Thursday, July 15, 2010

ဟိုတွေး ဒီတွေး.

ခေါင်းတွေ ကိုက်တယ်။ ကိုက်ဆို အိပ်တာကလည်းနဲတာကိုး.။ အလုပ်လည်းပင်ပန်းတယ်။ ဒါလေးများ လူတိုင်း အဲလေ ဘောလ့ဂါတွေ အိပ်ရေးပျက်တာ အဆန်းလား။ ခေါင်းကိုက်တာ အဆန်းလားဖြစ်မယ်။ အလုပ်များတယ်လို့ပြောပြန်ရင်လဲလူတိုင်းအလုပ်များတယ် ဆိုမှာဘဲ။ ခဏခဏ ဘာဖြစ်လို့ ပိုစ်တင်တာလဲ . ဘလော့ကို ပေါ်လစ်ရှ်တိုက်လို့ပြောလဲခံရမှာပါဘဲ။ နဲနဲလဲ မှန်ပေတာကိုး. ။ လူမလာရင်ဘဲ မနေတတ်မထိုင်တတ်သလို. ။ ကွန်မက်တွေရပ်သွားပြီဆိုရင်ဘဲ အသစ်တင်ရတော့မလိုလို. ဇက်တီ ပြောသလို ခေါင်းနစ်ဘက်  အဲလေ ခေါင်းထဲကို လက်နစ်ဘက် ထိုးမွေ့ပြီး ဘာဖြစ်သွားတာလဲ ဘာဖြစ်သွားတာလဲ လို့တတွတ်တွတ်ရွတ်ရမလိုဖြစ်တယ်။

 

ပိုစ်တွေ တင်ပြန်တော့ကော တက်လာလိုက်သမျ ပိုစ်တေါ ဆိုတာမနည်းဘူး.ထွက်သမျှ ဘလော့တွေဆိုတာ ဖတ်လို့မနိုင်တော့ဘူး ကိုယ်ကဘဲဖတ်အားကျသွားတာလား ဘလော့တွေ ကဘဲရေးအားတက် ဘလော့တွေဘဲ များလာတာလား။  ဘလော့ဆိုတာ ဘာလဲဆိုတာ အဓိပါယ်ဘဲမရှိတော့တာလား မစ်ယူစ်. တွေါများလာတာလား စကားတွေ လှည့်ပြောနေကြတာလား. သူကြေ့ပာတာ ကို ကိုယ်က သွားနားထောင်ပြိး သူက ပြန်ပြောတာကို ကိုယ်အဲလေ ကိုယ်ပြောတာကို သူက အလှည့် အပြန်အလှန်လာနားထောင်ပေးတာလား. ကိုယ်သွားမှ သူလာမှာလား. သူလာမှ ကိုယ်သွားမှာလား ကောင်းတယ်ချည်းဘြဲေ့ပာရမှာလား အပြစ်ပြောလို့မရဘူးလား ရင်ထဲရှိတာ ပြောလို့မရဘူးလား  

 

ကောင်းတယ်ဆိုတဲ့ဘလော့ဆိုတာဘာလဲ သုတပေးတာလား ရသပေးတာလားရေးချင်တာ ရေးတာလား. မြင်သမျှ ရိုက်တာလား. စကားတွေ ပြောချင်လို့ဘလော့လုပ်နေတာလား။ အရင်တုံ့းကလိုဖတ်လို့ကောင်းအောင်ရေးပါလား .ဆိုရင်လဲ .မရေးတတ်တော့ဘူး ပြန်ပြောရမှာဘ

49 comments:

  1. သိပ်မစဉ်းစားနဲ့ မမ.. ခေါင်းဖြူမယ်

    ReplyDelete
  2. ကိုယ်ရေးတဲ့စာကို လာဖတ်တော့ သူရေးတဲ့စာကို ကိုယ်လဲသွားဖတ်ဖြစ်တယ်လေ။ ဘလော့ဂါတွေက နယ်ပေါင်းစုံကဆိုတော့ သူတို့ရိုးရာယဉ်ကျေးမှုလေးတွေ သိခွင့်ရတာပေါ့။ အားနာလို့ဘဲ သွားဖတ်ဖတ်၊ ဖတ်ချင်လို့ဘဲ သွားဖတ်ဖတ် အားလုံးအဆင်ပြေပါတယ်။ ကျနော်ကတော့ ကျနော့်ဘလော့မှာ အပေါ်တက်လာတဲ့ ပို့စ်အသစ်တွေဆို ဖတ်လိုက်တာပါဘဲ။ ကိုယ်ရေးတဲ့စာကိုလဲ ဖတ်စေချင်တာကတော့ အမှန်ပါ။ ဒါပေမဲ့ မဖတ်ဘဲနဲ့ ကွန်မင့်ကို ရမ်းပေးထားခဲ့တာမျိုးတော့ သိပ်အဆင်မပြေလှဘူး။းဝ)

    ReplyDelete
  3. အင်း ကျမကတော့ ကိုယ်ရေးတဲ့စာ လာမဖတ်လဲ ကိုယ်ကြိုက်တဲ့စာဆို သွားဖတ်လိုက်တာပါပဲ။ မန့်တာကတော့ အခြေအနေအရ စိတ်ပါရင် ဒါမှမဟုတ် ရေးစရာရှိရင် မန့်လိုက်တယ်။ မခင်ဦးမေဆီကိုတော့ လာဖတ်ပေမဲ့ ရေးခဲတယ်။ တမျိုးမထင်ပါနဲ့ ရေးတဲ့လူများနေတော့ ကိုယ်မန့်တာ မတိုးမှာစိုးလို့ပါ။ ကိုကိုမောင်ပြောသလို မဖတ်ဘဲ ကွန်မန့်ကို ရမ်းပေးတာနဲ့စာရင် လုံးဝမမန့်တာကမှ ပိုကောင်းသေးတယ်နော်။

    ReplyDelete
  4. Happy Birthday မမကွမ်း

    ReplyDelete
  5. အခု က မမကွန်ရဲ့. . . .
    မဖတ်ဘူး ပြေးလွှားသွားပြီးတော့ . .
    အရမ်းကောင်းပါတယ် ၊ အရမ်းကို ခံစားရပါတယ် ၊ အားပေးနေပါတယ်နော် ၊ ကြိုက်တယ် ကြိုက်တယ် ဆိုပြီး ပြေးလွှားရေး ၊ ပြီးရင် ကျနော် ၊ ကျမ ဘလော့လေးကိုလည်း ပြန်လာလည်ပါနော်။ ဆိုတာတွေက များနေတာဗျ။ ကျနော်ကတော့ သေချာ မဖတ်ဖြစ်ရင် လုံးဝ မမန့်ဘူး။ မအားရင်လည်း မသွားဘူး။ ဒါဗြဲ. . .

    ReplyDelete
  6. အမမေဓာဝီပြောတာနဲ့အတူတူပါပဲ။

    မြတ်နိုး

    ReplyDelete
  7. HAPPY BIRTHDAY KOM.

    ReplyDelete
  8. ဘလော့တွေ များလာတာအမှန်ပဲ၊ အမ ရေးတာတွေလည်း အမှန်တွေပါပဲ

    ခင်မင်စွာဖြင့်

    ကကစ

    ReplyDelete
  9. ကျွန်တော်တော့ စာဖတ်တာ ဝါသနာ ပါလို့ ဖတ်တယ်။ ကိုယ့်ဆီလာလည်တာ မလည်တာ ဘယ်သူလာတယ် မလာတယ် သိတ်အရေးမကြီး.... ကိုယ်လဲ စိတ်ပါရင် အားရင် ရေးလိုက်တာပဲ။ ရင်ဖွင့် လိုက်ရရင် စိတ်က ပေါ့သွားတာကိုးးးးးး
    ကိုယ့်ကို ခင်လို့ ရေးတဲ့ comment၊ ဆိုလဲ ပျော်ရတာပေါ့။ အသားလွတ် မုန်းလို့ ရေးတဲ့ comment ဆိုလဲ ဘာမှ တုန့်ပြန်မနေတော့ဘူး။
    ဟိုဖက်က blogger ရွှန်းမီ ဆီက သင်ထားတာ..:P
    ကိုယ်ရေးတဲ့ comment လဲ အဲလိုပဲ အမရေ...
    စိတ်ပါရင် ရေးတယ်။
    တခါတလေ ကြိုက်လို့ ရေးတယ်။
    တခါတလေ ပျော်လို့ ရေးတယ်။
    တခါတလေ ရေးတဲ့လူကို ခင်လို့ ချစ်လို့ ရေးတယ်။ တခါတလေတော့လဲ အမှတ်တရ အနေနဲ့ ရေးတယ်။
    တခါတလေတော့လဲ ကြိုက်ရဲ့သားနဲ့ အချိန်မရလို့၊ မြန်မာဖောင့် ရိုက်မရလို့၊ comment ရေးမရလို့၊ ပျင်းလို့ မရေးဖြစ်ဘူးဗျ။ စာကတော့ မဖတ်ရရင် လုံးဝ(လုံးဝ) နေလို့ မရတာဗျို့....
    တခါတလေ ၃၊၄၊၅ လ စာလုံးဝ ဖတ်ခွင့် မရတာတွေလဲ ကြုံဘူးတယ်..... သေချင်စော်ကို နံနေတာပဲ.... ဘိန်းစား ဆေးပြတ်သလိုလေ..:D

