Sunday, January 9, 2011

တိုးတိုး

Suntec city မှာလျော့နေတယ်လို့သတင်းစာထဲ ဖတ်မိတဲ့ အိမ်ဦးစီးက မြင်တာနဲ့ ကွန်ပြူတာနဲ့အပ်နေတဲ့ ချစ်ဇနီးကို သွားတန်းစီလိုက်ပါလားဆိုတဲ့ဇတ်လမ်းက စတာဘဲ။ လမ်းထွက်ရရင်ကျေနပ်တဲ့ကိုယ်ကလဲ အီလေးဆွဲ ရေချိုး. ကာဖီသောက်. မိတ်ကပ်လိမ်း (ထူထူလိမ်းသည်. ဟိုနေ့ကကောင်မလေးတစ်ယောက်အမျိုးသမီးမိတ်ကပ်ခန်းတွင် မိတ်ကပ်လိမ်းနေသည်ကို ပညာယူလာသည်) ထူထူလိမ်းတာနင့် နဂိုပါးပါးလိမ်းတာ ဘာကွာသလဲ အဖြေကိုမေးရာ ထူထူလိမ်းလျှင် မိတ်ကပ် ပိုကုန်သည်ဟူသောအဖြေကို စိတ်ဓါတ်ကျဖွယ်ရာရသည်။

အလျင်အမြန်ထွက်ခွာလာရင် တယ်လီဖုန်းများ ဘက်ထရီညက မဖြည့်ထားသည်ကို ထွက်လာမှ သတိရသည်. ကင်မရာပါမလာ.။ အိမ်မှ suntec ဝေးသော်ငြား အငှားကားမစီးရဲ ဟိုတစ်လောက peak hour . မိုးကြီးသည်းကြီးမည်းကြီး ရွာနေချိန်တွင် တွင် အငှားကားစီးမိရာ ရထားစီးချိန်နင့်မတိမ်းမယိမ်းသာ ရောက်ရွေ့ ကားခ ၂၈ ကျပ်ကျသည်ကို စိတ်ထိခိုက်စွာနင့်ပေးလိုက်ရသည်ကို မမေ့နိုင်သေး.

Suntec သည်ကားကြီးမားလှပေစွ. ဘယ်သို့သွားရမည်မသိ. ဘယ်သွားရမှန်းမသိခင် မိတ်ကပ်လိမ်းခန်းဝင်ရွေ့ မှန်ကြည့် ဟိုလှည့်ဒီလှည့်လုပ်ပြန်သည်. လိုရင်းကို မရောက်နိုင်သေး.

ဟိုမေးဒီမေး ဟိုလူနောက် ဒီလူနောက်လိုက်ရင်းဖြင့် လေးထပ်သို့ရောက်သွားသည် သုံးထပ်တွင် လူတန်းကြီးမှ ကြောက်မက်ဖွယ်ကောင်းလေစွ. များလှသည့်အမျိုး. ယောင်ပြီး ဝင်စီမည်လုပ်ပြီးမှ မေးမြန်းရာ ဤနေရာသည် ဤဈေးရောင်းပွဲနင့်ဆိုင်သော်လည်း ကိုယ်လိုချင်သော်အရာသည် လေးထပ်သို့ညွန်ရာ ရောက်ရာ၏။

ဝန်ထမ်းများကားကူညီတတ်ပါပေသည်. မရှင်းသည်များကိုဖြေကြားပေးသည်. ဤအရာကို လိုချင်လျင် ဤနေရာတွင် q ရမည်ဆိုသည်ကို သိရှိပြီးသကာလ ထိုင်စောင့်ရ၏. မိမိလိုချင်သောအရာ ရနိုင်ပါမည်လားကိုရှေ့သို့နောက်သို့ လှည့်လည်ကြည့်ရှူရ၏. ရှေ့သို့နောက်သို့မေးမြန်းရ၏။

