Thursday, April 8, 2010

review

ဘလော့ရေးတာတော်တော်ကြာသွားပြီမဆိုသာပေမဲ့ နဲနဲတော့ကြာပြီဆိုရမယ်။ ၂၀၀ရ က စရေးတာ ဆိုတော့. ..ရေးစက အတော်လက်သွက်တယ်။ အတွေးတွေလဲ အများကြီးဘဲ။ ရေးစရာတွေလဲ အများကြီးဘဲ။ ပျော်လဲပျော်တယ်။ ရေးရတာကိုပျော်နေတယ်။

နဲနဲကြာလာတယ်။ ဘလော့စွဲသွားတယ်။ သဲကြီးမဲကြီးဖြစ်လာတယ်။ နေ့လဲ ဘလော့ ညလဲ ဘလော့ဖြစ်လာတယ်။ ခွင့်ကိုးရက်ယူပြီး အိမ်မှာဘဲထိုင်ပြီး ဘလော့ နေတဲ့ အဖြစ်ဖြစ်လာတယ်။ အပြင်သွားဘို့ စိတ်ကူးမရှိဘူး. သူငယ်ချင်းနဲ့ စကားပြောဘို့ စိတ်ကူးမရှိဘူး ဘလော့ဘဲရေးချင်တယ။် ဘလော့ဘဲဖတ်ချင်တယ်။ ဘလော့ထဲ့ သိတဲ့သူငယ်ချင်းနဲ့ဘဲစကားပြောချင်တယ်။ ကွန်ပြူတာကြီးကို ဘဲသဲကြီး မဲကြီးစိုက်ကြည့်နေမိတယ်။ အလကားနေရင်း refresh လုပ်နေမိတယ။်

အပြင်လူကဖုံးဆက်လာရင်တောင်စိတ်မရှည်ချင်ဘူး.ထွက်သမျ ဘလော့ကိုသဲကြီးမဲကြီး မလွတ်လိုက်ရလေ အောင်စားမေးပွဲဖြေရတော့မဲ့အတိုင်း ထွက်သမျှကို မလွတ်စေရအောင်ဖတ်တယ်။ ရေးလဲရေးတယ်. စီပုံးမှာလဲချက်တယ်။ အချိန်တွေအရမ်းသုံးဖြစ်တယ်။

ဘလော့ထဲက သူငယ်ချင်းတွေကိုလဲပိုချစ်လာတယ်။သူတို့နဲ့ဘဲစကားပြောချင်တော့တယ်. ဘယ်သူလဲမသိ ဘယ်ဝါလဲမသိ. တစ်ကယ်တန်းပြောရင် ခင်ဖြစ်ဘို့ခဲယဥ်းတဲ့သူတွေ ကို ခင်ဖြစ်လာတယ်။ သံယောဇဉ်ဖြစ်လာတယ်. / ကိုယ်ခင်သလိုသူကမခင်တာတို့ သူက သု့ကိုပိုခင်တာပါလေ.တို့ . ။ သူက တော့သူ့ဆီတော့သွားတယ် သူ့ ဆီတော့ မလာဘူးတို့ဘာတို့နဲ့ ဝမ်းနည်းပက်လက်ဖြစ်လာတယ်။ ညညလဲမအိပ်လို့ လူလဲ မျက်တွင်း ဟောက်ပက်ဖြစ်နေပြီ။

အခုတစ်လော အရမ်းပင်ပန်းတယ်။. မိုးလင်းမိုးချုပ်. အလုပ်လဲများတယ်။ အလုပ်ထဲလဲ စိတ်ရောက်တယ်။ တန်းရှင်း လဲများတယ်။ ဒါတောင်အလုပ်ခွင်က environment က အန်မတန်ကောင်းပါတယ်။ ပင်ပန်းလို့ ဘဲလား။ ဘလော့ငြီးလာလို့လားမသိ. ။ ဘလော့မရေးချင်တာမဟုတ်.။ ရေးစရာမရှိသလိုခံစားလာရတယ။် ရေးပြီးသား တွေကလည်း တင်မယ်လုပ်လိုက်ရင် ဟိုဟာဒီဟာနဲ့ဘဲငြိသလိုနဲ့ တင်ဘို့ကိုဝန်လေးလာတယ်။

ကွန်မက်တွေကို ရောက်လေရာမှာ စိတ်ကူးပေါက်သလို ရေးနေရာ ကနေ သူကစိတ်ဆိုးသွားတယ်တို့ နောက်ကို ဆင်ခြင်မှပါလေတို့ .သူက ဒီဂွင်လိုချင်လို့ ဆင်ထားတာ ကိုယ်က ယောင်ပြီးအဲသလို ကွန်မက်သွားပေးမိတယ်တို့။ ဖတ် နေရာ့ ကနေကလိကလိဖြစ်လာလို့စိတ်ကူးပေါက်သလိုချရေးလိုက်ရင် အခင်အမင် ပျက်ရချည်ရဲ့ တို့။ မေတ္တာရှင်မလေးငြိမ်းငြိမ်းအိ လို့ကိုယ့်ကိုယ်ကိုကျေငြာနေရရင်းန့ကိုဲ မနုသီဟဖင်နစ်ခွနဲ့ပါလေ လို့ ပြောတဲ့သူကလည်းရှိလာတယ်။

