Monday, February 8, 2010

Bugis

ဒီနေ့မြို့ထဲသွားတယ်။ မရောက်တာလဲကြာပြီ။ စင်္ကာပူနေတယ်သာဆိုတယ်.. ဘယ်မှ ရောက်တာ မဟုတ်ဘူး.။ အိမ်နဲ့ အလုပ်နဲ့ အလုပ်နဲ့အိမ်နဲ့ဘဲသွားပါတယ်။ ပြီးခဲ့တဲ့အပါတ်က အလုပ်များတယ်။ မအိပ်လဲ မအိပ်ဘူး ။ အိပ်ချိန်နည်းတယ် ။ ကြာရင်တော့လည်းမဖြစ်ဘူး ။ ပြုပြင်မှဖြစ်မယ်။ ပြုပြင်မှသာ ဆိုတာ နာရီကြည့် လိုက်တော့ ညသန်းကောင်ဖြစ်နေပြီ။ နဲနဲဘဲ အိပ်လိုက်ရင် အိပ်ရေးဝ သလိုဖြစ်ဖြစ် သွားတယ်။ aging process ဘဲထင်ရဲ့။ လုပ်ချင်တာတွေက များပြီး အချိန်က မလောက်နိုင်တာလဲပါတယ်။

ပန်နိစူလာရိုးလာတာနဲ့ဘူဂစ်ဘက်ဲချီတက်သွားတယ်။ ရထား တစ်မှတ်တိုင်ဘဲ ပိုစီးရ တာ ပါ။ သိတ်ဝေးဝေး လည်း မသွားနိုင်ဘူး။ မောတယ်။ နီးနီးနားနားဘဲ။ ရှော့ပင်းသွားတယ်ခေါ်တာပေါ့။ ဟိုဝင်ဒီထွက်။ လက်တော့ မသုတ်ပါဘူး ။ အားနာတယ်။ ကိုယ့်အခြေအနေ ကိုယ်သိတယ်။ ဝယ်မှာမှ မဟုတ်ဘဲ ။ ဘာလို့လက်သုတ်မလဲ။ အဲဒတော့ ကြည့်ရုံဘဲပေါ့။ သိတ်သဘောကျရင်တော့ နဲနဲကိုင်ကြည့်လိုက်တယ။် မထရိုင်ပါဘူး။



ဒီနေ့ အတော်စည်တယ်။ ဒီနေ့ဘဲစည်သလား။ နေ့တိုင်းဘဲစည်သလားတော့မပြောနိုင်ပါ။ လူတွေက တော့ ဝက်ဝက်ကွဲဘဲ။ လူငယ်များပါတယ်။ အဲဒီရပ်ကွက်က..














အဲဒီမှာ ရှော့ပင်မော် ထဲမှာ ကိုယ်အတော်ကြာသေးတယ။် ဖိနပ်တွေကြည့်။ ဝယ်ချင်သော်ငြား အိမ်က ဘုံးထဲမှာ ထည့် ထားတဲ့ဖိနပ်များစွာ မျက်နာ ကိုမြင်ယောင်ပြီးပြန်ချခဲ့ရ။

ပိုက်ဆံအိတ်တွေက အခုတစ်လောဈေးကြီးနေတယ် မချသေးဘူး။ အမှန်တော့ သူလဲ မလိုသေးဘူး ။ ကိုယ့်အစ်မက သူ့မှာ ပိုက်ဆံအိတ် ၁၅အိတ်ဖြစ်နေပြီး မဝယ်လာပါနဲ့ဦး လို့ တောင်း ပန်ထားတယ်။ အသာလေးပြန်ချ။ ဈေးလဲကြီးတယ်။ အပေါ်ထပ်တော့ မတက်ခဲ့တော့ဘူး ဈေးကြီးမှာဘဲလေ တစ်ထည် သု့းံဆယ်တော့ အသာလေးရှိမှာဘဲ ခြေညောင်းရုံဘဲ။














