Sunday, November 21, 2010

မင်းကဘဲ မှားသလား ငါကဘဲ မှားသလား…..

မနက်က အောက်ဆင်းပြီး တေးအိုက်စ် tey ice .. လဘက်ရည် ကို ရေခဲထည့်သောက်တဲ့ဟာ ဝယ်တယ် ပလာတာ နစ်ချပ်ဝယ်တယ်။ ဆိုင်က ကလကြီးက အတင်းဘဲ အာလူးတွေ ထည့်လိုက်တယ် . ပဲပလာတာမဟုတ်ဘဲ အာလူးပလာတာ ဖြစ်သွားတာပေါ့ ပုံမှန် က တစ်ချပ် ပြားခုနစ်ဆယ် နစ်ချပ် တစ်ကျပ် ပြားလေးဆယ် အခု ပြားခြောက်ဆယ်ပိုပေးရတယ် ပလာတာရော လဘက်ရည်ကော ကိုယ်သောက်တယ်။ အာလူးကတော့ကြိုက်လဲ မကြို့်ဘူး ဖယ်ထားလိုက်တယ် နေ့လည်ဘိုက်ဆာရင် စားဘို့ဆိုပြီး ..စားဖြစ်မယ်တော့လည်းမထင်ပါဘူး။



















ငါးဖယ်ထုထောင်းပြီးကြော်တယ.် ကြော်နည်းလေား သိတ်မသိပါဘူး ကိုယ်ထင်တာ ကိုယ်လုပ်တာဘဲ ကြက်သွန်ဖြု ၈ျင်းရောထောင်?အချိုမှုန့်ဆားထည့်ထောင်း ကပ်တာနဲ့ ဆီထည့်ထောင်း ဆီတွေ တောင် အကျီကို စင်သွားသေးတယ်။ ပြီးတောေ့ကြာ်. ငါးဖယ်ကို သုံးထပ်က မော်လမြိုင်ဆိုင်နဲ့ မျက်စောင်းထိုးလောက်က အဆင်အတက် လှေခါးနားက ဝယ်တယ် ကောင်းပုံရတယ် မနေ့က မှ ရောက်တာလို့ပြောတာဘ တစ်ထုပ်ကို ငါးကျပ်ခွဲ.





















ကြော်ရင်းနဲ့စေတနာပေါက်လာတာနဲ့ စံပြဒေါ်ကြည် မုန့်ဟင်းခါးကို ဖောက်ထုတ်ပြီးပြုတ်လိုက်တယ်။ အဲသာဆို မုန့်ဟင်းခါးဖြစ်ကော. အောက်ဆင်းပြီး မုန့်ဖတ်ပြန်သွားဝယ်တယ်။ ညှပ်ခေါက်ဆွဲ အပြားအသေးလေးတွေ ရတတ်တယ်။ နောက်ကျသွားတော့ဘာမှ မရှိတော့ဘူး ပုံမှန်ပြားရှစ်ဆယ် ဘိုး အထုတ်ကလေးတွေ ကကောင်းကောင်းစားလောက်တယ်။ အခုက နန်းလုံး တစ်ကျပ်ပြားရှစ်ဆယ် အထုတ်ကြီး ဘဲရှိတော့တယ်။ တစ်ကျပ်ပိုသွားတောပါ့ တစ်ကျပ်ပိုသွားတာက ကိစ္စမရှိဘူး. ကိစ္စရှိသွားတာက မုန့်ဟင်းခါးနဲ့ မုန့်လုံးနဲ့စားတာမှ ဘာမှ အဆင်မပြေတာနဲ့




















နန်းကြီးသုပ်ရအောင်ကွာဆိုပြီးအကြံရသွားပြန်တယ။် ကိုယ့်တော့မျက်နာပျက်သွားတာပေါ့။ အဲသာ ငါ့အပြစ်ဘဲ လေ. ငါကိုက ဘာဖြစ်လို့ အလုံးတွေ ဝယ်လာသေးလဲ ဟင်း သက်ပြင်ငိးကို ချ .. သူငြိုငြင်လို့မဖြစ်ဘူး.

