Saturday, August 21, 2010

ff - rew - pause - stop - play-eject

ညက အိမ်မက်မက်တယ်။ ရန်ကုန်ပြန်ရောက်နေ တယ်တဲ့.။အလုပ်ထဲမှာဘဲ။ မြန်မာလို ပြောနေတယ်တဲ့ ။ ကိုယ့်ဘာသာကိုယ်ထူးဆန်းနေသလိုဘဲ။ဲ.မြန်မာလိုစပြောဘို့အ ခက်အခဲရှိနေတတယ်ဲ။ လူတစ်ယောက်ကိုတွေ့ရင်
hello..
how are you.
What happen..
Everything Ok.
Any problem.
Can I help you something.
Do you want to tell me something.
Tell me Yes I am listening> အစရှိသဖြင့်ဒလစပ်ထွက်လာတတ်တဲ့စကားလုံးတွေ ကိုမသုံးဖြစ်ဘဲ. နေကောင်းတယ်နော် ကျန်းမာပါရဲ့လား ဘာများထူးခြားတာရှိသေးလဲ ကျွန်တော်ဘာများကုညီနိုင်မလဲလို့ စပြီးပြောတာ အခက်အခဲဖြစ်နေတယ်။

အဲဒီအချိန်မှာ ကိုယ်နဲ့သိတဲ့ နိုင်ငံခြားက လူတစ်ယောက်က ဘေးကနေဖြတ်သွားပြီး ကိုယ့်ကိုပြုံးပြတယ်။ ကိုယ်က သူ့ကိုခေါ်ပြောတယ် ထိုင်ပါဦး. ငါပြောချင်တာလေးတွေ ရှိတယ။် ဒီမှာသိလား. ငါလေ နိုင်ငံခြားကို လာဘို့အတွက် အများကြီးရုံးကန်ခဲ့ရတယ်။ မြန်မာပြည်ထဲ့နေ ပစပ တစ်အုပ်ထွက်အောင်လုပ်ရတာကိုက အဆင့်တွေ အများကြီးရှိတယ။် အချိန်တွေ စောင့်ရတယ။် စိတ်တွေညစ်ရတယ် ပွဲစားတွေ နိပ်စက်တယ။်

နိုင်ငံခြားကိုရောက်ခဲ့ပြီ ။လေဆိပ်ပေါ်တက်ကတည်းကဘုရားစာရွတ်ရတယ်။ဒီလောက်ရုံးကန် ခဲ့ရပြီးမှ နိုင်ငံခြားမှာ ခဏလေးနေခွင့်ရ့ရင် မတန်လို့ လေယဉ်ခံကလည်းအစ်မ်း လေးရာကျော် နမျောစရာ

စလုံးလေဆိပ်ရောက်ခဲ့ပြီး.ပြန်တော့ ဘုရားသိကြားမလို့ နဲနဲလေးကြာကြာနေခွင့်ပြု ပါ ဘုရားလို့ မဆိုင်တဲ့ဘုရားကို ဆုတွေ အကြိမ်ကြိမ်တောင်းလို့လဝက ကိုဖြတ်. လဝက က နစ်ပါတ်ဘဲပေးလိုက်လို့မျက်ရည်လည်ရွဲ.။နစ်ပါတ်ပြည့်ခါနီးပြန်တော့ သူငယ်ချင်း ကိုရှာ သူ့အိမ်ကိုလိုက်. ကဒ်ကို ယူ စပွန်ဆာမှာလက်မှတ်ထိုးခိုင်း သက်တမ်းသွားတို:့ပြန်တော့နစ်ပါတ်ရတယ်။ တစ်ခါ သူ့အိမ်ကို ကဒ်ကို တစ်ခါ သွားပြန်ပို့။ နစ်ပတ်ဆိုတဲ့အချိန်ကခဏလေး. ပြည့်သွားပြန်ရော တစ်ခါ သံသရာလည်ပြနရော လဝက အရာရှိက လက်မှတ်ကို စတစ်ကာကပ်ပြီးမှ ပြန်လာတော့ဆိုတာ ပြန်ရကာနီးပြီဆိုတဲ့သဘောဘဲ။ အရာရှိကိုတွေ့ပြီး အသနားခံပြော. . နေချင်ပါသေးတယ်။ ယောကျာ်းနဲ့ခဏလောက်နေပရစေဦး. အင်း နစ်ပတ်ထပ်တိုးပေးလိုက်ပြန်. ဒီလိုနဲ့ဘဲပြည့် နောက်ဆုံးတော့စတစ်ကာ ကပ်ပြီး တိုးပေးပြီးတဲ့အချိန်ဟာ ပြန်ဘို့ဘဲ။ မပြန်ချင်ဘူးမောင်ရယ်။ ဆိုပြီးမျက်ရည်လည်ရွဲနဲ့ပြန်လိုက်.။ ဒီလိုနဲ့သုံးလနေလိုက် . ရန်ကုန်ပြန်လိုက်. ရန်ကုန်ပြန်ရောက်သွားပြန်တော့ စလုံးကိုမေ့သွားပြန်. မနည်းပြန်ခေါ်ရတယ်။အဲဒါနဲ့ စလုံးပြန်လာလိုက် နစ်လနေလိုက် ရန်ကုန်ပြန်လိုက အခေါက်ပေါင်း မနည်းဘူး.။။ နောက်ဆုံး student stay ဖြစ်သွားတော့မှ ဘဲသက်သာရရတော့တယ်။