    ReplyDelete
  10. မKOM၇ယ်.ခေါင်းဖြူအောင်သိပ်မစဉ်းစားနဲ့လေ..
    ဘလော့ဆိုတာစိတ်အပန်းဖြေတာပါပဲ.။
    ကိုယ်လုပ်ချင်တာ....
    လောလောဆယ်အလုပ်ထဲကခေါင်းစားတာတွေ
    နဲနဲပဲလျော့လျော့နောက်ကမ္ဘာတခုမှာပျော်ခွင့်၇တာ...
    လွန်ခဲ့တဲ့အနှစ်၂၀ကျောင်းတက်တုံးကဒီလိုမျိုးပျော်ဖို့ဆိုတာ
    စိတ်တောင်မကူးမိဘူးမဟုတ်လား ?
    ကိုယ့်စိတ်ကလေးအပန်းပြေ၇င်ပြီးေ၇ာပေါ့။
    ညလဲစောစောအိပ်.အလုပ်ထဲမှာငိုက်၇င်
    သိတယ်ဟုတ်..ဟဟ
    ခင်မင်မှုဖြင့်

    ရွှေဘရူနိုင်း

    ReplyDelete
  11. ဒီလို ခပ်ဘွင်းဘွင်းပြောတတ်တာတွေကြောင့် KOM ကိုရေလည်သဘောကျ၏။း))


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  12. ပြတ်ပြတ်စုန်းပြူးJuly 15, 2010 at 8:23 AM

    မရေးပဲ ရာသက်ပန် အနားယူလိုက်ရင် အကောင်းဆုံးပဲ။

    နင် ထွက်သွားတော့

    နင် ထွက်သွားလိုက်တော့


    ပြတ်ပြတ်စုန်းပြူး

    ReplyDelete
  13. Happy Birthday Ma Ma,

    Wish you may have Healthy, Happy & Lucky on the way of Life with KMSL !

    Don't be stress urself for new post Ma ! If no new post in ur blog, we can go back & read the old posts.

    with LOVE,

    thandar lwin.

    ReplyDelete
  14. ဘာလို့ မမကို ဟက်ပီးဘက်သ်ဒေးဝစ်ရှ်တွေ လာလုပ်နေကြတာလဲ.. thinking

    http://khinoomay77.blogspot.com/2009/12/16-december.html

    http://khinoomay77.blogspot.com/2008/12/birthday.html

    ReplyDelete
  15. ဘာရေးရေး ဘာဖတ်ဖတ် မမကွန် သဘော။

    ReplyDelete
  16. မေဓာဝီ said...
    အင်း ကျမကတော့ ကိုယ်ရေးတဲ့စာ လာမဖတ်လဲ ကိုယ်ကြိုက်တဲ့စာဆို သွားဖတ်လိုက်တာပါပဲ။ မန့်တာကတော့ အခြေအနေအရ စိတ်ပါရင် ဒါမှမဟုတ် ရေးစရာရှိရင် မန့်လိုက်တယ်။

    မမေဓါဝီ ပြောသလိုပဲ....
    တခါတလေတော့ မန့်ချင်ပေမယ့် အချိန်မရလို့ နောက်ရက်မှ ပေါင်းမန့်တာမျိုးလဲ ရှိသေးတယ်

