Wednesday, August 25, 2010

Woodlands/Sunday

Sunday က ဝုလန်းကိုရောက်တယ်။

















အပြင်မထွက်ချင်ပါဘူးဆိုတာအ တင်းဘဲ ခေါ်တာနဲ့။ အိမ်မှာဘဲနေချင်တာ။ မနက်ခင်းပေမဲ့ အငှားကားငှားမဲ့သူတွေများနေတယ် တော်တော်မျာများဘဲ လမ်းထွက်ကြသလားမသိ. ကားမရတာနဲ့ ရထားနဲ့ဘဲသွားတယ်။ ဝုလန်းဘူတာရောက်တော့မှ လိုတဲ့နေရာကို အငှားကားနဲ့သွားတယ။တင်္နင်္ဂနွေ ဆိုတော့ ဘာကြေးညာကြေးတွေ မပါတဲ့အတွက် အတော်လေးသက်သာသွားတယ်။ မရှိမဲ့ရှိမဲ့အမျိုးဆီ ခဏသွားတယ်။
သွားချင်လွန်းလို့မဟုတ်ပါဘူး အလုပ်နဲ့ပက်သက်တယ်။ ဟောလီးဒေးမှာ အလုပ်နဲ့ပက်သက်တာဆိုရင် လေသလပ်တာတောင်မကြားချင်ပါဘူးဆိုမှ..





















ပြန်လာတော့ taxi နဲ့ဘဲ။ စိတ်ဆိုးတယ်ဆိုရင်ယုံကြမှာလား. ယုံချင်ရင်မယုံချင်နေ စိတ်ဆိုးတာဘဲ. လမ်းထွက်ပြီဆိုမှာတေ့လမ်းပေါ်မှာနေချင်သေးတာဘဲ အရပ်ဒေသတစ်ခု ကိုဦးတည်ပြီးသွားလိုက်ရင် mr bean လားအောက်မေ့ရတယ်သံလိုက်အိမ်မြောင်မကိုင်ဘဲ သွားတာ တစ်ခုဘဲရှိတယ်။ ကျန်တာတော့အတူတူဘဲ. လိုရင်းက ရောက်ဘို့. ရောက်ပြီးရင်ပြန်ဘို့။ ဒါသည် သူ့တာဝန်ဖြစ်တယ်။

























ကိုယ့်တာဝန်ကတော့ အိမ်ထဲကနေ အပြင်မထွက်ဘီု့.ထွက်ပြီးရင် ပြန့်မဝင်ဘို့ သန်းကောင်မှ ပြန်ဝင်ဘို့။ ဝုလန်မှာ ရှော့ပန်စင်တာကြီးတွေ အများကြီးရှိတာကို ငေးတောင်မငေးရ. ဒရွတ်တိုက်မပါသွားရုံတစ်မယ်။ ခြေလှမ်းကြဲများနောက်ကနေလိုက်. အရပ်ကလည်းရှည်တဲ့အပြင် လမ်းလျောက်တာလဲမြန်သေးတယ်။




















အမြဲတန်းရှေ့က သွားတယ်။။ ကိုယ့်ကမြန်တာတောင်မလိုက်နိုင်ဘူး ပုတော့ခြေက သူ့လောက်တော့ မကျဲနိုင်ဘူး။ ပုတဲ့အပြင်သူ့ရဲ့တင်စားချက်ကတော့ ဘိုက်ပူပူ ဖင်ကောက်ကောက် ဆိုဘဲ. ရက်စက်ပါပေတယ်။ ရင်ဆို့သွားလို့ စကားတောင်တော်တောနဲ့ မပြန်နိုင်ူဘူး ယောကျာ်းများမရခင်ဖျာလိုလိပ်. ရပြီးရင် အားမနာလျှာမကျိုး ကိုယ့်သူငယ်ချင်း ယောကျာ်ေးလတစ်ယောက် ကတောင်မခံနိုင်လို့ ဒါ abuse ဘဲလို့ဆိုတယ်။ သူကတော့မှန်တာပြောတာဘဲလို့ဆိုတယ်။ ဆိုချင်တာဆို. ကိုယ်ကတော့.. ဖျက်လို့မဖြစ်ဘူး. အဲသလိုဆိုပြန်ရင်လဲ ဒီစကားကို ဟိုတုံးကဘာလို့မဆိုခဲ့သလဲဆိုတဲ့အပြစ်ကမလွတ်ဘူး. နောက်တစ်ယောက်မှ မရနိုင်တော့ဘဲဆိုတယ်။ ဒီလောက်မရက်စက်ပါနဲ့ မောင်ရယ်လို့ဆိုရတယ်။ ပြီးတော့လဲ သူဘဲမျက်စေ့အောက်က အပျောက်မခံဘူး. ။





















