Monday, November 29, 2010

တစ်ပဲလေးခေါက်ဆွဲ






















ကိုယ့်ကိုယ်ကို confidence မရှိဘူးဘဲ ဆိုချင်ဆို ဘလော့မရေးခင် ဘလော့တွေ ကိုအရင်မဖတ်ရဲတာ အမှန်ဘဲ ဖဘမှာလဲ စာရေးကောင်းတဲ့သူအချို့ရဲ့ notes တွေ ရှိတယ်။ အဲဒါတွေ ကိုအသာလေးကျော်ပြီးမှာ ကိုယ့်ဘာသာကိုယ်စိတ်ကူးလေးနဲ့ရေးရတယ်မ. မဟုတ်ရင် စိတ်ကူးထားတာကုန်ရော. သူတို့ရေးထားတဲ့ အထဲမျောသွားတယ်။


တစ်ပဲလေးခေါက်ဆွဲတဲ့. ဘိုကလေးသားများကတော့ကြားဘူးမယ်ထင်တယ်။ ကိုယ်တို့ ဘိုကလေးဘက်ကနေ အမျိုးတွေ ရှိတယ်။ အမေက ဘိုကလေးက. ဒါပေမဲ့ ကိုယ်တို့နဲ့နဲနဲတော့စိမ်းတယ်။ အမေက အဖေ နဲ့အိမ်ထောင်ကျကတည်းက ဘိုကလေးကို ပြန်မနေဖြစ်တော့ဘူးဆိုတော့..........

အင်း လိုရင်းက ဘိုကလေးကနေ အမျိုးတစ်ယောက်ရဲ့ စီစဉ်ညွန်ကြားမှူအောက်မှာ အဲဒီခေါက်ဆွဲဖြစ်လာတယ်။ ဘိုကလေးမှာတော့သိတ်နာမည်ကြီးတယ်ဆိုဘဲ. ကိုယ့် တစ်သက်မှာတော့ ဒါပထမဆုံးအကြီမ် စားဘူးခြင်းဘဲ။

ရပ်ဝေးက ဧည့်သည်များလာခဲ့ရင် အမြဲ ဧည့်ခံသလို ဘိုကလေးက သူများကလည်း မကြာခဏချက်စားလေ့ရှိကြပါသတဲ့။ ဟိုခေတ်. ၁၆ ပဲ တစ်ကျပ်. ခေတ်က တစ်ပဲပေးရလို့ တစ်ပဲလေးခေါက်ဆွဲလို့ခေါါ်ပါသတဲ့. သူတို့ရှင်းပြတာ အဲသလိုဘဲ။ အဲသာဆို လေးက ဘယ်ကပါလာ တာလဲဆိုတော့ အင်း.ချစ်စနိုးခေါ်တာနေမှာပေါ့တဲ့. ခက်တာဘဲ။ နစ်ကျပ်ဆိုရင်ရွေဝယ်လို့ရတဲ့ခေတ်က တည်းကရှိခဲ့တယ်ဆိုလား ဒေါ်ဘုမ ရောင်းလို့ ဒေါ်ဘုမ ခေါက်ဆွဲလို့ခေါ်တယ်လို့ အမေတို့ခေတ်က ခေါ်တယ်ဆိုလား အခု ဒေါ်ဘုမချွေးမရောင်းနေတယ်ဆိုလား...........ဟိုလိုလား ဒီလိုလားဘဲ။

ရေးရင်းနဲ့ဟိုကြည့်ဒီကြည့်လုပ်တာ ဘလော့အသစ်ပိုစ်တွေ တက်လာတာ မနည်းမနောပါဘဲလား. ဒီနေ့အတွက်သိတ်တောင်မဖတ်ရသေးဘူး. မဖတ်ဘဲနဲ့ရေးနေတာ. ကိုယ်လိုလုတွေချည်းဘဲဆို ခက်ရချည်ရဲ့ လာဖတ်ရင်တစ်ကျပ်ပေးပါ့မယ်လို့ အဲလေ. ဆယ်ပြားပေးပါမယ်လို့ Google နဲ့ညှိထားရမလိုဖြစ်နေပြီ. ကျေးဇူးတင်ပါတယ် တစ်ကယ်ပါ။

