Friday, February 5, 2010

pauk


ပေါက်ကြိုက်သလိုကိုယ်လဲကြိုက်ပါတယ်။ လုံချည် (ထမိန် လို့ပြောရတာ ပိုပြီး အားရပါးရရှိလှတယ်။ ) ငယ်ငယ်တုံး ကနဲ့ စပြောရရင် လုံချည်နစ်ထည်ဘဲရှိတယ်လို့ ဘာဖြစ်လို့လဲ ဆို တော့ အဲဒါဘဲ ဝတ်စရာရှိလို့ပါ။ ကျောင်းစိမ်းကလေးတစ်ထည် နောက် တစ် ထည်။ ခလေးဆိုတော့စကဒ်နဲနဲရှိတယ်။

နောက်ပိုင်းတော့အတော်လေးရှိလာတာများ အတော်လေးကို ရှိပါတယ်။ ကိုယ့်အမျိုးဆီ ကနေ ရတာကိုမနည်းပါဘူး။ သူတစ်ခါ ဝတ်ပြီးသွားရင်ကို ကိုယ်ယူလို့ရပါတယ်။ ဒါပေမဲ့လဲဘာဖြစ်သလဲမသိ. ကိုယ်ဟာ ရိုးကို ရိုးလွန်းတယ်။ သူ့ဆီက ယူရင်လဲရိုးသားပေ့ဆိုတဲ့အဆင်တွေ ကိုဘဲယူတယ်။ စကဒ်ထမိန်ဆိုတာများ တစ်ထည်မှ မရှိသလို ဝတ်ကြည့်ရင်လဲလည်နေလို့ အဆင်မပြေဘူး။ ဒေါက်ပါတဲ့ထမိန်တောင် မဝတ်တတ်ပါဘူး ။ ဒီအတိုင်းဘဲ ဝတ်တယ်။ အခုထက်ထိလဲက်ုယ့်ဘာသာ မဝယ်တတ်သေးပါဘူး အစ်မလတ်က ဝယ်ပြီးချုပ်ပြီးသားကိုပေးတယ်။ နစ်ကိုက်လားအဲဒီလိုထမိန်ကို အောက်နားတော့ဖြတ်ရတယ် ကိုယ်က ပုတာကိုး။

အိမ်ထောင်ကျပြန်တော့သဘော်င်္သားယူမိပြန်တော့ အဲဒီအပြင် အဲဒီသဘော်သားက ကိုယ့်အတွက်ဆို မနမျော တတ်ပါဘူး။ ဝယ်လာရင် ပါတိတ်ကို ဆယ်ထည်စီးဝယ်လာပြီးပေးတယ်။ ဝတ်လိုက်ရတာ လုပ်ဖော်ကိုင်ဖတ် တစ်ချို့ကတောင် အမြင်မကြည်ဘူး ။ငတို့ကသင်္ဘောသားယူမှ ဒါးကြီးဝတ်နိုင်တာ မဟုတ်ဘူး အစောကြီးကတထည်းကဝတ်နိုင်တယ်တွေ ဘာတွေညာတွေ ဖြစ်ကုန်တယ်။

အဲဒီမှ ထမိန်ကိုကြိုက်တာ မှ စလုံးလာတော့လဲထမိန်ယူလာတာပါဘဲ အခုအိမ်နေရင်းလဲထမိန်ဘဲဝတ်ပါတယ်။ ဟိုနားဒီနား ထသွားရင်တောင် ထမိန်နဲ့ဘဲဆင်းသွားတဲ့အဒေါ်ကြီးပါ။

