Sunday, November 28, 2010

စနေည


















ဘယ်သူရေးရေးမရေးရေး..ကိုယ့်ဘာသာတော့ကိုယ်ရေးရလိမ့်မယ်။ ဘယ်သူ ဖတ်ဖတ် မဖတ်ဖတ်. ကိုယ့်ဘာသာတော့ဖတ်လို့ရတယ်။ အပျင်းပြေတာပေါ့. အခုဟာက အပျင်းပြေရုံမကဘဲစွဲလန်းတဲ့ စိတ် addict ဖြစ်လို့အခုရက်ပိုင်းလျော့ထားတယ် လျော့ထားတယ်ဆိုတာတောင်သူများတွေ ဖတ်သလောက်ဖြစ်တယ်။


ဘလော့ဂါတွေ ကိုယ့်ဘာသာကိုယ်ရေးရုံမက သူများဘလော့တွေ လည်းဖတ်ကြပါလို့တိုက်တွန်းချင်တယ်။ ရေးဘဲရေးပြီး မဖတ်လေတော့ကိုယ်ကဘဲဟိုဖတ် ဒီဖတ်. မြင်မိတော့မနေနိုင်တော့ပြောချင်. ပြောတော့ ဟိုပို့ဒီပို့ခဥမ ဆိုတော့လည်းမခံချင် .ကိုယ်မှ မပြောလိုက်ရင်လည်း ဒင်းတို့က သူများဘလော့မဖတ်လေတော့ သိတ်ခက်တယ်။

ကိုယ့်ဘာသာ သိတ်တော်တဲ့ဘလော့ဂါကြီး သိတ်ကောင်းတဲ့ဘလော့ဂါကြီးလို့ မပြောချင်ပေမဲ့လည်း ကြိုက်တယ် သဘောကျတယ်ဆိုရင်တော့နစ်သက်တယ်။ ဒီလိုနဲ့ဘဲ
အဲသလိုနဲ့ ကြွေသွားပါလေရော. ဒါပေမဲ့ အခုတော့အိမ်မက်လိုဘဲ. အိမ်မက်လိုဘဲတွေ အခုတော့လဲတစိမ်းတွေ လိုပါဘဲလားဆိုတာတွေ ရိုးခဲ့ပါပြီ။ ခံရတာများလို့.




















အံသြသွားတယ်။ ဘာဖြစ်ပါလိမ့်. ငါသည်လည်းဘာမှ မဟုတ်တဲ့ဘလော့ဂါတစ်ဦးမျှသာဖြစ်လျှက်. ဟိုနားတွေ့ဒီနားတွေ့ရင်တော့လည်း like လုပ်ရပေသပေါ့. သို့သော်ငြားလည်း နဲနဲတော့ addict ကိုလျော့မိချင်တာမို့ တစ်ခါတစ်လေ like မလုပ်မိရင်ခွင့်လွတ်ဘို့. မင်းသားမင်းသမီးများ စာအချိန်မှီမပြန်မိတာတို့ စာပြန်နောက်ကျတာတော့ခွင့်လွတ်ဘို့ပလီပလာပြောသလို.

နဲနဲတော့ရေးမှဖြစ်မယ် မရေးရင်လက်ရည်ကျတယ်။ မရေးတာဘာကောင်းသလဲဆိုရင် အိပ်ရေးဝတယ်။ သံယောဇဉ်လျော့တယ်။ ဒါတွေ ကောင်းတယ်။






















သူများတွေ အောချတ်ဓါတ်ပုံ ခရစ်စမတ်မီးတွေ..သွားရိုက်ကြသတဲ့. မသွားနိုင်. အချစ်က မျက်စိအောက်ကအပျောက်မခံနိုင်လို့ သွားနေကျနေရာလေးဘဲ. အဲသည်နားမှာ moving out sale လုပ်နေတယ်။ အကျီတစ်ကျပ်တန်ရှိတယ်။ ကြံကြံဖန်ဖန်. ပန်တီး ဆယ်ပြားဆိုတာရှိတယ်။ ငါးမူးဘိုးဝယ်လာတယ်။ ငါးထည်. လှကလှသနဲ့ သေးသေးလေး ကိုယ်ဝတ်လို့တော့မရပါဘူး။ အမြင်မတော်ခက်မယ် ကလေးမလေးတွေ အတွက်ပေါ့။ ညိုးတို့ ရီတာတို့ တွေ အတွက်. ပြတော့ပြချင်သား။ဟင်း.

