Wednesday, May 4, 2011

TV



တီဗွီ ၃၂ လက်မ တစ်လုံး စလုံး ၁၉၉ ဆိုရင်စိတ်ဝင်စားမလား. စိတ်ဝင်စားတာပေါ့ 10 set only .ဒါဆိုရင်တော့ မလွယ်ဘူး. မသွားတာကောင်းမယ်ထင်တယ်။ မိုးလင်းတော့စိတ်ပြောင်းသွားတယ် အလကားနေအလကားသွားတန်းစီတာပေါ့ ဆိုပြီး တက္ကစီနဲ့လစ်သွားတယ် ။ မနက် ခုနစ်နနာရီ ကအိမ်ကထွက်သွားတယ်။ နဲနဲတော့စောရောက်တယ။် ဒါပေမဲ့ ဆန်းတက်ကြီးကအကျယ်ကြီးမို့လို့ နေရာပျောက်နေလို့လိုက်ရှာရတာရယ်။ rest room လေးဝင်ပြီးခေါင်ဖြီးလိုက်တာရယ်နဲ့ခုနစ်ခွဲသွားတယ်။ ဖွင့်တာက ဆယ်နာရီလား ဆယ့်တစ်နာရီလားမသိ. လူရှင်းနေတယ်။ အောင်မယ် ဒီတစ်ခါ ငါအတော်စောတာဘဲဆြိုီပီးပီတီဖြစ်သွားတယ် level 4 ရောက်ခါမှ heart ထိသွားတယ် မနည်းမနောလူတွေပါလား. ဘယ်ကနေဘယ်လိုစစီရမှန်းတောင်မသိဘူး ရှေ့ပြန်နောက်ပြန် နစ်ခေါက်လျှောက်လိုက်တယ်။ နဲနဲတီးခေါက်လုကိတယ် ပြောပြီးပါရောလား. လူချစ်အောင်ပြောတတ်ပါတယ်ဆို. (မပြောတာတစ်ခုဘဲ) မြန်မာအမျိုးသမီးတစ်ယောက်ကသူတို့နဲ့ဝင်စီလို့ရတယ်တဲ့ တစ်နေရာရှိတယ်တဲ့ ခက်တာက သူလိုချင်တာနဲ့ ကိုယ်လိုချင်တာ လိုင်းချင်းမတူတာနဲ့ ကျေးဇူးဘဲတင်လိုက်ရတယ်။

ဂျာနယ် နစ်စောင်ဆွဲသွားတာ တက္ကစီပေါ်မှာ မေ့ကျန်ခဲ့ပြန်တယ။် ပြာယာပြာယာနဲ့ဆင်းလာမိတယ်။ ညကလည်းအိပ်ပျော်သွားတော့တယ်လီဖုံးလေးလုံး ဘက်ထရီမထည့်ခဲ့မိပြန်ဘူး။ သုံးမယ်ဆိုရင် ဘက်ထရီမရှီတာချည်းဘဲ မသုံးဘူးဆိုရင်ောတ့ဘက်ထရီကအပြည့်..



