Tuesday, December 7, 2010

ပြောမကုန်တဲ့လူကြုံ

စရရင်ဖြင့် စလုံးမလာခင် kmsl ကိုလူကြုံ့ပေးဘူးပါသလား ပြန်စဉ်းစား၏. မပေးရသလောက်ပင်. စားစရာများကို အာသီသမရှိတတ်. စာအုပ်များကို ဝယ်ဖတ်၏။ ရ့ဖန်ရံခါတော့စာတိုက်ကြီးမှနေရွေ့ စာအုပ်များကို ပို့ပေးဘူး၏. Register လုပ်လျင် delivery လုပ်ရခက်သောကြောင့်နောက်ပိုင်းတွင်. ဒီအတိုင်းစာအုပ် အတိုင်းပို့၏. မှတ်မိသေး၏. စာတိုက်ကြီးတွင် ရောက်ယက်ခတ်ခဲ့ပုံ.

ကိုယ်ရောက်လာ၏. ရန်ကုန်မှ လာသောအခါ ကီလို လေးဆယ်ကျော်ချင်သေး၏။ ကုလားဖန်ထိုးရ၏။ ဟိုရွေ့ဒီရွေ့ လုပ်ရ၏။ အထူးသဖြင့်နိပ်စက်သည်မှာ အမျိုးများသာဖြစ်၏။ ကျစ်ကျစ်ပါအောင်ထုတ်ထားသညမှာ သိတ်မကြီးဟုထင်ရ၏. ချိန်ကြည့်လျင် သုံးကီလိုအသာလေးရှိ၏. ငါးကီလှိုရှိသော အထုတ်လဲသယ်ဘူး၏။ သရက်သီးဆယ်လုံးလဲလာပေးဘူး၏. ဘုရားဘုရား ..မကင်းနိုင်သောသူဖြစ်ရွေ့သယ်ခဲ့ရသည်. အိတ်ပျက်စီးသွား၏. ပြဲသွားသည်.. နဂိုကလည်းသိတ်မကောင်းလှ....

ရောက်ပြီဆိုလျှင် အထုတ်ကိုချ……...သက်ဆိုင်ရာသူများသို့အကြောင်းကြား လာယူနိုင်မည့်အချိန်ကိုချိန်း. ပန်နိစူလာကိုယူခဲ့ပါရန် ညွန်ကြားသူက ညွန်ကြား၏. သူ့အထုတ်ကိုရန်ကုန်မှပင်မက..လမ်းဆုံကိုပင် သယ်ခိုင်းသေး၏.

မလည်ဝယ်သေးခင်က အတူနေသူထံမှ လူကြုံသေးသေး သယ်ပေးဘူး၏. ပြတ်သွားစွာပင် တစ်ဆယ်ပေး၏. ပေါင်ပိုလျင် တစ်ဆယ်ပေးရသည်မဟုတ်ပါလော.လာပေးချင်သူတွေ များလှ၏. Hand carry တစ်ဆွဲကိုပင်ထည့်ပေးဘူးသူရှိ၏. အရေးကြီးသောပစစည်းများ ပျက်စိးမည်စိုးသောကြောင့် လမ်းတစ်လျောက် ရင်ဝယ်ပိုက်သွားရသည်။ ပိုက်ဆံအိတ် တွေလည်းလာပို့ကြသည်. ။ ကိုယ်ပစ္စည်းကလည်းမနည်း......ကီလိုသုံးဆယ်ကို တစ်ရွေးသား မလျော့အောင် အကြိမ်ကြိမ် အဖန်ဖန် ချိန်ရွေ့သယ်၏.

