Saturday, January 30, 2010

sigh/ stingy/ Sin

မနက်မိုးလင်းတာနဲ့ အရင်ဆုံး kmsl ကို ဧည့်ခံပြီ်းပြီးတာနဲ့ အမြန်ဆုံး ကွန်ပြူတာ ခလုပ်ကိုပြေးဖွင့်တယ်။ ဖွင့်နေတုံးမှာ ပြုတင်းပေါက်တွေကို လိုက်ပိတ်တယ်။ ကာဖီခွက်ကို ဘေးချြ့ပီး စီပုံးဖတ်.ပြီး update လုပ်ရတယ်။ ထွက်လာသမျှ ဘလော့တွေ ကို နိုင်သလောက် လိုက်ပြီးအားပေးရသေးတယ်။ ထွက်တာများရင် ကိုယ်ရေချိုးတာ နောက်ကျရော. အဲဒီတော့တစ်ခါတစ်လေ ထွက်တာ များရင် ငြူစူချင်သေးတယ်။ ကိုယ်တော့ အလုပ်နောက်ကျပါပြီဆိုပြီး။

နောက်ကျပြီဆိုပြန်တော့ဘတ်စကားလွတ်တာပေါ့။ အဲဒီတော့ အငှားကား စီးရတဲ့ဆီကိုရောက်ကော. အဲသလိုဆိုရင် နှမျောမိပြန်ရော. စီးမိပေါင်းလဲများရောပေါ့။ အခုတစ်လောတော့ MRT အထိဘဲစီးနေတယ်။ အန်မတန်နီးတဲ့နေရာကို စီးလေတော့ မောင်းတဲ့ဆရာကလည်းပတ်မောင်းတယ်ထင်တာဘဲ။ ဒီနေ့ဘတ်စကားဂိတ်နားကလေးမှာ ဘတ်စကားလွတ်သွားတယ်။ အဲဒါနဲ့ taxi ဘဲ စီးလိုက်တော့မယ်ဆိုပြီးစီးတာ ဘတ်စကားနဲ့ အတူတူရောက်ပါတယ်။ မယုံနိုင်လောက်အောင်ဘဲ။ တစ်ကျပ်ပိုပေးရတာကို အကြောင်းမဟုတ်ပါဘူး ဘတ်စကားကပ်လွတ်သွားလို့ အငှားကားစီးတာ ဘတ်စကားနဲ့ အတူတူရောက်တယ်ဆိုတာကို စိတ်တိုတာ။

TV လိုင်စင်ပေးဘိုဲရှိတယ်။ စလုံး 110. . ဘာတွေနဲ့ပေးနိုင်သလဲဆိုတော့ AXS. /On line…/ Giro/ post office/ cheque နဲ့ 31/01/2010 မတိုင်ခင်ပေးရမယ်ဆိုလို့ ခက်နေတယ်။နောက်ကျရင် နောက်ကျကြေးတွေပေးရမယ်။ on line လဲဝင်ကြည့်တာမလုပ်တတ်ဘူး။ giro နဲ့လဲမလုပ်ဖြစ်ဘူး စာတိုက်လဲမရောကဘူး ချက်ဘုတ်လဲပျောက်နေတယ်။ AXS ဆိုလို့လိုက်ရှာလိုက်တာ SAM ဘဲတွေ့တယ်။ အဲဒီမှာ သွားရှာတာလဲမရဘူး ။ မရှိတာကိုသွားရှာတာကိုးနောက်ဆုံး. မှ ဘဏ်တစ်ခုနားမှာ သွားတွေ့တယ်။ သွားလုပ်တော့ ည ၁၂ နာရီကျော်နေလို့ထင်တယ် မရဘူးဖြစ်တယ်။

တယ်လီဖုန်းဘီ လဲဒီလအတော်ထိတယ် ။ဒီလတင်မဟုတ်ပါဘူး လတိုင်းပါဘဲ။ ကိုယ့်ဖုံးနစ်ခုက တစ်ခုက စလုံး ၁၃၀ ကျပ် နောက်တစ်ခုက စလုံး ၈၀။။ ဒါဘာမှ မပြောပါဘူးဆိုရင်လဲယုံမှာမဟုတ်ဘူး အကြောင်းအမျိုးမျှိုးနဲ့ကုန်ကျစရိတ်တွေပါ။

