Tuesday, May 31, 2011
ဂေါ်လီကွမ်း
ဟိုယခင်က တစ်ချို့သောသူများမဆင်းရဲ့ပါဘဲလျှက်ဆင်းရဲချင်ယောင်ဆောင် ခုံဖိနိပ်ကြီးေ၈ါက်ဂေါက်စီ. ဆေးပေါ့လိပ်လက်ကြားညှပ်. လွယ်အိတ်စုတ်ကြီးလွယ်ကာ ဘာညာ ပြောကြသကဲ့သို့ ခင်ဥမေသည်လည်း စိတ်ညစ်သည်ဟု ဆိုကာ ပျော်ရွင်စွာနေလေ၏.
ယနေ့အတွက် စားသောရိတ်ခါ မှာ မနက်မိုးလင်း နွားနို့ မတ်ခွက်နင့် တစ်ခွက် ဆယ်နာရီခန့်နှိုက် နက်စ်တစ်ဗူး. နေ့လည်တွင် တေးအိုအိုက်စ် တစ်ထုတ်ဖြစ်၏. တစ်ထုတ်ဟု ပြောရသည်မှာ တာပေါင်း/ bungkusan လုပ်သောကြောင့်ဖြစ်သည်။ အရည် ကြီးဘဲသောက်နေသောကြောင့်ယခင်က တိုက်ဖွိုက်ဖြစ်လျှင် အစာအမာ မစားရဘူး ဆိုသည်ကြားဘူးသည်ကို သတိရရွေ့ မိမိကိုယ်တိုင် တိွု့က်ဖွိုက်များဖြစ်နေသလားစဉ်းစား၏။
ညနေစာမှာ ကြက်သားအပြားထည့်ထားသော ပေါင်မုန့်ဖြစ်၏. ဘိုက်မဝသောကြောင့် Nesvita 3:1 ဆိုသည်ကိုဖျော်သောက်လိုက်၏. ဘာမှန်းတော့မသိ. ဘိုက်ပြည့်ပြီးရောဖြစ်သည်။ အနည်းငယ်ပိန်သွားရာ ဝမ်းသာမဆုံးချေ. ဆွိ တို့ကို ပြိုင်ဖိုက်နိုင်တော့မည်ဟုဝမ်းသာ၏။
ထမင်းမချက်ရသည်မှာ ချမ်းမြေ့စရာကောင်းလှသည်။ စိတ်ညစ်သည်ဟုဆိုကာ အိမ်မရှင်းဘဲ အိမ်ထဲတွင်ကွေ့ပတ်ကာ လျောက်ကာနေ၏. ခလုပ်တိုက်လျှင် ခြေထောက်နင့် တွန်းလိုက်၏. တစ်ချို့ကို လက်နင့်တွန်းကာ လမ်းဖောက်လိုက်၏. ရပ်ရွာမှသိမှာ စိုးရွေ့ တစ်ခါးကိုခပ်ဟဟသာ ထားရ၏. မတော် ရပ်ကွက်လူကြီးမှ လာကာ အားလုံးကို လွတ်ပစ်လိုက်မည်ကို စိုးရ၏.
သတင်းစာမယူတော့ဟုပြောလိုက်၏. ဝမ်းနည်းသွားမည်စိုး သောကြောင့် အခိုက်အတန့် သာဟု နစ်သိမ့်လိုက်၏. သတင်းစာမဖတ်ဘဲ ဘလော့နင့် ဖဘသာ ဖတ်သော သူအတွက် ခက်၏. သောကြာနင့် စနေတော့ဆင်းဝယ်မည်ဟု စိတ်ကူး၏. ကြော်ငြာများဖတ်ရန်ဖြစ်၏. ယခင်က တစ်စောင်လုံးကုန်အောင်ဖတ်၏. ဘယ်သူက ဘယ်လို ဘယ်အကြောင်းအရာက ဘယ်လိုဟု အပြိုင်အဆိုင်ပြောကြရ၏.မနက်မိုးလင်းလျှင် သတင်းစာကလေးတော့လှန်ခဲ့မှ ဖြစ်၏ မသိလိုက် မပြောလိုက်က အားကြီးမျက်နာငယ်၏.
သို့သော်ငြားလည်း ဤနေရာတွင် save လိုက်သော်ငြားလည်းမနက် မနက် ၁၆ ကျပ်ပေးရသော ခရီးကို ခဏခဏ တက်က်စီ စီးနေခြင်းက ဆိုးလှချေ၏. ၁၆ ကျပ်ဘိုးမစီးရသော် ငါးကျပ်ဘိုးစီး၏.။ မစီးရသောနေ့သည်ကံကောင်းသောနေ့ဖြစ်၏. အလန်းကို alarm ကို နစ်ခုပေးရ၏. ကိုယ်နင့်ဝေးရာတွင်ထားရ၏. လက်လှမ်းမှီက ပြန်ပိတ်ရွေ့ အိပ်တတ်သောကြောင့်ဖြစ်၏.
