Friday, November 19, 2010

out နေတဲ့ငါ

မနက်က အလုပ်မှာ မတ်တတ်ရပ်လိုက်ရတာ. အချိန်ပြန်တွက်ကြည့်တော့ မနက် ၈ နာရီကနေ စတာ စုစုပေါင်း. ၆ နာရီဝန်းကျင်ဖြစ်သွားတယ်။ .ကိုယ့်ဘာသာကိုယ်တောင်အံသြသွားတယ် ငါတို့အတော်ရပ်ရပါလားဆိုပြီး။ ကိုယ်တစ်ယောက်ထဲလဲမဟုတ်ဘူး အားလုံးဘဲ.အင်း အလုပ်သဘောကိုက ဒီလိုပါဘဲလေဆိုပြီး အံသြချင်ပေမဲ့မအံသြတော့ဘူး။

ဖုံးမက်ဆေ့ရတယ်။ ဖွင့်ဖတ်ပြီး မေ့သွားတယ် ပြန်ဘို့စိတ်ကုးရှိပေမဲ့ ပြောပြီးသားဘဲ မျက်စိက အနီးမှုန်တယ်။ မက်ဆေ့ပို့ရင်တောင် မျက်မှန်မပါရင် စာရိုက်လို့မရဘူး တိုရင်တေဲာ့ရတယ်.ရှည်ရင်မရဘူး.အဂ်လိပ်လို့ကလည်းသိတ်လိပ်ပတ်လည်တာမဟုတ်ဘူး. ရှိပစေတော့လေ ညကျမှဘဲ ဖေဘကနေ စာပြန်လိုက်တာပေါ့လို့စိတ်ကူးပေမဲ့လည်းမပြန်ဖြစ်လိုက်ပါဘဘူး

ဖုံးကောရတယ်။ ဘယ်သူခေါ်လည်းဆိုတာ ကြည့်ပြီး မကိုင်ဖြစ်လိုက်ဘူး . ဘာဖြစ်လို့မကိုင်သလဲအဖြေမရှိဘူး မကိုင်ချင်လို့ဘဲဆိုပါတော့မချစ်လို့လားဆိုတော့လဲမဟုတ်ပါဘူး ချစ်ပါတယ်။ ဒါပေမဲက စကားပြောဘို့ဝန်လေးနေတယ်။

ဂျီမှာခေါ်တာမြင်လိုက်တယ်။ အကြောင်းမပြန်ဖြစ်လိုက်ဘူး သတ်ချင်နေမလားတော့မသိဘူး.။ ဂျီမှာ မီးနီနေတာ မြင်လိုက်ပြန်တယ်။ မခေါ်ဖြစ်လိုက်ဘူး ရျီပုန်းကြီးရှိနေတာ သိတယ်။ သွားမတို့ဖြစ်ဘူး.။ မလာတာ ကြာတဲ့သူကို သွားမခေါ်ဖြစ်ဘူး။ ပျောက်သွားတဲ့သူကို ၈ျီမှာများမီးလင်းသလားသွားရှာတယ။် ဘာမှ မမြင်လိုက်မိဘူး။

ဖဘမှ စာလာရေးတဲ့သူကို မပြန်ဖြစ်ဘူး. Tag ထားတဲ့သူ့ကိုသွားဖတ်တယ်။ ဘာမှ မရေးဖြစ်လိုက်ဘူး အပြန်အလှန်ပြောနေတာတွေ ဖတ်တယ်။ ဝင်မရေးဖြစ်ဘူး. ကိုယ့်ကို မ tag တဲ့ ဓါတ်ပုံတွေ ကိုသွားကြည့်တယ်။ ဘာမှ မရေးဖြစ်ဘူး။ ဖဘ home မှာတက်လာတာတွေ ကိုသွားဖတ်တယ်။ တိတ်တိတ်ဘဲပြန်လာတယ်။ ဘလော့တွေ ကို ရီဒါးနဲ့ ဖတ်လိုက်တယ်။

ကျောင်း စာဖတ်တယ်။ သူများတွေ ဖတ်နေတယ်ဆိုလို့ ကိုယ်လဲလိုက်ဖတ်တယ်။ ကိုယ်ရေးချင်လို့ ရေးနေတာရယ်။ ရေးတာတွေ အချိန်သိတ်ကုန်တယ်။ ရေးစရာကလည်းသိတ်ရှိတာမဟုတ်ဘူး။