အဲဒါနဲ့လမ်းမပေါ်အပြင်ထွက်သွားတယ။် အဲဒီမှာလဲ စကော့ ဈေး လိုမျိုး အပြင်ဘက်တန်းဈေးရှိသေးတယ်လေ။
ကောင်းကင်မှ နေအတော်လင်းပါသေးတယ် ဘာဖြစ်လို့ကိုယ့်ဓါတ်ပုံက မှောင် သွားရတာလဲမသိ။

အဝင်မှာ မြင်မြင်ချင်သဘောကျတာတော့အုန်းစိမ်းရည်ဘဲ အလုံးကလေးတွေ ကိုချက်ချင်းခွဲ ချက်ခြင်းဖောက်သောက် လက်မလည်ဘူး။ ရောင်းရတာ ကိုယ် ဘာလို့ မသောက်ခဲ့ မိပါလိမ့်။

ဟောဗျာ။
ကိုယ်စလုံး ခြောက်ကျပ် နဲ့မနည်းရှားရှားပါးပါး ဝယ်ခဲ့ရတာ ဒီမှာ သုံးအိတ်တစ်ဆယ်ဖြစ်နေတယ။ (အိတ်တလုံးစလုံးသုံးကျပ်ကေ်ျာဘဲ)် အိတ်တွေမှာများလိုက်တာ ကြိုက်တာ ရွေးပါလိ့မ်။ ဒါပေမဲို့ ကိုယ်ကလည်းဝယ်ပြီးတာ ဆယ်အိတ်လောက်ဖြစ်နေပြီ။ ထပ်ဝယ်လို့ မဖြစ်ချေတော့ဘူး ။ ငေးမော သဘောကျရု့ဘဲ။











ဒီပုံလား........
ဘာလဲလို့လာမမေးပါနဲ့။ တိုးရစ်တစ်ယောက်သေချာ ရိုက်နေလို့ ဝင်ရိုက်လာ တာ. လှေခါးတွေကိုသဘောကျတယ်ထင်တာဘဲ ထင်တာပါ။ မှားနိုင်တယ်။


















တရုတ်နစ်ကူးနီးလာလို့ထင်တယ်။ လိမ်မော်သီးတွေသိတ်လှတယ်။ ဘေးနားက ဒီဆိုင်ကိုတွေ့တော့ ဒီလိုဟိုလိုတွေ စဉ်းစား လိုက်မိ သေးတယ်။ ဒူးရင်းသီးကြီးတွေလည်းကောင်းတာဘဲ။ စားချင်စရာ။ မစားခဲ့မိပြန်ဘူး။














ဟော။..................
ကိုယ့်အကြိုက်အိတ်ဆိုင်တွေ့ပြီ။
ဝယ်ချင်မိသေး။ မဖြစ်သေးပါဘူးပြန်ချ။











အကျီတွေဘက်လည်းရောက်သေးတယ်။ လူငယ်ဝတ်တွေများတယ် ။ကိုယ်ဝင် ဝတ်လည်း ရပါတယ်။ ကိုယ့်မှာ အ၈ျီတွေများနေတာနဲ့ ယုံချင်ယုံ မယုံချင်နေ။


















့်နာရီ ဆိုင်တွေလည်းဝင်ကြည့်ဖြစ်ခဲ့သေးတယ်။ဒီတစ်ခါတော့သိတ်မဝယ်ချင်တော့ဘူး။














နောက်ဆုံးတော့ဘာဂါဘဲစားပါတယ်။ ကိုကာကိုလာကုန်နေတယ်တဲ့ (ကြားဘူးလား) အဲဒါနဲ့ဘာလီရည်နဲ့ တွဲသောက်ခဲ့ရတယ်။ ကိုယ်က ကိုကာကိုလာနဲ့မှ ပိုကြို့်တယ် စူးသွားတဲ့အရသာမှာ ပေါင်မုန့်ကို ဝါးလိုက်ရတာဟာအရသာဘဲ အခုတော့ကာရန်မဲ့နေတယ်။ အရက်သမားများလိုပေါ့ အရက်ကလေး တစ်ကြို့က် ပေါင်မုန့်လေးတကိုက်လုပ်ချင်တာ .......တောက်။







အပြန်ကတော့မှောင်နေပြီပေါ့ definitely

















သုနင်းဆီအတွက် နင်းဆီ
















ဘူးဂစ်စ်ရေ..ကိုယ်ပြန်ပြီ။




24 comments:

  1. ဘယ်မှ မသွားဘူး။ မယုံပါ။
    ဈေးဝယ်သွားတဲ့ အကြောင်း ပို့ စ်တွေ ရှေ့ မှာ ပြည့်လို့ ။
    ရှားရှားပါးပါး ရှေ့ ဆုံးမှာ နေရာရတယ်။ သူများတွေ အိပ်ကုန်ပြီ ထင်ပါ့။

    ReplyDelete
  2. ဟုတ်တယ် မမ ရဲ့  .. အစား တွေ က သူ့ဟာနဲ့ သူ မှ စားရတာ ပို စားကောင်းတာမျိုး .. ဘာဂါ ဆိုတာမျိုးက
    ပက်စီ တို့ ကုတ် တို့ သောက်ပြီ့း  မှ စားလို့ ကောင်းသလို လက်ဖက်သုတ် ဆို တာမျိုးကလည်း ရေနွေးကြမ်း လေးနဲ့မှ လိုက်သလိုပေါ့ ...

    mie nge

    ReplyDelete
  3. မအိပ်သေးပါဘူး..ဖတ်နေတုန်းရှိသေးတယ်။ အီးအီးခေ ပထမမန့်လိုက်တော့ ဒုတိယပေါ့လေ။ကျေနပ်ပါတယ်။ အဲလိုလေး လွတ်လွတ် လပ်လပ် လည်ချင်လိုက်တာ..

    ReplyDelete
  4. ဟိုက်...
    ရက်စက်လိုက်တာ MieMie...

    ReplyDelete
  5. ဘုရား
    ခုမှတင်တာထင်တယ်

    ReplyDelete
  6. တီကွန်....နောက်တစ်ခေါက်သွားရင်
    Top Man က skinny jean တစ်ထည်လောက်ဆွဲခဲ့ပါဗျး)

    ReplyDelete
  7. ဒူးရင်းသီးတော့လွမ်းတယ်..ဂျီးတော်ရေ့

    ReplyDelete
  8. အိတ်တွေ လိုချင်စရာပဲ

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. စင်ကာပူသွား တောလားဆိုပြီး ပင်စင်ယူရင် စာအုပ်ထုတ်ပါလား

    ReplyDelete
  11. ဒါမျိုးကျ အားတယ်။ မုန်းစရာကြီးးး
    (ဒါ နှစ်ယောက်တည်းသာ သိတဲ့စကား)

    ReplyDelete
  12. ဒီမှာ ဒီမှာ...
    ရှော့ပင်ထွက်တာကလွဲပြီး တစ်ခြား ရေးစရာ မရှိတော့ဘူးလား။ ပြောင်းရေးဦး..။
    တစ်ခါလာ မဲပြာ ထမီ ဖြစ်နေတယ်။ ဘရိုကိတ်လေး ဘာလေး ပြောင်းဝတ်ဦး။
    လေတယ်။

    ReplyDelete
  13. မမရေ... Raffles City က basement မှာ ပုဝါနှစ်ထည် တစ်ဆယ်တဲ့။ အဆင်လေးတွေ လှမှလှ။ ညီမနဲ့သူငယ်ချင်းနှစ်ယောက်ပေါင်းပြီး တစ်ဆယ်ဖိုးဝယ်ခဲ့တယ်။ မမက ပုဝါကြိုက်တယ်ဆိုလို့ သတင်းပေးတာ။

    ReplyDelete
  14. အခုတော့ကာရန်မဲ့နေတယ်။ အရက်သမားများလိုပေါ့ အရက်ကလေး တစ်ကြို့က် ပေါင်မုန့်လေးတကိုက်လုပ်ချင်တာ .......တောက်။

    မကြီး စကားပြောတာကြည့်ပြောပါ ပတ်ဝန်းကျင် ထိခိုက်တယ် ဟွန်းးးးးးးးးးးးးးးး
    ကိုယ့်ဖာသာအေးဆေး မော့ပါတယ် ခုတော့ သူ့ ပြောစရာကိုဖြစ်လို့ ဟဟ

