Sunday, September 26, 2010

ဟိုနားဒီနား


ဘယ်သူဖတ်ချင်ချင် မဖတ်ချင်ချင်. .ကိုယ်ရေးတာကိုယ်ပြန်ဖတ်ပြီး ကျေနပ်နေ တဲ့သူ တစ်ယောက် ရှိပါ တယ်။


Loreal လေး သွားဝယ်မယ်စိတ်ကူးပါတယ်။ သက်ဝေက ဖဘမှာတိတ်တိတ် ကလေး သတင်း ပေးထား တယ်။ လိပ်စာက floyer 2 level 2 တဲ့။ သိတ်လှူိ့ဝှက်တတ်တဲ့သက်ဝေ။ အဲဒါနဲ့ဘယ်နားမှာမှန်းမသိလို့ Google လိုက်မှ expo ဆိုတာ သိလိုက်ရတယ်။





















လေဆိပ်သွးဘို့ရှိတယ် အပျော်တွေ ထပ်ဆင့်သွားတယ်။ လမ်းကြုံတယ် ဝင်လိုက်ဦးမှ ဘဲပေါ့. စိတ်ကူးတွေ ယဉ်တယ်။ လေဆိပ်ကိုလာမဲ့ထပ်လာမဲ့သူများကိုတောင် သတင်းပေးလိုက်သေးတယ်။ တစ်ခါမှ လဲမသိဘဲနဲ့ဖုံးနဲ့ဘဲအချိန်းအချက်လုပ်ကြတယ်။


အပျော်တွေကို ဘလော့က.အဲလေ စီပုံး……….အင်း အားလုံးပါဘဲ အဲဒီထဲမျောသွားလိုက်တာ နီးမှ ကမန်းကတန်းထလစ်ရတယ်။ expo ကို မျှော်ကြည့်ရင်းနဲ့ နေရစ်တော့ L’Oreal ကိုယ်သွားတော့မယ် လို့ကြေကွဲ အကြည့် နှူတ်ဆက်ရင်းနဲ............

ကိုယ်သတင်းပေးခဲ့တဲ့သူတွေ က လော်ရယ်အိတ်ကလေး တွေနဲ့ စိတ်တွေက နာပြီးရင်းနာ.. ငါ့ကိုနိပ်စက်နေတာ not found တင်မက တော့ဘူးလို့ ရင်ထဲ့တွေး…….... လော်ရယ်ဝယ်ရင်းနဲ့ငါတို့ကို ဖုံးဆက်တာ ဘယ်အစ်မပါလိမ့်လို့ သူတို့ခမျှာများ ရှာကြည့်ကြသေးသတဲ့ သူတို့အစ်မ ခမျှာ. ဆမ် ဆောင်း တစ်လုံးနဲ့ အလုပ်တွေရှုပ်..နေတာ မသိကြရှာဘူး.

လော်ရယ်ကလဲ အားကြီးရောင်းကောင်းတယ်ဆိုဘဲ လူတွေ မှ မနည်းပါဘူးတဲ့ ဝယ်လိုက်ကြတာ အများကြိးတဲ့..... ...မကြာ်းရက်ပါလားကွယ်။ နားနစ်ဖက်ကို ပိတ်ထားချင်ရဲ့. နင်သိတ်နိပ်စက်တယ်ဘလော့ရယ်..........နင့်ကိုငါမုန်းတယ်။

လေဆိပ်မှာ ထိုင်စောင့် မတ်တပ်ရပ်စောင့် arrival လူက ရောက်မလာနိုင်သေး. လာကြိုတဲ့သူက ဟာသပြော. တစ်ခါကတဲ့ တစ်ယောက်က သူ့ကိုမေးမြန်းနေတာ သိတ်ကြာတော့ သူက စိတ်ဆိုးပြိးပြောသတဲ့ ဒီမှာ ဟေ့ မင်းက သူများတွေ ကိုတော့တစ်ဒုံးဒုံးနဲ့ ငါ့ကိုတော့ဘာလို့ မဒုံးနိုင်ရတာလဲတဲ့။ ဟိုဟာ ဒီဟာတွေ ဆက်မေးပြန်တော့ ဒါမင်း hot မဟုတ်ဘူး ငါ့ hot လို့ဆိုသတဲ့….....


