Saturday, July 17, 2010

Tom Cruise and Cameron Diaz star in the action-comedy KNIGHT AND DAY

လေဆိပ်တစ်ခုမှာ တွမ်ခရုစ် က ဟိုကြည့်ဒီကြည့်ကြည့်နေတယ။် မျက်စိက ကျားရဲ.အဲ လေ စွန်ရဲသဖွယ် ပစ် မှတ် ကို လိုက်ရှာနေတယ။် ဟော တွေ့သွားပြီ မိန်းကလေးတစ်ယောက် ပြာရိပြာယာ နဲ့ လေဆိပ်ထဲကကို ဝင်လာတယ်။ လက်ထဲမှာလက်ဆွဲ အိတ် hand carry luggage တစ်ခုဘဲပါတယ်။ ခဏနေတော့ မမျှော်လင့်ဘဲ
နဲ့ တွမ်ခရုစ် က မတော်တဆတမင်ဝင်တိုက်မိတယ်။ ပစ္စည်းတွေ ကြဲပလားသွားတယ။်ပြန်ကောက်ပေးတယ။် စကားပြောကြတယ်။ ဘာတွေ ပြောသလဲ မမေးပါနဲ့ ကိုယ်လဲမသိဘူးထုံးစံအတိုင်း တောင်းပန်ပါတယ်နော် ကိစ္စမရှိပါဘူး ဖြစ်တတ်ပါတယ်။ နောက်ကိုသတိထားဦးမှ. တစ်ယောက်ထဲလား ဂရုစိုက်နော် အဲသလိုမျိုးတွေ ဘဲဖြစ်မှာပါ.ကိုယ့်ဘာသာကိုယ်နားလည်ယူ ဘာသြာ့ပန်လိုက်တယ်။

တစ်ခါ လေယဉ်ပေါ်မတက်ခင်မှာ ဝင်တိုက်ကြပြန်ရော တစ်ခါ.တောင်းပန်ကြပြန်ရောတစ်ခါ ဘာဘဲ ဖြစ်ဖြစ်ခင်သွားတာပေါ့။ အကြံရတယ်။နောက်တစ်ခါ လေဆိပ်ဆင်းရင် ဘာမှ မသယ်ဘဲနဲ့ အိတ်တစ်လုံးဘဲသယ်ပြီးနောက်ကျမှသွားမယ်။ အဲသလိုပြာယာပြာယာ အိုက်တင်လုပ်မယ် တစ်စုံတစ်ယောက်က ဝင်တိုက်ရငသူငယ်ချင်းဖြစ်ရတာပေါ့ မဟုတ်ရင် လောကကြီးက ပျင်းစရာကြီး.။ မတိုက်တော့လဲဘာဖြစ်လဲ ဘယ်သူသိတာမှတ်လို့။

မိန်းကလေးများငယ်စဉ်ကာလမှ သိတ်ရှက်တတ်ပြီး ကြီးလာရင်. ..အဲလေမိန်းကလေးများလို့ပြောရင် အမှုကြီးမယ် ကိုယ်ဘဲဆိုပါစို့ အသက်ငယ်တုံးကရှက်တတ်သလောက် အခုကြီးလာတော့မရှက်တတ်တော့ဘူး။ ဟိုတုံးက ဖုံးဖုံးဖိဖိဝတ်ခဲ့သမျ အခု ဖော်တာတွေ ကြို့်တယ် ပေါ်လေ. ကြိုက်လေဘဲ။

ပုံပြင်လေးတောင်သတိရမိသေး.။ ရွာထဲမှာ လူဆိုးကြီးသောင်းကျန်းနေလို့တစ်ချို့မိန်းကလေးများက တံခါးသေချာပိတ်အိပ်ကြသတဲ့ တစ်ချို့ ကတော့တစ်ခါးဖွင့်အိပ်ကြသတဲ့။ ကိုယ်သာဆိုရင် ဖွင့်မလားပိတ်မလားဆိုတာကိုတော့မပြော့ပရစေနဲ့။

