Thursday, September 30, 2010

ကလိကလိနဲ့ ကျလိကျလိ

ဝက်ဆိုက်တစ်ခု ကို ကလိကလိနဲ့ ကျလိကျလိဖြစ်နေတာကြာပါပြီ။ SMNTL /.ကိုအောင်(ပျူနိုင်ငံ)/ ကိုကိုဒီဘီရဲ့ပိုစ်နစ်ခု./ လတ်တစ်လော gmail နဲ့ဆိုင်တဲ့ပိုစ်...........တွေမှာ သက်ဆိုင်ရာ ရေးသူများ ကို ခရက်ဒစ်မရှိတာကို သတိပြုမိတယ်။

ကြိုက်နစ်သက်လို့ဖော်ဝပ်လုပ်ကြတာကိုလည်းအပြစ်ရယ်လို့မဆိုလိုတော့ဘူး ။ ရေးသူ ပါမသွား တာလဲမပြောလိုတော့ဘူး။ ဝက်ဆိုက်တစ်ခု ကြီးအနေနဲ့ ပြန်လည် ဖော်ပြမယ်ဆိုရင်တော့ ဖော်ဝပ်မေးလ်မှ ရသည်ဆိုပြီး ရံ့နဲ့ မကျေနပ်သင့်ဘူး လို့ခံယူမိပါတယ်။

အင်တာနက်ထဲမှာအဲဒီစာသားတွေ ကို တစ်ချက်ရိုက်ရှာလိုက်ရုံနဲ့ ပိုင်ရှင် ရေးသူ အမည် ဘယ်သူလဲ သိနိုင်ပါတယ်။ ဘာအခက်အခဲတွေ ဘယ်လိုအခြေအနေကြောင့် ဒီလိုဖြစ်နေရတာလဲ.။

ရှေ့ဆက်လဲ တစ်ပုဒ်ပြီးတစ်ပုဒ်တင်ပြနေဦးမယ်ဆိုရင်တော့ ပိုင်ရှင်များကိုယ်စား စိတ်ညစ်မိပါကြောင်း.............

28 comments:

  1. တော်သေးတယ်..
    ဒီက စာဖတ်အား မသန်လို့..။
    ဒီဘလော့ဖတ်ရုံနဲ့တင် လုံလောက်တယ်။
    ဟီးးဟီးး


    ငပျောက်ပင်း

    ReplyDelete
  2. အင်းးး...အဲလိုတွေကလည်းတမျိုး...။

    ReplyDelete
  3. အုန်းသီး အရေးများပါသီ...

    ကော်ပီကူးလျှင် မူရင်း လိပ်စာ ဖော်ပြပါသီ... မမဆင်

    ကျနော်မဟုတ်လောက်ဝူး...

    ReplyDelete
  4. ဒီပို့စ်ကို ကျွိကျွိဆိုပြီးခေါင်းစဉ်ပြောင်းပြီးကော်ပီကူးသွားမှဖြင့်

    ReplyDelete
  5. Did you ever ask for giving credit when SMNTL shamelessly used contents from other blogs as her own?
    The points in your posts are just not giving credit appropriately, not abusing as their own creation.
    As your post title says, your stand makes me irritating and questioning back to you!

    ReplyDelete
  6. အဲဒီ သူခိုးဂျပိုး ၀က်ဆိုဒ်တွေက ပြောလည်း
    မကြားချင်ရောင် ဆောင်နေတာ များတယ် အမရေ၊ အဲဒါကြောင့် PDF နဲ့ ပို့စ် ရေးဖို့
    စဉ်းစားနေတုံးပဲ အမ။

    ReplyDelete
  7. သံခီးလော့....
    သံခီးလော့.....
    (စာစုံလိုက်ဖတ်နေသူမို့ မဂ္ဂဇင်းတစ်အုပ်ထဲက သရော်စာခေါင်းစဉ်လို
    ဘာာကို.. ရော်ရည်ရွယ်ရာ ..လုပ်တယ်ဆိုတာတော့ ရိပ်စားမိ၏)

    ReplyDelete
  8. ဟားဟားဟား....
    ဒါမျိုးတွေ ခံရဖန်များလို့ ရင့်ထော်နေပေါ့။ အခု နောက်ပိုင်းလည်း ခံနေရတုန်းပါပဲ။ အဟား။
    ဒါပေမဲ့ ဘယ်ဘလော့လဲ ဆိုတာ မသိချင်တော့သလို ၊ ဘယ်သူ့စာတွေပါ ဆိုတာလည်း မသိချင်တော့ဘူး။ ကိုယ်က မမကွန်လိုပဲ မနေနိုင်သူ ဆိုတော့ သွားပြောမိရင် ကိုယ့်ကိုယ်ပဲ မုန်းဦးမှာလေ။