ကြက်သားပြန်ဆင်းဝယ်တယ်။ မချက်တတ်တတော့ အန်တီချမ်းနဲ့ မွန်းစတားနဲ့ လုလု ကိုဖွင့် revision ပြန်. အလွတ်ကျက် လိုတာတွေ စာရင်းမှတ် အောက်တစ်ခါပြန်ဆင်း ကြက်သား. ဂေါ်ဖီ. သံပရာသီး ဆင်းဝယ်။ ကြက်သားပြန်ချက်. ကြက်ဥပြုတ်. စိတ်ကတော့အတော်ဆိုးနြေီ့ပီ. မျက်နာကတော့ချိုချိုပေါ့ စိတ်ဆိုးရဲပါဘူး။

































ညက ခေါက်ဆွဲသုတ်. နဲ ချဥပေါင်ကြော်ဝယ်ထားတာလဲရှိသေးတယ်။

အခုတော့အာလုံြးီ့ပီြး့ပီ ဘာတွေ ဘယ်လိုစားရမလဲမသိသေးဘူး အပြောကသာကောင်းတာ ကြားရသာ နားထောင်ရတာသာ စားချင်စဖွယ။် မြင်ရင်တော့အစားအသောက်ပျက်ရင်တော့ကိုယ့်အပြစ်နဲ့ကိုယ် ငါကို က လာဖတ်မိတာပါလေ ငါ့အပြစ်နှဲုငါသာဆိုပြီး ပြန်.။



















ငှက်ပျောသီးနဲ့ ကျွဲကောသီးလဲဝယ်ထားသေးတယ် တစ်မျိုး. နစ်ကျပ် နစ်မျိုး လေးကျပ်။ (ဒါလေးက မှ ဟုတ်တုတ်တုတ်..)



24 comments:

  1. woww.. အစားတွေ အများကြီးပါလား မမ.. ဟိဟိ.. ဘယ်သူမှမမှားဘူး.. များများစားရတာပေါ့.. :)

    ReplyDelete
  2. မမှားပါဘူးမမရဲ့.. စားကောင်းမယ့်ပုံပဲ.. နန်းကြီးသုပ်က အဲသလိုထွေးထွေးလေးမှ အရသာရှိတာ..း)

    ReplyDelete
  3. မောင်ဝေးNovember 21, 2010 at 4:59 PM

    အောင်မယ်.. တယ်ဟုတ်တဲ့ ဟင်းချက်နည်းပါလား၊ အံ့ဘွယ်ထညက်ပဲ၊ ငါးဖယ်ချက်ရင်း အိမ်အောက်ဆင်း အိမ်ပေါ်တက်၊ ကွန်ပျူတာဖွင့်နဲ့ နောက်ဆုံးမတော့ နန်းကြီးသုပ်လို့ ကိုယ့်ဘာသာ နာမည်ပေးလိုက်တယ်လား။ ကောင်းပါ့ဗျား၊ နန်းကြီးသုပ်လို့ အမှတ်ထားပြီး စားလိုက်ပါ့မယ်။

    ReplyDelete
  4. ဟုတ်ပ...
    ငါ့အစ်မ သနားဖို့ ကောင်းလိုက်တာနော်။
    မငြိုငြင်ရဲ ၊ မပြောရဲတော့ မျက်နှာကလည်း မပျက်ရဲဘဲ လုပ်ပေးနေရရှာတယ်။
    ဒါပေမဲ့ လုပ်ပေးလိုက်ပါ အစ်မရာ...
    သူက သဘောကောင်းတယ် လက်သီးပြင်းတယ် တဲ့နော်။
    အခု အသုတ်လေးကလည်း စားလို့ ကောင်းမဲ့ ပုံလေးပါပဲ။

    ReplyDelete
  5. မင်းက “ဘဲ” မှားသလား.......

    ငါက “ဘဲ” မှားသလား.........

    ဘယ်သူက “ဘဲ” မှားနေတာဒုန်း......

    ကကမဆလ တော့ သူညားနောက်ပါဒေါ့မှာဘဲနော်... ဒီလိုတော့ “ဘဲ” မမှားသင့်ဘာဘူးလေ...