ရထားထဲဝင်ရင် အေးတယ်။ ကားထဲဝင်ရင်အေးတယ။် အိမ်မှာပူတယ်။ ကဒီဘီအိမ်ဘဲသွားငှားပြီး chilled လုပ်ရရင်ကောင်းမယ်။ ပြီးတော့မှ heater လေးနဲ့ရေချို့း ရှလွတ်.
























ရှော့ပင်းမကြည့်ရတော့လဲ ကြည့်လို့ရတဲ့ကောင်းကင်ကြီးဘဲ မဲပြီးကြည့်ရတော့တာဘဲ။ ဆိုင်တွေ ဆိုတာ မြင်တောင်မမြင်လိုက်ရဘူး.. တောက်။









31 comments:

  1. ခေါ်ပြီးသွားလည်မဲ့သူရှိတာ နဲလား..
    မမ..

    ပို့စ်တက်တာ ညနေက ဟိုတယောက်နဲ့ တွေ့တာ ရေးမယ် ထင်နေတာ..။
    မှားပါတယ်..။





    ..........
    မစဉ်းစားနဲ့တော့နော်..
    ဟီးး

    ReplyDelete
  2. အမ အမျိုးသားနဲ.အကြောင်းရေးတာ အခုနောက်ပိုင်း သိပ်မတွေ.ရဘူး။
    ဒီပို.စ်မှာတော. ဖတ်ရတာ နည်းနည်းရွှင်ရွှင်ပျပျရှိပါတယ်။

    ReplyDelete
  3. အဟီး..မိန်းမတွေက ဒီလိုကိုး။
    ကျေးဇူးပဲ ကိုမဆလာ။

    ReplyDelete
  4. ဒါက ကြုံတုန်း ညီးကြွားလေး
    ကြွားလိုက်တာပေါ့လေ..ဟင်းဟင်း
    တို့တော့ မောင်တွေ ဘာတွေလဲ
    အခေါ်ခံချင်ပါဘူးလေ..လွတ်လပ်တာ
    ပဲ ကောင်းပါတယ်:)

    ReplyDelete
  5. အစ်မ ဓာတ်ပုံရိုက်တော်တော် ၀ါသနာပါတာဘဲနော်..
    ဘယ်နေရာသွားသွား ပုံလေးတွေ ရိုက်လာတတ်တာ သတိထားမိတယ်..
    ပြီးတော့ အစ်မဒီပိုစ့်တက်တာ အတော်ညနက်နေပြီ.. ညနက်တာထက် မနက်တောင် ရှိနေပြီ။
    မနက်လဲ အလုပ်သွားရဦးမယ်မဟုတ်လားဟင်..
    အစ်မ ကျန်းမာရေးလဲ ဂရုစိုက်ဦးနော်.. ညနက်သိပ်မခံပါနဲ့....


    ခင်မင်စွာ

    ချော

    ReplyDelete
  6. သာမီးလေးAugust 25, 2010 at 5:06 AM

    မစ္စတာပဲသီး တော်တော်ကြိုက်ပုံရတယ် မာမီ
    ပြောလိုက်မာမီ ပုတဲ့လူတွေက ရှည်တဲ့လူတွေထက် တော်တယ်လို့ နပိုလီယံ တို့ဆို ပုတယ်မလား ဟက်ဟက်
    အရပ်ပုတာမဟုတ်ပါဘူး ပေါင်တံတိုတာပါလို့ဟဟဟဟဟဟ

    ReplyDelete
  7. ဓာတ်ပုံတွေက စင်ကာပူနဲ.တောင်မတူဘူး ။ တခြားတိုင်းပြည်လိုပဲ ကြည့်လို.ကောင်းတယ်မမ။

    မျက်စိ အောက်ကအပျောက်မခံနိုင်တဲ.ချစ်သူနဲ့ထာဝရပျော်ပျော်ပါးပါးလည်လည်သွား နိုင်ပါစေ...။ :-)

    ReplyDelete
  8. မမရေ... ဒါ့ပုံတွေ သိပ်လှတယ်...း))
    ဒီပိုစ့်က မမရဲ့ အသွင်တူ၏ မတူ၏ Version တမျိုးလို့ မှတ်လိုက်မယ်နော်...