စီတယ်စီတယ်။ အကြာကြီးစီတယ် အရှေ့အနောက် ခေါက်တု့န်ခေါက်ပြန်လုပ်ပြီး enquiry တယ်။ တီဗွီ ၁၉၉ လာစီတာဆိုရင်တော့မေ့လိုက်တော့တဲ့ ကိုယ့်အရှေ့မှာ လူတစ်ရာလောက်မကဖြစ်နေပြီ။ အင်းဒါပေမဲ့လဲ လာပြီးမှတော့ရအောင်တော့စီရမှာဘဲ . ကြော်ငြာလေးရှေ့ချပြီိးစိတ်ကူးယဉ်တယ်။ ဆောင်းဘောက် ဖီလစ် ၉၉ ကျပ်ဝယ်ရင်ကောင်းမလား။ ကင်နွန်ကင်မရာ ၁၃၉ ကျပ်ဝယ်ရင်ကောင်းမလား အဝတ်လျော်စက် ၉၉ ကျပ်ဆိုတာဝယ်ရင်ကောင်းမလား.၂၉၉ ကျပ်တန် နုတ်ဘုတ်လေးဝယ်ရင်ကောင်းမလား. ၁၉၉ ကျပ်နဲ့မရရင်တော့ ၄၀ လက်မ ကို ၃၉၉ နဲ့ဘဲဝယ်လိုက်ရကောင်းမလား. စိတ်ကူးယဉ်တယ်။ ကိုကိုဒီဘီကိုများတွေ့မလား ဟိုရှာဒီရှာရှာတယ်။ ဒါပေမဲ့သူက ၁၂ လောက်မှ လာတတတ်တာလေ သေထိန်းဆိုတော့စီစရာမလို ကြိုက်တာကောက်ဝယ်သွားတာဘဲ။

ကူပွန်လေးတွေ စဝေတော့ excited ဖြစ်ရတယ်။ ဘာရှိသေးတယ်ဘာက sold out ဆိုတာကို မြင်နေရတယ် မြင်နေရဆို ဆိုင်းဘုတ်ကြီးထောင်ထောင်ပြတာကိုး အဝေးကနေလှမ်းဖတ်ပြီး ဘုရားစာဘဲပြေးရွတ်ရတော့မလို အဓိငှန်ဘဲပြေးဝင်ရောတ့မလို ..လိုချင်တာကိုး . ၃၂ လက်မ ၁၉၉ ကျပ်ကတော့တန်သကွယ်။ လိုချင်ပါဘိ. အနားရောက်ခါနိးမှ ကြည့်လိုက်တော့လိုချင်တာတွေ အားလုံးကုန်သွားပီ. သွပ်သွပ်. ရှူးရှူးဝင်ပေါက်ခဲ့တာဘဲ နောင်တ ရ.ရတော့မလို နောက်တစ်ခါ ဝင်ပေါက်စရာမလို. အပေါ်ထပ်မှာတင် ဗဲရီးဂွတ် rest room ရှိသည်. ရေဘူးမပါဘဲ dehydrated အဖြစ်ခံပြီးစီထားတာ ဘာဝယ်ရမှန်းမသိဖြစ်သွားတယ်။ ရွတ်. ကိုယ့်အလှည့်ကြတော့ဘာယူမလဲဘာယူမလဲ နဲ့ ဝိုင်းမေးကြတဲ့အချိန်မှာ ထုံးစံအတိုင်းချီတုံချတုံဝေခွဲမရဖြစ်သွေားပြန်တော့ ချီတု့န် ချတုံ ဖြစ်တတ်လွန်းလို့ ယောက်ကျားယူဘို့ဆုံးဖြတ်ချက်. အဲလေ ဘယ်ယောက်ကျားယူဘို့ဆုံးဖြတ်ချက် ချမိတာ တော်ပသေးရဲ့ .



လိုရင်းပျောက်သွားတယ။်အဲဒီမှာ စိတ်မ၇ှည်တဲ့ကိုယ့်နောက်က တစ်ယာကက်ကလည်းေ၇ှ့ကိုအတင်းတိုးလာလို့ကိုယ့်ကိုယ်လုံးကြီးနဲ့ ကာထားရတယ်။ wait wait လို့လဲပြောရသေးတယ။် အဲသာနဲ့ဘဲ တွေ့ရာလက်ညိုးထိုးလိုက်တယ်။ အဲသာနဲ့ဘဲ ၃၉၉ တောင်မရတော့ဘဲ အဲသလြို အဲသည်ထက်ဈေးကြီးတာ ဖြစ်သွားတယ်။ ဖြစ်သွားတော့ဘာဖြစ်လဲ ကြည့်ရတာပေါ့ကွယ်။ မမ တီဗွီကံHD လေ. ဟင်း. ဟင်း LED တော့ဟုတ်သေးဘူး. ဟုတ်လိုက်ရင် လခပြုတ်သွားမှာဆိုးလို့ furniture ထပ်ဝယ်ရင် ဘယ်လောက်လျော့ပေးမယ်ဆိုတဲ့ ဘောက်ချာတွေပေးသေးတယ် အလကားရတိုင်းထပ်ဝယ်မယ်ထင်သလား နိုးမန်းနီးဖြစ်သွားပီ. တွေ့တဲ့သူလက်တို့ပြီးပေးခဲ့တယ်။