    နောင်သတိထားပါ... :D

    ReplyDelete
  6. ဟယ် မမလက်ရာတွေတက်နေပါလား ။ စားကောင်းမဲ.ပုံလေးတွေချည်းပဲ ။ ဟင်းတွေနဲ.လဲတူလာပြီ ။ အဲ..အ.ဲ. ဟင်းအရောင်လေးတွေလဲလှလာပြီ ။ :)
    ချစ်လို.စသွားတယ် ။
    ကြည်နူးစရာ weekend လေးပေါ့လေ ။
    မမပျော်ပါစေ... ။

    ReplyDelete
  7. အစ်မ နန်းကြီးသုတ်အတွက် ကြက်သားချက်ထားတာ စားကောင်းမဲ့ပုံလေး။ ပဲမှုန့်နိုင်နိုင်နဲ့ မန်းလေးမုန့်တီလို သုတ်စားလိုက်ရရင်တော့ ရှလွတ် ...
    ၂ယောက်စာအတွက် ကြက်ဥတွေကတော့ များလိုက်တာ။

    အစ်မနန်းကြီးဖတ်နဲ့ စားမရဘူးဆိုလို့ ပြောရဦးမယ်။ တစ်ခါ မုန့်ဟင်းခါး အလှူတစ်ခုမှာ စားဖူးတာ။ မုန့်ဖတ်က နန်းကြီးဖတ်နဲ့ဗျ။ ကြာတော့ကြာပါပြီ။ အဲဒီအချိန်က ဒီလို ရယ်ဒီမိတ်အခြောက်တွေ ခေတ်မစားသေးဘူးရယ်။ ပိတ်သတ်ကတော့ ဒီတိုင်း ကျိတ်မှိတ်ပြီး စားကြတာပဲ။ ပိတ်သတ်ထဲ ကိုယ်လဲပါတယ်။

    ReplyDelete
  8. စင်္ကာပူရောက်စ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကပုံတွေ ပြန်တင်ထားတာ မဟုတ်လား၊ မညာနဲ့နော် ... :-D

    ReplyDelete
  9. ဟားဟား အရီးဒေါင်းတောက်နေမယ့်ပုံ မြင်ရောင်မိပါသေးဗျာ

    ReplyDelete
  10. ကြော်ရင်းနဲ့စေတနာပေါက်လာတာနဲ့

    နန်းကြီးသုပ်ရအောင်ကွာဆိုပြီးအကြံရသွားပြန်တယ။် ကိုယ့်တော့မျက်နာပျက်သွားတာပေါ့။ အဲသာ ငါ့အပြစ်ဘဲ လေ. ငါကိုက ဘာဖြစ်လို့ အလုံးတွေ ဝယ်လာသေးလဲ ဟင်း သက်ပြင်ငိးကို ချ .. သူငြိုငြင်လို့မဖြစ်ဘူး

    အောက်တစ်ခါပြန်ဆင်း ကြက်သား. ဂေါ်ဖီ. သံပရာသီး ဆင်းဝယ်။ ကြက်သားပြန်ချက်. ကြက်ဥပြုတ်. စိတ်ကတော့အတော်ဆိုးနြေီ့ပီ. မျက်နာကတော့ချိုချိုပေါ့ စိတ်ဆိုးရဲပါဘူး။

    အော်ရီ မိတယ် မခင်ဦးမေ ...

    မကြာမကြာလည်းရောက်ပါတယ်။
    ဒိုင်တွေထည့်တာလည်း သဘောကျတာဘဲဗျို့..

    အိမ်ဦးနတ်ကြီးလည်း ဖတ်ပြီးပြုံးနေမှာဘဲ။
    မင်္ဂလာပါ ..
    smk

    ReplyDelete
  11. တီဆွိပြောသလိုမျိုးကြုံဖူးတယ်။ သူတို့ကတော့ မုန့်ဟင်းခါး ဖတ် Ready madeရှိမှန်းကို မသိတာ :)

    ReplyDelete
  12. မမ မုန့်ဟင်းရည်အတွက် ရယ်ဒီမိတ်ထုပ်က မြန်မာတံဆိပ်နဲ့ နန်းသပြေ ကအကောင်းဆုံးဘဲ...ရေးရင်းနဲ့တောင်စားချင်လာပြီ...

    ReplyDelete
  13. သဘောကျတယ်...။တကယ်...။ရင်ထဲရှိတာရေးတဲ့ စာတွေ
    ဆို ကဗျာလို့ သဘောထားပြီးသား...။

    ReplyDelete
  14. မမ မုန့်ဟင်းရည်အတွက် ရယ်ဒီမိတ်ထုပ်က မြန်မာတံဆိပ်နဲ့ KHIN HTWAY YEE ကအကောင်းဆုံးဘဲ.