    ReplyDelete
  9. ရုံးရောက်ရောက်ချင်း ကိုယ့်ရဲ့ ဖေးဘရိတ် ဘလော့ဂါကြီး (မမကွန့် ) ဘလော့ကိုဖွင့်ပြီး ပို.စ်အသစ်ကိုဖတ်တာ ရယ်လိုက်ရတာဗျာ

    ရေးလည်းရေးတတ်ပါပေ့

    ချစ်လို့ ကြည်စယ်တာဖြစ်မှာပါဗျာ

    ခင်တဲ့

    Z

    ReplyDelete
  10. ပေါက် ပြောလိုပဲ တွေးနေတာ

    ReplyDelete
  11. ၀ုလမ်းမှာ ရှော့ပင်စင်တာကြီး အကြီးကြီးရှိတယ် ... တို့အစ်မအစား ရင်နာချက် ... ကိုယ်သာဆိုရင်တော့ သမီးနဲ့ ၂မဲတစ်မဲ ရအောင်ကို ပတ်မှာပဲ ...

    ReplyDelete
  12. မမရယ်
    woodlands ရောက်တာများ ပူးတေကို လှမ်းခေါ်လိုက်ရောပေါ့... မမကို ပွဲဈေးတန်းလဲ လိုက်ပို့မယ်... cause way point လဲ လိုက်ပို့မှာပေါ့... နောက်ဆိုခေါ်နော်....

    :)

    ReplyDelete
  13. ပုတဲ့အပြင်သူ့ရဲ့တင်စားချက်ကတော့ ဘိုက်ပူပူ ဖင်ကောက်ကောက် ဆိုဘဲ. အဲဒါလေးကိုချစ်နေရတာနေမှာ။ ကျွန်မလည်း သမီးငယ်လေးကိုချစ်လို့ စတာရှိတယ်။ ဖင်ကောက်လိုက်တာလို့ ။ သူကလည်းမခံဘူး။ ဘာဖြစ်သေးလဲတဲ့။

    ReplyDelete
  14. မကွန်
    ကျွန်မသူငယ်ချင်းတစ်ယောက်ကပြောတယ်။
    သူက ပုထုဇဉ်ပါတဲ့။
    ပုတော့ လူတွေက ထုချင်ကြတယ်။ ဒါပေမယ့် သူ ကလူတွေကို သံယောဇဉ် ရှိပါတယ်တဲ့။
    ခင်မင်လေးစားလျှက်

    ReplyDelete
  15. အတော်ကို ဟုတ်နေပါလားးး
    အောက်ဆုံးက ရေရင် ၃ပုံမြောက် ဒါ့ပုံကို အကြိုက်ဆုံး...

    ReplyDelete
  16. မမကွန့် ရဲ့ အရေး .....

    " ပုတဲ့အပြင်သူ့ရဲ့တင်စားချက်ကတော့ ဘိုက်ပူပူ ဖင်ကောက်ကောက် ဆိုဘဲ. ရက်စက်ပါပေတယ်။ "

    အသက် ၅၀ ကျော် နှင့် အထက်ပါထင်ရှားတဲ့ အမှတ်အသားပေါင်းလိုက်ရင် စလုံးမှာ မမကွန့် ကိုတွေ့ ပြီ

    ခင်တဲ့

    ဇီ

    ReplyDelete
  17. ကျွှန် တော့် မိတ် ဆွေ အပြော နဲ့ ပြော ရ ရင် ( Too late to say good bye. ) ပါ ဘဲ ။ တ ခို့ မော် ဒ ယ် ( မယ် တော် ) တွေ ကြ တော. ကောက် ညှင်း ထုတ် က မှ အ ခိုး ကြ သေး တယ် တဲ့။ ဟို သီး ချင်း လို ပေါ့ , အ စ က လေ မ င်္ယု ပေ မယ့် ... ခု တော့ လေ ကြုံ ခဲ့ ပြီ မို့ ... ကိုယ် ချင်း စာ နာ ခဲ့ ရ ပြီ လေ ...
    ခင် မင် လေး စား စွာ ဖြင့် ... :) :) :)

    ReplyDelete
  18. အသက်တွေသာ တစ်နေ့တစ်ခြားကြီး ကလေးစိတ်အပျော်စိတ်ကမကုန်နိုင်...