ဘလော့တွေ ကိုဖတ်တဲ့နှုးံလဲကျလာတယ်။ ထွက်သမျှကို အကုန်ဖတ်ဖြစ်ရာက မျက်စိထဲဝင်လာတဲ့ ဖတ်ချင်တာလေးတွေလောက် ဘဲဖတ်ဖြစ်လာတယ်။ ဘလော့ရေးဘို့ ကိုလည်း ဝန်လေး လာတယ်။ ဖတ်လို့ သာကောင်းတယ် မကောင်းဘူးပြောကြတာ။ ရေးရတဲ့သူမှာ အတော်အချိန်ပေးရတယ်။ မရေးခင် အတွေးလေးတွေရှိတယ် တစ်ခါတစ်လေ အတွေေးလးဘဲရှိတယ်။ ရေးလို့မရသေးဘူး မွေးထားရသေးတယ်။ နောက်ဆုံး ချရေးဖြစ်လိုက်တော့မှဘဲအဲဒီအတွေးတွေ ကိုလွတ်ပစ်လိုက်လို့ရသွားတယ်။ အဲဒီအချိန်တွေကို နမျောလာမိတယ်။ တစ်ခါရေးတစ်နာရီ. နစ်နာရီဆိုတာ နမျောစရာ။ ဓါတ်ပုံတွေထည့်တော့ရွေးရသေးတယ် ပုံအများကြီးထဲ ကကောင်းတဲ့ပုံကိုရွေးရတယ်။ နေရာပြန်ချရတယ်။ အချိန်တွေအများကြီးပေးရတယ်။

ရေးချင်စိတ်နဲ့ ရေးရင်တော့လည်းကိစ္စမရှိဘူး။. နာမည်ကျော်ကြားလာတဲ့ အခါကျတော့ ရေးချင်တိုင်း ရေးလို့ မဖြစ်တော့ဘူး. ခါတိုင်း စိတ်ကူးပေါက်ရာ တစ်ကြောင်း ရေးပြီးတင်လိုက်ပေမဲ့ အခုဝန်လေးလာတယ်။ ကိုယ့် နာမည်တွေ့လို့လာဖတ်တယ် ဆိုရင် ဘဲဖြစ်ဖြစ် ယောင်လို့ နိပ်လိုက်တယ်ဘဲဖြစ်ဖြစ် လာဖတ်တဲ့ သူကိုတစ်ကြောင်းထဲသော မက်ဆေ့ခ်ျနဲ့ ဧည့်ခံရမှာ အားနာသလိုဖြစ်မိလို့ အဲဒီတစ်ကြောင်းထဲ သောအတွေးတွေကို မချဖြစ်ဘူး။

နာမည်ကြီးတယ် ဆိုပြီးပိုစ်အသစ်တင်တယ်ဆိုရင် ကွန်မက်လေးတွေ ချက်ခြင်း ရောက် လာတတ်တာမို့ လို့အကျင့်ပျက်ပြီး ကွန်မက် မမျှော်တတ် ရာကနေ ကွန်မက်မျှော်တတ်သလိုဖြစ်လာတယ်။ တစ်ခါက ဆိုးဆိုးရွားရွား... တင်ပြီး တော်တော်ကြာ အောင် ကွန်မက်တစ်ခုမှ မတက်လာဘူး. အချိန် အတော်ကြာတယ။်ြီပီးမှ ကွန်မက် တစ်ခုကိုမြင်လိုက်ရတာမှာ ..ဘုရားသခင် ကျေးဇူးတင်ပါ၏ လို့တောင် တီးတိုးညညိးုမိတယ်. အဲသလိုဖြစ်လာတာကိုကိုယ့်ဘာသာကိုယ်မုန်းလာတယ်။

ကိုယ့်အတွက် ကိုယ်ရေးနေရာကနေ ပရိတ်သိတ်အတွက်ရေးသလိုဖြစ်လာတယ်။ ကိုယ် စိတ်ချမ်းသာမှုကို ရှေ့ရှုချင်လို့ ပေါက်တတ်ကရရေးဘို့ ချရေးနေရာရနေ စေတနာတွေ များလာတယ်။ လာဖတ်တာ တစ်စုံ တစ်ခုဘဲ ရသွားစေချင် သလိုလို..ဖတ်လို့မကောင်းမှာ ကိုဘဲ အားနာသလို လိုဖြစ်လာတယ်။

အခုတော့ပြန်စဉ်းစားတယ်။ ရေးချင်တာဘဲရေးတော့မယ်။ ပရိတ်သတ်အတွက် မစဉ်းစားတော့ဘူး ပညာလဲမရ အရည်လဲမရ အဖတ်လဲမရ. မရချင်တာမရ. တစ်ကြောင်းထဲ ဘဲဖြစ်ဖြစ်. နစ်ကြောင်းထဲ ဘဲဖြစ်ဖြစ်..ပိရသိတ်ကြိုက်ဘို့ထက် ကိုယ့်စိတ်ချမ်းသာမှုကိုဘဲ ရှေ့ရူတော့မယ်ဲ။ဒါမှ ဘဲ ကိုယ်စိတ်ချမ်းသာမယ်။

အားတော့နာသား. ပိတ်သတ်ကြီးကို...

63 comments:

  1. ရေးပါ.. ကိုယ်ပျော်သလို..
    ဟော.. ကွန်မန့်တက်လာပြီ.. ပျော်တယ်ဟုတ်..
    ဟော.. ပန်ဒိုရာဆီက မှတ်ချက်တော့.. ပိုပျော်ရတယ်ဟုတ်.. :)

    ReplyDelete
  2. ရေးချင်တာရေးပါ မမခင်...
    ကိုယ်ပိုင်တဲ့ ဘလော့ဂ်ပဲဟာ :)

    ReplyDelete
  3. တွေး တွေး.. ကြိုက်သလိုတွေးပါ
    ရေး ရေး.. ကြိုက်တာရေးပါ
    ဖတ် ဖတ်.. ကြိုက်လို့ဖတ်ပါတယ်

    ခမမ

    ReplyDelete
  4. ဖင်နှစ်ခွဆိုတော့ ချီးများများ ပါမယ့်သဘောပဲ။ သေချာပြီ အဲဒါဆို ဒါ... ချီးထုပ်ပဲ ဖြစ်မယ်။ မဟာချီးထုပ်... အဟက်...