    ReplyDelete
  15. စားစေချင်တဲ့စိတ်တစ်ခုနဲ့စေတနာ ဆိုတာ
    လေးထည့်လိုက်ရင် မမေ့နိုင်တဲ့
ွှ၇သာကောင်းတစ်ခုပါမခင်ဦးမေ

    ReplyDelete
  16. နံနံပင် ဝယ်တယ်လို့ ရေးတာ မတွေ့မိဘူး။
    နံနံပင် မပါရင် မကောင်းဘူး။

    ပုံ။
    ဆံပင်ကောက်နေသူတစ်ဦး

    ReplyDelete
  17. သေချာတာတော့ တို့ မမတယောက် အခု ချက်ထားသမျှတွေ အားရပါးရ ကုန်အောင် စားလိုက်မယ်ဆိုတာ သေချာနေတယ်။

    ဘာလို့လဲဆိုတော့ ပြေးချက်လိုက်၊ လိုတာတွေ အောက်ထပ် ဆင်းဝယ်လိုက် နဲ့ ခဏခဏ ပြေးဆင်းနေရတာ အတော် မော သွားမှာ သိနေလို့..။

    မမ.. ဟင်းချက်တယ် ဆိုတာ လက်နက် အပြည့်အစုံ တပ်ပြီးမှ တဘရိတ်တည်း ရှု (shoot) ရတာ မမ။
    ပုံ
    ဘိန်းစားချင်း တမူး ပိုရှူ၊ အနူချင်း လက်သည်း ပိုရှည်သူ လှထုံ

    ReplyDelete
  18. Don't give up.U r better than me in ngaphe.I still try my best but it doesn't work properly.I m the only one who loves to eat ngaphe luckly.All looks delicious n nice to have hungrily after going up n down.There's no maezale salad for us.Just saumom sashimi n linie aquavit in candal lit room.HAPPY TAZAUNGDAING:))Gyidaw

    ReplyDelete
  19. မနက်စာကို မုန့်ဟင်းခါးရည်လေးကို ကြက်ဥလေးနဲ့ သောက်.. နမ်းကြီးသုပ်လေး စား.. ကျွဲကောသီး အချိုတည်.. ညစာကျ ဆိုင်က ခေါက်ဆွဲစား.. ချဉ်ပေါင်က နောက်နေ့စား

    မမ လက်ရာတက်လာတဲ့ ပုံပဲ.. ဂုဏ်ယူပါတယ်

    ဟိုတယောက်က ဘာလို့ ဆံပင်ကောက်ရတာလဲ.. မဆီမဆိုင်တွေ ဖြစ်ကုန်တော့မယ်

    Uထုံ

    ReplyDelete
  20. ငှက်ပျောသီးနဲ့ ကျွဲကောသီးလေးက စားကောင်းမယ့်ပုံပဲ အဲလေ ငါးဖယ်ကြော်နဲ့ မုန့်ဟင်းခါးပြောတာ ဟိ

    ပုံ/
    -င်ကောက်သူ
    (ခေတ်မီအောင်ဝင်ကောက်သွားတယ်)

    ReplyDelete
  21. မယ်ဆင်မရှိတုန်း အေးအေးဆေးဆေးမန့်ရမယ်ထင်နေတာ။
    ဒင်းတို့ ၂ကောင်ကြောင့်..
    ဟင်းးး....
    Uထုံနဲ့ မြိုး..သတိထားပါ။
    လိုက်မဖွပါနဲ့..။



    ပုံ။
    နဂိုကောက်ပြီး ယခုဖြောင့်သော သူတစ်ဦး။
    ချောချောလှလှလေး..။

    ReplyDelete
  22. အဲ...ကောက်ကောက်ပါ..အာ ယောင်လို့ ။ :P
    ဘယ်သူမှ မမှားပါ။ ဗိုက်ဆာဆာ နဲ့ ယောင်တောင်
    တောင် ရောက်လာတဲ့ ခေါင်မာလာအင် ကသာ မှားတာ။
    အနံ့ မရ မှန်းစ၊ အမြင်နဲ့ တင် အာသာလေးဖြေရင်း
    မနေနိုင်တော့လို့ ခေါက်ဆွဲပြုတ်သောက်နေတယ်။ ခု။
    ...ခင်မင်လေးစားလျှက်..ခင်မာလာကောက်..:)

    ReplyDelete
  23. ဘယ်သူမှန်တယ်ထင်လို့ လဲ။စားကောင်းမယ့် ပုံဆိုဘယ်သူမှားမှား ပြောမနေတော့ ဘူး။ ဆံပင် မကောက်မဖြောင့် သူတစ်ဦး။

    ReplyDelete