Thursday, March 10, 2011

pizza




ပီဇာ ကို ငယ်စဉ်ကာလနဲ့ ဒီမှာ နေတာ မှာ သိတ်မစားဘူးဘူး ဘာဖြစ်လို့သိတ်မစားဘူးလဲ မေးရင် အဖြေခက်တော့မှာဘဲ။ အီတလီကို အလည်ခဏလိုက်သွားတော့မှ သေချာစားဘူးတယ်။

အီတလီက မြို့ငယ်လေးတစ်မြို့ကို အလည်ခဏလိုက်သွားတဲ့အခါ စားစရာရှားတယ။် ဟော်တယ်မှာနေတာ နစ်ပါတ်ကြာတယ်။ ဟော်တယ်က ဟာ မှာစားရင်ဈေးကြီးတယ်ထင်တာဘဲ. မနက် ဘရိတ်ဖတ်ကို တော်တော်များများစားဖြစ်တယ်လို့ရှက်ရှက်နဲ့ဘဲ ပြောရမှာဘဲ။ မနက်က အိပ်ရာထနောက်ကျတယ်။ ဘရိတ်ဖတ်ကဟော်တယ်ဘိုးထဲပါပြီးသားဘဲ ဆိုတော့ ဘရိတ်ဖတ်ပြီးကာနီးမှ ဆင်းစားဖြစ်တယ။် တော်တော်များများစားဖြစ်တယ်ဆိုတာလဲ ထုံးစံအတိုင်းပါဘဲ. ဒီလိုဘဲ ကျွေးတာကို ဒီလောက်ဘဲစားဖြစ်တဲ့သဘောပါဘဲ။အဲဒါကတော့စားတတ်တယ်။ ဟော်တယ်တွေမှာ ဘရိတ်ဖတ်တွေကတော့ standard တွေဘဲကျွေးတာများတာကိုး

ဆိုင်တစ်ဆိုင်မှာ အီတလီစာတွေ ကိုသွားစားတဲ့အခါမှာ သူများတွေ က မှာတာတွေ ကို ထိုင်ကြည့်ပြီး မစားတတ်ဘူးလို့ခံစားရတယ် မီနူးကလည်းအီတလီလိုတွေ ရေးထားတာရော ကိုယ်နားမလည်တာရော. ပီဇာစားမယ်လို့မှာတဲအခါ. ကိုယ်က ထူးဆန်းစရာဘဲ ဖြစ်သွားမလား ရှက်စရာဘဲဖြစ်သွားမလား. ကိုယ်လဲကိုယ်စားတတ်တာကိုမှာရတာဘဲ။

ပြင်သစ်ပြည်တစ်ခါ အလည်ခဏသွားနေပြန်တော့.
သွားရင်းလာရင်ဲးနဲ့ ပီဇာဆိုင်ကလေးတွေ တွေ့တယ် လမ်းဘေးဆိုင်ပေါ့. ဘယ်လိုခေါ်ရမလဲတောင်မသိဘူး လမ်းပေါ်မှာ ဆိုင်ကလေး။ ဒါပေမဲ့ ထိုင်စားတာမျိုးလည်းမဟုတ်ဘူး take away လုပ်ဘို့ သူက ဆိုင်ထဲမှာ လုပ်တယ် ကိုယ်က မှာပြီး ယူလာတယ်။ သူတို့လုပ်တာ သူတို့ဆိုတာလဲ တစ်ယောက်နစ်ယောက်ပါဘဲ လုပ်တာကို မြင်နေရတယ။် စိတ်ဝင်စားစရာဘဲ။ ကိုယ့်ရှေ့မှာဘဲ “ဟိုဟာထည့်လိုက် ဒီဟာထည့်လိုက် ကြက်ဥထည့်တာတော့စိတ်ဝင်စားတယ်။ ကြက်ဥကို ခွပ်ကနဲခွဲလိုက်ပြီးရင် အနစ်ကို လွတ်ပလိုက်ပြီး အကာဘဲ ထည့်တယ်။ နမျောလိုက်တာ။