ရှေ့မှသူက ဈေးကြီးသော TV ကိုယူမည့်သူဖြစ်၏. ဝမ်းသာသွားသည်။ နောက်မှ လူကားကိုယ်နင့်အကြံတူသည်ဖြစ်သည်. စိတ်ညစ်သွားသော်ငြားသူသည် ကိုယ့်နောက်မှသူဖြစ်ပေသည်ဟုဝမ်းသာလိုက်ရသည် မနက်ကကွန်ပြူတာရှေ့တွင် ထိုင်ခဲ့အချိန်ဖြုန်းခဲ့သည်ကိုနောင်တရသွားရ၏. မိမိရှေ့တွင် လူခုနစ်ဆယ်ခန့်ရှိနေ၏. ဈေးကြီးသော အရာကို လိုချင်လျှင် ဤနေရာတွင် q ရရာ သူတို့ ဘာလိုချင်မည်ကို မသိနိုင် ..ရင်မေ၇ွ့စောင့်ရသည်. မိမိ လိုချင်သည်မှာ မျှော်လင့်ချက်ရှိနိုင်မရှိနိုင်မှာ သမီးရည်းစားအဖြေပေးသကဲ့သို့ရေရေရာရာ ဟိုလိုလိုဒီလိုလို ဝရမ်တီမပေးနိုင်ဖြစ်ရလေ၏။

အနောက်မှ သူနင့်ထပ်တီးခေါက်ရာ ပထမထိုသူမှာ လက်ညီုးထိုးပြသောအရာမှာ from 399 စကဲ့သို အရာကို ထိုသူက 399 ဟုထင်မှားပြီးယူမည်ဆို၏. မိမိက from ဆိုသည်မှာ from ဖြစ်ကြောင်း 399 မဟုတ်ကြောင်းပြောရာ ထိုသူများမှာ မိမိနင့်အကြံတူသွား၏. နောင်တရသွားချေ၏. မပြောလိုက်မိသော်အကောင်းသားဟုနောင်တရ၏။ မရှင်းပြသော် ထိုသူများ က ထိုအရာများကို လိုချင်သည်ရှိသော်ပြိုင်ဖက် များမလျော့ပေဘူးလားဟုနောင်တရသော်ငြား သူတို့ ငါ့နောက်ကဘဲဟု စိတ်ဖြေရ၏.နောက်တွင် သိသမျှ ကိုမရှင်းပြရန် အကြံရ၏။



လူများလှချည်ရာ မိမိလိုချင်သူကိုမရလျှင် ဘာယူရမည်နည်းဟု လမ်းစရိတ်နင့်အချိန်ကုန်ခဲ့သမျ ကာမိရန် တွေးတောရ၏. စာရွက်ကြီးကိုရှေ့ချကာ တွေး တောရ၏. ဤအရာမရလျင် ဤအရာယူမည်ဟုတွေး၏. ဤအရာမှ မရသေးလျင် ဤအရာကို ယူမည်ဟုတွေး၏. ထိုသုံးခုမှ မရလျင်တော့မနက်ဖြန်မှ ပြန် လာတော့ မည်ဟုတွေး၏။

မိမိနေရာကို ထိုသူများအားအပ်ကာ ရှေ့နောက်စနည်းနာရ၏. အဝတွင် လူတွေများလှသည် ဘာတွေ များလည်း မေးမြန်းရ၏. ကိုယ်နင့်မဆိုင်ဟု နားလည်ရ၏. အခြားသောရည်မှန်းချက်များဟုနားလည်ရ၏. မိမိ q သည်မှန်ကန်သည်ဟုနားလည်ရ၏. မဟုတ်က ရင်ခုန်ဖွယ်ပင်. တမနက်လုံးစီထားသမျှ ရင်နာရမည်ကို စိုးရိမ်မိသည်။ နောက်ဖက်တွင်လည်းလူတန်းမှာ အတော်ရှည်နေချေပေပြီ။ အောက်ကို လည်း ငုံ့ကြည့်ရသည်. လူတန်းရှည်ကြီးမှာ အားရပါဘိတောင်း....

