Saturday, June 11, 2011
ကွန်တစ်
တိတ်ဆိတ်ခြင်းတစ်ခုသည် ကြေကွဲခြင်းသာဆိုပါက သူမ၏ တိတ်ဆိတ်ခြင်းသည် ကြေကွဲခြင်းဖြစ်ပါသည်. သို့သော်ငြားလည်း သူမသည် ကြာရှည်ကြေကွဲရွေ့မရပါ. ငြိမ်သက်စွာ တိတ်ဆိတ်ခြင်းသည် ချွေးများပြန်လာသည်အထိ သူမကိုပင်ပန်းစေ၏. ပျော်ရွင်စွာ နေတတ်သောသူမအတွက် တိတ်ဆိတ်ခြင်းသည် လွန်စွာ ဒုတ်ခဖြစ်၏. လူကိုပင်ပန်းနွယ်းနယ်စေ၏. ဘိုက်ကိုအောင့်စေ၏. ။ နလုံးကိုပျက်စေ၏။ အသည်းကိုထိခိုက်၏။
သူမသည် တစ်ယောက်ထဲစိတ်ကူးယဉ်တတ်သူဖြစ်၏. တိတ်ဆိတ်စွာ စိတ်ကူးယဉ်တတ်၏. တစ်ယောက်ထဲလဲ စကားပြောတတ်၏. အသံတော့မထွက်. ။ အမေရယ် သမီ့းကို မြင်လှဲ့ပါဦးလား ဟု တိုးတိုးလေးရွတ်တတ်၏ ကျယ်ကျယ်တော့မရွတ်ရဲ လိုက်သွားရမည်ဆိုးသောကြောင့်ဖြစ်၏. ခဏခဏလဲမရွတ်ရဲ . မိဘများ ကို အေးချမ်းသော ဘဝ သို့ရောက်ရှိပြီးဖြစ်စေ၏. တစ်ချိန်က တစ်ယောက်သော သူကိုတွေ့ဘူး၏. မိဘ နစ်ပါး ဓတ်ပုံကို သွာလေရာသယ်ကာ. ရောက်လေရာမှာ တိုင်တည်ဆုတောင်းသော သူကို တွေ့ဘူး၏. ထိတ်လန့်စိတ်မကောင်းစရာ။
မိဘ မရှိ .မောင်နစ်များဝေးကွာ .ငယ်သူငယ်ချင်းများနင့်မနီးစပ်သော သူမသည် တစ်ယောက်ထဲစကားပြောလေ့ရှိသည်မှာ ထူးဆန်းသည်တော့မဟုတ်. ရူးသည်ဆိုလျှင်လည်းအရူးပါးဖြစ်၏. လူသိမခံ. တိတ်ဆိတ်စွာရူး၏. ပျော်ရွင်စရာပါပေ။
ကိုးရီးယားမင်းသမီးအမေ ခဥမ သူမသည် မက်ဆေ့များ. အီးမေးများ ဓါတ်ပုံများ ကိုလည်းလူမှားပို့တတ်၏။ မှားပြီးလျှင်လည်းခပ်တည်တည်နေတတ်တ၏. ဖဘ တွင် သူများ ဓါတ်ပုံများကို တိတ်ဆိတ်စွားကြည့်ပြီး သူမဟုတ်သကဲ့သို့ခပ်တည်တည်နေ၏. ဖဘ က အမှန်ကိုဖွင့်ချ၏။
အမေ့ကိုလည်းသတိရ၏. အဖေ့ကိုလည်းသတိရ၏. မောင်နစ်မ များအားလုံး ကိုလည်းသတိရ၏. ချစ်ခင်သူများအားလုံးကိုလည်းသတိရ၏. မေတတာလည်းပို့တတ်တ၏. ကျန်းမာစေရန် ချမ်းသာစေရန်မေတတာပို့တတ်တ၏။ အားလျှင် စိတ်ညစ်လျှင် နမောတေ ရွတ်တတ်၏.။ စိတ်ပုတီးနင့်ရိပ်ကြီးတော့မခိုနိုင်သေး ပျော်မွေ့နေဆဲဖြစ်၏.။ ငယ်စဉ်ကတည်းက ဇကလေးနင့်ဖြစ်၏. ရိပ်သာသွားဝင်ရာ မလုပ်နိုင်သောကြောင့် အခန်းထဲတွင်နေခဲ့ကာ သယ်ချင်းကို အပြင်မှ တံခါးပိတ်ခိုင်းသွား၏. အခန်းထဲတွင် တရားမထိုင်ဘဲပျော်ရွင်စွာနေ၏.