ပြီးရင်ဝယ်လာပြီး အခန်းမှာ နစ်ယောက်သားထိုင်ပြီး ပီဇာရှေ့ချပြီး သူက ဝိုင်နဲ့ကိုယ်ကကိုကာကိုလာ အအေးနဲ့သောက်တယ် ဝိုင်သောက်ကြည့်တာ မသောက်တတ်ဘူး. ဘီယာမသောက်တတ်ဘူး ဝိုင်မသောက်တတ်ဘူး အရက်မသောက်တတ်ဘူး. အအေးဘဲသောက်တတ်တယ်။ ပြင်သစ်ပြည်မှာဝိုင်တော့ပေါတယ်။ Carrefour လိုမျိုးမှ သွားဝယ်ရင် လူတိုင်းလိုလိုရဲ့ဈေးဝယ်ခြင်းတောင်းထဲမှာ ဝိုင်ပုလင်းတွေ ကိုတွေ့ရတယ်။ ကိုယ်တို့ဒီမှာအအအေးပုလင်း လူတိုင်းလိုလိုဝယ်ကြသလိုဘဲ ဈေးလဲသက်သာတယ်။ ယုရို သုံ့းကျပ်လေးကျပ်လောက်ကနေစပြီး ဈေးကြီးသွားတယ်။ ကိုကိုကတော့ ဝိုင်တော်တော်များများအဲဒီမှာနေတုံးကသောက်ဖြစ်တယ် ဈေးသက်သာလို့ဆိုပြီး သူက မရှိတော့တဲ့ ဂျီးတော်ကြီးစကားကို အရမ်းနားထောင်တယ်. မတန်တာ မလုပ်ရဘူး ဆိုတာကို. တန်တာဘဲ လုပ်ရမယ်တဲ့. သရက်သီးပေါ်ချိန်ဆိုရင် အဝစားရမယ် ရှားကမှ စားချင်တယ်ဆိုတာမျိုးမလုပ်ရဘူးဆိုတာမျိုး. သိတ်ခက်တယ်။ စားချင်တဲ့အချိန်စားပေါ့ ဈေးကြည့်စားတာမျိုးလုပ်တာတော့မကောင်းပါဘူး အဲဒီမှာ ဈေးသက်သာတယ်ဆိုပြီးအတော်သောက်တယ်။ အိပ်လို့လဲကောင်းသတဲ့။ ဒီရောက်တော့မသောက်တော့ပြန်ဘူး။ ဈေးကြီးလို့ထင်တယ်။

လိုရင်းက အခုမှရောက်မှာ
ဒီမှာလဲ ပီဇာမစားဖြစ်ပြန်ဘူး စားချင်တယ်လို့တော့ခဏခဏဖြစ်မိသာ ဆိုင်ထဲကိုဝင်ရမှာ ရှက်သလိုလိုဖြစ်တာရယ် မဝင်ရဲတာရယ်။ (ကိုယ့်ရုပ်က စုတ်လေတော့) delivery ရယ်မှာမစားဖြစ်ဘူး.

မနေ့က ဆိုင်ထဲလှမ်းကြည့်တော့လူရှင်းနေတယ။် လူများရင်လဲ ကိုယ့်ပီဇာတစ်ချပ်ထဲနဲ့ အားနာသလိုဖြစ်တယ်ထိုင်ရမှာကို လူကြပ်နေတဲ့မြန်မာဆိုင်ထဲ ဝင်သွားပြီး ခေါက်ဆွဲကြေ်တစ်ပွှဲလေးကျပ်တန်မှာပြီး လူကို လေးကျပ်တန်လို ဆက်ဆံလ်ုကကတည်းကလန့်နေတာ. လူရှူပ်ရှု မဝင်ဝံနင့်္ဘူး လူရှင်းနေတော့ိကိစ၁စမရှိလလောက်ဘူေးလဆိုပြီါ်ဝင်လိုက်တယ။် ဟောတစလောက် လူအရမ်းရှုပ်နေတဲ့ ဆံပငည်ပှ်ဆိုင်ဝင်ပြီးခေါင်းလျှော်လို့ရမလားဝင်မေးမိတာ မရသေးဘူး လူအရမ်းများနေတယ။် ဆိုလို့အရှက်ရသလိုဖြစ်တဲ့ခံစားချက်မျိုးလဲ ထပ်မခံစားချင်ဘူး။ ငါကိုက လူရှူပ်တဲ့ဆိုင်နဲကလူရှူ့်တဲ့အချိန်ဝင်မေးမိတကာကိုးလို့ဘဲ ကိုယ့်ကိုယ်ကိုအပြစ်တင်ချင်တော့တယ်။