    ဂေါ်ရခါး

    ReplyDelete
  19. သဘောတကျဖတ်သွားတယ်အမ... အမစိတ်တိုတဲ့ ပုံလေးမြင်ယောင်ကြည့်မိတယ် :P

    ReplyDelete
  20. အဲဒါတော့ KMSL မတရားဘူး ငါ့အမကို တရွတ်တိုက်မတတ်ခေါ်ရသလားလို့ ဘာပဲဖြစ်ဖြစ် ၀င်းဒိုးရှော့ပင်လောက်တော့ ထွက်ခဲ့ဖို့ကောင်းတယ်...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  21. (အလုပ်နဲ့ပက်သက်တာဆိုရင် လေသလပ်တာတောင်မကြားချင်ပါဘူးဆိုမှ..)
    အလုပ်နဲ့ လေသလပ်တာ ဘာဆိုင်လို့လဲဟင်င်င်...

    green fingers

    ReplyDelete
  22. မေလမှာ ပို.စ် ၁၈ ခု
    ဇွန်လမှာ ပို.စ် ၁၆ ခု
    ဇူလိုင်မှာ ပို.စ် ၁၄ ခု

    ဒီနေ့ အထိ ပို့ စ် ၂၀ ရေးပြီးပြီဆိုတော့ မေလ စံချိန်ကိုချိုးလိုက်ပြီပေါ့ ဂုဏ်ယူပါတယ် မမရယ်

    ငွေဈေးက မမကွန် ပို.စ်လို့  တက်ရင် သိပ်ကောင်းမှာပဲ

    ခင်တဲ့

    Z

    ReplyDelete
  23. သြော် .. ဝုလန်းမှာ မနေတော့ဘူးကိုး။ ဘယ်ကွန်ဒိုကိုပြောင်းသွားပြီလဲဟင် ...

    ReplyDelete
  24. မရခင်ဖျာလိုလိပ်ပြီးထိပ်ပေါ်တင်၊........
    .......ရပြီးရင်ဖျာလိုခင်းပြီးနင်းကန်ချင်... :)
    ကောင်းတယ်နော်...ဟေးဟေး..