အခုနောက်ပိုင်းတော့ပါတိတ်တွေဝယ်ပေးမဲ့လဲကိုယ်မဝတ်ဖြစ်ပါဘူး အမျိုးတွေ ကိုဘဲပေးလိုကတော့တယ်။ ကိုယ်က အစကတည်းက တရုတ်ပိတ်ကြိုက်ပါတယ် ကိုယ့်အဖွားနဲ့ဆင်ပါတယ်။ သူဝယ်တဲ့အဆင်ုနပ်နုပ် အရောင်မှိုင်းမှိုင်းကိုဘဲဝတ်ပါတယ်။ ရန်ကုန်က အမျိုးတွေ ကတော့ပထမတော့ထွင်တယ်ထင်သေးတယ် နိုငှ်ုငံခြားကလာပြီး တရုတ်ပိတ်နဲ့ဘဲ ရပ်ကွက်တစ်ကာလည်လို့ နောက်ပိုင်းတော့လည်းရိုးသွားတယ် အခုတတစ်လောတော့တရုတ်ပိတ်တွေ ဈေးကြီးလာတာများ တထည်ကို ခှုပ်ပြီးမြန်မာငွေ လေးထောင်ခြော်က် ထောင်ဖြစ်သွားတယ်ထင်တယ်။ ကိုယ့်ပါတ်တ် သုံးထည်တစ်ဆယ်တန်ကို ချုပ်ဝတ်တာကမှ တော်ဦးမယ် လို့စဉ်းစားမိနေတယ်။

မှတ်ချက်
အိမ်မရှင်းပေမဲ့မီးပူတိုက်တာတော့ဝါသနာပါလို့မီးပူတိုက်ပြီးသားများကိုထုတ်ကြွားလိုက်နိုင်ပါကြောင်း အကြောင်းအမျိုးမျိုူနဲ့ ဓါတ်ပုံထဲမပါလိုက်ရတဲ့ထမိန်များရှီသေးကြောင်း

ထပ်ဆင့်မှတ်ချက်
ပေါက်။ ချစ်ကြည်အေး သက်ဝေ။ စူးနွယ်; ပန်းခရမ်းပြာ.
မိုးချိုသင်း တို့ပိုစ်ကိုဖတ်ပြီး အားငယ်သွားကြောင်း။ ကိုယ့်ရဲ့ထမိန်များ။ ဓါတ်ပုံကိုလည်း ရှက်ရှက်နဲ့တင်ပြလိုက်ရပါကြောင်း

ထပ်ဆင့်မှတ်ချက်
ဘယ်မှမသွားဘာမှ မလုပ်လို့ပွဲသွားပွဲလာ ထမိန်လှလှ များမရှိ ပါကြောင်း ကိုလည်းလေးစားစွာတင်ပြလိုက်ရပါသည်။

31 comments:

  1. ချိုသင်းကြိုက်တဲ့ အဆင်တွေချည်းပဲ။ လိုချင်လို့ တောင်းချင်ပေမဲ့ အရပ်ပုလို့ အောက်ကနေ ဖြတ်ထားရတယ် ဆိုလို့ ခြေသလုံးလောက် ရောက်နေမစိုးလို့ ဘေးမဲ့ပေးလိုက်ပါကြောင်း။ ။

    သူကမှ တကယ်ကြွားစ်..ထမိန်ပုံကြီး ထုတ်ပြတယ်။ တွေ့ကြသေးတာပေါ့။ ;D

    ReplyDelete
  2. ဟယ် ထမီတွေအဆင်တွေတောင် ထပ်နေတယ်။ ဒီကိုတထည်ပေးလိုက်လေ..:P

    ReplyDelete
  3. သေချာကြည့်မိတော့ အဖွားကြီးဆင်တွေချည်းပါလား။ မမ အဖွားဆီက အမွေရထားသလားအေ..

    ReplyDelete
  4. အံ့ဩစရာ.... ထမိန်ပြိုင်ပွဲ ပြီးရင် Victoria's secret ပြိုင်ပွဲများ လုပ်ကျဦးမလားမသိ

    ReplyDelete
  5. ဟုတ်လောက်တယ် ကိုsteve ရေ့ ဘယ်သွားသွားထမီပုံနဲ့တွေ့နေလို့
    အဖွားကြီးများ blog ကို မလည်ပတ်ရန်ဆုံးဖြတ်ထားပါကြောင်း

    ReplyDelete
  6. ထမိန်တွေ လာကြည့်တယ်။ တကယ့် မငုံရဲ့အမအတိုင်းပဲ။ အဆင်ဆို သေးသေးနုပ်နုပ်နဲ့ အဘွားကြီးဆင်ကြိုက်တယ်။ :))

    ReplyDelete
  7.း))... ဖြစ်ရမယ်... ဒီတစ်ခါက ပေါက်ပေါ့....