    ReplyDelete
  9. လင်းသစ်ဆိုတဲ့သူက ဘလော့အစုံ က စာမူတွေ ကူးချ နေတာ (စိတ်ပျက်စရာ ကောင်းတယ်။)

    ခက်တာက မကွန်ရဲ့ပို့စ်တွေ ကို မကူးချနိုင်တာ မကွန် ဂုံ ယူလိုက်စမ်းဘါ
    ဂုံ ယူလိုက်စမ်းဘာာာာ

    ReplyDelete
  10. I totally agree with you, MaMa Kom. The other day i was trying to talk to the person who copied from other blogs and without giving any credits. u know what, they even tell me "what the hell am i talking to them" they are really rude.

    ReplyDelete
  11. နောက်တမျိုးရှိသေးတယ် လင့်ခ်ခွင့်ပြုပါ ပြန်လည်ဖေါ်ပြခွင့်ပြုပါ ဆိုပြီး စီဘောက်တွေ ဘာတွေမှာ လာရေးသွားပြီး တကယ်လည်း သူရို့ ဆီမှာ တင်လိုက်ရော ဘာခရက်ဒစ် မှမပါတာမျိုးလေးတွေ။
    တခါ နည်းပညာ ပြန်ပွားစေရန် ဝေမျှတတ်ရန်ဆိုပြီး ပြန်လည်ဝေငှ လိုက်တာ့ သူရို့ က မူရင်း ရေးသားသူတွေ ဖြစ်လို့ ။ဘာပဲ ဖြစ်ဖြစ် ရေးချင်လို့ ရေးတာ မှာ ကူးချတာမျိုး ရှိလည်း ခပ်ပြုံးပြုံးလေး နေနိုင်အောင် ကြိုးစားရင်း ဘာမှ မရေးဖြစ်တော့တဲ့ သူတွေ များလာမှာပဲ စိုးတယ်။

    ReplyDelete
  12. မောင်မျိုး (အမည်မသိ)September 30, 2010 at 10:48 AM

    အစိတ်လျှော့ အစိတ်လျှော့
    နာမည်ကြီးလို့ ကောင်းလွန်းလို့ ကူးခံရတယ်လို့ သဘောထားလိုက်ပါး)

    ငြိမ်သက်နေသော ကန်ရေပြင်ထဲ ခဲတစ်လုံးပစ်ချင်လိုက်ခြင်းလို့ ခေါင်းစဉ်ပြောင်းသင့်တယ် ဟဟား

    ReplyDelete
  13. ဒေါ်လေးကွန်

    ပို.စ်ခေါင်းစဉ်ကို ဂွကျတယ်လို. အမည်ပေးလိုက်ပါခင်ဗျာ

    ခင်တဲ့

    Z

    ReplyDelete
  14. မမ KOM, SMNTL ( http://www.soemyanandarthetlwin.com/ ) ရဲ. ပို.စ်တွေကို တခြားဘလောခ့်မှာ credit မပေးပဲယူသုံးတယ် (ခိုးသုံးတယ်) ဆိုလည်း သူခိုးလက်က သ၀ှက်လုတယ်ပဲ သဘောထားလိုက်ပါ။ "So What?" ပြောသလိုပဲ ဟိုက credit မပေးရုံမပေးတာ။ SMNTL လိုတော့ သူ.ရဲ. creation အစစ်ပါလို. လိမ်ညာပြောမယ်မထင်ပါ။ လူမိသွားတော့လည်း comment ပိတ်ပြီး စာလာဖတ်သူတွေကို (အထက်တန်းကျကျလိုလို၊ အောက်တန်းကျကျလိုလို) စာတမ်းအနီရောင်နဲ.ရေးပြီး စော်ကားမယ်မထင်ပါ။

    SMNTL ၏ လိမ်ညာလှည့်ဖျား အောက်တန်းကျ ရန်လိုမှုကို မမေ့သေးသူ စာဖတ်သူတစ်ဦး။

    ReplyDelete
  15. ဒါတွေ ကိုယ်တော့မသိပါလား..
    ဘူဒူဒွေတုန်း၊ မသိတာပဲကောင်းပါတယ်လေ...
    လောလောဆယ်သိတာကတော့ နေကောင်းဘူးးးးးးးးး