    ReplyDelete
  25. ရှေးသရောအခါက ရာမညတိုင်း မာလာယုပြည်အနီး၊ ချင်ကြာပူရ ဟုအမည်ရသော လွန်စွာစည်ကားသည့် တိုင်းနိုင်ငံငယ်လေး တခုရှိလေသည်။ ..နေမပူ၍ လေပူမတိုက်သော နေ့တနေ့~~ ချင်ကြာပူရတိုင်း၏ အထင်ကရမြို့လယ်.. ဥယျာဉ်ခြံလမ်းမကြီး ကား အမျိုးအစားများပြားစုံလင်လှသော.. ရှော့ပင်းစင်တာများသို့ လာရောက်ဈေးဝယ်ကြသော ..သူငယ်မ၊ လုံမပျိုကြီးငယ် များဖြင့် ရှုပ်ထွေးစည်ကားနေလေတော့သည်.. ထိုအခိုက် တစုံတခုကိုမြင်လိုက်ရလေသည်.. ကျွနုပ်တို့ ချာရာဏသီတိုင်း ရွှေမရာမာပူရမှ လာဟန်တူသော လုလင်ပျိုသုံးယောက်... တယောက်ကား မော်မော်ကြွားကြွား တောသူဌေးသားဂိုက်အပြည့်နှင့် တယောက်မှာကား ဂန္ဓာလရာဇ်နွယ်ဖွားမျက်နှာပေါက်နှင့်ဖြစ်၏၊ နောက်ဆုံးတယောက်ကား မာလာယုပြည်သားနှင့်ခပ်ဆင်ဆင်ဖြစ်၏၊ အနှီသုံးယောက်ကား တယောက်နှင့်တယောက် အော်ကျယ်ဟစ်ကျယ် စကားပြောလျက် ဈေးဝယ်လာကြသော သူငယ်မ၊ လုံမပျိုကြီးငယ်တို့၏ စကပ်တိုတို ဘောင်းဘီတိုကပ်ချက်ပြုတ်တင်ပေါ်၊ အင်္ကျီခါးပြတ် ကျောဖော်ရင်ပေါ် ကြိုးတချောင်းအင်္ကျီ တို့မှ ထွက်ပ်ါလာသော ပေါင်သားဝင်းဝင်း ဗိုက်သားဝင်းဝင်း..အဝတ်စလွတ်သောနေရာမှ ဝင်းဝင်း၊ ဝင်းဝင်းနှင့်ထွက်ပေါ်လာသော၊ အရာမှန်သမျှကို ထူးဆန်းအံ့သြစွာ..ကြည့်ရှုလျက် ..ယင်ကောင်နားလောက်သော ပါးစပ်များဖြင့် ရွှေမရမာပူရစကားကို အားပါးတရပြောဆိုနေကြလေသည်.... ကောင်းကင်ကား ကြည်လင်၍ နေသာနေပေသည်.. ထို လုလင်ပျို သုံးယောက်တို့၏ ပြောစကားများအရ သူတို့ကား သင်္ဘောသီးများတည်း.. မကြာခင် တရုတ်တန်းရှိရာအရပ်သို့ အလုပ်ကိစ္စ အလို့ငှာ သွားရောက်ရန် တိုင်ပင်နေကြလေသည်... ဘတ်စ်ကားမကြပ်သေးသော နေ့လည်အချိန်တချိန်သာ ဖြစ်တော့သည်..။ ချင်ကြာပူရတိုင်း၊ တရုတ်တန်းအရပ်။ ... တောသူဌေးသား ဦးဆောင်လျက် အနှီရွှေမရမာပူရသား သုံးယောက် တရုတ်တန်းတခုလုံးအားသိမ်းပိုက်တော့မည့် ဟန်နှင့်ဘတ်စ်ကားပေါ်မှ ဆင်းလာကြသည်.. သူတို့နှင့် ရှေ့မလှမ်းမကမ်းမှာတော့ ဂန္ဓာလရာဇ်နွယ်ဖွား ဖြစ်ဟန်တူသော အမိုက်စားလုံမပျိုနှစ်ယောက် အန္တရာယ်ကိုမသိသည့်အလား အမိုက်စားဝတ်စားပြင်ဆင်လျက်.. ဦးသောင်းစိန်လမ်းမကြီးအားဖြတ်ကူးရန် မီးပွိုင့်ရှိရာ အရပ်သို့လမ်းလျှောက်သွားနေကြ၏။ ကျွန်ုပ်၏ လုလင်ပျိုသုံးယောက်ကား ထိုအမိုက်စားလေးနှစ်ယောက်နောက်မှကပ်လျက် တယောက်နှင့်တယောက်..
    အမျိုးမျိုးမှတ်ချက်ပေး၍ လိုက်လာလေသည်.. မိုးတိမ်များကား ရုတ်တရက် အုပ်မှောင်လာ၏.. တောသူဌေးသား ပါးစပ်မှ မစားရအညှော်ခံ ပျစ်ပျစ်နှစ်နှစ် ရွှေမရမာပူရစကားများကား တရစပ်ထွက်ကျနေ၏.. အမိုက်စားလေးနှစ်ယောက် ဦးသောင်စိန်လမ်းတဖက်သို့ကူးရန် မီးပွိုင့်၌လူရုပ်ကလေးက အနီေ၇ာင်ပြနေ၍ ရပ်လိုက်လေသည်..တောသူဌေးသား ပါးစပ်ကား ပျစ်ပျစ်နှစ်နှစ် ရွှေမရမာပူရစကားများထွက်ကျလျက်ရှိဆဲ... ကောင်းကင်၌ မိုးကားမှောင်မဲ၍သည်းကြီးမည်းကြီးရွာမည့်ဟန်ရှိ၏.... ရုတ်တရက်.... အမိုက်စားလေးနှစ်ယောက် အနက်မှ ချာရဏသီတိုင်းမှရုပ်ရှင်မင်းသမီး ပုလဲဝင်း..၏
    မျက်နှာပေါက်နှင့်ဆင်သော အမိုက်စားလေးတယောက်.. ချာကနဲလှည့်၍ တောသူဌေးသားအား ခပ်တည်တည် မျက်နှာထားဖြင့် မျက်နှာချင်းဆိုင်လိုက်လေသည်... ထို့နောက် တချက်ပြုံးလျက်.... လွန်စွာမှပီသသော..ချိုမြသောေ၇ွှမရာမာပူရစကားဖြင့် တောသူဌေးသားအား ယခုလို ပြောဆိုလိုက်လေသည်.... " မောင်လေးမှာနှမတွေ ရှိမှာဘဲ.. မောင်လေးရဲ့နှမတွေကို မောင်လေးပြောသလို အပြောခံရရင် မောင်လေးဘယ်လိုနေမလဲ.. နှမချင်းကိုယ်ချင်းစာပါ... ချင်ကြာပူရမှာေ၇ွှမရမာပုရ စကားပြောရင်ဆင်ခြင်ပါ.. မောင်လေးမသိတဲပေ၇ွှမရာမာပူ၇တိုင်းသားတွေ ဒီမှာအများကြီးရှိတယ်.. နောက်နောင်.. ဆင်ခြင်ပါ.. ဒီတခါတော့ ခွင့်လွှတ်လိုက်မယ်.. သဘောပေါက်တယ်နော်.. ဆို၍.. လူရုပ်ကလေးအစိမ်းေ၇ာင်ပြပြီုဖြစ်သဖြင့် လမ်းတဘက်သို့ ဖြတ်ကူးသွားကြလေသည်.. တောသူဌေးသားကား ခွေးအကြီးလှည်းနင်းသကဲ့သို့.. အအာအိအီ..နှင့် ဖင်ကုတ်ခေါင်းကုတ် ပါးစပ်အဟောင်းသား... ကျန်..လုလင်ပျိုအဖော်နှစ်ယောက်နှင့်အတူ မီးပွိုင့်မှာ ကြောင်၍ကျန်ရစ်ခဲ့လေသည်... မိုးကားသည်းကြီးမဲကြီး ချိမ်း၍ ရွာလေပြီ။ ..မိုးနှင့်အတူ ပါလာသော ဒေဝေါက အသံနက်ကြီဖြင့် ကိပတ်သဂွတ်ဝေါ့ဟုဆိုကာ …... ဤတွင်ပြီး၏။