နစ်ကျပ်တန်တွေ အသယ်များသွားသောကြောင့်ပေါင်ပို ငါးကီလို ငါးဆယ်ကျော်ပေးရဘူး၏. စိတ်ထိခိုက်ရသည်. ဆင်ခြင်သွား၏။ ရန်ကုန်အပြန်သယ်ပေးဘူး၏. လာတယ်ဟေ့ဆိုရွှေုထွက်ကြည့်ရာခေါင်းပေါ် ရွက်လာသောအထုတ်ကြီးကိုမြင်၏. ရင်ဆို့သွားသည် ကိုယ့်ပစ၁စည်းများပြန်ထုတ်ခဲ့ရသည်။

ကိုယ့်ဘကက်ကတော့ပေးခဲသည်. Kmsl ကခွင့်မပြု. အရေးကြီးစာရွက်စာတန်းမှ အပ.. နေက်ပိုင်းတွင် အရေးကြီးစာရွက်များကိုပါ. တစ်ခြားနေရာမှပင်ပို့တော့သည်. လူကြုံထံသွာေးပးရသည်လမ်းစရိတ်. အချိန်.အားနာမှု..

အကောင်းဆုံးမှာ ဘာမှ မသယ်ပေးခြင်းပင်. လူမုန်းတော့များ၏. ကျွန်တော် ကျွန်မပြန်ပါဦးမယ် အရေးကြီးစာရွက်စာတန်းမှ အပ. ကုန်သေးသေး ဈေးကြီးကြီးသာ လက်ခံပါသည်ဟုဆိုရာ ကွယ်ရာတွင် ဆဲဆိုကြရွေ့ရောက်မလာတော့ပေ။

ကုန်သေးသေး ဈေးကြီးကြီးဆိုရွေ့လာပို့ဘူး၏. တစ်ဆင့်တစ်ဆင့်မိတ်ဆွေ တော်တော်လေးကိုဈေးကြီးသောနာရီ. ရန်ကုန်မှ စလုံသို့သယ်ခိုင်း၏. သေးသေးလေးဖြစ်ရာ kmsl မှာလက်ခံလိုက်မိသည်။ မေ့ပြီး luggage ထဲထည့်လိုက်မိရာလေယဉ်ပေါ်ရောက်မှ သတိရပြီး သောကဖြစ်ရသည်. မတော်ပျောက်သွားအခက်ဘဲဆိုပြီး....... ကံအားလျော်စွာ လူကြုံပိုင်ရှင်ကိုပြန်အပ်လိုက်နိုင်သည်. အကြောင်းစုံစုံစမ်းရာ နာရီမှာဈေးကြီးသောကြောင့် ဝယ်ပြီး စလုံးမှ ရန်ကုန်သို့ပို့ကာ်၏. ပြီးမှ တဖန် ရန်ကုန်မှ စလုံးသို့ပြန်သယ်ခိုင်း လာ၏. ရွေညဏ်ကြီးရှင် များကိုလက်ဖျားခါရသည်။

အိမ်ထောင်သက်ရင့်လာသူတို့ထုံးစံ ကိုယ်သွား ကိုယ်သယ် သူသွားသူသယ် မည်သူ့မည်သူကိုမှ လိုက်မပို့ကြေး ဆိုသကဲ့သို့ဖြစ်ရာ သူသွားလျင် လက်ဆွဲအိတ် hand carry တစ်လုံးဖြင့်သာသွားပြီး ထိုတစ်လုံးကိုပင် luggage လုပ်ရာ သူသည် တွမ်ခရုစ်ထက်ပင်သာသေး၏. သူပေးချင်သည်များကို စုထားရွေ့ ကိုယ်သွားလျင်ထည့်ပေး၏. ချစ်လှစွာသောသူမို့လို့သာသည်းခံရ၏။ အတော်စိတ်ဆိုးသည်။