ကူပွန်များ ဝေတော့မည်ဆိုသည် လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်. ထိုင်ရမှ ထ ထရာမှ လှူပ်ရှား. ကုန်ကြ၏. ဝန်ထမ်း များလက်ထဲတွင် သက်ဆိုင်ရာကူပွန်များကို ကိုင်ထား၏. Q လာသူကိုမည်သည့်အရာယူမည်နည်းဟုမေး၏. ယူမည်ဆိုသောအရာကို ရွတ်ဆို၏. သက်ဆိုင်ရာဝန်ထမ်းက ကူပွန်ပေး၏။ မရှိဘူး ကုန်ပြီဆိုလျှင် မိမိလိုချင်သောအရာကိုအမြန် ဆက်ဆိုရ၏. ရှိလျှင်ရ၏။ အချို့သောသူတို့မှာ ကြိုတင်မစဉ်းစားထားရွေ့သော်လည်းကောင်း ကုန်ပြီဆိုသောစကားသံအကြားတွင် ကျန်သည်ကို မလိုချင်သည်လား ကြိုတင်မစဥင်္းစားထားရွေ့အချိန်တိုအတွင်းမဖြေကြားနိုင်သည်လားမသိ. လူတန်းရှည် အတွင်းမှ ခေါင်းကုတ်ရွေ့ထွက်သွားရ၏. မိမိအလှည့်တွင် စိတ်လှုပ်ရှားစွာဖြင့် မြွတ်ဟလိုက်ရာ ထိုသူက ဟိုလူကိုမေးရာ ဟိုလူက စာရွက်ဖြူကလေးကို မိမိကိုပေး၏. ဝမ်းမြောက်ဝမ်းသာဖြစ်ရသည်မှာ ပြောဖွယ်ရာမရှိ. လာပြီးမှတော့ရလိုပေသည်. ။ လာရသည်မှာ လွယ်သူမဟုတ်. ဤအချက်များနင့်ပြည့်စုံရသည်. အင်ဖော်မေးရှင်းရှိရမည်. လာနိုင်သောအားနေမည့်သူဖြစ်ရမည်. လာချင်စိတ်လညှ်းရှိရဦးမည်။ ပိုက်ပိုက်က လည်းရှိရဦးမည်. လာသော်ငြားလည်း ဝီရိယလည်းရှိရဦးမည်။ တစ်ချက် မပြည့်စုံက လက်လွတ်ရချေ၏။

ကွူ့ပွန်ရပြီးသော်စိတ်အေးရချေပြီး အခြားသူများ၏လက်ထဲကစာရွက်ကလေးများကိ လိုက်အကဲခတ်ရသည်ဘာတွေ လုကြိုက်များသလဲဆိုသည်ကို အကဲခတ်ရသည်။ ခြောက်ရာတန်လည်းကောင်း၏ ခြောက်ရာတန် နင့်ပြန်လဲရချေသော်ကောင်းမလားဆိုသော လဲချင်သော အရာရာကိုလဲချင်နေသော စိတ်ဖြင့်စဉ်းစားသေး၏. ရှိသေးလားဟုပြန်သွား စပ်စုသော ရှိသေး၏. လိုချင်က တန်းစီ ဆိုသောအဖြေကိုရ၏. မိမိရယူထားသော ကူပွန်အခြေအနေကိုမေးသော် မေးရော့. ကုန်ပြီ ဆိုသောအဖြေကိုရရာ. ကုန်ပြီဆိုလျှင် လူပိုဝယ်သောအခြေအနေရှိသေည်. ငါသည် လူပိုဝယ်သောအရာကိုဝယ်ရမည်ဟူသော ကာစူစိတ်ဓါတ်ဖြင့်ခြောက်ရာတန်ကိုဈေးကြီးသည်ဆိုသောအရာဖြင့်ျမဝယ်တော့ဘဲ ငါ့ လက်ထဲကကူပွန်က လူပိုကြိုက်များတဲ့အရာဟုဆိုကာ တင်းတင်းဆုပ်ထားရ၏။ ကျပျောက်သွားသော် မခက်ချေလာ်း ကိုးရီးယားမင်းသမီးအမေသည် မကြခဏ ပျောက်လေ့ရှိသည်မဟုတ်ပေလား.

၁၁နာရီထိုးခါနီးပြီ. ဆိုင်ဖွင့်တော့မည်။ ရှေ့နားသို့တိုးသည် လူတွေများလှသည် ငါးဖယ်တိုးငါးမြွေထိုးတိုး တိုးနည်းမျိုးစုံဖြင့်ရှေ့ဆုံးနားသို့ချီတက်ခဲ့သည် မျက်မှန် ကြီးတဝင့်ဝင့်ဖြင့် …………..ဘေးကလူတစ်ယောက်ကသတိပေးသည် ဆိုင်ဖွင့် လျှင်ဝိုင်း တိုးကြသည်ဆိုသည်။ မျက်မှန်ကွဲနိုင်သည် ခါးပိုက်နှိုက်သတိထားပါဆိုသည်. ကျေးဇူးဆိုကာ အားလုံးသိမ်း အိတ်ကိုကျစ်ကျစ်ပါ.ညှပ်. အကျီကိုပင့်ခြေဖျားကိုခွဲ အသင့်အနေအထားဖြင့် စောင့်၏။

