Saturday, March 12, 2011

unknown




မင်းသမီးများ.ရှေးက ကားပြန်ရိုက်မယ်ဆိုရင် ( သမီးကတော့လေ. အရင်ကားကို ပြန်ကိုမကြည့်ပါဘူး / ကိုယ့် စရိုက်နဲ့ကိုယ်သရုပ်ဆောင်ချင်လို့ပါဆို) တဲ့အင်တာဗျူးတွေ အတိုင်းဘဲ TZA ရဲ့ Unknown ကိုမြင်လိုက်တဲ့အခါ ကမန်းကတန်း သူ့ဘလော့စာမျက်နာကို ပိတ်လိုက်ရတယ်။


ဒီတစ်ခါတော့ ရုံထဲရောက်တာ စောတယ် ။ စောတယ်ဆိုတာ တောင် ငါးမိနစ်ဘဲ ။ တန်အောင်လို့ rest room တွေ ဘာတွေ လဲဝင်လိုကရသေးတာကို. ။ ဒါတွေက ရုပ်ရှင်ကြည့်မှ အဲဒီထဲမှာဝင်လို့ရတာ. ။ မကြည့်ရင်ဝင်လို့မရဘူး. ။ ဝင်တုံးကတော့ ကော်ဇော်နဲ့ ကြိုပြီး… အထွက်ကြရေင် နောက်ဖေးပေါက်ကနေ ထုတ်တတ်တဲ့ရုံတွေ ကတော့ တော်တော်များများဘဲ။

ဇတ်လမ်းအစမှ မင်းသာ က လေယဉ်ပေါ်မှာ မအိပ်ဘဲနဲ့စာအုပ်ကိုဟိုဖတ်ဒီဖတ် ရေခွက်ကလေးချ. ထားတော့ ပျိုတိုင်းကြိုက်တဲ့ နင်းဆီခိုင် ဖိနပ် ၁၄ ရံပိုင်ရှင် မာစီဒီကားပိုင်ရှင် ဂရိတ်ဗြိတိန်က Steve ကို သတိရမိတယ်။ အဲဒီလူကြီးက အိုက်တင်က ခန့်ငြားလွန်းတော့ သိတ်သန့်ပြန့်တဲ့သ.ူ အိုက်တင်တွေ မလိုင်တွေ များသူကို သတိရသွားတာတေား မဆန်းပါဘူး။

ဘေးက သူ့မိန်းမ နိုးလာတော့ မောင်ညက မအိပ်ဘူးလား။ နေကောင်းရဲ့လားမောင် တို့ဘာတို့ လုပ်ပြီး လက်ကလေးကိုင်ကြပြီး. လေဆိပ် ဘာလင်ကိုရောက်ကြ တယ်။ သိတ်ခန့်ငြားတဲ့လူကြီးလဲ လဝက မှာတော့အမေးခံရသေးတာဘဲ ဘာလာလုပ်တာလဲ ဆိုပြီး။ ငါတို့ ဘာအတွက် presentation ကိစ္စနဲ့လာတာဆိုလား. ။