ဓါတ်ပုံတွေ ဖုံးထဲကနေ ဒေါင်းလုပ်တာ ၇၄ ပုံရှိတယ်။ ဖဘမှာတော့မတင်တော့ပါဘူး သူများတွေကို နိပ်စက်သလိုဖြစ်မယ်။ ကိုယ်လဲသွားကြည့်တ်တ်ပါတယ်။ သိတ်များရင်တော့လဲနည်းနည်း like လုပ်ပြီးအသာလေးပြန်လာတယ်။ ကိုယ့်အမျိုးတစ်ယောက်ကတော့ album တစ်ခုလုံး like လုပ်လိုက်တယ်ဆိုဘဲ အေးရော တာဝန်ကျေတာပေါ့.တင်တဲ့လူလဲစိတ်ချမ်းသာသွားရော.

ဘာလို့ဘလော့ရေးသလဲ ..စကားပြောချင်လို့ရေးပါတယ်။ ပြောစရာပြောရမဲ့သူ မရှိတော့ ဒီမှာပြောတဲ့သဘောပေါ့ နားထောင်ချင်ထောင်မထောင်ချင်နေလေ. ကိုယ်ပြောလို့ရတယ်။ ဒိုင်ယာရီရေးသလိုပေါ့ဘာလို့စာအုပ်ထဲမရေးလဲ ခက်တာဘဲ. စကားပြောချင်လို့ပေါ့ နားထောင်သွားတဲ့တစ်ယောက်နစ်ယောက်ဆီက တုံ့ပြန်မှုရရင်ကျေနပ်တာပေါ့. ။ kmsl နဲ့မပြောလား ပြောပါတယ်။ သူပြောတာများတာ key ချင်းမတူဘူး။ ဖုံးဆက်ပြီးပြောပါလား မလွယ်ဘူးလေ. ကိုယ်ပြောချင်တဲ့သူကအားဦးမှ. စိတှ်ရှည်ဦးမှ..ဒီနည်းလမ်းဘဲကောင်းပါတယ်။




































တစ်ပဲလေးခေါက်ဆွဲမဖြစ်ခင် တော့ပလာတာနစ်ချပ်ဆင်းဝယ်တယ်။ သေချာတာက အဲတာကိုယ်ကြိုက်တယ်။ လဘက်ရည်လဲပါတယ်။ ဖြစ်သလိုဘဲ အိတ်နဲ့ဘဲထည့်သောက်လိုက်တယ်။ယူလာတဲ့အတိုင်း. တို့ကိုကြည့်ပြီးစလုံးက လူတွေ ကိုအထင်မသေးပါနဲ့ လူပေါ်ဘဲမူတည်ပါတယ်။ ဘယ်နိုင်ငံမှာနေတယ်ဆိုတာ မဆိုင်ပါဘူုး ကိုယ်ဘယ်မှာဘဲနေနေ ဒီအချိုးဘဲ

ပုဇွန်ချက်.
အရင်ဆုံး ပုဇွန် ခွာ. ဆားအချိုမှုန့်နယ်.ပြီးရင်ထောင်း























.ကြက်သွန်ဖြူနီ ထောင်း.ဆီသတ်. ဂျုံနဲနဲ ရေဖျော်။ ဆီကျက်ရင်လောင်းထည့် မွေ. ပြီးရင် ပုဇွန်ထည့်. မွေ. ရေလေးနဲနဲထပ်ထည့် အရည်ကလေးနဲ့သုပ်စားဘို့အတွက်.















