Student ဖြစ်သွားပြန်တော့ကော သက်သာရာရလို့လား။ မရပါဘူးး မနက် မိုးလင်းမိုးချုပ် ကျောင်းသွားရတယ။် တစ်လုံးမှ နားမလည်တဲ့စာတွေ ကိုဖတ်ရတယ်။ ဘာသာရပ်ပြောင်းသွားတာကိုး။ အခြေခံတော့ရှိတာပေါ့။ မသိတာတွေ ကို တစ်ချို့သောသူများကိုမေးရတယ်။ဖြေသူရှိသလို you should know ဆိုတာတွေ လဲည်းရှီတယ။် မျက်ရည်. ..ချွေးနဲ့သွေးနဲ့တော့မသိဘူး ချွေးနဲ့ မျက်ရည်နဲ့ နပ်ချေးနဲ့ ဆိုတာတော့သိတယ်။ ဘွဲ့ရသွားတယ။်

အလုပ်မရဘူး ရှာတယ် ရှာတယ် နစ်ပေါက်ရှာတယ်။ မရအောင်များ ရှာနေသလားလို့ အသိတွေ ကမေးကြတယ်။ ရှာနေပါတယ်။ ရှာနေပါတယ။် နောက်ဆုံးတစ်ခုရသွားတယ်။

ရသွားပြန်တော့ သင်ခဲ့တဲ့အခြေခံကတစ်မျိုး ဘွဲ့ထပ်ယူတာက တစ်မျိုး. အလုပ်ပြန်လုပ်တော့ အခြေခံနဲ့ဆိုင်တဲ့အလုပ်. ဘဝကြီးက ကြိုးစားလိုက်ရတာ လူဆိုတာ မလုပ်တာ ကြာရင်မေ့သွားတဲ့သဘာဝရှိတယ်။ မေ့သွားလိုက်တာများ.... အစ ကပြန် စရတယ။် မေ့တတ်လိုက်တာနော်လို့ အံသြခဲ့တဲ့သူရှိတယ။် တစ်နစ်လောက်မှ ပြန်ပြီး recovery ရတယ။် အချိန်တွေ တော့အများကြီးကုန်ခဲ့တယ် ။ ဘဝက အလှည့်အပြောင်းတွေ များတယ။်

အခု တစ်နေရာမှာတစ်ခုခု ရောက်နေတဲ့အချိန်မှာ ဖတ်ကနဲဆိုရန်ကုန်ပြန် ရောက် သွားမယ် ဆိုရင် ကိုယ်ဘယ်လိုဖြစ်မလဲ။ ခဏတစ်ဖြုတ်တော့ခံစားရပြန်ဦးမယ်။ ပြန်ကြိုးစား ရပြန်ဦးမယ် ။ အခြေကျနေတဲ့ အခြေတစ်ုခုကို ဖျက်ပြီးတစ်ခုကိုပြန်စ ရပြန်ဦးမယ။် နိုင်ငံခြားကြီး များမှာ တောင်နစ်ရှည်နေ လာတော့ ကိုယ့်ကိုယ်ကို မြင့်တယ်လို့လဲဘဝင်က မြင့်နေ ချင် သေး တယ။် သေးသေးလေး တွေ မလုပ်ချင်ပါဘူး လို့လဲကိုယ့်ဘာသာ ကို ယ် ပြော မိ တယ်။ မြန်မာလို ပြောရတာတောင် အခက်အခဲဖြစ်နေပါတယ်လို့ အိမ်မက်မက် မိ သေး တယ။်