    ReplyDelete
  5. ကိုယ်ချမ်းသာ စိတ်ကျန်းမာပါစေ

    ReplyDelete
  6. မှန်ပါ့ .. ပျော်ရွှင်ပါစေ အမ

    ReplyDelete
  7. ငယ်ငယ်ရွယ်ရွယ်နဲ့ အမြင်မှန်ရတာ ဝမ်းသာတယ်
    လေးစားစွာဖြင့်
    bbq

    ReplyDelete
  8. အလကားနေရင်း refresh လုပ်နေမိတယ။် ဒီနားရောက်တော့ ခွီးလို့သာ အော်ရယ်လိုက်မိတော့တာပဲ။
    သြော်...ဘလော်ဂါ့စိတ်...အတူတူပါပဲလား။ :)

    ReplyDelete
  9. စိတ်ချမ်းသာတယ်ဆိုတဲ့မျက်နှာကိုလာကြည့်တာပါ။။
    ကြိုက်သလို နေနိုင်တယ်။။

    ReplyDelete
  10. ဘာဖြစ်တုန်း မကြီးရာ
ေ၇းချင်တာရေး ဖတ်ချင်တာဖတ်မဲ့လူတွေအများကြီး
    ရေးချင်မှရေးတဲ့လူများသားဟဟဟ
    တစ်နာရီအချိန်ပေးတဲ့ မကြီး
    ခုကွန့် မန့် ပေးတာ တစ်မိနစ်တောင်မကြာဘူး
    ရေးချင်တာေ၇း ပြောချင်တာပြောသွားတာ
    ဟဟ
    လာဦးမှာ ဘယ်ပဲသွားသွားပါလေ

    ReplyDelete
  11. ဘလော့ဂါတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောလေးပါ။

    ReplyDelete
  12. ကိုင်းလာ လရော့ ကွန်မန့်တက်အောင်

    ReplyDelete
  13. သာမီး ပြန်ဒေါ့မယ်နော်

    ReplyDelete
  14. ကိုယ်ကြိုက်တာကိုယ်ရေး...
    ရင်ဘတ်ချင်းတူတဲ့သူ လာဖတ်လိမ့်မပေါ့

    ReplyDelete
  15. ဒီပိုစ့်ထဲကအတိုင်း ရေးချင်တာလေးတွေ ကိုယ်စားရေးပေးလို့ ကျေးဇူးတင်လိုက်တာ။
    ရေးပါနော်၊
    ဘာပဲဖြစ်ဖြစ် ဖတ်ရတာ ကောင်းပါတယ်၊
    တစ်ကြောင်းဆိုလဲတစ်ကြောင်း တစုံတရာတော့ပေးပါတယ်၊
    Something ပေါ့။

    ReplyDelete
  16. ရေးချင်တာ မရေးရမစိုးလို့ ဘလော့ဂါ မလုပ်ခဲ့တာ ...း)
    စိတ်ရှုပ်စရာတွေ များလွန်းတဲ့ ခေတ်ပျက်ကြီးထဲ နေနေရတဲ့ ဘ၀ မှာ ကိုယ်လုပ်ချင်တာ မလုပ်ရရင် ဘာလုပ်မှာလဲ မမ ရဲ့  ... သူတပါး မနစ်နာရင်ပြီးရော ကိုယ်စိတ်ချမ်းသာ ဖို့ ဘဲ ဦးစားပေး ဖို့ စဉ်းစားထားတယ်... မွန်းကြပ်လွန်းလို့ ... သူများစိတ်နဲ့ ကိုယ့်ကိုယ် တော့ မနေပါရစေနဲ့ ...
    မမ ကွန် ရေ.. စိတ်လျော့ထားပါ ... ရေးချင်တာ သာ ရေး ...

    mie nge

    ReplyDelete
  17. ဪ....ဂျီးတော်...ဂျီးတော်..
    မရေးရင်..မနေနိုင်ကလွဲလို့....ငိုချင်းလေးချလိုက်ပါဦး...

    ReplyDelete
  18. ဟေးးးးးးးးးးးးးးးးးးးးးးးးးးး

    သူအမြင်မှန်ပြန်ရသွားပြီဟေး.................

    လုပ်ပါဦး၊
    "ကျွန်ုပ်နှင့် တူးသွားသော ကြက်ဥပြုတ်နှစ်လုံး" ဆိုပြီး ကြက်ဥနှစ်လုံးနဲ့ ဒန်အိုးတစ်လုံး ဓာတ်ပုံတို့၊ အဲဒါမျိုးလေး မျှော့နေတာ ...ဟိ

    ReplyDelete
  19. ဘေးစကားတွေ နားမယောင်ပါနဲ့။
    ဘလော့ဆိုတာ ကိုယ်ရေးချင်တာ ရေးဖို့ပါပဲ။
    "ကိုယ်ရေးချင်တိုင်း ရေးလို့မရဘူး" လို့ ပြောလာခဲ့ရင်တောင် အဲဒါ သူရေးချင်တာ ရေးနေရှာတာပါ လို့ တွေးပေးလိုက်ပါ။ နားတော့ ယောင်မသွားပါနဲ့။

    :)

    ReplyDelete
  20. မမ ဘလောဂ့်မှာ ကွန်မန့် မရေးဖြစ်တာ အတော်ကြာရောပေါ့။

    ခရီးက ပြန်ရောက်ပြီး အရင်ဆုံး ကိုယ့်ဘလောဂ့် ကိုယ် ဝင်ကြည့်တယ်။ နောက် မမ ဘလောဂ့်ကို ပထမဆုံး ကလစ် လုပ်လိုက်တာ ဒီပိုစ့်ကို ဖတ်ရတာပဲ။