မုန့်ဖတ်.
နန်းကြီးပြားကို ပဲငံပြာရည် အပြစ်. (မရှိလို့အကျဲဘဲထည့်) အရောင်လှအောင်. ပြီးရင် ဖွဖွနယ်။ ပြီးရင် မီးဖိုပေါ်အိုးတင် ဆီနည်းနည်လေးထည့် နယ်ထားတဲ့နန်းကြီးဖတ်ကိုထည့် နဲနဲ မခြောက်တစ်ခြောက် မကျွတ်တစ်ကျွတ် မမာ့တမာ့ ကျော်။ ပျော့လည်းပျော့ရမယ်။ သိတ်လဲမမာရဘူး တစ်ချို့နေရလေးတွေ က ကျွတ်သလို မျိုး.







































အသုတ်
သုပ်ဘို့မန်ကျည်းရေဖျော်။ ကြက်သွန်နီပါးပါးလှီး ဆားအချိုမှုန့်. ငံပြာရည်. ပြီးရင် နန်းကြီးသုပ်သလိုပါဘဲ အခြေခံက အဲသာဘဲ ကြက်သားနေရာမှာ ပုဇွန်ဝင်သွားတာရယ်။ နန်းကြီးကို နဲနဲကျော်လိုက်တာရယ်။ သူတို့မြစ်ဝကျွန်းပေါ်ကပုဇွန်ပေါလို့ထင်တယ်။ ဟင်းချိုကတော့ ထုံးစံအတိုင်း အိမ့်စည်းစိမ်ရခိုင်မုန့်တီရယ်ဒီမိတ်ဟင်ရည်. ရေနွေးတည် အမှုန့်ထည့်ဆူရင်ရပြီ။






































မှတ်ချက်
အားလုံးပုံတွေ တင်ပြီးချိန်မှာတော့ကိုယ့်ကိုယ်ကို အားကြီးစိတ်ဆိုးတယ်။ သူများတွေ အိပ်ချိန်မအိပ်ဘဲ အားလုံး စာဖတ်နေတဲ့အချိန်စာမဖတ်ဘဲ. အချိန်ကလေး တစ်နေ့ ၂၄ နာရီရတာကို အကျိုးရှိအောင်မသုံးဘဲ. လူုတိုင်းသိတဲ့အသုပ်သုပ်နည်းတစ်ခုကို ကြိုးစားပန်းစားလုပ် နေတာရယ်။ အချိန်ကုန် လူပန်းငါဘာဖြစ်လို့ များ ဒါလုပ်မိ သလဲဆိုတာရယ် စဉ်းစားရင်း လာဖတ်တဲ့ အထဲ ဘိုကလေးသား တစ်ယောက်ပါ လာပါစေဘို့ ကြိုးစားပန်းစား ဆုတောင်း၏။



















32 comments:

  1. No 1

    Heeeyyyyyyyyyyyyyyyy

    Woops Woops..

    :)))

    ReplyDelete
  2. မမ
    ဟင်းချက်နည်းအတွက် ကျေးဇူး
    သမီးမေမေလည်း အဲဒီ ခေါက်ဆွဲသုပ်မျိုး ကြိုက်တယ်လို့ ပြောဖူးတယ်

    ပုံ
    စာမဖတ်ဘဲ ဘလော့လည်နေသူ တစ်ဦး

    ReplyDelete
  3. မမ ဘိုကလေးခေါက်ဆွဲသုပ်နည်းအတွက် ကျေးဇူးနော်.. အခုမှပဲ ကြားဖူးတာ.. နောက်မှ အေးအေးဆေးဆေး လုပ်စားကြည့်ဦးမယ်..

    ReplyDelete
  4. မအိပ်ခင် တခေါက်သွားလည်အုံးမှလို့ဆိုပြီး လာလည်မိတာ ဟန်ကျသွားပြီ.. ခေါက်ဆွဲထုတ်မှ..ခေါက်ဆွဲသုတ်သို့ပြောင်းတော့မည်...

