Friday, September 17, 2010

ခစစ






















ဘလော့ရေးတယ်ဆိုတာ လွယ်တာမဟုတ်ဘူး. အခုတစ်လော ရေးစရာရှာ့းပါးနေတယ။် ဖြစ်ညှစ်ပြီးလဲ မရေးချင်ဘူး။ စားတာတွေ သွားတာတွေ ကလည်းထပ်နေပြီ။ လာစားရ တဲ့သူတွေ လည်းစားရလွန်းလို့စိတ်ညစ်ရှာတော့မယ်။ ဘာမှ မရေးဘဲ ပုံဘဲတင်ရင်လဲ လာဖတ်သူတွေ မောမှာစိုးရတယ်။ အများကြီးရေးပြန်တော့လဲဟုံသွားမှာစိုးရတယ် ဖတ်နိုင့်ပါ့မလားစိတ်ပူရတယ်။ နောက်ဆုံးတော့ ကိုယ်ရေးချင်တာရေးပြီး ကိုယ်လုပ်ချင်တာလုပ်တဲ့ မူဝါဒကလေးနဲ့နေမှသာလလျှင် ဒီဘလော့ကလေး အသက် ရှုနိုင်မယ်။


ဒါ့အပြင် စူ့ထက်စူ လုစွမ်းကောင်းတွေ ရဲ့ ရေးချက်တွေ ကြောင့် ကိုယ်လို အပလာလေးခမျာ ဘာရေးရမလဲ ခေါင်းတွေ ကုတ်.

သွားရင်းလာရင်းနဲ့ မုန့်စားခဲ့တယ် တွေ့တဲ့ သူဆီကနေ တွေ့တာ စားတယ်။

မုန့်တီဖတ်ထဲကို ပဲပင်ပေါက်နဲနဲထည့် ပဲသီးနဲနဲထည့်. ပြီး ငရုတ်သီးဆီချက်ထည့်ပြီး အုန်းနို့်နဲ့ချက်ထားတဲ့ဟင်းရည်ကိုထည့်ပြီးစားရတယ။် သိတ်တော့မကြိုက်ပါဘူး အုန်းနို့ပါတော့ပိုဆိုးသေးတယ် ခေါင်းမူးတတ်လို့အသာလေး နဲနဲဘဲစားတယ်။

ကောက်ညှင်းထုတ်ကတော့စိတ်ဝင်စားစရာဘဲ ကိုယ်တို့ပုံမှန်ထုတ်တာနဲ့မတူဘူး ဘယ်လိုစားရမလဲစဉ်းစားသေးတယ် အလုံးလိုက် အလယ်ကဘဲလှီးဖြတ်ပြီးစားရမလား. ဒါမှ မဟုတ် ကျုထရ့ကွက်ကလေးတွေ ကိုဘဲစိတ်ရှည်လက်ရှည်ဖြည်ပြီးစားရမလား. အဲသလို ကြုံသလိုဘဲ စားလိုက်တော့တယ်။


























မှတ်ချက်
Wesheme ပင်တိုင်ဆောင်းပါးရှင် TZA တောင် ခဏခဏစားသေးတာငါ ဘာလို့မစားရမှာလဲ .ဟင်း…

23 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. စားသာ စား။ အမုန်းဆွဲ။ အပြတ်ကြိတ်။ အသားကုန်လွေး။ နာနာတီး။ နင်းကန်သာဝါးပါ အရီးကွမ်။ အစားဆိုတာ လူနဲ့တည့်တယ်လို့ ပြောကြတာပဲ။ ဒါပေမဲ့၊ သို့သော် but, however...

    ReplyDelete
  4. အပေါ်က လူကြီး သူကြီးပဲ သုံး ခု မန့် တယ် ကောက်ညင်းတုတ်တွေ မိုက်တယ်ဗျာ

    ReplyDelete
  5. အော်...မလေးစာစားပုံပေါက်တော့
    Hara Open house သွားစားတာများလား ?

    ReplyDelete
  6. ခစစ = ခပ်စားစား?
    ခစစ = ခပ်စောင်းစောင်း?
    ခစစ = ခပ်စွေစွေ?
    ခစစ = ခပ်စပ်စပ်?

    ReplyDelete
  7. ဒါနဲ့ပဲ ရေးစရာရှားပါးနေတယ် ဆိုပြီး တွေ့သမျှစားပြီး..
    ခပ်စိပ်စိပ်လေး စားပြီး နေလိုက်တယ်ပေါ့လေ။
    ဒါဆိုရင်တော့ဗျာ..ခပ်စူစူ ဖြစ်လာလိမ့်မယ်..ဗိုက်...

    ReplyDelete
  8. သွားမယ် စားမယ် လည်မယ် ဝယ်မယ်...
    ဒီလိုလေးနေရတာ မကောင်းဘူးလား...

    ReplyDelete
  9. မမကွန်ရေ ...