    နေ့စဉ် ဘလောဂ့် ဖတ်တဲ့အခါ မမ ဘလောဂ့်ကို အရင် ဝင်ပြီးမှ မမ လင့်ခ်ထားတဲ့ အခြား စိတ်ဝင်စားစရာ ကောင်းမယ်ထင်တဲ့ ဘလောဂ့်တွေကို ဖတ်ဖြစ်တယ်။

    ကိုယ့်ဘလောဂ့်မှာ လင့်ခ်ထားတဲ့ ဘလောဂ့် တွေကိုတော့ ပိုစ့်အသစ် တွေ့တာနဲ့ ဖတ်ဖြစ်ပါတယ်။

    မမ ဘလောဂ့်ကို ဖတ်တိုင်း ဆက်စံရေး ပျူငှာပြီး Australia မှာ ပညာသင်စဉ် ခဏ အချိန်ပေးပြီး ဘလောဂ့်တိုင်း လည်တတ်တဲ့ တချိန်က "ဒေါက်တာစိုးထက်" ကိုလဲ အမှတ်ရနေ မိတယ်။

    နန္ဒာလဲ ဟိုးးးး အရင်က ဘလောဂ့်ကို စခဲ့ တုန်းကလို အချိန်တိုင်း ဘလောဂ့်ဂင်းတာမျိုး မရှိတော့သလို အခုဆို ကိုယ့် စိတ်ဝင်စားတဲ့ ဘလောဂ့်တွေ ဖတ်ဖို့ မအိပ်ခင် အချိန် တနာရီ ပေးထားတယ်။ ပိုစ့် ရေးဖို့ စိတ်ပါရင် အဲဒီနေ့ကို အချိန် သုံးနာရီလောက် ပေးပြီး ပိုစ့်လဲရေး အခြား ကိုယ် စိတ်ဝင်စားတဲ့ ဘလောဂ့်တွေလဲ ဖတ်ရင်းပေါ့။

    နန္ဒာ ပိုစ့်ရေးတဲ့ နေ့ဟာ များသောအားဖြင့် အားလပ်ရက်လို နေ့မျိုးမှာ ရေးပါတယ်။ "ဖတ်သူ ရှိသည် ဖြစ်ပါစေ မရှိသည် ဖြစ်ပါစေ" ကိုယ့်စိတ်ထဲ ရှိရာ ဒိုင်ယာရီလို သဘော ရေးလိုက်တာပါပဲ။ တချိန်မှာ ကိုယ်တိုင် ဘာတွေ ရေးခဲ့လဲ ဆိုပြီး ပြန်ဖတ်ဖို့ online မှတ်တမ်းပေါ့။

    ဘလောဂ့်ကြောင့် ပျော်ခဲ့ရသလို ဘလောဂ့်ကြောင့် စိတ်ပျက်ညစ်ညူး ရဖူးတယ်။ ဒီလိုပဲ ဘလောဂ့်က ပညာပေးလို့ ပညာတွေ ရသလို နန္ဒာ့လို မြန်မာစာ အထိအတွေ့ သိပ်မရှိခဲ့သူအတွက် မြန်မာစာ အရေးအသား အပြောအဆို ဆက်စံမှု့တွေလဲ တိုးတက်မှု့ ရှိခဲ့တယ်။ ဘယ်နေရာမှာ မဆို အကောင်းအဆိုး ဒွန်တွဲ နေတာပါပဲ။

    ဒါပေမယ့် ဘလောဂ့်ကို အရင်လို မစွဲတော့တာ အချိန်အများကြီး ပေးတာ မရှိတော့ဘူး။

    နန္ဒာ့ ဘလောဂ့်ကို မမ လာဖတ် မဖတ်တော့ မသိဘူး။ နန္ဒာတော့ မမကို "ခင်ဦးမေ" အဖြစ် ဘလောဂ့်ပေါ်မှာ စသိကထဲက ယခုအချိန်အထိ မမ ဘာရေးရေး ဖတ်ဖြစ်နေတယ်။ နောက်ဆက်ရေးလဲ ဖတ်နေအုံးမှာပဲ။

    ပိုစ့်တွေထဲ မမ ဘာလေးပဲ ရေးရး ထဲ့ရေး တတ်တဲ့, ပြောတတ်တဲ့ "ဆရာတို့" မမရဲ့ "KMSL, မောင်ရေ ခင်ကလေတို့" ဆိုတာတို့ အမှတ်ရနေတယ်။ နောက်ပြီး "Queen Bed" အကြောင်း ရေးတဲ့ ပိုစ့်တို့၊ "ဗလကောင်းပြီး ခန့်တဲ့ မင်းသားတွေကို ကြိုက်ရုံမက သူတို့ အနားနေပြီး ရှုချင်တာတို့၊ အခုချိန်မှာ ဗလကောင်းကောင်း ခန့်ခန့်ချောချော ယောက်ကျားတွေ မမရဲ့ရှေ့ Shirt အင်ကျီ လာချွတ်ပြရုံမကလို့ တကိုယ်လုံး ချွတ်ပြတောင် တုံလှုတ်တော့မှာ မဟုတ်ဘူးတို့" ဆိုတာတွေဟာ နန္ဒာ့ မှတ်ဥာဏ်ထဲ စွဲနေတာပဲ။