    မမဆီလာလည်တာလဲ ခင်လို့လာလည်တာပါ.... မမြင်ဖူးပဲ ခင်နေရောလား မေးရင်လဲ ခင်ပါတယ်... မမြင်ဖူးပေမယ့် အရမ်းခင်ပါတယ်.. တခြား ဘလော့ဂါမမတွေကိုလဲ မမြင်ဖူးပေမယ့် ခင်တဲ့လူတွေရှိတယ်.... ငယ်ငယ်တုန်းက pen friend တွေလိုမျိုးပေါ့... ဒါပေမယ့် ပူးတေက chatting လုပ်တာတော့ ဝါသနာမပါဘူး...
    အရမ်းမတွေးပါနဲ့ မမရယ်... နေကောင်းအောင်နေ။ ပျော်အောင်နေနော်...:)

    ReplyDelete
  17. ကိုဇော် ပြော သလိုပဲ။

    ReplyDelete
  18. ဘတ်ဒေးဝှစ် တွေ တွေ့တော့ မျက်စိတောင် လည်လို့

    ReplyDelete
  19. ဖတ်ဖြစ်တာက ပိုများသည်၊ ဖတ်တာတောင်မှ နောက်ကျမှ ဖတ်ဖြစ်သည်၊ ကိုယ်ဟာနဲ့ကိုယ်ပါပဲ…..ဖတ်..ရေး..တွေး..မန့်……

    ReplyDelete
  20. ကိုယ့်ဆီ မလာစေချင်တဲ့ သူက
    အလိုက်ကန်းဆိုးမသိ ကော့မန့် လာလာရေးတဲ့ခါ ဘလော့ရှင်က စိတ်ရှုတ်တယ်ထင်တယ်။

    ReplyDelete
  21. ကိုယ်ပိုင်နေရာမှာ လွတ်လပ်စွာ တွေးခွင့်၊ရေးခွင့် ရှိပါတယ်။ရေးချင်တာရေးပါ။ဘာရေးရေးအားပေးပါတယ်။

    ReplyDelete
  22. ကိုယ်ပိုင်နေရာမှာ လွတ်လပ်စွာ တွေးခွင့်၊ရေးခွင့် ရှိပါတယ်။ရေးချင်တာရေးပါ။ဘာရေးရေးအားပေးပါတယ်။

    ReplyDelete
  23. ကိုယ်ပိုင်နေရာမှာ လွတ်လပ်စွာ တွေးခွင့်၊ရေးခွင့် ရှိပါတယ်။ရေးချင်တာရေးပါ။ဘာရေးရေးအားပေးပါတယ်။

    ReplyDelete
  24. မခင်ဦးမေ
    ခေါင်းကိုက်တာချင်းတော့ အတူတူပဲ။ ကျွန်မက ပြဿနာလာရှာခံရတာကို ပြန်ဖြေရှင်းရတာနဲ့ အချိန်ကုန်နေလို့ ဆိုတော့ ကိုက်ရတဲ့အကြောင်းရင်းတော့ တူမှာမဟုတ်ဘူး။
    မခင်ဦးမေ C-Box မှာ ကျွန်မနာမည်နဲ့ ပေါက်ကရတွေ ရေးထားတာ တွေ့ပြီးနောက်ပိုင်း မခင်ဦးမေဘလော့ဂ်မှာ ကျွန်မ နှုတ်မဆက်ဖြစ်ပေမဲ့ ရောက်တော့ ရောက်ပါတယ်။ မှတ်ချက်ရေးရင်တော့ အသေအချာ ဖတ်ပြီးမှ ရေးတာပဲ များပါတယ်။ ကျွန်မက ကြိုက်တဲ့ ပို့စ်တွေဆိုရင် ကျွန်မဆီ ဘယ်တုန်းကမှ မလာတဲ့ဘလော့ဂ်တွေကိုလည်း သွားဖတ်တယ်။ အခုလတ်တလော အခြေအနေကလွဲရင် ကျွန်မဆီကို ရောက်လာသူတွေဆီကိုကျတော့ အတတ်နိုင်ဆုံး ရောက်အောင် ပြန်သွားတာပဲ များပါတယ်။ အခုလောလောဆယ်တော့ မတင်ရင်မဖြစ်လို့ အချိန်လုပြီး ပို့စ်တင်လိုက်ရပေမဲ့ သူများဆီ ပြန်သွားဖို့ အချိန်မရ ဖြစ်နေပါတယ်။ ခါတိုင်းဆိုရင်တော့ ရောက်ဖြစ်ပါတယ်။ မခင်ဦးမေ ဘလော့ဂ်ကို ကျွန်မ မလာလည်း အိမ်ကတယောက်တော့ အမြဲရောက်ပြီး တခါတလေ တခွိခွိနဲ့ ရယ်နေတာတော့ တွေ့တယ်။ သူက ပေါ့ပေါ့ပါးပါး စာတွေကို ကြိုက်တယ်ဆိုတော့ သူ့ကို ကျွန်မကိုယ်စား ဘလော့ဂ်လွှတ်ပြီး အားပေးခိုင်းထားပါတယ်နော့်။