ဖွင့်ပြီ……….
တိုးလိုက်ကြသည်မှာ တိုးတိုးဖြစ်၏. မိမိသည်လည်း တိုးတက်သူဖြစ်လေရာ ဘာကိုမျှ မဝေဝါးလိုချင်သောအရာကိုသာဦးတည်သွား၏. သွေဖည်ချင်သောစိတ်ကို တည့်ရသည်. ဦးတည်ချက်ကိုမပျက်စေရာ.ကွန်ပူတွင်ပါသောညွန်ကြားချက်ကိုလိုက်နာရွေရှာရသည်. အခန်းကျယ်ကြီးဖြစ်ရွေ့လျင်မြန်ဘို့လိုသည်. မလျင်မြန်လျှင် ကက်ရှာရှေ့တွင်လည်း q ရနိုင်သည်။ ကူပွန်ပေးလိုက်ရာ ငွေပေးချေရန် စာရွက်ရ၏. ငွေပေးချေရန်သွား၏. စာရွက်တွင်ရေးထားသည်မှာ cash on delivery ဟုဆိုသည်.ခဏငြိမ်စွာ ရပ်ပြီးစဥင်္းစား၏. ဒါဘာပြောပါလိမ့် ငါနားမလည်ပါလားဟုစဉ်းစား၏. ကက်ရှ်ဆိုသည်မှာ ငွေသားဟုထင်၏. ငါ့တွင် ငွေသား ပါသလားစဥင်္းစား၏. ကျစ်ကျစ်ပါအောင်ညှပ်ထားသောအိတ်ကြီးမှ အိတ်ကလေးကိုထုတ်ရွေ့ရှိသမျှ ထုတ်ရေ၏. ကလေးမကိုမေးရသည်. Nets ရသလာေးမးသော်ရ၏ဖြေ၏. ဒါဆိုလျှင်ဘာလည်း. ပစ္စည်းလာပို့မှ ပိုက်ဆံပေးရမှာလား. ဟင် နားမလည်နိုင်ပါလားဟုစဥင်္းစား၏. ယခုထက်ထိလည်းနားမလည်သေး.

ကက်ရှာဆီမှထွက်လာပြီး ဘာလုပ်ရမည်မသိသေးဟိုဘက်သွား“ဟုညွန်၏. Delivery လုပ်လျင်ငါးဆယ်ပေးရမည် ငါးဆယ်မပေးလို. သိတ်မလေးသည်ကိုသိ၏. သို့ဖြစ်ရွေ့ကိုယ်တိုင်သယ်မည်ဟုဆုံးဖြတ်၏.

ခမ်းမထဲတွင်လူများစွာ .မိမိလည်းကြည့်ရှူလိုသေးသော်ငြား တိုးတက်ကြိးပွားလို လျင်တစ်စိုက်မက်မက်လုပ်ရာ၏ ဆိုသောမူအတိုင်း ကဲ မတတနိုင်ဘူး ပစ၁စည်းသွား ယူရမည်ဟုဆိုကာ ပစစည်းသွားထုတ်၏.။ လက်မှ ဆွဲသွားရန်အဆင်သင့်ထုတ်ပိုးထား၏. မစမ်းပေးဘူးလားဟု မေးသော် လိုလျင် အချိန်မွေရွးပြန်ဆက်သွယ်နိုင်ကြောင်းဆိုသည်။ ကျေနပ်ရွေ့ မနိုင်တစ်နိုင်မလာသည် လူအုပ်ကြီး ကိုက်ြည့ရွေ့ မည်သို့ ထွက်ရမည်နည်းဆိုသည် ကို မစဉ်းစားနိုင်. တစ်ရွေ့ရွေ့ဖြင့်သယ်ရသည်။ delivery မလုပ်မိသည် ကိုနောင်တရသလိုဖြစ်သည် မတော်ကွေဲသွားက ငွေသားများ ဆုံးရချည့်ဟုပူမိသည်။




တစ်ဖြည်းဖြည်းတစ်ရွေ့ရွေ့ထွက်လာရာ လေးထပ်မှ ဓါတ်လှေခါးမ ရှာတတ်ရွေ့ အက်စကေလေတာဖြင့်သာ တထိတ်ထိတ် ဆင်းရသည် ထိတ်ရသည်မှာ မနိုင်တနိုင်မှ ယိုင်ထွက်သွားက အောက်သို့တဒုတ်ဒုတ်ဆင်းသွားမည်ကို စိုးရိမ်ရသည်မဟုတ်ပါလား.