    ReplyDelete
  8. မီးပူတိုက်ဝတ် တတ် တဲ့ ၀ါသနာ ချင်း တော့ တူတယ်
    မမ ... ပြီးခဲ့တဲ့လ က ပန်နဆူလာ ပလာဇာ မှာ ယောက္ခမ နဲ့ အမေ့ အတွက် ဒါးကြီး ၀မ်းဆက် ကိုက်ကြီး ကြီး နှစ်စုံ ၀ယ်သွားတာ တစုံ ကို စင်ကာပူငွေ ၅၀ စီ ပေးရတာ ဈေးများ သွားတယ် ထင် တယ် ... ရန်ကုန်ရောက် လို့ ဈေး လျောက်ကြည့်ပြီး မှ
    သိသွားတယ် ... ကိုယ်ကိုယ်တိုင်တော့ ဒါးကြီးကြိုက်
    ပေမယ့် တခါမှ ၀ယ်မ၀တ် ဖြစ်ဘူး ... မမ ဆီက တစုံလောက်း) ဒါးကြီး ပါတိတ်က အနံ့ ကို ကြိုက်တယ် ... ၀တ်ထားရင်လည်း ပေါ့ပါးလွန်း လို့ ကြိုက်တယ်... အသက်ကြီး လာတော့မှ ကိုယ် မှာ လေးလေးပင်ပင် ဖြစ်မယ့် ဟာ တွေ တခုမှ မ၀တ်ချင်
    တော့ ဘူး ....

    mie nge

    ReplyDelete
  9. အဆင်လေးတွေ သေချာမှတ်ထားတယ်၊ နောက်လမ်းမှာ အရပ်ပုတဲ့ မမတစ်ယောက်ဒီလိုအဆင်တွေဝတ်ထားတာမြင်ရင်တော့ မမkom ဟုတ်ဟုတ်မဟုတ်ဟုတ် နှုတ်ဆက်လိုက်ဦးမယ်။း)

    ReplyDelete
  10. ဒါကတော့ တရုတ်ပိတ်ရောင်းတဲ့ဆိုင်..
    ချိတ်ထမီဆိုင်တွေတော့ ရောက်ခဲ့ပြီးပြီ..

    ReplyDelete
  11. ထမိန်ဌီကာအားဖတ်ပြီးသကာလ၊ဘာပြောရမှန်းမသိဖြစ်သွားပါကြောင်း။

    ReplyDelete
  12. အားငယ်ထှာ ဝင်ကြွား အဲလေ ဝင်ပြိုင်စရာ ထမိန်ဆိုလို့ အမေ့ဆီကတောင်းလာတဲ့ အဟောင်းလေးပဲရှိတယ် ။
    “Steve Evergreen said...
    အံ့ဩစရာ.... ထမိန်ပြိုင်ပွဲ ပြီးရင် Victoria's secret ပြိုင်ပွဲများ လုပ်ကျဦးမလားမသိ “

    ရယ်ရလို့ သီးတောင်သီးတယ် စတိ...ဟားဟား

    ReplyDelete
  13. ထမီလေးတွေက အပွင့်နုတ်နုတ်လေးတွေ လှတယ်။ အဲဒီလို အဆင်လေးတွေဆို ကြိုက်တယ် အမ..။ လိုချင်တယ်း)

    ခင်မင်လေးစားလျှက်

    ReplyDelete
  14. ပြာ လဲ ထမိန် ကြိုက်တယ်...တထည်လောက်...ပေး..း)

    ReplyDelete
  15. ကိုယ်တိုင်ရေးဆွဲထားတဲ့ လုံချည်တစ်ထည်ပေးမယ်

    ReplyDelete
  16. အဆင်စုံနဲ့ ထမီပုံ
    ဟိ
    မီးပူတိုက်ထားလိုက်တာ ကောင်းမှကောင်းပဲ
    ပုတာချင်းတူတယ်ဆိုတော့ တောင်းဦးမှပဲ
    မီးပူတိုက်ဝတ်ရတာ ကြိုက်တာချင်း တူတယ်
    တရုတ်ပိတ်လုံချည်တွေအရမ်းကြိုက်တယ်
    ချည်ထည်လုံချည်တွေလည်း ကြိုက်တယ်
    စကားမစပ် တစ်ထည်လောက် မျှပါလားဟင် :P

    ReplyDelete
  17. This comment has been removed by the author.

