Saturday, October 23, 2010

yangon 17

























ဘာမုန့်လဲ ..
မကြိုက်ဘူး
မဲမဲကြီး
တစ်ခုစားပြီးထပ်မစားတော့ဘူး
သိတ်ကောင်းလို့ကျွေးတာတဲ့. :(





























ရန်ကုန်က ပြန်ခါနီး ဘာဝယ်ရမလဲ လက်ဆောင်သွားကြည့်တာ. မဝယ်ဖြစ်လိုက်ပါဘူး။

31 comments:

  1. မုန့်ကုလားမဲလား.. မုန့်ကုလားမဲဆို သိပ်ကြိုက်..


    pifpif

    ReplyDelete
  2. ဒါပေမယ့် သမီးစားဖူးတဲ့ မုန့်ကုလားမကြ ဆီပါတယ်၊ အုန်းသီးမပါဘူး၊ ချိုဆိမ့်.....


    pifpif

    ReplyDelete
  3. ကောက်လှိုင်းတီမုန့်.......

    ReplyDelete
  4. coffee က ကျဲမယ့်ပုံပေါ်တယ် (ဟမ်)

    ReplyDelete
  5. ဟုတ်တယ် ကောက်လှိုင်းတီမှုန့် သိပ်ကောင်း သိပ်ကြိုက် . ကတော့ပုံ ဖတ်ထုတ်နဲ့လုပ်တာလေ မဲပြာရောင်လေ။ အုန်းသီးနဲ့စားရတာ ၊စားချင်လိုက်တာ ရှလွှတ်..

    ReplyDelete
  6. မုန့် ကျွဲသဲ၊ ကောက်လှိုင်းဒီမုန့် ၊ မုန်ကလားမဲ ....

    Something!!!!!!!!!!!!!!!!!

    အမည်မသိ (အမှောင်ထုထဲက အလင်းစက်များ)

    ReplyDelete
  7. ကောက်လှိုင်းတီမုန့်.

    ReplyDelete
  8. မုန့်ကျွဲသဲလို့ထင်တာပဲ..ခပ်ဖွယ်ဖွယ်ဆိုရင်လေ..
    ခပ်စီးစီးကောက်ညှင်းကကြေပြီး ထောပတ်နံ့လေးသင်းနေတာဆို မုန့်ကုလားမဲ ..အရမ်းကြိုက်ပဲ..ပြောရင်းတောင်စားချင်လာပြီမရေ

    ReplyDelete
  9. မုန့် ကျွဲသဲလား စကော့ဈေးမှာရ တာလေ

    ReplyDelete
  10. အညာသား ကျောကုန်းတဲ့



    မအယ်

    ReplyDelete
  11. kout hlaing te mont. very nice. I like it.

    ReplyDelete
  12. အညာသာကျောကုန်းမုန့် ဆိုသဟာ ထင်ရဲ့ စားချင်ပါဘူးဗျာ..မဲမဲကြီး

    ReplyDelete
  13. မုန့်ကုလားမဲ လား။ အုန်းသီးနဲ့စားတာတော့မတွေ့ဖူးဘူး :)

    ReplyDelete
  14. မစားနေပေါ့။
    အကုန်တောင်မှ သက်သာသေး..
    ကိုယ့်ဖာသာပဲ အမုန်းဆွဲမယ်။
    မမကွန် မကြိုက်တာတွေ စာရင်းလုပ်ထားဦးမှ။ အပြင်မှာ တွေ့ရင် ဒါတွေ ချကျွေးမယ်။