ကိုယ်သွားလျင်ကိုယ့်မှာ ကီလိုဆယ်ငါး နစ်အိတ်. ။ လက်ဆွဲအိတ် တစ်အိတ်. စုစုပေါင်း သုံးအိတ် ပိုက်ဆံအိတ်ကြီးကြီးတစ်အိတ်. ဂျုတီဖရီးတွင်အရက်.. မိတ်ကပ်ဆိုင်တွင် အစ်မများအတွက်မိတ်ကပ်. စုံစီနစ်ဖာအတော်ပင်ရုပ်ပျက်လှ၏. လူက ဗလကောငးရွေ့သာတော်တော့၏. အိမ်ပေါ်မှ အောက်ကိုမနည်းချ. အောက်မှ အငှားကားထံ. တရွေ့ရွှေု့ အငှားကားမှ လေဆိပ် သို့ချ. အတော်ပင်ဒုကိခခံသယ်ရ၏. ရန်ုကုန်ရောက်လျင် တစ်ရက်နစ်ရက်အတွင်းပြောင်တလင်းခါသွား၏. သယ်ချင်းမိတ်ဆွေများကိုပေးဘို့မနည်းချန်ရသည်. အမျိုးများကိုသာ ဦးစားပေး၏.

ဤတွင်ပြီး၏. တစ်ခန်းရပ်. ကားလိပ်ကာချ.

source
ကိုကိုဒီဘီရဲ့ လူကြုံ

33 comments:

  1. ကြုံဖူးခဲ့ပါတယ်လေ။
    ဒါကြောင့် ခံစားနားလည်ပေးနိုင်ပါတယ်။
    ဒါကြောင့် အခုတော့ ကိုယ်ပို့လည်း ပို့တဲ့ဆီကနေ ပို့တယ်။ သူများကိုတော့ အရေးတကြီး စာရွက်စာတမ်းကိုပဲ ယူသွားဖြစ်တော့တယ်။
    ဆဲတော့လည်း ဆဲပေါ့လေ။ အမျိုးမျိုးပေါ့။

    ReplyDelete
  2. ဖတ်ရင်းနဲ့ မောလာတယ် အမရေ...
    လေးစားစွာဖြင့်
    သားဆိုး

    ReplyDelete
  3. တော်သေးတာပေါ့နော်...... ဗလ ကောင်းပေလို့  ပဲ... :P

    ReplyDelete
  4. ဝက်ဝံလေးDecember 7, 2010 at 6:14 AM

    ခပ်ရှင်းရှင်းပဲ မာမီ သမီးတို့ကတော့ ကိုယ်လဲ ပြန်သယ်မပေးနိုင်သလို သူများလဲ မသယ်ခိုင်းဘူး ကိုယ့်လဲ လာမသယ်ခိုင်းနဲ့ နိုးပဲ ကိုယ်တောင် ကိုယ့်အထုပ်နဲ့ကိုယ်အနိုင်နိုင်ရယ် ဟွင့် မာမီမို့
    သမီး စဉ်းစားထားတာ သမီးရန်ကုန်ပြန်ရင်တောင် အဝတ်တထည် ကိုယ်တခုနဲ့ပဲ ပြန်မလားလို့ မာမီ့ရဲ့ ကိုမဆလ ကို သဘောကျလို့လေ ဟက်ဟက်

    ReplyDelete
  5. အင်း..
    ဖတ်ပြီး..အိမ်ပြန်ချင်စိတ်တောင်မရှိတော့ဘူး..။
    ပစ္စည်းတွေသည်ရမှာတွေြး့ပီးရင်လေး...။



    ပုံ/
    Xထုံ

    ReplyDelete
  6. dvd 16 ချပ် ထည့်ပေးချင်လို့

    ReplyDelete
  7. စင်ကာပူ ကို အလုပ်လာရှာတုန်းက အသိတစ်ယောက် လူကြုံ ပေးတာ ပဲပြုတ် ပဲ 2 ပိသာ။
    ကီလို20မှာ သူ ပေးတဲ့လူကြုံ 7ကီလို။
    ပြောတော့ အကူအညီလိုရင်တောင်းပါ တဲ့၊
    ဒီရောက်တော့ ကိုယ်တိုင်တောင် လာမယူပါ၊