အဲသလိုနဲ့ လေယဉ်ပေါ်တက်ဘို့လုပ်ကြတယ်။ ကင်မရွန်ဒေစ် က seat မရသလိုဖြစ်တယ်။နောက်ဆုံးမှာတော့ seat ရသွားပြီး လေယဉ်ကြီးကောင်းကင်ပေါ်တက်သွားတယ်တစ်ယောက်ကို တစ်ယောက် အသိအမှတ် ပြုကြတယ် ထိုင်တာတော့အတူတူမထိုင်ကြဘူး။အရှေ့အနောက် လှမ်းစကားပြောကြတယ်။ ကိုယ်သာဆိုရင်လားး အတူတူသွားထိုင်မှာပါ.အေးလေ. စကားပြောတာဘဲ ဘာဖြစ်လဲ ကိုယ်က အော်မပြောတတ်ဘူး စကားပြောတာလဲခပ်တိုးတိုးဘဲ အိုက်တင်နဲ့ ကိုယ့်zif ကိုယ်ကြားရုံ လေနဲ့ ပြောတာဆိုတော့အကွာအဝေးက ဝေးလို့မဖြစ်ဘူး.

လက်တွေ့မှာလဲ ဘတ်စကားကားစောင်ဲရင်းနဲ့ မျက်မှန်း တန်းမိ တဲ့မြန်မာအစ်ကိုကြီးတစ်ယေညက်နဲ့ကောင်မလေးတစ်ယောက်နဲ့ရှိတယ်။ ပထမတော့သူတို့
ဘာသိ ဘာသာဘဲ. ကိုယ်ကိုယ်တိုင်က သူတို့ဘေးသွားထိုင်ပြီးစကားသွားစပြောတာ.အခုမှ စသိတဲ့သူတစ်ယောက်ကိုမိတ်ဆွေ ဖြစ်အောင်လုပ်ဘို့ဆိုတာကိုယ့်အတွ့်တော့မခဲယဥ်းလှပါဘူး. Custom service sector မှာလုပ်နေလို့လဲပါမှာပေါ့။ အဲသလိုဘဲ ရုပ်ရှုင်ကြည့်ရင် မင်းသမီးနေရာကနေကိုယ်က လိုက်ခံစားနေတာ . ကိုမဆလာက သတိပေးရတယ။် မင်းက မငိးသမီးမဟုတ်ဘူးမင်းသမီးအမေဖြစ်နေပြီလို့ဆိုတယ်. သူ့ဘာသာ သူ ဆိုလိုချင်တာဆု..ိ အဓိကကိုယ်စိတ်ချမ်းသာရင်ပြီးတာဘဲ။

လေယဉ်ကလည်းလူနဲနဲလေး ခဏနေတော့ ကင်မရွန်ဒေစ် က အိမ်သာ အဲလေ. gents.\ loo…..toilet ထဲဝင်ပြီး မိတ်ကပ်သွာဖို့တယ် .အခုခေတ်စားနေတဲ့ အီးမေလ်တွေပြန့်နေတဲ့ ရှေ့မျက်နာနောက်ထားတော်မူကြပါဆိုတွဲှ့ကားတထဲကမင်းသမီးလိုမျိုး. ဟိုပင့်ဒီပင့်လုပ်တယ်။ ပါးစပ်ထဲကို ဘာတေါညာတွေဖျန်းတယ်။

မင်းသားမင်းသမီးက နဲနဲတော့ကြီါ်ပြီလို့ ခလေးတွေကပြောချင်ရင်ပြောပေမဲ့ကိုယ့်အတွက် တော့အရင်အတုငိဘဲ နဲနဲအိုလာသွားတာကလွဲလို့ နစ်သက်နေတုံးဘဲ။ ငယ်ချစ်တွေကိုး..ဟိုတုံးက အဲသလိုဘဲ
သဘာဝဘေးအနရယ် အတွက်အလှုငွေ ကောက်တာ ထင်တယ် အစိမ်း ၁၀၀ လူရင် တွမ်ခရုစ်နဲ့ တယ်လီဖု့းန်ပြောခွင့်ရတယ်။အဲဒီခေတ်က နိုင်ငံခြားမရောက်သေးလို့ရောက်လို့များကတော့ လူလစ်တုံးသမလိုက်မယ်။