    ReplyDelete
  15. အဲဒါ ကောက်လှိုင်းတီမုန့် အစစ်ဆိုရင် အရမ်းစားကောင်းတာ.. မုန့်ကျွဲသဲထက်ကိုစားလို့ကောင်းတယ်။ ကောက်လှိုင်းတီပန်းပွင့်နဲ့လုပ်တာ မွှေးမွှေး ဆိမ့်ဆိမ့်လေး အုန်းသီးနုနုလေးခြစ်ပြီး ဖြူးစားရင် ကောင်းမှကောင်းဘဲ ။ အခုနောက်ပိုင်းကတော့ အစစ် ကောင်းကောင်းမရတော့ပါဘူး။ ဆန်မှုံ့တွေနဲ့ အရောင်ဆိုးပြီး ကြိုထားတာဆိုတော့ ဖွယ်တယ်တယ်နဲ့ ဘယ်စားကောင်းမလဲ ကောက်လှိုင်းတီမုန့် အရသာမှ မဟုတ်တော့တာ ထန်းသီးမုန့်တွေကို အ၀ါရောင် ဆေးဆိုးပြီး အတုလုပ်သလိုပေါ့ ထန်းသီးမုန့် အစစ်ရဲ့ အရသာမှ မပါတော့ဘဲ ဆန်နှစ်ခဲ ပွပွအရသာကြီးဘဲရတော့တယ်။ ဘယ်သူကကြိုက်တော့မှာလဲ......

    ReplyDelete
  16. မုန့်ကျွဲသဲလား....စားချင်တယ်ဗျာ
    သြဇာသီးလေးလဲမဆိုးဘူးပဲ....

    ReplyDelete
  17. ကောက်လှိုင်းတီမုန့်. ကျမတော့ကြိုက်တယ်။

    ReplyDelete
  18. ကျနော်တို့ ဖက်မှာတော့ ဒိုဒိုး လို့ခေါ်တာပဲ။
    ငချိတ်နဲ့ ကောက်ညှင်း အုန်းနို့ သကြားနဲ့ကျိုရတာ
    ကြိုက်တယ်..။

    Xထုံ

    ReplyDelete
  19. ကောက်လှိုင်းတီမုန့်....... လွမ်းလိုက်တာ ပြန်တိုင်း လွဲခဲ့ရတာ

    ဒါရေကျော်ဈေး ပုဇွန်တောင်ဈေး ၃၈လမ်းဈေး မှာရောင်းပါတယ်

    မိုးရာသီ ကောက်လှိုင်းပွင့်တွေ ပွင့်မှ ဒီမုန့် ရတာလေ

    မစားဖူးဘူးလား မြင်ဖူးမယ် ထင်ပါတယ် ဖက်ကတော့ပုံနဲ့  ရောင်းတာလေ

    ReplyDelete
  20. ကောက်လှိုင်းတီမုန့် အစစ်ဆိုရင် အရမ်းစားလို့ကောင်းတယ်...ဗိုလ်ချုပ်ဈေးကမုန့်က အတုတွေ မကောင်းဘူး...

    ReplyDelete
  21. Montkywethe is brown n kouthlaingtee is violet.This is kouthlaingtee.I like it n miss:(...........GYIDAW

    ReplyDelete
  22. I enjoy not only kouthlaingte....,coffee,plates n table without newspaper background;D HAPPY THINDINGYUT...........Gyidaw

    ReplyDelete
  23. မုန့်ကုလားမဲ ထင်နေတာ။ သူက စေးကပ်ကပ်ဆိုတော့ အဲဒီလိုပုံစံ မဖြစ်နိုင်ဘူး၊ အုန်းသီးနဲ့လဲ တွဲစားလေ့ မရှိဘူး။ ကန်စွန်းဥ ငချိတ်များလားးး
    အော်.. ခေါင်းစားရပါလား မမရယ်..

    ReplyDelete
  24. ဟို ဗန်းထဲကဟာတွေက ၀က်ဆီဖတ်ကြော်တွေလားး
    ဟင်းးး နာတော့မယ်။

    ReplyDelete
  25. အစ်မရေ.. နောက်နောက်ပြောင်ပြောင်သော် လည်းကောင်း အတည်သော်လည်း ပြောမိတဲ့ စကားတွေ ထဲမှာ

    အမှားပါခဲ့ပြီး ကာယကံ ၊ ဝစီကံ နဲ့ ပတ်သတ်သော အပြစ်များကို ခွင့်လွှတ်ပါရန် လေးစားစွာ ဝန်ချကာ ရှိခိုး တောင်းပန်ပါတယ် အစ်မ။