လေဆိပ်ကနေ ထွက်လာတဲ့အခါ နင်းရေခဲ တွေ ကျနေတယ်။ ကြည့်ရတာ အေးလိုက်တာ. တို့သာ ဆိုရင် ဟပ်ချိုး ဟပ်ချိုးဖြစ်နေမှာဘဲ. ။ တက္ကစီပေါ်တက်သွားပြီး တက်က္ကစီကြီးထွက်သွားတဲ့အခါ အိတ်ကလေး တစ်လုံး တွန်းလှည်းပေါ်မှာ ကျန်ခဲ့တာ တွေ့ရတော့ပိုင်ရှင် အဲဒီလူကြီးအစား ဟာ ကနဲ ဖြစ်မိတယ်။ ပြီးတော့ကာ ဟိုတယ်ကြီးတစ်ခုကိုရောက် မီးမ က အရင်ဝင်သွားပြီးအဲဒီလူကြီးက တွန်းလှည်းဆရာ နဲတွးန်လာတဲ့သူ့လှည်းကို ကြည့်လိုက်တာ. ဟာ ကနဲဖြစ်သွာီး့ပီ. ဟာ ငါ့အိတ်ကျန်ခဲ့ပြီဆိုပြီး. ချာကနဲ လှည့်ပြီး တွေ့တဲ့တက္ကစီပေါ်ဖမ်းတက်ပြီး ကမန်းကတန်းလေဆိပ်ကို ပြန်သွားတာ မိန်းမ ကိုတောင် ဘာမှမပြောလိုက်မိဘူး မိန်းမ လဲ ကြောင်ပြီးကျန်ခဲ့တယ်။ အမှန်က ဒီလောက်ခန့်ငြားတဲ့ လူကြီးကလဲ မိန်းမကိုတော့ကမန်းကတန်းပြောခဲ့သင့်သေးတာပေါ့ ဒါပေမဲ့လဲ ဖြစ်တတ်တပါတယ်လေ. ဘယ်လောက်အရေးကြီးတဲ့ဟာတွေ အိတ်ကလေးထဲ ပါမှန်းမှ မသိတာ။ ဒါကြောင့်လဲ ထသွားပြန်ကြည့်ကျန်သည့်ပစ္စည်းတာဝန်မယူလို့ ရေးတတ်ကြတာ အမှန်မှာ တွန်းလှည်းမှာ အဲသလိုရေးရမှာ. ဒီလိုဆိုလဲ မဖြစ်သင့်သေးပါဘူးလေ. တို့လဲ မေ့ဘူးတယ် ရန်ကန်ုအတွက် အားဆေးဝယ်ပြီး အိတ်ထဲမထည့်ဖြစ်ဘဲ လက်ကကိုင်ထားတာ. ဘာဖြစ်လို့လက်ကကိုင်ထားမိမှန်း မသိဘူး မေ့သွားပြီး တွန်းလှည်းပေါ့်ကစကာထဲ့ ကျန်ခဲ့တယ် ပြန်သွားရှာသေးတယ် မရှိတော့ဘူး .။ အဲဒီတော့ကိုယ်ချင်းစာမိတယ်။




အလျင်လိုပါတယ်ဆိုမှ ကားတွေကလည်းပိတ်.. ဖုံးကိုလည်းတချိန်လိုံးကြည့် no signal ဆိုပြီးတော့ဘဲဖြစ်နေတယ်။ အဲဒီလူကြီးကလဲ auto roam မဖွင့်ခဲ့ဘူးလားမသိဘူး အခုလိုအရေးရယ်အကြောင်းရယ်ဆိုခက်တော့တာပေါ့ ဒါကြောင့်တို့မှာ တယ်လီဖုံးသုံးလုံး ကင်မရာတစ်လုံးသယ်ရတာ. သွားလေရာကို. ။

ကားမောင်းတဲ့ကောင်မလေးကို အမြန်ဆုံးလမ်းသွားဘို့အတွက် မဖြစ်နိုင်လားဆိုတော့ လဲကူညီချင်တဲ့ကောင်မလေးက လမ်းကြောပြောင်းပြီး ဝေါကနဲ ဝေါကနဲမောင်းပေးပေမဲ့ လဲကံက ဆိုးချင်တော့အရှေ့ကားကြီးတစီးကနေ ပစ္စည်းကြီးတစ်ခု ကဒုံးဒုံးဆိုပြီး ပြုတ်ကျလာတော့လည်းရှောင်ရင်းနဲ့ မောင်းရင်းနဲ့ တံတာပေါ်ကနေကားရော လူရော ကျသွားပါလေရော. အဲဒီလူကြီးလဲ ကားဘေးမှန်နဲ့ခေါင်းနဲ့တိုက်ပြီးမေ့သွားတယ်။ ကောင်မလေးကတော့ကားတံခါးကြိုးစားဖွင့်ပြီး ရေပေါ်တက်သွားပြီးကာမှ ဟာငါ့ခရီးသည် မပါလာဘူးဆိုပြီး ရေထဲ ပြန်ငုတ် တံခါးကို ဖွင့်မရ. ပစ္စည်းရှာ မှန်ကို ခွဲပြီး ခက်ခက်ခဲခဲ အဲဒီလူကြီးကို ရေပေါ်ဆွဲတင်း ambulance လဲရောက်လာ. အဲဒီလူကြီးကို CPR အသက်ကယ်တာတွေ လုပ်. (CPR လို့ပြောတတ်ရင် ဆရာဝန်ဖြစ်ရမယ်တို့ပညာတတ်ရမယ်တို့ ဘုတ်အုတ်ထဲကလို ခန့်မှန်းတာတွေ ရိုးနေပြီ. လူတိုင်းပြာတတ်တယ်။ ) ကောင်မလေးခမျာလဲ လန့်.ပြီးပြေးရော.