    ReplyDelete
  5. ဘိုကလေးသားတော့ မသိဘူး
    ဗိုက်ကလေး ဆာဆာနဲ့ ပြန်သွားပြီ:(

    ReplyDelete
  6. တော်ပါသေးရဲ့။ အခုပဲ မနက်စာ စားမိလို့။ ဒီတစ်ခါတော့ စားချင်စရာပါ။

    အခုတော့ စာမေးပွဲ နီးနေလို့ ဘလော့ခ် မရေးမိအောင် မနည်း ဘရိတ်အုတ်ထားရတယ်။ ဒုတိယပိုင်း ရေးမလားလို့။ ငှက်ငှက် (ကိုဒီဘီ အသံနဲ့ ဖတ်ပါ။ )

    ReplyDelete
  7. မမ ခင်ဦးမေ...တစ်ပဲလေး ခေါက်ဆွဲ တခါမှ မစားဖူးလို့ ၀င်မြည်းကြည့်သွားတယ်။ လုပ်နည်းလေးအတွက် ကျေးဇူးပါ။ အစ်မရေ..ချက်နည်းပြုတ်နည်း ရေးတာ အချိန်ဖြုန်းနေတာ မပာုတ်ပါဘူး။ ရို့စ်တို့လို ပာင်းတခါ ချက်ခါနီး ချက်နည်း လိုက်ရှာ တတ်တဲ့ သူတွေ အတွက် သိပ်ကို အသုံးတည့်ပါတယ်။ လုပ်စားကြည့်ဦးမယ်။ ဘလော့ဂါ အသစ်လေးပါ ရို့စ်က။ လာလည်ပါဦးနော်။

    ReplyDelete
  8. ဟုတ်ပါတယ်..အစ်မ..ချက်နည်းပြုတ်နည်းလေးတွေမဆိုးပါဘူး.. မျှင်ငပိရှိနေတာကို ငပိရည်ဖြစ်အောင် ဘယ်လိုလုပ်ရမှန်းမသိတဲ့ လူတွေရှိသေးတယ်.. ရေးပါ.. *လူတွေ ကိုအထင်မသေးပါနဲ့ လူပေါ်ဘဲမူတည်ပါတယ်။ ဘယ်နိုင်ငံမှာနေတယ်ဆိုတာ မဆိုင်ပါဘူး*.. အဲဒါလေး သဘောတူပါတယ်...။

    ReplyDelete
  9. ဖြိုးအောင်November 29, 2010 at 7:43 AM

    အရီး.. ကျနော်က ဘိုကလေးနဲ့ သိပ်မဝေးတဲ့ မြို့က...

    ReplyDelete
  10. ချက်စားကြည့်ချင်တယ်.
    ဖြစ်ပါ့မလား..မသိ။

    ပုံ.။
    ကာဖီမှောက်ကျတတ်သူတစ်ဦး

    ReplyDelete
  11. ဒါ အသစ်ပဲ...
    ဘိုကလေးနဲ့ ဝေးလို့ မကြားဖူး မတွေ့ဖူးပါ...
    ချက်နည်းလေး စိတ်ရှည်လက်ရှည်ရေးပေးတဲ့ မမကို ကျေးဇူးပါ...

    ReplyDelete
  12. တစ်ပဲလေးခေါက်ဆွဲမကြားဖူးဘူး အစ်မ။ဘာပဲဖြစ်ဖြစ်
    ခေါက်ဆွဲဆို ပုံစံမျိုးစံ အကုန်ကြိုက်..