Kmsl တယ်လီဖုံးက သူပြောတာက စလုံး ၁၂၀. အင်တာနက်ဘိုးက စလုံး ၄၀။ အဲဒါ ဟိုတုံးကလုပ်ထားတာပါ။အခုဒီဈေးနဲ့ဆိုရင် ဒီထက်မြန်တာကို ရမယ်ဆိုတာကိုသိပေမဲ့ တစ်ခါ ပြောင်းရင့် ကွန်ပြူတာကို ပြန်ပြီး adjust လုပ်ရမဲ့ဒုက္ခ ကိုကြောက်လို့မလုပ်ဖြစ်ဘူး။ ကိုယ်ကလဲ ဘာမှ နားလည်တာမဟုတ်ဘူး။ သူကလဲစိတ်မဝင်စားဘူး။ အဲဒါနဲ့ဘဲ နားမလည်မှူကြောင့်ထိုက်သင့်တဲ့အကျိုးခံစားမှူမရဘူးဖြစ်နေတယ်။ အိမ်ဖုံးကလိုင်းကြေးက သုံးလစာထင်ရဲ့အဲဒါက စံလုံး ၂၅ ကျပ်။ ဒါတောင်ပြောတာမပါသေးဘူး အိမ်ဖုံးပြောတာက ပိစိကလေးဘဲရှိပါတယ် ပြောကိုမပြောဘူးနစ်ယောက်လုံး ဟန်းဖုံးနဲ့ချည်းဘဲချနေကြတာ။

ရေဘိုးမီးဘိုးက တစ်လကို စလုံး ၈၀.။ လေအေးစက်မပါ။

ပြန်တွက်ကြည့်လိုက်ဦးမယ်။

ဖုံးနစ်လုံး ၁၃၀+ ၈၀= ၂၁၅
Kmsl ဖုံး ၁၂၀+ အင်တာနက် ၄၀+ အိမ်ဖုံး ၂၅= ၁၈၅
ရေဘိုးမီးဘိုး= ၈၀
တီဗွီလိုင်စင် ၁၁၀
စုစုပေါင်း အကြမ်းဖျင်း စလုံး ၆၀၀ နီးပါး ရှိပါတယ်။ မွေးမေလေ့
ဒါတောင် ရန်ကုန်ကို ကဒ်ပြားနဲ့ခေါ်တာ တွေမပါင်းမိသေးပါဘူး။

အခွန်ဆောင်တာ စလုံး နစ်ထောင်ကျော်သွားပါတယ်။ ကိုယ့်အပြစ်တွေလည်းပါသပေါ့။ အဲဒါနဲ့ဘဲ ဒီလ အတော်ကြပ်။ဒီထက်ကြပ်တာတွေရှိပါသေးတယ် မပြောလိုတော့ပါဘူး။

ဒီညအိမ်ပြန်တာအတော်နောက်ျကတယ်။ အားလုံးနောက်ုံဆုံးချည်းဘဲထင်ရဲ့ အဲဒီတော့ တစ်ချိန်လုံးသုတ်သုတ်. အမ်အာတီထဲကထွက်တော့ သန့်ရှင်းရေးလုပ်နေပြိ။ီ last bus ဆိုတာကိုစီးတယ်။ အဲဒီဘတ်စ်ကိုထိုင်စောင်ဲရင်းနဲ့ရင်ခုန်မိသေးတယ် သူမလာခဲ့ရင် ဘာလုပ်ရမလဲဆိုပြီး. သူမလာရင်လား။ လမ်းကို လျောက်ပ လိုက်မယ်လို့စိတ်ကူးတယ်။ အဲဒီလောက်ကို အခု ကပ်စေးနည်း နေပါတယ်။ မုန့်ကျွေးခိုင်းမလို့လား. ဟင့်အင်း ဆောရီးဘဲ။

30 comments:

  1. universal truth
    သေငှေးများငွေတယ်ကြပ်သကိုး။

    (ဟီးဟီး)

    ReplyDelete
  2. ဘလော့ဖတ်လို့ အလုပ်နောက်ကျပြီး တက်စီ စီးရတဲ့ ငွေဖိုး မပါသေးဘူးလေ.. ထည့်လိုက်ပါအုံး။

    Universal truth
    သေငှေးများငွေကြပ်ကြောင်း တယ်ညည်းသကိုး။

    ReplyDelete
  3. ကျားကြီးခြေရာကြီးတဲ့ မာမီရေ ဟိဟိ

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. မမkom မုန့်မကျွေးခိုင်းပါဘူး။ စင်ကာပူလာရင် မုန့်လိုက်ကျွေးချင်လို့ ပါ။ မမန့် တာ ကြာလို့  အပေါ်ကဟာမှား တွားတာ ဖျက်လိုက်ရတယ် ဆောတီးနော်

    ReplyDelete
  6. အင်း...ဒါတောင်သားသားမီးမီးဘိုးမပါလို့နော်.
    အဲ့ဒါကြောင့် စလုံးကိုတော့ ကြောက်ကြောက်

    ReplyDelete
  7. ဒို့ဂျီးတော်လဲ..ခိုအကောင်တသိန်းမွေးထားပါပေါ့လား

    ReplyDelete
  8. မမရေ...သေဋ္ဌေးတွေ ငွေကြပ်တာ သိပါတယ်ဗျာ...ပိုက်ဆံလာမချေးပါဘူးဗျ...ဖုန်းဘိုးများလွန်းတယ် လျော့ပါ....