31 comments:

  1. ဖတ်တယ်ဖတ်တယ်:)

    စူးနွယ်လေး

    ReplyDelete
  2. အာရုံတက်မနက်ခင်း
    မခင်ဦးမေ ရဲ.စာကိုလာဖတ်သွားပါတယ်။
    ဒေါ်ခင်ဖုန်းကြည်စိတ်ရွှင်လန်းပါစေဗျာ....

    ReplyDelete
  3. မရေးပေမယ့် ဖတ်ပါတယ်.... :P
    အထူးသဖြင့် အမစာတွေကို.... :~)

    ReplyDelete
  4. ဖတ်တယ်ဟယ်.., ဖတ်မယ်ဟယ်..,

    ဘယ်သူဖတ်ဖတ် မဖတ်ဖတ် ရေးသမျှ စာကို ကွန်မန့်မရေးပေမယ့် ဖတ်ကြောင်းသတင်းပို့

    ခဥမရဲ့ ထါဝရ ပိတ်သတ်

    နန္ဒာ : )

    ReplyDelete
  5. Daily check=).,No post:(..Found new post:)..addicted to read:D..Not yet blogger......Share nshow me whatever u bought.Just goose,rabbit,duck:P Gyidaw

    ReplyDelete
  6. ဘလော့ရော ဖေ့စ်ဘွတ်ရော တွမ်တာရော
    ဆိုတော့ ဆိုတော့ ဆိုတော့လည်း အင်တာနက်နဲ့
    ဝေးဝေး နယ်မြေ တစ်နေရာ ရှိ ရှိ ရှိရမယ်လေ
    လို့ သီချင်းစပ်နေတယ် အမရေ ...။

    ReplyDelete
  7. ကောမန့် မရေးဖြစ်ပေမဲ့ အမြဲဖတ်ဖြစ်ပါတယ်
    အမြဲဆို ဟိုးးးးးးးးးးးးး အရင်ကတည်းက
    ဖတ်တာနော် ခုမှမဟုတ်ပါဘူး :)

    Baby taster

    ReplyDelete
  8. အမက အရင်က နေ့တိုင်းရေးနေကြ မဟုတ်လား၊
    အခု မဟုတ်တော့ မျှော်ရတယ်၊ အဟုတ်။

    ဘာပဲဖြစ်ဖြစ် ဖတ်တယ်၊ :)

    ReplyDelete
  9. မရေ ဖတ်ကြောင်း ကွန်မန့်နဲ့မဏ္ဍပ်တိုင်တက်သွားတယ်နော်
    :)))

    ReplyDelete
  10. မနက်တိုင်းeamil ဖွင့်တယ် ပြီးရင် ပထမဆုံး ဖွင့်တဲ့  blogspot ကကြီးတော်ရဲ့  http://khinoomay77.blogspot.com ပို့အသစ်မဖတ်ရရင် နေလို့ မကောင်းဘူး ပိတ်သတ်ကြီးကို အားနာသော်အားဖြင့် နေ့ တိုင်းရေးနော် ကြီးတော်

    ReplyDelete
  11. မမန့်ဖြစ်ပေမယ့် အမြဲဖတ်ကြောင်းပါ ခင်ဗျ။

    ReplyDelete
  12. ဘယ်သူ ရေးရေး မရေးရေးဆိုတာ နာ့ကို ပြောတာလား မတိ။ :)

    ReplyDelete
  13. မမရေ..နေ့တိုင်းလာဖတ်နေပါတယ်..များများရေးပါ..
    ပို့စ် အသစ် ရှိရှိ မရှိရှိ ပါ......
    qq

    ReplyDelete
  14. အသစ်တက်တိုင်းလာဖတ်ပါတယ်။ တစ်ခါတစ်လေတော့လည်းပျင်းလို့ ကွန်းမန့်မရေးဖြစ်တာပါ :)

    ReplyDelete
  15. စနေနေ့ညကို တနင်္ဂနွေနေ့ မနက်မှာ ဖတ်သွားပါကြောင်း။

    ရေးချင်တာရေး ကိုဇော်တို့ကတော့ ဖတ်တာပဲ။ တင်ချင်တာတင် သွားရည်တော့ ကျတာပဲ။
    ( ပန်တီတော့ မပါ )

    ReplyDelete
  16. ရုံးတက်ရက်တိုင်း လာပါတယ်။ စီဘောက်စ်ကို...