ပြီးတော့ လေယဉ်ပေါ်မှာ ပါလာတဲ့သူတွေ နဲ့ တွမ်ခရုစ် တိုက်ခိုက်ကြတယ်။မင်းသားဘဲနိုင်တာပေါ့ မေးနေရသေးလား လေယဉ်မယ်ရော လေယဉ်မောင်းတဲ့သူတွေရောအားလုံးရှုံးသွားတယ် အများနဲ့တစ်ယောက် တိုက်ခိုက်နေတဲ့အချိန်မှာကင်မရွန်ဒေစ် ကလည်း အပြတ်ရှိုင်းနေတယ်။ အခန်းထဲမှာ.. သူတွက်လာတော့တွမ်ခရုစ် က အအေးခွက်ကလေးနစ်ခွက် ကိုင်ပြီးစောင်ပြီး သောက်နေတယ်။
စကားတွေ ပြောကြတယ်။ သိတ်ပြောနိုင်ကြတာဘဲ ကိုယ်လဲနားမလည်တော့ခက်တယ်။ခဏနေတော့လေယဉ်ကြီးက မှောက်မလိုဖြစ်တယ်။အဲဒါနဲ့ တွမ်ခရုစ် ကနေလေယဉ်ဝင်မောင်းတယ်။ သူက လေယဉ်လဲမောင်းတတ်တယ်။ရုပ်ရှင်မို့လို့သာယုံလိုက်တယ်။ နောက်ဆုံး မြေပြင်ပေါ်ကို ထိုးဆိုက်ပြီးလေယဉ်လဲပျက်မတတ်ဖြစ်သွာတးယ် သူနဲ့သိခဲ့တာ မပြောနဲ့နော်လို့ တွမ်ခရုစ် ကမှာလိုက်တယ။် တွမ်ခရုစ် မှာလို့ကတော့ ကိုယ်ကတော့ခေါင်းညိတ်မှာဘဲ။

တစ်ခါရဲတွေ လိုက်လာတယ်. ကင်မရွန်ဒေစ် က သူလဲမသိဘူးလို့ခံငြင်းတာဘဲတွမ်ခရုစ် ရောက်လာပြီးကယ်ထုတ်သွားပြန်ရော ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိ.ရုပ်ရှင်မို့လို့ဘဲ။ ကြည့်လို့တော့ကောင်းပါတယ်။ မယုံရင် ထရေလာကိုဖွှုင့်ကြည့်ပါ။ ယူကျုမှာရှိတယ်။

ပြီးတဲ့သကာလကြတော့ တွမ်ခရုစ် က သူသွားမယ်တဲ့ ကင်မရွန်ဒေစ်ကိုလိုက်မလားလို့မေးတယ်။ နားလည်လို့ မဟုတ်ပါဘူး ခန့်မှန်းကြည့်တာခြေဟန်လက်ဟမ်တွေ နဲ့ ခန့်မှန်းကြည့်ရတာပေါ့။
သူို့ကိုယ်သူလက်ညိုးထိုးပြီး with me တဲ့ ။ နေခဲ့မယ်ဆိုရင် without meဆိုပြီး. ထွက်သွားပြီး ကားအကောင်းစားကြီးတစ်စီးပေါ်ကနေထိုင်ပြီးသွားစောင့်နေတယ။် ကင်မရွန်ဒေစ် ခမျာ ဝေခွဲရခက်နေရှာတယ်။နောက်ဆုံးတော့သိတတယ်မဟုတ်လား .ကိုယ့်လိုဘဲ သူလဲမငြင်းနိုင်ပါဘူး.ပါသွားတယ်။

ကင်မရွန်ဒေစ် လဲ အတော်ပိန်အောင်.အဲလေ ပိန်နေတယ။ ပိန်နေတော့ဘာဖြစ်သလဲ ..လှတာပေါ့။ ဝတ်လို့စားလို့လဲအဆင်ပြေတယ်။ အဲဒါနဲ့ပစ်ကြခတ်ကြ..နောက်ဆုံးမှာတော့ တွမ်ခရုစ်းး ကို ကင်မရွန်ဒေစ် က with me…… လား. Withoutme လား တစ်ပြန်မေးပြီး အပိုင်သိမ်းသွားတယ်. ဟင်း။ ………..