ရေးရင်းနဲ့ အိမ်သာထသွား..

ခဏရပ်
ခေါက်ဆွဲသုပ် နိပ်စက်.
သုံးခါရှိဘီ။





















ခမမ ကလည်း မက်ဆိပို့ . ပင်နီစူလာမှာတွေ့လိုကပါသတဲ့. သူက ရနံသစ်မှာပါတဲ့. ပျော်ရွင်ပစေ ဆိုဘဲ။ မသိရင်တက်သွားနိုင်တယ်။ ရွှီး. ကိုယ်ကဖြင့် အဲံဒီအချိန်က အိမ်မှာ………..ခက်တယ် သိတ်ခက်တယ်။ လူကို ဟိုဘက်ကခြောက်လိုက်င်္ဒီဘက် ခြောက်လိုက်. ဒီကလူမှာ ပတ်ပုန်းနေရတယ်။ ဟိဟိ ..နဲ့ မမ ..မမ လုပ်နေတာ မြင်ကုန်ကြရင်တက်သေကုန်မှာ စိုးလို့လဲ ပုန်းပေးနေရသေး.. ကိုယ့်အိမ်မက်လေးတွေ မပျက်စီးလိုပါ...........


ပြီးတော့မှ တစ်ခါ ပင်နီစူလာပြန်သွား.......... စလုံးကို round the town ဖြစ်နေပြီ. ညက မိုးမှောင်တယ် ည ၉ နာရီဝန်းကျင်း ဒါပေမဲ့ တိမ်တွေ ကိုမြင်ရယ် သိတ်ထူးဆန်းတာဘဲ မိုးချုပ်ရင် တိမ်မမြင်ရဘူးမဟုတ်လား ဘာလို့မြင်ရတာလဲ.


























ကိုကိုဒီဘီကိုလည်း rest room ထဲကနေသတိရနေမိသေးတယ် အော် ကဒီဘီ ကဒီဘီ အိမ်လာငှားတုံးက လှပချောမောတဲ့ မိန်းမပျိုကလေးနစ်ဦး ထဲက ဘယ်တစ်ယောက်များ နွားနို့သောက်ပါလိမ့်နော်လို့လဲ တွေးတောနေမိတယ်။

အဲဒီကတေ အတွေးစတွေ က ဆန့်ထွက်သွားတယ်..………တွေး..တွေးနိုင်လွန်းတယ်။ ခဥမရဲ့ e ပိုက်ဆိုပြီး နာမည်ကြီးခဲ့တဲ့ .. အဲဒါလေးတွေ နဲ့ လျှမ်းလျှမ်းတောက်ပြီး ဘလော့လောက ထဲကိုထိုးဖောက်ဝင်ရောက်ခဲ့ တယ်ဆိုလဲ မမှားပေ ဘူး. Nov 2008 ကရေးထားတာ.


မှတ်ချက်
Link ကို မဖတ်လဲရပါသည်။ ဖတ်ခဲ့ရင်တော့လည်း 2008 က ဘလော့ဂါများ ကွန်မက် မျာ် C box chatting များ ကို လွမ်းမောဘွယ်တွေ့ရပါမည်။

24 comments:

  1. e pipeသိပ်မှတ်မိတာပေါ့..။
    ဒိနေ့ အိမ်မှာ ရေမလာဘူး.။
    မော်တာပျက်လို့တဲ့..။
    အိမ်နီးနားချင်းတယောက်က သူ့အိမ်မှာ
    ရေချိုးဖို့ခေါ်တယ်..။
    ညည မိုးပေါ်မှာလဲ တိမ်တွေ၇ှိပါတယ်..။
    မြင်တတ်အောင်ကြည့်ပါ..။
    ဥရုဂွေးဖုန်းလား ဘာဖုန်းလဲ ဘယ်ရောက်သွားပြီလဲ..
    (ကိုဘ နာမည်ပေးထားတဲ့ဖုန်း)


    တစုံတယောက်..
    (မှန်းကြည့်ပေါ့..
    qif qif မမှန်းရ..)