ဘာရယ်မှန်းမသိ ဘာမှ အလုပ်မရှိသော်ငြားလည်း ညဘက် ညဘက်မအိပ် လူကလေးက လှသော်ငြား မျက်လုံးကြီးက ဇောက်နက်လာ၏။ ရုပ်ကျလာသည်ဟု သယ်ချင်းက ဆိုသော် စိတ်ပေါ့ကွယ် စိတ်ပေါ့ဟု ဖြေ၏.
ငြိမ်သက်နေသော ကန်ရေပြင်များ ထဲသို့ ခဲနင့်ပေါက်တတ်၏. ပြီးသော် မသိသလိုနေ၏.. ။ လှူပ်ခတ်မှု မရှိသော် ယားစ် ဟု ကြွေးကြော်က ဆက်လက်ပစ်ပေါက်၏. ကြာသော် လက်အံသေသွား၏.။ လေးထပ်မှ ခုန်ချရန်ကြိုးစားသော်ငြားလည်း တစ်ထပ်သို့ ပြောင်းရွေ့ ရသဖြင့် မခုန်ချဖြစ်လိုက်. သူမသည် အဓိက လူမဖြစ်သော်ငြားလည်းအရန်လူကောင်းဖြစ်၏. သုံးစားမရသော်ငြားလည်း သူမရောက်ရာအရပ်က သူများသည် ပျော်သွားကြ၏. လက်တိုလက်တောင်းတစ်ယောက်ရလျှင် မဆိုးပါလော. သူမသည်လည်းပျော်၏. အရန်လူသည် တာဝန်ပေါ့သည်မဟုတ်ပါလား။ သို့သော်ငြားလည်း ရန်ရသည်မှာ everyday ဖြစ်ရွေ့ ခြေကုန်လက်ပန်းကျ၏.။
သူမသည် ပပီပလာမပြောတတ်. သော်ငြားလည်း ပီယဝါစာတော့ြေ့ပာတတ်၏. လူတွေ ကိုမေ့တတ်တ၏. တစ်နေ့တစ်နေ့လူပေါင်းများစွာ ဖြင့်တွေ့ဆုံရသောသူမသည် ကျွန်တော့်ကိုမှတ်မိသလားဟု ဆိုလျှင်စိတ်ညစ်၏. သို့သော်ငြားလည်း ချစ်သူများကိုတော့ဘယ်တော့မှ မမမေ့။ မေ့နေခြင်းမဟုတ် မေ့ထားခြင်းဖြစ်သည်. .။ အွန်လိုင်းသည် အာပလာသာဖြစ်၏ ဆိုသောဂါထာ ကိုနေ့စဥင်္ ရွတ်၏.