    အစ်မလည်း စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။

    ReplyDelete
  26. Christmas ဆိုရင် အိမ်နားက အိမ်တစ်အိမ် က မုန့်လက်ဆောင်လာလာ ပေးတယ်။ အဲ ဒီမုန့်တွေထဲ မှာ ပုံထဲကလို ပဲ အရောင်မဲမဲနဲ့ မုန့် တစ်မျိုးပါတယ်။ အရောင်က မဲ ရတဲ့အထဲ ကိုင်ကြည့်လိုက်ရင် ရာဘာ တုံးလိုပဲ။ စွဲဆောင်မှူမရှိဘူး။ ဒါပေမယ့် မြည်းကြည်လိုက်တော့ အားပါး.. ကောင်းမှကောင်း...။ ထောပါတ်နံ့ လေးကလည်းမွှေးနေတာ...။ နာမည်မေးကြည့်တော့ ဒိုဒိုး တဲ့..

    ReplyDelete
  27. ချိုသင်း ပြောတာ ဟုတ်သားပဲ ဘိတ်ကမုန့်ကလားမဲက အဲ့လို လှီးဖို့ မလွယ်ဘူး။ ဒါ ဘာကြီးပါလိမ့်နော်။ အညာသားကျောကုန်း ခေါ်တဲ့ မုန့်ကုလားမဲ ဆိုရ င်တော့ စားလို့ အရမ်းကောင်း။

    မအယ်

    ReplyDelete
  28. ဒိုဒို နဲ့ မုန့်ကုလားမဲ က အတူတူဘဲ။ ဒေသအခေါ်တွေမို့ လို့ ကွဲသွားတာ။ ကောက်ညှင်းငချိတ်မှုံ့ရယ် ဆန်မှုံ့ရယ် အုန်းနို့ ထောပတ် သကြားတွေနဲ့ ထိုးရတာ။ ခရစ်စမတ်မှာ လုပ်တဲ့မုန့်။ အရမ်းမွှေး ချို ဆိမ့်ပြီး စေးစေးလေးနဲ့စားလို့ ကောင်းတယ်။ ကောက်လှိုင်းတီမုန့်ကတော့ ကောက်လှိုင်းတီပွင့်နဲ့ ရိုးရိုးဆန်မှုံ့နဲ့ဘဲ ထန်းသီးမုန့် တို့ မုန့်ကျွဲသဲတို့ လုပ်သလို လုပ်ထားတာ။ ငှက်ပျောဖက် ကတော့ထိုးပြီး ကတော့ပုံလေးခဲထားတာ။ စားခါနီးမှာ ဖက်ခွာ ကတ်ကြေးနဲ့ ပိုင်းပြီး အုန်းသီးဖြူးစားရတာ။ ဒါက ကောက်လှိုင်းတီမုန့်သေချာတယ်။ အစစ်တော့ ဟုတ်ဟန်မတူ။ ဒါကြောင့်စားမကောင်းတား) စစ်ရင် တခါစားမိတာနဲ့ ကြိုက်သွားမယ်း))

    ReplyDelete
  29. ပုံတွေလည်းဝါးတယ် ၊ မမကွန်ကြီး တစ်ယောက်လည်းဝါးတယ် ၊ စားတယ်

    စာတော့လာဖတ်ဖြစ်ပါတယ် ၊ မန်.ရမှာ ပျင်းလို.ပါ

    မမကွန်ကြီး နှင့် မိသားစု ကျန်းမာ ရွှင်လန်းချမ်းမြေ.ပါစေ ..

    ခင်တဲ့

    Z

    ReplyDelete
  30. မကွန်

    လာစားပြန်ပြီ။
    ကောက်လှိုင်းတီမုန့်။
    မကွန်မကြိုက်ဘူးဆို အကုန်စားလိုက်မယ်နော်။

    ဟုတ်တယ်၊ ကောက်လှိုင်းတီမုန့် အစစ်ဆိုရင်တော့ အရသာအရမ်းရှိတယ်။

    ReplyDelete
  31. ကော်ကော်လေးပဲ ကြိုက်တယ် မနက်ဆို drinking နေကြလေ

    ReplyDelete