    ReplyDelete
  2. စားစရာတွေကတော့ မိုက်၏း)

    ReplyDelete
  3. ဒီပို့စ် မဆိုး..။

    ReplyDelete
  4. ဒါကြောင့် အခု လာဖတ်ရတာ အနံ့အသက် မကောင်းဘူးလို့ ထင်တော့ ထင်မိသား။ ခေါက်ဆွဲသုတ်တော့ စားချင်ပါ့။ အရင်က မနက်တိုင်း မစားရရင်ပဲ နေမကောင်းချင်သလိုလို ဖြစ်အောင်ကို ကြိုက်တာ။ အခုတော့ . . .အင်း. .

    ReplyDelete
  5. လော်ရယ်က ရွှေရောင်အမှုန်လေးနဲ့ မိတ်ကပ်ဝယ်ထားတယ်.....ညှင်းညှင်း.........
    (သူများဝယ်လာပေးတာ... )

    မမှန်းရဲပါဘူး အပေါ်ဆုံးက tayguf ရယ်
    သူ့နာမည်က တေဂပ်ဖ် ဖြစ်သွားပါလား...

    pifqif

    ReplyDelete
  6. ဆွေလေးမွန်September 26, 2010 at 8:07 PM

    L’Oreal ကိုစိတ်နဲ့ငမ်း..
    ခေါက်ဆွဲသုတ် ကိုသရေကျ..
    ပင်ပန်းနေသော မကွန်အား
    မြင်ရောင်ရင်း..
    ဟိုနားဒီနား ..

    ReplyDelete
  7. ခပပ

    နောက်ဆုံး ပုံ ၂ ပုံ က ခြောက်ခြား စရာကြီး...

    မKOM လိုပဲ ခပ်ပြတ်ပြတ် ပြောမယ်.... ဖတ်ပြီးပြီ...

    ReplyDelete
  8. ကွန်မမ.. ဒီတစ်ခါစာရေးတာ မောနေမယ့်ပုံပဲ... ရော့ရော့..အအေးသောက်... :D...

    ReplyDelete
  9. ဘာာာာ...
    ဘလော့ဂ်ကို မုန်းတယ်၊ ဟုတ်လား???

    နင်မုန်းတာထက် ပိုမုန်းတယ်
    ဒါပဲ...:P

    ReplyDelete
  10. ခေါက်ဆွဲသုတ် နှိပ်စက်လို့ ၃ခါ သွားကြောင်း မှတ်သားသွား ပါသည်။

    ReplyDelete
  11. ညီမကတော့ Olay ဘဲ
    e ပိုက်..ကိုပါဖတ်သွားကြောင်း..

    ReplyDelete
  12. ဟိုနားဒီနား..လာသွားပါတယ်ဗျာ :)

    ReplyDelete
  13. ဒီပို့စ် ကြိုက်တယ် ။လော်ရယ်ကအင်ကြီးပါမမ ။
    ၅ ပုံမြောက်ပုံအရမ်းကြိုက်တယ် ။

    ReplyDelete
  14. အောက်ဆုံးပုံက မင်္ဂလာဈေးမီးလောင်တုန်းက ပုံတွေလိုပဲ
    အဆောက်အအုံပဲ ကွာတယ်..

    CV
    (tayguf နဲ့ pifqif မမှန်းရ)

    ReplyDelete
  15. ဆောရီးမမ...
    သက်ဝေ information ပေးတာ လိုသွားတယ်...
    Loreal Sale ဆို Expo မှာပဲ လုပ်တာများတော့ သေသေချာချာ မရေးလိုက်မိဘူး...း))

    "နင် သိတ်နိပ်စက်တယ် ဘလော့ရယ်..........
    နင့်ကို ငါမုန်းတယ်.."
    အဲဒါ ကို သိပ် သဘောကျတယ် မမ...း))