    ပို့ စ်ရှည်ရှည်ရေးလည်း ကျွန်တော်တို.လို ပင်တိုင်စာဖတ်ပရိတ်သတ်က ဖတ်နိုင်ပါတယ် စိတ်မပူပါနဲ့ 

    မမကွန်ကြီး ရေးချင်တာရေး ၊ ကျွန်တော်လည်း ဖတ်ပြီး ကွန်မန်.ရေးချင်တာရေးမယ်

    ဘလော့ဂါကြီးရဲ့ စာဖတ်ပရိတ်သတ်အပေါ်ထားတဲ့ စေတနာကို နားလည်သဘောပေါက်မိပါတယ်

    ခင်တဲ့

    Z

    ReplyDelete
  10. ခစစ = ခပ်စိုးစိုး

    ခစစ = ခပ်စိမ်းစိမ်း

    ခစစ = ခပ်စောင်းစောင်း

    ခစစ = ခပ်စွေစွေ

    ခစစ = ခုတ်စားစေ

    အုန်းစားအောင်လုပ်ပြီ .. ဘလော့ဂါကြီးကတော့... ဟင်း

    ReplyDelete
  11. မောင်မျိုးSeptember 17, 2010 at 9:54 AM

    ခပ်စွေစွေး) လူစွမ်းကောင်းဆိုတာ အတောင်နဲ့လား

    ReplyDelete
  12. အပေါ်ဆုံးကပုံကိုကြည့်တော့
    Nusa Tenggara, Kutang.. မှာ သူတို့လူမျိုးတွေ က ရင် အဲလိုအထုတ်လေးထဲပဲစေ့တွေထည့်ပိတ်၊ ခြေထောက်မှာချည်ပီးကကြတယ်. အဲဒါသတိရလို့..

    ReplyDelete
  13. ခစစ = ခပ်စွာစွာ

    ဘလော့ဂါအပျိုကြီးများမှာဖြစ်တတ်ပါတယ်

    မေး။ ဘယ်လိုလည်း Z ရဲ့ ၊ ဘလော့ဂါ အပျိုကြီးကိုပဲ ခလုတ်တိုက်နေရတာလဲ

    ဖြေ။ ပျော်လို့ 

    မမကွန်ကတော့ မစွာဖူးထင်ပါ့ရဲ့

    ခင်တဲ့

    Z

    (ဒေါက်တာလွဏ်းဆွေ ဘလော့မှာ z အမည်ရှိ ဘလော့ဂါတစ်ယောက်ပေါ်လာလို့  အမည်ပြောင်းရခြင်းဖြစ်ပါတယ်)

    ReplyDelete
  14. မကွန်ရယ်
    ခစစ ကို လဖပ တယ်။
    အရက လို့ ကမ ရေးခဲ့တယ်။
    အမြဲတမ်း အပ လျှက်ပါ။
    ခမစ ဖြင့်

    ReplyDelete
  15. ဘယ်တော့ ခပပ လာမှာလဲ..။
    မျှော်ရလွန်းလို့ မော..။





    ပုံ/
    ခပပ
    (ဒီတခါတော့ မမှန်းတတ်တော့ဘူးမို့လား..
    မယ်ဆင်...ဟင်းဟင်းး)

    ReplyDelete
  16. ရေးသာရေး စားသာစား

    ReplyDelete
  17. ခပ်စွာစွာလေးရေးထားတယ်ပေါ့လေ.....
    ကောက်ညှင်းထုပ်တစ်ထုပ်ဖြေစားသွားတယ် :p

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  18. ခစစ= ခပ်စပ်စပ်
    သင်းဘောသီးသုတ် ခပ်စပ်စပ်လေး အတူသုတ်စားကြတာ သတိရသွားလို့ပါ။ (အိမ်မက်ထဲမှာနော် ....း))

    ReplyDelete
  19. သူများတွေကတော့ ခစစ ကို ခပ်စပ်စပ်တို့ဘာတို့ အဓိပ္ဗါယ်တွေဘာတွေ ဖွင့်လို့ အင်း ဘလော့ဂ်ပိုင်ရှင်ကတော့ ပြုံးပြီး ကြည့်နေပုံပဲ ကျွန်တော်ထင်တာကတော့ ယတြာချေတယ် ထင်တာပဲ
    ခစစ = ခေါစာစား
    ဆိုပြီး လာသူတွေကို ခေါစာများ ပစ်ပေးထားတာလား မခင်ဦးမေ . . .

    Just Kidding :P

    ReplyDelete
  20. မလေး သွားလိုက်
    မလေးစာ စားလိုက်
    ကောင်းမှကောင်း

    ReplyDelete
  21. ရေးချင်တာရေး အစ်မကွန်...။စားချင်တာတွေလည်း စား
    သာစား...။အားပေးတယ်...။အားပေးတယ်...။

    ReplyDelete
  22. စားသားဘဲ ၊ ဘုရားရှိရင် ဧတဒဂ်တောင် ရအုံးမယ် ဆက်ပြီးစားသောက် ရိုက်ထုပြီး တင်တော်မူပါ

    ReplyDelete
  23. မမကွန်ရေ

    ပို.စ်အသစ်တင်ပါဦး ၊ တစ်ချို. ဘလော့ဂါအပျိုကြီးလို orchard မှာ ဓါတ်ပုံရိုက်ပြီး ပို.စ်အဖြစ်တင်ပါဦး

    စလုံးမှာ နာမည်အရမ်းကြီးနေတဲ့ အန်တီကြီး (မမကွန်.) ကို မြင်ဖူးချင်လို့ ပါ ..

    ခင်တဲ့

    ဇီဇီဇီ

    ReplyDelete