    ReplyDelete
  13. ကောင်းမဲ့ပုံပဲ မမရဲ့၊ ပုဇွန်ကို ဒီတိုင်းလှော်ပြီးမသုတ်ဘဲ နန်းကြီးသုတ်ဖို့ ကြက်သားချက်သလို ချက်ပြီး ညှပ်ခေါက်ဆွဲနဲ့ သုတ်တာကိုးးးးး သိသွားပြီ၊ နောက်တခါ မမသုတ်စားရင် ခေါ်ပါ တပဲမဟုတ်၊ တကျပ်ပေးပါမည်...:)

    ReplyDelete
  14. ဂျီးတော် လဲ အသုတ်ဆိုင်ဖွင့်မလို့ စိုင်းပြင်းနေသလား

    ReplyDelete
  15. ပို.စ် နှင့် ကွန်မန်.တွေကိုနောက်မှဖတ်ပါ့မယ် ၊

    သြဂုတ်လ ပို. (၂၃)ခုကို ယနေ.ပို.စ် (၂၄) ခုဖြင့် စံချိန်ချိုးသွားပါကြောင်း ၊

    CONGRATULATION !

    ခင်တဲ့

    Z

    ReplyDelete
  16. ဒါမျိုးခေါက်ဆွဲသုတ်ခုမှမြင်ဖူးတယ်....စားကောင်းမယ့်ပုံပဲ ညီမလေး လာလည်ရင် လုပ်ကျွေးမယ်မလား...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  17. ကျနော် ဘိုကလေးသားပါ . . . .
    လို့ ပြောချင်ပေမဲ့ ပြောလို့ မရ ၊ ပြောစရာ မရှိ အဟိ။
    ဘလော့ရေးတာကတော့ စိတ်ပျော်သလိုသာ ရေးပါ အစ်မရာ။ ဒိုင်ယာရီ သဘောမျိုး ရေးထားတာလည်း ကောင်းတာပါပဲ။ ဖတ်ချင်တဲ့ လူ ဖတ်ပေါ့။ ထင်ရာ မြင်ရာရေးပေါ့။
    စကားပြောချင်တယ် ဆိုရင်တော့ ကျနော့်ဆီ ညပိုင်း ကြိုက်တဲ့ အချိန်ဆက် အစ်မရေ။ ညဆို အလုပ်ကပါးပါတယ်။ ( အခုတော့ နည်းနည်းများ ) ပြောချင်တာပြော ၊ ပွားချင်တာပွား ကိုဇော် ကွိုင်မရှိပါ။

    ပျော်ရွှင်ပါစေ အစ်မရေ. . .

    ReplyDelete
  18. လုပ်ပြီးရင်နောင်တရတတ်တာ တော့ အတူတူပါပဲ

    ReplyDelete
  19. စမ်းချက်အုံးမှ

    ReplyDelete
  20. မမ ပူးတေက ဘိုကလေးသူ



    ( စက္ကန့် ၃၀ ခန့်ခြား၍)

    မဟုတ်ဘူးလို့


    :)

    မမ ချစ်လို့ ခင်လို့ စတာနော်... ဟင်းချင်နည်း စိတ်ရှည်လက်ရှည်ရေးတာ အချိန်ဖြုန်းတာ မဟုတ်ပါဘူး.. ကောင်းပါတယ်မမရဲ့ ပူးတေကြိုက်တယ်... ငရုတ်သီးစိမ်းလေးတွေက မြန်မာဆိုင်ကလားဟင် ငရုတ်သီးစိမ်းလေးကိုက် အသုတ်လေးစား မုန့်တီဟင်းရည်လေးသောက် မိုးလေးကရွာနေတော့ ရှူးရှဲနဲ့ စားကောင်းမယ့်ပုံလေးပဲ .... ရွှတ်... တစ်ရှူးလေးဆောင်ထားမှ ပွင့်သွားတယ်... :)