    ReplyDelete
  16. အလင်းကောင်းတဲ့ နေရာတွေမှာ တိမ်တွေက ညမှာ
    လည်း အရောင်ပြန်မှု နဲ့ မြင်နေရမယ် ထင်ပါတယ် ။
    မြန်မာ ပြည်ကြီးမှာတော့ မည်းမည်း ...
    ငြိမ်းစိုးဦး

    ReplyDelete
  17. ဒီပိုစ့်ဖတ်ပြီး e- pipe ကိုဖတ်လိုက်တာ
    ရယ်လဲရယ်ရသလို ကျေးဇူးလဲတင်မိသွားတယ်..
    နည်းလမ်းကောင်းလေး တစ်ခုရလိုက်လို့ပါ။
    ကိုကာကိုလာနဲ့ စပရိုက်တိုက်ရမယ်ဆိုတာကို တကယ်ကို မသိခဲ့ဘူး
    ထူးထူးဆန်းဆန်းနဲ့ ငွေကုန်လဲ
    သက်သာမဲ့နည်းလမ်းမို့
    မှတ်သွားပါတယ်.. အစ်မရေ
    ကျေးဇူးအထူး

    ReplyDelete
  18. e-ပိုက်က ဘယ်ချိန်ပြန်ဖတ်ဖတ် ကြိုက်တယ်... ကျနော့ဖေးဘ၇ိတ်... အပို့ကိုပြောဒါနော်... ဟီးဟီး..

    ReplyDelete
  19. ဒီက စိတ်ဓာတ်စစ်ဆင်ရေး လုပ်လိုက်ထှာ ၊ တွေ့သွားတယ်ဆိုလို့ လန့်သွားသလား ဟွင်းဟွင်း ။ စနေနေ့များ ပန်နီဇူလာရောက်ဖြစ်တိုင်း ဟိုအဖွားကြီးလား ဒီဂျီးဒေါ်များလား လူရိပ်လူကဲခတ်ဖြစ်ကြောင်းပါ အဟင်းဟင်း..


    ခမမ

    ReplyDelete
  20. ဂေါက်တောက်တောက်နဲ့

    ReplyDelete
  21. အပေါ်က အနောနီးမတ် စိတ်ဓါတ်ကျရောဂါဝင်တတ်တယ်... သတိထား.... လူတွေကို မုန်းတတ်နေရင် လူတွေကလဲ ( အလိုလို ) ပြန်မုန်းတာခံရတတ်တယ်... မေတ္တာတရားတွေ ခေါင်းပါးနေတာကိုး.....

    ReplyDelete
  22. လင့်ခ် ကို လိုက်သွားတယ်။ အဲဒီတုန်းက သူငယ်ချင်းတွေ ချက်ချင်းပဲ သတိရသွားတယ်။ မဇနိ US လာလို့ အကြာကြီးပဲ ဖုန်းပြောဖြစ်သေးတယ်။ တမြို့စီမို့ တွေ့ခွင့် မသာခဲ့ဘူး။ သူတို့ ဒီနှစ်ကုန် မင်္ဂလာဆောင်မယ်တဲ့ မမရေ..

    ReplyDelete
  23. မကွန်ရယ်
    အပြေးအလွှားနဲ့ လိုက်ဖတ်လိုက်ရာတာမောသွားတာပဲ။
    ဖတ်တဲ့လူမောအောင်လည်း ရေးတတ်တယ်နော်။
    တော်သေးတယ် အသုပ်ပန်းကန်လေးပါလာလို့။
    အမောပြေသွားတယ်။
    ဒါနဲ့ e pipeလည်း သွားဖတ်လိုက်တယ်။
    ဒီရက်အတွင်း အချိုရည်သောက်တိုင်း ၊ ကျမ္မာရေးအတွက် အလုပ်ကြီးအကိုင်ကြီးလုပ်တိုင်း သတိရမိတော့မယ်။

    ReplyDelete
  24. မမကွန်ဘလော့ဂ်ကိုကြိုက်တယ် ဖတ်တယ်ဆိုပြီး e-pipe အကြောင်း မသိလို့ ဘယ်ဖြစ်မလဲနော့။ ကောင်းကောင်း မှတ်မိပါတယ် အစ်မရေ။

    ReplyDelete