ATN ကဲ့သို့သီချင်းကလေးဆို. လင်းဒီပ ကဲ့သို့ ကဗျာများရေး. ဇီးပြားကဲ့သို့ စာသားများရေး. TZA ကဲ့သို့ လူချစ်လူခင်များစေရန် ဂါထာများရွတ်၏. အွန် လိုင်းသည် အာပလာ အွန်လိုင်းသည အာပလာ. သူမကို လှည့်စား၏.။ ချစ်ခဲ့ဘူးသောသူများများပေ၏. အွန်လိုင်းလောကသက် ကို ဖိုရမ်မှ စမမှီသော သူမသည် မျက်စိသူငယ် နားသူငယ်ဖြင့်ဝင်လာရာ ယခုတော့ ဆရာမဂျီးဖြစ်ချေပြီ. သူမ၏ အသည်းကို ခေါက်ကြည့်လျှင် ဂေါက်ဂေါက်မြည်စေရန် ဂူအောင်း လေ့ကျင့်ထား၏. မည်သို့လေ့ကျင့်သနည်းဆိုသော ထွက်ပြေးခြင်းဖြစ်၏. အချစ်များရင်ထဲမှာ ဟု စာသားလေးရွတ်ကာ ပြေး၏. နစ်ခါကွဲသော အသည်းမနာဘဲရှိပါ့မလား ဟု ရေ၇ွတ်က ပြေး၏. ချစ်မ ……….မမချစ် ဆိုသော်ပြေး၏။ မမ ဆိုသော်ပြေး၏. အရီးဆိုသော်ပြေး၏. ခင်ချင်သည် ဆိုလျှင် အသက်ကို အရင်မေး၏. နစ်ဆယ်ကျော် လျင်လက်ခါ၏. သို့ကြောင့် ပစ နင့်သူငယ်ချင်းမဖြစ်. သုံးဆယ်ကျော်မှ လက်ခံ၏.။ လေးဆယ် + ဆိုလျှင် case by case ဖြစ်၏။ ကောင်လေးများကို ပိုမိုချစ်ခင်၏။
ယခင်က အသက်ကြီးကြီး လူကြီးများ ကောင်မလေးငယ်ငယ်များနင့်တွဲ့ကာ နေသည်ကို ကန့်ကွန်ချင်သော်ငြားယခု လက်ခံချင်၏။ အိုကြီးအိုမ များကို ကြည့်ရသည်ထက် ချစ်စရာလေးများကို ကြည့်ရသည်မှာ စိတ်မချမ်းမြေ့ပါလော။ မိမိ ကိုယ်မိမိလည်း အိုမည်ကို စိုးရိမ်၏. ရုပ်ပျိုဆေးများ သောက်သည်ကို အားကျ၏. မသောက်ရဲ. ထိုဆေးများ ဖြတ်လိုက်လျင် ရုပ်ရှင်များထဲကသို့ ရွှီ ဟုဆိုကာ ကျုံ့ဝင်သွားပြီးအ ဖွားကြီးဖြစ်သွားမည်ကို စိုးရိမ်၏. ကျန်းမာလျှင် ဝမ်းသာရသောအခြေအနေ ကိုမမေ့စေရန် သူမကိုယ်သူမ သတိပေး၏။ ဤသည်မှာ သူမ၏ လက်ရှိအခြေအနေဖြစ်၏။
44 comments:
  1. မမ
    နိဒါန်းကတော့ မိုက်တယ် ဒီတခါ ...
    မှန်အိ။ အသက်ကြီးလာလေ အထီးကျန် ကြေကွဲလာလေပဲ။
    ReplyDelete
  2. အမ အားပေးနေပါအိ
    ReplyDelete
  3. မက်စေ့မှားပို့ တာ တစ်ခါမှ မရဖူးဘူးရယ်
    တခါလောက်မှားပို့ ပေးပါ
    ReplyDelete
  4. ရွှီဆို ကျုံ့ သွားပီး ပြာဖစ်သွားမှာ မသောက်နဲ့ နော် ဟိဟိ
    ReplyDelete
  5. ဘာမှ အားမငယ်နဲ့ မီးမီးတို့ရှိတယ် မမကွန်....။
    အသက်ကြီးလာတာ အထီးကျန်လာတယ်မှန်ပေမယ့် ကိုယ်ကြိုက်သလို ကိုယ့်စိတ်ကူးနဲ့ ပျော်မွေ့နိုင်၏..။
    ဒါအမြတ်ပဲ....။ မမအဆိုတွေအကုန်ကြိုက်တယ်...။
    ခင်တဲ့
    မိုးငွေ့(မမန့်တာကြာပြီ အမြဲတော့ရောက်၏)
    ReplyDelete
  6. "မေ့နေခြင်း မဟုတ်... မေ့ထားခြင်း ဖြစ်သည်..."