အင်း လမ်းကြုံတာနဲ့ MP3 ..MP 4 လေးတော့ဆွဲလာသေးတယ်။ ကာဗာတစ်ခု တစ်ကျပ်နဲ့ရောင်းသေးတယ် အဲ. မလိုတော့ပါဘူးဆိုပြီးဝယ်မယ်လုပ်ပြီးမှ ပြန်ချခဲ့ရသေးတယ်။ တယ်လီဖုံးလေုးံး ကင်မရာတစ်လုံးနဲ့ပေါင်းပြီး. ..........လည်ပင်းကလေးမှာဆွဲလိုက်ရ..... ဝုဘရခ်ခ်ျသာ ပို့လုကိပါတော့..

အို.အို..x လိုက်မယ်ထင်လို့လား ခြေကန်ငြင်းမှာပေါ့.

18 comments:

  1. ယောက်ျားယူဖို့ ဆုံးဖြတ်ချက်ချ တာ................. ဟဲဟဲ

    အမ်ပီဖိုးလေး ပေးပါလားဗျာ

    ReplyDelete
  2. funny
    i can sense honesty in every post and can make us relax
    thanks

    ReplyDelete
  3. အင်း . . .သူပြောမှ မိန်းမယူဖို့ ဆုံးဖြတ်ချက် မချမိတာကို နောင်တပဲ ရမိတော့မလိုလို. . .လိုလို.. .

    MP3 MP4 MP5 ဆိုတာတွေ ဘာမှန်းကို မသိဘူး။ လက်ဆောင်ပေးမဲ့သူများ ရှိရင် သိပ်ကောင်းမှာပဲနော်. . . . အို . . အို . . တကယ်လာပေးရင်. . . နှစ်ခုယူပလိုက်မယ်။

    ReplyDelete
  4. စော(အဝါရောင်မြေ)May 4, 2011 at 10:40 AM

    TV?

    စလောင်းပဲ လိုခြင်တယ်။

    ReplyDelete
  5. အိုင်ပက် ချောင်းပက် လိုချင်တယ်။


    Xထုံ

    ReplyDelete
  6. ပစ္စည်းသစ်လေးတွေကြည့်ပြီး ပီတိတွေဇြစ်နေမဲ့ပုံကိုမြင်ဘူးချင်လိုက်တာကွာ။
    အိုင်အိုရာ

    ReplyDelete
  7. မမကွမ်ကြီး ရောဂါတက်အောင်လာလုပ်တယ်
    ဒီက ၃၂ သေးတယ်ထင်လို့ ပြောင်းချင်နေတာနော်

    အော် စာရေးတာ ဘတ်လို့ပိုကောင်းလာတယ်
    ကါန်မန့် ရော့သွားပေမယ့် အားမလျော့နဲ့

    အမြဲလာဘတ်ပြီး ကွမ့် အတွက် ကွန် မချန်တဲ့ ကိုယ့် လိုလူတွေများလာတာဖြစ်မယ် ခေတ်ကြီးက မြန်နေပြီ သွားသုတ်သုတ် လာသုတ်သုတ် ဘလောခ် ဘတ်လဲ သုတ်သုတ်ပဲ ကါန်မန့် ရေးဖို့အချိန်မရ