မြင်သူများကတော့ သယ်လာသူက မကြည့်ပစ္စည်းကိုသာကြည့်ရွေ့ good ဟု လက်မ ထောင်ပြကြ၏. ဒါကို နင်ဆင်မှာလားဟု မေးသူကမေးကြ၏။ ဘယ်လိုဝယ်ရသလဲမေးကြ၏. ရှင်းပြရချေ၏။

အောက်ထပ်တွင် မိတ်ကပ် ရေမွေး. အိတ်ဈေးရောင်းပွဲ ၉၀ ရာခိုင်နှုံး up to အထိကို မျှော်ရုံသာမျှော်နိုင်တော့၏။ ဝေးပြီအချစ်ရေ ဟု တီးတိုးရွတ်က တစ်ရွတ်ဆွဲရွေ့ အငှားကားဂိတ်ကိုသွားရသည် ကံအားလျှော်စွာ အငှားကားဂိတ်သည် အအောက်ထပ်တွင်သာ ရှိသောကြှောုငှ်ု့မပွန်းပဲ့လိုက်။ ဝီရိယကောင်းသောကြောင့် q သိတ်မစီလိုက်ရ. ကားရချေ၏။

ကားဆရာကြီးကလည်းသဘောကျသည်။ အိမ်ထောင်ဦးစီး ဘာလို့မပါလာသလဲဟုမေးရာ ဇနီးကို လွတ်လိုက်ရွေ့ အိမ်တွင် အိပ်စောင့်နေကြောင်း အိမ်အောက်ရောက်က .ဆင်းသယ်ပေးမည်ဖြစ်ကြောင်း. (ကွဲမည်စိုးသောကြောင့်ဟုထည့်မပြော). ဟုဆိုရာ ကားဆရာကြီးက smart guy ဘဲဟု ချီးကျူး၏. မိမိမှာ သက်ပြင်းကိုသာ ချရလေ၏။

31 comments:

  1. အဟိ.. မမတို့ဆီမှာ ဈေး ၀ယ်ရတာ တစ်မျိုးပျော်စရာ ကောင်းပါလား.. အတွေ့အကြုံတွေ သိရလို့ ကျေးဇူးးးးးးးး :)

    ReplyDelete
  2. အမယ်လေးနော်... ကိုယ်က ပိုက်ဆံပေးပြီးလည်း ၀ယ်ရသေးတယ် အဲ့ဒီလိုလည်း တိုးပြီး တန်းစီရဦးမယ် ဆိုရင်တော့ ရို့စ်တော့ မ၀ယ်ဘူး အစ်မရေ... ခွိခွိး)

    ReplyDelete
  3. WoW!What a great experience......:)
    Gyidaw

    ReplyDelete
  4. ဘယ်လောက် ပေးရတုန်း။
    ဒါကို မရေးဘူး ဟိတ်တယ်ဗျာ။
    Philips တော့ မဝယ်ဘူး ဒါကိုလည်း ဟိတ်တယ်။

    ReplyDelete
  5. ဖတ်ပြီးလဲ ရယ်ရသေးတယ် မာမီရယ် ခွီးးးး

    ReplyDelete
  6. ဒီလာဝယ်ပါလား ? Full HD မှ၆၉၉ပဲပေး၇တယ်။ HD READYဆို၇င် ၄၉၉ ပဲလေ။
    မq ၇ဘူး။deliveryပါအပြီးနော်။

    ReplyDelete
  7. ဖစ်မှ ဖစ်ရလေ ... အမ ခင်ဦးမေရယ် ...
    မိတ်ကပ်ထူထူကြီးနဲ့ တန်းစီတိုးနေသော မခင်ဦးမေလေးခမျာ သနားစရာပါလား ... ။
    အိမ်မှာ အိပ်စောင့်နေသော စမတ်ဂိုင်းကြီးကတော့ ဇိမ်ပဲနော်။ :)

    ReplyDelete
  8. သွားတော့သွားချင်သား...။ဝယ်ချင်တာလည်းရှိတယ်...။
    ဝီရိယမထားနိုင်ဘူး အစ်မရာ..။အင်းးးဟုတ်ပါ့ အစ်ကိုမဆ
    လာက တကယ့်ကို စမတ်ဂိုင်းပဲ...ဟိ....:)