    မိုက်တယ် မမ... အဲဒါ ကောင်းတယ်...း))
    ReplyDelete
  7. ဘာမှ မတွေးနဲ့ မမ၊ ပျော်သလိုသာနေ။ မောင်တီ လူချစ်လူခင်များတာ မမကို ဘယ်မီမတုန်းးး
    ကွန်တစ်က ဘာလဲဟင် ကစ်တွန်လားးးး ဟိ :P
    ReplyDelete
  8. မမ မမ မမ ဂူအောင်းလေ့ကျင့်နည်း သင်ပေးပါချင် :)
    ReplyDelete
  9. သြော်.. ခအမ တယောက် သံဝေဂတွေ ရပြီပေါ့နော့ ။
    ဟီး ဟီး
    ReplyDelete
  10. ကြိုက်တယ် မမ...
    ကောင်းလေးတော့မဟုတ်တော့ဘူး...
    ၃၀ ကိုမဆိုစလောက်လေး ကျော်လာပြီ :)
    ReplyDelete
  11. ဆရာမဂျီးကို ခင်ချင်ပါသော်လည်း အသက်မေးမှာ ကြောက်လို့ ခေါင်းငိုက်စိုက်နဲ့ ပြန်သွားပါတယ်။ သူများ အသည်းက ဂေါက် ဂေါက် မမြည်လို့ မမာဘူးလေ..
    (စိတ်ညစ်ရင် နမောတေ ရွတ်တာ တူလိုက်တာနော်..)
    ReplyDelete
  12. အံ့သြစရာအလွန်ကောင်းသော ပို.စ်တစ်ခုပါ
    တရားကျတဲ့ လေသံတွေကို စာသားတွေမှာ ထင်ထင်ရှားရှားဖတ်လိုက်ရတယ်
    ReplyDelete
  13. မုန်းစရာကြီး..
    မနက်က ကိုစတိဖ်ဖဘမှာ ပြောနေတာတွေ့တော့..
    မုန်းလိုက်တာ ဆိုတာ..။
    ချစ်ပါ..ချစ်ပါ..ကိုယ့်ကို အရေးမလုပ်သူတွေကိုပဲ ချစ်ပါ..။
    Xထုံ
    ReplyDelete
  14. No matter how u write, I like it very much .
    very open minded. I like it.
    ReplyDelete
  15. ချော(အစိမ်းရောင်လွင်ပြင်)June 11, 2011 at 3:01 PM
    ဒီလိုစတိုင်နဲ့ရေးတော့လည်း တစ်မျိုးလေး ဖတ်ကောင်းနေပြန်ရော။
    ReplyDelete
  16. အလွန်တရာ ဂွတ်ထသော ပိုစ့်ဖြစ်ပေ၏.....
    အရီးရေးသော ပိုစ့်များစွာထဲတွင် ဖတ်လို့ အကောင်းဆုံးပိုစ့် တခုဟု ကိုယ့်ဘာသာ သတ်မှတ်လိုက်၏ ။ ။
    ReplyDelete
  17. အဲလိုကြေးလား
    ReplyDelete
  18. ဒီပိုစ့်လေး အရေးအတွေး ကောင်းတယ်၊ အင်မတန်ကြိုက်တယ်။
    မမKom 30တော်တော်ကျော်နော်၊ လက်ခံမှာလား၊ case by case လား။
    မမKom ကို သဘောကျတဲ့ ....