31 comments:

  1. တစ်...... စ်

းဝ)

    ReplyDelete
  2. without ဆိုတာ ထိုင်စရာထိုင်ခုံမရဘဲ လိုက်ရမယ်လို့ ပြောတာ မဟုတ်ဘူးလား...

းဝ)

    ReplyDelete
  3. မာမီလုပ်မှ မင်းသမီးလည်း gents ထဲ ရောက်တော့တယ်..
    မင်းသမီးအမေပို့တဲ့နေရာ မင်းသမီးရောက်သွားတာပေါ့လေ..

    ReplyDelete
  4. စောအိပ်မယ်ဆို..
    တံခါးပိတ်အိပ်ပါ..။

    ReplyDelete
  5. ဟားဟားဟား...
    ဒီကားကို ရုံတင်ပြီး ၂ ရက်နေ့တော့ နက်ထဲက ကြည့်လိုက်တယ်။ နောက်တော့ ရုံမှာ သွားကြည့်ပြီးတာ ကြာပေါ့။ သိတယ် မလား မမကွန်. . . ဟဲဟဲ

    with me ?
    without me ?

    ReplyDelete
  6. ရှာကိရတို့ လေဒီဂါဂါတို့နှင့်စကားပြောခွင့်ရရင် တစ်မိနစ် ဘယ်လောက်ယူမလဲမသိဘူးနော် အမ။ ဟေတီငလျင်ဘေးအတွက် ရန်ပုံငွေအနေနဲ့ လုပ်ရင် ရနိုင်တယ်။းဝ)
    တွန်ခရုဇ်ဆိုရင်တော့ တာ့တားဝ)

    ReplyDelete
  7. အမရေ.....
    အခုလဲ အစိမ်း ၁၀၀ ပေးရင်
    ထွန်းခရုနဲ့ တယ်လီဖုန်းက စကားပြောရမယ်။
    ပေးမလား အမ...... :D :P

    ReplyDelete
  8. ဒါနဲ့နေပါဦး
    အခုကဇာတ်ကားလား
    မခင်ဦးမေလား

    ReplyDelete
  9. (အဲဒီခေတ်ကနိုင်ငံခြားမရောက်သေးလို့ရောက်လို့များကတော့လူလစ်တုံးသမလိုက်မယ်)

    မကွန်က တုံးခရုကို ဘယ်လိုသမ မလဲလို့  စဉ်းစားနေတယ်

    ReplyDelete
  10. ဒါမျိုးတွေမဖတ်ရတာကြာပီ။
    ကျေးဇူးမမရေ။

    ReplyDelete
  11. Tom Cruise က အပြင်မှာလည်း တစ်ကယ်လေယာဉ်မောင်းတတ်တယ်လို့ ဆိုပါတယ်

    ReplyDelete
  12. မမရေးတဲ့ ရုပ်ရှင် ရီဗျူးက ဖတ်လို့ကောင်းတယ်...
    ရုပ်ရှင်တကား ကြည့်ရင်း မမက နောက်တကားအတွက် ဇာတ်ညွှန်းရေးနေတော့ နှစ်ကား တပြိုင်ထဲ ကြည့်နေရသလိုပဲ... အဟိ

    ReplyDelete
  13. အင်း...မကြည့်ရသေးတော့ ဘာမှမပြောတတ်သေးဘူး...ရုပ်ရှင်ရုံမရှိတဲ့ဒေသရောက်နေတာဆိုတော့...