ရေခဲချောင်းရောင်းသောအိတ်ကြီးလွယ်ရွေ့ အရပ်တစ်ကာလည်၏. အားကုန်မှပြန်၏. အထက်လူကြီးကိုဖေးမ၏. လက်အောက်ငယ်သားကို ဆူပူ၏။
အိမ်တွင်းှမှုလုပ်သိမ်းထုတ်သေချာ. စီးတဲ့ရေ ဆည်တဲ့ကန်သင်း. တယ်လီဖုံးကို ဥံဖွ လုပ်ကာ အသစ်လုပ်၏. Nokia 6300 အသစ်ဖြစ်သွား၏။
တယ်လီဖုံးတစ်လုံးအသစ်ထပ်ဝယ်၏ စိတ်လှုပ်ရှားစရာကောင်းလှ၏. Sim card နစ်ခုထည့်ရွေ့ရ၏. ကြားဖုးနေသော်လည်းမစမ်းသပ်ဘူးသေးချေ. Sim card နစ်ခုထည့်ကာ မည်သူ့ကိုခေါ်ရမည်နည်း စဥ်းစားမရသေးချေ။ များလှသောသူ့ဖုံးနံပါတ်များလည်းသူမမှတ်မိတော့.။
တယ်လီဖုံးအသစ်တွင် တီဗွီလည်းပါသည်. အိုက်ပက်ချင်သော်ငြား ထိုင်ချိန်မရသူအတွက် အိုင်ပက်ကြီးဘယ်နားသိမ်းထားရမှန်းမသိချေ။ လက် ကတစ်ကိုင်ကိုင်လုပ်ရွေ့လဲမဖြစ်. ချထားခဲ့လျှင်လည်းနည်ေးသးသည်ဟု ယူသွားမည့်သူက ဆိုဦးမည်။ touch screen တယ်လီဖုံးထပ်ဝယ်ရန်မှာလည်း အိတ်မဆန့်တော့ချေ. ဆမ်ဆောင်းနင့်ပြည့်နေ၏။
တယ်လီဖုံးသေးသေး တွှုင် တီဗွီ ကြည့်ရသည်မှာ ထူးဆန်းလှ၏. ကြည့်နေစဉ် မင်းသမီးက ငို၏. ဇတ်ရည်မလည်သော်လည်း သူလိုက်ငိုချင်၏. ကြားဖူးမြင်ဘူး နေသော်လည်း မသုံးဖူးသေးချေ။ အိမ်တွင် 29 လက်မတီဗွီ အခန်းထဲတွင်တစ်လုံး။ အပြင်တွင် 29 လက်မ တစ်လုံး. + လက်မ ၄၀ တစ်လုံးရှိသော သူသည် သူ၏ တယ်လီံဖု့းန်တီဗွီ ကို မည်သည့်နေရာတွင်ကြည့်ရမည်နည်း again မစဥင်္းစားရသေးချေ။
ကျန်သော function များလည်းများစွာပါ၏. ကင်မရာ. ဘလူးတုသ်. ရေဒီယို. အမ်ပီသရီ. အစပြုေ၇ွ့ ဗွီဒိုယို ရီကောဒင်းလည်းပါ၏. အံဖွယ်ကောင်းလှ၏. ယခင်က သိတ့်ပံ့ဝတ်ထုများတွင်သာ ကြားဖူးသော ကင်မရာ လက်စွပ် ဘော်ပန် များကား ကျန်ခဲ့ပေတော့မည်.
တစ်နေ့လုံးနေရွေ့ ဆက်သူမရှိသောဖုံးကိုကြည့်ကာ စိတ်နာ၏./ တယ်လီဖုံးနံပတ်ယူထားပြီး မဆက်သောသူများအားစိတ်နာ၏. စိတ်နားချည်းစရာပါတကား။ တယ်လီဖုံး Broadband ကြီးယူထားပြီး ဘလော့နင့်စီပုံးသာကြည့်သော မိမိကိုယ်မိမိစိတ်နာ၏. Unlimited call ယူထားပြီး မဆက်ဘဲ လွတ် ပစ်ထားသောဖုံးကြီး ကိုကြည့်ေ၇ွ့စိတ်နာ၏. ယခုကန်ထရိုက် နစ်ကုန်လျှင် prepaid နင့်နေမည်စိတ်ကူး၏. Prepaid ပြောင်းိချင်မှလည်းပြောင်းမည်. အရူးဆိုသည်မှာ ခန့်မှန်းရခက်သည်မဟုတ်ပါလား။
32 comments:
  1. ဖုန်းနံပါတ် ကို ဘလော့ထဲထည့်ရေးပါလား
    ခေါ်မယ်လေ
    ReplyDelete
  2. ရေးစရာလား။
    ReplyDelete
  3. အရူးဆိုသည်မှာ ခန့်မှန်းရခက်သည်
    ReplyDelete
  4. same feeling
    ....အရူးလေပွေလိုပဲစိတ်က...အစိုးကိုမရဘူး...
