Monday, August 23, 2010

ဟိုတွေးဒီတွေး

မနက်မနက် အလုပ်သွားခါနီးရင်ကွန်ပြုတာဖွင့်မိတာ ဒုက္ခ. နောက်ကျရင် ၁၅ ကျပ်ရင်းရတယ်။ လှစ်ခနဲဖွင့်ပြီးလစ်မှသာ သက်သာရာရတယ်။ ဟိုဖတ်ဒီဖတ်ကလေးများလုပ်မိရင် ၁၅ ကျပ်ဘဲ။ အရင်းပြုတ်ဘို့မြင်တယ်။ ဒါလဲခဏခဏထိတာပါဘဲ။

စလုံးက တက္ကစီအချို့ရဲ့အနောက်မှာ TV လိုမျိုးပါတယ်။ သိတ်လဲမကြည့်ဖြစ်ပါဘူး။ TV များ အိမ်မှာတောင်ပိတ်ထားသေးတာ လမ်းမှာကြည့်ဘို့ဝေးသေးတယ်။ ဘေးပတ်ဝန်းကျင်ကိုကြည့်ချင်ကြည့်မကြည့််ချင်ရင် မျက်စိမှိတ်ထား အိပ်. . အဲဒီအချိန်ကားမောင်းတဲ့သူက စကားလာပြောရင် သိတ်စိတ်ညစ်တယ်။ ကိုယ်က စကားသိတ်ပြော ချင်တာမဟုတ်. သူက အစအဆုံး စကားတွေများ. နောက်ဆုံးဖုံးထုတ်ပြီးဖုံးချင်ချင်ယောင်ဆောင်မှ နားမညည်း တော့တယ်။ မျကိစိမှိတ်ထားလဲမဖြစ်သေးဘူး. လမ်းကပိုဝေးချင်ဝေးသွားနိုင်တယ်။


























အခုတစ်လော မိုးရွာတယ်။ မိုးမရွာတောင် တိမ်တွေများတယ်။


















အလုပ်ကတော့များတယ်။ ရေတစ်ဘူး ခဏလေးနဲ့ကုန်တယ်။ မောရင်ရေသောက်. အာခြောက်ရင် ရေ သောက်..













ကိုယ့်ဘာသာကိုယ်တောင်ဘာရိုက်ခဲ့မှန်းစဉ်းစားလို့မရတော့ဘူး။


















ဘာဂါဝယ်တယ် ထိုင်စားရင်ကြာမှာစိုးလို့ အိမ်ရောက်ေတော့မှဘဲ စားတော့မယ်စိတ်ကူးတယ်။ အိမ်အပြန်လမ်းတောက်လျောက်မှာ မုန့်ဆိုင်တွေ ရှိတာ မကောင်းဘူး.။ ဒုးရင်းသီး နစ်ဘူးကတော့ ဝယ်လာ သေးတယ်။ ညနက်တော့သိတ်တော့မကောင်းတော့ဘူး သူများရွေးကျန်ဘဲရတော့တယ်။ ဈေးလဲလျော့ဘူး.:(






























20 comments:

  1. ဒူးရင်းသီးတော့ ကြောက်ကြောက်...
    သူ့ကြောင့် အခု အပူတွေ ကန်နေတာ ၅ ရက်လောက် ရှိပြီ။ ချိတ်လေနေဒယ်..

    ReplyDelete
  2. ရောက်ကြောင်းလာပြောတာ:)

    ReplyDelete
  3. မခင်ဦးမေရဲ့
    ဟိုတွေး ဒီတွေး
    ဟိုရိုက် ဒီရိုက်
    ဟိုရေး ဒီရေး တွေကို
    ဟိုဖတ် ဒီဖတ် ဖတ်ပြီး
    ဟိုမန့် ဒီမန့် မန့်သွားပါ၏။

    မှတ်ချက်။ ဓာတ်ပုံကို လက်တုန်တယ်ဟု မပြောတော့ပါ။

    ReplyDelete
  4. ဂျီးတော်ရေ..ဒူးရင်းသီး လက်တုန်လေး စားချင်တယ်ဗျို့

    ReplyDelete
  5. ကျန်တာကောင်းတယ် .. ဓါတ်ပုံ မှုန်တယ် .. ပုံလေး ကောင်းကောင်း ထွက်အောင်လုပ်ပါလား မမကွန်ရေ.. ကင်မထာ ၀ယ်ဖို့ ကုတ်စီး နဲနေတယ် ထင်ပါ့.. အဟီး

    ReplyDelete
  6. မမကွန်ကြီး အလုပ်မများပါစေနဲ့ လို့  မနက်စောစောစီးစီး ဆုတောင်းလိုက်ပါတယ်