ပီဇာမှာချင်ရင်အဂ်လိပ်လိုဘယ်လိုမှာရသလဲ ဆိုင်ေ၇ှ့သွားပြီး can I order pizza ဆိုတော့အံသြသလိုကြည့်ပြီး you eat before တဲ့  no လို့ဖြေလိုက်တယ် သူက ဘာဖြစ်လို့မေးရတာလဲ ကိုယ့်ရုပ်ရည်က နံခြာလွန်းလို့လား . အဂ်လိပ်လိုမပြောတတ်လု့လား. နောနက်စားချငတာကို လက်ညိုးထိုးပြလိုက်တယ် appetizer ဘာယူမလဲဆိုောတ့မယူတော့ဘူးလို့ appetizer မလိုဘူးလေ ဘိုက် က ဆာနေပြီဘဲ ဥစ္စာ. အအေးကောတဲ့အ မန်ကတောကအေးမသာက်ချင်ပါဘူး ပီဇာတစ်ချပ်ဆ်ုအတော်ဝနေပြီ. မစားနိုင်မသောက်နိုင်ဘူးလို့ထင်မှာ စိုးလို့ water melon တစ်ခွက်လို့ ကိုယ်သောက်ချင်တာနဲ့ ကိုယ်ပြောတတ်တာတစ်ခွက်နဲ့ မှာလိုက်တယ်။ စားလို့ကောင်းပါတယ်။ စားနေရင်းနဲ့ငါတော့ ကော်လက်စထရောတွေတက်တော့မှာဘဲလို့ တွေးမိတာ တစ်ခုရင်ဝတော့မှာဘဲ လို့ စားပြီးကာမှာ စိတ်မကောင်းဖြစ်သွားတာ တစ်ခုပါဘဲ.

မှတ်ချက်
ငါလေကြောအတော်ရှည်တာဘဲ
ကျော်ဖတ်ကြမှာပါလေ။

25 comments:

  1. I didn't skip ur post though. Heart touching for reading about the time while u r in Italy n France with ur beloved.Emulate u and ur relationship.Keep going.Cheer!

    ReplyDelete
  2. စာလုံးပေါင်းဖတ်သွားပါအိ။..

    ReplyDelete
  3. တခါတလေပဲစားဖြစ်တယ်..။
    မနှစ်က သွားခဲ့တဲ့နိုင်ငံတစ်ခုမှာ pizza express
    သွားစားတယ်.
    အီတလီနာမည်တွေနဲ့menuဆိုတော့ မမှာတတ်ဘူး။
    pasta မှာတယ်..။ pastaဆိုတာ ခေါက်ဆွဲတမျိုးအနေနဲ့ပဲ သိထားတာဆိုတော့..
    ခေါက်ဆွဲစားမယ်ဆိုပြီး တေးနေတာ..။
    လာချပေးတော့ ခရမ်းသီးနဲ့ငန်ကျိကျိငါးခြောက်တမျိုး
    ချက်ထားတဲ့အစာဖြစ်နေတယ်..။
    ဈေးကကြီးသေးတယ်..။
    ၇ပေါင်ကျော်လား..၈ပေါင်ကျော်လားမသိ။

    ပုံ/
    guess ကြည့်

    ReplyDelete
  4. ''မစားနိုင်မသောက်နိုင်ဘူးလို့ထင်မှာ စိုးလို့ water melon တစ်ခွက်လို့ ကိုယ်သောက်ချင်တာနဲ့ ကိုယ်ပြောတတ်တာတစ်ခွက်နဲ့ မှာလိုက်တယ်။ စားလို့ကောင်းပါတယ်။ ''