    ReplyDelete
  5. ph no: pay htar ba...call lite ba me..sg go free call ya de :P
    ReplyDelete
  6. mama, love ur title "ဂေါ်လီကွမ်း" :)
    ReplyDelete
  7. အဲသလောက် ဖုန်းတွေများနေတော့ ဘယ်ဖုန်း ဘယ်နံပါတ် ဘယ်လိုမှတ်ပါလိမ့်..
    တော်လိုက်တာလို့ ဗလိုင်းကြီး ချီးကြူးပါရစေ..
    ဓါတ်စခန်းမလိုက်ပါနှင့်...
    N/A
    ReplyDelete
  8. This comment has been removed by the author.
    ReplyDelete
  9. ကြားထဲမှာစာတွေအများကြီးရေးထားသော်လည်း ဘယ်ရောက်ကုန်မှန်းမသိသောကြောင့်စိတ်ပျက်ပြီးပြန်အိပ်သွားပါသည်...
    ReplyDelete
  10. အရှုပ်တွေလုပ်နေပါတယ်..။
    ဖုန်းဆက်ချင်သော်ငြားလည်း..စိတ်ကပါ၍လက်ကမအားခြေ။
    အခြေအနေတခုက
    ပြဿနာတခုဆီသို့ ဦးတည်နေပုံရပါတယ်..။
    (ကိုယ့်ကိုယ်ကို သုံးသပ်သလောက် တွေ့ရတာပေါ့)
    လေပါတယ်..။
    မဖြေရှင်းနိုင်တဲ့အခါကျမှ ဖုန်းခေါ်တော့မယ်။
    သာမီးက အရိုးခံပါ..။
    အသားလဲ ပါပါတယ်..။
    ဟီးးဟီးး
    Xထုံ
    ReplyDelete
  11. This post has been removed by author. :-)
    ReplyDelete
  12. I also used Nokia 6300 phone. It is very durable and easy to use.But I sold it last week with $30 to mobile shop :(
    ReplyDelete
  13. function များစွာထဲက တစ်ခုနှစ်ခုလောက် သုံးဖြစ်ရင် တန်ပါတယ်၊
    ReplyDelete
  14. ဟာ . . . CSL ကြီး။ မလေးထုတ် . .အဲဒါ . .
    ဘတ်ထရီ မကောင်းဘူး ၊ ခလုပ်မကောင်းဘူး ၊ စပီကာ ပျက်တယ် ၊ အသံမဝင်ဘူး ၊ စခရင် အရောင်းပြောင်းတတ်တယ် . . .ဒီလိုတွေ ပြောလိုက်ရင် မမကွန် စိတ်ဆင်းရဲသွားမှာပဲ။ မပြောတော့ပါဘူး။
    ReplyDelete
  15. အမ Blogကိုတနေ့သုံးခါလောက်မှ မဝင်ရရင်နေလိုထိုင်လို့မရဘူး ပိုစ်ကိုဖတ် comment တွေကိုဖတ်နဲ့ ရုံးရောက်တာနဲ့အရင်ဆုံးအလုပ်က အမBlogကိုဝင်ဖတ်တာပဲ ပိုစ့်တွေကိုကြိုက်တာကတော့ပြောနေစရာတောင်မလိုတော့ပါ
    အမကိုချစ်တဲ့
    ဗိုလ်
    ReplyDelete
  16. စော(အဝါရောင်မြေ)May 31, 2011 at 9:56 AM
    အင်း ကို ..x .. x ကြီး ထိုင်ငိုနေပါဦးမယ်။
    ကျတော်လည်း လိုင်းဖုန်း မကြိုက်ဘူး။ ရိတ်လွန်းလို့ ။ စ လုံး မဟုပ်ဘူး
    အရိပ်မြင်ရင်တောင် ရိတ်မလို့ စောင့်နေတဲ့ နိုင်ငံ။
    ReplyDelete
  17. ရောက်ရှိး) ဖုန်းဆက်ချင်ပါသည် နံပါတ်ပေးပါရန်
    ReplyDelete
  18. ဖုံးဆက်ချင်သော်ငြားလဲ ဖုံးနံပတ်က မရှိရွေ့ ဆက်မရပါ။ အန်တီချစ်ကြည်အေးထံက တောင်းမည်ကြံသော်လည်း အားနာရွေ့ မတောင်းခဲ့ရပါ။ မသွားခင်တစ်ရက်က ဖုန်းပြောရန်ကြိုးစားသော်လည်း တို့ဘလော်ဂါမမက အိပ်နေသည်ဆိုရွေ့ အားနာကာ ဆက်မပြောဖြစ်ပါ။
    ဆွိကို ပြိုင်နိုင်မတဲ့လား။ လွန်ခဲ့တဲ့ ၈နှစ်က ၀တ်ဖူးတဲ့ thermal wear တွေ ပြန်တော်နေလို့ ။ အဲဒါပဲ ကြွားခဲ့တော့မယ်း))
    ReplyDelete
  19. it's so funny ma ma kwan!