စကားတွေ အရှည်ကြီးပြောမိသွားတယ်။ သူဘာမှမပြောဘဲ ငြိမ်နားထောင်နေတယ်။ ကိုယ်ဘဲ အဆုံးသတ် လိုက်တယ။် နောက်ဆုံးတော့လဲပြန်ပြောတတ်သွားမှာပါ။ အခိုက်အတန့် တစ် ခု ပေါ့။ ဒါပေမဲ့ ကျော်ဖြတ်ရတဲ့ အခိုက်အတန့်တစ်ခုခုတွေ ကများလှတယ်။ မ ခံစား နိုင် တော့ ဘူး။။

မှတ်ချက်
အိမ်မက်ပါ

42 comments:

  1. စိတ်နဲ့လည်း ဆိုင်ပါလိမ့်မယ်
    စွဲလမ်းမှုဆိုတာ အရာရာတိုင်းကို သက်ရောက်တယ်
    ကျနော်လည်း ညဖက်တွေ အိပ်မပျော်သလို အိပ်မက်တွေမက်တတ်တယ်
    ဘ၀မှာ တချို့အချိုးအကွေ့တွေကို မဖြစ်မနေရင်ဆိုင်ရပါတယ်. ဗီဒီယိုအခွေတစ်ခုလိုတော့ ကိုယ်ကြည့်ချင်သလို ရစ်ပြီး ကြည့်လို့မရဘူးလေ။ အိပ်မက်တွေရွေးချယ်ခွင့်မရှိသလိုမျိုးပေါ့.
    ဘယ်လိုအိပ်မက်ပဲဖြစ်ဖြစ် နှစ်လိုဖွယ်ကောင်းတယ်လို့ ယူဆလိုက်ပါနော်

    အိပ်မက်ထဲက နတ်သားလေး

    ReplyDelete
  2. ညတုံးက မမကို အိပ်မက်မက်တယ်။

    မမနဲ့ ကိုမဆလာနဲ့ Langkawi ကို အလည်သွားတာ ကောင်ကောင်မိုကြီးနဲ့ ဆုံတယ်တဲ့...။ အဲဒီအကြောင်းကို မမက ပို့စ်တင်ထားတာ ဒါ့ပုံတွေ အများကြီးနဲ့တဲ့..။ အောက်မှာ ကောင်ကောင်မိုကြီးက ကောမန့်လာပေးထားတယ်တဲ့....။

    အဲဒါပဲ .. အိပ်မက်က...

    ReplyDelete
  3. ထင်တော့ ထင်သား :)

    with reps;

    ReplyDelete
  4. A nice dream. But same as actual.

    အချိန်တွေ တော့အများကြီးကုန်ခဲ့တယ် ။ ဘဝက အလှည့်အပြောင်းတွေ များတယ။်
    Same as happen on everybody.
    If you can control and manage the အလှည့်အပြောင်းတွေ / အချိန်တွေ, you will win everything.
    You must against the struggle of life for your ambition.
    I think you know many things more than me.

    BINO

    ReplyDelete
  5. ကျနော်လည်း အခိုက်အတန့် တစ်ခုမှာပဲ..
    အခိုက်အတန့် တစ်ခုမှာပေါ့...
    ဘယ်လောက်ကြာကြာရပ်တည်နိုင်မှာလဲ ဆိုတာ..
    စမ်းသပ်နေဆဲ..
    ဖြတ်ကျော်နေဆဲ..


    အခိုက်အတန့်တစ်ခုမှာ..
    အခိုက်အတန့်နေသူ..
    အခိုက်အတန့်ပေါ့..
    အခိုက်အတန့်..





    (guessကြည့်ပေါ့ ဘယ်သူဖြစ်နိုင်မလဲ ဆိုတာ..)

    ReplyDelete
  6. ကက်ဆက်ဖွင့်ချင်လို့ တိပ်ပ်ခွေတစ်ခွေလောက်
    လိုချင်ပါတယ်..
    ဒီပို့စ် ခေါင်းစဉ်အတိုင်း အသုံးပြုချင်လို့ပါ..။



    Guessကြည့်လို့ပြောထားတယ်နော်..
    ငှဲငှဲ

    ReplyDelete
  7. အပေါ်က r,fayguf ရယ် .....

    မသိဘူးတော့ ဘယ်သူမှန်း...။ :P

    ReplyDelete
  8. ပရိသတ်တွေက ပြောနေကြတယ်ပေါ့နော်
    မမKOM အနေနဲ့ပေါ့နော်... ဘဝကို ခဏခဏ ပြန်စနေတယ်တဲ့။ အဲဒါနဲ့ပတ်သတ်လို့ပေါ့နော် ပရိသတ်ကြီးကို မမ ဘာများပြောချင်ပါသလဲပေါ့နော်???

