Sunday, March 13, 2011

Sat night



တပေါင်းလဆန်း ရှစ်ရက်.


On line မှာ မီးမစိမ်းချင်တာ ဒါဘဲ. အမျိုး က ခေါ်တယ်။ သယ်ချင်းက ခေါ်တယ်။ ရည်းစားဟောင်းကခေါ်တယ် အားလုံးက ငြင်းမကောင်းတဲ့သူတွေ ဘဲ. ။ မခေါ်ချင်တဲ့သူတွေကကျတော့လည်းမာနတွေ ကြီးပြီးမခေါ်ကြဘူး။ မချစ်မဲ့သာ မချစ်ကြတာ ချစ်တဲ့သူတွေ ကကြတော့လဲအရမ်းကိုချစ်ကြတယ်။ မျက်စေ့အောက်က အပျောက်မခံချင်ကြဘူး။





Depression ရနေတာကတော့သေချာတယ်။ confidence မရှိဘူး ခေါင်းလျော်ဘို့ ဆိုင်ရှေ့ရောက်ပြီး ကိုယ့်ကို welcome မလုပ်ဘဲ အစ်ကိုရေ လာပါ လာပါ လို့ခေါ်တဲ့ကောင်မလေးကို ကြည့်ပြီးလှည့်ထွက်လာမိတယ်။ စားနေကျခေါက်ဆွဲသုပ်ဆိုင်တော့ဝင်ဝန့်တယ်။ အောက်ထပ်က ဆိုင်တွေ ဆီကိုမရောက်ဘူးအထူးသဖြင့်လေးကျပ်တန်ဆက်ဆံတဲ့ဆိုင်တွေ ကိုပေါ့ အိတ်ထဲမှာလား ပိုက်ဆံရှိပါတယ်။ စားဘို့လဲရှိတယ် ဝယ်ဘို့လဲရှိတယ် ခေါင်းလျော်ဘို့လဲရှိတယ်။ မဝင်ဝန့်တာဘဲ.။



ဖုံးဆက်ချင်တဲ့သူဆီ မဆက်ဝံ့ဘူး ငါ့များမပြောချင်သလားမသိလို့ ထင်မိတယ်။ အလကားနေအားငယ်နေတယ်။ ပိုစ်တင်ပြီးရင်. အင်. ငါရေးတာများသွားပီထင်တယ် ဘယ်သူမှ လာဖတ်မှာမဟုတ်ပါဘူးလေ ဆိုပြီးအားငယ်တယ်။ စီပုံးမှာရေးပြီးရင် ပြန်ဖျက်ချင်တယ်။




အိမ်မရှင်းချင်ဘူးအ မှိုက်ပုံထဲမှာ ဘဲထိုင်နေချင်တယ။် လက်မလှုပ်. ခြေမလှူပ်ချင်ဘူး ငြိမ်ဘဲငြိမ်နေချင်တယ်။ ကံကောင်းလို့ နစ်ရက်အားသွားတယ် မဟုတ်ရင် ခွင့်ယူမိတော့မယ်။



ကိုယ့်ကိုယ်ကိုသိတ်ဝတယ်မထင်ဘဲနဲ့ သူများက ဝလာတယ်နောဆိုရင် ဝလာတယ်လို့ထင်မိပြန်တယ်။ လက်ဘက်ရည်တိုက်မဲ့သူနဲ့ မတွေ့ဝံ့ဘူး နောက်ဆက်တွဲ တွေ ကိုလန့်နေတယ။် ဘာဝယ်လာခဲ့သလဲ အစ်မ ဆိုရင် တစ်ကယ်သိချင်လို့မေးတာလားဖောရှော ဝင်ယောင်ပေးတာလား မဝေခွဲနိုင်ဘူး။




ဖဘ မှာမရေးဝံ့ဘူး မုန်းမှိာကို စိုးရိမ်နေတယ်။ သူများကို Like ပြီး သူ့ကို မ like ရင်အားနာစရာကြီး လို့ထင်နေမိတယ်။ ရူးနေတာကတော့သေချာပါတယ်။ သိတ်မဆိုးသေးတာ တစ်ခုဘဲ . ။

ပိုစ်တွေ ကလည်းဘာတွေ ရေးမိမှန်းမသိဘူး စားတာနဲ့သွားတာကြီးဘဲ စိတ်ပျက်စရာ. ခဏခခဏဘဲရေးတယ် နေ့တိုင်းဘဲ။အသစ်အဆန်းလဲမရှိဘူး လွတ်သာပစ်လိုက်ပါတော့ငါ့ကို. …….



မှတ်ချက်.
(နဲနဲတော့လေးမယ်။)

22 comments:

  1. ကျောက်အားငယ်March 13, 2011 at 4:14 AM

    အားငယ်လို့သာတော်တော့တယ်..အစားဝယ်ထားတာတွေပဲ ဓါတ်ပုံထဲတွေ့နေရတယ်..