    ReplyDelete
  20. ဖတ်လို.တကယ်ကောင်းပါသည်။
    ရင်ထဲရှိတာတွေချရေးနေတာ တကယ်ကောင်းသလို အားပေးတဲ့သူများလည်းရှိပါတယ်။
    ခင်သန္တာသက်ချိုပြုံး = ဆင်ခန္ဓာဝက်ကိုယ်လုံး
    ခင်လို.နောက်တာ စိတ်မဆိုးပါနဲ.ဂျာ ...
    ခင်တဲ့
    Z
    ReplyDelete
  21. ဂေါ်ပါ ဂေါ်ပါ
    တို့များဖြင့် သူ့လို မဂေါ်နိုင်လို့ မနာလိုပါဘူးအေ
    ဘလော့ဂ်ရှေ့မှာလည်း မီးနီကြီးနဲ့ အပိတ်ခံထားရတယ်း(
    ReplyDelete
  22. LUV.....Gimme 1 of ur mob.no.at my fb message.I'll do call u at ur time late night.U won't b alone:):)
    Glad to know u lost weight.I gainde 2.5kg:(:(
    BTW..ur blog has rival at ur c box at this time.They r telling interesting story:D
    GD
    ReplyDelete
  23. ဖုန်းနံပါတ်သိတော့ရော ဘာလုပ်မှာလဲဟ။ပိုက်ဆံကုန်မှာပေါ့ ဖုန်းဆက်လို့။အခုမှ ဆယ်ကျော်သက် ချောချောကောင်မလေးဆို ပိုက်ဆံကုန်ခံပြီး ဆက်ချင်ဆက်ရအုံးမယ်။အခုဟာ အိုကြီးအိုမှဟာကြီးကို။
    တောဂေါ်လီ
    ReplyDelete
  24. တောဂေါ်လီရေ အိုကြီးအိုမဆိုရင်
    ဘာအတွက်တကူးတက လာမန့်နေပါလိမ့်
    မလာပါနဲ့လား
    ကျေးဇူးတင်ပါတယ်
    မင်းဦး
    ReplyDelete
  25. don really understand why must u write abt this super cheap phone n 29 inches TV. funny .
    ReplyDelete
  26. “အနည်းငယ်ပိန်သွားရာ ဝမ်းသာမဆုံးချေ.” တဲ့ အဟိ... ၀တုတ်ကြီးများလား သိဘူး... :)))
    ReplyDelete
  27. I don't really understand why some people visit the blogs and give negative comments. One can really tell the style of blogger by visiting once, if not your taste, then just leave! To me - I do not have to read so called "good writings" all the times, some fun/real life stories surely can entertain sometimes. Anyway I have been visiting this blog everyday, hit or miss - no matter what I sill like it.
    ReplyDelete
  28. Ma KOM, enjoy reading, but CSL is not good.
    Nang Myint
    ReplyDelete
  29. Hi, Good Day to u
    My first job, when reach the office is start reading your post,
    CSL not very good.
    Nang Myint
    ReplyDelete
  30. plz bear in mind that mature human being is the one who is able to accept negative n positive feedback for future improvement.if only expecting good things n don want negative feedback means...............???????? nobody is perfect.must accept the truth.
    ReplyDelete
  31. အလန်းကို alarm ကို နစ်ခုပေးရ၏. ကိုယ်နင့်ဝေးရာတွင်ထားရ၏. လက်လှမ်းမှီက ပြန်ပိတ်ရွေ့ အိပ်တတ်သောကြောင့်ဖြစ်၏.
    xxxxxxxxxx
    အတူတူ ပဲ ..း).... နေ့တိုင်းပဲ...း)..
    ReplyDelete