Tuesday, October 5, 2010
Old.. B.. friend /4
ကောင်လေးတစ်ယောက်ရှိခဲ့ဘူးတယ်။ ခင်စရာတော့ကောင်းတယ်။ ရိုးလဲရျိုးတယ်။ သဘော်လိုက်တယ်။ ပေါ်လိုက်ပျောက်လိုက်နဲ့။ ပေါ့်လာတဲ့အချိန်ဆက်သွယ်တယ်။ ဖုံးပြောတာများပါတယ်။ ခင်ဖုန်းကြည်ဆိုတော့လဲ.....သူ့သူငယ်ချင်းအိမ်ကနေ လာလာပြောလိမ့်ရှိတယ်။ မိုးချုပ်အောင်ပြောကြတယ်။ အမှတ်အရဆုံးကတော့ တစ်ခေါက်မှာ တစ်ညလုံးနီးပါးပြောဖြစ်ခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်မပြောကြတော့ဘူးလို့ ဆုံးဖြတ်ခဲ့ကြလို့ဘဲ။ မချစ်ကြမခင်ကြတော့လို့ တော့လဲမဟုတ်ဘူး.။ ချစ်ကြောင်းကြိုက်ကြောင်းလားဆိုတော့လည်း မဟုတ်ဘူး သမီးရည်းစားလဲ မဟုတ်ဘူး. ဒါပေမဲ့ပြောစရာတွေ အများကြီးတော့ရှိနေကြတယ်။ အဲသလိုနဲ့ သူပျောက်သွားတယ်။ ကိုယ်လဲမဆက်သွယ်တော့ဘူး.
နောက်ဆုံးတစ်ခေါက် တွေ့တာကတော့အဖေဆေးရုံတက်တဲ့အချိန် ရန်ကုန်ဆေးရုံကြီးမှာ ကိုယ့်ကိုလာရှာတယ်။ ကိုယ်လဲအံသြသွားတယ်။ အမေ့သတင်းကနေ လိုက်လာတာလို့ဆိုတယ်။ ရန်ကုန်ဆေးရုံ့ကြီး ရှေ့က ကားတွေ ရပ်တဲ့နေရာမှာ သှူုသူငယ်ချင်း နဲ့ ဒတ်ဆန်းကား နောက်ခန်းမှာ ကိုယ်ကထိုင်. သူက ရပ်စကားပြောကြတယ်။ သိတ်တော့မကြာလိုက်ဘူး.ပြီးတော့ပျောက်သွားပြန်တယ်။
အခုထက်ထိဘဲ……...........တွေ့ရင်ပြောကြပါ.။ နာမည်မှာ မိုး………..ပါတယ်။
36 comments:
  1. လူပျောက် ကြေငြာတာ ဓါတ်ပုံလေးတော့ထည့်ပေးသင့်တယ်...
း)
    green fingers
    ReplyDelete
  2. မမကွန် လိုက်ရှာနေတာ ဘူတူလဲ။ ဒါတ်ပုံ တင်ပေးလေ အနော်တို့ ၀ိုင်းရှာပေးကြမှာပါ။
    ReplyDelete
  3. ဟင်....လုပ်ပြီ အစ်မကွန်ကတော့...