    ReplyDelete
  26. အဟိ.... မမောတန်းကို ရေးသွားတာပဲ... ကူးပီး ပို့ စ်တစ်ခု ကောက်တင်ပစ်လိုက်မှ ထင်တယ်.... မမကွန်ရေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး သဘောတူရင် ပို့ စ်တင်မယ် နော်.... ဟီးးးးးး

    ReplyDelete
  27. အဟိ.... မမောတန်းကို ရေးသွားတာပဲ... ကူးပီး ပို့ စ်တစ်ခု ကောက်တင်ပစ်လိုက်မှ ထင်တယ်.... မမကွန်ရေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး သဘောတူရင် ပို့ စ်တင်မယ် နော်.... ဟီးးးးးး (comment ရေးနေကျမဟုတ်၍ ဂွကျပါ၏)

    ReplyDelete
  28. သတိပေးချက်။

    ကွန်မန့် က ပို့ စ်ထက်ရှည်ပါက မမကွန် က ဂုဏ်ပြုတဲ့အနေနဲ့ သူမ၏ဘလော့မှာ ပို့ စ် အဖြစ်တင်ပေးမှာ ဖြစ်ပါကြောင်း ကွန်မန့် ရေးသူများအားသိစေ အပ်ပါသည်။

    မမကွန် ရဲ့ အမိန့် အရ

    ပုံ

    ပွဲစားကြီး

    Z

    ReplyDelete
  29. ခရီးသွားခွင့်မှာ တစ်ပါးသူတွေကို မျှဝေပေးဖို့သတိရတာ
    ကျေနပ်ရပါတယ်...။ဒီလောက် စေတနာကောင်းသူကို
    ဟိုလိုဒီလိုမပြောသင့်ပါ ... အပြောဆင်ခြင်ရန် ဈေးကိုင်လိုက်ပါ ... ချော့လာတော့မှ ...
    ငြိမ်းစိုးဦး

    ReplyDelete
  30. Last month, I had bought some necessary items of personal effects from woodlands shopping centre.
    Woodlands is a nice place.
    BINO

    ReplyDelete