    အချိန်ရရင်ရသလို စိတ်ထဲ ဘာရှိရှိ ရေးပါ။ အမြဲ ဖတ်ဖြစ်နေမှာပါ။

    နန္ဒာ အခုရေးတဲ့ ကွန့်မန့်ကြောင့် "ကွန့်မန့် မျှော်တယ်" ဆိုတဲ့ မမခင်ဦးမေရဲ့စိတ်ထဲ အတိုင်းအတာတခု အထိ ကျေနပ်မှု့ ရပြီး., လူခြင်း အပြင်မှာ ရင်းနှီးမှု့ မရှိပေမယ့် မမ အပေါ် နန္ဒာ အမြဲ ခင်မင်လေးစားတယ်., အခွင့်ရခဲ့ရင်လဲ လူခြင်း ဆုံတွေ့ချင်တယ် ဆိုတာ မမ ခံစားလို့ ရရင် ဒီပိုစ့် ရေးလိုက်လို့ မမ ကုန်သွားတဲ့ အချိန်အတွက်ရော., အချိန်ပေးပြီး မမကို ခင်မင်တဲ့ စိတ်နဲ့ ရိုးရှင်းပွင့်လင်းစွာ ကွန်မန့်ရှည် ရေးလိုက်တဲ့ နန္ဒာ အချိန်အတွက်ရော နှစ်ဦးနှစ်ဘက် ကုန်လိုက်တဲ့ အချိန်တွေ အတွက် အကျိုးရှိမယ် ထင်ပါရဲ့။

    တဆက်ထဲ နန္ဒာ ဘလောဂ့်မှာ Visitors တွေ တော်တော်များများဟာ မမ ဘလောဂ့်က တဆင့်လာတဲ့ အတွက် ကျေးဇူးအထူးတင်ကြောင်း ပြောချင်ပါတယ်။

    မြန်မာနှစ်သစ်ကူးချိန်မှာ ပျော်ရွှင်၍ လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ။

    ခင်မင်လေးစားလျှက်
    စိုးမြနန္ဒာသက်လွင်(SMNTL)

    ReplyDelete
  21. ယုံလားတော့မသိ ကျနော်ကတော့ ကွန်ပြုတာဖွင့်ရင် အရင်ဆုံးကျနော့်စီဘောက၊ မမစီဘောက်
    ပီးတာနဲ့ မမဘလော့ပဲဖွင့်တာ။ကျနော့်ဘလော့မှာ ပိုစ်အသစ်မရှိရင်တစ်ခါတစ်လေဖွင့်တောင်မကြည့်မိဘူး မမအသစ်မတင်ထားတော့မှ တခြားလင့်တွေလိုက်ဖတ်တာ ၊ မမရေးတာတွေ အာလုံးချစ်ဖို့ ကောင်းတယ် ။ အဲလိုလူချစ်တဲ့အရည်အချင်းကရှားတယ်။သူများမလိုသူတွေဝေဖန်တာဂရုမစိုက်နဲ့ နော် ၊ တစ်ကြောင်းပဲရေးရေးဖတ်မယ် ..

    ReplyDelete
  22. အိုးးးး
    မမ ကြိုက်တာရေးပါ...
    ၁ကြောင်းထဲသောဖြစ်ဖြစ်.. ၂ကြောင်းထဲသောဖြစ်ဖြစ် ဖတ်မှာပါပဲ... မန့်မှာပါပဲ...
း)

    ReplyDelete
  23. အင်း မခင်ဦးမေ ပြောတာတွေ တော်တော်များများ လက်ခံပါတယ်..

    ကျနော် အင်တာနက် သုံးတာကို က ဘလော့ဂ် နဲ့ စသုံးဖြစ်တယ်.. အစွဲလန်းဆုံး ဟာ ဘလော့ဂ် ဘဲ ဖြစ်ပါတယ်..

    ကျနော့် ရဲ့ ၀ါသနာ အပါဆုံးက စာဖတ်ခြင်းပါ.. အခု ဘလော့ဂ် စရေး မှ စာရေးခြင်းကို စလုပ်ဖြစ်ပါတယ်..

    ကျနော် စသုံးတော့ စီဘောက်စ် တွေ ကောမန့်တွေ လည်း နားမလည်ဘူး လင့်ချိတ်တာတွေ ဘာတွေလည်း မသိဘူး နောက်မှ စီဘောက်စ်မှာ လင့် ချန်ထားခဲ့ရင် သွားလို့ရတာသိတယ်..

    ပိုစ် အဟောင်းလေး တွေထဲမှာ မခင်ဦးမေ ရဲ့ ကောမန့် လေးတချို့ဖတ်မိတယ် ကျေးဇူးတင်ပါတယ်..

    အမြဲတန်း မမန့် ဖြစ်ပေမဲ့ မခင်ဦးမေ စီကို အမြဲတန်းတော့ ရောက်ဖြစ်ပါတယ်..

    ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်နေရတာကို က ကျနော့် အတွက် တော့ စိတ်ကျေနပ်လှပါပြီ...

    မန့်ပေးကြတာ မပေးကြတာတော့ ဖတ်သူရဲ့ အခွင့်အရေး ဖြစ်တဲ့ အတွက် မပြောလိုပါဘူး..

    ကိုယ့် အတွက်တော့ ရေးစရာ နေရာလေး ရှိနေတာကိုက ကျေနပ်လှပါပြီ

    ရေးချင်တာရေးပါ ဖတ်သူကလည်း ဖတ်ချင်တာ ဖတ်ပါလိမ့်မယ်

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  24. ခင်ဦးရေးချင်တာရေးတိုင်း လာဖတ်ပါတယ်။ ကွန်နက်အခက်အခဲကြောင့် ကော်မန့်ရတာ အခက်ကြုံရပါတယ်။ ပြည်ပခဏရောက်နေတာမို့သာ ဘလော့ဂ်လည်ထွက်နိုင်ပြီး ကွန်မန့်နိုင်တာပါ။ မကြာခင် ပြည်တော်ပြန်တဲ့အခါကျရင် ကော်မန့်ဖို့မပြောနဲ့ ဘလော့ဂ်ကိုဝင်ဖို့ နည်းပေါင်းစုံနဲ့ ကျော်ရခွရပါတယ်။ အဲ့ဒီတော့ကျ နားလည်ပေးပါနော်။
    ချစ်ခင်စွာဖြင့်
    လုလု

    ReplyDelete
  25. ဒီက ခံစားနေရတာတွေနဲ့ တော်တော်လေးတူလို့ ဒီပို့စ်လေး ရေးလို့ ကျေးဇူးပါပဲကွယ်...
    ကျေးဇူးပဲ မမKOMရယ်...
    ကျေးဇူးပဲ...

