Friday, May 6, 2011

ပေါ်လီကွန်




ခဥမ သည် အန်မတန်စိတ်ကောင်းရှိသောသူ တစ်ဦးဖြစ်သည်ကို ဤသို့သရုပ်ဖော်အံ့. တနေရာတွင် အကြောင်းတစ်ခု ဖြင့်ထိုင်စောင့်နေရာ ပျင်းလွန်းသောကြောင့် မုန့်ထဝယ်စားပြီး သကာလ အချဉ်ထုတ်. ကရင်ဆိုဒါ. မုန့်လေပွေကဲ့သို့ အရာများထိုင်စားပြီးသကာလ ငုံ့ကြည့်လိုက်ရာ.





မုန့်လေပွေ အကြီးမှ ပဲ့ကျသွားသော အပိုင်းကြီးကို ပရွတ်ဆိတ်များ ကြိုးစားသယ်နေသည်ကိုတွေ့လေ၏. မုန့်မှာကြီးလွန်းလှသဖြင့် ပရွတ်ဆိတ်များမနည်းကြိုးစားနေသည်ကိုမြင်ရလေရာ ကူညီတတ်သော ခဥမသည် မုန့်လေပွေ ကြီးကို အသာလေးပြန်ကောက်ရွေ့ အစကလေးများချွေချပေးလိုက်ရာပ၇ွတ်ဆိတ် ထုကြီးတစ်ထုလုံးသည်အားရဝမ်းသာ လျှင်မြင်စွာ သယ်သွားလေရာ ခဏအတွါင်းတွင် မုန့်လေပွေကြီးမှာ လေယူရာမပါဘဲ ပွတ်ဆိတ်များနောက်သို့ ပါသွားရလေ၏. ခဥမ ကားပီတိဖြစ်ရွေ့မဆုံးချေ။


27 comments:

  1. ကောင်းလေစွ
    အန်အေ

    ReplyDelete
  2. ကောင်းလေစွ...
    အန်အေ

    ReplyDelete
  3. ကောင်းလေစွ... ပါဗျား။
    အန်အေ

    ReplyDelete
  4. ကျေးဇူးရှင်ကြီး ကျန်းမာ ပါစေ.....
    (ပရွက်ဆိတ် မိသားစု)

    ReplyDelete
  5. အယ်.... မေတ္တာရှင် ဘလော့ဂ္ဂါကြီးပေါ့ရေရရရ။ အဲ့လိုစေတနာမျိုးဆိုတာ ရှာမှရှားပါလားနော်။ အဟီးးး

    ReplyDelete
  6. ပုရွက်ဆိတ်ထုကြီးကိုယ်စား ဝမ်းသာမဆုံး ဖြစ်ပြီး မမခင်ဦးမေကိုယ်စား ပီတိဖြစ်၍ မဆုံး ဖြစ်နေရပါသည်...။
    ကောင်းသော သောကြာနေ့ပါ မမ...

    ReplyDelete
  7. စော(အဝါရောင်မြေ)May 6, 2011 at 9:04 AM

    ကြည့်သောသူ မြင်၏ မဟုပ်တော့ဘူး။ ကြည့်သောသူ ကုသိုလ်ရ၏ ပေါ့။
    ဟုပ်ဘူးလား?

    ReplyDelete
  8. keep it up! ;0)

    ReplyDelete
  9. အားကျစရာ။ သူများတွေများနေရင်ထိုင်ရင်းကုသိုလ်ရသွားလိုက်တာ။ စိတ်ထားတတ်ရမယ်ဆိုတာဒါမျိုးဖြစ်မယ်။
    ပီတိကိုစားအားရှိ၏။ တဲ့

    ReplyDelete
  10. အိုင်ဆေး
    ကျွနှ်ပ် ကောင်းမွန်ဝင်းသည် ခဥမ ၏ အနှီမည်သော စိတ်ထားနှင့် အရေးအသား တို့အား အလွန်ပင် နှစ်ခြိုက်စွဲလမ်း မိရပေတော့သည်။

    ReplyDelete
  11. သာဓုဗျာ သာဓု

    လောလောဆယ် သာဓု (၂)ကြိမ်ခေါ်ထားတယ် ...

    မမkom အိမ်မှာ ပုရွတ်ဆိပ်တွေများနေလို. ဒေါသမထွက် ၊ မသတ်ရင် နောက်ထပ် သာဓု (၁) ကြိမ်ထပ်ခေါ်ပါ့မယ် ....

    ဒါနဲ.စကားမစပ် ပို.စ်ခေါင်းစဉ် "ပေါ်လီကွန်" ဆိုတာ ဘာအဓိပ္ပါယ်လဲဗျ ...

    စိတ်ညစ်ပြီး Google Account ကို sign out လုပ်သွား ....

    ခင်တဲ့

    Z

    ReplyDelete
  12. ညောင်စေ့လေးလောက် လှူပေမဲ့  ညောင်ပင်ကြီးလောက်၇တယ်ဆိုတာ ပေါ်လီကွန် ကိုပြောတာနေမှာနော်

    ReplyDelete
  13. ZZZ...