    ReplyDelete
  16. အငြင်းပွားဖွယ်တွေ ဝေါင်ဝေါင်ရှေးထားတယ် မမရေ..... အေ၇းထဲမှ နာမည်တူသုံးပြီး ခတ်တည်တည်နဲ့ အချောင်လိုက်ကော်မန့်ပွတ်တတ်သူတွေကလဲ ကြောက်ဘို့တယ်ကောင်း.... သပွတ်အူကို မရှင်းတာ အကောင်းဆုံးပဲမမရေ.... ကိုယ်မဟုတ်ရင် ပီးတာပဲလို့ပဲ သဘောထားလိုက်တော့တယ်...

    မမရဲ့ ဖွဘွတ် ဘော်ဒါ အသစ်တဦး...

    ReplyDelete
  17. ဒီပို့စ်ကိုတောင်ဘာပြောမှန်းမသိတော့ဘူး စီဘောက်ကိုလှမ်းကြည့်ရင်း ကလိကလိ ကျလိကျလိဖြစ်သွားလို့....

    ReplyDelete
  18. ကြိုက်လို့ အားပေးတယ်ဘဲ မနသီကာရလေးနဲ့ နေကြပေါ့ ဟုတ်ဘူးလား ။

    ReplyDelete
  19. တချို့တွေကလဲတကယ်မသိလို့နေမှာပါအမရယ်..

    ReplyDelete
  20. မကွန်

    ကျွန်မ သဘောပေါက်တယ်။ ကျလိ။
    မသိကြတာလည်းပါမယ်။ ကလိ။
    သိပေမယ့်လည်း လုပ်ဘို့မေ့တာပါမယ်။ ကျလိ။
    သိ၊ မလုပ်။ မသိ၊ မလုပ်။ ကလိ။

    ReplyDelete
  21. ခင်ဦးမေက သူ့ဆီက မကူးလို့ .. တကယ်တော့ ခင်ဦးမေက မကောင်းမြင်တက်လို့ပါ . သွား သတိပေးလိုက်ပေါ့ . အခုတော့ တောင်ပြော မြောက်ပြော စောင်းပြောနေတာကို သိက္ခာ ကြစရာ

    ReplyDelete
  22. အမ ကလိကလိ၊ကျလိကျလိဆိုတာဘာလဲဟင်

    ReplyDelete
  23. တစ်ခြား စိတ်ညစ်စရာ မရှိဘူးထင်တယ်။

    ReplyDelete
  24. ခက်တယ်နော်...း((

    ReplyDelete
  25. ဟုတ်ပါတယ် အစ်မခင်ဦးမေရေ အမှန်က ဒီကိစ္စက မဖြစ်သင့်တာလည်းကြာပါပြီ ပို့စ်တွေကို ယူပြီး ခရက်ဒစ်ပေးယုံနဲ့ ဘာများဖြစ်မှာမို့ သူတို့က မပေးချင်သလည်းမသိပါဘူး ။ အစ်မပြောသလို့ပဲ ပို့စ်ကောင်းတွေက ဂူဂဲလ်မှာ ရိုက်ရှာလိုက်ယုံနဲ့ ဘယ်သူရေးသလည်းသိပါတယ် ။ ဒါကြောင့် ကော်ပီ ကူးသူတွေကလည်း မူရင်းစာရေးသူတွေကို လေးစားမှုမရှိတာ တွေ့လာရပါတယ် ။ အထူးသဖြင့် သတင်းစာ ဆိုက်ကြီးတွေပိုဆိုးပါတယ် ။ Mandalay Gazette က အခုနောက်ပိုင်း စာရေးသူတွေကို အမှတ်အလိုက်ပိုက်ဆံပေးတယ်ဆိုတော့ ရေးတဲ့သူတွေများလာပြီး ကော်ပီလား မူရင်းလားမစီစစ်နိုင်ကြသေးပါဘူး ။(ကျနော်လည်းခံရဖူးပါပြီ) ဒါကြောင့် အော် သူတို့ မရှက်လို့ လုပ်နေကြတာပဲလေ ဆိုပြီး ဖြေလိုက်ပါတယ် အစ်မရေ ။

    ReplyDelete
  26. ကဲ... ဒေါ်ဂျီးကေအိုအမ် ရေ....

    ကလိကလိနဲ့  ကျလိကျလိ ကနေ တက်သင့်ပြီ.... :D :P :P :P

    ReplyDelete