    ReplyDelete
  9. မနေ့က များလဲ ရောက်တယ်၊ ကင်မရာ လေလံပစ်လို့ တလုံးဝယ်လိုက်တယ်။
    အလှကုန်၊ အိတ်တွေမှာ အကောင်းစား မပါဘူးအမ၊
    ဘာမှ မရှိဘူး။
    အဲဒီမှာ ဘောင်းဘီအဖြူ ၀တ်ထားတဲ့ အမတယောက်ကို တွေ့တော့ မကေအိုအမ်များလား မသိဘူးလို့ တွေးမိတာ အမှန်ပါ။

    ReplyDelete
  10. ဒါနဲ့ပဲ မမ LCD TV ကို 399 နဲ့ ရခဲ့တယ် ဆိုပါတော့။ :)

    ReplyDelete
  11. ကျွန်တော့် ကိုတော့ သိသမျှ အကုန်ရှင်းပြပါ။ နောက်တစ်ခါ ပစ္စည်း အလေးအပင်တွေ သယ်ရင်ကူသယ်ပေးပါ့မယ်။း)


    သုံးစက်

    ReplyDelete
  12. “အိတ်ကိုကျစ်ကျစ်ပါ.ညှပ်. အကျီကိုပင့်ခြေဖျားကိုခွဲ အသင့်အနေအထားဖြင့် စောင့်၏။” တဲ့ ..... တောက်..ကွာ.. မြန်မာအသင်းဂိုးသမားတောင် ဒီလောက် အားကျိုးမန်တက်မရှိဘူး ဟွန်း.... သူ့ ပဲဂိုးသမားလုပ်ဖို့  MNL ကိုဆက်သွယ်အုန်းမှ... :P

    ReplyDelete
  13. အမတန်တယ်ဗျ.... :)

    ReplyDelete
  14. ကျမ တို့ တုန်းကတော့.. စလုံး ရောက်ကာစ..အဲလိုပဲ..သတင်းစာ ထဲ ကြော်ငြာတွေမှာ..တွေ့ တော့.. တို့စတာ လေး တလုံးကို ဆယ့်ကိုးကျပ် နဲ့ လိုချင် လို့.. မနက်စောစော လည်း မထ နိုင်တော့..ထပေးနိုင်တဲ့..အိမ်သား ကို တောင်းပန် ပြီး လွှတ်လိုက်တယ်။ ပြန်လာတော့..တို့စတာ မရ လို့.. တရာတန် စာအုပ်စင် ကြီး သယ်လာ ပါရော လား..။

    smart lady နော်.. သြော..စလုံးစလုံး..လူတွေ ကို.. $ နဲ့ Q အကြောင်း ကောင်းကောင်း သင်ကြားပေခဲ့ ပေါ့..း)

    ReplyDelete
  15. အမ ... အရမ်း ရီရတာပဲ။ ရေးထားတာ။

    ReplyDelete
  16. ငှဲ .. သက်စွန့်ဆံဖျားပါလား..
    စကားမစပ် ဒီပို့စ် အတော်ရှည်သား..

    ReplyDelete
  17. ဖတ်ပြီးတော့ ရီလဲ ရီ၊ ဟို စမတ်ဂိုင်းကြီးကို ဒေါသလဲ ထွက်၊ အော်.. သူ့ကုသိုလ်ပဲ ငါ့အမက ချစ်ရှာတာကိုးလို့ ဖြေလိုက်ရတယ်။ :)

    ReplyDelete
  18. သြော်.. ဂလိုဒွေလည်းရှိတယ်လား..