    ပေါ်လီကွန် ဆိုတာ ပေါ်လီယာနာ က လာသကွဲ့...

    (အဖွားကြီး လေသံဖြင့် ဖတ်ပါရန်)

    ReplyDelete
  14. ပါလီကွန်ပြီးရင်
    လန်ဒန်ကွန်တို့ 
    မစ်တာရှင်အန်တီဦးဦးမေတို့  လုပ်နော်

    ReplyDelete
  15. ဘင်လာကွန်းတော့ မလုပ်လိုက်နဲ.နော်

    နေဗီဆီးလ် နဲ.တွေ.သွားဦးမယ် ....

    ReplyDelete
  16. မောင်ဝေးMay 6, 2011 at 1:41 PM

    အာ.. ဒီအရွယ်ရောက်မှ ဘယ့်နှယ် ပရွက်ဆိတ်တွေနဲ့ သွားကစားနေရတာတုန်း၊ ဘာတွေရေးတင်နေမှန်းလဲမသိ၊ မောင်ဘရေ.. နင့်အစ်မကွမ် ခုတလော ဘာတွေလျှောက်ရေးလို့ ဘာတွေလျှောက်တင်နေမှန်းမသိ၊ ခင်ဗျားပြန်ရောက်ရင် နဲနဲဝင်ပြီးကြိမ်းမောင်းပြောဆိုစမ်းပါအုံး၊ ဒီအတိုင်းဆက်လွှတ်ထားရင် နောက်ထပ်ဘာပို့စ်တွေတင်ပြလာမလဲမသိဘူး သူ့ကိုနာနာပြောမယ့်သူဆိုလို့ ခင်ဗျားပဲရှိတော့တယ်။ (အငှားဗိုက်နဲ့ဓားထိုးခံတာမဟုတ်၊ လူမိုက်ငှားပြီးရိုက်ခိုင်းနေတာ ဟီး..)

    ReplyDelete
  17. နောက်တစ်နည်းရှိသေးတယ်. .ပေါ်လီကွမ်း ခင်ဗျာ... လက်သည်း ခြေသည်းများ အရှည်မထားတတ်သူဖြစ်ပါက...

    ပုရွက်ဆိတ်များသည်. ..ခြေသည်းလက်သည်းများ အလွန်နှစ်သစ် တတ်ပါကြောင်း...


ှဆိတ်နိုင် ငံ စားနပ်ရိက္ခာ ဖူလုံးရေးအဖွဲ့
    ပုရွက် အဖွဲ့ခွဲ ၀န်ဂျီး

    ReplyDelete
  18. (Good)3..................:D
    I often did what Moe Yan said in my childhood.No ants in Swiss may be just around mine....:)...or....:(
    GD

    ReplyDelete
  19.း)).. ဒီတစ်ခါ ဖတ်ပြီး တကယ်ကို ပြုံးသွးရတယ်.. သာဓုပါဗျာ..း))

    ReplyDelete
  20. ဤ ကိစ္စနှင့် စပ်လျဉ်း၍ မြန်မာအစိုးရသစ်သည် နာရေးကူညီမှုအသင်း ဥက္ကဌ (ငှက္ကဌဟု မဖတ်ရ) ဦးကျော်သူကို လုပ်ကြံရန် ကြံကြံဖန်ဖန် ကြံစည်နေကြောင်း . . .

    ReplyDelete
  21. မုန့် လေပွေအပဲကြီး သူပြန်ဆွဲယူလိုက်လို့  ပုရွက်ဆိတ် အကောင် ၂၀ သေပြီး၊ ၁၅ ကောင် ခြေကျိုးသွားတာ ကျ ထည့်မပြောဘူး။ :))))))))))

    ReplyDelete
  22. တော်ပေစွ. . .
    တော်ပေစွ . . .
    ဂရုဏာကြီးပေစွ. . .
    ကောင်းလေစွ. . .

    ReplyDelete
  23. အပေါ်ပုံက ဇီးထုတ်နဲ့ အချဉ်ထုတ်တွေ စားချင်လိုက်တား(

    ReplyDelete
  24. မမ တော်တိတီတီးတော် ပဲ

    ReplyDelete
  25. ပရွက်ဆိတ်ထုကြီးတစ်ရပ်လုံးကိုယ်စား
    ကျေးဇူးအထူးတင်ရှိပါ၏။။။
    အပေါ်ကဆီးထုပ်နဲ့ မက်မန်းပေါင်းများကိုတော့
    အလင်းသစ်သို့ လှူပါရန်။။။
    အားပေးသွားပါတယ်ဗျာ။။။

    ReplyDelete
  26. မမရေ မက်မန်းသီထုပ်တွေ စားချင်တယ်...အဟီးး:):)
    သင်တန်းလေးကြောင့် ပု့မှန်မရောက် ဖြစ်တာပါမမရေ...
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  27. အိုင်ဆေး ကျွနှ်ပ် ကောင်းမွန်ဝင်းသည် ခဥမ ၏ အနှီမည်သော စိတ်ထားနှင့် အရေးအသား တို့အား အလွန်ပင် နှစ်ခြိုက်စွဲလမ်း မိရပေတော့သည်။

    ReplyDelete