    အခုမှ သေချာဖတ်မိပြီးရယ်နေတယ်..။

    ပုံ/
    အပေါ်ကတယောက်ပါပဲ

    ReplyDelete
  5. မစားရတာ အတော် ကြာနေပြီပဲ။
    နောက်တစ်ခုက တစ်ယောက်စာလေးတွေက အရသာ မစုံဘူး။ ၄ ယောက်စာကြီး ကျတော့လည်း ဘယ်လိုလုပ်ကုန်အောင် စားမလဲ။ ဒါနဲ့ပဲ မစားဖြစ်တော့ဘူး။

    ReplyDelete
  6. ဟိ ကျော်ဖတ်လာတာ အောက်က ကျော်ဖတ်ကြမှာပါလေ တွေ့လို့ ကွန်မန့်ဝင်ရေးခဲ့ပါတယ် ဟမ်

    (ပြန်ဖတ်လိုက်ဦးမယ် ခုမှ)

    ReplyDelete
  7. Love to eat pizza anytime! HB to your bog, Ma Ma KOM.

    ReplyDelete
  8. I love pizza too. My favourite pizza is Domino's full house pizza. :)
    Too bad that Domino's outlet is not in Sg anymore. :(

    ReplyDelete
  9. လုံးစေ့ပတ်စေ့ ဖတ်သွားတယ်..

    ပီဇာသိပ်မကြိုက် Pasta ဆို တို့ ချင်စိတ်ကိုမရှိ..။

    ReplyDelete
  10. မမဂွိရဲ့ ခံစားချက်ကို ပီဇာပို့စ် ကနေ နားလည်ရပါတယ်။ အင်္ဂလိပ်စာ စကားတွေကို မှန်မှန်ကန်ကန် ရှလွတ်ဗလွတ်နိုင်အောင် ကြိုးစားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အဝနဲ့ တွင်ကျယ်ဝင်ဆန့်အောင်လုပ်ဖို့ စိတ်မကူးဘူးလားမမဂွိရယ်။ စင်္ကာပူမှာရောက်နေသူတယောက်အတွက် ဒါမျိုးဖြစ်အောင်လုပ်ဖို့ အထောက်အကူတွေရှာရမှာ မခဲယဉ်းဘူးလို့လဲ ထင်မိပါတယ်။ တို့လဲ နိုင်ငံတကာအတွေ့အကြုံ နည်းပါးလွန်းတဲ့ရွှေပြည်ကလာသူမို့ ရောက်ရာအရပ်မှာ သူတို့ရဲ့ထုံးစံဓလေ့ဘာသာစကားတွေနဲ့ မဖြစ်မနေ လုံးထွေးလိပ်ပတ်မှ ရှင်သန်ရတာကြောင့် သူတို့နဲ့ရှလွတ်ဗလွတ်နိုင်အောင် အမြဲအားသွန်ကြိုးပမ်းရသူမို့ပါ။ လူတွင်ကျယ်ကြီး ဆရာဝင်လုပ်နေတယ်လို့ အထင်ခံရမှာစိုးလို့ အမည်မဖော်လိုတော့ပါ။ ပုံ/လူတွင်ကျယ်ကြီးဝင်လုပ်နေသူ

    ReplyDelete
  11. An Asian Tour OperatorMarch 10, 2011 at 2:59 PM

    ပစ်စာ ဆို မာဂါရိတာ ပဲစားတယ်။ ငန်လို့။ ဘီယာ ပိုသောက် နိုင်တယ်။

    ReplyDelete
  12. စော(အဝါရောင်မြေMarch 10, 2011 at 3:15 PM

    ဟယ် မမရာယ် ဘာအားငယ်နေတာလဲ
    ကိုယ်ကြိုက်ရင်စားမှာပေါ့၊ ကိုယ်စိတ်နဲ့ ကိုပဲဟာ
    ဒါပေမယ့် ပီဇာမှာပါတဲ့
    ချိစ့်တော့ မကြိုက်ဘူး .. .. .. ဘယ်လိုကြီးမှန်းမသိလို့ 

