Monday, February 28, 2011

အမေတမ်းချင်း.

မနက်နစ်နာရီထိုြး့ပီအမေ။
အမေ့သမီးအလိမ်မာ. စာလဲမကျက်. ဘာတွေ လုပ်မှန်းမသိ. တကုပ်ကုပ်.
ရေးတာလား. ဖတ်တာလား.
ရှင်းတာလား လင်းတာလား. ဘာလုပ်မှန်းမသိ.
သူများတွေ အိပ်ကုန်ပြီအမေ
အမေ့သမီးမျက်တွင်းဟောက်ပက် လူကလေးလှရက်နဲ့ အိုစနာကျပြီအမေ.

နေ့တိုင်းရေးချင်နေတာာ. နေ့တိုင်းဖတ်ချင်နေတာ အကျင့်ပေါ့အမေ.
အကျင့်ဆိုတာ လုပ်နေတာဘဲတဲ့
ဖတ်နေကျ. ရေးနေကျဆိုတော့ရေးချင်တာပေါ့ အမေ.
ရေးနေကျ ဖတ်နေကျဆိုတော့လဲသွက်တာပေါ့အမေ.
ဒီတော့ကာလူတွင်ကျယ်လုပ်နေတာပေါ့ .

မကျယ်နိုင်တဲ့နေရာကျ. မျက်နာငယ်လေးနဲ့ပေါ့အမေ.

ထမင်းချက်မလား စာကျက်မလားဆိုလို့ စာအုပ်ကိုပြေးဆွဲ အိမ်ရှေ့ ခြံသေးသေးထဲ ငုတ်တုတ်ထိုင် အုတ်ခဲလေးခုလို့ စာကျက်တဲ့သမီးလေ.
စာမကျက်တာ ကြာပါရောလားအမေ
သမီးသူငယ်ချင်းတွေ လေ. ဘွဲ့အကြီးကြီးတွေ ရကုန်ြ့ပီအမေ
ခေါ်ချင်တယ်အမေ. ထပ်ခါတစ်လဲလဲ..
မခေါ်ရတာ ကြာပြီအမေ.
အမေ့သမီးလေ. ရေတိမ်မှာနစ်နေတာကြာပြီပေါ့
ဘွဲ့ထူးတွေ လည်းဆက်မယူနိုင်ဘဲ ရောက်တဲ့နေရာမှာ ရှိတာ လေးနဲ့လုပ်စားနေတာ ကြာပါရော့လားအမေ.

သူများတွေလေ. အော်စီသွားတဲ့သူသွား နယူးဇီလန်သွားတဲ့သူသွား အင်္ဂလန်သွားတဲ့သူသွားအမေရိကားသွားတဲ့သူသွား. သွားတဲ့သူတွေ သွားနေကြပြီအမေ
မြန်မာပြည်ကသူငယ်ချင်းတွေ လည်းရာထူးအကြီးကြီးတွေနဲ့ဘွှဲ့အကြီးကြီးတွေ ဖြစ်ကုန်ြီ့ပီအမေ.

အမေ့သမီးလေ.
နဂို့ကတည်းက မတော်တဲ့သမီး
ဇွဲရှိလို့သာ နေရာတစ်နေရာရောက်ခဲ့တဲ့သမီး
ရောက်တဲ့နေရာမှ ရပ်နေတာ ကြာ့ပီပေါ့အမေ

နောင်တတွေ အမြဲရ
သမီးလျော့မယ်လို့အမြဲစိတ်ကူး

အလတ်မသမီးခြောက်တန်းက ဖဘ ဖွင့်ချင်တယ်ဆိုလို့ မဖွင်္င့ရဘူး လို့ပြောထားတယ်အမေ.။ အကြီးမ ကကွန်ြ့ပူတာဝယ်လို့ ဆူလိုက်တယ်အမေ. အင်တာနက်ဆိုတာကြီးကို addict လိုက်လို့ သမီးမှာ မတိုးတက်တော့ဘူးအမေ.......... မနည်းလျော့နေရတယ်အမေ.။ ဖတ်ကနဲဆို ပိတ်ပလိုက် အဲဒါ အအေးချမ်းဆုံးဘဲအမေ။

ဘာဘဲဖြစ်ဖြစ် အမေ ………….အမေ…………..အားရအောင်ခေါ်ချင်တယ်အမေ............

မှတ်ချက်
ဒီလောက်တမ်းမှတော့နားညည်းမှာပေါ့အမေ.။

20 comments:

  1. ဒီလို အရည်အသွေးမှီတဲ့ စာမျိုးမှ
    လာဖတ်ရတာ တန်တယ်။
    (ပြောင်းပြန်ယူသော် ခါတိုင်းတင်နေကျ
    ပို့စ်များ အရည်အသွေးမမှီဟု)

    ReplyDelete
  2. ဒီလို စာမျိုး ဖတ်ရတာ နှစ်ခါ ရှိပြီ။
    အဲဒီလို ဖတ်ရတိုင်းလည်း ကိုယ့်ဘဝကို ပစ်ထားတာကို လာပြောသလိုပဲလို့ ခံစားရတယ်။ ဒီလို အချိန်ဆိုရင် ချက်ချင်းကို ထပြန်ချင်တယ်။

    ReplyDelete
  3. ....အလင်းစက်များFebruary 28, 2011 at 4:19 AM

    ရင်ထဲ မချိဘူးကွယ် ... ဒါညိုးတွေ လာအကြောနဲ့  ...