    ReplyDelete
  15. ခေါင်းစဉ်တော့ မတပ်တော့ဘူး
    (တေဇသူရ)

    သူငယ်ချင်းရေ
    ဒီအချိန်မှာ နောက်တန်းစစ်စခန်းမှာ
    ရှိနေတာဘဲ ကောင်းပါတယ်ကွာ၊
    ရှေ့တန်းမှာ တိုက်ပွဲတွေက
    ပြင်းထန်ကြမ်းတမ်းနေတော့
    နောက်တန်းစစ်စခန်းကဘဲ
    သက်လုံစိတ်ချရတဲ့အချိန်မို့။

    သူငယ်ချင်းရေ
    ရှေ့တန်းတိုက်ပွဲပြီးမှဘဲ
    ကျဆုံးအလောင်း သွားရေတော့မယ်၊
    ရန်သူအလောင်း ဘယ်နှစ်လောင်း
    မိမိဘက်က ဘယ်နှစ်လောင်း၊
    ရှေ့တည့်တည့်က ရန်သူ့ကျည်နဲ့
    ဘယ်နှစ်လောင်း
    နောက်တည့်တည့်က မိမိကျည်နဲ့
    ဘယ်နှစ်လောင်းပေါ့။

    အမေရိကန်အစိုးရကလည်း
    ဒေါ်လာ ၃၆ သန်းကျော် ချကျွေးတော့မယ်ဆိုတော့
    မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းသူလို့
    မိမိကိုယ်မိမိ ခေါင်းဆောင်အမည်ခံသူတွေက၊
    ငွေလုပွဲမှာ အနိုင်ရဖို့
    ကြိုးဝိုင်းထဲကို အလုအယက်တိုးနေကြပြီ၊
    ဒါပေမဲ့ သူတို့မသိတာက
    ကြိုးဝိုင်းလား ကြိုးစင်လားဆိုတာပါ။

    သူငယ်ချင်းရေ
    မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးကလည်း
    အရမ်းကို ကြမ်းနေရမ်းနေတော့
    ဘုန်းမနိပ့်အောင် ဝေဟင်မှာလွင့်နေတဲ့
    ထမိန်တွေ မအုပ်မိအောင်လည်း
    ဂရုစိုက်နေရသေး။

    ဝေဟင်မှာထမိန်တွေကလည်း
    ရင်ဘောင်တန်းတယ်ဆိုပြီး ပေါမှပေါ လွင့်မှလွင့်
    ထမိန်အလံတွေကလည်း ထူချင်နေကြပေါ့၊
    ခေါင်းဆောင်အရေခြုံပြီး လုပ်စားတွေကလည်း
    ထမိန်အုပ်ခံ ထမိန်အောက်
    စကတ်အုပ်ခံ စကတ်အောက်
    ရောက်သွားတာလည်း မနည်းတော့ဘူး။

    သူငယ်ချင်းရေ
    မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးမှာ
    လူအင်အားသာမရှိတာ
    အဖွဲ့အစည်းတွေကတော့ အမည်အမျိုးမျိုးနဲ့
    စိတ်ကူးထဲရှိရာ အမည်တခုခုတာပြောလိုက်
    အဲ့ဒီအဖွဲ့အစည်းက အဲဒီလူအဲဒီသူတွေနဲ့ဘဲ
    ဖွဲ့စည်းပြီးသွားပြီ သူငယ်ချင်း။

    သူငယ်ချင်းရေ
    မြန်မာပြည်ဒီမိုကရေစီ ရမရတော့မသိဘူး
    မြန်မာပြည်အနှံ့ အလွှာပေါင်းစုံကလူတွေ
    သေလို့မကုန်ဘဲ ထွက်လို့ကုန်ပြီ
    တချို့လည်းခေါင်းချရမယ့် အရွယ်ကိုရောက်နေပြီး
    အကြောင်းအမျိုးမျိုးပြပြီး ထွက်လာနေတုန်းဘဲ။