    နောက်လဲ ဒါမျိုး ထူးထူးဆန်းဆန်းလေးတွေ ရေးဦးနော်... လုပ်စားကြည့်ချင်လို့

    ခင်တဲ့ ညီမ ပူးတေ

    ReplyDelete
  21. စားချင်စရာတော့ကောင်းသား.. ၀ိတ်ချနေတဲ့ကာလမို့ ဝေးဝေးကသာ ငေးပါတော့မည် မမရေ.. ညှပ်ခေါက်ဆွဲတွေက ဆီနဲ့လူးထားရတဲ့ကြားထဲ.. ထပ်ကြော်ပြီးမှသုပ်မှာဆိုတော့ ကယ်လိုရီကများနေမှာ.. ပုဇွန်ဆီကလဲ ပါသေးတာကိုး.. ဟင့်.. မြင်သာမြင် မကြင်ရတဲ့ဘ၀ပါလားနော်.. :(

    ReplyDelete
  22. ဘိုကလေးရောက်ပြီး ဒါမျိုး မစားခဲ့ရဘူး
    အခု ဘိုလူကြီး (ဒီဘလော့) ကို ရောက်လို့ စားရပြီ

    ReplyDelete
  23. အမဂွိစ်။
    ကင်မရာ မဝယ်ဘဲ ဖုန်းနဲ့တင် ရိုက်တတ်သူများ အသင်းမှာ အမဂွိက ဥက္ကဌ လုပ်ပါ။ ကျွန်တော် အတွင်းရေးမှူးလုပ်မယ်။ (နေရာဦးထားပြီကွ)။ နည်းနည်း အလင်းရောင်နည်းတဲ့ နေရာမှာ ခပ်ဝါးဝါးလေး ရိုက်ပြီး မချင့်မရဲဖြစ်အောင် လုပ်ဖို့တော့ အမဂွိဆီမှာ မွမ်းမံသင်တန်းထပ်တက်ဦးမှပါပဲ။ (ချစ်လို့ စ,သည်။ ဟီး......... )

    ReplyDelete
  24. ကြားလည်းမကြားဖူးဘုး၊စားလည်းမစားဖူးဘူး။စားကြည့်
    ချင်တယ်...။ကိုယ့်ဘာသာလုပ်စားဖို့တော့ပျင်းသား..။
    အစ်မကွန်ရဲ့ ဒါ့ပုံလေးတေကွိုမြင်ရတာ စိတ်ကို ချမ်းသာသွားတာပဲ...:)။

    ReplyDelete
  25. မကြားဖူးဘူး၊
    ခေါက်ဆွဲကြိုက်သူမို့
    စားကောင်းမယ့်ပုံပဲ၊

    အစားအစာ ချက်ပြုတ်တာလည်း အနုပညာတခုပါပဲ အမ၊

    ဒီတစ်ပဲလေးခေါက်ဆွဲကို စိတ်ဝင်စားတယ်၊ ပုဇွန်နဲ့ဆိုလို့ ၊ဂျုံကို ပျစ်အောင်ထည့်တာလား မသိဘူးနော်၊
    ညှပ်ခေါက်ဆွဲကို လှော်ရသေးတယ်၊

    နောက်ထပ်လည်း မျှဝေပါအုံး။

    ReplyDelete
  26. အမကြီးရဲ.စာတွေလာဖတ်သွားပါတယ်..
    စားစရာတွေကိုကြိုက်ပါတယ်...
    ပလာတာကိုပိုကြိုက်ပါတယ်.......
    အမကြီးကျန်းမာချမ်းသာပါစေ....

    ReplyDelete
  27. June One ကို သွားမေးလိုက်အုံးမယ်

    ReplyDelete
  28. ဘိတ်(မြိတ်)ကတ်ကျေးကိုက်နဲ့ တူသလိုလို ဘာလိုလို.. ပုဇွန်ပါတော့ ရှယ်ပေါ့..။

    ReplyDelete
  29. thank you so much for this post sis/ My husband is from Bogalay and he keeps saying about te-pa-lay noodle. But I never heard of it before. I tried the recipe last night and my husband i really enjoyed it. thanks so much :)

    ReplyDelete