    ReplyDelete
  8. ကိုယ်တိုင် ကြုံဖူးပါတယ်ခင်ဗျာ။ ကြုံတာမှ အိုးခွက်ပန်းကန်၊ က အစ အကုန်သယ်သွားခဲ့ရတာ၊ မကောင်းတက်တာနဲ့ သယ်ပေးသွားရတာ။ လေဆိပ်ရောက်တော့ ကီလိုပိုပါရော့လား။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် စိုက်ခဲ့ရတယ်။ ၅ ကီလို ၅၀ ပေးခဲ့ရပါတယ်။ နောင်ဆိုရင် အဆဲခံရရင် ခံရစေတော့ အရေးကြီး စာရွက်စာတမ်းမှ အပ မသယ်တော့ပါ။ လာဖတ်သွားပါသည်။

    ReplyDelete
  9. လိုင်ချီးသီးထည့်ပေးတဲ့လူကြုံ.... အရုပ်ကြီးထည့်ပေးတဲ့လူကြုံ....
    တရုတ်နှစ်ကူးမှာစားတဲ့ကွတ်ကီး ၅ဗူး သူများလက်ဆောင်ပေးလို့ အိမ်ဖို့သယ်သွားပေးပါဆိုတဲ့လူကြုံ....
    ကိုယ့်လူအတွက်တင် လူကြုံလာပေးတာမဟုတ်ဘူး... အမျိုးအတွက်ပါ ဒါလေးသယ်သွားပေးပါလားဆိုပြီး ချိုချဉ်ကအစ ဇီးပြားနဲ့ ဆေး အလယ် စားစရာအကြော်မျိုးစုံ အဆုံး ကျွတ်ကျွတ်အိတ် ၄လုံးနဲ့ လာပို့တဲ့လူကြုံ... အဲဒီအချိန်တုန်းက အဲဒီအထုပ်တွေကြည့်ပြီး ထိုင်တောင်ငိုလိုက်ချင်တယ်...

    ReplyDelete
  10. ကျမတို့ဆီမှာတော့ မရပါ ဒီကသယ်သွားရင်လည်း
    တပေါင်ကို US$ 6.00 ပြန်သယ်လာရင်လည်း
    ပေါင် US$ 6.00 ပါပဲ။ သူတို့နေတဲ့ နေရာကနေ
    ပို့ခ သတ်သတ်ပေးရပါသေးတယ်။ အနည်းဆုံး
    ပစ္စည်းတပေါင်ကို ၈ဒေါ်လာလောက်ကျတယ်
    ငါးခြောက်တပေါင်ကို US$ 10 ပါ။ ရွှေဆို တန်ဖိုး
    ၁၀၀ ဆို ၁၀ ပေးရပါတယ်။ အဲ့ဒါက ကောင်းပါတယ်
    ပြတ်လည်းပြတ်တယ်။ သူများလည်း ဒုက္ခမရောက် တော့ဘူးပေါ့။

    ReplyDelete
  11. Can you bring Fish paste ( about 5 kg) for me?

    ReplyDelete
  12. “နစ်ကျပ်တန်တွေ အသယ်များသွားသောကြောင့်ပေါင်ပို ငါးကီလို ငါးဆယ်ကျော်ပေးရဘူး၏”
    အတော်သဘောကျတယ်...
    ဟားဟားဟားးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  13. (96/5 %)
    I won’t burden to other and by them.
    Once, I have seen a person who pleasantly carried friend’s luggage with less of him.
    I appreciate on him because most of us are fallen in ninety five percents and he stands in five percents.
    Thanks !

    ReplyDelete
  14. Sorry, correction is (95/5 %).

    ReplyDelete
  15. Humm, what an experience!!! I mostly use the courier service from Peninsula. This way, I don't have to bother my friends in Sg, and don't have to keep them in BKK too.