    ReplyDelete
  8. စကားမစပ် အကုန်လည်ပင်းမှာ ချိတ်မယ် ဆိုတော့ အကြွားထူးတဲ့ နန်းဆု အသံတကယ်ဆိုး ကို သတိရသွားတယ်
    အိုင်ဒီယာ ထင်တယ် မျက်နှာဖုံးမှာ
    အိုင်ပေါ့ ရယ် ဖုန်းရယ် လက်ထဲမှာ အမ်ပီ ၄ ရယ် အကုန်အကုန်

    ReplyDelete
  9. Soooooooooooooooooooocute.LVU(the post only cos no blogger's photo seen)........:D
    GD

    ReplyDelete
  10. အိုက်ရိုရိုးးးးး
    တော်ပြီ အဲ့ဒါမျိုးဆိုသွားမစီတော့ဘူး ။
    နေုာက်မို့ ယောကျာ်းယူဖို့များဆုံးဖြတ်ချက်ချမိမလားလို့..။ :P:P

    ReplyDelete
  11. ဟင်...အစ်မကွန်....ဟိုးတလောကလည်း suntec cityကပဲ
    TVကြီး မလာသေးတယ်ဟုတ်...၊ကြည့်ရတာ...ကိုမဆလာ
    က တစ်လုံးသက်သက်၊အစ်မကတစ်လုံးသက်သက်ကြည့်
    ချင်လို့ထင်ရဲ့....:)))။ကျွန်တော်တို့ရောက်တော့ အဲ့၃၂လက်မTVကြီင်္းတွေ တစ်မမနဲ့လူတွေတွေ့ပါ့...၊
    အစ်မကွန်လို့ထင်ရတဲ့တစ်ယောက်တောင်တွေ့ခဲ့သေး....:)

    ReplyDelete
  12. ယောင်္ကျားယူဖို.ဆုံးဖြတ်ချက်ချလိုက်တာ မှန်ပြီး မမကွန်း ကံကောင်းသွားတယ်၊ နောက်ဆိုရင် မမကွန်းတစ်ယောက် ခုထက်ထိ အပျိုကြီးများဖြစ်နေမလားမသိဖူး၊ ကိုမဆလာကြီး ကံဆိုးသွားတယ်၊ ခွိခွိ ..

    နောက်တာပါ

    နှစ်ယောက်စလုံးကံကောင်းသွားပါတယ်၊

    ခင်တဲ့

    Z

    ReplyDelete
  13. ဝုဘရခ်ခ်ျက နာမည်ပြောင်းထားတယ် SGHကDr. Lee ဆီ သွားပါ

    ReplyDelete
  14. ဘော်ဒီကြီး နဲ့ကာ ပြီး ၀ိတ် ၀ိတ် လို့ ပြောတာ .. ဟိုငတ တော့ အတော်ဖြုံ သွားမှာ ဘဲ ...

    ReplyDelete
  15. သရေကျလိုက်တာ..... ရှလွတ်. LCD 40

    ReplyDelete
  16. ကာဗာတစ်ခု တစ်ကျပ်နဲ့ရောင်းသေးတယ် အဲ. မလိုတော့ပါဘူးဆိုပြီးဝယ်မယ်လုပ်ပြီးမှ ပြန်ချခဲ့ရသေးတယ်။

    ဒါ့ကြောင့်လဲ ကွန်ကွန်ကွန်ကွန် နဲ့ဖြစ်နေကြတာကိုး။

    ReplyDelete
  17. ဒါဆို တန်းမစီတော့ဘူး ယောက်ျားယူဖို့ ဆုံးဖြတ်မှ ထင်ရဲ့

    ReplyDelete
  18. SSA သောင်းကျန်းသူတွေသတ်ဖြတ်လို့ သေကြေသွားရတဲ့ ပညာရေးဝန်ထမ်း ဆရာ ဆရာမများ(ဓာတ်ပုံ)

    http://padaukmyay.blogspot.com/2011/05/blog-post_2089.html

    ReplyDelete