    ReplyDelete
  25. ညည..စောစောအိပ်ပေါ့မမ..



    Xထုံ

    ReplyDelete
  26. အင်း...ခင်ဦးမေပြောတာ စဉ်းစားစရာပဲ...အကောင်းဆုံးကတော့ကိုယ်စိတ်ကြိုက်တွေ့တဲ့ blog လေးတွေမှတ်ထားပြီး သွားဖတ်တာပဲ ကောင်းမယ်ထင်တယ်...သေတ္တာမှောက်လိုက်ဖတ်ဖို့ဆိုတာ အချိန်တော်တော်ပေးရမယ့် ကိစ္စပဲလေ...အချိန်ပေးရရင်တော့ တစ်ခုခုပြန်ရချင်တာ လူ့သဘာဝမို့ တစ်ခါတစ်ခါ ဖတ်တဲ့သူတွေအတွက် ဘာမှပြန်မပေးနိုင်ရင် blogger တာဝန်မကျေဘူးပေါ့...

    ReplyDelete
  27. ကျွန်တော်တော့ ဝါသနာပါလို့ဖတ်ပါတယ်
    ဝါသနာပါလို့ ရေးပါတယ်
    ကွန်မန့်ကတော့ သဘောကျတာရှိတော့လည်း သဘောကျ
    ပါသည်ပေါ့၊အမြင်မတူတော့လည်း မတူတဲ့အကြောင်းတွေ
    ဆွေးနွေးမေးမြန်း သည်ပေါ့။ဘလော့တွေ များလာတော့
    လည်း ရွေးချယ်စရာတွေများလာတယ်လို့သဘောထား
    ပေါ့ အမရယ်...။ဘာမှ ပြဿနာမရှိလောက်ပါဘူး..နော့..။

    ReplyDelete
  28. အမရယ် ဘ၀ဆိုတာ တိုတိုလေး ၊ ဒါကြောင့်မို. ပျော်ပျော်နေပါ ၊

    ယဉ်ကျေးမူအရ အမလို. ခေါ်တာ စိတ်မဆိုးနဲ.နော် ၊ ကျွန်တော်အသက်ကို သိပြီးတဲ့အခါပေါ့ ၊

    ကျွန်တော်အသက်က ၅၇ နှစ်ပါ ၊

    ကျန်းမာရွှင်လန်းပါစေ ၊

    ReplyDelete
  29. မခင်ဦးမေ ခေါင်းကိုက်ယင်ဆေးသောက်
    အိပ်ချိန် နဲနဲတိုးလိုက်။
    ဘလော့ဂ် လဲ သင့်တင်မျှတ အောင်ရေး
    ရှဥ့်လဲ စွဲသာ ပျားလဲ လျှောက်သာပေါ့ဗျာ။
    သူကြိုက်တာ သူရေးတာ၊ ကိုယ်ကြိုက်တာ ကိုယ်ရေး
    တာ မို့  လွတ်လပ်စွာကွဲလွဲခွင့်ပေးလိုက်ပါ။
    အားယင်လျှောက်လည်ပေါ့။မအားတော့လဲ နောက်တခါ
    သွားပေါ့။
    ကွန်မန့် က လဲ ကိုဘွိုင်းဇ် ပြောသလိုပါပဲ။