    ReplyDelete
  19. ဂူအောင်း လေ့ကျင့်နည်းကြိုက်တယ်။
    တစ်ခါတစ်ခါလည်း ပြန်လှည့်ပြီး ဝေါင်းဆို မာန်ဖီလိုက်ချင်တယ်..ဂယ်ပြောတာ
    အဟတ်ဟတ်
    မယ်ညို
    ReplyDelete
  20. အသက်က အတော် စကားပြောတယ်နော်၊ ခန္ဒာကိုယ်မှာ ပျက်စီးလာတာတွေကို တွေ့တွေ့နေရပြီ၊
    ဒါပေမယ့်
    တခါတခါ မေ့ထားပြီး နုပျိုသလို စိတ်သွားသလို နေလိုက်တော့တယ်၊
    ReplyDelete
  21. အမှန်တွေချည်းပဲ ရေးနေတာ၊
    ထောက်ခံတယ်၊
    စိတ်ထဲဖြစ်နေတာတွေ အပြင်မှာ ဖြစ်နေတာတွေ အားလုံး ထပ်တူမို့
    ReplyDelete
  22. မောင်ဝေးJune 11, 2011 at 11:05 PM
    နောင်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါအုန်း။
    ReplyDelete
  23. အသက်၃၀ကျော်ဆိုရင်တော့ စံဝင်သွားပြီ
    ကောင်လေးမဟုတ်တာတော့စိတ်မကောင်းစရာ ရွှတ် ..:)))
    မှတ်ချက် ပျော်ပျော်နေပါ
    ReplyDelete
  24. အစ်မကွန်...ကွန်တစ်ဆိုတော့ နှစ်တွေ သုံးတွေလာဦးမယ်
    ပေါ့လေ...၊ကွန်တွေများလာရင် ငါးဖမ်းသင်္ဘောထောင်စား
    ကြရအောင်လား....:)))
    ReplyDelete
  25. ဖတ်ပြီး အရမ်းသဘောကျသွားပါ၏။ ပြေးပုံပြေးနည်း ၊ ဂူအောင်းကျင့်နည်းများလိုချင်ပါ၏။း)
    ခင်မင်လေးစားလျက်
    ReplyDelete
  26. စိတ်ချမ်းသာအောင် နေတတ်ရင် ပြီးတာပါပဲ မမ။
    'ကွန်တစ်' ဆိုလို့ ဇွန်က 'ကွန်ဆာဗေးတစ်' ကို အတိုကောက် ရေးထားတာမှတ်လို့... :D
    ReplyDelete
  27. Best of best posts:)You have a great right to write what you think.You can share who appreciate it.Go on red sweet.BTW....Am i in case by case?
    thinking n feeling the same
    GD
    ReplyDelete
  28. အမ...အဲလိုလေးတွေရေးတာကြိုက်တယ်...ဖတ်လို့ကောင်းတယ်...
    ReplyDelete
  29. စာရေးသူ၏ ဆိုလိုချက်ကို စာရှုသူ အကျွန်ုပ် နည်းနည်း ဝေးသူမို့ နားမလည်ပါ။ နားမလည်တာကို နားလည်ချင်ယောင်လည်း မဆောင်သွားပါ။
    သို့သော်... ရူးနေမှန်း သိနေရင် မရူးသေးဘူးလို့ လူအများက ပြောကြပါသည်။ ဟုတ် မဟုတ် အကျွန်ုပ်လည်း မသိပါ။ ထိုကြောင့် ရူးနေလျှင် ရူးနေကြောင်း အရူးလက်မှတ် တင်ပြရန် တောင်းဆိုအပ်ပါသည်။
    ReplyDelete
  30. စာတွေ တစ်အားရှည်တယ် ဖတ်၇တာ မအိုကေဘူး။ တစ်ယောက်ထည်း စကားမပြောနဲ့  ကျနော့လိုလုပ် ကြောင်တွေမွေးလိုက်.. သိလား။ သိပ်ပြောလို့ ကောင်းတာ ဆူလိုက် ဟောက်လိုက် အော်လိုက် ငေါက်လိုက်နဲ့  ။ ဘာမှ ခံမပြောကြရှာဘူး။ မကျေနပ်ရင်တော့ ထထ အော်ကြတယ်။
    ငပြုး။
    ReplyDelete