    ReplyDelete
  13. စပါတကီ ပါစတာ စသဖြင့် အီတလီ ခေါက်ဆွဲကို စလုံးမှာ အသေချာ မချက်တတ်ကြလို့ ထင်ပါတယ် ခရမ်းချဉ်သီး အနစ်ကို ခေါက်ဆွဲထဲ ပုံစားတာ လုံးဝ စားမကောင်း ပါဘူး။ အမှန်က ခရမ်းချဉ်သီး အနှစ်ထဲကို ကြက်သွန်ထဲ့ ဟင်းခတ်အမွှေးကြိုင်တွေထဲ့ ချီစ်အမှုန့် ထဲ့ စားတာ တမျိုး ချီစ်အနစ်နဲ့ ထဲ့စားတာ တမျိုးနဲ နာနတ်ပွင့်မပါတဲ့ရှမ်းခေါက်ဆွဲအရသာဆန်ဆန်ပါ။ အင်္ဂလန်မှာ တော့ ရယ်ဒီမိတ်အနှစ်ပုလင်း တွေရောင်းပါတယ်။ စလုံးမှာ ရောင်းတဲ့ စပါတကီကိုတော့ လက်လန်ပါတယ် ဆိုင်မှာ တွေ့ ရင် ကြည့်တောင် မကြည့်ချင်ဘူး

    ReplyDelete
  14. ပီဇာကိုတော့ သိပ်ကြိုက်တာ....
    အီတလီအသံထွက်နဲ့ မီနူးတွေကိုဖတ်ရတာတော့ သိပ်မမိုက်ဘူး.........။ မမကွန်ပီဇာကလဲ တူးနေတယ် ကွန်ပလိန်းမတက်လိုက်ဘူးလား...။

    ReplyDelete
  15. ညီမလေးက ပီဇာအရမ်းကြိုက်လို့
    ကျေးဇူးပါမမ.
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  16. အဲဒီ အရှေ့မှာ ပီဇာက posh food လိုဖြစ်နေတာလား။ အံ့ဩစရာ

    ReplyDelete
  17. အမရေ သေချာဖတ်သွားပါတယ်..

    ReplyDelete
  18. ပီဇာကိုကြိုက်တယ်၊ အီတလီစာတွေဆို ကြိုက်တယ်။ ဒီပို့စ်လေးကိုချစ်လို့ ထပ်လာမန့်တယ်။ ဘာဖြစ်လဲကွာ။ :D

    ReplyDelete
  19. ဘာမှ မဖြစ်ပါဘူး ဒါမဲ့ ဇွန်မိုးစက် ဆိုတဲ့ နာမယ် တော်တော်လှတယ် ကလေးရရင် အဲဒီနာမယ်လေးပေးရမယ် ဖြစ်လား

    ReplyDelete
  20. ရဘဲရပါစေဦး.

    ReplyDelete
  21. ကျောက်တလီလေးMarch 11, 2011 at 10:29 AM

    pizza ကို cheese နဲ့တော့ ကြိုက်တယ်..ကျန်တဲ့ အီတလီစာတွေတော့ လုံးဝမကြိုက်..New York City က Little Italy က ဆိုင်တွေ ဆိုရင် စားရတာစိတ်ညစ်လို့ တရုတ်ဆိုင်တွေပဲ အားပေးဖြစ်တယ်...အဟဲ..ဈေးလဲသက်သာတယ်လေ

    ReplyDelete
  22. pizza ဆိုတာ နံပြားခပ်ထူထူပေါ်မှာ ham ၊ hot dog ၊ မှို ၊ နံနတ်သီးတုံးလေးတွေတင် cheese အုပ်ပြီး ဖုတ်ထားတာပါ