    ReplyDelete
  30. မောင်မျိုးJuly 15, 2010 at 8:54 PM

    ဘလော့ဆိုတာ စာလုံးပေါင်းတွေမှားလည်း ဂရုစိုက်စရာမလိုတဲ့ နေရာပေါ့း) ကျနော်ဆို အဲ့လိုပဲ ခဏခဏ မှားတယ် ။

    ReplyDelete
  31. မမ
    ပြောရင်လည်း အလွန်ဖြစ်မယ်။
    ရှိသမျှ ဘလော့ အကုန် လိုက်ဖတ်တာမျိုးတော့ တားချင်မိတယ်။ အချိန်ကုန်တာနဲ့ ကာမိမှာ မဟုတ်ဘူး ထင်လို့။

    ReplyDelete
  32. ခေါင်းထဲကို လက်နစ်ဘက် ထိုးမွေ့ပြီး ဘာဖြစ်သွားတာလဲ ဘာဖြစ်သွားတာလဲ လို့တတွတ်တွတ်ရွတ်ရမလို..
    အဲ့လိုကြီးတော့မလုပ်ပါနဲ့း)

    green fingers

    ReplyDelete
  33. ကွန်မန့်တွေ ပြန်လာဖတ်တာ။
    အပေါ်မှာ မောင်မောင်ရေးတဲ့
    ရှဥ့်လဲစွဲသာ ပျားလဲလျှောက်သာကို မျက်စိထဲ မြင်ယောင်ပြီး ရယ်သွားတယ်။
    ရှဥ့်ကြီးက သစ်ကိုင်းကို မလွှတ်တမ်း စွဲပြီး ဖက်လို့။
    ပျားတွေကတော့ ခပ်တည်တည် ခါးလေးထောက်ပြီး လမ်းလျှောက်လို့။ ဟိဟိ။

    ReplyDelete
  34. လူဆိုတာကိုယ်ပိုင်အရည်ချင်းလေးတော့ရှိတက်ကြတယ်။ကျွှန်တော်ကတော့ဘယ်ဘလော့လ်မဆိုကိုယ်ကယူတက်ရင်ဗဟုသုတရစရာကြီးလို့မြင်မိပါတယ်(ပျော်ရွှင်ပါစေ(ဖိုးသား)

    ReplyDelete
  35. နည်းနည်းတော့ ဂေါက်နေလောက်ပြီ


    သရဲ

    ReplyDelete

  36. ဘာမှသိပ်မစဉ်းစားနဲ့သိလား
    (ရင်ထဲရှိတာ ပြောလို့မရဘူးလား(
    တကယ်တော့မဘလော့ဂ်ကိုဖတ်တယ်ဆိုတာ
    မက ရင်ထဲရှိတာတွေ လျှောက်ရေးထားလို့ကိုကြိုက်တာ
    အဲဒီ့တခုတည်းနဲ့တင် တခြားသုတတို့ ရသတို့ ဘာမှမစဉ်းစားနဲ့ရတယ်။
    အမြဲတွေးဖူးတယ်။ မအရင်ကဖြစ်ခဲ့တဲ့cirticize လုပ်ခံရတဲ့အဖြစ်တွေကော
    ဒါပေမဲ့နိုင်ငံရပ်ခြားမှာရောက်နေသူအိမ်ဝေးမြန်မာတွေအတွက် ဘလော့ဂ်ဆိုတာ ဘာထက်မဆို စိတ်အပမ်းနဲ့အလွမ်းဖြေခြင်းက အဓိကကြီးမားတဲ့အထောက်ကူပေးတယ်။ နေ့စဉ် ဆက်ရုံးကန်ရှင်သန်သွားဖို့ ခွန်အားသစ်တွေဖြစ်စေတယ်။ ဒါကြောင့် မရဲ့ ရင်ထဲရှိတာ ရေးချင်ရာရေးနေတာကိုက ခံစားတတ်သူတွေအတွက် ရသလည်းဖြစ်တယ် သုတလည်း ဖြစ်တာမျိုးရှိတယ်။ ဒါကြောင့် ပေးသူ နှင့် ယူသူ တဖက်က သူ့ဟာသူအဓိပါယ်ဖော်ဆောင်ပြီးယူတာမို့ ကိုယ့်အပိုင်းမဟုတ်သလို အမမတွေးနဲ့စိတ်ရှုပ်တယ်။
    အနည်းဆုံး ဘလော့ဂ်ရေးလို့ ကိုယ့်ဘာသာအပမ်းပြေတယ် ပျော်ရွှင်ရတယ် ဆိုရင်တောင် အမဘလော့ဂ်လေးဟာ တစ်ဦးတယောက်ကိုတော့ အနည်းဆုံးအကျိုးပြုနေတာပဲလေ။ အမရေးတာတွေဖတ်ပြီး ပုတ်ခတ်တာတွေ မပါဘူး တခြားတယောက်ယောက်က စိတ်မညစ်သွားရဘူး ဆိုတာလေးနဲ့တင် အမဘလော့ဂ်ရဲ့ ရပ်တည်မှုကအ`ဓိပါယ်ရှိနေပြီလေ။ ညီမက မြန်မာစာစာပေပျက်စီးမှုတို့ စာဖတ်သူကိုလေးစားရမယ်တို့ အဲလိုစကားလုံးကြီးကြီးတွေ စိတ်မ၀င်စားသလို ခေါင်းထဲလည်းမထည့်ဘူး။ သေချာတာက လူတိုင်း ပါမောက္ခတို့ ပရော်ဖက်ဆာတို့ ပါရဂူတို့တောင် စာစသင်ခါစ က ခ နဲ့ အမှားပေါင်းများစွာနဲ့စခဲ့ရသေးတာပဲ။ ကိုယ်လုပ်စရာရှိတာလုပ် သူများမထိခိုက်ရင်ပြီးရော ပျော်အောင်နေ သိလား။
    ချစ်တဲ့
    ညီမ