    =D

    ReplyDelete
  9. မမကွန် အိမ်ကလည်း မက်တာရှည်ထှာ
    မမစင်အိမ်မက်ရယ်ရတယ်

    ReplyDelete
  10. အပေါ် တစ်ခုကျော်က မင်းသမီး တော့ ပါးတီးခံရတော့မယ်...း)

    green fingers...

    ReplyDelete

  11. အိပ်မက်ပေမဲ့ ရင်ထဲထိတယ်
    ခံစားရတယ်

    ReplyDelete
  12. အိမ်မက်ထဲမှာ တရဲတွေရော ပါလား အမကြီး .....း)

    ReplyDelete
  13. ကျွတ်..ကျွတ်.. ငါ့မမကွန်.. ဒီတစ်ခေါက် အရှည်ကြီးရိုက်လိုက်ရတာ လက်ညောင်းရှာရော့မယ်... သနားပါတယ်.. .ဦးစိုင်းလိမ်းဆေးလေးတို့ထား... :D


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  14. မမကွန် နဲ့  ကျွန်တော်နဲ. အဖြစ်ချင်းတူနေပြန်ပြီ နာမည်ကြီးသူဘလော့ဂါတစ်ယောက်နဲ့ 
    အတင်းလိုက်တူတာတော့မဟုတ်ပါဖူးနော်

    ကျွန်တော်လည်း ဒီကိုရောက်ခါစက တော်တော်လေးဒုက္ခရောက်ပါတယ် မိန်းမက အလုပ်ရှိပြီးသားမို.တော်သေးတယ် အဲဒီ့တုန်းက မိန်းမက အီးပီ-၂ ဆိုတော့ မှီခုလို.မရပြန် လူမူရေးဗီဇာကိုလျှောက် နှစ်ပတ် ၊ တစ်လ ရပြီးရင်ပျော်လို. ပြည့်ခါနီးထပ်တိုး လေယာဉ် လက်မှတ်ရက်တပ်ပြီး ချိန်းလိုက်ရင် ဖိုင်နယ်ပေါ့

    ကျွန်တော်အီးပီလျှောက်တယ် အဆင့်မမှီဖူးတဲ့ WP လျှောက်တယ် အရည်အချင်းကျော်နေတယ်တဲ့ ကျွန်တော်တုန်းက SP မရှိသေးဖူး တဂျက်ဂျက်နဲ့  ၊ အလုပ်ကခန့် မယ်သူတော့ရှိတယ် ပါမစ်က ဂျက်နေတယ် ခုတော့လည်း အဆင်နည်းနည်း ပြေစတော့ပြုလာပါပြီ

    ဒါပေမဲ့ လ၀က ကိုကြောက်နေတဲ့ စိတ်ကတော့ ခုထက်ထိ ရှိနေတုန်း ၊ ကျွန်တော်တစ်ယောက် စလုံး လ၀က ကိုကြောက်တဲ့ရောဂါရသွားတယ် ခုတော့လည်း တစ်ခါတစ်လေမှသာ သွားရတော့ပါတယ်

    ပို့ စ်မီတာနောက်မှပဲ ဖတ်တော့မယ်

    ခင်တဲ့

    ဇီ

    ReplyDelete
  15. မေလမှာ ပို.စ် ၁၈ ခု
    ဇွန်လမှာ ပို.စ် ၁၆ ခု
    ဇူလိုင်မှာ ပို.စ် ၁၄ ခု

    ဒီရက် ဒီအချိန် (၂၁-၀၈-၁၀) မှာ ခုထက်ထိ ပို.စ် ၁၇ ခု ဆိုတော့ ပို.စ် အသစ် ၂ ခု ပဲလိုတော့တယ် မေလရဲ့ စံချိန်ကို ချိုးမှာကတော့ သိပ်ကို ကျိမ်းသေနေပါတယ်


    မမကွန်ရေ ဒီက ပီယူဘီ မီတာက တစ်လမှ တစ်ခါပဲဖတ်တာ (တစ်ခါတစ်လေ တစ်ချို.လတွေမှာ ခန့် မှန်းနဲ့  ပီယူဘီ ဖိုးတောင်းပြီး မီတာဖတ်တောင်မဖတ်ဖူး ) ကျွန်တော်က မမကွန်မီတာကို နေ့ တိုင်း ဖတ်နေရတော့ ကျွန်တော့်ကို ရွဲပြီး ပို့ စ် အသစ်တွေ တင်နေသလားလို့ တောင် ထင်မိပါတယ် ပို့ စ်မီတာဖတ်ရတာလည်း ကျားအနောက်ကလိုက်လို.ပြေးနေရသလို ဖြစ်နေပါတယ် ဒရောသောပါးမှတ်နေရတာ မနိတ်ပါဖူးဗျာ

    မရှိလို့ လုပ်စားတာပဲ ဖြေးဖြေးပေါ့ ...