အသက် ၂၀ ကျော်က အောင်မြင်မုရခဲ့တာ ဆယ်တန်းမှ ကြိုးစားခဲ့လို့ ဆယ်တန်းမှာကြိုးစားခဲ့လို့ အောင်မြင်မုရတယ်။ ဘွဲ့ရတယ်။ ဘွဲ့ရပြီး ဆက်ကြိုးစားလို့တစ်စု့တစ်ရာဖြစ်ခဲ့တယ်။ အသက် ၃၀ မှာအောင်မြင်မှုရခဲ့တာ ၂၅ လောက်က ကြိုးစားခဲ့လို့ အသက် ကြီးလာတာနဲ့အမျှ ကြိုးစားမှသာလျှင် ရှေအတွက် အောင်မြင်နိုင်မယ်။ ကြိုးစားမှုကိုရပ်လိုကရင်ေ၇ှ့နစ်တေါ မှာ အောင်မြင်မုမရှိတော့ဘူး သိတော့ သိသားဘဲ သိရဲ့သားနဲ့ မလိုက်နာတာဆိုးတယ်။ မိကျောင်းမင်း ရေကင်းပြလို့မရသလို ဘုန်းကြီးစာချရလည်းခက်တယ်။ ဘယ်နစ်ရက်ခံမလဲတော့မသိဘူး။ တစ်ရက်တော့အောင်မြင်သွားပြီ.။

မှတ်ချက်
ဘလော့လောကကြီးအတွက်တော့ဝမ်းနည်းစရာများဖြစ်သွားမလားမသိ.

20 comments:

  1. တစ်ခါတစ်လေတော့လည်း ဒီလိုပါပဲ မမရဲ့ .. ကိုယ့်ကိုယ်ကို အလိုမကျတာများလာတာနေမယ်.. ပျော်ပျော်ပဲနေပါ မမရယ်.. စိတ်ပျိုမှ ကိုယ်နုသတဲ့.. တော်ကြာ မလှဘဲနေဦးမယ်.. :)

    ReplyDelete
  2. Relax,Relax.Close ur eyes n do breath in breath out slowly.Sweep out the garbage(u think) in ur chest n head.Preten as GURU^ ^.It's easy to comfort other but not myself:( GYIDAW

    ReplyDelete
  3. ♫♬ အခန်းတံခါးကို ပိတ်ကာ တို့တော့ စာကျက်နေပြီ။ ♫♬

    ReplyDelete
  4. အရင်လို ပျော်ပျော်လေး ပြန်နေပါလားဟင်
    အစ်မက ဘလော့ကမ္ဘာထဲက ရောင်စုံ လိပ်ပြာလေးတကောင်....

    ပျော်စေချင်သူ

    ReplyDelete
  5. ဘ၀ က တိုတိုလေးပါ။
    စိတ်လျှော့ စိတ်လျှော့ စိတ်ကိုလျှော့း)
    တခုပြီး တခု ချက်စား။
    ချက်ပြီးရင် ဓာတ်ပုံရိုက်ပြီး ဘလော့မှာ တင်။

    ReplyDelete
  6. စိတ်မညစ်ပါနဲ့ လို့ အားပေးသွားပါတယ် မမ... ကျနော်နဲ့ သိပ်မကွာပါဘူး..

    ReplyDelete
  7. ငါ့သမီးစာကျက်နေတယ် ...
    အဲလေ
    ငါ့အစ်မစာကျက်နေတယ် ...း)))

    ဟုတ်တယ်အစ်မ ။ လူကကြီးလာတော့ လူကအီးပေါသောကြီး ဖြစ်လာတယ်။(ကိုယ့်ဟာကိုယ်ပြောတာနော်) ကြိုးစားချင်စိတ် သိပ်မရှိတော့ဘူး။ ဓားဆိုတာ အမြဲသွေးနေမှ ထက်နေမှာ ...
    ကြိုးစားရဦးမယ် ...ကြိုးစားရဦးမယ် ...ကြိုးစားရဦးမယ် ...

    ReplyDelete
  8. မ out ပါနဲ့ မမ..
    (ဘလော့လောကကြီးကိုယ်စား ဝမ်းနည်းနေသူ)

    ReplyDelete
  9. အောက်နေတဲ့ ကျနော်

    ခုထိ ဖေ့ဘွတ် ဆိုတာ မသုံးဘူးသေး.. ခုထ tag ဆိုတာ ဘာမှန်းမသိ...

    ခုထိ ကျောင်းစာတွေ ကျက်နေရတုန်း... စိတ်ပျက်.. လက်ပျက်........ :(

    ReplyDelete
  10. That is our duty to sturdy continuously....until die.