    တခါတခါ နအဖစစ်တပ်က ရှေ့တန်းမထွက်ရသေးဘူး
    မြန်မာပြည်တွင်းရှိ မြို့ပြနှင့်ရွာကလူတွေက
    အထုပ်အပိုးတွေသယ်ပြီး မိသားစုလိုက်၊
    စစ်သားထက်ခြေလှမ်းပိုသွက် တောင်တွေကိုကျော်ပြီး
    နယ်စပ်ဒုက္ခသည်စခန်းတွေဆီ ရောက်နေကြပြီ
    တချို့ကလည်းမြန်မာပြည်တွင်း နိုင်ငံရေးအုံကြွမှု
    နိုင်ငံရေးလှုပ်ရှားမှုတွေကို စောင့်နေကြတယ်
    ရောင်တော်ပြန်နဲ့ပုံမှားရိုက်ပြီး အပြင်ထွက်ဖို့။

    ReplyDelete
  16. Topic လေးပြောင်းပါအုံး၊အိမ်ကလက်နှီးစုတ်တ၀က်
် ၀င် နေတယ့်မုန့်ဟင်းခါးဟင်းရည်ပုဂံပုံဓါတ်ပုံတွေ၊ယင်ကောင်
    တွေကျနေတယ့်လဖက်သုတ်ပုဂံပုံမျိုးတွေလုပ်ပါအုံးဗျို့

    ReplyDelete
  17. အရက်နဲ့ ပေါင်မုန့်ကိုက်ပြီး မြည်း တယ်လို့ ဘယ်သူကများ ပြောပါလိမ့်

    ReplyDelete
  18. နဲနဲဘဲ အိပ်လိုက်ရင် အိပ်ရေးဝ သလိုဖြစ်ဖြစ် သွားတယ်။
    aging process ဘဲထင်ရဲ့။

    That's right.

    For eliminating;
    minus(-) from your age anniversary of your birth day.

    လုပ်ချင်တာတွေက များပြီး အချိန်က မလောက်နိုင်တာလဲပါတယ်။
    Better don't do for unnecessary things.
    But not including blog writing that you love.

    BINO

    ReplyDelete
  19. အဂျီတွေ သိပ်များနေလားဟင် . ဒီမှာတော့ဈေးကြီး လို့  ၀ယ်နိုင်ဘူးတော့

    ReplyDelete
  20. အမရေ
    အဲဒီ ပိုက်ဆံအိတ်လေးတွေစလုံးသုံးကျပ်ဆိုတန်တာပေါ့
    သမီးတို့ ဆီမှာ တလုံးကိုတစ်သောင်းခွဲရှိတယ်
    ကိုရီးယားပိုက်ဆံတစ်သောင်းခွဲဆို
    မြန်မာပိုက်ဆံတစ်သောင်းသုံးထောင်ပေါ့
    တန်လိုက်တာနော် မှာတောင်မှာချင်သေးတယ်
    ဒီမှာလဲ အိတ်တွေအရမ်းလှတယ်
    ပြန်ခါနီးအိတ်ကောင်းကောင်းလေးတစ်လုံးဝယ်မယ်ဆိုပြီး
    လူးဝစ် ဗစ်တန်လေးသွားကြည့် တာ ဆယ့်ငါးသိန်းတဲ့းဝ)
    နောက်ဆုံးတော့ တစ်သောင်းတန်လေးပဲ……ဟင်းးးးးး

    ReplyDelete
  21. ဘောဒါကြီး ခင်ဦးမေ
    ဒီလောကကြီး မှာ အရေးအကြီးဆုံးက ဘာမှအရေးမကြီးတာတွေကို အရေးကြီးတယ်လိုထင်ပြီး အရေးတကြီး မလုပ်မိဘို့ပါဘဲ။

    ReplyDelete
  22. အရက်ကလေး တကြိုက်၊ ပေါင်မုန့်လေး တကိုက်တဲ့။ သူလုပ်တော့မှ ကိုကြီးကျော်ပါ သိပ်ခါကျတော့မယ်။

    ReplyDelete
  23. ဓာတ်ပုံကို အလင်းဘက်ကို ရိုက်ရင် တစ်ခါတစ်လေ မှောင်သွားတတ်တယ်။ :) Flash သုံးရင်တော့ ရတယ်..

    ReplyDelete