    ခင်တဲ့

    Z



ီိ

    ReplyDelete
  16. ဘဝဆိုတာ ဒီလိုပဲ အပြောင်းအလဲ များပါတယ် မမကွန်ရ။ ဘာမှ မပူနဲ့ မမကွန် နောက်မှာ ကျနော် ရှိတယ်။ ကျနော်လည်း လိုချင်တာတွေ မဖြစ်လို့ အားလုံးကို ပုန်ကန်ပြီး ဒီမှာ ပုံချထားလိုက်တာ ဘဝက ဖုန်ကို တတ်ရောပဲ။ အခုတော့ အွန်လိုင်းကနေပြီး ညီမ ၃ ယောက်က ရိုက်နှက် ဆုံးမပါတယ်။ အစ်မတစ်ယောက်က လူကိုယ်တိုင် လာတွေ့ပြီး ရိုက်နှက် ဆုံးမတဲ့ အတွက် ပို့စ် အတင်နည်းပြီး အခုတော့ ဘဝကို နည်းနည်းလေး ဖုန်ခါနေပါကြောင်း။

    အရာအားလုံးက “ တတ်ပြီး ပညာ မလေ့လာ မကြာမရှည် ပျောက်တတ်သည် ” ဆိုတော့ ဒီလိုပဲ အစ်မရေ။ မေ့ကုန်တာတွေ တော်တော်ကို များတယ်။

    ဖုန်ခါနေသော ( ဖုန်း...ဖုန်း...ဖုန်း )
    ကိုဇော်

    ReplyDelete
  17. ဘာရေးထားမှန်းနားမလယ်ပါ။
    ဆောင်းတွင်းအိမ်မက် ဂရောတ်ဂရက်တဲ့။ အဲဒီမှာ ဆောင်းတွင်းမရှိရင်တော့ မမကွန်ညက ရေချိုးပြီး အင်းဂျီ မဝတ်ဖြစ်ဘဲ အိပ်သွားတာ ဖြစ်ရမယ်

    ReplyDelete
  18. ဟင် မမကွန်ကို စောင်ခြုံပေးကြဘူးလား

    သနာပါးတယ်

    ခေါင်းပါလျှော်တယ်ထင်တယ်

    ReplyDelete
  19. အစ်မကွန်...ပို့စ်ခေါင်းစဉ်လို ဘဝကို လုပ်လို့ရရင်ကောင်းမယ်နော်...။တခါတလေ နောက်ကိုရစ်
    လိုက်၊တစ်ခါတလေ လက်ရှိရောက်နေတဲ့ နေရာကို ကျော်
    လိုက်။နေသာတဲ့ဘဝရောက်နေရင် paeuse ထားလိုက်...။
    အင်း....eject တော့........။
    ဒီရောက်နေတဲ့ကာလတွေမှာ မြန်မာပြည်ကို အိပ်မက်က
    တော့ ခဏခဏမက်တယ်...။အိပ်မက်ထဲမှာ မြန်မာပြည်ကို
    လူတင်မဟုတ် အလုပ်ပါရွေ့ယူသွားမိတယ်...။

    ReplyDelete
  20. အမကြီးတို့ “စ”လုံးနဲ့ ၁၂ နာရီ အတိလောက်
    ကွာမယ်ထင်တယ် အမ၊ အမတို့ဖက်မှာ ည
    ၁၂ နာရီဆိုရင် ကိုကြီးကျောက်တို့ဖက်မှာ နေ့လည် ၁၂ နာရီ ရှိမယ်ထင်တယ် အမကြီး၊
    ညဖက် ၈ နာရီလောက် ဆက်ကြည့်ပေါ့ အမ။

    ReplyDelete
  21. စကားလုံးတွေ ကပ်စေးနှဲလွန်းတယ်
    ခုလိုမျိုး ရှည်ရှည်ရေး...။

    ReplyDelete
  22. မရအောင်များ ရှာနေသလားလို့ အသိတွေ ကမေးကြတယ်။
    ဟား ဟား ရယ်ရတယ်....