    ReplyDelete
  16. ကိုယ်တိုင်တော့မဟုတ်ဘူး၊ သူငယ်ချင်းတွေကြုံဖူးတာ သွားသတိရတယ်။ မြန်မာပြည်ကနေ အော်စီကို ဆန်အိတ်ထည့်ပေးတယ်ဆိုပဲ။ စလုံးကို အမျိုးသမီးလစဉ်သုံးပစ္စည်းလဲ ပေးတာပဲတဲ့။ ယူကေကို စောင်နဲ့ခေါင်းအုံးထည့်ပေးလိုက်တဲ့သူလည်း ရှိတယ်။ အမျိုးမျိုးပဲ။
    ဇွန်က ကိုယ်တိုင်လည်း လူကြုံမှာခဲတယ်။ ပြန်ရင်လည်း လိုသလောက်ပဲသယ်တယ်။ သူများအတွက်ဆိုရင်တော့ အရေးကြီး စာရွက်စာတမ်းတို့ ဆေးတို့သယ်ပေးပါတယ်။ ကိုယ်က လူကြုံထည့်ခဲတော့ ကိုယ့်ဆီလည်း သိပ်များများပေးတာ မကြုံဖူးဘူး။

    ReplyDelete
  17. လူကြုံကြီး လူအကောင်လိုက်ကြီး ထည့်ပေးလိုက်ချင်တာ..
    ရမလားငှင် ???

    ReplyDelete
  18. အများကြီးကြုံခဲ့ဘူးပါတယ်.....
    ကိုယ်ကအားနာတာကိုး
    ပြောမထွက်လို.မပြောတာကိုမသိကြဘူး
    တစ်ချို.ကလည်းပြောထွက်ကြတယ်....
    လူကြုံအကြောင်းရေးဘူးတယ်.....
    စေတနာအကျိုးပေးပါလိမ့်မယ် မခင်ဦးမေ

    ReplyDelete
  19. အနောလဲ ကောက်ညုင်းဆန်တွေ သယ်ပေးရဘူးတယ် ပြောခြင်ပါဘူးလေ ကြီးတော် က သုံးအိတ်တောင် သယ်နိုင်တယ်နော် ဟာဂူလီပါပဲ

    ReplyDelete
  20. အစ်မရေ ..
    လမ်းကြုံရင် မြရတနာခေါင်းလိမ်းဆီလေးဝယ်လာပေးပါလားဗျာ ......၁ ဗူးလောက်ပါပဲ ..:P

    ReplyDelete
  21. လူုကြုံကောင်းရင် ဆင်တောင် သယ်ခိုင်းမယ့် သူတွေပါလား....ဟီးဟီး.

    ReplyDelete
  22. မမကွန်းရေးတာတွေက ဖြစ်ရပ်မှန်ပါ ၊

    လူကြုံပစ္စည်းထည့်ပေးတာက ကျွန်တော်တို. မြန်မာတွေမှာ ပိုများသလားလို.ပါ ၊ စင်ကာပူက လူကြုံပစ္စည်းသယ်သွားပြီး ရန်ကုန်ရောက်တော့ ဖုံးဆက်ပြီး အိမ်မှာလာယူခိုင်းပါတယ် ၊ လူကြုံလာယူတဲ့သူက ပစ္စည်းရပြီးတာနဲ. စင်ကာပူကိုဘယ်နေ.ပြန်မှာလည်းဆိုပြီး တစ်ခါတည်း မေးတော့တာပဲ ၊ အသွားအပြန် သယ်ရပါတယ် ၊ နောက်ပိုင်း ဘယ်သူ.မှ မပြောပဲ တိတ်တိတ်လေးပြန်ရပါတယ် ၊ ရန်ကုန်အသွားမှာ အိမ်အတွက်လိုတာတွေ ၀ယ်ပြီး စက္ကူပုံးထည့်မှာထဲ့ပြီး အပြန်မှာ Baggage မသယ်တော့ပါ၊ ငပိကျော်တစ်ဘူး ပဲ hand carry သယ်ပါတယ် ၊ အ၀တ်အစား တွေက ရန်ကုန်မှာထားတော့ ဘာမှ သိပ်ပူစရာမလိုပါ ၊ စင်ကာပူကအသွား ၀တ်တဲ့ဘောင်းဘီကို လျှော်ပြီး အပြန်မှာ အဲ့ဒီဘောင်းဘီပဲပြန်ဝတ်ပါတယ် ၊ တစ်ခါ တစ်လေ ကလပ်တို. ၊ ကာရာအိုကေတို.ကို ရန်ကုန်က သူငယ်ချင်းတွေနဲ.သွားတဲ့ အခါ ၀တ်စရာဘောင်းဘီမရှိလို. ကိုယ်တစ် ယောက်ထဲပုဆိုးနဲ.ကြောင်တောင်တောင်နိုင် ပါတယ် ၊