    ReplyDelete
  14. ရုပ်ရှင်ကားအကြောင်း ရေးထားတာ ဖတ်လို.ကောင်းပါတယ်

    ကျွန်တော်တစ်ခုတော့ပြောပါရစေ ၊

    အမရဲ့ ပို.စ်တစ်ခုလုံးရဲ့ စာပိုဒ်တိုင်းမှာ စာလုံးပေါင်းတွေအရမ်းမှားနေတယ်

    လူတိုင်း ဗမာစာရေးရင် မှားတတ်ပါတယ် ၊ ပို.စ်ရေးနေတာ ကျမ်းပြုနေတာ မဟုတ်ဖူးလို. စာလုံးပေါင်းမှားတာ ကိစ္စမရှိဖူးလို. ပြောနိုင်ပါတယ် ၊

    ဒါပေမဲ့ အမ ရေးတဲ့ စာလုံးပေါင်း အခြေအနေက တော်တော့်ကိုဆိုးပါတယ် ၊ အမ PC ရဲ. ဗမာ font ကြောင့်လားတော့ မသိဖူး

    ကျွန်တော် အမ ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာ မဟုတ်ပါ ၊ ခင်မင်စွာအကြံပြုတာဖြစ်ပါတယ် ၊ ကျွန်တော့် ကွန်.မန်.ကြောင့် အမ စိတ်ထိခိုက်ခဲ့ရင်လည်း ကြိုတင် တောင်းပန်အပ်ပါတယ် ၊

    အမရဲ့ ထောက်ခံသူတွေရဲ့ ငြိုငြင်မူကိုလည်း မျှော်လင့်မိပါရဲ့ ၊ မနေနိုင် မထိုင်နိုင် မန်.မိတာက ကိုယ့်အပြစ်ပါ

    ကျန်းမာရွှင်လန်းကြပါစေ ၊

    ReplyDelete
  15. မမက movie review နဲ့ မမအတွေးနဲ့ပါ mix လုပ်ပြီး ရေးသွားတော့ ဖတ်ရတာ တပြုံးပြုံးနဲ့ ပျော်ဖို့ကောင်းတယ်။

    ReplyDelete
  16. မင်းသား မင်းသမီး အတူတူကို နှစ်ကားကြည်.ရသလိုကိုဖြစ်တာ ...ကျေးဇူးမမ!!:))
    btw,မမတော်တော်ချစ်ဖို.ကောင်းတယ်။

    ReplyDelete
  17. ကုန်ခဲ့တဲ့ အပါတ်က ကြည့်ပြီးကြောင်း .. မကောင်းပါ။ နာမည်ကြီးမင်းသား မင်းသမီးများဖြင့် ရိုက်စားလုပ်ထားပါသည်။

    ReplyDelete
  18. ကိုကို ဒီဘီ
    မမက ရုပ်ရှင်ကား ကြည့်တာ မဟုတ်၊ Tom Cruise ကြည့်တာပါ။ Cameron တောင် မတတ်သာလို့ ကြည့်ရရှာတာ.. :D

    ReplyDelete
  19. ခရေဖြူJuly 17, 2010 at 11:59 AM

    ကြည့်ပြီးပါပြီ၊ ထင်သလောက်မကောင်းပါ မမကွန်ပြောသလိုပဲ ရုပ်ရှင်မို့လို့သာယုံလိုက်ရတာတွေများနေတယ်။
    ကိုယ်သာဆိုရင် ဖွင့်မလားပိတ်မလား - စေ့ရုံစေ့ထားတာကြာပါပြီ (တံခါးလေး စေ့ရုံပေါ့)
    ကားပေါှ်မာထိုင်သူကိုတော့ အသိသွားလုပ်တယ်၊ သူများတို့ကိုတော့ တခါမှ အသိလုပ်ဖော်မရ စင်ကားပူ မှာ တူတူနေပီး မသိရ မမြင်ရ
    ကိုကိုစန်း - မမကွန်က မှားနေကျ ဘယ်သူမှပြောမရ ပြင်မရလို့ လွှတ်ထားရတယ် ဟီး

    ReplyDelete
  20. ဒို့များသာ တွမ်ခရုဆိုရင်တော့ with me ဖြစ်ဖြစ် without me ဖြစ်ဖြစ် တစ်ပွဲ၊ နှစ်ပွဲလောက်တော့ကြမ်းပလိုက်မှာပဲ။