    ကျော်ဖြတ်ရတဲ့ အခိုက်အတန့်တစ်ခုခုတွေ ကများလှတယ်။
    အင်း (ထောက်ခံပါတယ်)၂

    ReplyDelete
  23. ရှေ့တပုဒ်လောက် ကျော်လိုက်၊ နောက်တပုဒ်လောက် ရစ်လိုက်၊ နောက်ထပ် ခဏနားလိုက်၊ ဓါတ်ပြားဟောင်းကြီး ပိတ်လိုက်၊ ဓါတ်ပြားဟောင်းကြီး ဖွင့်လိုက်၊ ဖုန်သုတ်ဖို့ သိမ်းထားလိုက်။

    ReplyDelete
  24. ဇွန်လည်းပဲ အများကြီး ကျော်ဖြတ်ခဲ့ရတယ် မမ။ စင်္ကာပူက pass တော်တော်များများ ကိုင်ဖူးတယ်။ visit pass, student, spass, EPEC, EP...ect...
    ပြန်ရေးရင် စာတစ်ပုဒ်မကဘူး.. ဒါပေမယ့် မရေးချင်တော့ဘူး။

    ReplyDelete
  25. ဒေါ်ကြီးကွန် .....

    ကွန်မန့်  ၂၀ ကျော်ရင် ပို့ စ်အသစ်တင်ပါ

    အမိန့် အရ

    ပို့ စ်မီတာဖတ်သူ

    Cheer & regards,

    Zzzzzzzzzzzzzzzzz

    ReplyDelete
  26. to
    ကိုZ...
    ကျွန်တော်အီးပီလျှောက်တယ် အဆင့်မမှီဖူးတဲ့ WP လျှောက်တယ် အရည်အချင်းကျော်နေတယ်တဲ့
    ...WP လျှောက်တယ် အရည်အချင်းကျော်နေတယ်တဲ့
    ...အဲ့ဒါကိုနားမလည်လို့
    ...ဖြစ်နိုင်ယင်ဖြေပေးပါ...thanks!
    wp.

    ReplyDelete
  27. သုံး ခေါက်လောက်ပြန်ဖတ်မှ နဲနဲ နားလယ်လာတယ် ။ စင်ကာပူမှာ ရုံးကန်ရတာတွေ ရေးထားတာ ဖြစ်မယ်။ အဲဒါ နိုင်ငံ မှားပြီး ရောက်သွားလို့ ဖြစ်မယ်။ အဲတုန်းက သာ အင်ဂလန်ကို တန်းလာ ရင် ခုနေ ကဘာပတ်နေပြီ

    ဟိုတုန်းကဆို ဒီမှာ ၄နှစ် WP နဲ့ လုပ်ပြီးရင်PR ရပြီ ဒီက PR က စင်ကာပူက PR လို သက်တမ်းတိုးဖို့မလိုဘူး မသေမချင်း နေပေတော့ပဲ။ ဒီမှာ Pass တွေ ဘာမှ မရှိဘူး။ Visit visa, student visa, dependent visa, work permit ပဲ ရှိတယ် ရှင်းရှင်းလေးပဲ

    ReplyDelete
  28. အပေါ်က WP သို့ 

    ဒီလိုပါ ကျွန်တော်ကုမ္ပဏီ တစ်ခုမှာ အလုပ်ရပါတယ် ဒါပေမဲ့ ကျွန်တော်တို.ခေတ်တုန်းက အလုပ်မဆင်းခင် အီးပီတင်ရတယ် ပါမစ်ကျမှ အလုပ်စပြီးဆင်းရတယ် အဲဒီတုန်းက S pass ဆိုတာ မရှိသေးဖူး ကျွန်တော်က မြန်မာပြည်က ဘွဲ့တစ်ခုရခဲ့ပါတယ် ကြွားတယ်လို့ ထင်မှာကြောက်လို့  စောစောက ကွန်မန့် မှာ မရေးခဲ့တာပါ ခုချိန်မှာအဲ့ဒီ့ဘွဲ့ ကို ပြန်အမ်းလို့ ရရင် ပြန်အမ်းချင်ပါတယ် ထားလိုက်ပါတော့

    အဲဒါနဲ့ ကျွန်တော် အီးပီလျောက်တယ် အပယ်ခံရတယ် အပယ်ခံရတာက အရည်အချင်းမမှီလို.ပေါ့ (လ၀က ဘာကြောင့် ပယ်ကြောင်းမပြောပါ ဘယ်တော့မှလည်းပြောမယ်မထင်ပါ) အဲဒီ့တုန်းက အီးပီက အိုင်စီအေမှာ လျောက် လွှာတင်ရပြီး WP က အလုပ်သမား ၀န်ကြီးဌာနမှာ လျောက်လွှာတင်ရပါတယ် အဲဒါနဲ. အဲ့ဒီ့ ကုမ္ပဏီကပဲ WP ထပ်တင် ပေးတယ် ထပ်ပြီး အပယ်ခံရတယ် တဂျက်ဂျက်နဲ့ ပေါ့ဗျာ အကြောင်းအရင်း ကိုမေးတော့ WP က ဘွဲ့ ရရင်လျောက်လို့  မရဖူးလို. အလုပ်သမား ၀န်ကြီးဌာနက ၀န်ထမ်းကပြောပါတယ် ကောင်းရော

    ၁၉၉၅ ၀န်းကျင်က ဖြစ်ရပ်မှန်လေးတစ်ခုပါ ခုတော့အလုပ်သမားဝန်ကြီးဌာနက မူပြောင်း သွားပြီလားမသိတော့ပါ

    ခင်တဲ့

    ဇီ

    ReplyDelete
  29. ကျေးဇူးအထူးပါ ...ဇီ...
    wp..