    ReplyDelete
  9. Don't take taxi.
    You have to buy a good car to go office or somewhere.
    Taxi charge is a bit expense in Singapore.
    Here in Jebel Ali, Dubai, UAE USD 60 for a short trip about 5 km.

    Used money for going a shore per time
    Taxi US$ 70
    Lunch US$ 30
    Others US$ 100
    Minimum US$ 200


    BINO

    ReplyDelete
  10. ကျပ် တည်း တာချင်း တော့ အတူတူ ဘဲ မမကွန် ....
    ဘလော့ ဂ် အဖတ် လွန်လို့ မနက် ခလေး ကျောင်းရှိတာ အိပ်ရာထ နောက်ကျပြီး ကျောင်း ကား
    လွတ်လို့ တက်စီ ငှားစီးရတာ တခါ အားလုံး
    ငွေ အစိတ် လောက် ကုန်သွားဖူးတာမို့ နောက် မလုပ် ရဲ တော့ဘူး .... မမ က ခလေး မရှိ တော့ ဒီလိုမျိုး ကုန် စရာ မရှိသေး လို့ တော်သေးတယ်နော် ... အင်း ... နိုင်ငံရပ်ခြားမှာ ဒေါ်လာရပြီး
    ဗမာငွေနဲ့ သုံးလို့ များ ရရင် သိပ်ကောင်းမှာ နော် ... ဗမာပြည်က ဆွေမျိုးတွေကတော့ ဒေါ်လာရတာဘဲ မြင်တယ် .... ရတဲ့ ဒေါ်လာ ကို ဗမာငွေနဲ့တွက်ပြီး ဒေါ်လာ နဲ့ အသုံးစားရိတ် ကုန်တာတော့ မသိဘူ..... မမ စာထဲမှာ အခွန်ဆောင်ရတယ် ဆိုတာ ဘာအတွက် အခွန်ကို ဆိုလိုတာလဲ မသိလို့ပါ ...အော် ဒါနဲ့ မမကွန် အခု စာလုံးပေါင်းတွေ တော်တော်လေး မှန်လာတာ သတိထား မိပါတယ် ...
    စင်ကာပူ နဲ့ ဒီ နဲ့ ကုန်ကျတာတွေ သိပ် မကွာလှပါဘူး
    တူတူ လောက်ပါဘဲ ..ရတာရော ကုန်တာ ရော ဒေါ်လာချင်း တော့ အတူတူဘဲ စင်ကာပူ ငွေ နဲ့ ဒီကငွေ နဲ့ ဘဲ ကွာတာပါ ... စင်ကာပူ ကို ရောက်ခဲ့ဖူးတာမို့ ရာသီဥတု တအားပူ တာကြီးက လွဲရင် ကျန်တာ ကြိုက်တယ် မမကွန် .......

    mie nge

    ReplyDelete
  11. ဖုန်းဖိုးများလိုက်တာ မမရယ်။ ယူထားတဲ့ plan ကိုက ဈေးကြီးနေတာလား၊
    အနော့်သူငယ်ချင်းနှစ်ယောက်ဆို ကဒ်ဖုန်းပဲသုံးတယ်။ ဘာလို့ လိုင်းဖုန်းမသုံးလဲ ဆိုတော့ ဘာလို့ လိုင်းဖုန်းသုံးရမှာလဲတဲ့။ 128 တစ်ကဒ်ကို တော်တော်သုံးရတယ်တဲ့။

    ReplyDelete
  12. မမ ငှေးမှန်းသိပါတယ်။ မညည်းပါနဲ့။

    ReplyDelete
  13. ငှေးလိုက်တာနော်။

    ReplyDelete
  14. အင်းး


    နေဖို့ စဉ်းစားကာမှပဲ...

    ReplyDelete
  15. “ မနက်မိုးလင်းတာနဲ့ အရင်ဆုံး kmsl ကို
    ဧည့်ခံပြီး ပြီးတာနဲ့ .“
    တော်တော်ရယ်ချင်တယ် ..ဧည့်ခံတယ်တဲ့လားမမရယ်။

    ReplyDelete
  16. ဒန်တန့်တန့်...
    ဖုန်းဖိုးတွေ...
    ဖုန်းဖိုးတွေ....