    (ဒီမှာ ခုတလော ရေးတောင် မရေးဖြစ်လို့)

    ReplyDelete
  26. နဲနဲကြာလာတယ်။ ဘလော့စွဲသွားတယ်။ သဲကြီးမဲကြီးဖြစ်လာတယ်။ နေ့လဲ ဘလော့ ညလဲ ဘလော့ဖြစ်လာတယ်။ ခွင့်ကိုးရက်ယူပြီး အိမ်မှာဘဲထိုင်ပြီး ဘလော့ နေတဲ့ အဖြစ်ဖြစ်လာတယ်။ အပြင်သွားဘို့ စိတ်ကူးမရှိဘူး. သူငယ်ချင်းနဲ့ စကားပြောဘို့ စိတ်ကူးမရှိဘူး ဘလော့ဘဲရေးချင်တယ။် ဘလော့ဘဲဖတ်ချင်တယ်။ ဘလော့ထဲ့ သိတဲ့သူငယ်ချင်းနဲ့ဘဲစကားပြောချင်တယ်။ ကွန်ပြူတာကြီးကို ဘဲသဲကြီး မဲကြီးစိုက်ကြည့်နေမိတယ်။ အလကားနေရင်း refresh လုပ်နေမိတယ။်

    ကျနော်လည်းအဲ့ဒိလိုဖြစ်ဖူးတယ်။ စိတ်ငြိမ်ဆေး မသောက်ရတာကံကောင်း။ ဘေးကလူကပြောတယ် နင်က သေမှာစိုးလို့သာ ထမင်းသွားစားတာတဲ့လေ :D

    ကွန်ပြူတာကို စိုက်ကြည့်ပြီး Refresh လုပ်နေတဲ့ လူတစ်ယောက်ကို တွေ့ရင် သိလိုက်ပါ။ အဲ့ဒါ စိတ်ပျံ့လွင့် နေတာလို့လေ။ :)


    ရေးချင်တာရေးပါ။ စာဖတ်တယ်ဆိုတာ စိတ်ကြည်လင်အောင်လုပ်တဲ့ အလုပ်တစ်မျိုးပဲလို့ ကျွန်တော်ကတော့ ယူဆတယ်။ ဘာအကြောင်းပဲဖြစ်ဖြစ် စိတ်ဖိစီးမှု့တွေကို လျော့ပါးစေရင် ကောင်းတာပါပဲ။

    ReplyDelete
  27. ဒီတစ်ခါပြောပြီးရင် နောက်တစ်ခါ ပြောဘို့ ရှိလာမှာပဲ၊ နောက်တစ်ခါ ပြောပြီးရင်လဲ နောက်ထပ်တစ်ခါ….. ပြောချင်တာတွေပြောလို့ ကုန်မှာ မဟုတ်ပါဘူး၊ ဆိုင်ထိုင်တဲ့  ယဉ်ကျေးမူ့ ဆိုလား။
    ဒီတစ်ခါရေး ပြီးရင် နောက်တစ်ခါ ရေးဘို့ ရှိလာမှာပဲ၊ နောက်တစ်ခါ ရေးပြီးရင်လဲ နောက်ထပ်တစ်ခါ….. ရေးချင်တာတွေ ရေးလို့ ကုန်မှာ မဟုတ်ပါဘူး၊
    နှစ်နှစ်ကာကာပဲရေးရး၊ ရောက်တတ်ရာရာပဲရေးရေး၊ စပ်မိစပ်ရာပဲရေးရေး၊ ပေါက်တတ်ကရတွေပဲရေးရေး
    သိတာတွေပဲရေးရေး မသိတာတွေပဲရေးရေး၊ ဖြစ်ချင်တာတွေပဲရေးရေး မဖြစ်ချင်တာတွေပဲရေးရေး၊ ခံစားပြီးတော့ ပဲရေးရေး၊ မခံစားနဲ့ ပဲရေးရေး၊
    ဖတ်ချင်တဲ့ သူတွေကတော့ ဖတ်ကြမှာပဲ၊ ဖတ်ရာကနေကြိုက် လာတဲ့သူတွေလဲရှိမယ်၊ ဖတ်ရာကနေတိုက်ခိုက် လာတဲ့သူတွေလဲရှိမယ်၊
    ဖတ်ရာကနေ ရေးလာတဲ့သူတွေလဲရှိတယ်၊ ရေးလာရင်းနဲ့  ဖတ်လာသူတွေလဲရှိတယ်၊
    တစ်ချို့က ကြမ်းရမ်းမယ်၊ တစ်ချို့က သိမ်မွေ့ မယ်၊ တစ်ချို့က ရိုင်းစိုင်းမယ်၊ တစ်ချို့က ချစ်စရာကောင်းမယ်၊ တစ်ချို့က ကြားထဲမှာ။
    လူ့ အလို ဘယ်သူမှ မလိုက်နိုင်ဘူး။ လူ့ အလို ဘယ်လိုမှ မဖြည့်နိုင်ဘူး။

    ReplyDelete
  28. အမဘလော့ကို e ပိုက် အကြောင်းရေးတာက စပြီးစွဲသွားတာ.... အဟီး... ခင်ဘို့ကောင်းလွန်းလို့....