    ReplyDelete
  30. ဇီ ကဘာလို့လဲဆိုတာ ဖြေမထားသလိုပဲ

    ReplyDelete
  31. Steve Evergreen said...
    ဇီ ကဘာလို့လဲဆိုတာ ဖြေမထားသလိုပဲ>>>>>
    **့ကျွန်တော် အီးပီလျောက်တယ် အပယ်ခံရတယ် အပယ်ခံရတာက အရည်အချင်းမမှီလို.ပေါ့ (လ၀က ဘာကြောင့် ပယ်ကြောင်းမပြောပါ ဘယ်တော့မှလည်းပြောမယ်မထင်ပါ)
    **အဲ့ဒီ့ ကုမ္ပဏီကပဲ WP ထပ်တင် ပေးတယ် ထပ်ပြီး အပယ်ခံရတယ် တဂျက်ဂျက်နဲ့ ပေါ့ဗျာ အကြောင်းအရင်း ကိုမေးတော့ WP က ဘွဲ့ ရရင်လျောက်လို့  မရဖူးလို. အလုပ်သမား ၀န်ကြီးဌာနက ၀န်ထမ်းကပြောပါတယ်

    (သူလဲဒီထက်၇ှင်းအောင်ပြောတတ်တော့မယ်မထင်ဘူး)

    ReplyDelete
  32. WP ရေ ....

    ကျွန်တော်တို.စတင်တုန်းက လ၀က အိုင်စီအေ က မြို.ထဲမှာပါ ခုလို လာဗင်တာဘူတာမှာ မဟုတ်ဖူး မြို.ထဲက တစ်နေရာမှာပါ နေရာက တော်တော်လေးကို ကျဉ်းပါတယ် ကျွန်တော်ရောက်ကစ ဆိုတော့ နေရာကို လိပ်စာသေသေချာချာ မမှတ်မိတော့ဖူး ကျွန်တော့်ကို ကုမ္ပဏီက ၀န်ထမ်းတစ်ယောက်က လိုက်ပို့ တာပါ

    အမှန်ကတော့ ကိုယ့်မှာ အရည်အချင်းမရှိပါ ဒါပေမဲ့ အလုပ်က လုပ်ရင်းနဲ. ဒီလိုပဲ ဖြစ်သွားတာပဲ အလုပ်အတွက်ပါမစ်က သူတို.ရဲ့ သတ်မှတ်တဲ့ စည်းကမ်း နဲ့ 
    မ၀င်ရင် မရဘူးဆိုလိုတဲ့သဘောပါ ဒါကြောင့်မို့  အီးပီ နဲ. WP ကြားထဲက S Pass အသစ်ပေါ်လာတာ သိပ်မကြာသေးဖူး ထင်တယ် ၃၊၄နှစ်လောက်ပဲရှိဦးမလားလို့ 

    ခင်ဗျား ငယ်သေးရင် စာရင်းကိုင်သင်တန်း၊ ကွန်ပြူတာသင်တန်းတို့  အချိန်ပိုင်း တက်ဖို့  ကြံပြုပါရစေ ကျွန်တော်လည်း ငယ်တုန်းက တက်ပေမဲ့ ဟိုမရောက် ဒီမရောက် နဲ. ဘာမှ ကျောင်းပြီးအောင် မတက်လိုက်ဖူး ကျွန်တော်လည်း ဒီမှာ နှစ်အနည်းငယ် အလုပ်လုပ်ပြီး အပြီးသဘောမျိုး ပြန်သွားသေးတယ် ဒါပေမဲ့ မြန်မာပြည်မှာ အဆင်မပြေတော့လည်း ပြန်လာပြီး လုပ်နေရတာပဲပေါ့

    ပျော်ရာမှာမနေ တော်ရာမှာနေ ဆိုတဲ့ စကားပုံလိုများ ဖြစ်နေမလားမသိဖူး

    Steve Evergreen သို့  ....