    အင်းးးးမိုးဒီပဲ နေမှာပါ...။
    ReplyDelete
  4. မိုးပါတယ် ဆိုတော့ မိုးနတ်မင်း ဖြစ်မယ်။
    ReplyDelete
  5. ကျနော် သိသလောက်တွေ ပြောပြမယ်။ ဘလော့ဂါထဲကလည်း ဖြစ်နေနိုင်တယ်။ တခြား သိသမျှလည်း ပါမယ်။
    ၁။ ဘလော့ဂ်ဂါ မောင်မိုး
    ၂။ မိုးယံ
    ၃။ ညီမိုး
    ၄။ မိုးကုတ်သား ကိုကိုးအိမ်
    ၅။ မိုးမိုး
    ၆။ မိုးဒီ
    ၇။ လွင်မိုး
    ၈။ လွှမ်းမိုး
    ၉။ မိုးအိမ်စည်
    နောက်ဆုံး တစ်ယောက်ကတော့ ရုပ်ကချောချော ၊ သဘောကောင်းကောင်း ၊ အသံကောင်း ၊ စတိုလ်လှ တဲ့ “ မိုးလွင်ပြင် ” တဲ့။ မမကွန် သိလား။ အဟီး...အဲဒါ ကျောင်းတုန်းက ကောင်မလေးတွေ ကျနော့်ကို ခေါ်တဲ့ နာမည် ဟဲဟဲ။
    တွေ့ရင် ပြောမယ် အစ်မ။
    ReplyDelete
  6. ကိုမောင်လေး ပြောတာ ဖြစ်နိုင်တယ်
    မိုးဒီ လား မမကွန်ကတော့လုပ်လိုက်ရင် သူများနဲ့မတူ
    ထူးထူးဆန်းဆန်းပါလား တကယ်လားဟင် အတည်ပြောနေတာလားးးး
    ReplyDelete
  7. အင်း ........ မိုးပါတာတွေ ထိုင်ရွတ်ရမှာပေါ့လေ..
    မိုးယံရွှေလမင်းနဲ့  မြတ်ဆုကုဋေ...
    မိုးလုံးဟိန်းတဲ့ ဂျိုးသိန်း...
    မိုးသောက်ကြယ်...
    မိုးကျရွှေကို...
    ပေါက်ကရ၀ဿမိုး
    ရိန်မိုး...
    သင်္ကြန်မိုး...
    ဖက်စွတ်မိုး...
    မိုးမိတ်...
    မိုးကောင်း...
    မိုးညှင်း...
    နန်းခမ်းမိုး....
    မိုးဒီ....
    နွေနှောင်းလွန်စမိုး...
    ရန်ကုန်မိုး ....
    မိုးရာသီထဲ....
    မိုးနဲ့ အတူငိုမယ်...
    ငိုနေမယ် မိုးသဲထဲမှာ...
    မိုးလေးဖွဲတုန်းသတိရတယ်...
    အခါလွန်မိုး...
    ဒမ်မီမိုး...
    ဟူးး............ မောလိုက်တာ ဒါတောင်.. ကျန်သေးတယ်နော် ... :P:P:P..... :D
    ReplyDelete
  8. မောင်မျိုးOctober 5, 2010 at 2:00 AM
    တွေ့လိုက်တယ် သူ့ကိုကောင်းကောင်းသိတာပေါ့ ဒါပေမယ့် မပြောပြဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ReplyDelete
  9. မမေ..
    နော်ဝေးကို လာတဲ့ သင်္ဘောတွေပေါ်မှာ ကျနော် လိုက်မေးကြည့်မယ်...။း)
    ReplyDelete
  10. မကွန်ရှာတဲ့မိုးOctober 5, 2010 at 3:10 AM
    ဟိတ်တော်ပြီ အပေါ်ကလူတွေ ဘာမှမသိဘဲနဲ့ ဒီမှာ ရှာမနေနဲ့ အကြွေးပေးရမှာမို့ ပုန်းနေတာ
    ReplyDelete
  11. နံမည်မှာ မိုး ပါတယ် ဆိုလို့ လာပါတယ်။
    ဒါပေမဲ့ ဒီ မိုးက မိန်းကလေးပါ။ :))
    ReplyDelete
  12. မမkom ပြောပုံ အရဆို မိုးသက်တင် ပဲ ခွီိခွီ
    ReplyDelete
  13. မျဉ်းစောင်း ၄ ဆိုတော့.. မမကွန်ရေ.. မောင်မိုးတော့ ပြေးပြီထင်ပါတယ်။း))
    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)
    ReplyDelete
  14. အမကတွေ့ရင် ဘာလုပ်မလို့လဲဟင်
    အမ..ဒီလိုရေးတယ်ဆိုကတဲက အမရဲ့အတွေးမှာ သူရောက်နေလို့။
    အမတို့အိမ်ထောင်ရေးရော အဆင်ပြေရဲ့လား။
    အမက အိမ်ထောင်သယ်ဆိုတာရော အသိရှိသေးရဲ့လားဟင်။ အမလိုမိန်းမတွေကြောင့် မိန်းမတွေနာမည်ပျက်တာ။ အမယောင်္ကျားကလွဲပီး ကျန်တာတွေကို သတိရနေတယ် ဆိုလဲ အမရယ်.ကိုယ့်ယောင်္ကျားသနားပါတယ်။ ကွာလိုက်တော့ပေါ့။
    ကျမတက္ကသိုလ်တက်တုန်းကလဲ ကျမသူငယ်ချင်းရီးစားနဲ့ အမလိုမျိုး ခင်ဖုန်းကြည်လိုမိန်းမနဲ့ညိကြသေးတယ်။ စကားတွေပြောတယ်။ဒါပေမဲ့ ရီးစားမဟုတ်ဘူး။ အဲလိုမိန်းမတွေကြောင့် မိန်းမတွေ သိက္ခာကျတယ်။
    ReplyDelete
  15. အန်...လုပ်ပြီ..အဟုတ်မှတ်လို့....