    ReplyDelete
  37. မမ စိတ်ထဲရှိတာ ရေးပါ...

    ReplyDelete
  38. ခင်အူးမေ ဘလော့သည်သာလျှင် အကောင်းဆုံး

    ReplyDelete
  39. ညီမ ရေ

    မမေဓါဝီ နဲ့ ညီမ မြတ်နိုး ပြောတဲ့ အတိုင်းဘဲနော်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  40. ညီမတော့ စာဖတ်များသူမို့
    ကိုယ့်စာလာဖတ်သည်ဖြစ်စေ လာမဖတ်သည်ဖြစ်စေ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာမျိုး.. ဒါမှမဟုတ် ဖတ်ချင်ဖွယ်ရာလေးတွေ ရှိနေတာမျိုးဆိုရင် သွားသွားဖတ်ပါတယ်.. ကိုယ်လက်လှမ်းမှီတဲ့ ဘလော့တွေ တော်တော်များများကိုဖတ်ဖြစ်တယ်..
    ဖတ်ဖြစ်ခဲ့ရင်တော့ ကော်မန့်ချန်ထားဖြစ်ခဲ့ပါတယ်... ထမင်းဟင်းချက်နည်းတင်တဲ့ဘလော့ပါမကျန်ကိုယ်စိတ်ဝင်စားတဲ့ဟင်းဆိုရင်သွားဖတ်တာပါဘဲ... အားလုံးဟာ သူ့နည်းနဲ့သူတော့ ကောင်းနေကြတာပါဘဲ.. ရေးသူတိုင်းမှာ အားထုတ်မှု တစ်ခုခုတော့ ရှိနေကြပါတယ်..

    ReplyDelete
  41. ကောင်းတယ်ချည်းဘြဲေ့ပာရမှာလား အပြစ်ပြောလို့မရဘူးလား ရင်ထဲရှိတာ ပြောလို့မရဘူးလား ။
    မှန်တယ်မကြီးရေ။

    ReplyDelete
  42. ကောင်းတယ်ချည်းဘြဲေ့ပာရမှာလား အပြစ်ပြောလို့မရဘူးလား ရင်ထဲရှိတာ ပြောလို့မရဘူးလား ။
    မှန်တယ်မကြီးရေ။

    ReplyDelete
  43. ကွန်.မန်.တွေများလိုက်တာ .......

