေ ဘာတွေ ပေးပြီး ပြန်သွားပေါ့ သမီး ဆီလာရင်တော့ အနွေးထည်တွေ ယူခဲ့နော် ဟက်

    ReplyDelete