အဲဒီလူကြီးနိုးလာတော့ဆေးရုံးပေါ်ရောက်နေပြီ သူနာပြုဆရာမလေးက မလှဘူး။အ သက်လဲကြီးဘီ။ သူတို့လုပ်တာနဲ့ ဆရာမလေးတွေ ဆိုမလှဘူးထင်ကြပြန်ဦးမယ်။ ဆရာဝန်ကိုပြေးခေါ်တော့ ဆရာဝန်ရောက်လာပြီးမေးကြဖြေကြတယ်။ ထုံးစံအတိုင်း အတိတ်မေ့သွားပြန်တယ။် ဟိုနားတစ်စသတိရ. ဒီနားတစ်စ သတိရ .ဖြည်းဖြည်းချင်းရလာမှာပါလို့ ဆရာဝန်ကပြောတယ်။ (ဒါနဲ့စကားမစပ်. ဒီကားငါနဲနဲနားလည်နေပါလား။ )

အဲဒီလူကြီးကလည်းနိုးလာတာနဲ့ my wife ဆိုပြီးမေးတော့တာဘဲ.။ my wife တွေ သုံးတာများလွန်းလို့ kmsl ကိုသတိရတယ်။ ယူပြီးကာစကလဲ ငါ့မိန်းမ. ငါ့မိန်းမ နဲ့ တို့ကိုညွန်းတတ်လွန်းလို့အဲဒီတုံးက မိန်းမ မရှိသေးတဲ့ မောင်ဒေဝက မင်းကွာ. မင်းတစ်ယောက်ထဲ မိန်းမရှိတာ မဟုတ်ပါဘူးလို့ နားချရတယ် ဒီလောက်မကြွားဝါါပါနဲ့ဆိုပြီး.။

နောက်ဆူံးအဲဒီလူကြီးက My wife ကို စိတ်ပူတယ် မင်းနားမလည်ဘူးလား My wife ခမျာ ငါမေ့နေတဲ့ လေးရက်မှာ ငါဘာဖြစ်လို့ဖြစ်နေမှန်းမသိစိတ်ပူနေမယ်ဆိုပြီး. ဆရာဝန်က အတင်းတားနေတဲ့အထဲကနေ အတင်းဘဲ ဆင်းသွားတယ်။ လက်မှတ်တောင် ထိုးသွားရဲ့လားမသိဘူး။ ဆရာဝန်ကတော့ကူညီရှာပါတယ်. တို့လိုဘဲသိတ် ကူညီတတ်တယ်။ မင်း ဒီမှာ ဘာသာစကားအခက်အခဲဖြစ်ရင် ငါ့ဆီ အချိန်မရွေးဖုံးဆက်ပါဆိုပြီး. သူ့နံပါတ်ပေးလိုက်သေးတယ်။ တို့အတိုင်းဘဲ တို့လဲ လူတွေ့ရင်ဖုံးနံပါတ်ပေးတာဘဲ လိုတာရှိရင် ဆက်ပါ ဆိုပြီး ပြီးရင် ဟိုက ဆက်ရင်သာ မကိုင်တော့တာ ကိုင်ရင် လဲ အားသေးဘူးတို့ နောက်မှ ပြန်ဆက်ပါလို့ ပြန်ဆက်လိုက်မယ်နော် တို့ နဲ့နစ်သိမ့်လိုက်တာဘဲ တူလိုက်တာ.