    ခင်ဗျား ဘာကိုဆိုလိုတာ ကျွန်တော်နားမလည်လို့ ပါ WP ရဲ့ အမေးမှာ ဘာကိုဖြေစေချင်တာလဲဗျာ ကျွန်တော်သိရင် ဖြေပါ့မယ်

    ခင်တဲ့

    Z

    ReplyDelete
  33. ဘဝကို eject မရောက်မချင်းကတော့ အလုပ်တွေ များနေဦးမှာ ကျန်တဲ့ ခလုတ်တွေနဲ့ ။

    ReplyDelete
  34. ဟုတ်တယ် Z ဟုတ်တယ် သူဘာမေးမှန်း သိတ်နားမလည်ဘူး။ ဒါပေမဲ့ Zရဲ့ ဒုတိယ အဖြေမှာ S pass အကြောင်းပါလာလို့ အဲဒါ သူလိုချင်တဲ့ အဖြေပဲ ဖြစ်မယ် ထင်ပါတယ်

    ခင်တဲ့
    SEG

    ReplyDelete
  35. အဲဒီအိပ်မက်လို ကြုံဖူးပါ့ ဂျီးတော်ရာ

    ReplyDelete
  36. ဘလောဂါ ဘွားဘွားကြီး KOM

    ပို့ စ်အသစ်တင်ပါဗျို့ 

    ပို့ စ်အဟောင်းမှာပဲ ကွန်မန့် ရေးရတာ ပျင်းလှပါပြီ

    ဒီနေ့  ပို့ စ်အသစ်မတင်ရင် မနက်ဖန် မမကွန်ကြီးတစ်ယောက် ရုံးမှာ အလုပ်အရမ်း များပါစေလို့  ဆုတောင်းပေးလိုက်မယ်

    ကွန်မန့်  ၃၅ ခုကျော်ရင် ပို့ စ်အသစ် ၂ ခု တင်ပါဗျို့ 

    Best regards,

    Z

    ReplyDelete
  37. Ma KOM က အိပ် မက် ထဲ မှာ ဘဲ ဆု တောင်း ရ တာ. ဟိုး ..... တုန်း က ဆို ကျွန် တော် တို့ (လ ဝ က) အ ဝင် မှာ မျက် နှာ ကြည့် ပြီး မေတ္တာ ပို့ ရ တာ က အ မော ။ တ ခါ တ လေ ကံ မ ကောင်း ရင် ( NTL = Not to Landed) စာ အုပ် ထဲ မှာ အ ထု ခံ ခဲ့ ရ ပါ သေး တယ် ။ :-)

    ReplyDelete
  38. ဒီမှာ ရီတာ.. သွားလိုက်တော့ နင်သွားလိုက်တော့....။
    :P

    ReplyDelete
  39. အရီး .. PR Renew ပြန်လျှောက်တယ်ထင်တယ် .. စိတ်အေးအေးထားပါခင်ည။
    CPF အမြဲထည့်ထားရင် မပေးဘဲမနေပါဘူး။
    အဆင်ပြေ သွားမှာပါ။

    ReplyDelete
  40. Rita said...

    ပရိသတ်တွေက ပြောနေကြတယ်ပေါ့နော်
    မမKOM အနေနဲ့ပေါ့နော်... ဘဝကို ခဏခဏ ပြန်စနေတယ်တဲ့။ အဲဒါနဲ့ပတ်သတ်လို့ပေါ့နော် ပရိသတ်ကြီးကို မမ ဘာများပြောချင်ပါသလဲပေါ့နော်???

    =D

    ရီတာသို့...
    ဘ၀ကို ခဏခဏ ပြန်စရတယ်တော့လေ..ခနခန နုပျိုတာပေါ့နော်
    ဥပမာ.. ၃၆နှစ်ကို နှစ်ခါခွဲစမယ်ဆို.. ၁၈နှစ် နှစ်ခါပြန်စတယ် သဘောထားတာပေါ့နော်..

    :D ;D ;D

    ReplyDelete
  41. စွဲလမ်းမှုဆိုတာ ထားမကောင်းပါဘူးကွယ် စွဲလမ်းမှုများလို့အိမ်မက်တာနေမှာပါ ပျော်ရွှင်ပါစေ ခင်ဗျာ

    ReplyDelete
  42. မမ ရေးတာ အပြည့်အ၀ ခံစားလို့ရတယ်.. အိပ်မက်ဆိုးဆိုတာ ဘ၀မှာ ကြုံဖူး မက်ဖူးကြပါတယ် လို့ သဘောထားပေါ့။ အမြဲတမ်းတော့ မကြုံရနိုင်ဘူး လို့ အားတင်းပေါ့ မမ နော်..

    ReplyDelete