    ReplyDelete
  2. Take leave and go vacation.If u wish,may i invite u warmly.I can understand why u r feeling like that.
    Take care sweety!
    Gyidaw

    ReplyDelete
  3. ကိုဇော်March 13, 2011 at 6:38 AM

    လေးရင် နှစ်ခါခွဲ သယ်လေ။

    ReplyDelete
  4. Come on girl, you have fans!

    ReplyDelete
  5. ဘာမှအားမငယ်နဲ့ နောက်မှာကိုယ်ရှိတယ်။ (ရှေ့ မှာတော့မနေရဲဘူးး))
    စိတ်မညစ်နဲ့ ပီဇာချန်ထားတယ်။
    Iora

    ReplyDelete
  6. တင်သမျှ ပိုစ့်ကို ဖတ်သူ

    ReplyDelete
  7. မလွှတ်ပစ်နိုင်ဘူး လေးလို့  မနိုင်ဘူး။
    မူဗာခေါ်ရမယ် တွန်းလှည်းလို့ တယ်။
    ဘာတင်တင်လာဖတ်ပါတယ်။
    အားငယ်တယ်ဆိုတာတော့မယုံဘူး မမ။
    နွားနို့ ဘူးက ဘာလို့ ဇောက်ထိုးဖြစ်နေတာလည်း။

    ReplyDelete
  8. အားငယ်ရင်များများစားရတယ်တဲ့၊ ရှေးလူကြီးတွေပြောတာ။

    depression ဝင်ရင် အောက်လမ်းနည်းသုံးပြီး မောင်းထုတ်ရတယ်တဲ့၊ အရည်းကြီးတွေပြောတာ။

    ReplyDelete
  9. မင်္ဂလာနံနက်ခင်းလေးပါနော်။ စေတနာပန်းခင်းမှ လာလည်သွားပါတယ်။ စာလေးတွေလည်း များပေမယ့် ဖတ်လို့ကောင်းပါတယ်။ အောင်မြင်ပါစေ။ http://saytanarpankhinn.blogspot.com/

    ReplyDelete
  10. အမလိုမျိုး တွေးမိကြပါတယ်.. ဒါဟာပုံမှန်ပါပဲအမရေ.. သွားတာ စားတာ ရေးသာရေးပါ ... အဲလောက်အချိန်မပေးနိုင်လို. အမကိုပဲအားကျနေရတယ်

    ReplyDelete
  11. မောင်ဝေးMarch 13, 2011 at 11:54 AM

    ကြည့်လိုက်ကြပါအုံး၊ သူပဲသိပ်ကူညီတတ်တာ၊ ဒုက္ခရောက်နေသူကို ဖုန်းနံပါတ်တွေဘာတွေပေးပြီး If you need me just call. ပြော၊ တကယ်ဖုန်းခေါ်ရင် မကိုင်တော့တာ၊ ကိုင်ရင်လဲ မအားသေးဘူးပြန်ဆက်လိုက်မယ်နော်နဲ့ လှိမ့်လွှတ်တာပြောထားပြီးတော့။ သယ်ရင်းတို့ရေ.. ညည်းတို့ရေနစ်နေတုန်း မမကွမ်ကိုလှမ်းမြင်ရရင် “ကယ်တော်မူပါ” မအော်နဲ့ အသေသာခံလိုက်။ နို့မှုတ်ရင် သူက လမ်းဘေးတွေ့ကရာ ရေခဲချောင်းဒုတ်လောက်ဟာ ကောက်ပစ်ပေးပြီး “တယ်ကူညီတတ်တဲ့ ဧရာမကယ်တင်ရှင်ကြီး ငါပါလား”
    လက်ဖဝါးနှစ်ဖက် ဖုတ်ဖက်ခါပြီး ကျေနပ်နေမှာ။ ညည်းတို့သာ သေမှာကသေမှာပဲ အလကားနေရင်း သူသာရာထူးတက်သွားရော.. ဟုတ်ဘူးလားဒို့ပြောတာ။
    မဘောက်ထော်: ဟုတ်ပ.. ဟုတ်ပ.. ကမောင်ဝေး။
    ကိုဘိုက်: မှန်လိုက်လေ။
    ကြက်သွန်နီ: ဒို့သဘောတူတယ်။
    စတီဗီဝမ်းဒါး: ငါ့အစ်မကို မဟုတ်တာ မစွပ်စွဲကြနဲ့။
    ဗျလစ်: ကမောင်ဝေးပြောတာ မှန်တယ်။
    မောင်ဝေး: တွေ့လား ဟုတ်တယ်ဟုတ်။
    သဘောတူသူဖက်က ၅ မဲ။ ကန့်ကွက်သူဖက်က ကာယကံရှင်ထဲ့တွက်ရင် ၂ မဲ။ ဒီအဆိုကို မဲအများနဲ့အတည်ပြုလိုက်တယ်။ ဒီမိုကရေစီခေတ်ရောက်ပြီကွ။
    (ဓာတ်ပုံတွေက ဆိုးရတဲ့အထဲ အတွေးတိမ်လုံးတွေ၊ မျှားတွေတပ်တဲ့ပညာဆန်းဒေ ဘယ်ကရလာလဲမသိဘူး။ အတတ်ဆန်းတွေနဲ့ ဒုက္ခပေးတော့မှာပဲ စိတ်ညစ်စရာ။)