နဲနဲချုံ့မှပါဘဲ အဲဒါနဲ့ my wife ကိုလိုက်ရှာလိုက်တာ my wife ကသူ့ကိုမသိဘူးတဲ့ ငါ martin ပါလေ ဆိုလဲဟုတ်ဘူးတဲ့ သူ့ husband martin က ဒီမှာတဲ့ .အဲဒီလူကြီးလဲရူးမလိုဖြစ်သွားတယ်။ my wife က သူ့ကို မသိဘူးဆိုတာရော. သူ့နေရာမှ ရောက်နေတဲ့ လူကိုရောကြည့်ပြီးဘာလုပ်ရမှန်းမသိတော့ဘူး. . ကြားထဲမှာတော့ တော်တော်များများပေါ့ သူလှူပ်ရှားပေါသေးတယ် သူ့ကို ဘယ်သူဘယ်ဝါပါလို့သိမယ်ထင်တဲ့သူကို. ထောက်ခံပေးမဲ့သူကို မတွေ့ရ သေးပြနဘူး။

အဲဒါနဲ့ နောက်ဆုံးရှာရင်းဖွေရင်းနဲ့ သူ့ကိုကယ်ခဲ့တဲ့ကောင်မလေးဆီရောက်သွားတယ် ကောင်မလေးက leave me alone ဆိုတာနဲ့ဘဲ သူ့အသက်ကို ကယ်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုပြီးပြန်ခဲ့ရတယ်။ ကြားထဲမှာတော့ အများကြီးလှူပ်ရှာေးသးတာပေါ့လေ. နောက်ဆုံးကောင်မလေးဆီ တစ်ခါ ပြန်သွားပြီ သူ့မှာ ရှိတဲ့ တန်ဖိုးကြီးပစ္စည်းထဲက လက်ပတ်နာရီကို ချွတ်ပြီး ဒါဈေးကြီးတယ် my wife က gift အနေနဲ့ပေးထားတာ ကိုလက်ခံပြီးငါ့ကို ဘာညာကူညီပါဆိုတာနဲ့ကောင်မလေးက လဲခင်သွားရော သူ့အိမ်ခေါ်သွားတယ်။ အဲဒီမှာ ရန်သူတွေ လိုက် လာပြန်ရောပြေးကြ.လွားကြ ချကြ. နောက်ဆုံးကောင်မလေးကဘဲ ကယ်ရပြန်ရော။ ကောင်မလေးကလဲခင်သွားပုံ သံယောဇဥင်္်ရှိသွားပုံရတယ်။ အဲဒီလူကြီး အရပ်ရှည်လို့ လားမသိဘူး။ ငါတို့မိန်းကလေးတွေကလည်းခက်ပါတယ် သံယောဇဉ်ရှိချင်ကြတယ်။ ပြီးရင် ကိုယ်ဘဲခံရတာ။

နိုက်ကလပ်ထဲဝင်ပြေးကြတာလဲ ပါတယ်။ နိုက်ကလပ်သိတ်ကြိုက်တာ.. အသံတွေ ဆူညံနေတာရယ် ကနေကြတာရယ်။ အမှန်က တို့က နိုက်ကလပ်မှာ အလုပ်လုပ်သင့်တာ. တို့ဝါသနာနဲ့ ကိုက်တယ်။ အသက်ကလည်းအမြဲငယ်နေတယ်။ အဲဒီထဲမှာ။ ကောင်မလေးက အဲဒီလူကြီးကို ခဏခဏစိတ်ဆိုးတယ်။ ဒါပေမဲ့ပြန်ရောက်ရောက် လာရှာတယ်။ ချစ်မိပြီထင်ပါရဲ့။ အဲဒီထဲမှာ အဲဒီလူကြီးက ရှပ်အကျီအကွက်.လေးနဲ့ my wife ကို ဖက်ထားတာ ပါတယ်။ ဘကိုသတိရပြန်ရော. ။ ဖဘထဲက ရှပ်အကျီအကွက်လေးနဲ့ သူ့ချစ်လေးကိုသတိရတယ်။