    ReplyDelete
  29. အစ်မရယ်... စုချစ်ဆို ဘယ်လို လုပ်မလဲ...
    ဘလော့တွေ တော်တော်များများတော့ လည်ဖြစ်ပါတယ်... ကော်မန့်က တခါတခါ ဘာရေးရမှန်း မသိလို့ဖတ်ပြီး ပြန်လှည့်လာတာကများတယ်... စိတ်ထဲ ခင်နေမိတဲ့ ဘလော့ဂါတွေ အများကြီးရှိပါတယ်။ သာပေမဲ့ စကားမပြောတတ်လို့ မပြောဖြစ်တာများတယ်...
    ကိုယ်ကလဲ သူများဘလော့ကို သိပ်ပြီး ကော်မန့် မရေးဖြစ်တော့ ကိုယ့်လဲ ဘယ်သူမှ လာမရေးကြဘူး...
    အဲဒီတော့ စုချစ် ဘလော့ဆို ကြည့်ပါလား...ဘယ်သူမှ မန့်မဲ့သူကို မရှိဘူး.... ခြောက်ကပ်နေတာပဲ... တခါတခါ ကိုယ့်ဘာသာ စဉ်းစားကြည့်တာ ... ကိုယ့်ဘလော့ လာဖတ်သူရော ရှိရဲ့လားလို့.... ကိုယ်ရေးနေတာတွေကရော အကျိုးရှိရဲ့လား တွေးနေမိပါရဲ့...

    ReplyDelete
  30. ကျွန်တော်ဆို ရေးချင်တာတွေ off-line ရေးထားတာ blog ပေါ်ကထက်တောင် ပိုများသေး.. :P, အခုတော့ မန်ယူရှုံးလို့ ရေးချင်စိတ်တွေ ပျောက်နေတယ်။ လာမယ့်နှစ်မှာ ပိုရေးနိုင်မယ် ထင်ရဲ့။ မန်ယူဖလားလေးလုံး ယူမှာဆိုတော့ ... :D။ comment တော့ မျှော်ပါဘူးဗျာ။ ကိုယ်လည်း ရေးချင်တာ ရေးတာ။ သူလည်းဖတ်ချင်တာ ဖတ်ပြီး ရေးသွားတာပဲ။ :)

    ReplyDelete
  31. မျှော်တယ်ဆိုလို့မန့်တာ.. သိပ်မန့်ချင်တာမဟုတ်ဘူး.. ဟွန့်... :p

    ReplyDelete
  32. တို့ က တော့  တို့ ကတော့ ...တို့ ကတော့  ဘာရေးရေး အမြဲတမ်းပဲ အားပေးနေပါမည်.....

    ReplyDelete
  33. အားပေးတယ် ...
    ရေးချင်တာ ရေးဖို့ကို ..
    စိတ်ဖြေချင်လို့
    ရေးပါတယ် ဆိုမှ
    အရမ်းတွေးတောပြီး သူများအတွက်ချည်း ဆိုရင်
    သိပ်မမိုက်ဘူးးး ..

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  34. မမဇွန့်ကိုပြောဖူးတယ်လေ...ကိုယ့်အတွက် ကိုယ်ရေးချင်တာရေးဖို့၊ သူများအတွက်မဟုတ်ဆိုတာ။ မမ ဘာရေးရေး... အမြဲဖတ်မယ်၊ မန့်မယ်...နော်။း)

    ReplyDelete
  35. မမ...
    တွေးမိတဲ့ အတွေးတွေ စဉ်းစားမိတာတွေ တူတူပါပဲ...။ အများကြီးဆက် တွေးမနေပါနဲ့တော့...
    ရေးချင်တာရေး... ပျော်သလိုရေး...
    စိတ်ချမ်းသာဖို့ အရေးကြီးပါတယ်...း))

    ReplyDelete
  36. အမြဲတမ်းလာလည်တယ်။ ဘာရေးရေးဖတ်မှာပဲ။ ရေးချလိုက်စမ်းဘာာာာာာာာာာာာ----------။
    ဝေနိုင်

    ReplyDelete
  37. ဖတ်ပြီးတော့ အသံထွက်အောင် အော်ရယ်မိတယ်
    အဖြစ်တွေက တူနေသလားလို့လေ
    ဘလော့ကိုစွဲကြတာချင်းက ဘလော့ဂါတွေအားလုံး ဒီလိုချည်းဘဲထင်ပါတယ်နော်..
    ခွင့်တော့ကိုးရက်မယူမိဘူး အစ်မရယ်
    ဘလော့ကြောင့် ရူးယုံတင်မဟုတ်ဘူး...
    တော်ကြာ ထမင်းငတ်မှာစိုးလို့း)း)
    အရမ်းကို သဘောကျသွားပါတယ်... ဒီပိုစ့်ကို

    ReplyDelete
  38. ကိုယ်တိုင်မရေးခင်ကတည်းကအစ်မ
    ဘလော့ကိုနေ့တိုင်းနီးပါးဖတ်ဖြစ်ခဲ့တာပါ။
    ကွန်မန့်ကတော့ မပေးဖူးသလောက်ပါဘဲ။
    အစ်မ ခွန့်ဆီလာလည်တော့ အရမ်းဝမ်းသာသွားတယ်။
    နောက်ကိုလည်းအမြဲလာဖတ်မှာပါ။
    ကိုယ်ယုံကြည်ရာပေါ့အစ်မရယ်။ရေးသာရေးပါ။

    ခင်မင်လေးစားလျက်
    ခွန်သဒ္ဒါ

    ReplyDelete
  39. ပျော်သလို..နေ.....ပါ.....ကွယ်....