    ရှိတာလေးနဲ့ ပဲ လုပ်စားပြီး ကျေနပ်ပါသမီးရယ်... နော်... လို့  ...

    ဟမ်.... :P

    ReplyDelete
  4. ချော(အစိမ်းရောင်လွင်ပြင်)February 28, 2011 at 4:48 AM

    ဒီပိုစ့်လေး သဘောကျလိုက်တာ

    ReplyDelete
  5. အရမ်းကို သဘောပေါက်တယ်။
    အမေနေရာကတော့ ဟုတ်ပါဘူး။
    သမီးနေရာကပါ။

    ReplyDelete
  6. ဇီးကွက်ကျောက်February 28, 2011 at 11:39 AM

    ဂျီးတော်..ရေထဲဆင်းမယ်တိုရင် Life jacket ဝတ်ထား
    တိမ်တိမ်နက်နက် အေးဆေးပဲ

    ReplyDelete
  7. ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကတော့ အရက်သောက် မူး မူးပြီ အိမ်ပြန်ရောက်တဲ့အခါ အမေ အမေ နဲ့ အကျယ်ကြီးအော်တာ လန့်တောင်လန့်လန့် သွားတယ်။

    ReplyDelete
  8. I still need to practice Burmese typing :) , been visiting your blog daily, always been fun to read - this is the best post!

    ReplyDelete
  9. ဒီလောက်ကြီးလည်း စိတ်ထဲမထားပါနဲ့လေ ရေးချင် ဖတ်ချင် တယ်ဆိုတာတွေဟာလည်း နောက်ဆုံးကျ ဘာမှမှမဟုတ်တာပဲကို ဆရာလုပ်သွားတယ် အမေ အယ်လေ ကြီးတော်း)

    ReplyDelete
  10. really love ur post !! Daw Gyi .

    ReplyDelete
  11. An Asian Tour OperatorFebruary 28, 2011 at 2:38 PM

    အိုစနာ ဆိုတဲ့ ဝေါဟာရ ရဲ့ အဓိပ္ပါယ် က ဘာလဲဟင်။

    ReplyDelete
  12. မကွန် အိုစနာ ဆိုတာ အိုဘားမားရဲ့အမျိုးထင်ပါရဲ့။း) အလှပြင်ပစ္စည်းတွေ ဒီလောက်ဝယ်ထားပြီး အိုစနာကျမှာများ ပူနေရသေးသလားအမရယ်။ ဒီခေတ်ကြီးမှာ ပြင်တတ်ရင် အသက်၆၀ အဘွားလဲ ၁၆နှစ်သမီးလို လှနိုင်ပါသေးတယ် အမရဲ့။ အဟီးးးးး ဆရာလုပ်သွားတာ...း))))))

    ReplyDelete
  13. ညီလင်းသစ်February 28, 2011 at 4:02 PM

    ဘလော့ဂါ သမီးတစ်ယောက်ရဲ့ တမ်းချင်းက မိုက်တယ်၊ ပို့စ် စစချင်း မနက် ၂ နာရီ ထိုးပြီအမေရယ်၊ ပို့စ်တင်ချိန် 2:27 a.m. ရယ်၊ 'ရေးနေကျ ဖတ်နေကျ ဆိုတော့လဲ သွက်တာပေါ့အမေ' ဆိုတာရယ်ကို တလှည့်စီ ဖတ်သွားတယ်...။ :)

    ReplyDelete
  14. မြန်မာပြည်မှာမှ မနေတာ addict ဇြစ်မှာပေါ့ internet ကို။ မြန်မာပြည်မှာသာနေရင်.. ကိုယ်တို့ အားလုံး ကိုရီးယားကားဘဲ addict ဖြစ်ရမှာ။ ဒီလောက်ရေတိမ်နစ်မှာ မဟုတ်ဘူး။

    ReplyDelete
  15. မမရေ..ငိုတောင်ငိုချင်တယ်...
    အားပေးသွားလျှက်...
    ညီမလေး

    ReplyDelete
  16. အစ်မရယ်....ရောင့်ရောင့်ရဲရဲပေါ့ဗျာ....။အင်တာနက်ကြီးကို
    addict ဖြစ်နေရတာကိုပဲ ကျေနပ်နေတယ်ဟုတ်....၊

    ReplyDelete
  17. ဟုတ်တယ် ဒါကြောင့် အင်တာနက် က addictဖြစ်လွန်းယင် အချိန်ဖြုန်းတာ နဲ့ အတူတူပဲ .

    ReplyDelete
  18. စောင်းပြောနေသလားလို့ မလုံမလဲဖြစ်သွားတယ်... ကွာတာတခုပဲ မေမေက ခုရန်ကုန်မှာ.... အပျင်းကြီးနေတတ်တဲ့သမီးကို လှမ်းဆူလို့ကောင်းတုန်း...

    ReplyDelete