    ဟင်း... ဓါတ်ရှင်ပဲဟာကိုနော

    ကိုယ်ကမင်းသား... အသာကြီးကွယ်

    ReplyDelete
  21. ဟင်း... ဇာတ်လမ်းပြန်ပြောဖို့ဆို အရှည်ကြီးကို ရေးနိုင်တယ်...း))))


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  22. ခူးလ်းး !! ပိုစ့်ကို ဖတ်လိုက်ရတာ စိတ်ကိုလန်းဆန်းသွားတာပဲ ။ ဖတ်ရင်းနဲ့ရယ်နေမိတယ် ။ အဲလိုရုပ်ရှင်ရီဗျူးတွေ အဆင်သင့်ရင် ရေးပါဦး ။

    အလေးနီပြုလျက်
    ခမမ

    ReplyDelete
  23. အဲ့ကား ကြည့်ချင်နေတာကြာပြီး လင့်သိလား ကြီးတော် ကျနော့်ကို ဝေမျှပါအုံး ။

    ReplyDelete
  24. သို့
    ကိုကိုစန်း..
    ဒေါ်ခင်ဥမေအား သတ်ပုံနှင့်ပတ်သက်၍ ဘယ်လိုမှ ပြောမရ၊ ဆိုမရ၊ ချော့မရ၊ ခြောက်မရ သောကြောင့် အားလုံး ခွင့်လွှတ်ထားကြခြင်းဖြစ်ပါသည်။ ခုနည်းနည်း တော်သွားတာဖြစ်ပါသည်။ မယုံလျှင် ပို့စ်အဟောင်းများ ရှာဖတ်ကြည့်ပါ။

    အဟိ.. ကန်တော့နော် မမ... :P

    ReplyDelete
  25. ကိုကိုလန်းJuly 17, 2010 at 6:05 PM

    ကိုကိုစန်းကတော့ ဘလော့ကြောမနပ်သေးပါလားနော်..
    ဒါက စတိုင်လေ စတိုင်၊ ဒေါ်ခဥမ ကိုယ်ပိုင်စတိုင်။

    ဘောင်းဘီဖင်လျှော ၀တ်တဲ့ R&B style ကောင်လေး တွေကို ဟဲ့ အောက်ခံဘောင်းဘီပေါ်နေပြီ ပြန်ဆွဲတင်အုံး ခါးပတ်သေချာပတ်လေ လို့ သွားပြောသလိုဖြစ်နေပြီ။

    သိပ်လန်းတဲ့ အကိုကြီး
    ကိုကိုလန်း

    ReplyDelete
  26. ဖြစ်နိုင်မယ်ဆိုမင်းသားနေရာဝင်သရုပ်ဆောင်ပြီးလေယဉ်
    ကြီးကြီးမောင်းချင်လိုက်တာ

    ReplyDelete
  27. ခရေဖြူ ၊ SDL ၊ ကိုကိုလန်း သို.

    လူသစ်လေးမို. ခွင့်လွတ်ပါ

    နောင်ကို သတ်ပုံနဲ. ပတ်သက်၍ မပြောတော့ပါဘူး

    ဘလော့ဂါကြီး စိတ်မဆိုးရင်ပဲ တော်လှပါပြီ

    အားလုံးကျန်းမာရွှင်လန်းကြပါစေ

    ReplyDelete
  28. စကားတောင် ကိုယ့်zifကြားရုံပဲ ပြောသတဲ့လား

    ReplyDelete
  29. အဲဒီဇာတ်လမ်းကို မကြိုက်ပါ၊ ဟာတာတာTom Cruise ဖြစ်နေသည်၊ ခဥမ၏ နှိုင်းယှဉ်ချက်များကို ကောက်ယူကြည့်မိသည်၊

    ReplyDelete
  30. လူဆိုးကြီး သောင်းကျန်းနေလို့ တံခါးဖွင့်အိပ်ကြတယ်ဆိုတာကို သဘောကျသွားပြီဗျိုး။

    ReplyDelete
  31. မီးမီးချစ်July 19, 2010 at 12:18 PM

    လူဆိုးကြီးက KMSL လောက်မှ မမိုက်ရင်တော့ တံခါးသေချာသာ ပိတ်အိပ် ... ဟိဟိ

    ReplyDelete