    နေမကောင်းတဲ့ လူမမာ ကိုလာရောက် အားပေးနေသလိုပါပဲ စိတ်ဓါတ်ကျနေတဲ့ ဘလော့ဂါကို အားပေးနေကြတာပါ ၊

    အမှန်တော့ ဘလော့တစ်ခုမှာ ဘလော့ဂါ (ပို.စ်ရေးသူ) ၊ ကွန်.မန်.ပေးသူအချင်းချင်းဟာ ပေါင်းစည်းရာ သုံးပွင့်ဆိုင် တံတားသဖွယ်ပါ ဗဟုသုတဖလှယ်တာလည်း ဖြစ်နိုင်ပါတယ်

    တစ်ခါတစ်လေကျတော့လည်း အမြင်မတူတဲ့အခါ ငြင်းကြ ၊ ခုံကြပေါ့ ၊ ပုထုဇဉ်လူသားတွေပဲ ဒီလောက်တော့ ရှိမှာပေါ့

    အမှန်တော့ ကွန်.မန်.တွေမှာ ကောင်းတာပဲ လို.ပြောတာ ၊ နုတ်ဆက်တာလောက်က ကောင်းတယ်လိုထင်ရပေမဲ့ ပြတ်ပြတ်စုန်းပြူး ၊ သရဲ တို.လို. ကွန်.မန်.မျိုး မရှိရင်လည်း ဆားမပါတဲ့ ဟင်းလို ဖြစ်နေမလား မသိဖူး

    ပြတ်ပြတ်စုန်းပြူး နှင့် သရဲ တို.ရဲ့ ကွန်.မန်.များက ရယ်ရတယ် ၊ ကြည့်ရတာ တစ်ယောက်တည်းလို.ထင်ရတယ်

    မှတ်ချက် ။ ရယ်တာ ထောက်ခံတာမဟုတ်ပါ

    ကျန်းမာရွှင်လန်းကြပါစေ

    ReplyDelete
  44. အစ်မကြီးရေ.....

    စာလေးကိုဖတ်......
    ကော်မန့်တွေကိုဖတ်ပြီး........
    ရယ်နေမိတယ်........။
    ဒီလိုပဲလေအစ်မကြီးရယ်......။
    ဒီလိုပဲလေနော့်......။
    ရေးအားတွေးအားကောင်းတဲ့ ဘလော့ဂ်လေးတွေများလာတော့ ပိုပျော်စရာကောင်းလာမှာပေါ့.........း))

    ခင်မင်ခြင်းအားဖြင့်......
    ဏီလင်းညို

    ReplyDelete
  45. တွေးချင်တာတွေး
    ရေးချင်ရာရေး
    ခေါင်းဖြူသွားလည်း ဆိုးဆေးဖိုးမကုန်ဘူးမှတ် :D

    ReplyDelete
  46. ဟုတ်တာလည်းမဟုတ်ဘူး...မရေးချင်ဘူးပြောပြီးလည်း ရေးတာပဲ..နေမကောင်းဘူးပြောပြီးလည်း ရေးတာပဲ..စိတ်မပါဘူးပြောပြီးလည်း ရေးတာပဲ...စိတ်ညစ်ပါတယ်လို့ ပြောပြီးလည်းရေးတာပဲ...

    နောက်ဆုံး ဘယ်လိုအကြောင်းပြချက်ပဲပြပြ ဆက်ရေးနေအုံးမှာပဲမဟုတ်လား...ဘာဖြစ်လို့များ ဒီလိုရေးလို့ ဟိုလိုရေးလို့ဆိုပြီး လျှောက်ပြောနေတာလဲ..

    ကိုရေးချင်တာရေးနေမှန်း ဘလော့လာဖူးသူတိုင်းသိနေတာပဲ...ဘယ်သူတွေက ဘာပြောနေလို့လဲ...
    အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အသက်ကြီးပြီး မရင့်ကျက်ချင်နေပါ...ဂေါက်တောက်တောက် ပေါကြောင်ကြောင်တော့ မဖြစ်သင့်ဘူး...

    ReplyDelete
  47. သုတ်ကြောင်ကြောင်တယ်ဆိုတာ ဒါမျိုးထင်ပါရဲ့။ အရူးချီးပန်းမြောက်နေကြတော့လဲ ရူးပါစေ ကြောင်ပါစေလေ။

    ReplyDelete
  48. ကွန်မန့်ကော်လက်လုပ်သူမို့ ရော့ဟဲ့ ၅၀မြောက် ကွန်မန့်။ ကျေနပ်ပလား ဟမ်

    ReplyDelete