  31. ကောင်း၏ ။ တစ် နှစ် သုံးများ လာရန် အားပေး၏။... သုံးဆယ်မကျော်သေး၍ မခင်ချင်ယောင်ဆောင်ကာနေဦးမည်.. သုံးဆယ်ကျော်မှ လာခေါ်မည်..။ ယောင်္ကျားလေးမဟုတ်၍ အားငယ်မိသေးသည်..။ သို့သော် မတတ်နိုင်.. ပြန်ပြင်၍မရသောကြောင့်.. ဒီတိုင်းထားလိုက်၏..။
    “စိတ်ပေါ့ကွယ်... စိတ်ပေါ့...” ကို ကြိုက်၏။
    ReplyDelete
  32. (တစ်ခါက ပင်နီဆူလာ ငါးထပ်မှာ ဆံပင်အရှည်၊ အရပ်ရှည်ရှည်အမျိုးသမီးတစ်ယောက်တွေ့တယ်။ ဗိုက်ကြီးပူမနေတာနဲ့မဟုတ်ဘူးထင်မိတယ်။ ဤကား စကားချပ်)
    အသက်ကြီးလာတယ်ဆိုလို့ အခုဖတ်ဖြစ်တဲ့စာအုပ်ကိုဖတ်စေချင်တယ်။
    Juicy Living, Juicy Aging: Kick Up Your Heels Before Youre Too Short to Wear Them.(Loretta LaRoche)
    ပျော်ပျော်ရွှင်ရွှင်နေတာကောင်းပါတယ်။
    စိတ်ချမ်းသာရင်တန်ပါတယ်။
    Regards,
    Zephyr
    ReplyDelete
  33. အတူတူပါပဲ။
    နုပျိုခြင်းကို ကြိုက်ပါတယ်။ ကိုယ်တိုင်က အရမ်းလှချင်တယ်။ ငယ်တဲ့သူကိုလည်း ကြိုက်တယ်လေ။ ကေ့စ်ဘိုင်ကေ့စ် လည်း ရှိပါတယ်။
    ရင့်မာသွားလို့ကော မကောင်းဘူးတဲ့ လား၊ အဲလိုလည်း မဟုတ်ပါဘူး။
    ဥပမာ ဂေါက်ဂေါက်မြည်တဲ့ နှလုံးသားက စကားလုံးတွေက မိုက်ပါတယ်။
    စကားမစပ် ကျွန်မလည်း ဆေးမသောက်ရဲဘူး။ ဒါပေမယ့် ဂျယ်လီ တစ်မျိုး ကိုလိမ်းတယ်။
    နုမနုတော့ မသိဘူး။ အဲဒါလေး လိမ်းထားရင် ကွန်ဖီးဒင့် ရှိတယ်။
    ReplyDelete
  34. မမ..ခက်ဆစ်ပါ တွဲရေးပါ။
    :D
    ခပ်ဝေးဝေးမှ လေအေးအေးတိုက်နေသူ
    mm
    ReplyDelete
  35. “TZA ကဲ့သို့ လူချစ်လူခင်များစေရန် ဂါထာများရွတ်၏.”
    မနောက်ပါနဲ့အရီးရာ.. ဒီမှာရုပ်ဖျက်ပြီးလမ်းသွားနေရတာကိုးများ.. ဟင်း..
    ReplyDelete
  36. ကွန်၂ ရေးပါဗျို.
    ReplyDelete
  37. This comment has been removed by the author.
    ReplyDelete
  38. အရီး ကွန်တစ်မှာ တစ်နေပြီလား
    ReplyDelete
  39. မမကွန် နဲ့.. နောက်တင်း မနှောရ တာ ကြာ.. ဖတ်နေကျ ရီဒါ ကြီးထဲ လည်း နေ့တိုင်း ၀င်နေကျ.. စာလုံး မညီမညာ လေး တွေ ၀င်မလာ တာကြောင့်..ဆိုက်ဆိုက်မြိုက်မြိုက် လိုက်လာတာ.. ချစ်သူ ခင်သူ တွေ ကတော့.. နည်းနည်း မှ ကို မလျော့ဘူးပဲ..မမကွန်..။ ဒါပေမဲ့..
    တစ်နေပုံ က တော့..နည်းနည်း ဆန်းတယ်။
    တခုခု ဒေါ့..တခုခု ပဲ။ ပေါင်း.. ၂ ခု။
    ReplyDelete
  40. This comment has been removed by the author.
    ReplyDelete
  41. မခင်ဦးမေ ရဲ့ ကွန်တစ် ကိုတော့ ကြိုက်သွားပြီဗျာ မျှော်နေတယ် ကွန်နှစ် ကို
    ရွှေစင်ဦး
    ReplyDelete