    မိုးကိုတွေ့တယ်..အခုအုံ့မှိုင်းနေတယ်..ညနေရွာမယ်..
    အဲဒီကျပြောမယ်နော်
    ReplyDelete
  16. အနော်ကတော့...မိုးဟေကို လေးပဲ Lotion လိမ်းနေတာမြင်ယောင်နေတယ်...
    ReplyDelete
  17. မိုးအောင်ရင်
    ReplyDelete
  18. ဆိုင်း-မိုးဇော်ဗိုလ်
    ReplyDelete
  19. တို့မှားလည်း မိုး တစ်ယောက် ရှိခဲ့ဘူးတယ် =)
    ReplyDelete
  20. မိုးနတ်သူဇာ အဲလေ မှားလို့ ။
    မိုးကြိုးငှက်ငယ်လေးများလား ခွိ။
    ReplyDelete
  21. မောင်ဝေးOctober 5, 2010 at 11:04 AM
    အင်... မမဂွိတို့မှာကလဲ၊ ကောင်လေးတယောက် ရှိခဲ့ဖူးတယ်လို့ အစချီပြီးမှ ဇဂါးချည်းပြောနေတော့တာပဲဆိုတော့။ ဘာမှ အီစီကလီတွေမပါတဲ့ဟာ၊ မိုးဖြစ်ဖြစ် စိုးဖြစ်ဖြစ် တိုးဖြစ်ဖြစ် မလွမ်းလောက်ပါဘူးကွာ။
    ReplyDelete
  22. ဒီတစ်ခါ စာတွေပဲရေးပြီး ဓါတ်ပုံမပါပဲ လူတွေကို ပဟေဌိ လုပ်သွားတယ်။ အမကွန် တော်တော်လည်..
    ReplyDelete
  23. မမ...
    နာမည်မှာ မိုးမပါပေမယ့် လာသွားတယ်...
    မိုးဒီတော့ မဟုတ်လောက်ဖူးဆိုတာ သေချာပါတယ်နော်...
    ပန်ပန် တော်တော်ဆိုး...း))
    တွေ့ရင်ပြောကြပါလေ... ကျေးဇူးဆပ်ပါမည်...
    လက်ခံထားတဲ့သူတွေကို တရားစွဲဆိုမည်...
    (သီချင်းဆိုသွားတယ်...)