    ReplyDelete
  17. ဖတ်တာများပါတယ်
    ကေအိုအမ်ကို ရောက်ဖြစ်တာ လိပ်စာစုံလို့

    ReplyDelete
  18. မောင်ဝေးNovember 28, 2010 at 11:46 AM

    ဘလော့ဂ်ပိုင်ရှင်တွေမှာ အချင်းချင်းလဲ မူလကျီတူရကီများတတ်ကြတယ်။ ကိုယ်ပိုင်ဘလော့ဂ်မရှိလို့ အိမ်တကာလိုက်လည် လိုက်ဖတ်ရတဲ့သူတွေကိုလဲ၊ သူတို့ရဲ့ အိုးပုတ်ချိုးရုပ် ကစားဝိုင်းပေါ်မှာ ခလုတ်တိုက်ရေအိုးမှောက်လုပ်မိသလို အလွန်အားနာ စိုးရွံ့ နောင်‘တ’ရစိတ်ပေါက်သွားအောင် ရေးတတ်ကြတယ်။ ((တမင်ကလာ ရေတအိုးလာမှောက်ချပြီး အလွန်အားနာစိတ်ညှိုးငယ်စွာနှင့် ကွန်မန့်ရေးသွားပါသည် ဟီး..ဟီး..။)) P.S. သူတို့လို ဘာအစာတခုခုကိုမဆို မစားခင် ဓာတ်ပုံရိုက်နေရမယ်ဆိုရင်တော့ မလွယ်ဘူးထင်ပဒီဘဝ။

    ReplyDelete
  19. အမြဲလာဖတ်ဖြစ်ပါတယ်ခင်ဗျား.. :D

    ReplyDelete
  20. comment မရေးဖြစ်ပေမယ့် မမအသစ်တင်တိုင်း ၀င်ဖတ်တယ်ဆိုတာယုံ။

    ReplyDelete
  21. ပြောဖို့လိုတယ်ထင်လို့ စေတနာနဲ့ပြောတာပဲ ဆက်သာပြောပါဗျာ..
    ရေးသာရေးပါ.. ဖတ်ဖို့ရယ်ဒီပါပဲ…

    ReplyDelete
  22. စားစရာတစ်ခုမှာပြီး မစားခင် ဓါတ်ပုံ အလုအယက် ရိုက်ပါက... ဒခဥမ ဟု မှတ်ကြ... ထို ဒခဥမ အား အပြင်ပေးမထွက်သူအား ကကမဆလ ဟု မှတ်ကြ...

    ဘလော့မှန်သမျှ လျောက်လည်နေသူအား ကျနော်ဟု မှတ်ကြလော့........ :P

    လာထားပဲ ဒခဥမ ပြောထားတယ်... လည်ဖြစ်သမျှ ဘလော့မှန်သမျှ ကော်မန့်  ကို စာလုံး အမဲ ကြီးနဲ့  ကို ရေးပစ်ခဲ့ဦးမယ်... ဟွန်း

    ReplyDelete
  23. သာမီးလဲ လျှော့နေတယ် မမ... အရင် ကွန်ပျူတာနဲ့  ဖတ်ရာကနေ အခု ဖုန်းနဲ့ ပဲ ဖတ်တော့တယ်... (ဟမ်)

    ReplyDelete
  24. ဖတ်ပါတယ်....အမ Post တွေကို.... :~)

    ReplyDelete
  25. “ပန်းသီး” ဆယ်ပြားကတော့ တန်သကွာ
    အရီး နောက်တခါ တားတို့အတွက် ဝယ်လာပါ

    :::

    ReplyDelete
  26. ရေးလဲ..ရေး..ဖတ်လဲ..ဖတ်. .မှတ်သွားတယ်..
    မမ ခင်ဦးမေ :)..
    အောချက်တော့....မရောက်သေးဘူးဗျို့ ။