    နောက်တစ်ခုက အဘိုးကြီး ၊ အဘွား ကြီးတွေက ဆေး ၊ အစားအသောက် စတဲ့ ပစ္စည်းတွေကို လေဆိပ်မှာထည့်ပေးဖို. စောင့်နေတတ်ပါတယ် ၊ ကျွန်တော်က အရေးကြီးတဲ့စာရွက်စာတမ်းဆိုရင် ကူညီပြီးသယ်ပေးပါတယ် ၊ အစားအသောက် နှင့်ဆေးများကိုတော့ မသယ်ပေးပါ ၊ တစ်ဆင့်ပြီး တစ်ဆင့်လူကြုံသယ်ပေးတဲ့ ပစ္စည်းများ(အစားအသောက် ၊ ဆေး ) မှာ စင်ကာပူအကောက်ခွန်နဲ. မလွတ်ကင်းတဲ့ ပစ္စည်းများပါနေခဲ့ရင် စင်ကာပူလေဆိပ်မှာ ပြဿနာရှိနိုင်ပါတယ် ၊ ဒီကြားထဲ လေဆိပ်မှာ တစ်ချို.က ပိုက်ဆံပေးပါ့မယ်၊ လူကြုံပစ္စည်းသယ်ပေးပါလို.လိုက်မေးကြ တယ် ၊ ကျွန်တော်က စပ်စုပြီး တစ်ကီလိုကို ဘယ်လောက်ပေးမလဲမေးတော့ တစ်ကီလို စင်ကာပူ ၂ ဒေါ်လာပေးမယ်လို.ပြောပါ တယ်

    ကျန်းမာရွှင်လန်းကြပါစေ ....

    ReplyDelete
  23. မပြန်ဖူးသေးတော့ အဲဒီအတွေ့အကြုံမျိုး မရှိသေးဘူး၊
    သူများကိုလည်း တကူးတက မမှာပါဘူး၊
    စာအုပ်လေး ဘာလေးပါပဲ၊
    ကြားနေတာတော့ ရှိတယ်၊
    ငရုတ်သီး၊ ဟင်းသီးဟင်းရွက်တွေတောင် ထည့်ပေးတာ တဲ့၊
    ချက်ချင်းလာမယူတော့ ပုပ်ကုန်ရော တဲ့။

    ReplyDelete
  24. Almost everybody who lives or stays abroad has own experience under this title.If we wish we could collect n publish a thick book.On this subject, only want to say like late actress daw mya lay:( Gyidaw

    ReplyDelete
  25. မြန်မာပြည်ကနေ စ လုံးကို ပန်းသီးလူကြုံပေးတာ ကြုံဖူးပါတယ်
    ။ဒီမှာဒီလောက်ပေါတာ အံသြစဖွယ်။

    More


    Show user's profile


    Mark comment as offensive


    URL of this comment


    Get a widget like this

    Like this comment? [yes] [no] (Score: 0 by 0)
    Community assigned karma score: 0 by 0

    ReplyDelete
  26. ကိုဒီဘီ ဆီက comment ကို copy လုပိလိုက်တာ။

    ReplyDelete
  27. စင်ကာပူ မှာရှိတဲ့ သူငယ်ချင်းများအတွက် အခုဘဲ စားစရာထဲ့ပေးမလို့ မခင်ဦးမေ ရဲ့ ပိုစ့် လေးဖတ်ပြီး တကယ်ကိုယ်ချင်းစာသွားတယ် ပေးတော့ဘူး မလွယ်ပါလား

    သြ တိုက်တိုက်ဆိုင်ဆိုင် မန်းလေး လာလည်မှဘဲ စားချင်တာတွေကျွေးပါတော့မယ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  28. hahaha.. some pepole asked to carry Golf balls (50balls used)to YGN. My jaw dropped......and spechless!!!