အဲဒီလူကြီးကျန်ခဲ့တဲ့ လက်ဂျေ်လဲ လေဆိပ်မှာ ပြန်သွားရှာတော့ ပစ္စည်းကျနှ်ုတဲ့ ငှာနမှာပြန်ရတယ်။ အဲဒါလဲ local ကောင်မလေးပါတာလည်လည်ဝယ်ဝယ်နဲ့ကောင်မလးက ဘဲဘာသာပြန်ပေးရပြန်ရော. သေတ္တာ password မေးတာ သူ့မှာ မနည်းစဉ်းစားဖြေရတယ်။ အဲဒါကြောင့်မို့ တို့ဆို အဲဒီ password တွေ မလုပ်ဘူး ဖွင့်လဲမဖွင့်တတ်. ပိတ်လဲမိပိတ်တတ်ဘူး သင်ောတ့သင်ထားတာဘဲ မမှတ်မိသေးဘူးဖြစ်နေတယ် လွယ်လါယ်ကူကူ သော့ဘဲခတ်လိုက်တယ်။



အဲဒီမှာ နားမလည်တာ က သူအလုပ်သွားအပ်တဲ့စုံထောက်လိုဘဲ why they want to take your place ဆိုတသလိုဘဲ. နောက်ဆုံးအခန်းနားမှာလက်ပတော့ထဲကနေ ပစဝ ဆင်ထားတဲ့အထဲကကို လှို့ဝှက်ချက်တွေ ရအောင်ယူတာ တောကလာတဲ့ သူအတွက်တော့အံသြစရာဘဲ. အဲဒီလူကြီးကို .စိတ်မနာနိုင်တဲ့ကောင်မလေးကလည်း ခဏခဏ ကယ်ရတယ်။ နောက်ဆုံးအခန်းနားမှာလည်းကယ်ရတာဘဲ ။ တစ်ချို့ပြကွက်တွေကတော့ရက်စက်တယ်။ သတ်တာမှာ ဓါးနဲ့ထိုးပြ.တော်ရောပေါ့ ထိုးပြရုံမက မျက်လုံးကြီးပြူးသွားတာတို့ ဘာတို့ နစ်ခါ လောက်ပြတယ်။ သူတို့ပြတော့ လဲကိုယ်မှ မကြည့်ရဲတာ မျက်စေ့မှိတ်ထားလိုကရတယ။် ဖြည်းဖြည်းကလေးဖွင့်ကြည့် ပြီးလောက်ပြီဆိုမှ အကုန်ပြန်ကြည့်.

ပြီးခါနီးနားမှ ဗုံးပေါက်မှာ စိုးလို့ ထင်တာဘဲ ပြန်သွားပြီး ဗုံးကို မပေါက်အောင် ကြိုးကာ ကို my wife ကိုကြိုးစားပန်းစာြးုဖုတ်နေရင်းနဲ့ ဗုံးပေါက်သွားတော့ my wife ပါ ပါသွားတယ်ထင်တာဘဲ. အဲဒီလူကြီးနဲ့ ဟိုကောင်မလေးကတော့လွတ်သွားတယ်။ နောက်ဆုံးသူတို့ ပစပို့ နောက်တစ်ခုနဲ့ နောက်တစ်နိုင်ငံကိုထွက်သွားရင်းနဲ့ အဆုံးသတ်လိုကတယ်။ အဲဒီလူကြီးကလဲ ပြောတော့သာ my wife , my wife နဲ့ နောက်ဆုံးအခန်းမှာ လူတွေ ပြေးကြလွားကြ. My wife ကိုလဲ မရှာဘူး။ သူမသိလိုဖြစ်မှာပါေ. My wife အဲဒီထဲမှာ ရှိနေတယ်ဆိုတာ. ။ ပြောတော့သာ My wife , my wife. ပါးစပ်ဖျားက မချ. နောက်ဆုံး အသစ်ကလေးနဲ့ဘဲပါသွားတာပါဘဲ . ဟင်း။

14 comments:

  1. " ပြောတော့သာ My wife , my wife. ပါးစပ်ဖျားက မချ. နောက်ဆုံး အသစ်ကလေးနဲ့ဘဲပါသွားတာပါဘဲ . ဟင်း။ " LOL, I have to be mentally prepared !!!

    ReplyDelete
  2. personal တွေ ယဲ့ယဲ့ တယ်။

    ယဲ့ယဲ့ = ထိုင်းလို (.....)