    မမကွန်ကြီး ကို ခင်မိတာက တစ်ခြား ခပ်ပေါပေါ ဘလောဂါတွေလို ဟိုလူ့  မကောင်းကြောင်း ၊ ဒီလူ့  မကောင်းကြောင်း မရေးပဲ ကိုယ့်ရဲ့အကြောင်း ကိုယ်ရေးနေတဲ့ သူမို့  ပိုမိုပြီးတောင် လေးစားမိပါတယ်

    Controversial ပို့ စ်တွေမရေးတော့ ကွန်မန့် ရေးတဲ့သူတွေ နဲ့  ပြဿနာတက် အငြင်းပွားနိုင်မဲ့ကိစ္စက မရှိသလောက် အလွန်ပင်နည်းပါးမည်ဟု ယူဆမိပါသည် ၊

    ဒါကြောင့်မို့ လည်း အားလုံးက ချစ်ခင် လေးစားကြသည်ဟုထင်မိပါသည် ။


    ခင်မင်မိတဲ့

    Z

    ReplyDelete
  7. မမကွန်တို့ တစ်လတစ်လ ဒူးရင်းသီးစားရိတ်လည်း နည်းဝူးနော... သေထေးပဲ... ၀ယ်ပါ.. စားပါ... :D


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  8. ဒူးရင်းသီးပဲစားနေတယ်မမကတော့
    ဒါတ်ပုံမကြည်တာဒူးရင်းသီးစားလွန်းလို့ (ဟမ်) ..

    ReplyDelete
  9. ရောက်ကြောင်းပြောရင်း နှုတ်ဆက်၏။ ဒူးရင်းသီးသော ကြေက်သဗျ။ ကြိုက်တော့ကြိုက်တယ်။ ကျန်းမာရေးအရေ မစားရဲဘူး။

    ReplyDelete
  10. ဒူးရင်းသီးစားချင်လိုက်တာ ဒီမှာ ဒရင်းဒူးကြီးတွေ အကြီးကြီး ဆိုင်မှာရောင်းတာ ပြောတာ၊
    ဈေးကြီးလို့အမြင်နဲ့ဘဲ စားနေရတာ

    ReplyDelete
  11. မမကွန်....ဒူးရင်းသီးလျော့စားအမ...အပူများမှာဆိုးလို့..
    FB မှာ စားစရာလေးလာပို့ပေးမယ်...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  12. ဒူးရင်းသီး စား ပြီး ရင် သွေး တက် တယ် တဲ့ ။ ကြား ဘူး တာ ဘဲ ။ အလုပ် လုပ် နေ ရင်း နဲ့ ဝင် ဖတ်ပြီး
    မန့် သွားပါ သည် ။

    ReplyDelete
  13. မမကွန့် က ဒူရင်းသီး အရမ်းကြိုက်ပုံပေါ်တယ်

    အ၀င်ကောင်းပြီး အထွက်ဆိုးတဲ့(အနံ့ )အသီးပါ

    ဒညင်းသီးက ပိုလို့ တောင်ဆိုးပါတယ်

    နာမည်ဖျက်တယ်လို့ မထင်ပါနဲ့ 

    ခင်မင်မူနဲ့  ဒေါ်ခင်ဦးမေကို ဒေါ်ဒူးရင်းမေလို. အမည် ပေးချင်ပါတယ်


    ခင်တဲ့

    Z

    ReplyDelete
  14. ဆရာဝန်ရှေ့ေ၇ာက်တော့ ဗိုက်ကလေး လှန်ပြရတာ ရှက်သတဲ့
    ပြီးတော့လဲ ဒီပေါင်ရင်းသီးပဲ လာလာ
    ခလုတ်တိုက်နေပါပေါ့လား...။:)
    အေးပေါ့လေ...သူက ဌေးတာကိုး..။

    ReplyDelete
  15. ဟုတ်ပ ... သေဌေးဆိုတော့ ဒူးရင်းသီးကို ခဏခဏ စားနိုင်တယ်။
    အားကျလိုက်တာငှယ်။

    ReplyDelete
  16. “ကိုယ့်ဘာသာကိုယ်တောင်ဘာရိုက်ခဲ့မှန်းစဉ်းစားလို့မရ
    တော့ဘူး” တဲ့ သဘောကျလို့ အသံထွက်တောင်ရီမိတယ်။

    ReplyDelete
  17. မမကွန် ကြီး ကျန်းမာရွှင်လန်းပါစေ .....

    ReplyDelete
  18. ဒူးရင်းသီးတွေလိမ့်စားလှချည်းလား အပူတွေကန်ဦးမယ်

    ReplyDelete
  19. You become addictive on blogspot not only written but also reading.

    BINO

    ReplyDelete