    BINO

    ReplyDelete
  11. အခုတလော တို့မမ ဘာဖြစ်နေလဲ မအောက်ပါနဲ့နော်

    ReplyDelete
  12. Out တယ် ဆိုတာ ကောင်းသားပဲ။
    တစ်ခါတလေ လူ့လောကကို သူ့ရဲ့ စည်းအပြင်ကနေ ကြည့်ရတာ တမျိုးတဖုံ ဆန်းသစ်ပါတယ်။
    ကျနော်ဆိုရင် မကြာခဏ Out Out ကြည့်တယ်။

    ReplyDelete
  13. ♫♬ ဖေ့စ်ဘွတ်ခ်ကိုဖွင့်ကာ ..♫♬ ချက်ဗောက်ကိုဖွင့်ကာ ..♫♬ အီးမေးကိုဖွင့်ကာ..♫♬ တို့တော့ စာကျက်နေပြီ။ ♫♬ :D

    ReplyDelete
  14. ဟင့်အင်း...အစ်မကွန်...ကျွန်တော်က အစ်မထက်သာတယ်
    ကျောင်းတတ်ဖို့စဉ်းစားတယ်...။စာမကျက်ချင်လို့ မတတ်
    တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်..။တော်ပြီဗျာ..၊နေတတ်ပြီ
    ပဲ ကျေနပ်ပါတယ်...လို့ ဘာသာတွေးမိတယ်..။အစ်မကွန်
    ကဘယ်မှာအောက်သေးလို့လဲ...။ကဲ...စာဆက်ကျက်ပေ
    တော့ဗျိုး...:)။

    ReplyDelete
  15. အမရေ.....OUT ပါနဲ့ ။
    ဘာတွေ ဖြစ်နေမှန်း သိတော့ သိပါဘူး။
    ဒါပေမဲ့ ခရီးလေးဘာလေးထွက်ပြီး ဓာတ်ပုံလေးတွေရိုက်၊
    တခါတလေတော့လည်း ဒီလိုပါပဲမရေ။
    အပန်းဖြေ ခရီးလေးဘာလေး သွားပေါ့။ :)
    အားလုံး အဆင်ပြေပါစေ။ :)
    ...ခင်မင်လျှက်...ခင်မာလာအောင်..:)

    ReplyDelete
  16. မမရေ....သိပြီးသားပါဗျာ....။ ဘာကျောင်းစာတွေ ဖတ်နေတာလဲ...ဟင်...။

    ပုံ /ကျောင်းစာကလွဲ အကုန်ဖတ်သူ

    ReplyDelete
  17. မကြီး..
    စိတ်မပျော်ဘူးလား...
    နတ်သမီးဆီလာခဲ့လေ...
    မွေးနေ့မှာ “ချကွာ” လုပ်မယ်..
    ၂ယောက်ထဲ............


    (မကြီးပျော်ရွှင်ပါစေ)

    ReplyDelete
  18. မမကွန်ကြီး အောက်တာလား ဂေါက်နေတာလား

    ခင်လို.နောက်တယ်ပဲသဘောထားပါဗျာ

    ကျောင်းတက်မနေပါနဲ. ၊ ကျောင်းဆိုလို. ဘုန်းကြီးကျောင်းသွားပြီးတရားနာ ၊ ရိပ်သာဝင်ပြီး တရားကျင့်ဖို.ပဲရှိပါတယ် ၊ အမျိုးသမီးတော်တော်များများက သူတို.ကို အသက်ကြီးပြီပြောရင် သိပ်မကြိုက်ချင်ကြဖူး
    အသက်အကြောင်းပြောလိုက်လို. အသက် ၄၀ ၀န်းကျင်ဘလော့ဂါမမများစိတ်အနှောက့် အယှက်ဖြစ်ခဲ့ရင်တောင်းပန်ပါ တယ် ၊

    ReplyDelete
  19. ဟောဒီလောက် ထဲထဲဝင်ဝင် ရောက်ပြီးကာမှ 0utလို့ ရမယ်ထင် သလား။ out မယ်ဆိုရင်တောင် မှ ထုံ ဆေးလေးတော့ ပေးခဲ့ပါ။

    ReplyDelete
  20. မောင်ဝေးNovember 21, 2010 at 4:42 PM

    အင်...ဘလော့ဂ် ဂိုဏ်းချုပ်ဗဟိုကော်မတီဝင်ကြီးရဲ့ အခုမှ out လို့ဘယ်ဖြစ်မလဲ ဒီလို ဒီလိုဖြစ်သွားမှာပေါ့။ (( မေ့စေ့အောက်နား ညာလက်ညှိုးနဲ့ လေထဲအလျားလိုက် မျဉ်းကြောင်းတခု ဆွဲပြသည်၊ မျက်လုံးပြူးပြီး ‘ကွစ်’ ကနဲ အသံလုပ်ပြသည်။))

    ReplyDelete