    ReplyDelete
  27. အသစ်တင်တိုင်း ဖတ်ပါတယ် အစ်မရဲ့...
    မမန့်ဖြစ်တာဘဲရှိတာပါ :)

    ခုတလောဆို saleရာသီရောက်ပြီဆိုတော့ ကွိစိကွစိလေးတွေတွေ့ရင် အစ်မတောင်သတိရလိုက်သေးတယ် :D

    ReplyDelete
  28. ဘလော့ဂ်ရဲ့ feed roll က ပို့စ်တွေ တော့ အကုန်ဖတ်ဖြစ်ပါတယ်။ တချို့လဲ မမန့်ဖြစ်ဘူး။ အစ်မကတော့ ဖတ်အားကောင်းတာ ရိပ်မိပါတယ်။ steve လိုပဲ လေးစားပါတယ်။

    ReplyDelete
  29. ချောင်ကျိုချောင်ကြားကအစ သူသွားနေတာမြင်သားပဲ..
    ဓါတ်ရှင်တွေ ရေးထားရင်တော့ ကြည့်နေကြမဟုတ်လို့ တိတ်တိတ်လေးပြန်သွားတာ၊ အသက်ကြီးလာတော့ မျက်စေ့ က စာရွေးလာတယ်လဲပါတယ်၊ ဖေတော့မောင်တော့ ချစ်တယ်ကြိုက်တယ် ဆိုတာတွေ၊ ဗမာလိုရေးထားပေမဲ့ ဗမာနားမလည်တဲ့ ကဗျာတွေတော့ မဖတ်ချင်တော့ဘူး..သူတို့ဟာသူတို့ မော်ဒန်ပြောပြော အော်လံပြောပြော..စိတ်မနှံ့သလိုရေးတဲ့ ကဗျာတွေဆို အားကြီးစိတ်ပျက်တယ်

    ReplyDelete
  30. ဖြိုးအောင်November 29, 2010 at 1:38 AM

    ဟားဟား....
    အရီးရဲ့ ပိုစ့်ထက် ဦးကြီးကျောက်ရဲ့ ကွန်မင့်ကို အရမ်းသဘောကျသွားပြီး ကွန်မင့်မရေးပဲ မနေနိုင်ဖြစ်သွားတယ်ဗျို့းးးးး

    အရီးစာကို မကြာခနလာဖတ်ပါတယ်ဗျာ...

    အပြေးအလွှားက များနေတော့ ကွန်မင့်က မပေးဖြစ်ဘူး..

    ဘာမှမဟုတ်ပဲနဲ့ကို ကိုယ့်ဘာသာ တယောက်ထဲ အလုပ်ရှုပ်နေတာ။


    ဘာပဲဖြစ်ဖြစ် အရီးစိတ်ချမ်းသာလက်ချမ်းသာနဲ့ ခရီးသွားပိုစ့်တွေတင်တဲ့ အခါ၊ ဟိုဟာဒီဟာ ၀ယ်တဲ့.. စားတဲ့ အကြောင်းတင်တဲ့ အခါ ကျနော်တို့လဲ အရီးနဲ့အတူပျော်ရကြောင်းပါ။။။။။)))

    ReplyDelete
  31. သူများပို့စ်တွေလည်း တတ်အားသရွေ့တော့ ဖတ်ပါတယ်ဗျ။ ရေးချင်တဲ့ အကြောင်းတူနေရင်တော့ ကိုယ်ရေးပြီးမှ သွားဖတ်ဖြစ်တယ်ဗျ။ သူများအတွေးတွေ ကူးချသလို ဒါမှမဟုတ် သူ့အတွေးကိုယ့်ခေါင်းထဲရောက်ပြီး၊ ခိုးချသလို ဖြစ်မှာစိုးလို့ဗျ။ (ကျွန်တော့် ကိုလည်း ဝေဖန်ပါဦး။ မကောင်းတာတွေ အများကြီး ပြောရင်တော့ နောက်လာမဖတ်တော့ဘူးဗျ၊ ဟားဟား နောက်တာပါဗျ)

    ခင်မင်စွာဖြင့်
    လုံးတုံး

    ReplyDelete