    ReplyDelete
  40. မမkom ရေးသာရေး ဖတ်၇မှာဘဲ အမြဲရေးလို ပြော၇တာတောင် အားနာထှာ

    ReplyDelete
  41. ရေးချင်ရာ ရေးတော့မယ် ဆိုလို့ အရင်ကရော ရေးချင်ရာ မရေးနေခဲ့လို့လား။ ဒီလောက် ဟန်မဆောင်တတ်ဘဲ ရိုးသားပြီး ပွင့်လင်းတာ၊ ဒါကြောင့်လဲ လူတွေက ချစ်ခင်တာ။
    ဒါများ ခုမှပဲ ရေးချင်တာ ရေးရတော့ မလိုလို..ဟားဟား.. ရေးမှာသာ ရေးစမ်းပါလေ..ဒီမှာ အကြည်ဓာတ် လိုနေလို့..။

    ReplyDelete
  42. ဏီလင်းညိုApril 10, 2010 at 8:06 AM

    မကြီးရေ.....
    ကော်မန့်အများကြီးပေမယ့် ၀င်ရေးသွားသေးတယ်....။
    ရေးချင်တာကို စိတ်ပျော်တာကိုသာရေးပါခင်ဗျ.....။
    နှစ်သစ်မှာ အများကြီးပျော်ပါစေဗျာ.......း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  43. ဏီဏီပြောသလိုပဲ အမကွန်မန့်တွေအများကြီးထဲကပဲ ထပ်ပြီးမန့်လိုက်ပါတယ်...။ အမရေးသမျှ အကုန်ဖတ်မယ် စိတ်ချမ်းသာ သာရေးတော့..။
    ညီမလဲ အဲလိုပဲ ကိုယ်ရေးချင်တာပဲရေးတယ် ပရိတ်သတ်ကို သိပ်အားမနာတတ်ဘူး ဒါကြောင့်ထင်တယ် ကွန်မန့်ကို လေးငါးခုထက်တစ်ခါမှပိုမရဖူးဘူး...း)

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  44. စိတ်မပူပါနဲ့ မမရယ်...
    ချိုကုတ်ရှိရာ ချိုကုတ်လာလိမ့်မပေါ့....ခိခိ...:)

    ReplyDelete
  45. အားမနာပါနဲ့မမရ.. ရေးချင်တာရေးပါ.. ဗစ်လိုဘဲ ပြောရင်တောင်ယုံချင်မှယုံမယ်.. ရုံးရောက်လို့ ဂျီမေးလ်ဖွင့်ပီးတာနဲ့မမဘလော့ရယ် ဗစ်စီဘောက်ရင်ဖွင့်ကြည့်တာအရင် ပီးမှမေလေးဘလော့ကိုကြည့်ဖြစ်တာ အခုတလောဆိုပိုဆိုးသေး..တခါတလေကိုယ်ဘလော့တောင်တနေကုန်မဖွင့်ဖြစ်တာရှိသေး..
    မမကိုစိတ်ထဲအမြဲအားကျချီးကျူးနေတာ..ဘယ်လိုလာတိုက်ခိုက်နေနေ ဆက်ရေးရဲတယ် စိတ်ဓါတ်ခိုင်မာတယ်..မေလေးကတော့ ဘာမဟုတ်တဲ့လူတစ်ယောက်ကြောင့် ကြောက်လန့်ပီးဘလော့ပိတ်မိသေးတယ်..ခုတော့စိတ်ကိုအတတ်နိုင်ဆုံးလွတ်လွတ်လပ်လပ်ထားထားတယ်..ရေးချင်တာဘဲရေးတော့မယ်လို့..မေလေးမမဆီကော့မန်မရေးတော့တာ ဘယ်မှာမှကော့မန့်မရေးတော့ဘူးလို့ အခိုက်အတန့်ဆုံးဖြတ်ထားလို့ပါ..နောက်မှပြန်ရေးတော့မယ်ဆိုပီးတွေးထားလို့..ဘလော့ပြန်ဖွင့်တာ နာမည်ကြီးချင်လို့ လူချစ်လူခင်များချင်လို့တဲ့ စွပ်စွဲချက်တွေဖြစ်လာမှာစိုးလို့ ဘလော့ကိုပြန်ဖွင့်ထားပေမဲ့ ဘလော့လည်ဖြစ်ပေမဲ့ တော်တော်များများခြေရာမချန်ဖြစ်တော့ဘူး...

    ဘာဘဲဖြစ်ဖြစ် မမအရေးအသားတွေကို ဘလော့မရေးခင်ထဲက ချစ်ခင်နှစ်သက်နေတဲ့သူတွေထဲ မေလေးလဲစာရင်းထည့်ပေးထားပါနော်...

    ReplyDelete
  46. ;O သြ အဲလိုတွေလည်း ရှိတတ်သလား။ ဘုမသိဘမသိနဲ့ ချိုကုတ်တစ်ကောင် လာလည်သွားပါတယ်။ ကတဲမှပဲ များလိုက်တဲ့ comment တွေ၊ မျက်နှာပွင့်တယ်ဆိုတာ ဒါမျိုးကိုး။

    ReplyDelete
  47. ရေးချင်တာရေးပါ။ you စိတ်ချမ်းသာရင် ရပ်ရွာ အေးချမ်းတာ ပေါ့။ ဟီးဟီး

    ReplyDelete
  48. အမယ်မင်း.. နံပတ် ၆၃ ရောက်အော်..မနဲ အောက်ဆင်းရတယ်..( ဓါတ်လှေခါး နဲ့ကို ဆင်းယူရတယ်)

    မမကွန်ရယ်..အဲလိုပဲ..ဖြစ်ခဲ့ကြတယ်..ဖြစ်တတ်လာတယ်..ဖြစ်လာအုံးမယ်..
    အဟဲ..ဘလော့ သံသရာ စက်ဝန်း လေ..

    ReplyDelete