    ReplyDelete
  3. ထိုင်းလိုနားမလည်ဘူးဗမာလိုပြောပါ။

    ReplyDelete
  4. An Asian Tour OperatorMarch 12, 2011 at 1:42 PM

    အော်.. မိုင်ဝှိုက် မိုင်ဝှိုက်။

    ReplyDelete
  5. စာလာဖတ်တယ်

    စူးနွယ်လေး

    ReplyDelete
  6. အင်းဟုတ်တယ်နော်...ပြောတော့သာ my wife, my wife ..ပါးစပ်ဖျားကမချ နောက်ဆုံးတော့ အသစ်လေးနဲ့ ပါသွားတာပါပဲ....
    စာလာဖတ်သွားတယ်မမရေ.။
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  7. ယောကျာင်္းဆိုတာ ဒီလိုပဲ ၇ကာစမှာ
    မိန်းမတွေကို လက်ပတ်နာ၇ီလို အမြဲပတ်ထားတယ်
    ကြာလဲကြာသွားေ၇ာ တိုင်ကပ်နာ၇ီလို အိမ်မှာကပ်
    ထားတာပါပဲလေ..ဟုတ်လား..

    ReplyDelete
  8. စာလာဖတ်သွားပါတယ်ဗျာ။

    ReplyDelete
  9. မောင်ဝေးMarch 12, 2011 at 9:15 PM

    အဲဒါအားလုံး မမကွမ်ရဲ့အပြစ်၊ နောက်ဆုံးအခန်းမှာ လူတွေပြေးကြလွှားကြတုန်း မမကွမ်က “ဟေး! ကိုရွှေဘ ခင်ဗျားရဲ့ My wife က အဲဒီထဲမှာရှိနေတယ် မြန်မြန်ပြန်သွားကယ်ထုတ်လေဟာ” လို့ သူသိသွားအောင် ထ,အော်ပြောလိုက်ပါတော့လား။ ကိုယ်က သိနေလျှက်သားနဲ့ မမကွမ်မို့ ဘာမှမပြောဘဲ ပါးစပ်ပိတ်ပြီးထိုင်ကြည့်နေရက်တယ် ဟင်း..။

    ReplyDelete
  10. မောင်ဝေးMarch 12, 2011 at 9:26 PM

    ပြီးတော့ အစားအသောက်ဓာတ်ပုံတွေက ဘိုင်စကုတ်နဲ့ ဘယ်လိုပတ်သက်လို့လဲ? ဘာအစားအသောက်တွေလဲ? ထဲ့ရေးမထားဘဲ ခပ်တည်တည်နဲ့ ရောညှပ်တင်ထားတယ်။ နေကြာစေ့၊ စာကလေးခွေ၊ ဇီးယိုထုပ်တွေလို ဘိုင်စကုတ်ရုံထဲ စားလို့ရတာတွေလဲ မဟုတ်ဘဲနဲ့၊ ဘာမှမဆိုင်ဘဲနဲ့ လူလည်ကျထားလိုက်တာ မကွမ် ဟင်း..။

    ReplyDelete
  11. စာလေး ဖတ်သွားတယ်နော်။ အောင်မြင်ပါစေ။ http://saytanarpankhinn.blogspot.com/

    ReplyDelete
  12. ကျောက်KnownMarch 13, 2011 at 12:26 AM

    ဒို့လဲ nurse ရုပ်ဆိုးတာတွေ့ရင်..ပြန်ပြီးသတိမေ့သွားတတ်တယ်..
    အော်..မင်းသားနဲ့ ငါနဲ့ သဘောချင်းနှောလိုက်လေခြင်းနော်..
    အဲ...my wife ကတော့ မရှိဖူးလို့ တခါမှ မအော်ခဲ့မိဘူး..

    ReplyDelete
  13. တို့လဲ ရောက်လာတယ်... မိုင်ဝှိက်လဲ မအော် ယဲ့ယဲ့လဲ မအော်ဘူး... စာတွေတော်တော်များလာ သားပဲ အန်တီကွမ်း

    ReplyDelete
  14. ဖတ်ရင်းရယ်နေတယ်..။
    သိတယ်အတိုင်း အရယ်သန်တယ်..။
    နောက်..
    .............
    ကော်မန့်တစ်ခုဖတ်ရတော့ ပိုရယ်မိတယ်..။

    ReplyDelete