    ReplyDelete
  17. ဖုံးနစ်လုံး ၁၃၀+ ၈၀= ၂၁၅ တဲ့
    ၅ကျပ်ပိုနေတယ်..
    ကို kmsl မမစာရင်းတွေပိုပြနေပါတယ်..
    ဘာမှလာမပြောပါနဲ့မမ
    ဂဏန်းမြင်ရင် ပေါင်းစားတတ် အဲလေ လိုက်ပေါင်းတတ်တာ အကျင့်ပါနေပြီ.. :P

    ReplyDelete
  18. ၁။ kmsl တော်တော်အေးတာပဲ
    ၂။ ဖုန်းဘေလ်တွက်တာ မမျှတပါ။ အိမ်ဖုန်းကို ယောကျာ်းစာရင်းထဲ ထည့်ထားသည်။
    ၃။ ♫ မိန်းမယူခါနီးရင် ♪ စဉ်းစားဖို့လိုမယ် ♫♪♪

    ReplyDelete
  19. “သေငှေးများငွေတယ်ကြပ်သကိုး။”
    :)

    ReplyDelete
  20. သများနာမည်ကို ဘာမပြောညာမပြောနဲ့ ဘာလို့ယူသုံးထားတာလဲ ..
    ကော်ပီနဲ့ ရိုက်လိုက်ရ.....

    ReplyDelete
  21. အတွေ့အကြုံလေးတွေ ဝေဌပေးနေတဲ့ သေငှေးမကြီး မမကေအိုအမ် ဒီထက်ပိုပြီး ငှေးနိုင်ပါစေ...။
    ဌင်း...ဌင်း.... ဌင်း....

    ReplyDelete
  22. သေငှေးလည်း ငွေကြပ်တာပဲ။ သေငှေးမဟုတ်လဲ ငွေကြပ်တာပဲ ။ စင်ကျားပူရကိုး။ ဒီလောက်တော့ ရှိမှာပေါ့။ :D

    ReplyDelete
  23. မမ မုန့်ဝယ်ကြွေး..
    ခင်မင်စွာဖြင့်။

    ReplyDelete
  24. မုန့်ဝယ်မကျွေး ခိုင်းပါဘူး မမရေ... ဘယ်သူတွေနဲ့ ဖုန်းပြောတာလဲ... လျှော့လျှော့လျှော့ ပါလေ

    ReplyDelete
  25. ကျနော်နဲ့ ပြောတာ မဟုတ်ဘူး..မမီယာ..
    ကျနော့်ကြောင့်..မဟုတ်ဘူး..။။
    ကျနော့်ကြောင့် မဟုတ်ရပါဘူး...။။
    အဟီးး

    ReplyDelete
  26. မမ ၀ယ်မကျွေးဘူးဆိုလဲ ရပါတယ်။ လခထုတ်ရက်မှာ ဇွန်ဝယ်ကျွေးမယ်လေ (ပိုက်ပိုက်လေးနေ့မြင်ညပျောက်မဖြစ်ခင်ပေါ့)။ :D

    ReplyDelete
  27. :)) သိပ်မညည်းနဲ့လေ။ ပိုက်ဆံချေးမလို့ဆိုကာမှ

    ReplyDelete
  28. TV လိုင်စင်က ၁၁၀လား... တလ ၁၀ လား မမ...
    တနှစ်လုံးမှ ၁၂၀ လေ... ဟုတ်ဖူးလား
    (ကိုကြီးကတော့ အဲလိုပြောတာပဲ...)

    ဟီဟိ... နေ့ခင်းကြောင်တောင်မှာ လာရစ်သွားသည်...

    ReplyDelete
  29. သို့
    မမကွမ်

    အဲ့တာကြောင့် ပိုက်ဆံတွေအပုံလိုက်ရှိတဲ့ စီးပွားရေးသမ
    ဖြစ်ချင်တာပေါ့
    လူ့ဘဝရဲ့ ဘေလ်တွေဆောင်ရမယ်လေ
    အဲ့တာပြောတာပဲ
    အဲ့သဟာကြောင့်လဲ ကောလိပ်ကိုသွားချင်တာသာပ
    မမရီတာပြောသလို နောင်လာမယ့် ဘီလ် အလောင်းအလျာများ ကိုယ့်ကို မျက်စိမှောက်ဝင်တိုက်မလားရယ်လို့ပေါ့ကွယ်
    ကောလိပ်သွားတာ စာသင်ဖို့မဟုတ်ပါ (လင်ကောင်းသားကောင်းရဖို့တဲ့)
    မိန်းကလေးဆိုတာ သေစာရှင်စာတတ်တော်ရောပေါ့တဲ့
    အမေပြောတာ

    မှ

    ရိုစီ

    ReplyDelete
  30. တရားနဲ့ ဖြေပါ မမ

    ReplyDelete