    လူတိုင်းအကြိုက်ချင်းတော့ မတူပါ ၊ ကြိုက်တဲ့သူ မကြိုက်တဲ့သူများကို မဝေဖန်ချင်ပါ ၊ ခေတ်မီသူတိုင်း ပီဇာစားကြတယ်ဆိုရင် ပိုမှန်လေမလား ၊ ပီဇာကိုတော့ တစ်ခါတစ်လေတော့ စားဖြစ်ပါတယ် ၊ ရုံးက ဘော့စ်က 4D ပေါက်ရင် ရုံးမှာ ပီဇာကျွေးတယ် ၊ တကယ်ဆိုအဲဒီ့နေ.က နေ.လည်စာ စားဖို. ပိုက်ဆံမကုန်ဖူးပေါ့ ၊ ကျွန်တော်ကတော့ ဗမာပီပီ ထမင်းအရင်ဆင်းစားပြီးတော့မှ ရုံးက အဖွဲ.တွေနဲ. ဟန်ဆောင်လောက်ပဲ ထိုင်စားပါတယ် ၊ တစ်ခါတစ်လေ ပလပ် စတစ်အိပ်နှင့်ထည့် အိမ်ယူပြီး မနက်မှ breakfast အဖြစ်နွေးစားပါတယ် ၊

    အဲဒါနဲ.ဆက်စပ်လို. ကုမ္ပဏီကကျွေးတဲ့ dinner ကို စင်ကာပူ မလေးရှား နဲ.ဘန်ကောက် ဟိုတယ်တွေမှာ စားဖူးတဲ့ အတွေ.အကြုံတွေကိုပြောချင်ပါတယ် ၊ (ကြွားဝါတာမဟုတ်ပါ ကုမ္ပဏီက အကုန်ခံပြီး ကျွေးလို.သာ စားနိုင်တယ်ဆိုတာကို ဆိုလိုချင်တာပါ ) အဲဒါကဘာလဲဆိုတော့ အနောက်တိုင်း အလေ့အထအရ buffet dinner စားတဲ့အခါ ဂေါ်ဖီရွက် နဲ. salad dressing နဲ. အရင်စား ကြပါတယ် ၊ soup သောက်ကြပါတယ် ၊ အဲဒါ လုပ်ဖော်ကိုက်ဘက် စလုံး ၊ မလေးမလေးတွေ အနောက်နိုင်ငံ အလေ့အထအတိုင်း heavy မစားခင် ဂေါ်ဖီရွက်အရောင်စုံကို အရင်စားကြပါတယ် ၊ အနောက်နိုင်ငံသားတစ်ယောက်က အဲဒီလို စားတယ်ဆိုရင် ကျွန်တော်မပြောလိုပါ ၊ သူတို.ရဲ့ အစာ ၊ သူတို.အလေ့အထမို.ပါ ၊ ဒါပေမဲ့ ကျွန်တော်တို. အာရှတိုင်းသားတွေက တကူးတက ဘိုအရမ်းဆန်နေတာ တွေ.နေရတော့ ကျွန်တော်တော့ တကယ်ကို ရီချင်ပါတယ် ၊

    တကယ်တော့ ပီဇာကို ထမင်း ၊ ချဉ်ပေါင်ကျော် ၊ ငါးချောက်ဖုတ် ၊ ခရမ်းသီးနှပ် ၊ ငပိရည်တို.လောက် မကြိုက်တာတော့ အမှန်ပါ ဗမာလျှာဟာ ဗမာလျှာ မဟုတ်ပါလား

    မမကွန်းရေ ကျွန်တော့်ရဲ့ ကွန်မန်.က အမရဲ့ ပို.စ်ထက်ရှည်သွားရင် ခွင့်လွှတ်တော်မူပါ ၊ ပျင်းပျင်းနဲ.ရေးရင်း ရေးရင်း ကွန်မန်.က ရှည်သွားရခြင်းဖြစ်ပါတယ် ၊ စလုံးရဲ့ စနေနေ.ညလေ သိတယ်မဟုတ်လား

    ခင်တဲ့

    တောသား ...

    ReplyDelete
  23. ဟုတ်တယ် starter လေးနဲ့ အရေလေး ပြီးမှ pizza စားရင် ပိုကောင်းတယ် ။ pizza တန်းစားရင် အလုပ်ကြမ်းသမားဆန်တယ်။ အနောက်ယဉ်ကျေးမှူနဲ့ မဆိုင်ဘူး။ နေတတ်စားတတ်တာကိုပြတာ

    ReplyDelete
  24. http://www.dominos.com.sg/frmStoreLocation.aspx
    for June Moe set

    ReplyDelete