    ReplyDelete
  12. ပျော်ပျော်နေ မမkom. ကိုယ် ပျော်ဖို့  ပဲ အရေးကြီးတယ်

    ReplyDelete
  13. မောင်ဝေးMarch 13, 2011 at 1:20 PM

    အေးလေဟယ် သူ့ကို ဗျစ်ပြောရင်လဲ ပြောချင်စရာ၊ ဗူးပေါ်ကနွားမကြီး ခြေလေးချောင်းနဲ့ နွားနို့ကြီးမိုးပေါ်ထောင်ထားပြီး ဓာတ်ပုံရိုက်ထားတာ ဘယ်လိုလုပ် မမြင်တာလဲမသိဘူး ဒုက္ခပါပဲမမကွမ်ရယ်။

    ReplyDelete
  14. အဲဒီခေါက်ဆွဲသုတ်ဆိုင်မှာ အမြဲတမ်း တို့ဟူးသုတ်ဝယ်တယ်။ ဆိုင်မှာတော့ မစားဘူး အိမ်ကို ဗူးနဲ့သယ်တယ်။ လွိုင်နိုင်းရှေ့ရောက်ရင်တော့ အရင်လိုများ ဆုံဦးမလားလို့ မျှော်ကြည့်မိပါသေးတယ်။ ကံကြမ္မာက တစ်ဖန်ပြန်မလာတော့ဘူးလေ ... (အမယ် .. နိပ်ဟ)

    ReplyDelete
  15. ချစ်ကြည်အေးMarch 13, 2011 at 3:00 PM

    ဟားဟားဟား စိတ်လေနေတုန်း ရီလိုက်ရတာ ကိုမောင်ဝေးရယ်....အေးလေ မမကွန်နဲ့ကျမှပဲ နွားမကြီး ဇောက်ထိုးဘဝ ရောက်ကရော....

    ကဒီဘီ...တို့လည်း လွိုင်နိုင်းမှာ စားပါတယ် ကံကြမ္မာက တဖန်မပြောနဲ့ တခါတောင် ပေးမဆုံတာ...အမယ်....(လာတယ်ဟ...)

    ReplyDelete
  16. အားမငယ်ပါနဲ့ လာလာ ဖတ်ပါတယ် :))

    ReplyDelete
  17. သပြေပန်းတွေစိမ်းနေတာပဲ..ခင်ထွေးရီ ..ပဲကပ်ကျော်တွေ ..ခေါက်ဆွဲသုတ်လေး စားကောင်းမယ်ပုံ.. ဈေးကွတ်၊7 days ဖတ်ကောင်းတယ်။ သဘောင်္သီးကြိုက်ရင် လာစားပါလေ။သဘောင်္ပင် သုံးပင်တောင် စိုက်ထားတယ် :)

    ReplyDelete
  18. အစားစားတာ ၀ါသနာပါပုံရတယ်နော်။ မင်္ဂလာနံနက်ခင်းလေးနဲ့ အတူ အလည်လာပါတယ်။ ခင်ဦးမေရေ၊ အားတဲ့အခါ စေတနာပင်းခင်းလေးကိုလာလည်ဘို့ဖိတ်ခေါ်ပါတယ်နော်။ သက်ရှိပန်းပွင့်လေးတွေ လက်ဆောင်ပေးမှာပါ။

    ReplyDelete
  19. စော(အဝါရောင်မြေ)March 14, 2011 at 2:31 PM

    အမ ပြောတာနဲ့  ဖြစ်နေတာနဲ့ များ တလွဲစီ ဖြစ်နေ သလားလို့ ။
    အမ site ကို ဒီလောက် ဝင်ခလုတ်၊ ထွက်ခလုတ် လာနေတာကို .. .. .. ။
    အင်းဒါပေမယ့် အဲဒါတွေ အားလုံးက Normal ပါပဲ။
    အားငယ်နေတဲ့ကြားက မာနလေးတော့ တွေ့ ရသား .. .. ..။ :P

    ReplyDelete
  20. မမကွန်ရယ်...ဘာမှအားမငယ်နဲ့ မိုးငွေ့ဆီလာခဲ့ ခုအစားတွေတင်ထားတယ်...
    စိတ်ပြေလက်ပျောက်အားပေးသွားနော်..။
    သူများတွေပူဆွေးကြေကွဲနေချိန်မှာ သူတော့ ဒါတွေတင်နိုင်သေးတယ် ပြောကြလဲပြောပါစေတော့..။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  21. မမရေ..အားငယ်နဲ့နော်...
    ညီမလေး ကူသယ်ပေးမယ်နော်...:P:P:P
    ကောင်းသောနေ့လေးဖြစ်ပါစေမမ။

    ReplyDelete