    ReplyDelete
  29. အင်တာနက် မကောင်းလို့ ဘလော့မလည်နိုင်ဘူး ဖြစ်နေတယ် အစ်မရေ.. ညီမက ဘလော့စပေါ့တွေကို ကျော်ခွပြီးမှ ဖတ်ရတာမို့လေ...
    တိတ်တိတ်လေး လာချောင်းကြည့်သွားတဲ့အတွက် ကျေးဇူးပါ။
    အစ်မပြန်လာရင် လက်ဆောင်ဝယ်လာခဲ့လို့ ပြောမလို့ ဒီပိုစ့်ကြောင့် မပြောတော့ပါဘူးး)
    လက်ဆောင်က များများ ဟုတ်ပါဘူး ရေမွှေး ၃ပုလင်းလောက်ပါ ..
    ကော်မန့်တွေလဲ ဖတ်ရတာလည်း သဘောကျတယ်
    အတွေ့အကြုံတွေစုံသွားတယ်.. လူတွေရဲ့ အားမနာတတ်တဲ့ စိတ်ကိုတွေ့ရတယ်.. လူကြုံပါးတယ်ဆိုတာ မြန်မာတွေဘဲ ရှိတယ်ထင်တယ်.. ကျန်တဲ့ နိုင်ငံတွေတော့ လူကြုံပါးတာ သိပ်မတွေ့ရဘူး
    ကောင်းတဲ့အကျင့်ပြောရမလား ဆိုးတယ် ပြောရမလား ..
    အင်း အပါးခံရတဲ့သူကတော့ သူဓလေ့စရိုက်ကို ကြိုက်မယ် မထင်ဘူးနော်..

    ReplyDelete
  30. ကျောက်ပျဉ်သယ်ခိုင်းတဲ့ သူနဲ့တော့
    တွေ့ဘူးတယ်...ကိုယ်တိုင်ဆိုရင်
    အင်းကျီကြယ်သီးတောင် တစ်လုံးနှစ်လုံး
    ဖြုတ်ပစ်ချင်တာ..မသယ်ချင်လို့..
    အမလိုသာ သယ်ရရင်တော့ဖြင့်...................:)

    ReplyDelete
  31. အားမနာတတ်တဲ့နေရာမှာတော့မြန်မာတွေရှေ့ဆုံးကဘဲ။ငပိ၂ပိသာလောက်ပုံးလိုက်ကြီး(လုံအောင်လဲထုတ်မထားဘူး)ကန်စွန်းရွက်ထွင်ပီးသားတွေ၊မှိုထွင်ပီးသားတွေ၊ဇီးပြားနဲ့ ဆေး၊အမျိုးသမီးလစဉ်သုံးပစ္စည်းမကောင်းတက်တာနဲ့သယ်သွားရတာ အမျိုးသမီးလစဉ်သုံးပစ္စည်းကစင်ကာပူမှာလဲ ဈေးမကြီးဘဲနဲ.အမြဲတမ်းထည်.တယ်။ကိုလဲမရောက်ဘူး သေးတော.မသိဘူးရောက်မှဘဲသိတော.ဒေါသဖြစ်လိုက် တာ။

    ReplyDelete
  32. ရှိသေးတယ်ကိုယ်.အလှည်ကျသယ်ပေးရမှာစိုးလို.တိတ်တိတ်လေးပြန/် သွား သူများကျတော.အားမနာတမ်းထည်.

    ReplyDelete
  33. အကောင်းဆုံးမှာ ဘာမှ မသယ်ပေးခြင်းပင်.
    Reject all.
    Follow your kmsl.
    When I was going out/coming in, I carried one air trolley and back pack with laptop.
    It is a good practice.
    Try it.

    BINO

    ReplyDelete