    ReplyDelete
  18. ကိုယ့်ပါတ်တ် သုံးထည်တစ်ဆယ်တန်ကို ချုပ်ဝတ်တာကမှ တော်ဦးမယ် လို့စဉ်းစားမိနေတယ်။
    That is a better way.

    BINO

    ReplyDelete
  19. အရှုံးပေးလိုက်ပါတယ်
    :(

    ReplyDelete
  20. မမကွန်...ညီမရဲ့ ကြွားစိန်ဆိုတဲ့ နာမ...မမကို အပိုင်ပေးလိုက်ပြီ...ခိခိ...အပုံလိုက်ကြီးဟ...:))

    ReplyDelete
  21. ထမီပုံအောက်မှာ...သတင်းစာလေးဖြန့်ခင်းလို့...ခိ...

    ReplyDelete
  22. ခင်တဲ့ မင်တဲ့သူ အချင်းချင်း ချစ်တဲ့ လုံချည်လေးတွေ အကြောင်း ပြောရတာ၊ နားထောင်ရတာ၊ ကိုယ့်အကြိုက် သူ့အကြိုက် တူတာတွေလည်းရှိ၊ ကွဲတာတွေလည်းရှိ အပြန်အလှန် အလုအယက်ပြောကြ ပျော်တယ် မမရယ်...

    ReplyDelete
  23. အားပါးပါးလို့ အော်လိုက်မိတယ်။

    ReplyDelete
  24. ရှေ့ကလူတွေ မန့်ထားတာကို ဖတ်ပြီး ရယ်ရတာပဲလေ။ ဟဲဟဲဟဲ။

    ReplyDelete
  25. အတော်ပဲ...
    အဲ့လာရင် ထဘီ..မယူခဲ့ဘူး..
    မမဆီကတောင်ဝတ်မှ..
    (တချက်ခုတ် နှစ်ချက်ပြတ်..မမအိမ်မှာ
    ဘဲဥချဉ်ရည်ဟင်းး..ငါးပိရည်နဲ့..ထမင်းဝင်စားသွားဦးမှ..ဟဲ)

    ReplyDelete
  26. ...ဘယ်လောက်များdiscountနောက်လိုက်နေလဲဆိုထမိန်ပုံအောက်ကခင်းတယ့်သတင်းစာ
    ကတောင်မှdiscountအကြောင်းပါတယ့်သတင်းစာမှ။

    ပုံ
    အမည်မဖော်လိုသူ ထမိန်အပုံအားနေ့စဉ်လာရောက်ကြည့်ရှုနေသူတစ်ဦး

    ReplyDelete
  27. သြော် ဒီအရီးနှယ် ..ခက်ပါ့

    ReplyDelete
  28. စာဖတ် ထမိန်ပုံကြည့်ပြီးပြန်သွား
    @Strike, welcome back.
    ဒါကတော့ သတင်းစာတစ်စောင်လုံး လိုသလိုအသုံးချနည်းပါပဲ။

    ခမမ

    ReplyDelete
  29. အစ်မကြီး ဘလော့ ဘာဖြစ်တာလဲဟင်..
    link တွေကနေ တိုက်ရိုက်ဝင်လို့ မရတော့ဘူး

    ReplyDelete
  30. များလိုက်တဲ့ လုံချည်တွေ...းD

    ReplyDelete
  31. ဟိ ဟိ အခုမှဖတ်ဖြစ်တယ်။ အမ ထမီတွေကြွားတယ်ပေါ့လေ။

    ReplyDelete