    ReplyDelete
  24. အမကတွေ့ရင် ဘာလုပ်မလို့လဲဟင်
    အမ..ဒီလိုရေးတယ်ဆိုကတဲက အမရဲ့အတွေးမှာ သူရောက်နေလို့။
    အမတို့အိမ်ထောင်ရေးရော အဆင်ပြေရဲ့လား။
    အမက အိမ်ထောင်သယ်ဆိုတာရော အသိရှိသေးရဲ့လားဟင်။ အမလိုမိန်းမတွေကြောင့် မိန်းမတွေနာမည်ပျက်တာ။ အမယောင်္ကျားကလွဲပီး ကျန်တာတွေကို သတိရနေတယ် ဆိုလဲ အမရယ်.ကိုယ့်ယောင်္ကျားသနားပါတယ်။ ကွာလိုက်တော့ပေါ့။
    ကျမတက္ကသိုလ်တက်တုန်းကလဲ ကျမသူငယ်ချင်းရီးစားနဲ့ အမလိုမျိုး ခင်ဖုန်းကြည်လိုမိန်းမနဲ့ညိကြသေးတယ်။ စကားတွေပြောတယ်။ဒါပေမဲ့ ရီးစားမဟုတ်ဘူး။ အဲလိုမိန်းမတွေကြောင့် မိန်းမတွေ သိက္ခာကျတယ်။
    ReplyDelete
  25. မကွန်ဘက်က ရှေ့နေလိုက်ပေးလိုက်ဦးမယ်။ မိန်းမ ၃ မျိုး ၃ စား တွေ့ဖူးတယ်။ တစ်မျိုးက စိတ်ထဲမှာ တခြားသူကို သတိရရင် ရတယ်လို့ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောတယ်။ ဒါပေမယ့် စိတ်ထဲမှာ ဘာမှ စွဲစွဲလမ်းလမ်း မရှိဘူး။ အခု လက်ရှိ ပါတနာကိုပဲ သစ္စာ ရှိတယ်။ တွဲရတဲ့သူကတော့ အောင့်သက်သက်နဲ့ ခံရတာပေါ့။ နောက်တစ်မျိုးက ပါးစပ်က တစ်ယောက်တည်းပါ လို့ တဖွဖွ ပြောနေပြီး စိတ်ထဲမှာ ဖြစ်ချင်တိုင်း ဖြစ်နေတာ။ ဒါပေမယ့် တစ်ခါတစ်လေတော့ ယောင်ယမ်းပြီး ထွက်လာတတ်တယ်။ နောက်တစ်မျိုးကတော့ သတိရစရာတောင် တစ်ယောက်တစ်လေမှ မချမ်းသာတဲ့ သူမျိုးပေါ့။ :D
    ReplyDelete
  26. အဒူလေးပါလိမ့် ..
    မိုးတွေကလည်း အများကြီးပဲ မမခင်ဦး...
    ချစ်တဲ့
    သဒ္ဓါ
    ReplyDelete
  27. တော်တော်ရှုပ်တဲ့ အစ်မကြီး..
    ခင်မောင်သိန်းထွန်းဝင်းအစား ရင်လေးပါဘိ။
    ကိုကိုမောင်
    ReplyDelete
  28. ဟုတ်ပါတယ် ဦးမိုးဒီပါ ။ သူလည်း အစ်မဆီ ဖုန်းဆက်မလို့ လုပ်နေတယ် ။ :P
    ReplyDelete
  29. မိုးဦးလား၊ မိုးဇော်ဦးလား .... ???
    ReplyDelete
  30. မကွန်
    ပြန်တွေ့ရင်လည်း ပြောပြဦးနော်။
    ReplyDelete
  31. that's me thanks for still remembering me, I am now in Singapore.. will contact you soon Moe...
    ReplyDelete
  32. ဘူး ထွား ဟားဟား ၊ အိုင် တော့ ယူ တို့ အား လုံး ကို သိတ် သ နား တာ ပဲ။ ယူ တို့ အား လုံး မွှား တွား ဘီ ။ အဲ ဒါ ဒို့ ကို ပြော..... တာ။ ဒို့ က သင်း ဘော သီး ။ နံ မည် က အ စဉ် တ မျိုး မ ပြောင်း တဲ တင် မိုး သောင်း တဲ့။သိ ကြ ပြီ မ ဟုက် လား ။
    ReplyDelete
  33. တပ်ထဲရောက်သွားပြီ
    ReplyDelete
  34. I really like your blog Ma Ma.
    ReplyDelete
  35. I really like your blog Ma Ma.
    ReplyDelete