    ReplyDelete
  19. အဲဒီ့တီဗီမှာ Ground Connection မပါဘူးနော်မကွန်။ HDMI သုံးရင် ချိတ်ထားသော Player မှ Ground Connection ကို မမေ့မလျှော့ သုံးထားဘို့လိုပါသည်။

    ReplyDelete
  20. ပုံးခွန်လွင့်မပစ်နဲ့ဦး အော်ဒီယိုဟောက်ကဆို ပြန်လဲရတာများတယ်
    တိုရှီဘာ အိမ်လာပြင်ရင် မြန်မာတက်ခ်တွေလာတယ်။

    ReplyDelete
  21. ကျနော်လဲ စမာတ်ဂိုင်းကိုပဲ အားကျတယ်။
    ရေမွှေးတွေ မိတ်ကပ်တွေ ဘာလို့ ဝယ်မလာလဲ။

    Xထုံ

    ReplyDelete
  22. ခေတ်အောက်သွားတဲ့ ၃၂ လက်မ ဖလက်တီဗီ အဟောင်းအစုတ်တွေ ၀ယ်ဒယ်။ (ကုလား ဈေးကောင်းပေးမယ်။)

    ReplyDelete
  23. ထူးထူးခြားခြားပို.စ်က အရှည်ကြီးပဲ ဟူး .. တော်တော်ဖတ်လိုက်ရတယ် ....

    ReplyDelete
  24. အံမယ်လေး ဂျီးတော် စာတွေ အများဂျီးရေးတယ်.. ဖတ်ရတာမောပ .. အများကြီးတွေထဲမှာ တစ်ခုပဲ မှတ်သားမိတယ် (ကိုယ့် ဦးနှောက်က ဒီလောက်ပဲ)

    ဘာတဲ့ ဟိုးအပေါ်ဆုံးက စာသားတွေကိုပြန်မှတ်မိနေတာ

    မိတ်ကပ်ထူထူလိမ်းတာနဲ့ ပါးပါးလိမ်းတာ ဘာကွာလဲ..

    ထူထူလိမ်းပိုကုန်သည်..

    ReplyDelete
  25. မောလိုက်တာနော်, Take a good rest in front of your new LCD, Ma Ma KOM!

    ReplyDelete
  26. က​ၽြ​န​္ေ​တာ​္ေ​တာ​င​္ ၁​၂ နာရီ​ေ​လာ​က​္ ေ​ရာက္သြား​ေ​သး​တ​ယ​္။ ဘာ​ကူ​ပြန္မွ မ​ရွိ​ေ​တာ့​ပါ။ ၂​၉ကျပ်တ​န်ေ​လးများ ရ​ဦး​မ​လား​လို့ြ​က​ည့်​လိုက်တာ ကူ​ပွန်နဲ့​​မှ ဆိုလို့​ ကူမ​ပွန်တဲ့ ဟာ​ပဲ​ဆွဲ​လာ​ခဲ့​ရ​တ​ယ်။

    ReplyDelete
  27. မိတ်ကပ်ထူထူ >>The tourist ထဲက ဂျိုလီ တောင် သတိယသွားပါ့...

    မိတ်ကပ် ဆိုရင် ပါးပါးကြည်ကြည်လေးလိမ်းတာဘဲကြိုက်၏...

    ReplyDelete
  28. KOM ကို "တိုးတိုး" ပြော ချင်တယ်.. NEW YORK မှာ ဘာ တွေ ဖြစ် နေ သလဲ လာ ကြည့် ဦး။ အ ကုန် လုံး ချွတ် ကုန် ပြီ။
    စာ တွေ ဖတ် သွား တယ်.. ဈေး ၀ယ် တော် တယ်.. SHOP SMART LADY.

    ReplyDelete
  29. ကျမလည်း စလုံးကို အလည်လာတုန်း လက်ပ်တော့တလုံး ကျူ ပြီးဝယ်ဖူးတယ်။ သယ်ရတာ လေးတယ်ဆိုပြီး အိတ်ထဲပြောင်းထည့်ပြန်ခဲ့တာ၊ ပစ်လိုက်တဲ့ ပုံးခွံထဲမှာ စီဒီခွေကြီး ပါသွားပါရောလား။ မြန်မာပြည် ပြန်ရောက်မှ သိတော့တာ....

    ReplyDelete
  30. အစ်မ ခုတလောရေးတာတွေ အရှည်ကြီးပဲ။ ဖတ်လို့ကောင်းတယ်။ အိမ်ကလူကို ဒီပို့စ်မဖတ်ခိုင်းရဲဘူး။ တော်နေ စမတ်ဂိုင်းကြီးအားကျ အတုခိုးနေမဆိုးလို့း)

    ReplyDelete
  31. ရေမွှေးတွေ မိတ်ကပ်တွေက မကြားဖူးတဲ့ နာမည်တွေ.. amara တို့ ဘာတို့၊

    မမကိုယ်စား Xထုံကို ဖြေပါသည်

    Uထုံ

    ReplyDelete