Monday, March 14, 2011

Game

အလုံးကလေးတစ်လုံးဝယ်လာတယ်။ ဆော့လို့ရတယ်။ မြန်မာငွေနဲ့ ဆို တစ်ထောင်ကျပ်.



မဆော့ရဘူးလို့ ဘယ်သူပြောလဲ။ ဆော့ချင်ရင်ဆော့မှာပေါ့. ဘယ်သူမှ လဲ ဘာမှ မပြောပါဘူး. အင်း။




ငါးလေးတစ်ကောင်ရေထဲမှာပါတယ်။ အမှုန်အမွားကလေးတွေပါတယ်။ အရုပ်ကလေး ပါတယ်။ ရေတွေပါတယ်။



အလုံးကလေးက လုံးနေတယ။်




အလုံးကလေးကို ကြမ်းပြင်ပေါ်အသာလေး ဘက်စကက်ဘော ဘောလုံးလို ဆောင့်လိုက်ရင် မီးကလေးတွေလင်းလာတယ်။



ဖျတ်..ဖျတ် ..ဖျတ် နဲ့ ကြည့်လို့ကောင်းတယ်။



ပြီးရင် မီးရောင်လေး ဖြည်းဖြည်းချင်း မှိန်သွားတယ်။




နောက်တစ်ခါ ထပ်ပုတ်ပြန်တယ် ဘုတ်ဘုတ်.



ကြမ်းပြင်နဲ့ အလုံးကလေးနဲ. မီးရောင်လေးတွေ ဖြာလာပြန်တယ။် အမှုန်ကလေးတွေ လွင့်နေတယ်။ရေထဲမှာ..




ဘာကြီးလဲ မမေးပါနဲ့………...အရုပ်ကလေးနဲ့ဆော့နေတာလေ။


23 comments:

  1. That's what you really need!

    ReplyDelete
  2. I want that lovely toy.I invited you at Happy Aquqriam.Be happy.Have fun:D

    The one who lives by a big lake:)

    ReplyDelete
  3. ခဏလေး စိတ်ချမ်းသာလိုက်ရင်လဲ
    အဆင်ပြေပါတယ်မခင်ဦးမေ
    နေကောင်းကျန်မာစိတ်ချမ်းသာပါစေ။

    ReplyDelete
  4. အဲဒီအရုပ်အလုံးလေး လိုချင်တယ်...
    ညီမကို ပေးပါ မမ...း))

    ReplyDelete
  5. အရမ်းပုတ်လိုက်လို့ ထပေါက်နေဦးမယ် ။ nuclear reactor အသေးစားလေးလား မသိဘူးနော် :P

    ReplyDelete
  6. အင်း.. တူမလေးမှာလည်း အဲလို အလုံးလေးတစ်လုံးရှိတယ်။ သူက ၁ နှစ်ကျော်ကျော်။ အဲဒါလေးကို ပစ်ပေါက်ဆော့နေတာပဲ။

    ReplyDelete
  7. ငယ်သေးတာပဲ ဆော့ဆော့

    ReplyDelete
  8. ကိုဇော်March 15, 2011 at 1:04 AM

    သြော် . .သင်္ကြန်နား နီးလာပြီးကိုး . . .
    မနှစ်က သင်္ကြန်တုန်းကတော့ . . ..

    ReplyDelete
  9. မမ Kom ရေ ညီမဆီမှာလည်း ရှိတယ် :D ဆော့နေကြ၊ စာရေးရင်းတောင် အနားယူထားတာပဲ၊
    မှိန်သွားရင် ကြမ်းပေါ် ဘောက်ကနဲ ပေါက်ပြီး ပြန်လင်းလာ အနားချထား၊ ဆော့ပါ ဆော့ပါ မမရာ၊ ညည လသာသာ၊ supermoon နေ့ ကျရင် ပိုဆော့ပါ

    ReplyDelete
  10. ကျေးဇူးပါမမရေ...
    ချစ်စရာလေးနော်...
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  11. မောင်ဝေးMarch 15, 2011 at 3:48 AM

    မကွမ် အဲ့ဥစ္စာ ဘက်ထွီကုန်သွားရင် ဘယ်လိုလုပ်ရမလဲ? ဘက်ထွီအသစ်ဝယ်လဲလို့ရလား? အရုပ်ဖိုးထက် ဘက်ထွီဖိုးက ဈေးပိုကြီးမလားမသိဘူး။

    ReplyDelete
  12. I will buy it too.Looks nice.
    Iora

    ReplyDelete
  13. လက်ဆောင်ပေးဖို့ ၀ယ်ချင်လိုက်တာ။

    ReplyDelete
  14. ဘုတ်ဘုတ်...လာဆော့ပါတယ်
    တလက်စတည်း လင့်လေးပါ ယူသွားတယ် ဒေါ်ခင်ဦးမေရေ..

    ReplyDelete
  15. စော(အဝါရောင်မြေ)March 15, 2011 at 12:01 PM

    အမ
    ဆော့လို့ ပြီးပြီလား ၊ အမအိမ်မှာ မီးပြတ်နေတာလား ဟင် .. .. .. :P

    ReplyDelete
  16. မမကွန်အလုံးကိုစိတ်ဝင်စားတယ် ပြန်လာရင် လက်ဆောင်တစ်လုံးလောက်ဝယ်ခဲ့ပေး....။


    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  17. အင်း အလုံးလေးက လှလိုက်တာ။ ကလေးတွေ အတွက် ၀ယ်သွားချင်တယ်။ ဒါပေမယ့် ကလေးက အယောက်နှစ်ရာလောက်ရှိတာ၊ တစ်လုံးကို တစ်ထောင်ဆိုတော့ မလွယ်သေးဘူး။ မင်္ဂလာနေ့လည်ခင်းပါ ခင်ဦးမေရေ။ စေတနာပန်းခင်းက လာလည်သွားတယ်နော်။ အေးချမ်းပါစေ။ များများ ဆော့နိုင်ပါစေ။

    ReplyDelete
  18. အဟိ.... မခဥမတို့ များ ... ဘုန်းဘုန်းတွေကတောင် လာဆုတောင်းပေးသဗျ...

    ReplyDelete
  19. တစ်ခုလောက်လိုချင်လိုက်တာနော်... မီးက ဘတ္ထရီနဲ့လား ဓါတ်ခဲလားမမ။ အဲလို ကစားစရာမျိုးတော့ တကယ်ကြိုက်တယ်။ :P

    ReplyDelete
  20. ဆော့ချင်လိုက်တာ..ခဏဆိုလည်းကျေနပ်ပါတယ်

    ReplyDelete
  21. i wanna buy for my daughter. where can we buy this pls

    ReplyDelete
  22. သွားရင်းလာရင်း oversea က လမ်းဘေးဆိုင်ကလေးက ဝယ်လာတာပါ.

    ReplyDelete